Pyay University Law Students Association

Pyay University Law Students Association

Share

Legal Service

Photos from ALSA Myanmar's post 28/01/2022
07/12/2021

Greetings from ALSA Myanmar 🇲🇲

အေးမြတဲ့ December ဆောင်းညချမ်းလေးတွေနဲ့အတူ ALSA Myanmar ရဲ့ Bonfire Program လေးပြန်လာပါပြီ။

ယခင် Season 1 တုန်းကလို အစီအစဉ်တွေထပ်ပါမှာဖြစ်တဲ့အပြင် ယခု Season 2 မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်အသစ်လေးတွေကို ALSA Myanmar မှထပ်မံထည့်သွင်းပေးထားပါသေးတယ်။

Bonfire Program ကို ယခုမှ စကြားဖူးတဲ့သူတွေအတွက် အခု ဒီ Program လေးက ဘယ်လိုပုံစံမျိုးလေးလဲ ပြီးတော့ ဘာတွေသင်ယူနိုင်မလဲ ဘယ်လိုအကျိုးအမြတ်တွေရရှိနိုင်မလဲဆိုရင်တော့ -

Bonfire ဆိုတဲ့ခေါင်းစဉ်အတိုင်း အခြားသော program တွေနဲ့မတူပဲ အပြင်မှာ လူချင်းတွေ့ပြီး စကားပြောနေရသလို နွေးထွေးတဲ့ ပုံစံမျိုးဖြစ်အောင်နဲ့ တစ်ယောက်ချင်းစီရဲ့ communication skills တွေတိုးတက်လာအောင်ရည်ရွယ်ပြီး လုပ်ဆောင်ထားတဲ့ Program တစ်ခုဖြစ်ပါတယ်။

ဒီ Program လေးကိုတော့ December 15ရက်နေ့ကနေ December 25 ရက်နေ့ အထိ 10 ရက်တာ ကျင်းပပေးသွားမှာဖြစ်ပြီး ကိုယ့်မှာရှိတဲ့ English skills တွေဖြစ်တဲ့ listening, speaking, reading and writing စတဲ့ 4 skills လုံးကို ပိုမိုတိုးတက်‌လာအောင် ဒီ Program လေးကနေ အများကြီး အထောက်အကူပြုပေးသွားမှာဖြစ်ပါတယ်။ အဓိက အားဖြင့် Legal English ကို ပိုမိုသင်ယူနိုင်မယ့်အပြင် ကိုယ်တိုင်ပါ၀င် လုပ်ဆောင်‌ရမယ့် activity တွေကြောင့် ကိုယ်ကိုယ်တိုင်ရဲ့ တတ်မြောက်မှုကိုလည်း ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ပေါ့ပါးပါး နဲ့ ပျော်ရွှင်ကောင်းမွန်စေဖို့အတွက်လည်း ရည်ရွယ်ထားတဲ့အတွက် တစ်ခါမှ လာရောက်မပါ၀င်ဖူးသောသူများကိုလည်း ပါ၀င်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

ဆောင်းရာသီရဲ့လေပြေလေအေးလေးတွေကြားမှာ Legal Knowledge တွေ Legal English တွေကိုသင်ယူရင်းပိုမိုတိုးတက်လာနိုင်မယ့်အခွင့်အရေးတွေအပြင် သူငယ်ချင်းအသစ်တွေလည်းရမှာဆိုတော့ စိတ်ဝင်စားစရာကောင်းတဲ့ Program လေးတစ်ခုဆိုလည်းမမှားပါဘူးဗျာ။

ဒီ Program လေးကိုတော့ မြန်မာနိုင်ငံရှိ မည်သည့်ဥပ‌ဒေကျောင်းသား၊ ကျောင်းသူ မဆိုပါဝင်နိုင်ပြီး နေရာကတော့ Zoom Application ပေါ်မှာပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

လူငယ်တွေ မှာတွေ့ကြုံ ရတဲ့ အခက်အခဲတွေကို ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ program လေးတစ်ခုဖြစ်တာကြောင့် စိတ်၀င်စားတယ်ဆိုရင်တော့ အောက်က link လေးမှာ register လုပ်ဆောင်နိုင်ပါတယ်ခင်ဗျာ။ 👇

https://bit.ly/3rItuH3

* လူဦးရေအကန့်အသတ်ရှိတာကြောင့် အမြန်ဆုံးစာရင်းသွင်းထားကြဖို့လည်း မမေ့ပါနဲ့နော်။


☝️
🇲🇲

29/10/2021

Greetings from ALSA Myanmar 🇲🇲

ALSA Myanmar မှ ကျောင်းသားကျောင်းသူလူငယ်များဆီသို့ We Talk Hour Program လေးကို ထပ်မံယူဆောင်လာပြီပဲဖြစ်ပါတယ် ။ We Talk Hour ရဲ့ Vol - 1 မှာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းကို ALSA Myanmar မှဖိတ်ခေါ်ထားတဲ့ Speaker 2 ဦးမှ အသိပညာဗဟုသုတတွေကို မျှဝေပေးခဲ့ပြီးဆွေးနွေးသွားခဲ့ကြပါတယ်။ ယခုအပတ်မှာပြုလုပ်မယ့် We Talk Hour ရဲ့ Vol - 2 မှာတော့ " Lawyer's Life : on-screen vs in Reality " ဆိုတဲ့ Topic ကို ဦးတည်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။

