UP Academy
Computer Science ကို မြန်မာနိုင်ငံမှ မျိုးဆက်သစ် ကလေးသူငယ်တိုင်း လက်လှမ်းမှီရမည်။
09/01/2024
နွေရာသီ ကလေးများအတွက် 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 (𝐂𝐨𝐝𝐢𝐧𝐠) သင်တန်း
𝐂𝐨𝐝𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫
𝐂𝐨𝐝𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫 သင်တန်းကိုဘာကြောင့် KCSYG မှာဘာကြောင့်ဖွင့်လှစ်တာလဲ?
✅ ဒီတစ်ခါအမေးများနေတဲ့ ကလေးတွေ အများစု တောင်းဆိုထားကြတဲ့ သင်တန်းလေးကို ဒီနွေရာသီမှာထပ်မံ ဖွင့်လှစ်ပါတော့မယ်နော်။အခုဆိုရင် coding.. coding ဆိုပြီး မိဘတော်တော်များများလည်း သိနေကြပြီပေါ့နော်။ ကလေးတော်တော်များများကလည်း Computer Coding ကို စိတ်လည်း၀င်စားကြတယ်လေ။ သင်တန်းလေးကတော့ တက်ဖူးပြီးသား ကလေးတွေ တအားကို သဘောကျနှစ်ခြိုက်တဲ့ Coding for Young Learner ဆိုတဲ့ သင်တန်းလေးဖြစ်ပြီးတော့ အခုဆိုရင် ဒီသင်တန်းလေးကို ဖွင့်လှစ်တာဟာ 4 ကြိမ်မြောက် ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဒီသင်တန်းကဘာအကျိုးကျေးဇူးတွေရမှာလဲ?
✅ ၂၁ ရာစုမှာ ကလေးငယ်တွေ မဖြစ်မနေ သင်ယူလေ့လာသင့်သော Coding ပညာရပ်အကြောင်းနှင့် Coding လေ့လာသင်ယူခြင်းဖြင့် ရရှိလာမည့် လက်တွေ့ဘဝတွင် အသုံးပြုနိုင်သော အကျိုးကျေးဇူးတွေကိုဒီသင်တန်းတက်ခြင်းဖြင့်ရရှိနိုင်မှာဖြစပါတယ်။
📌ကလေးငယ်တွေရဲ့ Logical Thinking Skills, Creative Thinking Skills နှင့် Problem Solving Skills တွေ မြင့်မားတိုးတက်လာဖို့ဒီသင်တန်းလေးကထိရောက်စွာအထောက်အကူပြုပေးမှာအသေအချာပဲဖြစ်ပါတယ်
📌ငယ်စဉ်ကတည်းကမိမိကလေးငယ်များကို Innovator (တီထွင်ဖန်တီးနိုင်စွမ်းရှိသူ) ဖြစ်နိုင်ဖို့အတွက်၊ အခြေခံကောင်း ရစေလိုသော မိဘများအနေနဲ့တကယ်အကျိုးရှိစေမဲ့သင်တန်းလေးဖြစ်ပါတယ်
📌ကိုယ်ဖန်တီးထားတဲ့ project မှာ Error ရှာတာ .. ပြန်လည်ပြင်ဆင်တာ .. မပြုလုပ်ခင်ကြိုတင်စဉ်းစားတတ်လာတာတွေကြောင့် လက်တွေ့ဘဝမှာ ကြုံရမယ့်အခြေအနေတွေ အခက်အခဲတွေကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတွေ တိုးတက်လာပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေတဲ့ Smart Child .. Smart Youth လေးတွေ ဖြစ်လာမှာပါ။
ဒီသင်တန်းမှာဘာတွေသင်မှာလဲ
✅ အမေရိကန်နိုင်ငံမှ ထင်ရှားတဲ့တက္ကသိုလ်ကြီးတစ်ခုဖြင်္စတဲ့ Massachusetts Institute of Technology (MIT ) Curriculum နဲ့ Facebook, Google, Youtube, Microsoft စတဲ့ IT Company ကြီးတွေကတောင်အသိအမှတ်ပြုထားတဲ့ Code.org မှ အသက်အရွယ် Level လိုက် coding နည်းပညာကိုသင်ကြားနိုင်တဲ့ကို Curriculum တွေကို အသုံးပြုသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
What is coding
Introduction to Scratch
Basic Animation and Storytelling
Games and Interactivity
Advanced Scratch Concepts
Final Project
သင်တန်းကိုဘယ်လိုပုံစံသင်ကြားမှာလဲ online လား in-person လား?
