OMCC
ဍုင်မန်သ္ဂောံဗၜးၐး ဇဿာပ်မန်ဒးပၜန်ဂတး
06/10/2021
"မျက်မှောက်နိုင်ငံရေး၊စစ်ရေးအခင်းအကျင်းနှင့် အနာဂတ် မွန်အမျိုးသားလုံခြုံရေး၊ နိုင်ငံရေး၊ စစ်ရေး
ဗျူဟာ၀န်းကျင်များအပေါ်ရိုက်ခတ်လာနိုင်မှုများ"
ယနေ့မျက်မှောက်မြန်မာ့နိုင်ငံရေး၊စစ်ရေးအခင်းအကျင်းသည်၊ ယခင့်ယခင် ဖြစ်ပေါ်ခဲ့ဖူးသည့် အခင်း အကျင်းများထက်၊ အဆပေါင်းများစွာ ရှုပ်ထွေးပွေလီလှသည်။ နိုင်ငံရေးအရ စစ်ကောင်စီနှင့် အပြိုင်ပေါ်လာခဲ့သည့် CRPH/NUG သည်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs)တချို့ဧ။် ထိမ်းချုပ်နယ်မြေများတွင် အခြေခံစစ်ပညာနှင့်မြို့ပြပျောက်ကျား စစ်ရေး နည်းဗျူဟာ များ သင်ကြားတတ်မြောက်ပြီး နိုင်ငံအနှံ့တိုင်းနှင့်ပြည်နယ်အသီးအသီးတွင် ဖွဲ့စည်းလာခဲ့သည့် ပြည်သူ့ ကာကွယ်ရေးတပ် People Defence Force(PDF)သည်လည်းကောင်း၊ မြန်မာ့နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းနှင့်၊ မျက်မှောက်မွန်နိုင်ငံရေး၊ စစ်ရေးဗျူဟာ၀န်းကျင်အပေါ် ကောင်းကျိုး ဆိုးကျိုးသက်ရောက်မှုများ အလွန့်အလွန်ဖြစ်စေနိုင်မှာမလွဲပေ။
သို့အတွက်ကြောင့်၊ ယနေ့စက္ကန့်ပိုင်းနှင့်အမျှဖြစ်ပေါ်တိုးတက်နေသည့်မြန်မာ့နိုင်ငံရေး၊ စစ်ရေး အခင်း အကျင်းနှင့် မျက်မှောက်မွန်နိုင်ရေး၊စစ်ရေးဗျူဟာ၀န်းကျင်တစ်ခုလုံးအပေါ်မည်သို့မည်ပုံ ကောင်းကျိုး ဆိုးကျိုးသက်ရာက်မှုများဖြစ်စေနိုင်သလဲဆိုသည်ကို၊ သုံးသပ်ကြရအောင်။
ဖေဖေါ်ဝါရီ ၁ ရက်နေ့စစ်ကောင်စီမှ အာဏာပြန်လည်ရယူခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများဧ။်ကောင်းကျိုးဆိုးကျိုးများသည် မွန်တို့ဧ။်နိုင်ငံရေး၊ စစ်ရေး၀န်းကျင်အနေအထား တရပ်လုံးအပေါ် ရိုက်ခတ်မှု အပြင်းအထန်ဖြစ်ပေါ်စေခဲ့သည်။ ပထမအစောဆုံး ရိုက်ခတ်မှုမှာ မွန်တို့အကြား အမျိုးသားသွေးစည်းညီညွတ်မှု ပျက်ပြားသွားခြင်းပင်ဖြစ်သည်။ မွန်ညီညွတ်ရေးပါတီ (MUP)အတွင်း စစ်ကောင်စီအားထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ပေါ်ပေါက်လာခဲ့သည့် သဘောထား ကွဲပြားမှုများသည်၊ မွန်လူထုတရပ်လုံးဆီသို့ အဟုန်ပြင်းပြင်း ကူးစက်သွားစေပြီး အမျိုးသားသွေးစည်း ညီညွတ်ရေးကို ထိခိုက်စေခဲ့သည်။ အထူးသဖြင့် မွန်အမျိုးသားထုတရပ်လုံးကို ထိထိရောက်ရောက် နိုင်ငံရေးဦးဆောင်မှုပေးနိုင်သည့် ဦးဆောင်အဖွဲ့အစည်း(Strong and effective national leadership) မရှိသည့်ယခုလိုအချိန်မျုိူးတွင် ကိုယ်ယုံကြည်ရာဘက်ကနေ တယောက်တပေါက် ငြင်းခုံပြောဆိုကြရင်း၊ ဝါးအစီးပြေသလို