สวนนายกังฟู ทุเรียนหมอนทองคุณภาพจากสวน
Rayong 21100
“ทุเรียนหมอนทองต้นแก่จัด จากสวนทุเรียน 25+ ปีในภาคตะวันออก ปลูกแบบธรรมชาติ ไม่ฉีดพ่นสารเคมีก่อนตัด ขายแบบพรีออเดอร์ – สั่งจองแล้วตัดสดจากต้น ส่งตรงถึงมือคุณ”
🌈🤍🌻🏳️🌈
21/11/2026
📌“Papii မရှိခဲ့ရင် ဒီနေ့ ကျွန်တော့်ဘဝ ဘယ်လိုဖြစ်နေမလဲဆိုတာတောင် မသိပါဘူး” — ၁၁ နှစ်တာ လက်တွဲမှုအပေါ် ရင်ဖွင့်လာတဲ့ OffGun 🥺💚
ထိုင်း BL လောကမှာ ၁၁ နှစ်တိုင်တိုင် အတူလက်တွဲလာခဲ့ကြတဲ့ Off Jumpol နဲ့ Gun Atthaphan တို့ဟာ နိုဝင်ဘာ ၁၉ ရက်က ထုတ်လွှင့်ခဲ့တဲ့ Flex Talk 2026 EP.137 အစီအစဉ်မှာ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ကျေးဇူးတင်စကားတွေကို ရင်ထဲကနေ ပွင့်ပွင့်လင်းလင်း ဖွင့်ဟသွားခဲ့ပါတယ်။
Off ပြောခဲ့တဲ့ စကားလေးကတော့...
"၁၁ နှစ်လုံး ကျွန်တော့်အတွက် အကောင်းဆုံး ပါတနာ ဖြစ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် Gun" တဲ့။ အရင်က စိတ်တိုလွယ်တတ်တဲ့ Off တစ်ယောက် ဘယ်အချိန်မဆို ပြုံးပြီး စိတ်ရှည်တတ်တဲ့ Gun ဆီကနေ စိတ်အေးအေးထားတတ်ဖို့ သင်ယူခဲ့ရသလို၊ အလုပ်အပေါ် တာဝန်ယူမှုအပြည့်နဲ့ အချိန်မှန်တတ်တဲ့ Gun ကို အမြဲလေးစားရကြောင်း ပြောပြခဲ့ပါတယ်။
Gun ရဲ့ အလှည့်ရောက်တော့လည်း...
"တကယ်လို့ အဲဒီနေ့ကတည်းက ကျွန်တော့်ဘဝမှာ Papii မရှိခဲ့ဘူးဆိုရင် ဒီနေ့ ကျွန်တော့်ဘဝ ဘယ်လိုဖြစ်နေမလဲဆိုတာတောင် ကျွန်တော် မသိပါဘူး" ဆိုပြီး အစပိုင်းကတည်းက လမ်းညွှန်ဆုံးမပေးခဲ့တဲ့ စီနီယာ Off ရဲ့ အရေးပါပုံကို မျက်ဝန်းချင်းဆုံပြီး လေးလေးနက်နက် ပြန်ပြောပြခဲ့ပါတယ်။
၁၁ နှစ်အတွင်း ပြဿနာကြီးကြီးမားမား မရှိခဲ့ဘဲ အကြီးမားဆုံး စကားများစရာကိစ္စဆိုလို့ "လေလည်တဲ့ကိစ္စ" လောက်ပဲ ရှိခဲ့တယ်ဆိုပြီး ဟာသနှောခဲ့ကြပါသေးတယ် 😂
၂၀၁၆ ခုနှစ် Puppy Honey ကနေ စတင်ခဲ့တဲ့ သူတို့ရဲ့ ခရီးလမ်းဟာ အခုဆိုရင် ဆယ်ခုမြောက် တွဲဖက်စီးရီးဖြစ်တဲ့ Gunshot (နိုဝင်ဘာ ၂၃ ရက် စတင်ပြသမည်) အထိ ရောက်ရှိလာပါပြီ။ ၁၁ နှစ်ကြာ မပြောင်းလဲတဲ့ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကတော့ တကယ့်ကို လေးစားအားကျစရာပါပဲနော်! 💚✨
21/11/2026
📌“ငါက ဒီခန္ဓာကိုယ်နဲ့ အလုပ်လုပ်နေရတာနော်” ဆိုပြီး အစ်ကိုဖြစ်သူ Win ရဲ့ ဘဝင်မြင့်ခဲ့ဖူးတဲ့ အတိတ်ကို ဖောက်သည်ချလိုက်တဲ့ ညီဖြစ်သူ Mick 😂
ညီအစ်ကိုတွေကြားက ဘယ်တော့မှ မေ့မရတဲ့ ရယ်စရာ အမှတ်တရလေးတစ်ခုကို Mick Metas က Based on 2 Stories EP.15 အစီအစဉ်မှာ အစ်ကိုဖြစ်သူ Win Metawin ရှေ့တင် ဖော်ထုတ်ပြောပြလိုက်ပါပြီ!