✅ Online class ရော in-person class ရော ၂ မျိုးစလုံးရှိပါမယ်။ Online class ရော in-person class ရော တစ်ပတ်ကို ၃ ရက်တက်ရပါမယ်။ တစ်ရက်ကို တစ်နာရီခွဲ သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းကဘယ်လောက်ကြာပြီး သင်တန်းကြေးကဘယ်လောက်လဲ?
✅ သင်တန်းက ၂ လကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေးက in-person class က ၉၀၀၀၀ အပြီးအစီး ဖြစ်ပြီး online class ကတော့ ၇၅၀၀၀ အပြီးအစီးဖြစ်ပါတယ်
ဘယ်သူတွေတက်သင့်လဲ?
✅ အနာဂတ်ပညာရေးခရီးလမ်း (High Schools, University) တွင် နိုင်ငံတကာမှ ထူးချွန်ကျောင်းသားများနှင့် ရင်ပေါင်တန်းချင်သော အသက် ၈ နှစ်အထက်နှင့် ၁၃ နှစ်အောက် ကလေးငယ်တိုင်းတက်ရောက်နိုင်ပါတယ်။
သင်တန်းတက်ဖို့ဘာတွေလိုအပ်သလဲ?
✅ Online class တက်မဲ့သူတွေက Laptop (သို့) Desktop နဲ့ internet connection လိုအပ်ပါမယ်။ in-person တက်မဲ့သူတွေကတော့ ဘာမှာမလိုပါဘူးဗျ
သင်တန်းကဘယ်တော့စပြီး သင်တန်းချိန်ကဘယ်အချိန်လဲ?
✅ သင်တန်း က March 11, 2024 မှာစမှာဖြစ်ပြီး မေလဝက်မှာပြီးဆုံးမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ သင်တန်းသားတစ်ယောက်ချင်းစီနဲ့ အချိန်ပြန်လည်ညှိုနှိုင်းပြီးသင်ကြားပေးမှာဖြစ်ပါတယ်။
စိတ်ဝင်စားသော မိဘများအနေဖြင့်
သင်တန်းသူ/သားအမည်
အသက်
ဆက်သွယ်ရန်ဖုန်းနံပါတ်
လိပ်စာ
စတဲ့အကြောင်းအရာတွေကို စာရင်းပေးသွင်းရမှာဖြစ်ပါတယ်
အသေးစိတ်သိလိုပါက
☎️ 09 420085328
🤚 Page messenger
🏘 960 ဝပ်ရှော့ ၁ လမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန် သို့စုံစမ်းမေးမြန်းဖို့ နွေးထွေးစွာ ဖိတ်မံတကပြုပါတယ်
03/01/2024
𝕮𝖔𝖒𝖕𝖚𝖙𝖊𝖗 𝕿𝖗𝖆𝖎𝖓𝖎𝖓𝖌𝖘
နှစ်သစ် (2024) မှာပုံမှန်ဖွင့်လှစ်သင်ကြားပေးနေတဲ့ကွန်ပြုတာသင်တန်း လေးတွေနဲ့စဖွင့်မယ်ဗျာ
🖥🖥 KCSYG မှာ အောက်ပါကွန်ပြူတာသင်တန်းလေးတွေဈေးနှုန်းသက်သာစွာနဲ့ထိရောက်စွာ သင်ကြားပေးနေပါတယ်။
🌴🌴 Basic Course
Computer ကိုအခုမှစတင်လေ့လာ၊အခုမှစတင်အသုံးပြုမည့်သူတွေအတွက်တက်ရောက်သင့်သောသင်တန်းဖြစ်ပါတယ်။
🏅 Microsoft Windows Basic
🏅 Typing
🏅 Microsoft Word
🏅 Microsoft Excel
