Su Pyae

Su Pyae

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Su Pyae, Education, Pyay.

11/05/2025

ခရမ်းကစော့
အပင်မျိုးစိတ်များ

ခရမ်းကစော့ (Solanum ptychanthum; အင်္ဂလိပ်: West Indian nightshade) ကို ကစော့ခါး ဟုလည်း ခေါ်သည်။ မျိုးစု (Genus)မှာ Solanum ဖြစ်သည်။ မျိုးစိတ် (Species) မှာ indicum ဖြစ်ပြီး မျိုးရင်း (Family)မှာ Solanaceae ဖြစ်သည်။

Indian Night-Shade (ကစော့ခါး)
Botany Term : Solanum indicum Linn
Species/Family : Solanaceae

ပုံသဏ္ဌာန်
အပင်
နှစ်ကြာခံ ပင်ငယ်တစ်မျိုးဖြစ်၏။ အမြင့် ၄-၅ ပေခန့် ထိ ရှိတတ်၏။ ပင်စည်ရိုးတံမာ၍ မွေးများ ဖြင့် ဖုံးအုပ်ထား၏။ ချွန်ထက်၍ ပြားသော ဆူးများစွာပါ၏။ ဆူးများသည် စိမ်းဝါရောင်ရှိ၍ သန်မာပြီး အောက်သို့ ကောက်နေ၏။ အကိုင်းအခက် များ၏။

အရွက်
ရွက်လွှဲထွက်သည်။ အရွက်ပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်ပြီးထောင့် ခုနှစ်ထောင့် ပါရှိ၏ အရွက်မျက်နှာ နှစ်ဖက်သစလုံးတွင်သေးငယ်သော ဆူးလေးများပါရှိ၏။ ရွက်ညှာတွင်လည်း ဆူးရှိ၏။ ရွက်ညှာ ရှည်၏။

အပွင့်
ဘေးထွက်ပန်းခိုင်ဖြစ်သည်။ အပွင့်များ သေးငယ်၍ ခရမ်းရောင် ရှိသည်။

အသီး
လုံးဝိုင်း၏။ အစေ့များ ခွံပျော့သီးဖြစ်၍ အခိုင်လိုက်သီး၏။ မှည့်က လိမ္မော်ရောင်ရှိပြီး အလွန်ခါး၏။ အချင်း ၁/၄ လက်မခန့်ထိ ရှိ၏။

မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : ပဉ္စငါးပါး
မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ : သဘာ၀အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ : အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ စပ်ရှားရှားရှိ၏၊ခါး၏၊ပူ၏၊ လေသလိပ်ကို ကြေစေ၏၊ နှုတ်ကိုမြိန်စေ၏၊ နှလုံးကို အားပေး၏၊နူနာ၊ အဖျား၊ ပန်းနာ၊ လေနာ၊ယားနာ တို့ကို နိုင်၏ ။

အသုံးပြုပုံ
ပဉ္စငါးပါး
ပဉ္စငါးပါးရည်ကို ညှစ်သောက်ခြင်း၊ကြိတ်ဖတ်ဖြင့် အုံပေးခြင်းဖြင့် မြွေဆိပ်၊ ကင်းဆိပ်ပြေပျောက်စေ၏။
သွားကိုက်၊ နာကျင်ခြင်းနှင့် သွားပိုး ထသောအခါ အမြစ်ကို သွေး၍ သွား၌ သိပ်ပေးခြင်းဖြင့်၊ အမြစ်မှုန့် ကိုမှိုင်းတိုက်၍ အခိုးရှူပေးခြင်းဖြင့် သွားနှင့်ပတ်သက်သောရောဂါများ ပျောက်၏။

အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ သောက်ပါက နှာခေါင်းသွေးလျှံခြင်း ပျောက်၏။
နား၌ ပိုးကောင်ဝင်လျှင် ကစော့ခါးသီးကို မီးရှို့ပြီး အခိုးခံပါက ပိုးထွက်၏။

ကစော့ခါး မြစ်ကိုအမှုန့်ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့် သောက်ခြင်းဖြင့် အညှော်ခံ ငန်းဆေးကြီးအဖြစ် အသုံးပြု၏။

ပဉ္စငါးပါး နုပ်နုပ်စဉ်း၍ ရေထက်ဝက် ခန်းအောင် ကျိုပြီး ပိတ်သန့်သန့်ဖြင့် စစ်၍ အေးလျှင် ပျားရည်တစ်ဆယ်သားခန့် ထည့်ပါ။ လက်ဖက်ရည် ပန်းကန်ဖြင့် ထက်ဝက်ခန့် တစ်နေ့ နှစ်ကြိမ် သောက်ပါက မီးယပ်ဖြူဆင်းသည့်ရောဂါ ပျောက်၏။

Photos from Su Pyae's post 11/05/2025

ဟင်းနုနယ်ဆူးပေါက်

ဟင်းနုနွယ်ဆူးပေါက်ပင် (Amaranthus spinosus) သည် အာရန်သကီအီး မျိုးရင်းတွင်ပါဝင်ပြီး အင်္ဂလိပ်ဘာသာဖြင့်spiny amaranth, prickly amaranth သို့မဟုတ် thorny amaranth ဟုခေါ်ကြသည်။ ယင်းအပင်သည် မူလက အမေရိကဒေသတွင် အရင်းခံသော်လည်း ယနေ့ခေတ်တွင်မူ ကမ္ဘာ့တိုက်ကြီးများ၌ မဖိတ်ခေါ်ပဲရောက်ရှိလာသော ပေါင်းမြက်များအဖြစ်လည်းကောင်း တစ်ခါတစ်ရံတွင် အဆိပ်ရှိသော ပေါင်းမြက်အဖြစ်လည်းကောင်း တွေ့ရတတ်သည်။ အာရှတိုက်တွင်ကား ဆန်၊စပါးစိုက်ပျိုးရေးအတွက် အဓိကပေါင်းမြက်အဖြစ်တွေ့ရှိနေရသည်။

