MESC - Pyay

MESC - Pyay

Share

English Language School

Photos from MESC - Pyay's post 21/05/2026

YLE Exam Memories 📸♥️

YLE စာမေးပွဲသွားဖြေခဲ့ကြတဲ့အမှတ်တရပုံရိပ်လေးတွေကိုခုလိုကြည်နူးစွာတင်ပေးလိုက်ပါတယ်ရှင်🥰

ရန်ကုန်မှာ YLE Exam ဖြေဖို့အတွက်ကြိုးစားပေးကြတဲ့ သားသားမီးမီးတို့လဲ ပင်ပန်းသွားကြပြီ သားသားမီးမီးလေးတို့ကို အမြဲ support လုပ်ပေးကြတဲ့ ဖေဖေမေမေတွေလဲပင်ပန်းသွားကြရပြီဟုတ် 🫶🏻
သားသားမီးမီးလေးတို့ကို အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ဖြေဆိုနိုင်အောင် အစွမ်းကုန်သင်ကြားပေးခဲ့ကြတဲ့ တီချယ်တွေ ကိုလဲအထူးကျေးဇူးတင်ပါတယ်♥️✨

MESC English Language School
Center 1 - အုန်းတောလမ်း၊ ပြည်မြို့။
ဖုန်း - 09882472424

Center 2 - ၄/၄ကွက်၊ ခေတ္တရာမြို့သစ်၊ ပြည်မြို့။
ဖုန်း - 09882244354။

20/05/2026

📣 MESC English Language School ၏ Certificate Awarding Ceremony သို့ ဖိတ်ကြားခြင်း 📣

လေးစားအပ်ပါသော မိဘများရှင် —

MESC English Language School မှ ကျောင်းသား/သူ များ၏ ကြိုးစားအားထုတ်မှုများနှင့် အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်မည့် Certificate Awarding Ceremony ပွဲသို့ မိဘများအား နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။

📅 ရက်စွဲ — Monday, 25 May
🕗 အချိန် — မနက် 8:00 နာရီ
📍 နေရာ — Alinkar Hotel, Pyay

ကျောင်းသား/သူများ၏ ပျော်ရွှင်ဖွယ် အောင်မြင်မှုအချိန်ကို အတူတကွ မျှဝေပေးနိုင်ရန် လူကြီးမင်းတို့ တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

MESC English Language School

08/05/2026

❇️ အသက် 7 နှစ်အရွယ် သမီးလေးJunoနဲ့ တီချယ်နဲ့တူတူ တစ်ဉီးချင်း အမေးအဖြေလုပ်ခဲ့ကြတဲ့ video လေးပဲဖြစ်ပါတယ်ရှင် ♥️

02/05/2026

ပျော်စရာကောင်းတဲ့စကားဝိုင်း၊ပေါ့ပါးတဲ့ style ၊ games တွေနဲ့ activities တွေပါ၀င်တဲ့ adult class ရဲ့ speaking practice အချိန်လေးမှာ ပါ၀င်ခဲ့သော ပုံရိပ်လေးတွေ ဖြစ်ပါတယ်ရှင့်💥
အားလပ်ရက်တွေမှာ အကျိုးရှိစွာအချိန်တွေဖြတ်သန်းရင်း English စာကို လေ့လာလို့ရတဲ့ အတန်းလေးလည်း ဖြစ်ပါတယ်နော်🤗

Photos from MESC - Pyay's post 02/05/2026

မင်္ဂလာပါရှင့် 🙏🏻
ဒီနေ့မှာတော့

Vocabulary ကြွယ်ဝလာစေရန် 💁🏻‍♀️နှင့်
Communication skills ‌& teamwork 💪🏻
ပိုကောင်းလာစေဖို့အတွက်

Fun ဖြစ်ပြီး Meaning တွေကို မှတ်မိလွယ်စေမယ့် "Memorizing game using water bottle " ‌activitiy လေးကို
တက်ကြွစွာ ပါဝင်နေကြတဲ့ သားသားမီးမီးလေးတို့ရဲ့ ပုံရိပ်အချိူ့ကို တင်ပေးလိုက်ရပါတယ်ရှင့် 🥰
🥰✨

30/04/2026

ကလေးတွေက English စာသင်တန်းတွေတက်နေပေမဲ့ ဘာကြောင့်ပြောဖို့မရဲရတာလဲ❓
သူတို့ကို စကားပြောရာမှာ ပြောရဲလာအောင် ဘယ်လိုကူညီပေးလို့ရလဲ❓
ဒါဆို စဉ်းစားကြည့်ရအောင်နော်❗
✴️ "နားထောင်ပေးတဲ့ ပတ်၀န်းကျင်ဖန်တီးပါ"
ကလေးတွေ speaking ပြောတဲ့အခါ အဆုံးထိနားထောင်ပေးခြင်းက သားသားမီးမီးတွေကို ပိုပြောရဲလာစေပါတယ်နော်။
အမှားတွေပါရင်လည်းချက်ချင်းပြင်ပေးခြင်းထက် သူတို့အတွက် "ပြောလို့ရတဲ့နေရာ"ဖြစ်ဖို့က ပိုအရေးကြီးပါတယ်ရှင့်!!
✴️ Small steps တွေနဲ့ စတင်ကြည့်ပါ။
စာကြောင်းအရှည်တွေမှမဟုတ်ပါဘူး ရိုးရှင်းတဲ့စာကြောင်းလေးတွေကနေပဲ အရင်စပြောကြည့်ပါ။
✴️ "ပေါ့ပါးတဲ့သင်ယူမှုဖြစ်အောင် လုပ်ကြည့်ပါ"
Games, songs, storytelling တွေထဲမှာ speaking လေးတွေထည့်သုံးပေးရင်း boring မဖြစ်စေဘဲနဲ့ ပိုမှတ်မိစေပါတယ်နော်။
✴️ကလေးတစ်ယောက်ရဲ့ confidence က တစ်နေ့တည်းနဲ့ မတက်လာပါဘူး။

“နားလည်မှု+အချိန်+အားပေးမှု=ပြောင်းလဲမှု

ဒါကြောင့် သားသားမီးမီးလေးတို့ရဲ့ speaking တိုးတတ်စေဖို့ စကားပြောကိုမကြောက်မရွံ့ပြောထွက်စေနိုင်ဖို့အတွက် Environment လေးတစ်ခုကို MESC အင်္ဂလိပ်စာသင်တန်းမှ ဖန်တီးပေးနေတာပဲဖြစ်ပါတယ်ရှင် ✨♥️

30/04/2026

ဒီနေ့မှာတော့ Movers အတန်းမှ သားသားမီးမီးလေးတို့ရဲ့ book shop role play presentation လေးကို မျှဝေ ပေးလိုက်ပါတယ်ရှင့် 🥰✨

29/04/2026

ကဆုန်လပြည့် ကျောင်းပိတ်ရက် ကြေငြာခြင်း

မင်္ဂလာပါ ဖေဖေမေမေတို့ရှင့်🙏🏻
ကဆုန်လပြည့် ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲနေ့)သည် အားလပ်ရက်ဖြစ်သဖြင့် (30.4.26)တွင် ကျွန်မတို့ MESC Language School မှ ကျောင်း (1)ရက် ပိတ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ရှင့်။😍💚

သောကြာနေ့ (1.5.26)တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်ရှင့်။🤗🥰

ကဆုန်လပြည့် ညောင်ရေသွန်း ပွဲတော် အခါသမယမှာ ဖေဖေ မေမေတို့ စိတ်နှလုံးချမ်းအေးပျော်ရွှင်ကြပါစေလို့ MESC Language School မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏🏻🙏🏻✨

28/04/2026

အသက် (၆)နှစ်အရွယ် သမီးလေး Romi နဲ့ ချစ်စရာ စကားဝိုင်းလေးအား ခုလိုတင်ပေးလိုက်ပါတယ်ရှင်♥️

