YBMC Pyay
YBMC Pyay
01/05/2026
ကမ္ဘာ့ အလုပ်သမားနေ့ May Day
__________________________
၂၀၂၆ ခုနှစ် မေလ (၁) ရက်မှာ ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ ( May Day) အား
Yangon Business Management College YBMC မှ လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
မြန်မာနှင့် ကမ္ဘာတစ်ဝန်းမှ အလုပ်သမားထုကြီး၏ ကျေးဇူးကြောင့် လုပ်ငန်းခွင်ယန္တယားကြီးတစ်ခုလုံး ပုံမှန်လည်ပတ်နေရခြင်းဖြစ်ပါသည်။
လုပ်သားထုတစ်ရပ်လုံး၏ ဂုဏ်ကျေးဇူးကို ထိုက်တန်စွာကျေးဇူးပြုနိုင်သော လုပ်ငန်းခွင်ကောင်းများ အရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်နိုင်ကြပါစေကြောင်း ထပ်လောင်း ဆုတောင်းလိုက်ပါရစေ။
အလုပ်သမားထုတစ်ရပ်လုံး၏ လူနေမှုဘဝအစစမြင့်မားကြ၍ သာယာပျော်ရွှင်သော မိသားစုဘဝများ ရရှိနိုင်ကြပါစေရှင်။
ပျော်ရွှင်သော May Day နေ့ပါရှင်..
Yangon Business Management College
30/04/2026
ကဆုန်လပြည့် ဗုဒ္ဓနေ့
ဗုဒ္ဓမြတ်စွာဘုရားရှင်၏
နေ့ထူးနေ့မြတ်များဖြစ်ပေါ်ခဲ့ရာ
ကဆုန်လပြည့် ဗုဒ္ဓနေ့၏
ထူးခြားမှု(၅) ရပ်🙏🙏🙏
(၁) ဘုရားဖြစ်ရန်ဗျာဒိတ်ခံယူတော်မူသည့်နေ့ = (လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစသည်)
ကဆုန်လပြည့်နေ့ဖြစ်ပါသည်။
(၂) ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဗုဒ္ဓမြတ်စွာဘုရားဖြစ်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓဖြစ်စဥ်တော် မဟာဗုဒ္ဓ၀င်အကျဉ်းဟောတော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) မဟာပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
🙏🙏🙏 မြတ်စွာဘုရားရှင်၏ တန်ခိုးတော် ဂုဏ်တော်အပေါင်းတို့၏ အကျိုးကျေးဇူးတို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့မှစ၍ မြန်မာပြည်သူပြည်သားအပေါင်း ဘေးကင်းရန်ကွာပြီး ကျန်းမာချမ်းသာသုခများ တိုးပွားနိုင်ကြပါစေ၊ တရားဓမ္မအသိအမြင်တိုးပွါး၍ အားထုတ်နိုင်ကြပါစေ၊ မိသားစုများပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း YBMC မိသားစုများမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်
🪷 မြန်မာတို့ရဲ့ နှစ်သစ်ဦး အခါသမယမှာ မြန်မာပြည်သူများအားလုံး ဘေးဘယာဝေးကွာကြပြီး ကျန်းမာ ချမ်းသာသော မြန်မာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်🕊️🕊️🕊️🙏🙏🙏
၁၃၈၈ ခုနှစ် နှစ်သစ်မှာ လုပ်ကိုင်စီးပွါးများ ဆထက်တိုး အဆင်ပြေ၍ အေးချမ်းသာယာ ဘေးကင်းရန်ကွာကြပါစေရှင်🙏🙏🙏
22/02/2026
မန်နေဂျာများအတွက် စီမံခန့်ခွဲမှုပညာ သင်တန်း
32📢📢📢
✅လုပ်ငန်းခွင်ထဲမှ လက်တွေ့စီမံခန့်ခွဲနေကြရတဲ့ မန်နေဂျာများ
✅SME လုပ်ငန်းကို ကိုယ်တိုင်ဦးဆောင်နေရသူများ
✅မန်နေဂျာရာထူးအတွက် မိမိ၏ Management Skills ကိုမြှင့်တင်ထားလိုသူများအတွက် တတ်ထားမှဖြစ်မည့် များကို သင်ယူလေ့လာခွင့်ရမှာပါရှင်...