ပုံသဏ္ဌာန်အပင်
ဆူးရှိသော အပင်ငယ်မျိုး ဖြစ်သည်။ ထောင်မတ်၍ ပေါက်သည်။ ပင်စည် နှင့် အကိုင်း များတွင် မြောင်းပါ ရှိ၏။ ၁ ပေ မှ ၅ ပေ ထိ မြင့်သည်။ ပင်စည်နှင့် အကိုင်း ကြားများမှ ဖြောင့်၍ မာသော ဆူးများထွက်သည်။

အရွက်
ရွက်လွှဲ ထွက်သည်။ အလျား ၁၁/၂ လက်မ မှ ၄ လက်မ ထိရှည်၏။ အရွက်ပျော့ပျောင်း နူးညံ့ပြီး ရွက်ညှာ ရှည်သည်။

ဟင်းနုနယ်ဆူးပေါက်
အပွင့်
ပွင့်ညှာ မဲ့ပန်းခိုင် ဖြစ်သည်။ ပန်းခိုင်ပေါ် တွင် အစိမ်းရောင် သမ်းသော အဖြူပွင့်များ များပြားစွာပွင့်သည်။ မိုးဦးကျ ကဆုန် ၊ နယုန်လတွင် ပွင့်သည်။

တွေ့နိုင်သောနေရာများ
မြန်မာ နိုင်ငံ ဒေသ အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ
အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ဟင်းနုနယ် ဆူးပေါက်သည် အေး၏ ၊ ဆီးဝမ်းကို ရွှင်စေ၏။ သားအိမ် ကိုက်ခဲခြင်းကို ပျောက်စေ၏။ နို့ရည်ကို ပွားများ စေ၍ သားအိမ်ကို အထူးအားပေး ၏ ၊ အဆိပ်ကိုပယ်တတ်၏။ သွေးယိုစီး ခြင်းကို တားမြစ် တတ်၏။ ရင်၌ ထိုးကျင်ခြင်း နှင့် မီးယပ်လွန်ခြင်း ကို လည်း ပျောက်ကင်းစေ နိုင်သော ဂုဏ်ရှိ၏။

အသုံးပြုပုံ
ပဉ္စငါးပါး
ပဉ္စငါးပါး ကြိတ်ညှစ်ရည်ကို သောက်ခြင်းဖြင့် မြွေဆိပ် ကို ပြေစေနိုင်သည်။
ပဉ္စငါးပါး ပြုတ်၍ သောက်သော် ကိုယ်ဝန် ပျက်ခြင်း မှ ကင်းဝေး၏။

အရွက်
အရွက် ကို ညက်ညက်ကြိတ်၍ နှာခေါင်း မှ စပြီး မျက်နှာ အထက်ပိုင်း သို့ လိမ်းကျံ ပေးသော် နှာခေါင်း သွေးလျှံသွေးကျ ပျောက်၏။
အရွက်ကို ဟင်းချက်စား က ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်၏။

အရွက်ညှစ်ရည်ကို ပျားရည်နှင့် ရောလျက် သော် သွေးအန် သွေးကျ ရောဂါ ၊ မီးယပ် သွေးလွန် ခြင်း ၊ မီးယပ်ဖြူ ဆင်း ခြင်း၊ ညောင်းကျခြင်း နှင့် အနာ အဖု အပိမ့် များ ပေါက်ခြင်း ပျောက်၏။

အမြစ်
အမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။ သွေးစုနာ ပေါ်သို့ လိမ်းပေးလျှင် လည်း ပျောက်ကင်း ၏။
အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏။
အမြစ်ကို ရေနှင့်သွေး ၍ စစ်ပြီး နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သောက်က မီးယပ် လွန်ခြင်း ပျောက်၏။ [၁]

11/05/2025

ရွက်ကျပင်ပေါက်

ပုံသဏ္ဌာန် : အပင် - အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ငယ် သက်ပြင်း မျိုး ဖြစ်၍ အမြင့် ၁-၄ ပေ ခန့် ထိမြင့် ၏ ။ ပင်စည် ထောင်မတ်၍ ပေါက်၏။ အရွက် - မျက်နှာချင်း ဆိုင် ထွက်၏။ ဘဲဥပုံ သဏ္ဌာန် ရှိ၍ ရွက် ထိပ် ဝိုင်းပြီး ရွက်ရင်း အနည်းငယ် သွယ်သည် သို့မဟုတ် ဝိုင်း သည်။ ရွက်နား ပတ်လည် အဝိုက် ငယ် ကလေးများ ရှိသည်။

ရွက်ပြားချော ၍ အသားထူ ပြီး အရည်ရွှမ်းသည်။ ရွက်နား များသော အားဖြင့် ခရမ်းညို ရောင်ရှိသည်။ အပွင့် - အနီ သို့မဟုတ် ခရမ်းရောင် ဖြစ်ပြီး စိမ်းညိုရောင် ပွင့်ခံ ရွက်ဖြင့် ဖုံးအုပ် ထား၏။ အပွင့်သည် ပွင့်တံရှည် ပေါ်တွင် ပဒေသာ ပင်ကဲ့သို့ စုရုံး ပြွတ်ခိုင် လျက် ပွင့်၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပင် ၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား တွင် တွေ့ရသည်။ သဘာ၀ ပေါက်ပင် ဖြစ်သည်။