One by one question & answer time မှာလဲ speaking ပြောရမှာမကြောက်ဘဲ confidence ရှိရှိပြောနိုင်တဲ့ သမီးလေးပါ ♥️

24/04/2026

Movers Class မှ သားသားလေးရဲ့ picture based speaking practice ပြုလုပ်ခဲ့တဲ့ video လေးပဲဖြစ်ပါတယ် ♥️

တစ်ခါမှမမြင်ဖူးသေးတဲ့ပုံကို ချက်ချင်းမေးပြီးတန်းဖြေရပေမယ့် သင်တန်းမှာ စကားပြောတွေကလေ့ကျင့်နေကျဖြစ်နေတော့ သူတို့လေးတွေအတွက် တအားခက်ခဲမနေတော့ဘဲ speaking ကိုလက်တန်းပြောထွက်လာနိုင်သော တကယ်တော်သော ကလေးလေးတွေပါပဲရှင် 🫶🏻

24/04/2026

ဒီနေ့အတွက် Study tips 📌

❇️ အင်္ဂလိပ်စာလေ့လာတဲ့အခါ ဝေါဟာရအသစ်တွေကို မှတ်မိဖို့ ခက်ခဲတာဟာ ကျောင်းသားတော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ ဒါဟာ ဉာဏ်ရည်နဲ့မဆိုင်ဘဲ "လေ့လာတဲ့ နည်းလမ်း" နဲ့ ပိုသက်ဆိုင်ပါတယ်။🧐🧐

❇️ ကျောင်းသားအများစုက စာလုံးတစ်လုံးနဲ့ အဓိပ္ပာယ်တစ်ခုကို အလွတ်လိုက်ဆိုပြီး ကျက်တတ်ကြပါတယ်။ ဒီနည်းလမ်းက ဦးနှောက်ထဲမှာ ရေတိုမှတ်ဉာဏ် (Short-term memory)အဖြစ်ပဲ ခဏရောက်သွားပြီး လက်တွေ့အသုံးမချတဲ့အတွက် ချက်ချင်း ပြန်မေ့သွားတတ်ပါတယ်။

❇️ စကားလုံးသစ်တစ်ခုကို နေ့စဉ် ပုံမှန် မပျက် ပြန်မနွှေးပေးဘဲတစ်ထိုင်တည်း အကုန်ရအောင်လုပ်ပြီး ပစ်ထားလိုက်တာကြောင့် မေ့သွားကြတတ်ပါတယ်‼️

❇️ စာတွေအများကြီး ဖတ်နေရုံ၊ ကျက်နေရုံ (Input) နဲ့တင် မလုံလောက်ပါဘူး။ အဲဒီစကားလုံးကို ကိုယ်တိုင် စာကြောင်းဖွဲ့တာ၊ စကားပြောထဲ ထည့်သုံးတာ (Output) မလုပ်တဲ့အခါ မှတ်ဉာဏ်ထဲမှာ စွဲမြဲမသွားပါဘူး ❌❌

မှတ်မိလွယ်အောင် ဘယ်လို ပြင်ဆင်ကြမလဲ??🤔
- စကားလုံးရဲ့ အဓိပ္ပာယ် နှင့် ပုံကို တွဲမှတ်ထားခြင်း
- မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာ (e.g, သီချင်း၊ ဇာတ်ကား)ထဲမှ စကားလုံးတွေကို အရင်ကျက်မှတ်ထားခြင်း
- ကိုယ်တိုင် စာကြောင်း အသစ်ဖွဲ့ကာ ရေးကြည့်၊ ပြောကြည့်ခြင်း
- နေ့စဉ် ပြန်နွှေးပြီး ချရေးကာ မှတ်သားခြင်း

ဒီနည်းလမ်းတွေက စကားလုံးတိုင်းကို မှတ်မိလွယ်စေတဲ့အပြင် မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်✅

"Small steps every day leads to big results”

# Pyay

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


အုန်းတောလမ်း
Pyay
08151