Robin Moe

Robin Moe

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Robin Moe, ครีเอเตอร์ดิจิทัล, Chiang Rai.

15/07/2026

တက္ကဆက်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ စပိန်နဲ့ ပြင်သစ်တို့ရဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို လာရောက်အားပေးခဲ့တဲ့ ထင်ရှားတဲ့ ဆယ်လီဘရီတီတွေထဲ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုဝါဗန် လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ် ။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုရှုဝါဗန် ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး၊ အသက် ၁၀ နှစ်အရွယ်မှာ မလေးရှားနိုင်ငံကို ပြောင်းရွှေ့ခဲ့ကာ၊ အသက် ၁၂ နှစ်အရွယ်မှာတော့ အမေရိကန်ပြည်ထောင်စု၊ ဟူစတန်မြို့ကို အပြီးအပိုင် အခြေချ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်လောက်မှသာ သိုင်းပေါင်းစုံ ကိုယ်ခံပညာ ကို စတင်လေ့ကျင့်ခဲ့ပေမယ့် သူ့ရဲ့ မွေးရာပါ ပါရမီနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် Fury FC ပြိုင်ပွဲကနေတစ်ဆင့် UFC ကို အချိန်တိုအတွင်း ရောက်ရှိလာခဲ့ပါတယ်။ ဂျိုရှုဝါဗန်ဟာ အကြမ်းပတမ်း အားကစားဖြစ်တဲ့ MMA ကို ကစားပေမယ့် သူ့ရဲ့ အားလပ်ချိန်တွေမှာတော့ ဘောလုံးကစားတာကို အလွန်ဝါသနာပါသူ တစ်ဦးဖြစ်ပါတယ်။ သူ့ဘဝရဲ့ အကြီးမားဆုံး စံပြအားကစားသမား Idol အဖြစ် အမြတ်တနိုး သတ်မှတ်ထားသူကတော့ ပေါ်တူဂီ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒို ပဲ ဖြစ်ပါတယ်။

ဘောလုံးအပေါ် ရူးသွပ်မှု ဘယ်လောက်ရှိသလဲဆိုရင် ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီ တို့ရဲ့ လက်မှတ်ပါတဲ့ Limited Edition ကတ်တွေကို တန်ဖိုးကြီးပေးပြီး စုဆောင်းလေ့ရှိပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားတွေ ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်လို ပွဲစဉ်မျိုးကို လာရောက်ကြည့်ရှုပြီး အားကစား အငွေ့အသက်ကို ခံစားခဲ့တာ ဖြစ်ပါတယ်။

12/07/2026

ကော်နာမက်ဂရီဂေါရဲ့ပွဲက ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူးလို့ပဲ ဆိုရမှာပါ။ ၁၃ နှစ်ကြာမှ ပြန်တွေ့ကြတဲ့ ကော်နာနဲ့ မက်စ်ဟော်လိုဝေး ပွဲဟာ မထင်မှတ်ထားတဲ့ ဒဏ်ရာကြောင့် မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားခဲ့ရပါတယ်။ ကော်နာမက်ဂရီဂေါဟာ ၂၀၂၁ ခုနှစ်က ဒပ်စတင် ပွိုင်ရီယာနဲ့ ပွဲမှာ ခြေသလုံးရိုး ကျိုးသွားပြီးကတည်းက ပွဲမထိုးဖြစ်တော့တာ ၅ နှစ်လောက် ရှိနေပြီ ဖြစ်ပါတယ်။

ပွဲစတာနဲ့ မက်မက်ဂရီဂေါက သူ့ရဲ့ ထုံးစံအတိုင်း လေထဲခုန်ပြီး ဘယ်ခြေဝိုက်ကန်ချက် Flying roundhouse kick ကို ပြင်းပြင်းထန်ထန် အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်ပေါ် ပြန်အကျမှာ သူ့ရဲ့ ညာဘက်ဒူးခေါင်းက လွဲချော်ပြီး ထောက်မိသွားလို့ ဒူးဒဏ်ရာ ရရှိသွားခဲ့တာပါ။ နာကျင်နေတဲ့ကြားကနေ သူက ဟော်လိုဝေးကို လက်သီးတွေ၊ ခြေကန်ချက်တွေ ဆက်သုံးဖို့ ကြိုးစားပေမယ့် ဒူးက ဒဏ်ရာကြောင့် မြေပြင်ပေါ် နှစ်ကြိမ်တိတိ လဲကျသွားခဲ့ပါတယ်။

ဟော်လိုဝေးက မြေပြင်ပေါ်ကို ဝင်ပြီး လက်သီးတွေနဲ့ ထိုးကြိတ်လို့ရပေမယ့် ကော်နာရဲ့ ဒဏ်ရာအခြေအနေကို သတိထားမိလို့ သိပ်မပြင်းထန်အောင် ထိန်းကစားသွားတာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒိုင်လူကြီးက ပွဲချိန် ၆၉ စက္ကန့် မှာတင် ပွဲကို ရပ်လိုက်ပြီး ဟော်လိုဝေးကို အနိုင်ပေးလိုက်ရပါတယ်။ ဒီပွဲအတွက် မက်ဂရီဂေါဟာ အမေရိကန်ဒေါ်လာ ၁၅ သန်းလောက် အနိမ့်ဆုံးရခဲ့ပေမယ့် သူ့ရဲ့ ၅ နှစ်အကြာ Comeback က စက္ကန့် ၇၀ တောင် မပြည့်ခင်မှာ ဆိုးရွားတဲ့ ဒဏ်ရာကြောင့် အဆုံးသတ်သွားခဲ့ရလို့ နှမြောစရာပါပဲ။

10/06/2026

လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ အချိန်ဆွဲတာတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ့် စည်းမျဉ်းသစ်တွေကို တရားဝင် အသုံးပြုတော့မှာ ဖြစ်ပါတယ် ။ ကမ္ဘာ့ဖလားမှာ စသုံးမယ့်စည်းမျဉ်းတွေနဲ့တူတူပါပဲ။

ပထမဆုံးအနေနဲ့ ဂိုးသမားတွေ ဘောလုံးကိုင်ထားနိုင်တဲ့ အချိန်ကို ၈ စက္ကန့် သတ်မှတ်လိုက်ပြီး၊ အဲ့ဒီထက် ပိုကိုင်ထားရင် အရင်လို သွယ်ဝိုက်ဖရီးကစ် မဟုတ်တော့ဘဲ ပြိုင်ဘက်ကို ထောင့်ကန်ဘော တိုက်ရိုက် ပေးလိုက်ရတော့မှာ ဖြစ်ပါတယ် ။ ဂိုးကန်တင်တာ နဲ့ လက်ပစ်ဘော တွေမှာလည်း ဒိုင်လူကြီးက ၅ စက္ကန့် စတင်ရေတွက်မှာဖြစ်ပြီး ဂိုးကန်တင်တာ နောက်ကျရင် ပြိုင်ဘက်ကို ထောင့်ကန်ဘော ပေးရမှာဖြစ်သလို၊ လက်ပစ်ဘော နောက်ကျရင်လည်း ပြိုင်ဘက်ကို လက်ပစ်ဘော ပြောင်းပေးရမှာ ဖြစ်ပါတယ် ။

လူစားလဲတဲ့အခါမှာလည်း ကစားသမားက နီးစပ်ရာ ကွင်းစည်းကနေ ၁၀ စက္ကန့်အတွင်း ထွက်ရမှာ ဖြစ်ပါတယ် ။ တကယ်လို့ မထွက်နိုင်ရင် ဝင်မယ့်ကစားသမားက တစ်မိနစ်တိတိ စောင့်ရမှာဖြစ်လို့ အဲ့ဒီ ၁ မိနစ်အတွင်းမှာ ကိုယ့်အသင်းက ၁၀ ယောက်တည်းနဲ့ ကစားရမှာပါ ။ ဒါ့အပြင် ကွင်းထဲ ဆေးကုသမှု ခံယူပြီးတဲ့ ကစားသမားဟာလည်း ပွဲပြန်စပြီးရင် ချက်ချင်းဝင်ခွင့်မရဘဲ ကွင်းပြင်မှာ စက္ကန့် ၆၀ စောင့်ပြီးမှ ပြန်ဝင်ရတော့မှာဖြစ်ပြီး၊ ဒါဟာ ဒဏ်ရာရဟန်ဆောင် အချိန်ဆွဲတာကို တားဆီးဖို့ ဖြစ်ပါတယ် (ခေါင်းထိခိုက်မှုနဲ့ ဂိုးသမားတွေတော့ ကင်းလွတ်ခွင့် ရပါမယ်) ။

နောက်ထပ် ထူးခြားချက်ကတော့ ကစားသမားတွေ ပြဿနာဖြစ်ပွားနေချိန် ပါးစပ်ကို လက် ဒါမှမဟုတ် ဂျာစီနဲ့ ဖုံးပြီး စကားပြောရင်လည်း တိုက်ရိုက် အနီကတ်ပြပြီး ကွင်းထဲက ထုတ်ပယ်မှာ ဖြစ်ပါတယ် ။ နောက်ဆုံးအနေနဲ့ VAR ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း ပိုတိုးပေးထားပြီး ဒုတိယအဝါကတ် မှားယွင်းပြသမှုတွေ၊ အလကား ပေးလိုက်မိတဲ့ ထောင့်ကန်ဘောတွေနဲ့ ကန်တင်ခါနီး ပင်နယ်တီဧရိယာထဲ တွန်းထိုမှုတွေကို VAR နဲ့ ပြန်လည် ဆန်းစစ် ဆုံးဖြတ်နိုင်တော့မှာ ဖြစ်ပါတယ် ။

09/06/2026

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီ ကွင်းထဲကို ခြေချလိုက်တာနဲ့တင် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ (၆) ကြိမ်မြောက် ပါဝင်ကစားတဲ့ ကစားသမားအဖြစ် စံချိန်တင်သွားမှာပါ။ မက္ကဆီကိုဂိုးသမား အိုချိုအာလည်း လူစာရင်းမှာ ပါဝင်လာနိုင်ပေမဲ့ ကွင်းထဲ ဆင်းကစားခွင့် မရခဲ့ဖူးတဲ့ ပြိုင်ပွဲတွေရှိတာကြောင့် မက်ဆီနဲ့ ရော်နယ်ဒိုတို့သာ ကွင်းတွင်းမှာ ၆ ကြိမ်မြောက် ကစားခွင့်ရတဲ့ သမိုင်းဝင် ပထမဆုံးသူတွေ ဖြစ်လာပါလိမ့်မယ်။

ပွဲစဉ်အရေအတွက်နဲ့ ပတ်သက်ပြီးလည်း မက်ဆီဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ (၂၆) ပွဲစံချိန်ကို အုပ်စု (၃) ပွဲ ကစားရုံနဲ့တင် (၂၉) ပွဲအထိ မြှင့်တင်သွားနိုင်မှာပါ။ အာဂျင်တီးနားအသင်းသာ နောက်အဆင့်တွေ တက်သွားရင်တော့ ပွဲ (၃၀) ကျော်အထိ ဘယ်သူမှ လိုက်မမီနိုင်အောင် စံချိန်သစ်တစ်ခု စိုက်ထူသွားနိုင်မှာ ဖြစ်ပါတယ်။ ဂိုးဖန်တီးမှုအပိုင်းမှာဆိုရင်လည်း မာရာဒိုနာနဲ့ (၈) ကြိမ်စီ ပူးတွဲပိုင်ဆိုင်ထားတဲ့ အာဂျင်တီးနားရဲ့ အများဆုံးစံချိန်ကို ကျော်ဖြတ်ဖို့ တစ်ကြိမ်ပဲ လိုပါတော့တယ်။ ဘရာဇီး ဂန္ထဝင် ပီလီရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် (၁၀) ကြိမ် စံချိန်ကို ကျော်ဖြတ်ဖို့ဆိုရင်တော့ မက်ဆီအနေနဲ့ နောက်ထပ် (၃) ကြိမ် ထပ်မံ ဖန်တီးပေးဖို့ လိုအပ်နေပါတယ်။

နောက်ထပ် အရေးပါတဲ့ စံချိန်တစ်ခုကတော့ နိုင်ပွဲအရေအတွက်ပါ။ မက်ဆီဟာ လက်ရှိ (၁၆) ပွဲ နိုင်ထားတာကြောင့် ဂျာမနီရဲ့ ကလိုဆေး (၁၇) ပွဲစံချိန်ကို ကျော်ဖြတ်ဖို့ (၂) ပွဲပဲ လိုပါတော့တယ်။ ဒါဟာ အုပ်စုအဆင့်မှာတင် စံချိန်သစ်တင်နိုင်ဖို့ အခွင့်အရေး အများကြီးရှိနေတဲ့ အချက်တစ်ခုပါ။

သို့သော် ကလိုဆေးရဲ့ သွင်းဂိုး (၁၆) ဂိုး စံချိန်ကို ကျော်ဖြတ်ဖို့ကတော့ မက်ဆီအတွက် ၄ ဂိုးသွင်းနိုင်ဖို့ လိုမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အာဂျင်တီးနားအသင်းကို ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ရင် ကာဖူးရဲ့ ဗိုလ်လုပွဲ (၃) ကြိမ် ဆက်တိုက်ကစားခဲ့တဲ့ စံချိန်ကို လိုက်မီသွားမှာပါ။ ဒါ့အပြင် ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင်လည်း နီးလ် လီဟုမ်း ပိုင်ဆိုင်ထားတဲ့ ဗိုလ်လုပွဲရဲ့ အသက်အကြီးဆုံး ဂိုးသွင်းရှင် စံချိန်ကို ကျော်ဖြတ်ပြီး မက်ဆီတစ်ယောက် ဂန္ထဝင်မှတ်တမ်းတွေကို တစ်ခုပြီးတစ်ခု ရေးထိုးသွားနိုင်ဖို့ ရှိနေပါတယ်။

08/06/2026

၂၀၀၆ ခုနှစ်၊ ဂျာမနီကမ္ဘာ့ဖလား ဗိုလ်လုပွဲဟာ ပြင်သစ်ဂန္ထဝင် ဇီဒန်း အတွက်တော့ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲစဉ် ဖြစ်ပါတယ်။

သူ့ရဲ့နောက်ဆုံးပွဲမှာ မိခင်နိုင်ငံအတွက် ကမ္ဘာ့ဖလားဆွတ်ခူးပေးပြီး ကစားသမားဘဝကို အဆုံးသတ်ဖို့ အားလုံးက မျှော်လင့်ထားကြတာပါ။ ပွဲကလည်း အကြိတ်အနယ်ရှိပြီး မိနစ် ၉၀ မှာ ၁ ဂိုးစီ သရေကျနေလို့ အချိန်ပိုအထိ ဆက်ကစားခဲ့ရပါတယ်။ ထူးခြားတာက ပြင်သစ်အတွက် ဦးဆောင်ဂိုးကို ဇီဒန်းက သွင်းခဲ့ပြီး အီတလီအတွက် ချေပဂိုးကို မာတာရက်ဇီက သွင်းခဲ့တာမို့ ဒီပွဲရဲ့ ဇာတ်ဆောင်နှစ်ယောက်က သူတို့နှစ်ယောက်ပါပဲ။

ဒီလိုနဲ့ အချိန်ပို မိနစ် ၁၁၀ အရောက် သမိုင်းတွင်မယ့် အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။ ကွင်းထဲမှာ မာတာရက်ဇီ က ဇီဒန်းရဲ့ ဂျာစီအင်္ကျီကို နောက်ကနေ ဆွဲပြီး အကြမ်းပတမ်း တားဆီးခဲ့ပါတယ်။ အဲဒီမှာ ဇီဒန်းက စိတ်မရှည်တဲ့ပုံစံနဲ့ လှည့်ကြည့်ပြီး "ငါ့အင်္ကျီကို ဒီလောက်တောင် လိုချင်နေရင် ပွဲပြီးရင် ပေးမယ်" လို့ ခနဲ့တဲ့တဲ့ ပြောခဲ့ပါတယ်။

အဲဒီစကားကို မာတာရက်ဇီက ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ခဲ့တာပါ။ သူက "မင်းအင်္ကျီထက် မင်း ညီမ ဖာသည်မ ကိုပဲ ပိုလိုချင်တယ်" ဆိုပြီး ဇီဒန်းရဲ့ မိသားစုကို စော်ကားတဲ့ စကားလုံးတွေ သုံးပြီး ဆဲဆိုလိုက်ပါတယ်။

ပထမတော့ ဇီဒန်းက ရှေ့ကို ဆက်လျှောက်သွားပေမဲ့ မာတာရက်ဇီရဲ့ ဆဲရေးတိုင်းထွာမှုကို ကြားလိုက်ရတဲ့အချိန်မှာတော့ သူ့ရဲ့ ဒေါသကို မထိန်းနိုင်တော့ပါဘူး။ ရုတ်တရက် နောက်လှည့်ပြီး မာတာရက်ဇီရဲ့ အနားကို လျှောက်သွားကာ မာတာရက်ဇီရဲ့ ရင်ဘတ်တည့်တည့်ကို သူ့ရဲ့ကတုံးနဲ့ အားရပါးရ ဆောင့်တိုက်ပစ်လိုက်ပါတယ်။ မာတာရက်ဇီလည်း ရင်ဘတ်ကိုအုပ်ပြီး ကွင်းထဲမှာ လဲကျသွားခဲ့ပါတယ်။

အဲဒီအချိန်က ကွင်းလယ်ဒိုင်လူကြီးဟာ ဖြစ်ပျက်သွားတဲ့ အခြေအနေကို တိုက်ရိုက်မမြင်လိုက်ပါဘူး။ ဒါပေမဲ့ စတုတ္ထဒိုင်လူကြီးက ကွင်းဘေး Screen ကနေ ပြန်ကြည့်ပြီး နားကြပ်ကတစ်ဆင့် အကြောင်းကြားခဲ့တာကြောင့် ဇီဒန်းကို တိုက်ရိုက် အနီကတ် ပြပြီး ကွင်းထဲက ထုတ်ပယ်ခဲ့ပါတယ်။
ဇီဒန်းတစ်ယောက် အနီကတ်ပြခံရပြီး ကွင်းဘေးက ကမ္ဘာ့ဖလားဖလားဘေးကနေ ခေါင်းငိုက်စိုက်ချပြီး ဖြတ်လျှောက်သွားတဲ့ ပုံရိပ်ဟာ ဘောလုံးသမိုင်းမှာ အလွန်ရင်နာစရာကောင်းပြီး အမှတ်ရစရာအကောင်းဆုံး ဓာတ်ပုံတစ်ပုံ ဖြစ်လာခဲ့ပါတယ်။

၁၀ ယောက်တည်း ကျန်ခဲ့တဲ့ ပြင်သစ်အသင်းဟာ အီတလီကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အကယ်၍ ဇီဒန်းသာ ကွင်းထဲမှာ ဆက်ရှိနေရင် ပြင်သစ် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ပိုများခဲ့တာပါ။

ဇီဒန်းရဲ့ ကစားသမားဘဝ နောက်ဆုံးမိနစ်ပိုင်းဟာ ရွှေဖလားနဲ့ မဟုတ်ဘဲ အနီကတ်၊ ဒေါသ၊ ပြီးတော့ နောင်တတွေနဲ့အတူ ကန့်လန့်ကာချသွားခဲ့ရပါတယ်။ ဒါပေမဲ့ ပြင်သစ်ပြည်သူတွေကတော့ သူ့ရဲ့ သိက္ခာနဲ့ မိသားစုကို ကာကွယ်ခဲ့တဲ့ လုပ်ရပ်မို့လို့ ဇီဒန်းကို အပြစ်မမြင်ဘဲ သူရဲကောင်းတစ်ယောက်လိုပဲ ဆက်လက် သတ်မှတ်ခဲ့ကြပါတယ်။

28/05/2026

ခရစ္စတယ်ပဲလေစ့်က ရေယို ဗလီကာနိုကို အနိုင်ယူပြီး ကွန်ဖရန့်လိဂ်ချန်ပီယံဖြစ်လာခဲ့ပြီးနောက် ဒီရာသီ ဥရောပဖိုင်နယ် ၃ ခုတက်တဲ့ အင်္ဂလန်အသင်းတွေထဲ ၂ သင်းကတော့ ချန်ပီယံဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

ဥရောပဖိုင်နယ်မှာ အင်္ဂလန်အသင်းတွေ ဗိုလ်စွဲတဲ့ မှတ်တမ်းကောင်းကို အာဆင်နယ်ထိန်းသိမ်းသွားနိုင်မလား 👀

02/05/2026

လက်ရှိမှာ ဘရူနိုဟာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီ ဖြစ်တာကြောင့် သီအာရီအွန်နရီနဲ့ ကီဗင်ဒီဘရိုင်းတို့ ပူးတွဲတင်ရှိထားတဲ့ ၂၀ ကြိမ်ဆိုတဲ့ စံချိန်ကြီးကို လိုက်မီဖို့ တစ်ကြိမ်တည်းပဲ လိုတော့တာပါ ။ အကယ်လို့ သူက နောက်ထပ် ၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် တစ်ဦးတည်း စံချိန်တင်နိုင်တော့မှာ ဖြစ်ပါတယ် ။

အံ့ဩဖို့ကောင်းတာက ဘရူနိုဟာ ဒီရာသီ အစောပိုင်း ပွဲစဉ် ၇ ပွဲမှာ ဂိုးဖန်တီးမှု တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ဘဲ အောက်တိုဘာ ၁၉ ရက်နေ့ လီဗာပူးလ်နဲ့ အဝေးကွင်းပွဲစဉ်မှာမှ သူ့ရဲ့ ပထမဆုံး ဂိုးဖန်တီးပေးမှု ကို စတင်ခဲ့တာပါ ။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ ၂၄ ပွဲအတွင်းမှာတင် ၁၉ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ပျမ်းမျှတစ်ပွဲကို ၀.၇၉ ကြိမ်အထိ ရှိနေတဲ့ မယုံနိုင်စရာ ခြေစွမ်းမျိုးပါပဲ ။

ဒါတင်မကသေးပါဘူး ဘရူနိုဟာ စတီဗင်ဂျရတ် တင်ထားတဲ့ တစ်ရာသီအတွင်း ပြစ်ဒဏ်ဘောတွေကနေ ဂိုးဖန်တီးမှု ၁၁ ကြိမ်ဆိုတဲ့ စံချိန်ကိုလည်း ချိုးဖျက်ဖို့ နီးစပ်နေပါတယ် ။ လက်ရှိမှာ သူက ၁၀ ကြိမ်အထိ လုပ်ထားနိုင်ပြီ ဖြစ်ပြီး နောက်ထပ် တစ်ကြိမ်ဆိုရင် ဂျရတ်ရဲ့ စံချိန်ကို လိုက်မီမှာပါ ။

ဘရူနိုရဲ့ ယူနိုက်တက် ကစားသမားဘဝ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်လည်း သူဟာ အသင်းအတွက် ၃၃၃ ပွဲ ကစားပေးထားပြီး ဂိုး ၁၀၆ ဂိုးအထိ သွင်းထားသလို ဂိုးဖန်တီးမှုမှာလည်း ၁၀၀ ကျော် လုပ်ထားနိုင်တဲ့ ရှားရှားပါးပါး သွင်းဂိုးလည်း တစ်ရာကျော် ၊ ဂိုးဖန်တီးပေးမှုလည်း တစ်ရာကျော်တဲ့ ကစားသမားတစ်ဦး ဖြစ်နေပါပြီ ။ သူဟာ အရင်က ဖရန့်လမ်းပတ် တင်ထားတဲ့ ကွင်းလယ်လူတစ်ဦး တစ်ရာသီအတွင်း အများဆုံး သွင်းဂိုး (၂၇ ဂိုး) စံချိန်ကိုလည်း ၂၈ ဂိုးနဲ့ ချိုးဖျက်ခဲ့ဖူးသူပါ ။

ဒီရာသီမှာဆိုရင်လည်း အခွင့်အရေး ဖန်တီးပေးနိုင်မှုမှာ ၁၁၄ ကြိမ်အထိ ရှိနေပြီး ဒုတိယနေရာက ကစားသမားတွေထက် အပြတ်အသတ် သာလွန်နေတာကို တွေ့ရမှာပါ ။ ဒီလို တောက်လျှောက် ခြေစွမ်းပြနေတာကြောင့်လည်း ဒီနှစ်အတွက် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိဖို့ အလားအလာ အကောင်းဆုံးသူအဖြစ် ထိပ်ဆုံးက ပြေးနေတာ ဖြစ်ပါတယ် ။

Robin Moe

22/04/2026

ဘရိုက်တန်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာ ဝါရင့်တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်က ချဲလ်ဆီးအသင်းဘက်ကို ဂိုးသွင်းယူပြီးတဲ့နောက် ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ နာမည်ကျော် SIUUU အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုရဲ့ ဘောလုံးလောကအပေါ် လွှမ်းမိုးမှုကို ပြသနေတာလည်း ဖြစ်ပါတယ်။

ဝဲလ်ဘတ်ဟာ ဂိုးသွင်းယူအပြီးမှာ ကွင်းဘေးကို ပြေးသွားပြီး လေထဲကို ခုန်တက်၊ ကိုယ်ကို လှည့်ပြီး လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းလိုက်တဲ့ SIUUU အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ဝဲလ်ဘတ်အတွက် စံချိန်တင်သွင်းဂိုးဖြစ်တာကြောင့် အခုလိုရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်နဲ့ အားရပါးရ အောင်ပွဲခံခဲ့တာမျိုးလည်းဖြစ်ပါတယ်။

ဝဲလ်ဘတ်က ဘာလို့ ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်ကို သုံးခဲ့တာလဲဆိုတာကို နားလည်ဖို့ဆိုရင် သူတို့နှစ်ယောက်ရဲ့ ယူနိုက်တက်က အတိတ်ကို ပြန်ကြည့်ဖို့ လိုပါတယ် ။ ဝဲလ်ဘတ်ဟာ ယူနိုက်တက် လူငယ်အကယ်ဒမီကနေ တက်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ ပထမအသင်းကြီးကို စရောက်တဲ့ ၂၀၀၈ ခုနှစ်ဝန်းကျင်မှာ ရော်နယ်ဒိုဟာ အထွတ်အထိပ် ရောက်နေတဲ့ အချိန်ပါ ။ ဝဲလ်ဘတ်ကိုယ်တိုင် ပြောပြချက်အရ သူ အသင်းကြီးရဲ့ ဝတ်လဲခန်းထဲကို ပထမဆုံး စဝင်ချိန်မှာ သူ့ရဲ့ နေရာဟာ ရိုင်ယန်ဂစ်နဲ့ ရော်နယ်ဒိုတို့ ကြားမှာ ဖြစ်နေခဲ့တာပါ ။ အသက် ၁၇ နှစ်အရွယ် လူငယ်လေးတစ်ယောက်အတွက်တော့ ဒါဟာ တကယ့်ကို အိပ်မက်ဆန်တဲ့ အခိုက်အတန့်ဖြစ်သလို၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို အနီးကပ် လေ့လာခွင့်ရခဲ့တာလည်း ဖြစ်ပါတယ် ။

ဝဲလ်ဘတ်ဟာ ရော်နယ်ဒိုရဲ့ လေ့ကျင့်ရေးကွင်းက ကြိုးစားအားထုတ်မှုတွေ၊ ပွဲအတွက် ပြင်ဆင်မှုတွေကို အနီးကပ် မြင်တွေ့ခဲ့ရသူပါ ။ ဒီလို လွှမ်းမိုးမှုတွေကြောင့်ပဲ ဝဲလ်ဘတ်ဟာ ရော်နယ်ဒိုကို သူတွဲကစားခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် ချဲလ်ဆီးကို ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုဟန်နဲ့ အောင်ပွဲခံလိုက်တာဟာ အမှတ်တရတစ်ခုထက် ပိုတဲ့၊ သူ့ရဲ့ စံပြပုဂ္ဂိုလ်ကို ဂုဏ်ပြုလိုက်တာမျိုးလို့ မြင်နိုင်ပါတယ် ။ ရော်နယ်ဒိုဟာ ဒီအောင်ပွဲခံဟန်ကို ၂၀၁၃ ခုနှစ်က ချဲလ်ဆီးနဲ့ပွဲမှာ စတင်ပြုလုပ်ခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဝဲလ်ဘတ်ကလည်း ချဲလ်ဆိးကို ဂိုးသွင်းပြီး ဒီလိုအောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။

Robin Moe

22/04/2026

ချဲလ်ဆီးအသင်းရဲ့ ပရိသတ်တွေအတွက်တော့ အခုအချိန်ဟာ တကယ့်ကို အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၁ ပွဲတည်းသာ နိုင်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲဆက်တိုက် ဂိုးတစ်ဂိုးမှ မသွင်းနိုင်ဘဲ အခြေအနေဆိုးနေတာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ အဓိကပြဿနာက ဂိုးမသွင်းနိုင်တာပါ။ ဒါပေမယ့် အခွင့်အရေး မရတာတော့ မဟုတ်ပါဘူး။ နောက်ဆုံး ၄ ပွဲမှာတင် ဂိုးပေါက်ကန်သွင်းခွင့် ၆၇ ကြိမ်အထိ ရခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့တာပါ ။ ဒီလို ပရီးမီးယားလိဂ်မှာ ဂိုးမရတာ မိနစ် ၃၀၀ ကျော်သွားပြီဖြစ်ပြီး ဒါဟာ တိုက်စစ်ပိုင်းမှာ ယုံကြည်မှု လုံးဝပျောက်ဆုံးနေတာကို ပြနေတာပါ ။

နည်းပြ လီယမ်ရိုဆေးညာဟာ ၂၀၂၆ ဇန်နဝါရီမှာမှ ရောက်လာတာဖြစ်ပြီး ၂၀၃၂ အထိ ၈ နှစ်စာချုပ် ချုပ်ထားတာပါ ။ ဒါပေမယ့် သူ့ရဲ့ နည်းစနစ်တွေက အသင်းနဲ့ အံမဝင်သေးတာကို တွေ့ရပါတယ်။ အထူးသဖြင့် နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ သူဟာ ၃-၅-၂ ကစားကွက်ကို မထင်မှတ်ဘဲ ပြောင်းသုံးခဲ့ပေမယ့် ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ် ။ ပွဲအပြီးမှာ ရိုဆေးညာက သူကိုယ်တိုင်လည်း တော်တော်လေး စိတ်ပျက်ပြီး ထုံကျင်နေပြီ လို့ ပြောခဲ့သလို၊ ဒါဟာ သူ့ဘဝမှာ အခက်ခဲဆုံး ညပါပဲလို့ ဝန်ခံခဲ့ရပါတယ် ။ အသင်းရဲ့ အားအကိုးရဆုံးဖြစ်တဲ့ ကိုးလ်ပါးလ်မား ၊ ဂျာအိုပက်ဒရို နဲ့ အက်စတီဗာအို တို့ဟာ ဒဏ်ရာတွေကြောင့် ပွဲမကစားနိုင်တာဟာ အသင်းအတွက် အကြီးမားဆုံး ထိုးနှက်ချက်ပါပဲ ။ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုကတော့ ဘရိုက်တန်နဲ့ပွဲမတိုင်ခင်မှာ မာ့ခ်ကူကူရဲလားရဲ့ ဆံပင်ညှပ်ဆရာက အဆိုပါ အဓိကကစားသမားတွေ ဒဏ်ရာရနေတဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ တင်ပစ်ခဲ့တာပါ။ ဒါဟာ အသင်းရဲ့ စည်းကမ်းပိုင်းနဲ့ လုံခြုံရေး ဘယ်လောက်အထိ အားနည်းနေသလဲဆိုတာကို ပြနေတာပါ ။

ကစားသမားတွေကြားမှာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေပါတယ်။ မန်ယူနဲ့ပွဲမှာ ဝက်စလေဖိုဖာနာဟာ လူစားလဲခံရချိန်မှာ နည်းပြကို လျစ်လျူရှုပြီး ဒေါသတကြီး ထွက်သွားခဲ့တဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ပါတယ် ။ နည်းပြကိုယ်တိုင်ကလည်း ဘရိုက်တန်နဲ့ပွဲအပြီးမှာ "ကစားသမားတွေမှာ စိတ်ဓာတ်ပိုင်းနဲ့ ကြိုးစားလိုစိတ် လုံးဝ မရှိတော့ဘူး" လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ် ။ ရလဒ်တွေ ဆိုးရွားလွန်းလို့ ပရိသတ်တွေဟာ နည်းပြ ရိုဆေးညာကို ကွင်းထဲမှာ အော်ဟစ် ဆဲဆိုခဲ့ကြပါတယ် ။ ဒါ့အပြင် အသင်းပိုင်ရှင် BlueCo တို့ရဲ့ စီမံခန့်ခွဲမှုအပေါ်မှာလည်း အကြီးအကျယ် ဆန္ဒပြနေကြပြီး၊ ဒီဆန္ဒပြမှုကို အသင်းရဲ့ ဂန္ထဝင် ဒရော့ဂ်ဘာကတောင် ဆိုရှယ်မီဒီယာမှာ သွယ်ဝိုက်ပြီး ထောက်ခံပေးထားတာ တွေ့ရပါတယ် ။

လက်ရှိမှာ ချဲလ်ဆီးဟာ အဆင့် ၆ နေရာကို ဆင်းပေးလိုက်ရပြီဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ဆိုတာ တော်တော်လေး ခက်ခဲသွားပါပြီ ။ အခုအချိန်မှာ အသင်းအတွက် နောက်ဆုံးမျှော်လင့်ချက်ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပါပဲ ။ အဲ့ဒီပွဲမှာပါ ထပ်ပြီး ရှုံးဦးမယ်ဆိုရင်တော့ နည်းပြ ရိုဆေးညာရဲ့ အနာဂတ်ဟာ စိုးရိမ်စရာ အကောင်းဆုံး အခြေအနေကို ရောက်သွားနိုင်ပါတယ် ။

ရော်ဘင်မိုး

13/04/2026

မန်စီးတီးက ချဲလ်ဆီးက ၃ ဂိုးပြတ်နဲ့ အနိုင်ရနေချိန်မှာ မန်စီးတီးပရိသတ်တစ်ဦးဟာ အာဆင်နယ် တံဆိပ်ပါတဲ့ ရေဗူးကို ထုတ်ပြီး သောက်ပြခဲ့ပါတယ် ။ ဒီအမူအရာဟာ အာဆင်နယ်အသင်းရဲ့ Bottling လို့ ခေါ်တဲ့ ဖလားရခါနီးမှ လက်လွတ်သွားတတ်တဲ့ အစဉ်အလာကို လှောင်ပြောင်တာ ဖြစ်သလို အာဆင်နယ်ပရိသတ်တွေရဲ့ စိတ်ဓာတ်ကို ထိုးနှက်လိုက်တာလည်း ဖြစ်ပါတယ်။

မန်စီးတီး ပရိသတ်တွေက "Are you watching, Arsenal?" အာဆင်နယ် မင်းတို့ကြည့်နေတယ်မဟုတ်လား ဆိုပြီးတော့လည်း တစ်ကွင်းလုံး ဟိန်းနေအောင် အော်ဟစ်ခဲ့ကြပါတယ်။

မန်စီးတီးဘက်မှာတော့ အသင်းက ကစားသမားတွေကလည်း ယုံကြည်မှုအပြည့်၊ ပရိသတ်တွေကလည်း စိတ်ဓာတ်ခွန်အားအပြည့်နဲ့ဖြစ်နေတာပါ။ အာဆင်နယ်တို့ ဒီလှောင်ပြောင်ခံရမှုတွေကို ခွန်အားအဖြည့်ပြောင်းလဲနိုင်မလား ?

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Chiang Rai