အဓိကထားလေ့လာဆွေးနွေး သင်ယူရမည့်ခေါင်းစဉ်များမှာ ...
✅Fundamental Business Management
✅Business Analysis Tools for Manager
✅HR Management for Manager
✅Sales & Marketing Management for Manager
✅Leadership & Team Management for Manager
📌မိတ်ဆွေတို့ရဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မှုများ ဆက်လက် ရရှိနေဖို့ဆိုတာ မိမိတို့ရဲ့ Skills တွေကို အမြဲမြှင့်တင်နေဖို့ လိုအပ်ပါတယ်ရှင်..
📌ယခု သင်တန်းကို YBMC ၏ CEO & Principal ကိုယ်တိုင် သင်ကြားလေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။
ဆရာတိုးသည် ILO SIYB Licensed Trainer တစ်ဦးဖြစ်ပြီး စီးပွါးရေးအကြံပေးအဖြစ် လုပ်ငန်းများကို အောင်မြင်မှုရအောင် လက်တွေ့ ဦးဆောင်ပေးနေသူ ဖြစ်ပါသည်။
📌ဆရာတိုးသည် Company ကြီးများတွင် GM ရာထူးများ၊ Top Management Level ရာထူးမျိုးစုံဖြင့် တာဝန်ယူ ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါသည်။
📌ဆရာရဲ့ ဆယ်စုနှစ် နှစ်စုကျော် Company Management အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး Management ကောင်းသူတစ်ဦးဖြစ်လာစေဖို့ သင်ယူလေ့ကျင့်ပေးသွားမှာမို့ လုံးဝလက်လွတ်မခံကြဖို့ တိုက်တွန်းပါရစေရှင်👏👏👏
#သင်ကြားမှုထိရောက်စေရန်
သတ်မှတ်ထားသည့် သင်တန်းသားဦးရေ ကိုသာ လက်ခံမှာမို့ ကြိုတင်အပ်နှံထားမှ စိတ်ချရပါမယ်ရှင်။
#ပုံမှန်သင်တန်းကြေး 300,000/- ကျပ် အစား
ယခုဖွင့်လှစ်သောအတန်းအတွက်...
အနေဖြင့်...
✅ပထမ အပ်နှံသူ (10) ဦးအတွက် သင်တန်းကြေး 150,000/-ကျပ်😱😱😱
✅ ထိရောက်စွာ သင်ကြားပေးနိုင်ဖို့ လူဦးရေ အကန့်သတ်ဖြင့်သာ လက်ခံပေးသွားမှာပါရှင်။
ဒီသင်တန်းကနေ သင့်ရဲ့အလုပ်အတွက် ပိုမိုကောင်းမွန်စနစ်ကျသည့် စီမံခန့်ခွဲမှုများလုပ်ဖို့ သေချာပေါက် အထောက်အကူရစေမှာ ဖြစ်ပါတယ်။
သီးသန့်စီစဉ်လိုသော Companyများ လုပ်ငန်းများအတွက် အထူးဝန်ဆောင်မှုများရယူနိုင်ပါပြီရှင် 😘
*************
သင်တန်းတက်ရောက်မည့်နေ့....................................
10.3.2026 (Tuesday)
11.3.2026 (Wednesday)
12.3.2026 (Thursday)
13.3.2026 (Friday)
14.3.2026 (Saturday)
( Course ဖြစ်ပါသည်)
သင်တန်းတက်ရမည့် အချိန်
***********************
7:30 pm to 10:30 pm
Zoom Face to Face
သင်တန်းအပ်နှံရန်အတွက်
*****
Page Messenger (သို့)
ဖုန်းနံပါတ် 09 255 453 919 (သို့)
Telegram No 09 944 942 891
ဖြစ်စေ ဆက်သွယ်မေးမြန်းပြီး စာရင်းပေးသွင်း နိုင်ပါတယ်ရှင်...
