Joy and Hope Education

Joy and Hope Education

Share

Learning for kids

03/06/2022

မေမေတို့ကို learning style လေး
sharing လုပ်ချင်ပါတယ်ရှင်။

23/05/2022

3 months to under 7 years ကလေးတွေအတွက်...

photographic memory ဖြစ်တဲ့
right brain training က အလွန် အရေးပါပါတယ်ရှင်။

မေမေ တို့ရေ....
သားသားမီးမီးတွေကို လေ့ကျင့်ပေးဖို့ မမေ့နဲ့နော်။

right brain ဖွံ့ဖြိုးရင် ဘယ်အရာကိုဖြစ်ဖြစ် photo ရိုက်သလို မှတ်မိနိုင်တယ်။
လေ့လာသင်ယူပြီး ကိုယ်တိုင် research လုပ်ရမယ့် ကလေးတွေပါ။
အလွတ်ကျက်ရမယ့် ခေတ် မဟုတ်တော့ဘူးလေ မေမေတို့ရေ။

07/05/2022

ဆယ်တန်း စနစ်ဟောင်း ကလေးတွေအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် (ပြင်ပဖြေ) တစ်ခုသာ ရှိပါတော့တယ်ရှင်။

16/06/2021

သင်ဟာ မေမေ တစ်ယောက်ဖြစ်တယ်ဆိုရင်...

ကိုယ့်ကလေးငယ်ကိုပေးထားတဲ့ ကတိကိုတည်ပါ။

သူရင်ဖွင့်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကို အရမ်းရင်းနှီးပါတယ်ဆိုတဲ့ သူတွေကိုတောင် မပြောပါနဲ့။

ကလေးဆီက ယုံကြည်မှုကို တည်ဆောက်ပါ။

07/06/2021

ကလေးငယ် တစ်ယောက်ကို ဘာသာစကားတစ်ခုခု သင်ပေးချင်တဲ့ မေမေတို့ရေ....

လေ့လာသင်ယူတဲ့ သဘာဝကိုသိရင် အရမ်းလွယ်ကူပါတယ်နော်။

မွေးစကတည်းက ကိုယ့်ကလေးဟာ ပတ်ဝန်းကျင်က ပြောစကားတွေကို အရင်နားထောင် မှတ်သားပါတယ်။

ပြီးမှ အော်...ဒါဟာ ဖေဖေလို့ ခေါ်ပါလား...မေမေလို့ ခေါ်ပါလား...ရေ လို့ ခေါ်ပါလား....အရုပ်လို့ ခေါ်ပါလားဆိုပြီး အသံလိုက်ထွက်ပါတယ်။

ဒါ့ကြောင့် listening ကနေစပါ။ ပြီးရင် speaking ပိုင်းကို အရင်သွားပါ။ မရှက်ပဲ ပြောတတ်ပြီဆိုရင် အဆင်ပြေပါပြီ။

ဥပမာ...အဂ်လိပ်ဘာသာစကားကို သင်မယ်ဆိုရင် meaning ကျက်ခိုင်းတာမျိုး မလုပ်ရပါဘူး။ apple ပန်းသီး ဆို ကျက်ခိုင်းတာမျိုး မလုပ်ပဲ သမီးလေး apple လေးစားမလားဆိုပြီး ပန်းသီးလေး ပေးလိုက်တာမျိုး လုပ်ပါ။

ဒါမှမဟုတ်လည်း ကလေးကို အဂ်လိပ်နာမည်လေး ပေးလိုက်ပါ။ သမီးလေးကို မြန်မာလို ဒီလိုခေါ်မယ် အဂ်လိပ်လိုဆို ဒီလိုလေး ခေါ်မယ်နော်။ လိမ္မော်သီးစားကြမယ်။ သူ့အဂ်လိပ်နာမည်လေးက orrange လေ ဆိုပြီး တစ်ခုချင်းစီရဲ့ ဝေါဟာရကို သိအောင်လုပ်ပေးပါ။

ကဲ...အဲ့အခြေခံလေးကနေ စကြရအောင်နော်။

03/06/2021

ကိုယ်ဟာ....
ကိုယ့်ကလေးရဲ့ လက်ဦးဆရာဖြစ်သလို...
အရေးအပါဆုံး ဆရာလည်းဖြစ်တယ်ဆိုတာ အမြဲတမ်း သတိရပါ။

31/05/2021

ကိုယ့်ကလေးကို တခြားကလေးငယ်တွေနဲ့ နှိုင်းယှဥ်တာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။

ဒီလိုပဲ...လုပ်မလား...မလုပ်ဘူးလား...လို့ ခြိမ်းခြောက်မိမယ့် စကားလုံးမျိုးကို အမြဲရှောင်ကျဥ်ပေးပါ။

30/05/2021

ကိုယ့်ကလေးကို
တစ်ကိုယ်ကောင်းစိတ်မရှိတဲ့ကလေး...
သည်းခံကြင်နာတတ်တဲ့ကလေး...
အရာရာတတ်သိနားလည်တဲ့ ကလေးတစ်ယောက် ဖြစ်ဖို့..
ဘယ်တော့မှ မမျှော်လင့်ပါနဲ့။

သင်ကိုယ်တိုင်လည်း ပြီးပြည့်စုံတဲ့ မိဘမဟုတ်ဘူး ဆိုတာ သတိရပါ။

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pyay