🏅 Microsoft Powerpoint
⏰ သင်တန်းကာလ - တစ်ပတ်ငါးရက်တက်လျှင်တစ်လ
တစ်ပတ်သုံးရက်တက်လျှင်တစ်လခွဲခန့်ပျမ်းမျှကြာမြင့်ပါမည်။
💰သင်တန်းကြေး - ၅၀၀၀၀ ကျပ်
🌴🌴 Advanced Excel Course
လုပ်ငန်းခွင်မှာရုံးတွေမှာစာရင်းဇယားကိုပိုင်နိုင်အသုံးပြုကိုင်တွယ်နိုင်ဖို့အတွက်တက်ရောက်သင့်သောသင်တန်းဖြစ်ပါတယ်။
🏅Advanced Microsoft Excel (Formulas, Charts, Functions)
⏰ သင်တန်းကာလ - တစ်ပတ်ငါးရက်တက်လျှင်သုံးပတ်
တစ်ပတ်သုံးရက်တက်လျှင်တစ်လခန့်ပျမ်းမျှကြာမြင့်ပါမည်။
💰သင်တန်းကြေး - ၅၀၀၀၀ ကျပ်
🌴🌴 System Maintenance Course
ကိုယ့်ရဲ့ ကိုယ်ပိုင် Computer တစ်လုံးကို ကိုယ်ကိုယ်တိုင် ဘယ်လို control လုပ်မလဲ၊ ဘယ်လို manage လုပ်မလဲ? error တွေကိုစစ်ဆေးပြီးဘယ်လိုဖြေရှင်းမလဲ၊ windows တွေဘယ်လိုတင်မလဲ၊ software တွေဘယ်လိုထည့်မလဲစတဲ့အကြောင်းအရာတွေကိုလေ့လာချင်သူတွေအတွက်တက်ရောက်သင့်သောသင်တန်းဖြစ်ပါတယ်။
🏅 Microsoft Windows Installation
🏅 Software Installation/Installation
🏅 Virus Problems/Antivirus
🏅 Troubleshooting
⏰ သင်တန်းကာလ - တစ်ပတ်ငါးရက်တက်လျှင်တစ်လ
တစ်ပတ်သုံးရက်တက်လျှင်တစ်လခွဲခန့်ပျမ်းမျှကြာမြင့်ပါမည်။
💰သင်တန်းကြေး - ၇၀၀၀၀ ကျပ်
🌴🌴 Adobe Photoshop Course
ဓာတ်ပုံတည်းဖြတ်ခြင်း၊ Logo Design ပြုလုပ်ဖန်တီးချင်သူများအတွက်တက်ရောက်သင့်သောသင်တန်းဖြစ်ပါတယ်။
🏅 Adobe Photoshop
⏰ သင်တန်းကာလ - တစ်ပတ်ငါးရက်တက်လျှင်တစ်လ
တစ်ပတ်သုံးရက်တက်လျှင်တစ်လခွဲခန့်ပျမ်းမျှကြာမြင့်ပါမည်။
💰သင်တန်းကြေး - ၆၀၀၀၀ ကျပ်
🌴🌴 Multimedia Course
ဓာတ်ပုံတည်းဖြတ် ဗီဒီယိုတည်းဖြတ်ပညာရပ်များကိုလေ့လာချင်သူများအတွက်မည့်သူတွေအတွက်တက်ရောက်သင့်သောသင်တန်းဖြစ်ပါတယ်။
🏅 Adobe Photoshop
🏅 Sony Vegas
⏰ သင်တန်းကာလ - တစ်ပတ်ငါးရက်တက်လျှင်တစ်လ
တစ်ပတ်သုံးရက်တက်လျှင်တစ်လခွဲခန့်ပျမ်းမျှကြာမြင့်ပါမည်။
💰သင်တန်းကြေး - ၇၅၀၀၀ ကျပ်
🙋class တစ်ခုလျှင်သင်တန်းသားငါးဦးသာလက်ခံထားသည့်အတွက်ပိုမိုထိရောက်စွာသင်ကြားနိုင်ပါသည်။
🙋အချိန်နှင့်နေ့ရက်များကိုညှိုနှိုင်းသင်ကြားနိုင်ပါသည်။
အသေးစိတ်မေးမြန်းလိုပါက...
