Success Japanese Language Training Center
Japanese Language Training For JLPT.
🍀 ဂျပန်သွားဖို့အတွက် အဓိက ဘာတွေလိုအပ်မလဲ
ဂျပန်သွားဖို့အတွက် အလုပ်နဲ့သွားသွား ကျောင်းနဲ့ပဲသွားသွား အရေးကြီးဆုံး လိုအပ်ချက်ကတော့ ဂျပန်စာ ဖြစ်ပါတယ်
ဂျပန်စာ အောင်လက်မှတ်မရှိရင် မရောက်နိုင်သလို
အောင်လက်မှတ်ရှိပြီး တကယ်စာမရ/စကားပြောလည်းမရရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး
ဒါကြောင့် ဂျပန်ကို တကယ်ရောက်ချင်ရင် ဂျပန်စာကိုပဲ စိတ်နှစ်ပြီး ကြိုးစားကြပါလို့….
05/05/2026
ဂျပန်နိုင်ငံမှာ ပညာသင်ကြားရင်း အလုပ်အကိုင် အာမခံချက်ရရှိမယ့် "3+5 Scholar" အစီအစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်
🌸အားလုံးပဲ မင်္ဂလာပါ။🌸
ဒီနေ့မှာတော့ ဂျပန်သွားဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေအတွက် အလွန်အခွင့်အရေးကောင်းတဲ့ 3+5
Scholar အကြောင်းလေးကို အသေးစိတ် ရှင်းပြပေးချင်ပါတယ်။
📌 "3+5" ဆိုတာ ဘာလဲ?
ဒီအစီအစဉ်မှာ
"3" (ပညာသင်ကာလ ၃ နှစ်):
ဂျပန်ဘာသာစကားကျောင်း (Language School) မှာ ၁ နှစ် နဲ့
သက်မွေးဝမ်းကျောင်းကောလိပ် (College) မှာ ၂ နှစ်၊
စုစုပေါင်း ၃ နှစ်တာ ပညာသင်ကြားရမှာ ဖြစ်ပါတယ်။
"5" (အလုပ်လုပ်ကိုင်မည့်ကာလ ၅ နှစ်):
ကျောင်းပြီးသွားတဲ့အခါမှာတော့ Work Visa ပြောင်းလဲပြီး Kaigo Fukushishi (အသိအမှတ်ပြု ဘိုးဘွားစောင့်ရှောက်ရေး ကျွမ်းကျင်ပညာရှင်) အဖြစ်နဲ့ ၅ နှစ် တိတိ အလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
📍 ဘယ်နေရာမှာ တက်ရောက်ရမှာလဲ?
ဂျပန်နိုင်ငံရဲ့ သာယာလှပပြီး အေးချမ်းတဲ့ Tottori မြို့ မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။
💰 ကုန်ကျစရိတ်နဲ့ လိုအပ်ချက်
ကုန်ကျစရိတ်:
လေယာဉ်လက်မှတ်ခ အပြီးအစီးအပါအဝင်မှ
မြန်မာငွေ သိန်း 100 အောက်သာကျသင့်မှာဖြစ်လို့ အတော်လေး သက်သာတဲ့ အစီအစဉ်တစ်ခုပါ။
အရည်အချင်း:
ဂျပန်စာ အရည်အချင်း JLPT N3 အောင်မြင်ထားသူ ဖြစ်ရပါမယ်။
အထက်တန်းအောင်မြင်ထားတဲ့သူ ဖြစ်ရပါမယ်။
✨ ဒီ Scholar ရဲ့ ထူးခြားတဲ့ အကျိုးခံစားခွင့်များ
အခုလက်ရှိ တက်ရောက်နေတဲ့
ကျောင်သူတွေရဲ့ လက်တွေ့ပြောပြချက်အရ ဒီ Scholarship က တကယ့်ကို "အထူးအစီအစဉ်"
လို့ ပြောလို့ရပါတယ်။
အဆောင်ခ ကင်းလွတ်ခွင့်:
နေထိုင်စရိတ်နဲ့ အဆောင်ခကို Scholarship အဖွဲ့အစည်းကပဲ အကုန်အကျခံ ပေးပါတယ်။
အချိန်ပိုင်းအလုပ်:
ကျောင်းတက်နေစဉ်အတွင်းမှာပဲ ဝင်ငွေရရှိစေမယ့် အချိန်ပိုင်းအလုပ် (Arubaito) ကို စနစ်တကျ စီစဉ်ပေးပါတယ်။ ကျောင်းသား ဂျပန်မရောက်ခင်ကတည်းက အလုပ်ကစီစဉ်ပြီးသားမို့ ဂျပန်ရောက်ပြီး ရက်ပိုင်းအတွင်း အချိန်ပိုင်းအလုပ်ဝင်ခွင့်ရရှိပါတယ်။
အခြားထောက်ပံ့ပေးမှုများ :
ကျောင်းသားတွေ သွားလာရေး လွယ်ကူအောင် စက်ဘီးကအစ ဝယ်ယူဖြည့်ဆည်းပေးထားပါတယ်။
ပညာရေးအတွက် ပံ့ပိုးမှု:
JLPT N2 ထပ်မံဖြေဆိုမယ့် ကျောင်းသားတွေအတွက် Form ဖိုး (စာမေးပွဲကြေး) ကအစ Scholarship ပေးတဲ့အဖွဲ့အစည်းက စိုက်ထုတ်ပေးတာဖြစ်လို့ ပညာရေးအတွက် အားတက်စရာပါပဲ။
နိဂုံးချုပ်အနေနဲ့ ဒီအစီအစဉ်ဟာ ကုန်ကျစရိတ် သက်သက်သာသာနဲ့
ဂျပန်နိုင်ငံမှာ ပညာသင်ယူရင်း၊ ကျွမ်းကျင်လက်မှတ်ရယူကာ အလုပ်အကိုင် အာမခံချက်ပါ ရရှိစေမယ့်
အခွင့်အလမ်းဖြစ်ပါတယ်။ မိမိရဲ့ အနာဂတ်ကို ကောင်းမွန်စွာ ပုံဖော်ချင်တဲ့ လူငယ်တွေအတွက်
လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။
အသေးစိတ်ကို
ဆက်လက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။ လူငယ်တိုင်း အိပ်မက်တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ကြပါစေ။
(ပုံလေးကတော့ 3+5 နဲ့ ဂျပန်မှာ ပညာသင်ယူနေတဲ့ Success JLC ရဲ့ Success လေး 2 ယောက်နဲ့ သူတို့ ဆရာမချောလေး)
ကျောင်းသင်္ကြန်မှာ ယိမ်းကနေကြပါသော
Hsu Thadar က အကသင်ပေးပြီး
တက်ကြွနေကြပါသော Success JLC ရဲ့ အချစ်ကလေးတွေ
24/04/2026
おめでとう
Hsu Pyae Pyae Hlyan
Ĥsu Myat Zaw
Tokutei Kaigo အလုပ်နဲ့ အင်တာဗျူးအောင်မြင်လို့ အရမ်းကိုပျော်ရွှင်ရပါတယ်
COE process တွေ အောင်အောင်မြင်မြင်နဲ့ ဂျပန်ကို အမြန်ဆုံးရောက်ပါစေ❤️
23/04/2026
おめでとう🎉
Kobe မြို့မှာရှိတဲ့ Class 1 ကျောင်းအင်တာဗျူးအောင်ကြတဲ့
Htet Kaung Khant
Myo Min Oo
Min Thant Kyaw
COE process တွေ အောင်အောင်မြင်မြင်နဲ့ ဂျပန်ကို အထစ်အငေါ့မရှိရောက်ပြီး ရည်မှန်းချက်ပန်းတိုင် အောင်မြင်အောင်လျှောက်လှမ်းနိုင်ပါစေ
22/04/2026
🌸ဂျပန်နိုင်ငံမှာ ကျောင်းလခ (Free) ဖြင့် ပညာသင်ကြားပြီး အလုပ်အကိုင် အာမခံချက်ရရှိမည့် "1+3 Kaigo Scholarship" အစီအစဉ်🌸
🎌ဂျပန်နိုင်ငံမှာ ကျောင်းလည်းတက်ချင်တယ်၊ ဘိုးဘွားစောင့်ရှောက်ရေး (Kaigo) လုပ်ငန်းခွင်ထဲမှာလည်း အောင်မြင်တဲ့ အနာဂတ်ကို တည်ဆောက်ချင်တဲ့ သမီးငယ်များအတွက် Success JLC မှ အထူးအခွင့်အရေးတစ်ရပ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။
💡 1+3 ဆိုတာ ဘာလဲ?