#သင့်တိုးတက်မှုအတွက်ခြေလှမ်းတိုင်းကိုထပ်ဆင့်ပြင်ဆင်ထားဖို့လိုပါတယ်💪💪💪
17/12/2025
Maximize Profits and Wealth စီးပွါးရေးလုပ်
တယ်ဆိုတာ မြတ်ဖို့၊ အမြင့်ဆုံးအမြတ်ရဖို့၊ လုပ်ငန်းပိုမိုခိုင်မာကြွယ်ဝလာစေဖို့ဖြစ်တယ်။
Financial Management ဘဏ္ဍာရေးစီမံခန့်ခွဲတတ်ရင် အပေါ်ကပြောပြတဲ့ အခြေအနေတွေကို ထူထောင်နိုင်မယ်ဖြစ်တယ်။
Financial Management ရဲ့အခန်းကဏ္ဍက ကျယ်ပြန်လွန်းတာကြောင့် Specializes လုပ်နေကြသူတွေတောင် ဒီနယ်ပယ်ကို ကုန်စင်အောင် လုပ်ဖူးသူ အလွန်ရှားပါတယ်။
Cash flow, Financial Statements နဲ့ Budgets တွေလောက်ရေးဆွဲနေတာနဲ့ ကျေနပ်မနေ ကြပါနဲ့။
အလေးထားသုံးသပ်ရမယ့် ဘဏ္ဍရေးအချိုးတွေနဲ့ ကိုယ့်ရဲ့ Financial Statements တွေကိုသုံးသပ်ကြရပါမယ်။
မျက်မှောက်လောကမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးစျေးကွက်နဲ့ ပေါ်လစီအရွေ့တွေကိုလဲရှုမြင်
တတ်ကြရပါမယ်။
ငွေကြေးဖောင်းပွမှုနှုန်းနဲ့ မိမိစီးပွါးရေးရောင်းကုန် ထုတ်ကုန်တို့ရဲ့ ဆက်စပ်တန်ဖိုး အလျော့အတင်းတွေကို မပြတ်လေ့လာနေကြရပါမယ်။
ဘဏ္ဍာရေးလောကကို ပေါ့တန်တန်ယောင်ဝါးဝါးနဲ့ လျှော့တွက်ပြီး လုပ်နေကြရင် ရေထဲမိုးထဲရောက်ရင် ဘဏ္ဍာရေအသက်ရှုကြပ်၍ လုပ်ငန်းများရပ်တတ်ကြပါကြောင်း အမှာစကားပါးလိုက်ပါရစေခင်ဗျာ။
ဆရာတိုး YBMC
Yangon Business Management College
29/09/2025
သေချာဖတ်လေ အသုံးတည့်လေမို့ ရေးခဲ့တဲ့ဆောင်းပါးလေး ပြန်တင်ပေးလိုက်ပါတယ်။
စီးပွားရေးနှင့်နိုင်ငံရေးလမ်းကြောင်း အစပ်အဟပ်..
Political trend and Business trend...
မိတ်ဆွေဟာ စီးပွားရေးလုပ်နေသူ ဆိုရင်တော့ စီးပွားရေးနယ်ပယ်ထဲ ရောက်နေပြီဆိုမှတော့ နိုင်ငံရေးအကြောင်း မသိလို့မဖြစ်တော့ပါဘူး။
မသိချင်လို့လဲ မရတော့ပါဘူး။ သိအောင် နားလည်အောင်လုပ်ရပါမယ်။
ကိုယ့်စီးပွားရေးလုပ်ရာ နိုင်ငံရဲ့ နိုင်ငံရေးစနစ် တည်ငြိမ်မှုနဲ့ ပြည်သူ့
စီးပွားရေးစိတ်ဝင်စားတဲ့ အစိုးရဟုတ်မဟုတ် ဆိုတဲ့အရာတွေက ကိုယ့်လုပ်ငန်းနဲ့ Industrial ကို ကျိန်းသေပေါက် လွှမ်းမိုးသက်ရောက်မှုများ ဖြစ်စေပါတယ်။
တည်ငြိမ်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် မရှိတဲ့နိုင်ငံများဟာ စီးပွားရေးဆုတ်ကပ် ကြုံနိုင်ခြေ အလွန်များပါတယ်။ ဒါ့ကြောင်မို့ ရင်းနှီးမြုပ်နှံသူများ အလွန်ရှောင်သင့်တဲ့ နိုင်ငံအဖြစ် စာရင်းသွင်း သတ်မှတ်ပြီး လက်ရှောင်ကြပါတယ်။
နိုင်ငံရေးစနစ်နဲ့စီးပွားရေးစနစ်တို့ရဲ့ အားမျှခြေကို မတည်ဆောက်နိုင်တဲ့ အကြောင်းအရင်းပေါင်း များစွာရှိနိုင်ပါတယ်။
အဲဒီအရာတွေထဲကမှ အာဏာရယူလိုမှုက ပြည်သူ့အတွက်မဟုတ် နိုင်ငံတည်ဆောက်ဖို့မဟုတ်ပဲ အသုံးချဖို့အတွက် ရည်ရွယ်တဲ့ သူတွေလက်ထဲ အာဏာရောက်နေပြီဆိုရင် စီးပွားရေးပါဝါဆိုတာ လူတစ်စုကောင်းစားရေးပဲ ဖြစ်လာမှာပါ။
တက်လာတဲ့အစိုးရရဲ့ စီးပွားရေးပေါ်လစီနဲ့စီမံမှု၊ အကောင်အထည်ဖော်မှုတို့ အားနည်းခြင်းကလဲ ပြည်သူ့စီးပွားရေးတည်ငြိမ်မှုကို ပျက်ယွင်းစေပြီး နိုင်ငံရေးစနစ်ကိုပါ ထိုးနှက်လာစေပါတယ်။
မည်သည့်အစိုးရမဆို နိုင်ငံရေးစနစ်နှင့် လိုက်ဖက်တဲ့ စီးပွားရေးစနစ် လမ်းကြောင်းကို အကောင်အထည် မဖော်နိုင်သေးသ၍ ရင်းနှီးမြုပ်နှံမှု လုပ်ကြသူများအတွက် ကြီးမားတဲ့ဆုံးရှုံးနိုင်ချေ Risk များ တစ်ချိန်မဟုတ် တစ်ချိန်ကြုံရဖို့ အလွန်များပါတယ်။
စီးပွားရေးစနစ်ကောင်းဆိုတာ တရားမျှတတဲ့ယှဥ်ပြိုင် လုပ်ကိုင်ခွင့်ရကြပြီး လိုအပ်ချက်များကို အစိုးရပံ့ပိုမှုပေးနိုင်တဲ့ ပါဝါနှင့်ပေါ်လစီ ရှိရပါမယ်။
နိုင်ငံရေးစနစ်အောင်မြင်အောင်လုပ်ချင်ရင် ကောင်းမွန်စွာလည်ပတ်နေတဲ့ စီးပွားရေးယန္တရားကို ထူထောင်နိုင်ရပါမယ်။
စီးပွားရေးလုပ်ငန်းရှင်များ Management နယ်ပယ်မှသူများအနေဖြင့် နိုင်ငံရေးစနစ်အခြေမခိုင်သော နိုင်ငံများ သို့မဟုတ် စီးပွားရေယန္တရား စနစ်ကောင်းမရှိသော နိုင်ငံများတွင် မလွှဲသာ၍ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရပါက အောက်ပါအချက်များကို ဂရုပြုဆောင်ရွက်သင့်ပါတယ်။
၁။ အစိုးရရဲ့ ပါဝါသြဇာတိက္ကမကို ဘယ်သူတွေက ပြောင်းပစ်နိုင်သလဲဆိုတာ မျက်ခြေမပြတ်လေ့လာ စောင့်ကြည့်ပါ။
၂။ စီးပွားရေမှုဝါဒ နှင့်အခင်းအကျင်းများက တကယ်အလုပ်ဖြစ်သလားဆိုတာ အဆင့်တိုင်းကို အကဲဖြတ်စောင့်ကြည့်ပါ။
၃။ လက်ဝါးကြီးအုပ်လည်ပတ်နေသာ စီးပွားရေးလုပ်ငန်းများရဲ့ အခြေအနေကို စမ်းစစ်အတည်ပြု စောင့်ကြည်ပါ။ထိုအုပ်စုနဲ့ယှဥ်ပြိုင်ဖို့ ဆန္ဒမစောမိပါစေနှင့်။
၄။ နိုင်ငံရေးအပြောင်းအလဲဖြစ်လာရင် အထိအနာဆုံးဖြစ်မယ် Industry မျိုးဖြစ်က လက်ရှောင်ပါ။
၅။ ကျွမ်းကျင်တဲ့ Expert Team မရှိပဲနှင့် Investment အကြီးကြီးမြုပ်နှံဖို့ လက်မရဲမိပါစေနှင့်။
၆။ အရင်အပြောင်းအလဲများရဲ့ ဇစ်မြစ်နဲ့ အကျိုးဆက်များကို ပြန်သုံးသပ်ပြီး ကိုယ့်စီးပွားရေးဖြစ်စဥ်မှာ ကြုံတွေရတဲ့အခါ တုံ့ပြန်မယ့် အစီအစဥ်များရေးဆွဲထားပါ။
၇။ ထိပ်တိုက်ကြုံခဲ့သော် အဖွဲ့ရဲ့အားကိုယူပြီး ပြင်ပ ပညာရှင်များနှင့်အမြန်လက်တွဲပြီး ရအောင်ကျော်လွှားပါ။
အောင်မြင်ကြီးပွားနိုင်ကြပါစေ..
ဆရာတိုး
YBMC
27.9.2021
16/09/2025
စီမံခန့်ခွဲမှုကောင်းစေဖို့ ...
အပိုင်း ၂
ကုမ္ပဏီလုပ်ငန်းတွေ လည်ပတ်စေဖို့၊ အမြတ်ရဖို့အတွက် အရေးပါလှတဲ့ Sale Department အရောင်းဌာန အကြောင်းကို ဆွေးနွေးပါရစေ။
လုပ်ငန်းတိုင်းသည် မိမိတို့၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ရောင်းချရန်အတွက် ခန့်အပ်တာဝန်ပေးထားသည့် လုပ်ငန်း၏ ရှေ့တန်းတိုက်စစ်မှုးဟု တင်စားခေါ်ဆိုကြရမည့် အရောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်သည် အလွန်အရေးကြီးလှပါသည်။
အရောင်းဟူသည် ရောင်းဖို့အဓိကသာမက စားသုံးသူ၊ဝယ်ယူသူ အကျိုးအမြတ်ရရှိရေး၊ ကျေနပ်စေရေးသည်လဲ အဓိကအလေးထားရန် လိုအပ်သည်။
ခေတ်သည်ရွေ့နေ့သည်၊ ပြောင်းနေသည်။ ထို့အတူ Market စျေးကွက်သည်လဲ ပုံစံအမျိုးမျိုးဖြင့် လိုက်ပါပြောင်းလဲနေသည်။
ထိုအချက်ကို အလေးထားပြီး မိမိထုတ်ကုန်ပစ္စည်းကို အစွံထုတ်ကြရန် ပြင်ဆင်ကြရသည်။
ပြိုင်ဘက်လုပ်ငန်းများသည် သူ့နည်းသူဟန်ဖြင့် စျေးကွက်ဝေစု ရရန်အားထုတ်ကြမည်သာဖြစ်သည်။
စျေးကွက်အနေအထား၊
ပြိုင်ဘက်ခြေလှမ်း၊
Customer လိုအပ်ချက်နှင့် သုံးစွဲနိုင်စွမ်းတို့ကို လေ့လာပြီး
Sales Stragety များ၊
Sales Plan များပြင်ဆင်ရေးဆွဲခြင်း၊
ကုန်ပစ္စည်းများ ထုတ်လုပ်ရန် စီမံချက်ချမှတ်ခြင်း
စသည့်တို့ကို သေချာကျနစွာ ပြင်ဆင်ကြရမည်ဖြစ်သည်။
အရောင်းဌာနသည် ဖွဲ့စည်းပုံစနစ်ကျဖို့ အဓိကလိုအပ်သည်။ ထို့အပြင် အရေးကြီးလှသည့်
Sales Producer အရောင်းလုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်း၊
Customer Data များစုဆောင်းခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊
အရောင်း အစီရင်ခံစာ Sales Report Format များသတ်မှတ်ခြင်း၊
Market Data များလေ့လာသုံးသပ်ခြင်း Market Research ၊
Sales Staff များကို Training ပေးခြင်း၊
Sales Target ,Sale Budget နှင့် Sale Plan များရေးဆွဲခြင်း၊
Sales Promotion Plan များပြင်ဆင်ခြင်း၊
Customer Complaint မျာဖြေရှင်းရေး ပြင်ဆင်ထားခြင်း၊
Customer Service ပုံစံများလေ့ကျင့်ပေးခြင်း၊
Sale Meeting များဆောင်ရွက်ရခြင်း၊
Marketing စျေးကွက်ရှာဖွေရေးအစီအစဥ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့်
အခြားသောဌာနများနှင့် ပူးပေါင်းလုပ်ဆောင်မှုပုံစံများစနစ်များ ချမှတ်ရေး
စသည့်တို့ကို သေချာစွာစီမံ တည်ဆောက်နိုင်ရမည်ဖြစ်သည်။
တိုးတက်ကြီးပွားအောင်မြင်ကြပါစေ
ဆရာတိုး
Yangon Business Management Centre
လူကြီးမင်းတို့၏ ကုမ္ပဏီ လုပ်ငန်းများအတွက် အကြံပေးခြင်း၊ သင်တန်းများ လုပ်ငန်းဆီအရောက်သင်ကြားပေးခြင်းတို့ကို ကျွနှ်ပ်တို့ YBMC မှလက်ခံဆောင်ရွက် ပေးလျှက်ရှိပါသည်။
Our Services
Business Consulting
Management Training
ဆက်သွယ်ရန်
09 253919551
Yangon Business Management Centre
17/08/2025
ဒီနေ့ Business လုပ်ငန်းတွေမှာ အထူးသဖြင့် SME တွေမှာ Business တော့လည်ပတ်နေပါရဲ့ ပိုတိုးတက်ရအောင် ပိုပြီးကြီးထွားလာရအောင် ဘာတွေဦးစားပေးချမတ်လုပ်ကိုင်ကြရမလဲဆိုတာကို ဝေဝါးရောထွေးနေတတ်ကြလေ့ရှိပါတယ်။
SME Business လုပ်ငန်းတွေရဲ့ Functions တွေကိုပိုင်းကြည့်မယ်ဆိုရင် အရေးကြီးတဲ့ အခန်း ၄ ခုခွဲကြည့်နိုင်ပါတယ်။
ပထမဦးစွာ Operation System ကျနရေး လုပ်မှတိုးတက်ပါမယ်။
ဒုတိယ Man Power Management, HR and Administration ပိုင်းတို့ကို သေချာစီမံခန့်ခွဲရပါမယ်။
တတိယအရေကြီးတာက စာရင်းဇယားအစီရင်ခံစာများအပိုင်း သေချာစွာ စီမံကြီးကြပ်ချမှတ်ရပါမယ်။
စတုတ္ထအချက်အနေနဲ့ မိမိရဲ့အဖွဲ့အစည်းရည်မှန်းချက်များနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံ နဲ့ Culture ကိုရတဲ့အထိ တည်ဆောက်သွားဖို့ပဲဖြစ်ပါတယ်။
ဒီလေးချက်ကို သေချာအကောင်အထည်မဖော်ပဲ ဆက်သွားနေရင်တော့ SME Companies များသည် ကြီးလာလေ မနိုင်မနင်းဖြစ်လေ ကြုံကြရမှာပဲဖြစ်ပါတယ်။
ကျွန်တော်လုပ်ကိုင်ခဲ့ရတဲ့ 1997 မှသည် ယနေ့အထိအတွေ့အကြုံများကို အခြေခံပြီး လုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲမှုပညာ Essential Business Management for Owner
ကို September လထဲမှာ Workshop and Training ပုံစံဖြင့်ကျင်းပပေးဖို့ရှိတာကြောင့်မို့ အားလုံးကိုတက်ရောက်ဖို့ ချစ်ခင်လေးစားမှုဖြင့် ဖိတ်ပါတယ်။
ဒီ Workshop and Training ကနေတစ်ဆင့် SME လုပ်ငန်းတွေရဲ့ အောင်မြင်တိုးတက်စနစ်တကျရှိရေးအတွက် တစ်သက်တာ အသုံးပြုနိုင်တဲ့ စနစ်ကောင်းတွေ ရရှိသွားမှာဖြစ်ပါတယ်။
ဒီ Workshop and Training ပြီးနောက်မှာလဲ ၃ လတိတိ ဆက်လက်ပြီး Online ဖြင့်တွေ့ဆုံဆွေးနွေးခွင့်တွေ ဆက်လက်ရရှိဦးမှာဖြစ်ပါတယ်။
တက်ရောက်လေ့လာဖို့ လိုအပ်တဲ့ လုပ်ငန်းရှင်ကြီးများကို အမြန်ဆက်သွယ်ပေးကြဖို့ တိုက်တွန်းစကား ပြောကြားပါတယ်ခင်ဗျာ။
လူဦးရေကန့်သတ်ထားပြီး ၂ ရက်တာ အချိန်ပြည့် လူတွေ့ အထူးလေ့လာသင်ယူမှု ဖြစ်တာကြောင့် အချိန်မီဆက်သွယ်နိုင်ကြပါစေခင်ဗျာ။
အောင်မြင်တိုးတက်သော လုပ်ငန်းများကို ထူထောင်နိုင်ကြပါစေ
19/07/2025
မြန်မာနိုင်ငံရဲ အာဇာနည်နေ့ ဆိုတာ မြန်မာ့လွတ်လပ်ရေးရဖို့ ကြိုးစားနေကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးများ တိုင်းပြုပြည်ပြုအရေးကြီးတဲ့ ဆွေးနွေးပွဲ လုပ်နေချိန်မှာ အာဏာရူးဦးစောနှင့် လက်ပါးစေတို့ရဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရရှာပါတယ်။
ပြည်သူအားလုံး ကြိမ်မီးအုံးသို့ ပူဆွေးတမ်းတ ဝမ်းနည်းခဲ့ကြရပြီး ထိုနေ့ကိုဘယ်တော့မှ မမေ့နိုင်မည်မဟုတ်ပါ။
ပြည်သူ့သားစဥ်မြေးဆက် ခေတ်အဆက်ဆက်တွင် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့တသ သတိရလျှက် ကျေးဇူးဦးတင် အလေးပြုကြရတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
YANGON Business Management College ၏ မိသားစုများအားလုံးမှ အများပြည်သူများနှင့်ထပ်တူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အောင်မေ့တသ ဦးညွှတ်ပါ၏။
#အာဇာနည်နေ့
06/07/2025
ဆရာကြီးများ၊
ဧည့်သည်တော်များ အမှတ်တရပုံရိပ်များ
Yangon Business Management College
17/04/2025
မင်္ဂလာရှိသော မြန်မာနှစ်သစ်ပါရှင်🙏
မြန်မာတို့ရဲ့ အလေးထားရတဲ့ နှစ်သစ်ဦး အခါသမယမှာ မြန်မာပြည်သူပြည်သား များအားလုံး ရန်ဘေးဘယာဝေးကွာကြပြီး တစ်နှစ်တာပတ်လုံး အေးချမ်းသာယာကြပါစေရှင်။
ကျန်းမာ ချမ်းသာသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
နှစ်သစ်ရက်မြတ်မင်္ဂလာမှစ ခွန်အားအသစ်တွေတိုးလို့ ဆောင်ရွက်လိုသော ကောင်းသောကိစ္စရပ်များပြီးမြောက် အောင်မြင်ကြပါစေရှင်။
YBMC မိသားစုများမှ ဝမ်းမြောက်စွာဖြင့် မင်္ဂလာနှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
ကသည်းတန်းလမ်း၊ဆံတော်ရပ်၊ပြည်မြို့၊
Pyay
80101