Paolo Hospital Rangsit - Myanmar
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Paolo Hospital Rangsit - Myanmar, โรงพยาบาล, โรงพยาบาลเปาโล รังสิต 11/1 ถนน รังสิต/นครนายก ตำบล ประชาธิปัตย์ อำเภอธัญบุรี, Thanyaburi.
27/02/2026
👁️ မျက်လုံးကျန်းမာရေးကို ဂရုစိုက်ရန်နှင့် အရွယ်မတိုင်ခင် မျက်လုံးအိုမင်းခြင်းမှ ကာကွယ်ရန် နည်းလမ်း (၈) ချက်
1️⃣ မျက်လုံးကို အနားယူပြီး ကြာရှည်စွာအသုံးပြုချိန်ကို လျှော့ချပါ။
2️⃣ ဖုန်းစခရင်အလင်းရောင်နှင့် ကွန်ဗျုတာစခရင်အလင်းရောင်များကို သင့်လျော်စွာ ချိန်ညှိပါ။
3️⃣ မျက်လုံးခြောက်ခြင်းလက္ခဏာများကို သက်သာစေရန် မကြာခဏ မျက်တောင်ခတ်ပေးပါ။
4️⃣ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန် နေကာမျက်မှန်တပ်ပါ။
5️⃣ မျက်လုံးအား အာဟာရဖြစ်စေသည့်အစားအစာများဖြစ်သော ဟင်းသီးဟင်းရွက်များ၊ ကြက်ဉများ၊ ငါးများ စားသုံးပေးပါ။
6️⃣ လုံလောက်အောင် အိပ်ပါ။
7️⃣ မျက်လုံးအား အတင်းပွတ်ခြင်းကို ရှောင်ပါ။
8️⃣ သင့်အမြင်အာရုံက ပုံမှန်ဖြစ်နေသေးရင်တောင် ပုံမှန်မျက်စိစစ်ဆေးပါ။
🩵 မျက်လုံးဆိုသည်မှာ ကိုယ့်ကိုကိုယ်သတိမထားမိဘဲ ယိုယွင်းလာနိုင်ပါတယ်။
ယနေ့မှစပြီး သင့်မျက်လုံးကို ဂရုစိုက်ခြင်းက ကောင်းသော အမြင်အာရုံကို ကြာရှည်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ မျက်လုံးနှင့်ပတ်သက်ပြီး အေသးစိတ်မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
17/02/2026
🚨 အူကျရောဂါဆိုတာဘာလဲ?
အူကျရောဂါဆိုသည်မှာ ဝမ်းဗိုက်တွင်းအင်္ဂါများဖြစ်သည့် အူများ၊ အဆီများ၊ သို့မဟုတ် တစ်သျှူးများ၊ ဝမ်းဗိုက်နံရံရှိ အားနည်းသောအချက်ကို တွန်းထုတ်ပြီး ပေါင်ခြံ သို့မဟုတ် ချဲ့နားတစ်ဝိုက်တွင် ပုံမှန်မဟုတ်သော အလုံးများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
🔍 အဖြစ်များသော အကြောင်းရင်းများ
▪️ ဝမ်းဗိုက်နံရံ အားနည်းခြင်း (မွေးရာပါ သို့မဟုတ် အသက်အရွယ်ကြောင့်ဖြစ်ခြင်း)
▪️ လေးလံသော အရာများကို ပုံမှန် သယ်ခြင်း
▪️ နာတာရှည် ချောင်းဆိုးခြင်းနှင့် ဝမ်းသွားမကြာခဏညစ်ခြင်း
▪️ ကိုယ်အေလးချိန်ပိုခြင်း/အဝလွန်ခြင်း
▪️ကိုယ်ဝန်ဆောင်သောသူများ
⚠️ စောင့်ကြည့်ရမည့် လက္ခဏာများ
▪️ ပေါင်ခြံ သို့မဟုတ် ချဲ့နားတစ်ဝိုက်တွင်ဖြစ်ပေါ်လာသောအလုံးတစ်ခု (ရပ်နေချိန် သို့မဟုတ်ဗိုက်ညစ်နေချိန်တွင် ထင်ရှားစွာမြင်ရခြင်း)
▪️ တည်ရှိသောနေရာတွင် နာကျင်ခြင်း သို့မဟုတ် တောင့်တင်းပြီးအဆင်မပြေဖြစ်ခြင်း။
▪️ ချောင်းဆိုးခြင်း၊ အလေးမတ်ခြင်း သို့မဟုတ် အားစိုက်ထုတ်သည့်အခါ နာကျင်မှုသည် ပိုဆိုးလာခြင်း
❗ မကုသဘဲကြာရှည်စွာထားပါက