ဖုန်းဆက်လိုက်
☎️ 09 420085328
👋👋 CB မှာ ဟိုင်းလိုက်
🏡 960 ဝပ်ရှော့ ၁ လမ်း၊ အရှေ့ကြို့ကုန်း၊ အင်းစိန်
တခြားဈေးတန်တဲ့ laptop တွေကြည့်ချင်သေးရင် အောက်ကလင့်ခ်မှာသွားကြည့်ပါ။
https://www.facebook.com/kcsyg
မြန်မာပြည်ကြီးအေးချမ်းပါစေ။
31/12/2022
အောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်သော ၂၀၂၃ နှစ်သစ်ဖြစ်ပါစေကြောင်း.......
09/12/2022
𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐖𝐞𝐞𝐤 𝐚𝐧𝐝 𝐇𝐨𝐮𝐫 𝐨𝐟 𝐂𝐨𝐝𝐞 𝟐𝟎𝟐𝟐 𝐢𝐬 𝐡𝐚𝐩𝐩𝐞𝐧𝐢𝐧𝐠!!!
🌎နှစ်စဉ် ဒီဇင်ဘာလ ဒုတိယပတ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Computer Science Education Week နဲ့ Hour of Code ကို ကျင်းပကြပါတယ်။ UP Academy ကလည်း ယခင်နှစ်များက Even Host လုပ်ပြီးပါဝင်ခဲ့ပေမယ့် ယခုနှစ် ၂၀၂၂ မှာတော့ အကြောင်းအမျိုးမျိုးကြောင့် event မှာကို host လုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။
🌎ဒီ event တွေကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ Computer Science ကို ကလေးလူငယ်တွေကြား အသိပညာမြှင့်တင်ဖို့နဲ့တန်းတူညီမျှအခွင့်အရေးရရှိရန်အတွက်ဖြစ်ပါတယ်။
🌎UP Academy ရဲ့ ယခင်နှစ်များမှာပါဝင်ခဲ့တဲ့ အမှတ်တရများနဲ့ပြန်လည်ဝေမျှရင်း ကလေးသူငယ်တိုင်း တန်းတူအခွင့်အရေးရရှိနိုင်ဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Event တွေရဲ့ Link တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
https://www.csedweek.org/
https://hourofcode.com/us/learn
23/11/2022
အားလုံးပဲ မင်္ဂလာပါ။🙏
Scratch Programming for Kids YouTube Series မိတ်ဆက်
💻UP Academy ရဲ့လက်ဆင့်ကမ်းဝေမျှပေးအခမဲ့ပညာရေးအစီအစဉ်တစ်ခုအနေနဲ့ Scratch Programming for Kids ဗီဒီယိုသင်ခန်းစာစီးရီးလေးကို UP Academy ရဲ့ YouTube channel မှာ တင်ဆက်ပေးထားပြီပဲဖြစ်ပါတယ်။
ရိုးရှင်းလွယ်ကူတဲ့ ဗီဒီယို သင်ခန်းစာ ၁၅ ပိုင်းကို ကလေးငယ်များမိမိတို့ကိုယ်တိုင်သင်ယူနိုင်အောင်ဖန်တီးထားပါတယ်။
💻YouTube channel မှာ တင်ဆက်ထားတာဖြစ်တဲ့အတွက် မိမိတို့အဆင်ပြေတဲ့အချိန်မှာ အချိန်မရွေး Free သင်ယူနိုင်ပြီပဲဖြစ်ပါတယ်။
💻Computer Science ကိုမြန်မာနိုင်ငံမှ မျိုးဆက်သစ် ကလေးသူငယ်တိုင်း လက်လှမ်းမှီရမည် ဆိုတဲ့ UP Academy ရဲ့ ရည်မှန်းချက်အတိုင်းအကောင်အထည်ဖော်နိုင်အောင် လက်ဆင့်ကမ်းဝေမျှပေးခြင်းအားဖြင့် ကူညီပေးနိုင်ပါတယ်။
🙏🙏အားလုံးဘေးကင်းလုံခြုံ ကျန်းမာကြပါစေ။ 🙏🙏
⭕ဗီဒီယို သင်ခန်းစာ အပိုင်း (၁) Scratch Programming မိတ်ဆက်
https://youtu.be/hHb5o_ndOMY?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာ အပိုင်း(၂) အွန်လိုင်းအဆင်မပြေသူတွေအတွက် Offline Editor Download လုပ်ပုံ
https://youtu.be/2H1k_d_cxD0?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာ အပိုင်း (၃) UP Academy ရဲ့ online class join ပုံ
https://youtu.be/wNzEvfb09Ng?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၄) Scratch Editor User Interfaceတွင် သိသင့်သော အခေါ်အဝေါ်များ
https://youtu.be/U3g8OUhi35Q?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၅) Sprite နှင့် Sprite Pane ကိုနားလည်စေရန်
https://youtu.be/1XytfXxft4w?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၆) Sprite နှင့် Backdrop ထည့်ပုံ
https://youtu.be/wPCfBGqH_Fg?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၇) ပြုလုပ်ထားသော project ကို သိမ်းခြင်းနှင့် ဝေမျှခြင်း
https://youtu.be/VtBToqxxmW0?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၈) အသံထည့်သွင်းခြင်း
https://youtu.be/pPUbBq_xqMA?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၉) Goto and Glide Code block အသုံးပြုပုံ
https://youtu.be/mzAqVda_gpc?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၁၀) Costume ဆိုတာဘာလဲ
https://youtu.be/hYgYaB9Vpfs?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၁၁) Motion Animation ပြုလုပ်ခြင်း
https://youtu.be/pLJ9bWpSPnQ?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၁၂) Letter Animation ပြုလုပ်ခြင်း
https://youtu.be/FAs14Q6-TVw?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၁၃) Arrow key press Event ပြုလုပ်ခြင်း
https://youtu.be/PpWqizq0EYI?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၁၄) Maze Project ပြုလုပ်ခြင်း
https://youtu.be/enWWSKrqfa0?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
⭕ဗီဒီယိုသင်ခန်းစာအပိုင်း (၁၅) Scratch Tutorials များကိုလေ့လာခြင်း
https://youtu.be/8kWoQqOfxx8?list=PLkXnhJVKxWYkt_LvzXGCBItn0ISog8eqI
10/08/2022
Coding with Scratch for Young Learners Level-1(Age 8-11)