အသုံးဝင်ပုံ : အာနိသင် -မြန်မာ ဆေးကျမ်း များ အလိုအရ ၎င်းဆေးပင် သည် အနာများ ကို စင်ကြယ်အောင် သုက် သင် တတ်၏ ။ အသားနု တက်စေ၏ ။

သွေးများကို ချုပ်စေ၏ ။ သွေးကြော ငယ်များတွင် များစွာ အကျိုးပြု ၏ ။ သွေးကြော ငယ်ကလေး များ အား တွန့်ခြင်း၊ ရှုံ့ခြင်း ကို ဖြစ်စေ သဖြင့် အရေပြား မှ လည်းကောင်း ၊ ဝမ်းသွားရာ မှ လည်းကောင်း ၊ မြင်းသရိုက် ရောဂါ မှ လည်းကောင်း ၊ နှာခေါင်း ပါးစပ် ခံတွင်း မှ လည်းကောင်း ယိုကျသော သွေးများကို မြန်စွာ ချုပ်တည်း စေနိုင်၏။

အသုံးပြုပုံ- အပင်

၁။ ၎င်းဆေးပင် သည် ယိုစီးကျ သော သွေးများ ကို ရပ်တန့် ချုပ်တည်း သော နေရာတွင် နတ်ဆေး သဖွယ် ဖြစ်၏။
အရွက် ၁။ ၁။ ထိခိုက် ရှနာနှင့် သွေးစိမ်း ထွက်သော အနာ များကို ရွက်ကျ ပင်ပေါက် ရွက် မီးကင်၍ ကပ်ပေးက သွေးများ ရပ်စဲ ၍ အနာကျက် လွယ်၏။

၂ ။ အရွက်ကို ကြိတ်ညှစ်၍ ရသော အရည်ကို လိမ်းပေးမူ အနာစက် ၊ အနာမီးလျှံ ၊ မွေးကျွတ်နာ များ ပျောက်၏။

၃ ။ ရွက်ကျ ပင်ပေါက် ရွက်ကို မီးကင်၍ ထိခိုက် ရောင်ရမ်းနေသော ဒဏ်ရာ များကို ကပ်ပေးပါက ရောင်ရမ်း ကျဆင်း၍ ဒဏ်ရာ များ သက်သာ ပျောက်ကင်း၏။

၄ ။ ရွက်ကျ ပင်ပေါက် ရွက် ၁ ရွက် ၂ ရွက် ကို ငရုတ်ကောင်း အနည်းငယ် ထည့်၍ ညက်စွာ ကြိတ်ပြီး သောက်က ဆီးပူ ၊ ဆီးချုပ် သွေးမြင်း သရိုက် နှင့် လူပျိုနာ ကြောင့် ဖြစ်သော အနာ များ ပျောက်ကင်း၏။

၅ ။ အရွက် ကို ကြိတ်၍ ရသော အရည်ကို သောက်ပေး ပါက ကာလ ဝမ်းရောဂါ ပျောက်ကင်း ၏။

၆ ။ အရွက်ရည် ကို လိမ်းပေးက အဆစ်လွှဲ ၊ အကြောထုံးခြင်း နှင့် မီးလောင်သော အနာများ ပျောက်ကင်း ၏။

၇ ။ အပူအား ကြီး၍ ဖြစ်သော မျက်လုံး ပူခြင်း၊ ယားခြင်း၊ ကျိန်း ခြင်း ၊ ရောင်ရမ်းခြင်း အတွက် ၎င်း အရွက် သက်သက် ကို ညက်စွာ ကြိတ်၍ လည်းကောင်း ၊ အအေးလွန် ၍ ဖြစ်သော မျက်စိနာ အတွက် ၎င်း အရွက် ကြိတ်ပြီးသား တွင် နနွင်း စစ် အနည်းငယ် ထည့်ကာ ခပ်နွေးနွေး ပြု၍ လည်းကောင်း အုံပေးပါ က မျက်စိနာ ပျောက်၏။ [၂]

Photos from Su Pyae's post 11/05/2025

ကြောင်ပန်း

ကြောင်ပန်း (ကြောင်ပန်းငယ်, Indian wild pepper) သည် အပင်ချုံပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁၅ ပေခန့်ထိ ရှိတတ်သည်။ ပင်စည်မှာ ညိုခြောက်ခြောက်အရောင်ရှိ၏။
အခေါက်ပါးသော်လည်း အနည်းငယ် ကြမ်းသည်။

အရွက်မှာ ၃ ရွက် မြွှာပေါင်းဖြစ်၍ မျက်နှာချင်းဆိုင် အလှည့်ကျ ထွက်သည်။ ၃ ရွက်တွင် အလယ်ရွက်သည် ကျန်ဘေး ၂ ရွက်ထက် ပိုကြီး ပြီး ပို၍ ရှည်သည်။ ပုံသဏ္ဌာန်မှာ ထိပ်ဘက် ကျယ်သော ဘဲဥပုံရှိ၏။

အရင်းသွယ်၍ ထိပ်ဖျားချွန်သည်။ ရွက်ညှာ ၁ လက်မ၊ ၁ လက်မခွဲခန့်ရှိ၏။ အရွက်အောက်မျက်နှာပြင် မီးခိုးပြာရောင်ဖြစ်ပြီး အပေါ်မျက်နှာသည် အစိမ်းပုပ်ရောင် ရှိ၏။

ကြောင်ပန်း(ကြောင်ပန်းငယ်)
အပွင့်သည် ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အပွင့်ကလေးများ သေးငယ်ပြီး စုပြုံ၍ပွင့်၏။ အရောင်မှာ ခရမ်းရောင်ရှိ၏။ ပွင့်ဖတ် ၅ ခုပါရှိ၍ တစ်ခုမှာ ထူးခြားနေ၏။ ရှည်၍ အနည်းငယ် ကြီးပြီး ခရမ်းရင့်ရောင် ရှိသည်။ ၎င်းအဖတ်တွင် အရည် ရွှမ်းသော ခရမ်းရင့်ရောင်ရှိသည်။ ကျန် ၄ ခုမှာ ရွယ်တူဖြစ်ပြီး ခရမ်းနုရောင် ဖြစ်၏။ ကဆုန်၊ နယုန်တွင် ပွင့်သည်။ အသီးမှာ လုံးဝိုင်းသည် ၊ ထိပ်ဘက် နီညိုရောင်ဖြစ်၏။ ဝါခေါင် ၊ တော်သလင်း တွင်သီးသည်။

ရခိုင်လို ကျွန်ပန်းဟု ခေါ်ပြီး[၁]၊ မြန်မာနိုင်ငံ အပူပိုင်း ဒေသတွင် အများအပြား တွေ့ရသည်။ ပေ ၃၀၀၀ ကျော်အထိပေါက်ရောက်နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ
မြန်မာဆေးကျမ်းများအလိုအရ ခါး၏၊ ဖန်၏၊ ပူ၏၊ ဝမ်းမီးကိုတောက်စေ၏၊ လေကိုနိုင်၏၊ အနာကို အသားနုတက်၍ ပျောက်စေ၏။ အဖျားကို နိုင်၏။ မီးယပ်မှန်စေ၏။ အားအင်တိုးပွား၏၊ အဆိပ်ကို ပြေပျောက်စေ၏။

အရွက်
အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏။
ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။
ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို လည်းကောင်း ၊ သက်ရင်းကြီးမြစ် သွေးရည်နှင့် ရောသောက်ခြင်းဖြင့် ဖောရောင်ရောဂါကိုလည်းကောင်း ပျောက်စေသည်။
ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျားရောဂါ နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏။
ကလေးသူငယ် နှာစေးချောင်းဆိုးနာ ပျောက်စေ၏။
ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏။
ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများ ပျောက်၏။
အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါင်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏။
ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏။

11/05/2025

ကြောင်ရိုသေပင်

တချို့က ကြောင်ဆေးပင်ဟုလည်း ခေါ်ကြသည်။

အချက်တိုများ Acalypha indica, မျိုးရိုးခွဲခြားခြင်း ...
အပင်
တစ်နှစ်ခံ ပင်ပျော့ပင်ငယ်တစ်မျိုး ဖြစ်သည်။ ၃ ပေခန့် ထိ မြင့်၏ ။ ပင်စည်ချောမွေ့၍ အစိမ်းရောင် ရှိပြီး သေးငယ်အမွှေးနုများ ရှိသည်။ ပင်စည်မှ အရွက် ထွက်၏။ ပင်စည် နှင့် အရွက်ကြားမှ ကိုင်းဖြာသည်။

အရွက်
ရွက်လွှဲထွက်သည်။ ဘဲဥပုံရှိ၍ ထိပ်ချွန်ပြီး ရွက်ရင်း အနည်းငယ် သွယ်သည်။ ရွက်နား ခွေးသွားစိပ်ရှိသည်။ရွက်ညှာ သေးသွယ် ရှည်လျားသည်။ ရွက်ပြားချောသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများမှာ အရွက်ဖြစ်သည်။

အပွင့်
ပန်းခိုင် အစိမ်းရောင်ရှိ၍ အပွင့်သည် အလွန်ငယ်သည်။ ပင်စည် အစိမ်းရောင်ရှိ၍ အပွင့်သည် အလွန်ငယ်သည်။ ပင်စည်နှင့် အရွက်ကြားမှ ထွက်သည်။ ပန်းခိုင်အောက် နားတွင် ရွက်ဖတ်ငယ်များ ထူးခြားစွာ ပါရှိသည်။

အစေ့
အစေ့သည် ဝိုင်း၏ ။ ကြေမွတတ်၏ ။ ထိပ်ချွန်၍ ပြောင်ချော၏။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများမှာ အလွန်အေးသည့် တောင်ပေါ်ဒေသမှလွဲ၍ မြေပြန့်ဒေသများတွင် အနှံ့အပြား ပေါက်ရောက်သည်။ သဘာ၀အလျောက် အလေ့ကျပေါက်သည်။

အသုံးဝင်ပုံ
မြန်မာဆေးကျမ်းများအလိုအရ အရွက်ကို အန်ဆေးအဖြစ်သုံးက အဆုတ်အကူအညီ ပေး၏။ အဆစ်ရောင် ၊ အဆုတ်အအေးပတ်သော အဖျား ၊ ပန်းနာ လေပြွန်ချောင်း ပူခြင်း စသည်တို့ကို သက်သာစေသည်။ အသုံးပြုပုံ- အရွက်

၁ ။ ကြောင်ရိုသေပင်၏ အရွက်ရည်ကို ကလေးသူငယ်နာ ချွဲကျပ်ရောဂါအတွက် တမာရွက်ရည် နှင့် ရောစပ်တိုက်ပါက ဝမ်းသွားခြင်း ၊ အော့အန်ခြင်းကို သက်သာစေသည်။ ချွဲကျစေသည်။

၂ ။ အရွက်ပြုတ်ရည် ကို အန်ဆေးအဖြစ် တိုက်ပေးခြင်း ဖြင့် အဆုတ်ရောင်ခြင်း တို့ကို ပျောက်၏ ။

၃ ။ အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။

၄ ။ အရွက်ကို ကြိတ်၍ အနာပေါ်၌ အုံပေးသော် အနာများပျောက်ကင်းစေ၏။

၅ ။ အရွက်ရည် သည် ဝဲခြောက် ၊ ပွေး ၊ ယားနာ စသော အရေပြား ရောဂါ တို့ကို ပျောက်ကင်းစေသည်။ တမာဆီနှင့် ရောလိမ်းသော် အမျိုးမျိုးသော ယားနာကို ပျောက်ကင်းစေ၏။

၆ ။ အရွက်ရည်ကို ကြက်ဆူဆီနှင့် ရော၍ အဆစ်အမျက်ကိုက်ရာတွင် လိမ်းပေးသော် ပျောက်ကင်းစေ၏။

၇ ။ ၎င်းအရည်ကို နားထဲသို့ ထည့်ပေးသော် နားပြည်ယိုခြင်း ၊ နားကိုက်ခြင်း ၊ နားလေထွက်ခြင်း ၊ နားအူခြင်း ပျောက်၏။

၈ ။ အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဝမ်းထဲတွင် အူအတက် ရောင်စေသော ရောဂါကို ကာကွယ်သည်။ ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း ၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ၊ ဝမ်းထဲ၌ ရစ်၍နာခြင်း များကိုလည်း ပျောက်ကင်းစေသည်။

၉ ။ အရွက်ကို ပြုတ်၍ သုပ်စားပါက အဆုတ်ရောဂါ ၊ ဦီးနှောက်ရောဂါ ၊ နားအူ ၊ နားကိုက်ရောဂါ ၊ ဗိုက်အောင့် ရောဂါ ၊ ဗိုက်နာရောဂါတို့ကို ပျောက်စေသည်။

၁၀ ။ အရွက်ကို ချက်ပြုတ်စားသောက်ပါက ပန်းနာရောဂါ ၊ မီးယပ်ကွက် ပေါ်သောရောဂါ ၊ သူငယ်နာရောဂါ ၊ သွေးတိုးရောဂါများ ပျောက်ကင်းစေသည်။

၁၁ ။ အရွက်ကို ပုစွန်ထုပ်နှင့် ကြော်စားပါက နွမ်းလျပင်ပန်းခြင်း ပျောက်သည်။

11/05/2025

ရွှေမျက်မှန်ဘုရားကြီး
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ရှိသမိုင်းဝင်ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီး

ရွှေမျက်မှန်ဘုရားကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ အလယ် ၊ ကြာနီကန်ရပ်ကွက်၊ရွှေသိမ်ကုန်းတော်၌ကိန်းဝပ်စံပယ်ရာတန်ဆောင်းတော်ကြီးအတွင်းတည်ရှိပြီးဒွတ္တဘောင်မင်းကြီး မဟာသက္ကရာဇ် (၂၅၀)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သောရုပ်ပွါးတော်မြတ်ကြီးဖြစ်ပြီးပြည်ထောင်စုမြန်မာနိုင်ငံတွင် မျက်မှန်တပ်ပူဇော်ထားသောတစ်ဆူတည်းသောဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါသည်။ ဘုရားပွဲကို နှစ်စဉ်တ​ပေါင်းလဆန်း (၁၃)ရက်မှ လပြည့်​နေ့အထိ (၃)ရက်တိုင် ကျင်းပသည်။[၁]

သမိုင်းကြောင်း
ပျူခေတ် နှောင်း၊ သရေခေတ္တရာမင်းအဆက်ဆက် တည်ထောင်ခဲ့သည့် ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရားနှင့်စန္ဒာဒေဝီမိဖုရားတို့သည် ဘီစီ(၅)ရာစုအတွင်း ရွှေတောင်မြို့ တောင်ဘက် အရပ် (၄)မိုင်အကွာ ဒေဝါဂီရီခေါ် ရွှေနတ်တောင်ကုန်း မြင့်ပေါ်တွင်တည်ထားကိုးကွယ်ထားသောရွှေနတ်တောင်စေတီတော်မြတ်ကြီးကို အသစ်ထပ်မံ ပြုပြင်ပူဇော်ဖူးမျှော်ပြီး အပြန်ခရီးတစ်ထောက်အဖြစ် ယခု တည်ကုန်းဟု ခေါ်ဆိုသောအရပ်တွင် ညအိပ်ရပ်နားခဲ့သည်။

ဗိဿနိုးမိဖုရားကြီးသည် ညဉ့်အခါတည်းခိုရပ်နားစဉ် အိပ်မက်မြင်မက်ခဲ့သည်။ မိမိတို့တည်းခိုသောနေရာ၏ အနောက်မြောက် ယွန်းယွန်း အရပ်တစ်နေရာတွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမျှော်ရကြောင်း အိပ်မက်မြင်မက်သည်ကို နံနက်မိုးသောက်သောအခါ ဒွတ္တဘောင်မင်းကြီးထံ အကြောင်းစုံလျှောက်ထားရာ မင်းကြီးလည်း မိဖုရား၊ မှူးမတ်၊ ပရိပ်သတ်နှင့် ယင်းနေရာကို ကြွရောက်ရှာဖွေကြလေသည်။

ယခု ရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်လျှက်ရှိသောနေရာ ဖျောက်ဆိပ်ကုန်း(ယခု-သိမ်ကုန်း) သို့ ရောက်သောအခါ ဘုရားရောင်ကြည်တော်ကဲ့သို့ အရောင်မျိုးစုံဝင်းလက်၍ ကောင်းကင်သို့ ရောင်စဉ်များ ဖြာတက်သွားသည်ကို မင်း၊ မိဖုရား၊ မှူးမတ်နှင့် ပရိသတ်တို့ မြင်တွေ့လိုက်ရသဖြင့် မိမိတို့ဘုရားတည်ပြီး ကုသိုလ်ကောင်းမှုပြုရန်အတွက် နတ်ကောင်းနတ်မြတ်များက ပြသခြင်းဖြစ်သည်ဟု ယုံကြည်ကာ ဤရုပ်ပွားတော်မြတ်ကြီးကို မဟာသက္ကရာဇ် (၂၅၀)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။ (ထိုစဉ်က ရွှေမျက်မှန် တပ်ဆင်ထားခြင်း မရှိသေးပါ။)

ရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ပြီး မကြာသောကာလတွင် ဒွတ္တဘောင်မင်းတရားကြီး၏ နတ်မျက်စိအလင်းရောင် ကွယ်သွားရာ ပညာရှိမှူးမတ်များအား ဗေဒင်ကိန်ခန်းများ တွက်ချက်ကြည့်စေသောအခါ မင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရုပ်ပွားတော်မြတ်ကြီးတွင် ရုပ်ပွားတော်မြတ်ကြီး၏ မျက်လုံးတော်နှင့် လိုက်ဖတ်ညီသော မျက်လုံးတော်ပုံသဏ္ဌာန်နှင့် တူညီသည့်မှန်တစ်စုံကို ဆက်ကပ်လှူဒါန်းပါက မင်းကြီး၏ နတ်မျက်စိအလင်းရောင် ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း လျှောက်ထားကြသဖြင့် မှန်တစ်စုံကို မှန်တစ်စုံကို ဗုဒ္ဓရုပ်ပွားတော်တွင် ဆက်ကပ်လှူဒါန်းရာ မင်းကြီး၏ နတ်မျက်စိအလင်း ပြန်လည်ရရှိခဲ့လေသည်။

မြန်မာသက္ကရာဇ် (၁၂၂၇) ခုနှစ်မတိုင်မီကုန်းဘောင်ခေတ်ကာလတွင်သာသနာရေးဂိုဏ်းဂဏများ အသင်းကွဲ ပေါ်ပေါက်လာသဖြင့် သာသနာတော် တည်တံ့ပြန့်ပွားစေခြင်းငှာ ရွှေတောင်မြို့သားကြီး ဇေယျနန္ဒမိတ်က ဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ပြုပြင်၍ ဒွတ္တဘောင်မင်းကြီး လှူဒါန်းခဲ့သော မှန်တစ်စုံကို ခြုံငုံလျက် ရွှေသားအတိရှိသော မျက်မှန်တော်ကြီးအဖြစ် ပြုပြင်မွန်းမံ တပ်ဆင်ပူဇော်ခဲ့လေသည်။[၂][၃]

ရွှေမျက်မှန်ဘုရားကြီးယခုအခါမှာ ဉာဏ်တော် အတောင် (၂၀) ခန့် မြင့်သည်။ ရုပ်ပွားတော်၏ မျက်နှာ သုံးပုံတစ်ပုံခန့်သာသာ အရွယ်ရှိ ရွှေမျက်မှန်ကြီး တပ်ဆင်ထားသည်။ မျက်မှန်တော်ကြီးမှာ တစ်ဖက်မှတစ်ဖက် အထက်အောက် ကွင်းအကျယ် လက်မ ၂၀ စီ ရှိသည်။ အလျား ၂၂ လက်မ ရှိသည်။ မျက်လုံးတော်မှာ လက်မ ၂၀ ရှိပြီး မဟူရာမျက်လုံးတော်များ ဖြစ်သည်။ခေတ်အဆက်ဆက် မျက်စိဝေဒနာရှင်များသည် ရုပ်ပွားတော်ကြီး၏မျက်မှန်တော်ကို ပြုပြင်လှူဒါန်းခဲ့ကြသည်။ သန့်စင်ပေးခဲ့ကြသည်။ ဤနည်းဖြင့် မျက်စိရောဂါများသက်သာပျောက်ကင်းသည်ဟု ယုံကြည်ကြသည်။

ဂါထာ​တော်
ရွှေမျက်မှန်ဘုရားကြီးမျက်စိဝေဒနာပျောက်ကင်းစေသော ဂါထာတော်

ပါဠိဘာသာ

ဒက္ခိဏက္ခိစ သူရိယော

ဝါမအက္ခိစ စန္ဒိမာ

ဗုဒ္ဓစက္ခုနိ ဓါတုယော

အဟံဝန္တာမိ သဗ္ဗဒါ

ဧတေန ပုညကမ္မေန

စက္ခုရောဂေါ ဝိနဿတု

မြန်မာပြန်

လက်ယာဘက် မျက်စိတော်၌ နေမင်းသည် တည်၏

လက်ဝဲဘက် မျက်စိတော်၌ လမင်းသည် တည်၏။

ဘုရားရှင်၏ မျက်စိတော် ဓာတ်တော်တို့ကို တပည့်တော်သည် နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ရိုသေလေးမြတ်စွာ ရှိခိုးပါ၏။

ဤသို့ရှိခိုးရသော ကောင်းမှုကံ စေတနာတို့ကြောင့် မျက်စိ၌ ဖြစ်သောရောဂါ ဝေဒနာသည် ကင်းစင်လွင့်ပျောက် ပါစေသတည်း။

11/05/2025

ရွှေတောင်ခေါက်ဆွဲ

အိုဆာကာ ရွှေတောင်ခေါက်ဆွဲ သည် ပြည်ခရိုင် ၊ ရွှေတောင်မြို့ ဦးသိန်းရွှေ မှ စတင်ခဲ့သည်။ ရွှေတောင်ခေါက်ဆွဲသည် မုန့်ဟင်းခါးကိုအခြေခံပြီး ပြုလုပ်ထားသော စားဖွယ်စုံဖြစ်သည်။

ရွှေတောင်ခေါက်ဆွဲ ကို (၁၉၆၀) ခုနှစ် မှစ၍ ဦးသိန်းရွှေ ရွှေတောင်ခေါက်ဆွဲ နာမည်ဖြင့် ရွှေတောင်မြို့တွင် စတင်ရောင်းခဲ့သည်။

ထိုအချိန်တွင် ရွှေတောင်ခေါက်ဆွဲ သည် လူသိနည်းပြီး စားသုံးသူ နည်းပါးခဲ့သည်။ (၁၉၇၀) ခုနှစ် တွင် ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့ တွင် ပထမဆုံးအကြိမ် ကမ္ဘာ့ကုန်စည်ပြပွဲကျင်းပခဲ့သည်။

ထိုကုန်စည်ပြပွဲတွင် ခေါက်ဆွဲပြိုင်ပွဲကျင်းပရာ မြန်မာနိုင်ငံ မှ ရွှေတောင်ခေါက်ဆွဲ သည် ပထမဆု ရရှိခဲ့သည်။ ရွှေတောင်ခေါက်ဆွဲ ဟုသောအမည်သည် တရားဝင် အမည်ဖြစ်ပြီး အိုဆာကာ ဟုသောအမည်သည် (၁၉၇၀) ခုနှစ် တွင် အိုဆာကာမြို့ ခေါက်ဆွဲပြိုင်ပွဲမှ ပထမဆု ရရှိခဲ့ သောကြောင့် အိုဆာကာမြို့ ကိုအစွဲပြု၍ခေါ်ဝေါ်ခြင်းဖြစ်သည်။

ပါဝင်ပစ္စည်းများ
ရွှေတောင်ခေါက်ဆွဲ ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ

ဂျုံခေါက်ဆွဲ
ကြက်သွန်နီ
နံနံပင်
သံပရာသီး
အုန်းသီး
ပဲအကျက်မှုန့်
ငရုတ်သီးအကြမ်းမှုန့်ကြော်တို့ဖြစ်သည်။

ခေါက်ဆွဲနှင့် တွဲဖက်စားသုံးသော ကြက်သားဟင်းညို ချက်ရန် ပါဝင်ပစ္စည်းများမှာ

ကြက်ရင်အုံသား
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငရုတ်သီးမှုန့်
ဆား
ကြက်သားမှုန့်
ဟင်းရွက်ဆီ

11/05/2025

ရွှေတောင်မြို့
ပြည်ခရိုင်အတွင်းရှိမြို့တစ်မြို့

ရွှေတောင်မြို့သည် ပြည်ခရိုင်ပေါင်းတည်ခရိုင်ခွဲ ရွှေတောင်မြို့နယ်၏ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။ ဧရာဝတီမြစ် အရှေ့ဘက် ကမ်းပေါ်တွင် တည်ရှိ၍ ပြည်မြို့တောင်ဘက် ကိုးမိုင်ကွာဝေး၍ ပြည်ရန်ကုန်ကားလမ်းမပေါ်တွင်တည်ရှိသည်။ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက် နှင့်ကျေးရွာအုပ်စုအများအပြား ဖြင့် ဖွဲ့စည်းထားသော မြို့ငယ်လေးဖြစ်သည်။

လူဦးရေ
၁၉၅၆ ခုနှစ် ခန့်မှန်းခြေအရ ရွှေတောင်မြို့နယ် လူဦးရေ ၈၃၁၅ဝ ယောက်ရှိ၍ ရွှေတောင်မြို့၏ ၁၉၆၃ ခုနှစ် ခန့်မှန်း ခြေ စာရင်းအရ လူဦးရေသည် ၁ဝ၇၈၈ ယောက် ဖြစ်သည်။[၁]

ယဉ်ကျေးမှု
ရွှေတောင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများမှာ မြို့ တောင်ဘက်လေးမိုင်ကွာရှိ ရွှေနတ်တောင်ဘုရား၊ မြို့အရှေ့ မြောက်မြို့ဦးရှိ ရွှေမော်ဓောဘုရား၊ မျက်နှာတော်တွင် မျက်မှန် တပ်ထားသော ရွှေမျက်မှန်ဘုရားတို့ ဖြစ်သည်။ ရွှေနတ်တောင် စေတီပွဲကို နှစ်စဉ်နှစ်တိုင်း တပေါင်းလတွင် ကျင်းပရာ အထူး ပင် စည်ကားသော ဂေဇက်ဝင်ပွဲတော် ဖြစ်သည်။ စာပေဂန္ထဝင်တွင် ထင်ရှားသောဇိနတ္ထပကာသနီနှင့် စွယ်စုံ ကျော်ထင်ကျမ်း ပြုစုသူ ရွှေတောင်ကျီးသဲလေးထပ်ဆရာတော်၊ မင်းတုန်းဘုရင် လက်ထက်ကျော်စောသော ဗန်းမော်ဆရာတော် စသောပုဂ္ဂိုလ်ကြီးများသည် ရွှေတောင်မြို့နယ် ဇာတိများ ဖြစ်ကြသည်။ ရွှေတောင်ခေါက်ဆွဲ သည် ရွှေတောင်မြို့မှ စတင်သည်။

ရွှေနတ်တောင်ဘုရား
ရွှေမျက်မှန်ဘုရားကြီး
ဗုဒ္ဓဓာတ်ကမ္ဘာ့လွှမ်းခြုံဘုရားကြီး
ရှေးဟောင်းသမိုင်းဝင်ရဟန္တာရှစ်ဆယ်
လေးမျက်နှာဗုဒ္ဓရုပ်ပ္ပါးတော်မြတ်ကြီး
ရွှေမော်ဓောဘုရား
​သင်္ခမ်းကြီးစေတီတော်
စက်စက်ယိုစေတီတော်
လယ်တီစာကြည့် ပိဋကတ်တိုက်

စီးပွားရေး
ရွှေတောင်မြို့သည် မြေဩဇာကောင်းမွန်သဖြင့် အသီးအနှံ သစ်ပင်ပန်းမာန်များ စိုက်ပျိုး၍ အလွန်ဖြစ်ထွန်းသည်။ ရွှေတောင်မြို့၏ ထင်ရှားသောလုပ်ငန်းမှာ ပိုးထည်လုပ်ငန်းဖြစ်၍ ရွှေတောင်ပိုး ထည်သည် အထူးပင်နာမည်ရသော အထည်အလိပ် ဖြစ်သည်။

ပထဝီအနေအထား
ရန်ကုန်-ပြည်သွား ကားလမ်းပေါ်တွင်လည်း တည်ရှိ၍ ရန်ကုန်မြို့မှ ၁၆၉ မိုင် ဝေးသည်။ မော်တော်ကားလမ်း၊ မီးရထားလမ်းတို့ဖြင့် ကူးသန်းဆက်သွယ်ရေးကောင်းမွန်သော မြို့တစ်မြို့လည်း ဖြစ်လေသည်။

သမိုင်းကြောင်း
ရွှေတောင်မြို့ကို မဟာသမ္မမင်းမှရေတွက်သော် ၂၈ ဆက် မြောက်ဖြစ်သော အစ္စိမည်သည့်မင်းသား သူရတပမင်းကြီး တည်ထောင်ဖန်ဆင်းတော်မူသည်ဟု ဆိုသည်။ သူရတပ မင်းသားသည် ပုရောဟိတ်ပုဏ္ဏားတို့ လျှောက်ထားချက်အရ ခမည်းတော်စံရာ မဇ္ဈိမဒေသ မလ္လတိုင်းကုသဝတီပြည်မှ မြန်မာ ပြည်ဘက်သို့ လာရောက်ကာ ကဉ္စနာဂီရိခေါ် ရွှေတောင်ကြီးကို ရှာဖွေလေသည်။ သို့ရာတွင် မတွေ့မမြင်ရှိ၍ စိတ်တော် ပင်ပန်း ဖြစ်သည်တွင် သိကြားမင်းက ရှင်ရသေ့အသွင်ဖန်ဆင်း၍ ရွှေ တောင်ကြီးတည်ရာကို ညွှန်ပြသဖြင့် သွားရောက်ရာ အခိုး အရောင်ဖြင့် ပြောင်ပြောင်ထိန်ဝင်းနေသောရွှေတောင်ကို မြင်ကြ ရသည်။ ထိုအရပ်၌ မြို့တည်ထောင် သည်ကိုအစွဲပြု၍ ရွှေ တောင်မြို့ဟု တွင်သည်။ ဒွတ္တပေါင်မင်းကြီးလက်ထက် ပိဿနိုး မိဖုရားက ကာသိကရာဇ်တိုင်း ဗာရာဏသီပြည်ကို မြင်လိုသည့် ချင်ခြင်း ဖြစ်သည့်အခါ ရွှေတောင်မြို့ကိုပင် ဗာရာဏသီပြည် အဖြစ် ပြသရကြောင်းဖြင့် အဆိုရှိသည်။ ၆ဝ၄ ခုနှစ်တွင် ပြည် မြို့၌ နန်းတက်သော သီဟသူမင်းမှ စ၍ ပြည်မြို|၌ စိုးစံသော မင်းများသည် အရည်အသွေးရှိသော မှူးမတ်များကိုသာ ရွှေ တောင်မြို့ကို စားစေ၍ ပြည်မြို့က ဆင့်ဆိုရာကို နာခံထမ်းရွက် စေသည်။ သီဟသူမင်းသည် ရွှေတောင်မြို့နယ်ကို အောက်ပါ အတိုင်း သတ်မှတ်ထားသည်။ အရှေ့လားသော် ပုတ်ရှည်ချောင်း တည်ပင်ခွအခိုက် ပြည်မြို့မြေနှင့် တစ်စပ်တည်း ဖြစ်သည်။ အရှေ့တောင်သို့လားသော် ကိုးတိုင်ကွာ လှော်ကားကြေးကုန်း တစ်ဖက်၊ အင်းမကြီးမြေနှင့် တစ်စပ်တည်း။ တောင်သို့လား သော် ၁၃ တိုင်ကွာ မြေခြားစိုင်ညောင်ပင် တရုတ်မျှော်မြေနှင့် ကျောခိုင်းဖြစ်၏။ အနောက် တောင်သို့လားသော် သုံးတိုင်ကွာ မြစ်လယ်ကြော၊ သူရဲတန်းမြေနှင့် ကျောခိုင်းဖြစ်၏။ အနောက် သို့ လားသော် ဧရာဝတီမြစ်ထက်ဝက်၊ အနောက်မြောက်သို့ လားသော် ဧရာဝတီမြစ်ထက်ဝက်နှင့် ပြည်မြို့မြေအစပ်၊ မြောက် သို့လားသော် လေးတိုင်ကွာ ပိုဝချောင်းတစ်ဖက်၊ ပြည်မြို့မြေနှင့် ကျောခိုင်းဖြစ်၍ အရှေ့မြောက်သို့ လားသော် မြင်ဗာဟုဘုရား ဖြစ်၏။ ဤသို့ နယ်ရှစ်ရပ်သတ်မှတ်၍ ဤနယ်အတွင်း ရွာကြီး ၉၉ ရွာ၊ သူကြီးပေါင်း ၉၉ ယောက်၊ စာရေး ၉၉ ယောက်တို့ နှင့် ဒိုင်စာရင်းလည်း ဖွဲ့တော်မူသည်။ ရွှေတောင်မြို့သည် ကိုလိုနီခေတ်တွင် နယ်ပိုင်ရုံးစိုက်မြို့ ဖြစ်သည်။

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pyay