အူလမ်းကြောင်းသွေးကြောပိတ်ခြင်း သို့မဟုတ် အူလမ်းကြောင်းသွေးလည်ပတ်မှုနည်းပြီး သေဆုံးခြင်းအထိ ဖြစ်စေနိုင်သည်။အူကျွံခြင်းကို အစောပိုင်းအဆင့်တွင် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်းသည် အန္တရာယ်ကင်းပြီးနောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်သည်။
ဝေဒနာ ပြင်းထန်လာသည့်အထိ မစောင့်ပါနဲ့ သေးစိတ်အချက်အလက်များအတွက် မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
12/02/2026
👂 နားအလယ်ပိုင်း ရောင်ရမ်းခြင်း/ နားပိုးဝင်ခြင်း ကိုဘာတွေကဖြစ်စေသလဲ?
နားအလယ်ပိုင်းေရာင်ရမ်းခြင်းဆိုသည်မှာ နားအလယ်တွင် ပိုးဝင်သည့်အခြေအနေတစ်ခုဖြစ်ပြီး ၎င်းသည် အများအားဖြင့် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ရှိပြီး နားနာကျင်ခြင်း၊ နားမကြားခြင်း သို့မဟုတ် အကြားအာရုံလျော့နည်းခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်စေပါသည်။
🔍 အဖြစ်များသော အကြောင်းရင်းများ
▪️ အအေးမိခြင်း၊ လည်ချောင်းနာခြင်းနှင့် ထိပ်ကပ်နာများကဲ့သို့သော အသက်ရှူလမ်းကြောင်းအပေါ် ပိုးဝင်ခြင်း။နားထဲရေဝင်ပြီးနည်းလမ်းမှန်ကန်စွာမသန့်ရှင်းပေးခြင်း
▪️ နားက လော်ခြင်း (သို့) သင့်နားထဲသို့ မာကျောသော အရာများကိုထိုးထည့်ပြီး ဒဏ်ရာများနှင့် ရောဂါပိုးများကို ဖြစ်စေနိုင်ခြင်း
▪️ ဓာတ်မတည့်ခြင်းများသည် နားအတွင်း လေပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်ခြင်း ▪️ကလေးငယ်များတွင် နားဝင်ပေါက်များ တိုပြီး ကျဉ်းသောကြောင့် ရောဂါပိုးဝင်နိုင်ချေပိုရှိခြင်း
⚠️ လျစ်လျူမရှုသင့်သော လက္ခဏာများ။
▪️ နားကိုက်ခြင်း၊ နားအူခြင်း။
▪️ နားအတွင်းမှ အရည် သို့မဟုတ် နားပြည်များ ထွက်ခြင်း။
▪️ အကြားအာရုံကို လျော့ကျခြင်း။
▪️ အဖျားတက်ခြင်း သို့မဟုတ် မူးဝေခြင်းတို့လည်း ဖြစ်နိုင်ပါသည်။နားပိုးဝင်ခြင်းများကို မကုသဘဲထားပါက အကြားအာရုံများဆုံးရှုံးသွားနိုင်သည်။
ပုံမှန်မဟုတ်သော လက္ခဏာများခံစားရပါက မှန်ကန်သောရောဂါရှာဖွေခြင်းနှင့် ကုသမှုအတွက် ENT အထူးကုဆရာဝန်ထံ အမြန်ပြသရန်လိုအပ်ပါသည်
သင့်လျော်သော အကြားအာရုံစောင့်ရှောက်မှုအတွက်နား၊ နှာခေါင်း၊ လည်ချောင်း (ENT) အထူးကုနှင့် တိုင်ပင်ပါ။အသေးစိတ်အချက်အလက်များအတွက် မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
📲 Viber : 0945271723
သို့မဟုတ် Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။
10/02/2026
🧬 "အရေပြားစနစ်" ကိုနားလည်သိထားခြင်းသည် သင်ထင်ထားတာထက်ပိုမိုအရေးကြီးသည်။ အရေပြားသည် အလှအပရေးရာအတွက်သာ မဟုတ်ပဲ
၎င်းသည် ကိုယ်ခန္ဓာ၏အကြီးဆုံး အင်္ဂါဖြစ်ပြီး ကျွန်ုပ်တို့ကို နေ့စဉ်ကာကွယ်ပေးသည့် ပထမဆုံးသော ကာကွယ်ရေးစည်းဖြစ်သည်။