ဖြစ်ပုံကတော့ ၂၀၂၀ ပြည့်နှစ်၊ 2gether စီးရီး နာမည်ကြီးခါစ အချိန်တုန်းကပါ။ တစ်မိသားစုလုံး စီးရီးအတူထိုင်ကြည့်နေကြရင်း Mick ရဲ့ တံတောင်ဆစ်က အစ်ကိုဖြစ်သူ Win ကို မတော်တဆ သွားတိုက်မိပါလေရော။ အဲဒီမှာ Win က ဘေးကို အသာလေးရွှေ့သွားပြီး...
"မင်းသိလား၊ ငါက ဒီခန္ဓာကိုယ်နဲ့ အလုပ်လုပ်နေရတာနော်" ဆိုပြီး ခပ်တည်တည်နဲ့ ပြန်ပြောခဲ့တာတဲ့လေ 😂
ညီဖြစ်သူ Mick ကတော့ အဲဒီစကားကြားပြီး စိတ်ထဲ နည်းနည်းအောင့်သက်သက် ဖြစ်သွားပေမဲ့ Win ကတော့ ဒီနေ့ပြန်ပြောပြမှ "တကယ်လား? ငါ လုံးဝမမှတ်မိတော့ဘူး" ဆိုပြီး အံ့ဩနေခဲ့ပါတယ်။
ဒါပေမဲ့ Win ကလည်း အဲဒီအချိန်တုန်းက လူသိများလာခါစမို့ စိတ်ထဲ နည်းနည်း ဘဝင်မြင့်စပြုလာခဲ့ဖူးကြောင်းနဲ့ မိသားစုကသာ အရင်က Win အတိုင်းပဲ ဆက်ဆံပေးခဲ့လို့ လက်တွေ့ဘဝထဲ ပြန်ရောက်လာခဲ့တာပါလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံသွားပါတယ်။
မိသားစုတွေကြားမှာ ဘယ်လောက်ပဲ နာမည်ကြီးကြီး "မောင်လေး၊ အစ်ကို" ဆိုတဲ့ ဆက်ဆံရေးကတော့ ပြောင်းလဲမသွားပါဘူးနော်။ ညီအစ်ကို နှစ်ယောက်လုံးရဲ့ အခုလက်ရှိ ထွက်ရှိနေတဲ့ Scarlet Heart Ullavee နဲ့ Good Boy Series တို့ကိုလည်း အားပေးကြဖို့ မမေ့နဲ့ဦးနော်! 💕
THINN
20/11/2026
📌မနက် ၁၀ နာရီကနေ ညသန်းခေါင်ကျော်အထိ မနားတမ်းလေ့ကျင့်နေတဲ့ P'Est ကို အရမ်းလေးစားမိတယ်ဆိုတဲ့ William 🥹🤍
ဒီဇင်ဘာမှာကျင်းပမယ့် WILLIAM EST REIGN TOGETHER CONCERT အတွက် နှစ်ယောက်လုံး အပြင်းအထန် ကြိုးစားနေကြပေမဲ့ သူ့ထက်ပိုပြီး အချိန်ပေးလေ့ကျင့်နေသူကတော့ P'Est ပါပဲလို့ William က vivo X500 Series ပွဲအင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။
William ပြောပြချက်အရဆိုရင်...
✨ သူက ၆၀% လောက် ပြင်ဆင်ပြီးပြီဆိုရင် Est က ၈၀% လောက်အထိ ရောက်နေပါပြီတဲ့။
✨ P'Est ရဲ့ အချိန်ဇယားက မနက် ၁၀ နာရီကနေ နောက်တစ်နေ့ မနက် ၁ နာရီ၊ ၂ နာရီလောက်အထိ နေ့တိုင်းလိုလို ရှိနေတတ်ပါတယ်။
✨ မကျွမ်းကျင်သေးတဲ့ အကကွက်တစ်ခုတွေ့ရင် အဲဒီတစ်ကွက်တည်းကိုပဲ သေချာနားလည်ပြီး အကောင်းဆုံးကနိုင်တဲ့အထိ ထပ်ခါထပ်ခါ လေ့ကျင့်နေတတ်သူပါတဲ့။
ရေကူးအားကစားသမားဘဝကနေ အနုပညာလောကထဲရောက်လာပြီး အခုလို ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ Est ရဲ့ စိတ်ဓာတ်က တကယ်ကို လေးစားစရာပါပဲ။
🗓️ Concert Date: ဒီဇင်ဘာ ၅၊ ၆၊ ၇ (IMPACT Arena, Muang Thong Thani)
အချိန်အကြာကြီး လေ့ကျင့်နေရတဲ့ P'Est လေး ကျန်းမာရေးဂရုစိုက်ဖို့နဲ့ ရှိုးပွဲကြီးအတွက် အားပေးစကားလေးတွေ Comment မှာ ရေးသွားပေးကြပါဦးနော်! 👇💬
📌William says he deeply admires P'Est for practicing non-stop from 10 AM until past midnight 🥹🤍
Although both of them are working hard for the upcoming WILLIAM EST REIGN TOGETHER CONCERT this December, William praised P'Est during a recent interview at the vivo X500 Series event for putting in even more hours of practice than him.
According to William...
✨ If he is around 60% prepared, Est is already at about 80%.
✨ P'Est's schedule runs almost daily from 10 AM until 1 AM or 2 AM the next morning.
✨ Whenever there's a dance move he hasn't mastered yet, he focuses solely on that part and practices it over and over until he fully understands it and can perform it at his best.
Transitioning from a national swimmer to an actor, Est's dedication and hard work to deliver the best possible performance for his fans are truly admirable.
🗓️ Concert Date: December 5, 6, 7 (IMPACT Arena, Muang Thong Thani)
Drop some encouraging words in the comments for P'Est to take care of his health during these long practice hours and wish them luck for the big concert! 👇💬
THINN
20/11/2026
📌 Third နဲ့ အချိန်အတူကုန်ဆုံးဖို့ အလုပ်နားရက်ယူခဲ့တယ်လို့ ဖွင့်ဟလိုက်တဲ့ Aou - “ကျွန်တော်တို့ကြားမှာ ရင်းနှီးမှုလေး နည်းနည်းတည်ဆောက်ဖို့ လိုအပ်ခဲ့လို့ပါ”
Aou Thanaboon ဟာ သူ့ရဲ့ လက်တွဲဖော်အသစ်ဖြစ်လာမယ့် Third Lapat အတွက် အချိန်ပေးနေပြီဖြစ်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပွဲအတွင်းမှာ Aou က သူ့ရဲ့ များပြားလှတဲ့ အလုပ်ချိန်ဇယားတွေကြားကနေ နားရက်တစ်ရက်ယူပြီး Third ရဲ့ မွေးနေ့အကြိုပွဲလေး လုပ်ပေးရင်း အတူတူ အချိန်ကုန်ဆုံးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
ရှေ့ဆက်ပြီး အလုပ်တွေ အတူတွဲလုပ်ရတော့မှာ ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကြားမှာ ပိုပြီး ရင်းနှီးကျွမ်းဝင်မှု ရှိဖို့ လိုအပ်ကြောင်းနဲ့ အခုလို အတူတူ အချိန်ကုန်ဆုံးခြင်းက ရင်းနှီးမှု တည်ဆောက်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့တယ်လို့ Aou က ဝန်ခံပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့... အင်း ဘယ်လိုရှင်းပြရမလဲ... အလုပ်တွေ အတူတွဲလုပ်ရမှာ ဖြစ်တဲ့အတွက် နည်းနည်းလောက် ပိုပြီး နီးနီးကပ်ကပ် ရှိဖို့နဲ့ ရင်းနှီးမှု တည်ဆောက်ဖို့ လိုအပ်ခဲ့တာပါ” လို့ သူက ပြောပြခဲ့ပါတယ်။
ဒါ့အပြင် မကြာသေးခင်ကလည်း နှစ်ယောက်စလုံး အလုပ်ကိစ္စတွေ ရှိနေတဲ့ အဆောက်အဦကနေ Third ကို ဝင်ခေါ်ပြီး မွေးနေ့အကြို အတူတူ ထမင်းသွားစားဖြစ်ခဲ့ကြောင်းလည်း Aou က ပြောပြခဲ့ပါသေးတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပမယ့် MAMA 2026 ပွဲကို တက်ရောက်ဖို့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ကို မထွက်ခွာခင် Third နဲ့ အချိန်ကုန်ဆုံးချင်ခဲ့တာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ ရက်အနည်းငယ်ကြာ ခရီးသွားရမှာ ဖြစ်သလို အကအစမ်းလေ့ကျင့်မှုတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် နှစ်ယောက်စလုံး အားလပ်တဲ့ တစ်ရက်လေးမှာ အခုလို အကောင်းဆုံး အသုံးချခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်က သုံးလေးရက်လောက် ခရီးသွားရမှာ ဖြစ်သလို အခုတလော အစမ်းလေ့ကျင့်မှုတွေလည်း အရမ်းများနေတာပါ” လို့ Aou က ပြောပြခဲ့ပြီး Third လည်း အဆောက်အဦမှာ ရှိနေမှန်း သိလိုက်ရတဲ့အချိန် အတူတူ ထမင်းစားဖို့ အကောင်းဆုံး အခွင့်အရေးပဲလို့ တွေးမိခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကြည့်ရတာတော့ Aou တစ်ယောက် အလုပ်တွေ အတူတူ မစတင်ခင်ကတည်းက သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကို ပိုပြီး ခိုင်မာအောင် သေချာတည်ဆောက်နေပုံပါပဲနော်!
THINN
20/11/2026
📌နိုင်ငံတကာ BL အတွဲတွေကြားမှာ ကိုယ်ပိုင် Vibe နဲ့ ထင်းထွက်နေတဲ့ ToptapMinlee 🖤🔥
BL လောကထဲမှာ အတွဲတွေ အများကြီး ရှိပေမဲ့ Toptap နဲ့ Minlee တို့ အတွဲကို မြင်လိုက်ရင် တခြားအတွဲတွေနဲ့ မတူတဲ့ ထူးခြားချက်တစ်ခုကို တန်းပြီး ခံစားမိကြမှာပါ။ အဲဒါကတော့ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ် ကွာခြားချက် (Body Contrast) နဲ့ Visual လိုက်ဖက်မှု ပါပဲ။
ဘာတွေက သူတို့ကို ကွဲထွက်နေစေတာလဲ? 👇
1️⃣ ပြီးပြည့်စုံတဲ့ Body Contrast:
ကျစ်လျစ်တောင့်တင်းပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့ နုနယ်ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အချိုးအစားတို့ ပေါင်းစပ်ထားတာမို့ ဘေးချင်းယှဉ်လိုက်တိုင်း ဝတ္ထုထဲက ဇာတ်ကောင်တွေအတိုင်း ကြည့်ကောင်းလွန်းနေတာပါ။
2️⃣ သာမန်ထက် ပိုထူးခြားတဲ့ Mature Vibe:
ချစ်စရာကောင်းတဲ့ ပုံစံမျိုးထက်စာရင် သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ် အနေအထားနဲ့ အကြည့်တွေက ပိုပြီး ရင့်ကျက်တဲ့ ဆွဲဆောင်မှု (Mature & Sexy Vibe) ကို ပေးစွမ်းနိုင်တာကြောင့် နိုင်ငံတကာ ပရိသတ်တွေကြားမှာပါ ရေပန်းစားနေတာ ဖြစ်ပါတယ်။
3️⃣ အပိုအလိုမရှိတဲ့ Chemistry:
ခန္ဓာကိုယ် တည်ဆောက်ပုံ ကွာခြားချက်လေးကပဲ သူတို့နှစ်ယောက် အတူရှိနေချိန်တိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမကာကွယ်ပေးနေသလိုမျိုး ခံစားချက်ကို ဖြစ်ပေါ်စေပြီး အတွဲညီလွန်းနေပါတယ်။
နိုင်ငံတကာ BL အတွဲတွေကြားထဲမှာမှ ToptapMinlee ရဲ့ ဒီလို မတူညီတဲ့ Vibe လေးကို သဘောကျကြလား? 😍✨
THINN
20/11/2026
“မိသားစုတစ်ခုလုံးကို ထောက်ပံ့နိုင်တဲ့အထိ အောင်မြင်လာလို့ ဂုဏ်ယူပေမဲ့ အသက် ၂၂ နှစ်အရွယ် သားလေးရဲ့ သာမန်ဘဝလေး ဆုံးရှုံးသွားမှာကို စိုးရိမ်မိတယ်” လို့ ရင်ဖွင့်လာတဲ့ Fourth Nattawat ရဲ့ မေမေ Mae Pui 🤍🥺
မနေ့က (နိုဝင်ဘာ ၁၉) ထွက်ရှိခဲ့တဲ့ (Ha Tham) EP.95 အစီအစဉ်မှာ မင်းသားချော Fourth Nattawat နဲ့ မေမေ Pui တို့ သားအမိနှစ်ယောက် အမဲသားကင်နဲ့ သင်္ဘောသီးထောင်းလုပ်ရင်း ပရိသတ်တွေ မသိသေးတဲ့ ငယ်ဘဝအမှတ်တရတွေနဲ့ ရင်တွင်းစကားတွေကို ပွင့်ပွင့်လင်းလင်း မျှဝေသွားခဲ့ပါတယ်။
✨
မေမေ Pui က Fourth တစ်ယောက် သရုပ်ဆောင်၊ အဆိုတော်အနေနဲ့ အချိန်တိုအတွင်း အိမ်ဝယ်၊ ကားဝယ်ပြီး မိသားစုတစ်ခုလုံးကို ထောက်ပံ့ပေးနိုင်တဲ့အထိ အောင်မြင်လာတာကို အရမ်းဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့အတွက် သာမန်အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ယောက်လို လွတ်လွတ်လပ်လပ် နေထိုင်ခွင့်တွေ ဆုံးရှုံးသွားရတာကို မိခင်တစ်ယောက်အနေနဲ့ စိုးရိမ်စိတ်မကင်း ဖြစ်မိကြောင်း ရင်ဖွင့်ခဲ့ပါတယ်။
✨
အနုပညာလောကမှာ အချစ်တွေရသလို ဝေဖန်မှုတွေလည်း ကြုံရတတ်တာမို့ မေမေ Pui က Fourth ကို "ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေကိုပဲ အာရုံစိုက်ပါ၊ ကိုယ့်ကို မကြိုက်တဲ့သူတွေကို အတင်းချစ်လာအောင် လုပ်ယူလို့မရတာမို့ ဂရုစိုက်မနေပါနဲ့" လို့ အကြံပေးခဲ့ပါတယ်။ Fourth ကလည်း သူ့ရဲ့မိသားစုအကြောင်းနဲ့ မေမေ့ရဲ့ စိတ်ရင်းအမှန်ကို ပရိသတ်တွေ ပိုသိပြီး ချစ်ခင်ပေးစေချင်ကြောင်း ပြောပြခဲ့ပါတယ်။
✨
ဗိုက်ထဲမှာကတည်းက အရမ်းကန်ကျောက်လှုပ်ရှားလွန်းလို့ အကတော်တဲ့ Superstar ဖြစ်မယ်လို့ မေမေက ကြိုသိနေခဲ့ပါတယ်တဲ့။
မွေးကင်းစတုန်းက အိမ်နီးချင်းတွေ ပါးနမ်းမှာစိုးလို့ မေမေက ခြေထောက်လေးကိုပဲ ထိခွင့်ပေးခဲ့လို့ အိမ်နီးချင်းတွေ စိတ်ဆိုးတာတောင် ခံခဲ့ရဖူးပါတယ်။
ငယ်ငယ်က Introvert ဆန်တဲ့ Fourth ဟာ မူကြိုစတက်တုန်းက ကျောင်းကြီးက အရမ်းကြီးလွန်းလို့ ကြောက်ပြီး တစ်ပတ်လုံး နေ့တိုင်းငိုခဲ့လို့ ကျောင်းပြောင်းပေးခဲ့ရပါတယ်။
အနုပညာရှင်မဖြစ်ခင်က ဘောလုံးသမားနဲ့ ဆရာဝန်ဖြစ်ဖို့ ရည်မှန်းခဲ့ပေမဲ့ ဆရာဝန်အလုပ်က အရမ်းပင်ပန်းလွန်းလို့ မေမေက အားမပေးခဲ့ပါဘူး။
ပရိသတ်တွေပေးတဲ့ ဘဝသစ်ကြောင့် အခုလို သီချင်းဆိုခွင့်၊ ဖျော်ဖြေခွင့်တွေ ရနေတာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၁ ကနေ ၂၅ အထိ ပြသမယ့် The Love of Siam The Musical မှာလည်း Gemini နဲ့အတူ အကောင်းဆုံး ကြိုးစားသွားမယ်လို့ Fourth က ကျေးဇူးတင်စကား ဆိုသွားပါတယ်။
မေမေ Pui နဲ့ Fourth တို့ သားအမိနှစ်ယောက်ရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးလေးကို ကြည့်ပြီး ရင်ထဲနွေးထွေးသွားကြရဲ့လား? 🤍✨
THINN
20/11/2026
"တက်တူးတွေကြောင့် အနုပညာလောကထဲက အသိတွေတောင် အလန့်တကြား လာမေးကြတယ်" ဆိုတဲ့ Perth Tanapon 😂🖤
မင်းသားချော Perth Tanapon ရဲ့ သီချင်းအသစ် "Sorry Not Sorry" Teaser ထွက်လာကတည်းက သူ့ရဲ့ တက်တူးတွေအပြည့်နဲ့ Bad Boy Look အသစ်ကြောင့် အားလုံး အံ့ဩနေကြတာပါ။ ပရိသတ်တွေတင်မကဘဲ အနုပညာလောကထဲက သူ့ရဲ့ အသိမိတ်ဆွေတွေတောင် တော်တော်လေး လန့်သွားကြပုံပါပဲ။
မနေ့က (နိုဝင်ဘာ ၁၉) ပြုလုပ်ခဲ့တဲ့ TikTok Live မှာ Perth က ဒီအကြောင်းကို ဟာသနှောပြီး ပြောပြသွားခဲ့ပါတယ်။
“ကျွန်တော့်ကို ၇ နှစ်၊ ၈ နှစ်လောက် သိလာခဲ့တဲ့ အနုပညာလောကထဲက သူငယ်ချင်းတွေတောင် ‘ဘာတွေဖြစ်ကုန်တာလဲ၊ Perth က ဘာလို့ ရုတ်တရက် တက်တူးတွေ ထိုးလိုက်တာလဲ’ ဆိုပြီး ကမ္ဘာကြီးပျက်တော့မလိုမျိုး အလန့်တကြား စာပို့မေးကြတယ်” လို့ Perth က ရယ်မောပြီး ပြောပြခဲ့တာပါ။
တကယ်တော့ ဒီတက်တူးတွေက MV အတွက် သီးသန့်ဖန်တီးထားတဲ့ Styling သက်သက်ပါပဲတဲ့နော်။ တကယ်ထိုးထားတာလားဆိုပြီး စိတ်ပူနေကြတဲ့ ပရိသတ်တွေလည်း အဖြေသိရလောက်ပြီ ထင်ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီပုံစံလေးက တော်တော်မိုက်တယ်လို့ သဘောကျနေပါတယ်။
ဒီတစ်ခေါက် "Sorry Not Sorry" သီချင်းက အရင်က Perth ဆိုနေကျ Dark ဖြစ်ပြီး ဆွေးဆွေးမြေ့မြေ့ Mood မျိုးမဟုတ်ဘဲ ပိုပြီး တက်ကြွလန်းဆန်းတဲ့ ပုံစံအသစ် ဖြစ်ပါတယ်။ MV ရိုက်ကူးရေးတုန်းကလည်း ပြေးရလွှားရတဲ့ အခန်းတွေများလို့ အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ရပေမဲ့ အရမ်းပျော်စရာကောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ (နိုဝင်ဘာ ၂၀) မှာပဲ RISER MUSIC ရဲ့ YouTube Channel ကနေ MV အပြည့်အစုံ ထွက်ရှိလာမှာဖြစ်ပြီး အထူးဧည့်သည်တော်အဖြစ် Benz Jittanan လည်း ပါဝင်ထားပါသေးတယ်။
တက်တူးတွေနဲ့ အမိုက်စား Perth ရဲ့ ပုံစံအသစ်ကို မြင်ရဖို့ အားလုံးပဲ Ready ဖြစ်နေကြပြီလား? 👀🔥
THINN
20/11/2026
📌 ၂၀၂၇ မှာထွက်ရှိမယ့် ဇာတ်လမ်းတွဲအသစ်မှာ FreenBecky တို့ ပြန်လည်ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ!
FreenBecky ဖန်လေးတို့ စောင့်မျှော်နေကြရတဲ့ အချိန်တွေ ပြီးဆုံးသွားပါပြီနော်! ထိုင်း GL စူပါစတားတွေဖြစ်ကြတဲ့ Freen Sarocha Chankimha နဲ့ Becky Armstrong တို့ဟာ လာမယ့်နှစ်မှာ ဖန်သားပြင်ထက်မှာ စုံတွဲအဖြစ် ပြန်လည်မြင်တွေ့ရမယ့် GL ဇာတ်လမ်းတွဲအသစ်အတွက် တရားဝင် ပြန်လည်ပူးပေါင်းလိုက်ကြပြီ ဖြစ်ပါတယ်။
ဒီစိတ်လှုပ်ရှားစရာ ကြေညာချက်ကို ပွဲမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦး ဦးဆောင်ပါဝင်မယ့် ဇာတ်လမ်းတွဲအသစ်ကို Amarin TV မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီပရောဂျက်အသစ်လေးကတော့ ဂိမ်း (Game) ကို အခြေခံထားတဲ့ ဇာတ်လမ်းပုံစံမျိုး ဖြစ်တယ်လို့ သိရပြီး ၂၀၂၇ ခုနှစ်မှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။
ဒီပြန်လည်ပူးပေါင်းမှုဟာ ပြီးခဲ့တဲ့နှစ်က IDOL FACTORY ကနေ ထွက်ခွာခဲ့ပြီးနောက် တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေကိုယ်စီ လုပ်ဆောင်နေကြတဲ့ FreenBecky တို့အတွက် အရေးပါတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ နှစ်ယောက်လုံးက ကိုယ်ပိုင်အလုပ်တွေနဲ့ တိုးတက်အောင်မြင်နေကြပေမဲ့ ဖန်လေးတွေကတော့ သူတို့နှစ်ဦး ဖန်သားပြင်ထက်မှာ အတူတူ ပြန်လည်သရုပ်ဆောင်တာကို အရမ်းမြင်ချင်နေခဲ့ကြတာပါ။
အခုတော့ အားလုံး အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ ပြန်လည်ဆုံဆည်းမှုကြီး တကယ်ဖြစ်လာပါပြီ!
ဇာတ်လမ်းတွဲအသစ်နဲ့အတူ ဂိမ်းပုံစံ Concept အသစ်အဆန်းလေးနဲ့ ပြန်လာမယ့် GL စုံတွဲ Freen နဲ့ Becky တို့ ဘာတွေပြင်ဆင်ထားမလဲဆိုတာကို ဖန်လေးတွေက အရမ်းကို မျှော်လင့်စောင့်စားနေကြပြီ ဖြစ်ပါတယ်။
၂၀၂၇ မှာ FreenBecky တို့ ဖန်သားပြင်ထက်ကို အတူတူ ပြန်ရောက်လာတော့မှာမို့ ဖန်လေးတွေ အပျော်ကြီး ပျော်နေကြပြီပေါ့ရှင်!