သင်ဟာ ဥပဒေနဲ့ပတ်သက်တဲ့ Movie တွေ Series တွေကြည့်ပြီး ဥပဒေပညာရပ်ကို စိတ်ဝင်စားနေတဲ့သူတစ်ယောက်လား (ဒါမှမဟုတ်) အားကျနေတဲ့သူတယောက်လား❓
သင်ဟာ ဥပဒေကျောင်းသားတစ်ယောက်ဆိုရင်လည်း အဆိုပါ Movie တွေ Series တွေက သင့်အပေါ်အကျိုးသက်ရောက်မှုတွေရှိနေပါသလား❓
ကဲ ဒါဆိုရင်တော့ ဒီ program လေးက သင်တို့မေးချင်တဲ့မေးခွန်းတွေကို ဖြေနိုင်မယ့် အသင့်တော်ဆုံး Program လေးတစ်ခုဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ Topic အတိုင်းပဲ ဒီ program လေးမှာဆိုရင်တော့ ရှေ့နေတစ်ယောက်ရဲ့ဘဝက ကျွန်တော်တို့ကြည့်နေကျရုပ်ရှင်တွေထဲကလိုမျိုး အပြင်လက်တွေ့ဘဝမှာကော ဘယ်လောက်ထိထပ်တူကျနေမလဲ❓ ဘယ်လောက်ထိကွဲပြားနေမလဲ❓ ဆိုတာတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး ဥပဒေဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးသွားမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ program လေးတစ်ခုဖြစ်တယ်လို့ညွှန်းဆိုလိုက်ရပါတယ်။

We Talk Hour Program လေးကိုတော့ online social audio app တစ်ခုဖြစ်တဲ့ Clubhouse App မှာ ALSA Myanmar မှပြု‌လုပ်ပေးသွားမှာဖြစ်ပြီး Series အလိုက်သွားမှာဖြစ်ပါတယ်။

အဆိုပါ Program ကိုတော့ October 31 ရက်နေ့ (တနင်္ဂနွေနေ့) ၊ ည 8 နာရီအချိန်တွင် Clubhouse မှာ ALSA Myanmar မှ Host လုပ်ပေးသွားမှာဖြစ်ပြီး Public ဖွင့်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့် အောက်မှာဖော်ပြထားတဲ့ link လေးထဲသို့ဝင်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ 👇

https://www.clubhouse.com/join/alsa-myanmar/iD06vwtv/MRlrvY78

ကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာ ရုပ်ရှင်တွေကလွှမ်းမိုးလာတဲ့အခါ ကျွန်တော်တို့အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာမလဲ❓ဆိုတာကို လာမယ့်တနင်္ဂနွေနေ့ ည ၈ နာရီမှာ ကျွန်တော်တို့နဲ့အတူ We Talk Hour program လေးမှာ အဖြေရှာလိုက်ကြရအောင်လားခင်ဗျာ။


☝️
🇲🇲

08/10/2021

Greetings from ALSA Myanmar 🇲🇲

ALSA Myanmar မှ ကျောင်းသားကျောင်းသူလူငယ်များကို We Talk-Hour ဆိုတဲ့ Program အသစ်လေးတစ်ခုကို ယခင်အပတ်ကပဲ မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ We Talk-Hour ဆိုတာဘာလဲ ဘယ်လိုအစီစဉ်တွေပါဝင်သွားမယ်ဆိုတာကိုတော့ အသေးစိတ်သိလိုတယ်ဆိုရင် ဒီ link လေးကိုဝင်ပြီးဖတ်ကြည့်ကြဖို့တိုက်တွန်းလိုက်ရပါတယ်👇🏻

https://www.facebook.com/1784200161909127/posts/2902198486775950/

ဒီအစီအစဉ်လေးကို October 10 ရက်နေ့ (စနေနေ့) ည 8 နာရီမှစတင်ပြီး ဆွေးနွေးနိုင်ဖို့ Clubhouse App လေးမှာ ALSA Myanmar မှ Host လုပ် ဖွင့်လှစ်ပေးထားမှာပဲဖြစ်ပါတယ်။ Search Bar မှာ ALSA Myanmar (သို့) We Talk-Hour လို့ရိုက်နှိပ်ရှာဖွေလို့ရပါတယ်။ Mental Health ပိုင်းနဲ့ ဥပဒေပိုင်းတို့ကို ဆက်နွယ်ပြီး နှီးနှောဖလှယ်ပေးမယ့် ဆွေးနွေးပွဲလေးဖြစ်တာမို့လို့ လူငယ်တွေအနေနဲ့လက်မလွှတ်သင့်တဲ့အပြင် Clubhouse Appလေးကိုကြိုတင်စမ်းသုံးထားဖို့လည်းမမေ့ကြပါနဲ့လို့ ထပ်မံအသိပေးပါရစေ။☝🏻

Search Bar မှာ မရှာလိုပဲတိုက်ရိုက် link ထဲဝင်လိုသူတွေအတွက် Channel ကိုတိုက်ရိုက်ဝင်နိုင်မယ့် link လေးကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် 👇🏻

https://www.clubhouse.com/join/alsa-myanmar/wWMoaRxb/PryzVZLD

See you tomorrow guys❗

☝️
🇲🇲

03/10/2021

Greetings from ALSA Myanmar 🇲🇲

ALSA Myanmar မှ ကျောင်းသားကျောင်းသူလူငယ်များကို We Talk-Hour ဆိုတဲ့ Program အသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ အဆိုပါ Program လေးကိုတော့ online social audio app တစ်ခုဖြစ်တဲ့ Clubhouse App မှာ ALSA Myanmar မှ ပထမဦးဆုံးအကြိမ်ပြု‌လုပ်ပေးသွားမှာဖြစ်ပြီး Series အလိုက်သွားမှာဖြစ်ပါတယ်။

ဒီ Program ‌မှာ ဘယ်လိုအစီအစဥ်တွေပါမယ်❓ဘာတွေဆွေးနွေးသွားမယ်❓ဆိုတာတွေကိုတော့ အောက်မှာ ဆက်လက်လေ့လာလိုက်ရအောင်။

We Talk-Hour ဆိုတဲ့အတိုင်းပဲ ကျောင်းသား‌ကျောင်းသူလူငယ်များက မိမိတို့ရဲ့အတွေးအမြင်များကို လူငယ်မှလူငယ်သို့ အပြန်အလှန်ဆွေးနွေးနိုင်မှာဖြစ်တယ့်အပြင် ဥပဒေရေးရာအသိပညာများကိုလည်းနှီးနှောဖလှယ်ပေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ program လေးတစ်ခုဆိုလည်းမမှားပါဘူးခင်ဗျာ။

ယခုပထမဆုံး Vol 1 အနေနဲ့ အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ Mental Health Crisis Management ဆိုတဲ့ Topic ဖြစ်ပြီး အဆိုပါ Topic အောက်မှာပဲ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းနှင့် အဆိုပါအိမ်တွင်းအကြမ်းဖက်မှုတွေမှာ Victim တွေကို နိုင်ငံတကာကဘယ်လိုမျိုး Healing လုပ်ပေးနေသလဲ၊ ဘယ်လိုမျိုးဥပဒေတွေနဲ့ကာကွယ်ကူညီပေးနေသလဲဆိုတဲ့အကြောင်းအရာတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။

ကျောင်းသားလူငယ်များ‌အနေနဲ့ ယခုဖော်ပြပါအစီအစဉ်လေးကို စိတ်ဝင်စားလို့ ပါဝင်ဆွေးနွေးချင်တယ်ဆိုရင်တော့ Clubhouse ဆိုတဲ့ Application ကိုစမ်းသပ်ပြီးအသုံးပြုကြည့်ထားကြဖို့လိုပါတယ်ခင်ဗျာ။

အဆိုပါ Program ကိုတော့ October 9 ရက်နေ့ (စနေနေ့) ၊ ည 8 နာရီအချိန်တွင် Clubhouse မှာ ALSA Myanmar မှ Host လုပ်ပေးသွားမှာဖြစ်ပြီး Public ဖွင့်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့် Clubhouse ထဲကိုဝင်၍ Search bar မှာ ALSA Myanmar (ဒါမှမဟုတ်) We Talk-Hour လို့ရှာ‌ဖွေရိုက်နှိပ်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

☝️
🇲🇲

01/02/2021

အသိပေးအကြောင်းကြားအပ်ပါသည်။

Photos from Pyay University Law Students Association's post 31/01/2021

အားလုံးပဲမင်္ဂလာပါခင်ဗျ.....

PULSAရဲ့ Legal Articleအစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီအပတ်ပြောပြပေးသွားမဲ့အကြောင်းအရာကတော့ အာမခံလုပ်ငန်းရဲ့သဘောသဘာဝနဲ့ မြန်မာအာမခံဥပဒေမှ အာမခံလုပ်ငန်းအမျိုးအစားတွေကို ပြောပြသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ fourth year memberများကရေးသားထားပါတယ်။

အောက်မှာဆက်ဖတ်လိုက်ရအောင်.....

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyay