Basic I.T
Computer နှင့်ပါတ်သတ်သော Software , Hardware errors များဖြ
ip11 pretest and service part1
Happy star mobile pyay
09 955922686
like and လေးလုပ်ထား
Computer မှာ screenshot ရိုက်နည်း
12/08/2021
ဝန်ထမ်းများအတွက် အသုံးလိုမဲ့ office word 2010 ebook လေး
download ရယူရန် ow လို့မန့်ခဲ့ Messenger ကနေ download link ပို့ပေးမယ်
မိမိ computer ကို ဘယ်လို မြန်ဆန်ပေါ့ပါးအောင်လုပ်မလဲ
11/08/2021
Hard-Disk မှာ storage space နေရာလွတ်ဘယ်လောက်ပြန်ရမလဲ
ပုံလေးအတိုင်း အဆင့်ဆင့်လုပ်သွားရုံပဲနော်
11/08/2021
Laptop တစ်လုံး၀ယ်လျှင် သိထားသင့်သောအချက်များ💻💻💻🖱️🖱️🖱️🛒🛒
---------------------------------------------
၁။ ဘာအတွက်သုံးမလဲ ရွေးချယ်ပါ။
ကျောင်းအတွက်လား၊ သင်တန်းတက်ဖို့လား၊ အလုပ်အတွက်သုံးမှာလား၊ မသုံးတတ်သေးလို့ စမ်းသုံးဖို့လား။ ကျောင်းတက်ရင်းသုံးမယ်ဆို ငွေကြေးနဲ့ကိုက်ညီမယ့် အမျိုးအစားကိုရွေးချယ်ပါ။ သင်တန်းလဲအလားတူပါဘဲ မိမိတက်မယ့်သင်တန်းကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။ အလုပ်မှာသုံးမယ့်သူတွေကတော့ ပြောစရာမလိုတော့ပါဘူး။ အိမ်မှာသုံးတတ်ရုံလေ့လာဖို့အတွက်ဘဲဆိုရင်တော့ စျေးအသင့်အသင့်ရှိတဲ့တစ်လုံးလောက်ကိုရွေးချယ်သင့်ပါတယ်။
၂။ Laptop size ကိုရွေးပါ။
အရေးကြီးပါတယ် ဘာလို့ရွေးခိုင်းရသလဲဆို အချိန်ကြာလေပိုနားလည်လေဖြစ်မှာပါ။ အရွေးမှားရင် အနဲဆုံး၆နှစ် ၇နှစ်လောက်(အသစ်မဝယ်နိုင်မချင်း) နောင်တရတတ်ပါတယ်။ မိမိက လူကြားထဲ တိုးဝှေ့ပြီးမှ ကျောင်းကိုသယ်သွားရတဲ့အခါ၊ အလုပ်ကိုသယ်သွားရတဲ့အခါမျိုးမှာ sizeက ကြီးနေတဲ့အခါ သယ်ရတာ မလွယ်လှပါဘူး ကိုယ်ပိုင်ကားနဲ့ အမြဲသွားနေတာဆိုရင်တော့ ကြီးလဲပြသနာ မရှိပါဘူးပေါ့။ size ကိုသဘောကျပြီဆို ဆိုင်ထဲမှာဘဲ Laptop, Adapter, Mouse ဒါတွေကို Laptop အိတ်ထဲထည့်ပြီး ၅မိနစ် ၁၀မိနစ်လောက် စမ်းလွယ်ကြည့်လိုက်ပါ Ok အဆင်ပြေပြီဆို ငွေချေလိုက်ပါ။
၃. Keyboard နဲ့ Touch pad ကိုစစ်ဆေးပါ။
ဖြစ်လေ့ဖြစ်ထရှိပါတယ် Laptop ကိုဖွင့်တယ် သုံးတယ် ကောင်းတယ်၊ ဒါပေမဲ့ ဝယ်ယူနေတဲ့ အချိန်မှာ ခလုတ်တိုင်းကို နှိပ်မိဖို့ဆိုတာ ရှားပါတယ်။ ငါတော့အသစ်ဝယ်မှာဘဲ မလိုပါဘူးလို့မတွေးပါနဲ့ ဖြစ်နိုင်ချေနည်းပေမယ့် ဖြစ်တတ်ပါတယ်။ အာမခံပေးတဲ့ဆိုင်တွေမှာဝယ်ယူပါ။ ဒါမှတစ်ခုခု error ရှိလာတဲ့အခါ ချက်ချင်းပြန်လဲလို့ရမှာပါ။
၄. မိမိသုံးချင်တဲ့ အမျိုးအစားကို ရွေးပါ
(Celeron/Pentium, Core i3,i5,i7)
Celeron/Pentium ကစျေးပေါပေါနဲ့ ရနိုင်တဲ့ Laptop မျိုးပါ။ တချို့Pentium တွေကတော့ i-series တွေနဲ့တတန်းတည်း လုပ်ဆောင်နိုင်တာလဲတွေရှိပါတယ်။ သုံးတတ်ရုံစသုံးမယ့်သူ office software လောက်သာသုံးမယ့်သူတွေ အထူးသင့်လျှော်ပါတယ်။
Intel core i3,i5,i7 - နောက်ပိုင်းကျလေ ပိုကောင်းလေလို့ပြောရမှာပဲ။ i7 ကတော့ သေချာပေါက်ကောင်းပါတယ် (ပြောတတ်တယ်😂😂😂)
i3,i5 ကျတော့ Processor( 2.2,2.4,2.5 GHz ) ပေါ်မူတည်ပြီးကွဲပြားပါတယ်။
Processor နိမ့်နေရင်တော့ ကြာလာရင် အရည်အသွေးကျဆင်းလာပါတယ်။
၅.နောက်တစ်ခုက Generationပါ။
တစ်ချို့က Intel နဲ့ Generation ကိုတောင်မခွဲတတ်ကြပါဘူး။ Intel က CPU အမျိုးအစားပါ Generation က ထုတ်လုပ်တဲ့မျိုးဆက်ပါ မတူကြပါဘူး။ အလွယ်ကူဆုံးခွဲတဲ့နည်းရှိပါတယ်။ My computer ကို right click ထောက် properties မှာဝင်ကြည့်လိုက်ရင် မိမိကွန်ပျူတာရဲ့ Detail ကျလာပါလိမ့်မယ်။ Processor: Intel(R) Core(TM) i7-1065G7 CPU @ 1.30GHz 1.50GHz အဲ့လိုလေးပါလာတယ်ဆိုပါစို့။ i7 ရဲ့နောက်က Generation ပါ 10th Genပေါ့ 10ရဲ့နောက်က 65G7 ကထုတ်တဲ့နိုင်ငံ code ပါ။ Generation အနိမ့်အမြင့်ကိုလိုက်ပြီး စျေးလဲကွာပါတယ်။ i7 ချင်းတူရင်တောင် 5th Generation နဲ့ 10th Generation ကစျေးမတူပါဘူး။ အဲ့ထက်သေချာချင်ရင် Window နဲ့ R key ကိုတွဲနှိပ်ပါ။ Run box ကျလာရင် dxdiag လို့ရိုက်ပြီး Enter ခေါက်ကြည့်ပါ။ မိမိကွန်ပျူတာမှာပါရှိတဲ့ စက်ပစ္စည်းတစ်ခုချင်းစီရဲ့ Details ကိုကြည့်ရှုနိုင်မှာပါ။
၆. RAM ကိုကြည့်ပါ
Laptop တစ်လုံးဟာ RAM ပေါ်မူတည်ပြီး စျေးကွာနိုင်ပါတယ်
ကျန်တာ အကုန်တူပြီး RAM မတူတာနဲ့ စျေးလဲမတူတော့ပါဘူး။ RAM- Random Access Memories ဆိုတာကတော့ သူ့ရဲ့လုပ်ဆောင်ချက်က ကွန်ပျူတာတစ်လုံးအသုံးပြုနေပြီဆိုရင် CPU ကစေခိုင်းသမျှ RAM ပေါ်မှာအလုပ်လုပ်ပါတယ်။ စက်ဟမ်းတယ်ဆိုတာက RAM ကလိုက်နိုင်တဲ့ ပမာဏထက်ပိုပြီးခိုင်းစေတာမျိုးမှာဖြစ်တာပါ။
ရေရှည်သုံးမယ်ဆိုရင်တော့ RAM များတာလေး ဝယ်စေချင်ပါတယ်။ အခုထွက်လာတဲ့ Laptop တွေမှာ 4Gb လောက်ပုံမှန်အဆင့်ပါလာကြပြီ 8Gb လောက်သုံးရင်တော့ လုပ်ဆောင်ချက်ပိုကောင်းပါတယ်။ တစ်ချို့ Laptop တွေမှာ 4Gb ဆိုပေမယ့် RAM ထပ်စိုက်လို့ရတဲ့ အမျိုးအစားများတွေလဲ ရှိပါတယ်။
၇. Hard Disk
လက်ရှိ Hard disk မှာ ရိုးရိုး HDD နဲ့ SSD ဆိုပြီး နှစ်မျိုးကွဲပြားသွားပါပြီ လုပ်ဆောင်ချက်ခြင်းလဲမတူသလို စျေးလဲကွာသွားပါတယ် HDD ဆိုတာကတော့ Hard Disk Drive လို့ခေါ်ပါတယ်။ Data တွေကိုသိမ်းဆည်းနိုင်တဲ့ Storage Drive တစ်ခုပါ။ သူရဲ့အလုပ်လုပ်ပုံကတော့ Disk ပြားတွေပေါ်မှာ မောင်းနှင်တံတစ်ခုနဲ့လည်ပတ်ပြီး ဒေတာတွေကို ဖတ်ရှုခြင်း၊ သိမ်းဆည်းခြင်း အစရှိတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပါတယ်။
SSD ဆိုတာကတော့ Solid State Drive လို့ခေါ်ပါတယ်။ သူကလည်း Data တွေကိုသိမ်းဆည်းနိုင်တဲ့ Storage Drive တစ်ခုပါပဲ။ သူကတော့ HDD လို Disk ပြားတွေပေါ်မှာအလုပ်မလုပ်ပဲ Circuit Plate ပေါ်မှာ Electronic Current တစ်ခုအနေနဲ့အလုပ်လုပ်ပြီး ဒေတာတွေကို ဖတ်ရှုခြင်း၊ သိမ်းဆည်းခြင်း အစရှိတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပါတယ်။
စျေးနှုန်းပိုင်းမှာဆိုရင်တော့ HDD ကပိုပြီးတော့ သက်သာပါတယ်။ အရပ်စကားနဲ့ပြောရရင် SSD 512Gb တစ်လုံးစျေးက HDD 1Tb တစ်လုံးစျေးထက်ပင် သာလွန်နေပါတယ်။စျေးနှုန်းပိုင်းမှာ HDD က အသာရပါတယ်။
Capacity ပိုင်းမှာဆိုရင်လည်း HDD ကပဲ အသာရပါတယ်။ Data တွေသိုလှောင်နိုင်ဖို့အတွက် Storage ပမာဏအပိုင်းမှာဆိုရင် HDD တွေက SSD ထက်ပိုပြီးတော့များလေ့ရှိပါတယ်။
Window Boost တက်တဲ့အချိန်ကတော့ SSD ကပိုပြီးတော့ အသာစီးရရှိပါတယ်။ ပျှဉ်းမျှအားဖြင့် SSD ကိုအသုံးပြုထားတဲ့ Laptop တွေက Window Boost တက်ရန်ကြာချိန် 10 to 13 seconds ကြားရှိပြီး၊ HDD ကိုအသုံးပြုထားတဲ့ Laptop တွေက 30 to 40 seconds အထိကြာမြင့်ပါတယ်။ HDD တွေက မောင်းနှင်တံကိုတပ်ဆင်ပြီး အသုံးပြုထားတဲ့အတွက် တစ်ခါတစ်လေမှာ ဆူညံသံတွေပိုထွက်ပေါ်ပါတယ်။ Computerကိုအလုပ်တွေအကြာကြီးခိုင်းထားတဲ့အခါမျိုးတွေမှာဆိုရင် ပိုပြီးတော့သိသာပါတယ်။
တုန်ခါမှုအပိုင်းမှာဆိုရင်လည်း HDD တွေက Disk ပြားတွေပေါ်မှာ မောင်းနှင်တံကိုလှည်ပတ်ပြီး အလုပ်လုပ်ရတာဖြစ်တဲ့အတွက် SSD ထက်ပိုပြီးတော့ တုန်ခါမှုကို ဖြစ်ပေါ်စေပါတယ်။
ဒေတာတွေကို ကူပြောင်းမှုပြုလုပ်တဲ့ အပိုင်းမှာဆိုရင်တော့ SSD တွေက Speed 200 MB/s ကနေ up to 550 MB/s အထိရှိတက်ပြီး HDD တွေကတော့ 50 to 120MB /s လောက်သာရှိတဲ့အတွက် ဒီအပိုင်းမှာတော့ SSD ကသိသိသာသာကြီးကို အသာရရှိပါတယ်။
Software အပိတ်အဖွင့်ပြုလုပ်တာတွေ၊ File တွေကိုအပိတ်အဖွင့်ပြုလုပ်တာတွေ အစရှိတဲ့အပိုင်းမှာဆိုရင်လည်း SSD က HDD ထက် 40% လောက်ပိုပြီးတော့မြန်ဆန်တာကိုတွေ့ရပါတယ်။
ဒေတာတွေပျက်စီးနိုင်မှုအပိုင်းမှာဆိုရင်လည်း HDD တွေက သံလိုက်ဓါတ်နဲ့ထိတွေ့မိမယ်ဆိုရင် ဒေတာတွေပျက်စီးတက်ပါတယ်။ SSD ကတော့ သံလိုက်ဓာတ်နဲ့ထိမယ်ဆိုရင်လည်း ဒေတာတွေပျက်စီးမှုကိုမဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင် SSD တွေက HDD တွေထက် ပိုပြီးတော့လည်း ကြာရှည်စွာအသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ HDD ရဲ့စွမ်းဆောင်ရည်က ကျလာတတ်ပါတယ်။ အလွယ်ပြောရရင်တော့ Computer မှာ HDD ကိုတပ်ဆင်ပြီးအသုံးပြုတာထက် SSD ကိုတပ်ဆင်ပြီးအသုံးပြုတာက ပိုပြီးတော့ကောင်းမွန်ပါတယ်။
ဒါပေမယ့်လည်း SSD ကိုတော့ အဓိကအားဖြင့် Graphic Designer, Developer, Video Editor အစရှိသဖြင့် High Performance Software တွေကိုအသုံးပြုနေကြတဲ့သူတွေအနေနဲ့အသုံးပြုသင့်ပါတယ်။ Software အမြင့်တွေကိုအသုံးမပြုဘူး ပုံမှန် Office Software တွေလောက်ကိုပဲအသုံးပြုမယ်ဆိုရင်တော့ SSD ကမလိုအပ်ပါဘူး HDD လောက်နဲ့လည်းအဆင်ပြေပါတယ်။
၈. Display ( Screen Resolution )
အရေးကြီးလားဆိုတော့ ကြီးတဲ့ထဲမှာပါ ပါတယ်
ပုံမှန်ကတော့ 1366x768 ကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းသုံးတော့ လိုအပ်လာပါတယ်
Desktop Background ပုံလေးတွေထားတဲ့ အခါမှာပေါ့ မိမိ laptop က 1366x768 ဆိုပါတော့ မိမိတင်ချင်လို့ Website ကသိမ်းထားတဲ့ ပုံလေးက 1920x1080 HD လေးဖြစ်နေတယ်။ သေချာတာကတော့ တင်လိုက်ရင် ဝါးနေမှာပဲ screen အပြည့်ထားတဲ့အခါမျိုးမှာ သိသာပါတယ်။
၉. Graphic
ကွန်ပျူတာနဲ့ဂိမ်းဆော့တတ်သူတွေ၊ video ကြည့်တတ်သူတွေသိပါတယ်။ အခုလက်ရှိခေတ်စားနေတဲ့ PUBG, Call of Duty လိုဂိမ်းမျိုး Graphic ကွာတဲ့ computer နှစ်လုံးယဥ်ပြီးဖွင့်ကြည့်ပါ။ ရုပ်ထွက်မတူတာ၊ graphic မလိုက်နိုင်တဲ့စက်က ဟမ်းနေတာမျိုးတွေဖြစ်တတ်ပါတယ်။
၉. Battery
အမျိုးမျိုးရှိပါတယ်။ Brand ပေါ်မူတည်ပြီး အသုံးခံနိုင်တဲ့ကြာချိန်မတူပါဘူး။ Battery မှာတော့ပြောစရာသိပ်လိုမယ်မထင်ပါဘူး။ အသုံးခံတဲ့ကြာချိန်နဲ့ ပေါ့ပါးမှုရှိမရှိကို ဦးစားပေးရွေးချယ်ပါ။
၁၀. Brand ရွေးချယ်ခြင်း
မိမိ နှစ်သက်သော အမျိုးအမည်ကနေ စကြည့်ပါ။ ဒါပေမယ့် လူသုံးအများဆုံးကို ရွေးချယ်တာတော့ အကောင်းဆုံးဖြစ်မှာပါ။ Dell နဲ့ Asus ဘယ်ဟာပိုကောင်းလဲလို့လာမမေးပါနဲ့။ အပေါ်ကရေးခဲ့တဲ့အချက်တွေ အရင်ဆုံးယှဥ်ပါ။ ပြီးရင်တော့ စျေးနှုန်းကိုယှဥ်ကြည့်ပါ။ စျေးနှုန်းသိပ်မကွာနေရင် ကိုယ်နဲ့အဆင်ပြေမယ့်တစ်ခုကိုရွေးပါ။ Dell မှာလဲ Asusနဲ့မတူတဲ့ သူ့အားသာချက် အားနည်းချက်ရှိသလို Asus မှာလဲရှိမှာပါဘဲ။ အဲ့လိုမဟုတ်ဘဲ စျေးကအရမ်းကွာနေရင်တော့ စျေးများတဲ့အလုံးကပိုကောင်းပါတယ်။ သေချာတာကတော့ ဘယ်စီးပွားရေးသမားကမှ ရောင်းရမယ့်စျေးထက် လျော့လို့မရောင်းပါဘူး။
သိသလောက်မျှဝေပေးတာပါ ဒီစာကိုသေချာဖတ်ပြီးရင်တော့ Laptop တစ်လုံးကို မိမိဘာသာဝယ်ယူနိုင်လိမ့်မယ်လို့ထင်ပါတယ်။တခုခုသိသွားတယ်ဆိုရင်တော့ Page ကို Like and share လေးလုပ်ပေးပါဗျ။။
မူရင်းရေးသူကို🖊️🖊️ credit
10/08/2021
PC တစ်လုံးလုံး တစ်စစီဖြုတ် သန့်ရှင်းရေးလုပ်ဖို့ ဆိုင်ပို့နေရတုန်းလား ဘယ်မှသွားစရာမလိုပဲ ကိုတိုင်ဖြုတ်တတ်လုပ်နိုင်ဖို့ computer တပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း စာအုပ်လေးကို download ရယူရန် pch လို့ comment ပေးခဲ့လိုက် Messenger ကနေ download link ပို့ပေးမယ်
အားလုံးပဲ မင်္ဂလာပါ ကွန်ပြူတာအသုံးပြုနေသူတိုင်း သိထားသင့်တဲ့ ကွန်ပြူတာကို မြန်ဆန်စေမယ့် နည်းလမ်း (၅) ခု အကြောင်းကို ပြောပြမှာဖြစ်ပါတယ် ✅
===============================
မိတ်ဆွေအနေနဲ့ လက်ရှိမှာ ကွန်ပျုတာ အသုံးပြုနေရတယ်ဆိုရင် ဒီစာလေးကိုဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ကျနော် ဝေမျှ ပေးသွားမယ့် အကြောင်းအရာလေးကတော့ "ပိုက်ဆံ မကုန်ဘဲ ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်း (၅) သွယ်ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ နည်းလေးတွေ အများကြီး ရှိပါတဲ့အထဲမှ တိုတိုနဲ့ ထိထိ ဖြစ်အောင် (၅) ချက်ထဲနဲ့ အတိုချုပ် ရေးပေးလိုက်ပါတယ်။
✅ မလိုအပ်တဲ့ Software များ ဖျတ်ပါ။
တချို့ ကွန်ပျုတာတွေတော်တော်များများမှာ မြင်ဖူးတယ်။ ဘာကြောင့်လည်း မသိ၊ မသုံးတဲ့ Software တွေကို တစ်ခုလည်းမဟုတ်၊ နှစ်ခုလည်း မဟုတ် သွင်းထားလိုက်ကြတာများ မြင်မကောင်းဘူး။ အလကားရလို့များ သွင်းထားတားလား မသိ။ ကွန်ပျုတာဝယ်ပြီဆိုထဲက ကိုယ်သုံးမယ့် Software ရှိပြီ။ ဆိုလိုတာကတော့ မိတ်ဆွေက Graphic Designer ဆိုရင် Graphic နဲ့ဆိုင်တဲ့ Software တွေ သွင်းထားပေါ့။ ခုက အဲ့လိုမဟုတ်ဘူး။ ရှိရှိသမျှ Software တွေသွင်းထားလိုက်တာ Desktop တစ်ခုလုံးလည်း ပြည့်နေပြီ။ ဒီလို သွင်းထားခြင်းအားဖြင့် ဘာတွေ ဖြစ်လာနိင်လဲ? (၁) မလိုအပ်ဘဲ Hard Disk Space တွေ ပြည့်လာတယ်။ (၂) ကိုယ်သွင်းထားတဲ့ Software တွေက Startup Program ထဲမှာပါနေရင် Windows တက်တဲ့ အချိန်ပိုကြာစေပါတယ်။ (၃) အရေးကြီးဆုံးတစ်ချက်ဗျာ။ ကိုယ်က သွင်းလိုက်တာဘဲ။ Spyware လိုဟာမျိုးဖြစ်နေမယ်။ ပါလာမယ်ဆိုရင် Security အရ ကြည့်မယ်ဆိုရင် တော်တော်ကြောက်စရာ ကောင်းတယ်ဗျ။ ဒါ့ကြောင့် မလိုအပ်တဲ့ Software တွေ မသွင်းပါနဲ့လို့ ပြောတာ။ အကယ်လို့များ သွင်းထားရင် ဖျတ်လိုက်ပါ။ Software တွေ Uninstall လုပ်ပုံလုပ်နည်း အဆင်ဆင့်ကို ဖော်ပြလိုက်ပါတယ်။
(a) Start ကိုနှိပ်ပါ။ ပြီးရင် Control Panel ထဲကိုသွားပါ။
(b) Add or Remove Program ကို ၂ချက် နှိပ်ပေးပါ။
(c) ပြီးရင်တော့ မိတ်ဆွေ ဖျတ်ချင်တဲ့ Software ပေါ်မှာ Right Click နှိပ်ပြီး ဖျတ်နိင်ပါပြီ။
✅ Disk Cleanup ပုံမှန်လုပ်ပါ။
ကျနော်အမြင်တော့ တစ်လတစ်ခါလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မလိုအပ်တဲ့ Hard Disk ရဲ့နောက်ကွယ်မှာ Run နေတဲ့ Temporary နဲ့ Unused ဖိုင်တွေကို ရှင်ပေးပါတယ်။ ကဲ ဘယ်လိုလုပ်မလဲ ကြည့်ရအောင်ပါ။
Start ကိုနှိပ်ပါ။ All Programs, Accessories, System Tools ပြီးရင်တော့ Disk Cleanup ကိုနှိပ်ပါ။ OK နှိပ်ပြီးရင် Delete ပေါ်လာပါလိ့်မ်မယ်။ ဘာမှ မပျက်ပါဘူး။ နှိပ်လို့ရပါတယ်။ သူဖျတ်တယ်ဆိုတာက နောက်ကွယ်မှာ Run နေတဲ့ Temp ဖိုင်တွေကို ဖျတ်ပေးတာပါ။
✅ Defragment လုပ်ပါ။
မိတ်ဆွေ စာအုပ်ရောင်းတဲ့ ဆိုင်သွားဖူးတယ်မလား? စာအုပ်စင်တွေမှာ စာအုပ်ကို သူ့နေရာနဲ့ သူစီထားရင် ရှာဖတ်ပိုလွယ်တယ်လေ။ အဲ့လို မဟုတ်ဘဲ။ စာအုပ်တွေကို ပုံသာထားရင် ဖတ်ချင်တဲ့ စာအုပ်ကို ရှာနေရတာနဲ့ စာဖတ်ချင်တဲ့ စိတ်ပျောက်မယ်ထင်တယ်။ ဒီလိုဘဲ ကွန်ပျုတာမှာ ဖိုင်တစ်ခုခု လိုလာတဲ့အခါ အလွယ်တကူ ဖိုင်တွေကို စီထားတဲ့ သဘောပါဘဲ။ ဘယ်လိုလုပ်ရမလဲဆိုတာကို တဆင့်ချင်းစီ ပြပေးပါ့မယ်။
Start > Control Panel > Defragment and Optimize Driver ထဲသွားပါ။ C: Partition ကို Select ပေးပါ။ Analyze လုပ်ပါ။ 0% မဟုတ်ဘဲ 1% 2% ဖြစ်နေရင်တော့ Optimize (or) Defragment လုပ်ဖို့ လိုအပ်ပါတယ်။
✅ Hard Drive Error ရှိ မရှိ စစ်ဆေးပါ။
Hard Disk မှာလည်း Error ရှိနေပြန်ရင်လည်း သုံးရတာ နှေးတက်ပါတယ်။ ဒါ့ကြောင့် စစ်ဆေးဖို့ လိုအပ် ပါတယ်။ အောက်မှာ တဆင့်ချင်းပြောပြပေးထားပါတယ်။ My Computer ကို ဖွင့်ပါ။ C: Partition ပေါ်တွင် Right Click နှိပ်ပါ။ Properties ထဲသွားပါ။ Tools ထဲကို ဆက်သွားပါ။ ပြီးရင်တော့ Check ကိုနှိပ်ပါ။ Scan လုပ်လေးပါ။ Error ရှိရင် သူပြောပေးပါလိ့မ်မယ်။
✅ C: Partition ကို Free Space များများထားပါ။
ဟ ဘာဆိုင်လို့ ထားရမှာတုန်း။ ကိုယ်တွေ့ပါ။ ကျနော် Services လုပ်တုန်းက Customer တစ်ယောက်ရဲ့ Computer ထဲက C: Partition က နီနေပါတယ်။ Computer က သုံးလို့ မရအောင် တော်တော်လေးနေတာပါ။ အကောင်းဆုံးကတော့ Data တွေဆိုရင် D Partition ထဲမှာ သိမ်းထားစေချင်ပါတယ်။ C: Partition ထဲမှာတော့ မသိမ်းဘူး။ Desktop ပေါ်မှာတော့ သိမ်းတယ်ဆိုရင်လည်း အတူတူပါဘဲ။ Desktop, Download, Documents, Music, Videos စတာတွေ အကုန်လုံးသည် C: Partition အောက်မှာပဲရှိကြပါတယ်။ ဒါကြောင့် သိမ်းချင်ရင် D: Partition ထဲမှာဘဲ သိမ်းကြပါ။
10/08/2021
Keyboard shortcuts keys
Click here to claim your Sponsored Listing.
Category
Address
ရွှေတံခါးကွက်သစ် ခေတ္တရာမောင် ကားဂိတ်အနီး Happystar Mobile Service ပြည်မြို့
Pyay
08151