UP Academy, KCSYG Computer Training and Service, YJ Pyay တို့ပူးပေါင်းဖွင့်လှစ်ထားတဲ့ အထူးသင်တန်းလေး
===>အထူးအခွင့်အလမ်းလေးလည်းပါတယ်နော်ပို့စ်ဆုံးအောင်ဖတ်ပေးရင်အဲ့ဒီအခွင့်အလမ်းလေးကသင့်လက်တစ်ကမ်းမှာနော်
13/04/2022
Windows Essential for Kids
တကယ်လို့ သင့်ရဲ့ကလေးဟာ
နည်းပညာကိုစိတ်ဝင်စားတယ်
စူးစမ်းလိုစိတ်ရှိတယ်
ကွန်ပျူတာကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ချင်တယ် ဆိုရင်တော့ ယခု UP Academy ကဖွင့်လှစ်မယ့် Windows Essential for Kid သင်တန်းကိုတက်ဖို့ ခွင့်ပြုလိုက်ပါ။
ဘာတွေ စနစ်တကျ တတ်မြောက်မလဲဆိုတော့
🙌 3D painting
🙌 File Explorer
🙌 fundamental of Windows
🙌 Typing
🙌 Word
🙌 Excel
🙌 PowerPoint
✔ သင်တန်းသားများအနေဖြင့် သင့်တင့်ကောင်းမွန်တဲ့ အင်တာနက်လိုင်းနဲ့ PC, Laptop, (သို့) Tablet ရှိထားဖို့တော့ လိုပါမယ်။
✔ အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်း တက်ရောက်နိုင်ပါတယ်။
✔ သင်တန်းချိန် : SAT 8:00 - 9:30, SUN 8:00 - 9:30
✔ သင်တန်းကာလ : 2 months
✔ သင်တန်းကြေး : 35000
✔ သင်တန်းစတင်မည့်နေ့ : 23.04.2022 (စနေနေ့)
📌ပိုမိုထိရောက်သည့် သင်ကြားမှုဖြစ်စေဖို့ ကျောင်းသားဦးရေကန့်သတ်ထားတာမို့ ဆက်သွယ်စာရင်းပေးဖို့လိုအပ်ပါမည်။
📌စာရင်းသွင်းသည့်အခါ လိုအပ်သောအချက်အလက်များ
👉ကျောင်းသား/သူ အမည် (အင်္ဂလိပ်လို)
👉မွေးသက္ကရာဇ်
👉အသက်
👉နေရပ်လိပ်စာ
👉အုပ်ထိန်းသူအမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်
👉Computer ဖြင့် zoom meeting ကိုသုံး၍ အဆင်ပြေ/မပြေ
စသည့်အချက်များဖြင့်
UP ACADEMY page ရဲ့ messenger မှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်ခွင့်ရရှိသော သားသားမီးမီးများကို Zoom Link ပြန်လည့်ပေးသွားမှာဖြစ်ပါတယ်။👌👌👌👌👌👌😅
13/04/2022
🙂စိတ်ထားကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့၊ သူတပါးကို ကူညီတတ်ဖို့၊ အားနည်းချက်ကို မကဲ့ရဲ့တတ်ဖို့ message ကို story line လေးနဲ့ Scratch Program ကို သုံးပြီး တင်ဆက်ပေးသွားတဲ့ သမီးလေး Pathakha Win ကို ကျေးဇူးတင်ပါတယ်။
⛳ Advanced Scratch Programming for kid အောင်မြင်စွာ ပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။
⛳ ဒီ online class မှာ အစအဆုံး တက်ရောက်ခဲ့တဲ့ သားငယ်၊ သမီးငယ်များတို့ရဲ့ Project မှာ သူတို့တွေ Game တစ်ခုကို ဘယ်လို idea တွေ၊ ဘယ်လို Tools တွေနဲ့ ဘယ်လိုဖန်တီးထားသလဲဆိုတာကို.....