• 1 (၁ နှစ်): ဂျပန်ဘာသာစကားကျောင်း (Language School) တွင် (၁) နှစ်တာ ပညာသင်ယူရမည့် ကာလ။
• 3 (၃ နှစ်): ကျောင်းပြီးဆုံးပါက Tokutei Visa ဖြင့် ဂေဟာတွင် (၃) နှစ်တာ အလုပ်လုပ်ရမည့် ကာလ။
ဤအစီအစဉ်သည် (ပညာသင်စရိတ် ထုတ်ချေးပေးသည့် ဂေဟာတွင် (၃) နှစ်တာ ပြန်လည်တာဝန်ထမ်းဆောင်ရုံဖြင့် ပညာသင်စရိတ်များကို ပြန်လည်ပေးဆပ်ရန် မလိုဘဲ အခမဲ့ ကျောင်းတက်ခွင့်ရရှိမည့် အစီအစဉ်ဖြစ်ပါသည်။)
________________________
✨ ရရှိမည့် အကျိုးကျေးဇူးများ
• ကျောင်းလခအတွက် စိတ်ပူစရာမလို:
မိမိကိုယ်ပိုင်စရိတ်ဖြင့် တက်ရောက်ရမည့် ကျောင်းလခများကို ဂေဟာမှ အပြည့်အဝ ထောက်ပံ့ပေးမည် ဖြစ်သည်။
• ဘာသာစကားနှင့် ကျွမ်းကျင်မှု
ဂျပန်နိုင်ငံတွင် ကျောင်းတက်ရမည်ဖြစ်၍ ဂျပန်စာအရည်အချင်း သိသိသာသာ တိုးတက်လာမည်။
• အလုပ်အကိုင် အာမခံချက်
ကျောင်းပြီးသည်နှင့် မိမိကို စပွန်ဆာပေးထားသည့် ဂေဟာတွင် အဆင်သင့် အလုပ်ဝင်ရမည်ဖြစ်၍ အလုပ်အတွက် အာမခံချက်အပြည့်အဝရှိသည့် Program ဖြစ်ပါတယ်။
________________________
🎓 လိုအပ်သော အရည်အချင်းများ
• အထက်တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
• အသက် (၂၅) နှစ်အောက် အမျိုးသမီးများ ဖြစ်ရမည်။
• ဂျပန်စာ အရည်အချင်း JLPT N4 အောင်မြင်ပြီးသူ ဖြစ်ရမည်။
________________________
💰 ကုန်ကျစရိတ်နှင့် လုပ်ခလစာ
• ကုန်ကျစရိတ်
အေဂျင်စီ ဝန်ဆောင်ခနှင့် လေယာဉ်လက်မှတ်ဖိုး အပါအဝင် စုစုပေါင်း မြန်မာကျပ်ငွေ သိန်း (၁၀၀) ကျော်ခန့်သာ ကုန်ကျပါမည်။
• လုပ်ခလစာ
အလုပ်ဝင်သည့်အခါ ဂျပန်အစိုးရမှ သတ်မှတ်ထားသော Tokutei (SSW) လစာနှုန်းထားအတိုင်း အပြည့်အဝ ရရှိမည်ဖြစ်ပြီး အချိန်ပိုကြေး (OT) နှင့် Bonus (ဆုကြေး) များကိုလည်း ခံစားခွင့်ရှိမည် ဖြစ်သည်။
________________________
📝 1+3 Kaigo Scholar ကျောင်းသူများ စာရင်းနှင့် လက်ရှိအခြေအနေ
🧑🎓2025 October Intake (ဂျပန်ဘာသာစကားကျောင်းတွင် ပညာသင်ယူနေဆဲ)
1. Hnin Wai Hlaing
🧑🎓2026 April Intake (ဂျပန်ဘာသာစကားကျောင်းတွင် ပညာသင်ယူနေဆဲ)
1. Saw Htet Htet Htoo,
2. Mai Mingalar
3. Mai Easter
4. Thet Phoo Ngon
🧑🎓2026 October Intake (အင်တာဗျူးအောင်မြင်ပြီး ဂျပန်သို့ ထွက်ခွာရန် ပြင်ဆင်ဆဲ)
1. Ei Thandar Moe
2. Nant Olive Sit Paing
ပညာသင်စရိတ် အခမဲ့ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်ကာ မိမိဘဝကို မြှင့်တင်လိုသည့် သမီးငယ်များကို ဖိတ်ခေါ်လိုက်ပါတယ်နော်။
📢 အသေးစိတ်ကို Success JLC သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
ပုံလေးကတော့ 1+3 Scholar Program ဖြင့်လက်ရှိ ဂျပန်တွင် ပညာသင်ကြားနေတဲ့ သမီး Hnin Wai Hlaing ရဲ့ ပုံလေးပါ
20/04/2026
❤️မနက်ဖြန် ဖြေမဲ့ ကျောင်းအင်တာဗျူးအတွက်လေ့ကျင့်နေကြတဲ့ ကလေးတွေ❤️
သင်္ကြန်ပိတ်ရက်တောင် ကြိုးစားလေ့ကျင့်ခဲ့ကြတဲ့ ကလေးတွေရဲ့ ကြိုးစားမှုလေး အရာထင်စေချင်တာပါ
သုံးယောက်လုံး အင်တာဗျူးအောင်ပါစေနော်
18/04/2026
နှစ်ဦး ကန်တော့တဲ့
Success JLC ရဲ့ ပထမဆုံးကျောင်းသူ
Aye Myat Moe
စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒအားလုံးပြည့်ပါစေ
မပင်ပန်းဘဲ အလုပ်မှာ စိတ်ဖိစီးမှုမရှိဘဲ လစာအများကြီးရပါစေ❤️
16/04/2026
16.4.26
ဂျပန်မှာ ကျောင်းတက်ဖို့ သွားတဲ့ April intake ရဲ့ နောက်ဆုံးအဖွဲ့လေး
1. Bone Pyae San
2. Hnin Wai Aung
3. Saw Htet Htet Htoo
🛫လမ်းခရီး အဆင်ပြေပါစေနော်
ဂျပန်ရောက်ရင်လည်း အစစအရာရာအဆင်ပြေပြေနဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လျှောက်လှမ်းနိုင်ကြပါစေ
ကျန်းမာရေးက အဓိကမို့ ကျန်းမာရေးဂရုစိုက်ကြပါနော်
လွမ်းနေပါ့မယ်❤️
15/04/2026
ကျောင်းရဲ့ ကျောင်းသားသစ်ကြိုဆိုပွဲမှာ မြန်မာ့ရိုးရာဝတ်စုံတွေနဲ့ ကျက်သရေရှရှိလှပနေပါသော
Success ရဲ့ အချစ်ကလေးတွေ ❤️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyay-Aunglan Road
Pyay