✨ အရေပြားစနစ်သည် အောက်ပါကဲ့သို့သော အရေးကြီးသော လုပ်ဆောင်ချက်များ
✔ ပိုးမွှားများ၊ ဘက်တီးရီးယားများနှင့် အညစ်အကြေးများကို ကာကွယ်ပေးခြင်း
✔ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း
✔ နာကျင်ခြင်း ၊ အပူ ၊ အအေး တို့ကို ခံစားရခြင်း
✔ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် D ကို ထုတ်လုပ်ပေးခြင်း
🩵 သင့်အသားအရေကျန်းမာလာသောအခါ သင့်ကျန်းမာရေးတစ်ခုလုံးလည်း ကောင်းမွန်လာမှာဖြစ်သည့်အတွက် အသားအ ရေထိန်းသိမ်းမှုဆိုတာကိုယ့်ရဲ့ကျန်းမာေရးကို ပြင်ပကနေအတွင်းထိ ဂရုစိုက်တာပါပဲ။
✨ရေရှည်ကျန်းမာရေးနှင့် လူနေမှုဘဝကောင်းမွန်စေရန်သင်၏ "အရေပြားစနစ်" ကို ယနေ့မှစ၍အာရုံစိုက်ရန်လိုအပ်ပါသည်။
အသေးစိတ်အချက်အလက်များအတွက် မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
📲 Viber : 0945271723
သို့မဟုတ် Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။
02/02/2026
အသည်းအဆီဖုံးရောဂါဆိုသည်မှာ အသည်းဆဲလ်များတွင် အဆီများစုပုံလာသည့် အခြေအနေတစ်ခုဖြစ်ပြီးအသည်းအဆီဖုံးလွန်ကဲခြင်းသည် ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။
အသည်းအဆီဖုံးရောဂါဖြစ်ရတဲ့အကြောင်းရင်းများတွင် အရက်/ဘီယာအလွန်အကျွံ ကြာရှည်စွာသောက်သုံးခြင်းကြောင့်အသည်းလုပ်ဆောင်ချက်ကို ထိခိုက်စေပြီး အဆီများစုပုံလာခြင်းဖြစ်သည်။
တစ်ခါတစ်ရံတွင် အသည်းအဆီဖုံးရောဂါသည် အရက်/ဘီယာ ကြောင့် အမြဲတမ်းဖြစ်ပွားခြင်းမဟုတ်ဘဲ အင်ဆူလင်ယဉ်ပါးခြင့်နှင့် ပုံမှန်မဟုတ်သောခန္ဓာကိုယ်လောင်ကျွမ်းမှုစနစ်ကြောင့်ဆက်စပ်နေသည့်
အောက်ပါအခြေအနေများ
🔶 အဝလွန်ပြီးဗိုက်ပူခြင်း
🔶 ကိုလက်စထရော များခြင်း
🔶 သွေးတိုးရောဂါ ရှိခြင်းတို့ဖြစ်သည်
အသေးစိတ်အချက်အလက်များအတွက် မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
📲 Viber : 0945271723
သို့မဟုတ် Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။
28/01/2026
အသည်းအဆီဖုံးရောဂါဆိုသည်မှာ အသည်းဆဲလ်များတွင် အဆီများစုပုံလာသည့် အခြေအနေတစ်ခုဖြစ်ပြီးအသည်းအဆီဖုံးလွန်ကဲခြင်းသည် ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။
အသည်းအဆီဖုံးရောဂါဖြစ်ရတဲ့အကြောင်းရင်းများတွင် အရက်/ဘီယာအလွန်အကျွံ ကြာရှည်စွာသောက်သုံးခြင်းကြောင့်အသည်းလုပ်ဆောင်ချက်ကို ထိခိုက်စေပြီး အဆီများစုပုံလာခြင်ဖြစ်သည်။
တစ်ခါတစ်ရံတွင် အသည်းအဆီဖုံးရောဂါသည် အရက်/ဘီယာ ကြောင့် အမြဲတမ်းဖြစ်ပွားခြင်းမဟုတ်ဘဲ အင်ဆူလင်ယဉ်ပါးခြင့်နှင့် ပုံမှန်မဟုတ်သောခန္ဓာကိုယ်လောင်ကျွမ်းမှုစနစ်ကြောင့်ဆက်စပ်နေသည့်
အောက်ပါအခြေအနေများ
🔶 အဝလွန်ပြီးဗိုက်ပူခြင်း
🔶 ကိုလက်စထရော များခြင်း
🔶 သွေးတိုးရောဂါ ရှိခြင်းတို့ဖြစ်သည်
အသည်းဆီဖုံးခြင်းဖြစ်မဖြစ် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီး ဆရာဝန်ညွန်ကြားသည့်အတိုင်းဆေးစစ်ရောဂါရှာဖွေရန်လိုအပ်ပါသည်။
အသေးစိတ်အချက်အလက်များအတွက် မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
📲 Viber : 0945271723
သို့မဟုတ် Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။
27/01/2026
နှလုံးခုန်နှုန်းမမှန်ခြင်းသည် အဖြစ်များသော်လည်း အချို့လူတွေကနှလုံးခုန်နှုန်းမမှန်ခြင်း၏ ပြင်းထန်မှုကို မသိကြပါ...
🔔 နှလုံးခုန်ရပ်ခြင်း
🔔 သွေးခဲခြင်း
🔔 လေဖြတ်ခြင်း
🔔 ရုတ်တရက် နှလုံးရပ်ခြင်း
နှလုံးခုန်မမှန်ခြင်းအတွက် ရောဂါရှာဖွေစစ်ဆေးမှုများ-
▪️ (ECG သို့မဟုတ် EKG)စစ်ဆေးခြင်း
▪️ Holter monitor(နှလုံးခုန်နှုန်းနှင့်နှလုံးစည်းချက်မှန်မမှန် စက်တပ်ဆင်၍စစ်ဆေးမှတ်တမ်တင်းခြင်း)
▪️ Event recorder(နှလုံးခုန်နှုန်းမှန်မမှန်စက်တပ်ဆင်၍မှတ်တမ်းယူခြင်း)
▪️ Echocardiogram(နှလုံး အယ်ထရာစောင်းEcho ရိုက်ခြင်း)
▪️ Implantable loop recorder(နှလုံးစက်ထည့်သွင်းခြင်း
▪️ နှစ်လုံဖိအားစစ်ဆေးခြင်းသည် နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် နှလုံးခုန်မမှန်ခြင်းများကို ရောဂါရှာဖွေခြင်း
ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများ ခံစားရခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက နေ့စဉ် နံနက် ၈:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ နှလုံးအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်
—————
အသေးစိတ်အချက်အလက်များအတွက် မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
📲 Viber : 0945271723
သို့မဟုတ် Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။
22/01/2026
လူအတော်များများဟာ "လိပ်ခေါင်းရောဂါ" ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ကြောက်ကြပြီး- နာကျင်မှုကို ကြောက်ခြင်း၊ ခွဲစိတ်မှုကို ကြောက်ခြင်း၊ တစ်သက်လုံး ခံစားရမှာကို ကြောက်ကြပါတယ်၊တကယ်တမ်းတော့
✅ လိပ်ခေါင်းရောဂါဆိုသည်မှာကုသနိုင်ပြီး
✅ ယောက်တိုင်းခွဲစိတ်ကုသမှုမလိုအပ်ပါဘူး။
✅ အစောပိုင်းအဆင့်မှာ ဆရာဝန်နဲ့ ကြိုတင်ပြသပါက ကုသမှုပိုလွယ်ကူစေပြီး ပြန်ကောင်းလာဖို့ဆိုတာကိုလည်း ပိုမိုမြန်ဆန်ပါသည်
ရှက်ရွံ့မှုကြောင့် သေးငယ်တဲ့ အခြေအနေကနေ ကြီးမားတဲ့ အခြေအနေအထိ ပြောင်းလဲသွားနိုင်သည်။
Paolo Rangsit ဆေးရုံမှာ အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရန်လိုပါက မနက်8:00-ညနေ20:00အထိလာရောက်တိုင်ပင်ဆွေးနွေနိုင်ပါသည်
အသေးစိတ်အချက်အလက်များအတွက် မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
📲 Viber : 0945271723
သို့မဟုတ် Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။
20/01/2026
လိပ်ခေါင်းရောဂါသည် စအိုနားတစ်ဝိုက်ရှိသွေးကြောများ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပွါးလေ့ရှိသောအလေ့အထများ
📌 အိမ်သာအတွင်းအချိန်ကြာမြင့်စွာထိုင်ခြင်း
📌 ဝမ်းသွားစဉ် အားစိုက်ရခြင်း
📌 ဝမ်းချုပ်ခြင်း
📌 ရေဓာတ်မလုံလောက်ခြင်း
📌 အချိန်ကြာမြင့်စွာထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်း
🔶 အဖြစ်များသောလက္ခဏာများတွင် 🔶
🔹 စအိုပတ်လည်တွင် နာကျင်ခြင်း သို့မဟုတ် ယားယံခြင်း
🔹 ဝမ်းသွားစဉ် သွေးစိမ်းထွက်ခြင်း
🔹 စအိုအဝတွင် အဖုအလုံးထွက်ခြင်းတို့ဖြစ်သည်။
သင့်ကျန်းမာရေးကို ဂရုစိုက်ရန် လွယ်ကူသောနေမှုပုံစံကို ပြောင်းလဲပြီး ပုံမှန်မဟုတ်သောရောဂါလက္ခဏာများခံစားရပါကဆေးကုသမှုခံယူရန် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါသည်
အသေးစိတ်အချက်အလက်များအတွက် မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
📲 Viber : 0945271723
သို့မဟုတ် Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။
16/01/2026
❤️ “နှလုံးရောဂါ”အကြောင်း သိထားဖို့ ဘာကြောင့် အရေးကြီးတာလဲ?
နှလုံးရောဂါဆိုသည်မှာ မိမိတို့ကိုအမြဲတမ်း ကြိုတင်သတိပေးတာမျိုး မဟုတ်ပါဘူး။
လူအများစုဟာ ကျန်းမာပုံပေါ်ပေမယ့် မသိလိုက်ဘဲ အန္တရာယ်ရှိနေကြပါတယ်။
📌 စောစီးစွာ သိရှိခြင်း = ကာကွယ်ခြင်း
📌 စောစီးစွာ သိရှိခြင်း = ပြင်းထန်မှု လျော့နည်းခြင်း
📌 စောစီးစွာ ကုသမှု = အသက်ရှင်နိုင်ခြေ မြင့်မားခြင်း
အောက်ပါ အသေးအဖွဲ လက္ခဏာများမှာ -
လွယ်လွယ် မောပန်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးဝေခြင်းသည်
အနားယူချိန် မလုံလောက်ခြင်းကြောင့်သာမက နှလုံးမှ သတိပေး လက္ခဏာများကြောင့်လည်း ဖြစ်နိုင်ပါသည်။
—————
အသေးစိတ်အချက်အလက်များအတွက် မေးမြန်းလိုပါက
ပေါင်လိုလန်းစစ်ဆေးရုံ
📞 :02-777-8111 သို့မဟုတ်
Contact Us : Saw Kyaw Lwin Nyein
📞 : 0945271723
📲 Viber : 0945271723
သို့မဟုတ် Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။
အရေးပေါ်အခြေအနေဖြစ်တဲ့အထိမစောင့်ပါနဲ့။
နှလုံးရောဂါကို နားလည်ထားခြင်းဆိုသည်မှာ သင့်ဘဝနှင့် သင်ချစ်ရသူများ၏ ဘဝကို ဂရုစိုက်ခြင်းဖြစ်ပါသည် ❤️
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
โรงพยาบาลเปาโล รังสิต 11/1 ถนน รังสิต/นครนายก ตำบล ประชาธิปัตย์ อำเภอธัญบุรี
Thanyaburi
12130