08/04/2022
💁💁♂️Web Designer တစ်ယောက်ဖြစ်ဖို့ အိပ်မက် စမက်လိုက်ပါ💁💁♂️
☀️ဒီနှစ်နွေမှာ UP Academy ကနေ ၁၃-၁၄ အရွယ်လေးတွေကနေစပြီး သင်ယူနိုင်တဲ့ Essential Web Design Course ကိုဖွင့်iလှစ်ပေးပါတော့မယ်။
သင်တန်းသားတစ်ယောက်ချင်းစီရဲ့ ဖြတ်ထိုးဉာဏ်နဲ့ တီထွင်နိုင်စွမ်းတွေကို အသုံးချပြီး ကိုယ်ပိုင် Website လေးတွေ ဖန်တီးနိုင်ဖို့ Essential Web Design Course: Level 1 ရဲ့ ပထမဆုံး Batch 1 အတန်းလေး စတင် ဖွင့်လှစ်လိုက်ပါပြီ။
📍 Essential Web Design Course: Level 1 သင်တန်းလေးမှာတော့ Website တစ်ခု ဖန်တီးရာမှာ အဓိကကျတဲ့ ဘာသာရပ်နှစ်ခုဖြစ်တဲ့ HTML နဲ့ CSS ကို သင်ကြားရမှာ ဖြစ်ပါတယ်။
✔ HTMLကို အခြေပြုထားတဲ့ Web Content တွေ၊၊
✔ CSS အသုံးပြုပြီး Website မွမ်းမံဒီဇိုင်းချနည်းတွေကို Trainer နဲ့ အနီးကပ် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
📍 သင်တန်းသားတစ်ယောက်ချင်းစီရဲ့စိတ်တိုင်းကျ Colour လေးတွေ၊ Design လေးတွေနဲ့ ဉာဏ်စွမ်းရှိသလို ဖန်တီးတတ်အောင် သင်ကြားပေးသွားမှာဖြစ်လို့ ကိုယ်ပိုင် Website တွေနဲ့ Professional Website တွေ ဖန်တီးတတ်ဖို့ထိဆက်လက်လေ့လာသွားနိုင်ပါတယ်။
✔ ဒီသင်တန်းလေးကို အခြေခံ Programming ဗဟုသုတတွေ မရှိထားသေးရင်လည်း တက်ရောက်နိုင်ပါတယ်နော်။
✔ ကလေးတို့အနေနဲ့ သင့်တင့်ကောင်းမွန်တဲ့ အင်တာနက်လိုင်းနဲ့ PC, Laptop, (သို့) Tablet ရှိထားဖို့တော့ လိုပါမယ်။
✔ အသက် ၁၃ နှစ်မှ စတင်တက်ရောက်နိုင်ပါတယ်။
✔ သင်တန်းချိန် : Mon, Tue, Wed 10:30 to 12:00
✔ သင်တန်းကာလ : 2 months
✔ သင်တန်းကြေး : 50000
📌ပိုမိုထိရောက်သည့် သင်ကြားမှုဖြစ်စေဖို့ ကျောင်းသားဦးရေကန့်သတ်ထားတာမို့ ဆက်သွယ်စာရင်းပေးဖို့လိုအပ်ပါမည်။
📌စာရင်းသွင်းသည့်အခါ လိုအပ်သောအချက်အလက်များ
👉ကျောင်းသား/သူ အမည် (အင်္ဂလိပ်လို)
ကျောင်းသားတက်ရောက်မည့်တန်းခွဲ
👉မွေးသက္ကရာဇ်
👉အသက်
👉နေရပ်လိပ်စာ
👉အုပ်ထိန်းသူအမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်
👉Computer (သို့) Tablet ဖြင့် zoom meeting ကိုသုံး၍ အဆင်ပြေ/မပြေ
စသည့်အချက်များဖြင့် UP ACADEMY page ရဲ့ messenger မှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်ခွင့်ရရှိသော သားသားမီးမီးများကို Zoom Link ပြန်လည့်ပေးသွားမှာဖြစ်ပါတယ်။
အမြဲတမ်း ခန္ဓာကိုယ် အမျိုးမျိုးပြောင်းလဲတဲ့ Peter ဟာ သူ့မိခင်တိုက်တဲ့ ဆေးရည်ကို သောက်ပြီးသွားတော့ ပုံမှန် ခန္ဓာကိုယ်ပြန်လည်ရရှိသွားတဲ့ ပုံပြင်လေးကို သမီး Mi Mi Ko က Scratch Program နဲ့ ပြောပြလိုက်ပါပြီ။
⛳ Advanced Scratch Programming for kid အောင်မြင်စွာ ပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။
⛳ ဒီ online class မှာ အစအဆုံး တက်ရောက်ခဲ့တဲ့ သားငယ်၊ သမီးငယ်များတို့ရဲ့ Project မှာ သူတို့တွေ Game တစ်ခုကို ဘယ်လို idea တွေ၊ ဘယ်လို Tools တွေနဲ့ ဘယ်လိုဖန်တီးထားသလဲဆိုတာကို.....
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Pyay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |