Peter Lin

Peter Lin

Share

I post whatever I like and whenever I feel like posting.

09/20/2026

Whoever this is, I 100% agree! Houston is underrated when it comes to FOOD

09/20/2026

ဒါပဲလေ... 💪🏽

09/20/2026

ကဲ့.... ချကွာ တို့လူ... ဒီညလည်းနိုင်ရမယ် 💪🏽

09/19/2026

ဘယ်တော့မှ ငွေမစုသင့်တဲ့ အကောင့်
အမေရိကမှာ လူတိုင်းလိုလို checking ဘဏ်အကောင့်ရှိကြပါတယ်။ ဒီအကောင့်ဟာ bill ပေးဖို့အကောင့်လို့ ပြောရရင်အမှန်ဆုံးဖြစ်လိမ့်မယ်ထင်တယ်။ သူ့ရဲ့အလုပ်က ဝင်ငွေလက်ခံဖို့နဲ့ bill ပေးဖို့ပဲ။ ဘယ်တော့မှ ဒီအကောင့်မှာ ငွေမစုသင့်ဘူး။
ဘာကြောင့်လဲ ပြောပြမယ်...

ကျနော့်ရဲ့ chase checking အကောင့်အတိုးနှုန်းက 0.01% APY
$1,000 စုရင် တစ်နှစ်လုံးစုမှ ¢10 (ဆယ်ပြား)

ဒေါ်လာတစ်သိန်း ($100,000) စုရင်တောင် တစ်နှစ်လုံးစုမှ $10 ပဲရမယ်

အဆိုးဆုံးက အပြင်က wire ငွေဝင်လာရင် အသာလေး $15 ဖြတ်လိုက်တာပဲ။ ဒါတောင် အဝင်နော်။ အထွက်က $35

အဲဒီတော့ စဉ်းစားပါ။ အရေးပေါ် (emergency funds) အတွက် ငွေစုမယ်ဆို high yield savings account တွေမှာပဲစုပါ။ 3.5% - 4.5% APY ပေးကြပါတယ်။
$100,000 စုရင် လစဉ်အတိုးနှုန်း $350 ဝန်းကျင်ရနိုင်တယ်

အဆင်ပြေကြပါစေ

HYSA ဘဏ်တချို့အတွက် link တင်ပေးထားတယ် https://www.nerdwallet.com/banking/m/standout-high-yield-savings-products

09/19/2026

Oppa တို့စီးပွားရေး တော်ချက်ပြောပြမယ်

ကျောင်းနဲ့ချိတ်တယ်။ ကျောင်းမှာ free Taekwondo class ၁ ပတ်သင်တန်းပေးတယ်။ ဒီသင်တန်းအတွက် registration fee အနေနဲ့ ကလေးတစ်ယောက်ကို $30 ယူတယ်။ ကိုယ့်သားသမီးကြိုက်တာဆိုတော့လည်း မိဘတော်တော်များများက sign up လုပ်ကြတာပေါ့။ ဒီ $30 ကို ကျောင်းကိုပြန်လှူတယ်။

သင်တန်းပြီးတော့ သူတို့ရဲ့ training center မှာသင်တန်းဆင်းပွဲလုပ်တယ်။ မိဘတွေကိုခေါ်
တယ်။ သင်တန်းမှာ အနည်းဆုံး သူတို့ဘာသာဟကား Gamsahabnida (ကျေးဇူးတင်ပါတယ်) သင်ပေးသွားတယ်။ Taekwondo သင်တန်းမှာ မိဘကိုရိုသေဖို့၊ အချင်းချင်းလေးစားဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ စတာတွေသင်ပေးတယ်။

ဒါကို သင်တန်းဆင်းပွဲမှာ မိဘတွေမြင်အောင် လုပ်ပြသွားတယ်။ မိဘတွေပျော်ပြီး စိတ်လည်းချမ်းသာတယ်။ ကလေးတွေလည်း အရမ်းပျော်တော့ မိဘတော်တော်များများက သင်တန်းထားဖို့ စာရင်းပေးကြတယ်... အဲဒီလိုနဲ့ ရပ်ကွက်ထဲက ကျောင်းတိုင်းနဲ့ချိတ်ပြီး လုပ်တာ စီးပွားတွေဖြစ်လို့... စီးပွားရေးအကွက်တွေ အတုယူစရာပါ...

09/19/2026

အိမ်ခြံမြေအရောင်းအဝယ်လုပ်တယ်ဆိုတာရုပ်ချောသူတွေရဲ့ industry လို့ပြောရမလားပဲ... ကျနော်ကတော့ exceptional 🤣

ရုပ်လည်းမချော မိန်းမလည်း မဟုတ်ဆိုရင် Realtor လုပ်ဖို့ ၄ ခါပြန်စဉ်းစားပါ 😂

09/17/2026

Costco ရဲ့အားနည်းချက်ဖြစ်တဲ့ delivery ကိုအဆင်ပြေအောင် လုပ်တော့မယ်နဲ့တူတယ်... ဒါနဲ့ပတ်သက်လို့ မကြာသေးခင်က post တင်ဖြစ်သေးတယ်။ Customer တွေရဲ့အသံနားထောင်တယ်ဆိုတော့ Costco က ဒီထက်တိုးတက်အုံးမယ်လို့မြင်တယ်...

တကယ်တော့ သိလား Costcos ကအာရှသားတွေအကြိုက်အရမ်းသိတယ် 🤣😂 ဒါကြောင့် အရမ်းရောင်းရတာ... အာရှာသားတွေကလည်း discount ဆိုအသေကြိုက်ဆိုတော့လေ... အဲဒီမှာစတွေ့ကြတာပဲ 😂

09/17/2026

အတိုးနှုန်းက တက်ပဲတက်နေတယ် 🐐ညစ်😬

09/17/2026

လွန်ခဲ့တဲ့ ၅၅ နှစ်အတွက် အိမ်အတိုးနှုန်း
အတိုးနှုန်းကျတာစောင့်မလား loan qualify ဖြစ်တဲ့အချိန်စောင့်မလား ကိုယ့်ရဲ့ရွေးချယ်မှုအဓိကပါ

09/16/2026

ငွေဖြုန်းတာချင်းတူပေမဲ့ ရလဒ်မတူ

တချို့က အဝတ်အစား၊ ကား၊ စားစရာ၊ အပျော်ခရီးအတွက် ငွေဖြုန်းတယ်။
သူကလက်ရှိမှာ သူပျော်ရွှင်မှုရဖို့ငွေဖြုန်းတယ်။

တချို့က အနာဂတ်မှာတန်ဖိုးတက်မဲ့အရာဖြစ်တဲ့ stock တွေ အိမ်တွေဝယ်ပြီး ငွေဖြုန်းတယ်။ သူကအနာဂတ်မှာ ငွေကြေးလွတ်လပ်မှုရဖို့ ငွေဖြုန်းတီးတယ်။
ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲ။ အဖြေမှန်ဆိုတာ ရှိမယ်မထင်...

စဉ်းစားမိတာလေးပါ

Want your public figure to be the top-listed Public Figure in Houston?
Click here to claim your Sponsored Listing.

Category

Website

Address


Houston, TX
77494,77450,77449,77083,77036,77493

Alerts

Be the first to know and let us send you an email when Peter Lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Houston.