အမျိုးသားညီညွတ်လည်း ပြိုကွဲခဲ့ရသည်။ အရင်ကလို ပြည်တွင်း ပြည်ပမွန်အမျိုးသားထုတရပ်လုံးလုနီးပါးကိုကိုယ်စားပြုနိုင်ခဲ့သည့်၊ MUL, MAUကဲ့သို့သော မွန်အမျိုးသားရေးရာ အဖွဲ့အစည်းများသာ ရှိနေသေးလျှင်၊ နိုင်ငံရေး သဘောထား မတူကွဲပြားမှုများကို၊ ယခုကဲ့သို့အပြင်တွင်တယောက်တပေါက် ငြင်းခုံ ပြောဆိုနေမည့်အစား၊ မွန်အမျိုးသား နိုင်ငံရေး ဆွေးနွေးမှုစကားဝုိင်းများတွင်၊ ဂုဏ်သရေရှိရှိ၊ လေးလေးစားစား ဆွေးနွေး အဖြေရှာနိုင်ကြမှာမလွဲပါ။ သို့တည်းမဟုတ် အစဉ်အလာကြီးမားခဲ့သည့် မွန်ပြည်သစ်ပါတီကသာ၊ လစ်လပ်နေသည့် အမျိုးသားဦးဆောင်မှုအခန်းကဏ္ဍကိုနိုင်နိုင်နင်းနင်းဦးဆောင် ဖြည့်ဆည်းနိုင်ခဲ့ လျှင်လည်း ယခုလို အခြေအနေမျိုးအထိဖြစ်ပေါ်လာမှာမဟုတ်ပေ။
မွန်အမျိုးသားတရပ်လုံးအပေါ်ထိခိုက်လာနိုင်မည့် အခြားအရေးကြီးဆုံး အကျိုးသက်ရောက်မှု များမှာ၊ မွန်အမျိုးသားလုံခြုံရေးနှင့်၊ စစ်ရေးဗျူဟာ၀န်းကျင်များအပေါ် သက်ရောက်လာနိုင်မည့် အကျိုးသက်ရောက်မှုများပင်ဖြစ်ဧ။် စစ်ကောင်စီဧ။် မတရားအကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်မှု များကြောင့်၊ မွန်ဒေသအပါအ၀င် တိုင်းနှင့်ပြည်နယ်အသီးသီးမှ Generation Z လူငယ်အများအပြား တို့သည်၊ ကချင်၊ကရင်အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံသို့သွားရောက်ပြီး အခြေခံစစ်ပညာနှင့်၊ မြို့ပြပြောက်ကျား စစ်ရေးမဟာဗျူဟာ၊ နည်းဗျူဟာများကို လေ့လာသင်ကြား နေကြသည်။ သင်ကြားတတ်မြောက်ပြီးလျှင်၊ မိမိတို့ဧ။်မူရင်းဒေသ၊ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ပြန်သွားကြပြီး ပြည်သူ့့ကာကွယ်ရေးတပ်အနေဖြင့်၎င်း၊ မြို့ပေါ်တွင် မြို့ပြပျောက်ကျားများအဖြစ်၎င်း၊ စစ်ရေးလှုပ်ရှားမှုများ၊ ပြုလုပ်လာလိမ့်မည်။ မွန်ပြည်နယ်မှ ထွက်ခွာပြီး လွတ်မြောက်နယ်မြေများတွင် သွားရောက်ပြီး စစ်ပညာသင်ကြားနေကြသည့် မွန်လူငယ်များအပါအ၀င်၊ မွန်ပြည်နယ်မှ Gen Z လူငယ်များသည်လည်း၊ မိမိတို့ဧ။် မူရင်းဒေသမွန်ပြည်နယ်သို့ ပြန်သွားကြပြီး၊ မွန်ပြည်နယ်ပြည်သူ့့ ကာကွယ်ရေးတပ်များတွင်၎င်း မြို့ပေါ်ရှိ မြို့ပြပြောက်ကျားလှို့ဝှက်စစ်ဆင်ရေး များတွင်၎င်း၊ ပါ၀င်လာကြမည်။ ထိုအခြေအနေများသိုိ့ရောက်ရှိလာပါက နှစ်ပေါင်း ၇၀ကျော်လက်နက်ကိုင်တိုက်ပွဲ ၀င်လာခဲ့သည့် မွန်ပြည်သစ်ပါတီဧ။် စစ်ရေးဗျူဟာ၀န်းကျင်နှင့်၊ စစ်ရေးလှုပ်ရှားမှုများ အပေါ် အလွန်အမင်းထိခိုက်လာလိမ့်မည်။ တချို့သုံးသပ်သူများက၊ မွန်ပြည်သစ်ပါတီဧ။် သဘောတူညီ ချက်မရရှိပဲ၊ မွန်ပြည်သစ်ထိန်းချုပ်နေမြေများတွင်၊ မွန်ပြည်နယ်ရှိPDFတပ်ဖွဲ့များက၊ စစ်ရေးလှုပ်ရှား မှုများ ပြုလုပ်နိုင်ရန် ခက်ခဲလိမ့်မည်ဟု၊ ဆိုထားကြသည်။ သမရိုးကျ စစ်ရေးလှုပ်ရှားမှုများတွင် မိမိ ထိန်းချုပ်နယ်မြေကို ဖြတ်သန်းသွားလာရသဖြင့် မွန်ပြည်သစ်ပါတီအနေဖြင့် တချို့နယ်မြေများတွင် PDF တပ်ဖွဲ့များဧ။် စစ်ရေးလှုပ်ရှားမှုအချုို့ကို အကန့်အသတ်ဖြစ်စေနိုင်သော်ငြားလည်း၊ မွန်ပြည်နယ် အတွင်းရှိ အခြားသော နယ်မြေဒေသများတွင် PDF နှင့်စစ်ကောင်စီ ဆန့်ကျင်သူများ၏ စစ်ရေးလှုပ်ရှားမှုများကို ထိထိရောက်ရောက်ကန့့်သတ်နိုင်မည်မဟုတ်ပါ။ မွန်ပြည်သစ်ပါတီဧ။် လက်ရှိစစ်အင်အားနှင့်၊၎င်းဧ။်ထိန်းချုပ်နယ်မြေများသည်လည်း မပြောပလောက်သော အနေအထား တွင်သာရှိနေသည့်အတွက်ကြောင့်၊ နောက်နောင်ကာလတွင် မွန်ပြည်နယ်အတွင်းနှင့် ဆက်စပ်နယ် မြေများတွင်လှုပ်ရှားနေသည့် KNU တပ်ဖွဲ့တို့ဧ။်အကူအညီဖြင့် မွန်ပြည်နယ်အတွင်းရှိနယ်မြေဒေသ အနှံ့အပြားတွင် စစ်ရေးလှုပ်ရှားမှုအရှိန်အဟုန်များ မြှင့်တင်နိုင်ဖို့မခဲယဉ်းလှပေ။ အထူးသဖြင့် NUG ဧ။် အဓိကစစ်ရေးမဟာဗျူဟာတခုဖြစ်သည့် မြို့ပြပြောက်ကျားမဟာဗျူဟာစစ်ရေးလှုပ်ရှားမှုများကို မွန်ပြည်သစ်ပါတီ အနေဖြင့် အကန့်အသတ်ပေးနိုင်မည့်အနေအထားလုံး၀မရှိပါ။
သို့အတွက်ကြောင့် မွန်ပြည်နယ်အတွင်းရှိ မိမိထိန်းချုပ်နယ်မြေ အပါအ၀င်အခြား နယ်မြေဒေသ များတွင်မလိုလားအပ်သော အမျိုးသားလုံခြုံရေး ၊စစ်ရေးမဟာဗျူဟာအကျိုး သက်ရောက်မှုများ မရှိစေရန်နှင့် မိမိလိုလားသောအမျိုးသားလုံခြုံရေး၊စစ်ရေးမဟာဗျူဟာများအထမြောက်ရေးအတွက် မွန်ပြည်သစ်ပါတီအနေဖြင့် အခုကတည်းက ကြိုတင်လှုပ်ရှားမှုများ(Proactive plans) ထိထိ ရောက်ရောက်စတင်လှုပ်ရှားအကောင်အထည်ဖေါ်ဖို့အထူးလိုအပ်နေပြီဖြစ်၏။မဟာမိတ်မဟာဗျူဟာအရ NUG, PDFတို့နှင့်လှို့ဝှက်အပေးအယူ လုပ်ထားပြီး၊ အဓိက စစ်ရေးသေနင်္ဂ မဟာဗျူဟာအရ မိမိတပ်ဖွဲ့ အင်အားတိုးပွားပြီး စွမ်းရည်သုံးရပ်ဟုခေါ်ဆိုသည့် တိုက်ခိုက်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့်ပြည့်ဝသည့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တစ်ရပ် ဖြစ်လာအောင်ကြိုးစားအားထုတ်ဖို့ အထူးလိုအပ်နေပေပြီ။ ယင်းကဲ့သို့အရည်အချင်းများနှင့် ပြည့်၀သည့် တပ်မတော်တစ်ရပ် ပေါ်ထွန်းလာမှသာ၊ အမျိုးသားအကျိုးစီးပွားနှင့်လုံခြုံရေးကို အကာအကွယ်ပေးနိုင်ပြီး၊ မနေ့တနေ့ကဘုရားသုံးဆူတွင် ဖြစ်ပွားခဲ့သည့် နာကြည်းခံပြင်းဖွယ် မိဝေသီဖြိုး ကဲ့သို့သောအပြစ်မဲ့ မွန်ပြည်နယ်သူပြည်နယ်သားများနှင့် မွန်အမျိုးသားများအပေါ် မတရား အနိုင်ကျင့်လုပ်ကြံ သတ်ဖြတ်မှုများကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ဧ။်။
သို့ဖြစ်၍ မျက်မှောက်နိုင်ငံရေး၊စစ်ရေးအခင်းအကျင်းကြောင့် အနာဂတ်မွန်နိုင်ငံရေး၊ စစ်ရေးနှင့် အမျိုးသားလုံခြုံရေးဗျူဟာဝန်းကျင်များအပေါ် ရိုက်ခတ်လာနိုင်မှုများကို တန်ပြန်ထိန်းချုပ်နိုင်ရေး အတွက်၊ နိုင်ငံရေးအရ မွန်ပြည်နယ်သူ၊ ပြည်နယ်သားများနှင့် ပြည်တွင်းပြည်ပ မွန်အမျိုးသားထု တစ်ရပ်လုံးကို ထိထိရောက်ရောက်ပိုင်ပိုင်နိုင်နိုင်ပူးပေါင်းဦးဆောင်နိုင်မည့်MAU ကဲ့သို့သော မွန်အမျိုးသားပူးပေါင်းဦးဆောင်အဖွဲ့အစည်း တစ်ရပ်အမြန်ဆုံးပြန်လည်ပူးပေါင်းဖွဲ့စည်းနိုင်ရန်နှင့် စစ်ရေးအရ မွန်ပြည်နယ်သူပြည်နယ်သားများနှင့် မွန်အမျိုးသားတစ်ရပ်လုံးကို အကာအကွယ် ပေးနိုင်မည့် အရေအတွက်အရရော အရည်အချင်းနှင့်ပါပြည့်ဝသည့်မွန်အမျိုးသားကာကွယ်ရေး၊ လွတ်မြောက်ရေးတပ်မတော်တစ်ရပ် ဖြစ်မြောက်ဖို့ အထူးလိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပေသည်။
သီရိမွန်ချမ်း
၁၀/၀၆/၂၀၂၁
04/23/2021
N.U.G ကဵု အကာဲအရာပရေင်ဍုင်ကွာန်တ္ၚဲဏံ(NUG and Current Political Situations) MNN Panel Discussion
N.U.G ကဵု အကာဲအရာပရေင်ဍုင်ကွာန်တ္ၚဲဏံ
အကာဲအရာဒက်ပ္တန်ဒပ်ပၞာန်ဖောတ်ဒရယ်
ယနေ့မြန်မာ့နိုင်ငံရေးအခင်း၊
အမျိုးသားညီညွတ်ရေးအစိုးရနှင့်
ဖက်ဒရယ်တပ်မတော်တစ်ရပ်ဖွဲ့စည်းမည့်အပေါ် သူ၏အမြင် စသဖြင့်ဆွေးနွေးတင်ပြသွားမည်။
ပွဲအစအဆုံး မွန်ဘာသာဖြင့် ဆွေးနွေးသွားမည်။
ဧပြီ ၂၄၊ ၂၀၂၁၊ စနေနေ့ ၊
မြန်မာစံတော်ချိန် ည ၈:၀၀။
New York time 9:30 AM.
မွန်အမျိုးသားကွန်ရက်စကားဝိုင်းကို အပတ်စဉ်ကြည့်ရူ့အားပေးကြတဲ့ အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
လညာတ်စပ်က်ုပံက်ဏာအလ်ုအသဳပံင်ကောံကောန်ဂကူ(The opinion on the forming of NUG)
04/05/2021
Ramanya Institute's Political Analysis
03/24/2021
With General Htaw Mon (NMSP's former President) in Ruili (Shwe Li) China, on March 11-14, 2013. Missed him at this time of political turmoil and crisis. He was not a perfect leader, but he was relatively determined and provided strong and decisive leadership in times of crisis.
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Phoenix, AZ
85048