20/11/2026
🥊 ထိုင်း BL စီးရီးအသစ် 'Hook Your Heart' ကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း -
တစ်ချိန်က နာမည်ကြီး လက်ဝှေ့ချန်ပီယံဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ Photsawat ဟာ ပွဲစဉ်တစ်ခုမှာ အရှုံးပေးဖို့ လာဘ်စားခဲ့တယ်လို့ စွပ်စွဲခံရပြီး လက်ဝှေ့လောကကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် အခြေအနေ ပိုဆိုးသွားစေတာကတော့ သူ့ရဲ့ ဇနီးဟောင်းဖြစ်သူက သူခက်ခက်ခဲခဲ ရှာဖွေစုဆောင်းထားသမျှ ငွေကြေးအားလုံးကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့တာပါပဲ။ လက်ရှိမှာတော့ Photsawat ဟာ သမီးဖြစ်သူကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက် ဆိုင်ကယ်တက္ကစီ မောင်းနှင်ရင်း တစ်နေ့လုပ်မှ တစ်နေ့စား ဘဝနဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေရသူ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ မထင်မှတ်ဘဲ ခက်ခဲကြမ်းတမ်းတဲ့ အတိတ်တွေကြောင့် စိတ်ဓာတ်ကျရောဂါ ခံစားခဲ့ဖူးတဲ့ လူငယ်လေး Homerun နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Homerun ဟာ Photsawat ကို အားကျအတုယူပြီး သူ့ရဲ့ဘဝကို ပြန်လည်တည့်မတ်ကာ အသစ်တစ်ဖန် ပြန်လည်စတင်နိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Homerun ဟာ လက်ဝှေ့ချန်ပီယံတစ်ဦး ဖြစ်လာဖို့ဆိုတဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ Photsawat ကို သူ့ရဲ့ လက်ဝှေ့နည်းပြ လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ Homerun ရဲ့ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကတော့ ကြိုးဝိုင်းထဲမှာ အနိုင်ရဖို့တင် မဟုတ်ဘဲ သူ့နည်းပြရဲ့ နှလုံးသားကိုပါ အနိုင်ယူဖို့ ဖြစ်နေတဲ့အခါမှာတော့...။
💬 ဇာတ်လမ်းပုံစံလေးကတော့ အတော်လေး စိတ်ဝင်စားစရာပါပဲ! နိုဝင်ဘာ ၃၀ ရက်နေ့ ထွက်လာရင် စောင့်ကြည့်ကြမယ့်သူတွေ ရှိလားရှင့်?
THINN
20/11/2026
🔥 IngYok ဇာတ်လမ်းကို ဖြတ်တောက်ထားတယ်ဆိုပြီး Fool in Love ထုတ်လုပ်ရေးကို ဝေဖန်မှုတွေ မြင့်တက်နေ
လက်ရှိပြသနေတဲ့ ထိုင်း BL စီးရီး Fool in Love ဟာ အပိုင်း ၁၃ ထုတ်လွှင့်ပြီးနောက်မှာ မူရင်းဝတ္ထုထဲက ဇာတ်လမ်းကို ပြောင်းလဲထားတယ်ဆိုပြီး ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
X (Twitter) ပေါ်က ပရိသတ်တစ်ဦးက ထုတ်လုပ်ရေးကုမ္ပဏီ Tailai Entertainment ကို Tag ပြီး အဓိက မကျေနပ်ချက် ၅ ချက်ကို အင်္ဂလိပ်-တရုတ် နှစ်ဘာသာနဲ့ ထုတ်ပြန်တောင်းဆိုခဲ့ရာကနေ ဒီကိစ္စ ပိုကျယ်ပြန့်လာတာပါ။
ပရိသတ်တွေ အဓိက ထောက်ပြဝေဖန်နေတဲ့ အချက် ၅ ချက် -
၁။ IngYok ဇာတ်ဝင်ခန်းတွေ လျှော့ချခံရခြင်း: Bank Artit (Ing) နဲ့ Copter Nuntapong (Yok) တို့ကြားက အချစ်ရေးတိုးတက်မှုနဲ့ အရေးပါတဲ့ ရင်းနှီးမှုအခန်းတွေကို ဝတ္ထုထဲကထက် အများကြီး ဖြတ်တောက်ထားတာကြောင့် ခံစားချက်စီးဆင်းမှု အားနည်းသွားတယ်လို့ ဆိုပါတယ်။
၂။ ဇာတ်ကောင်စရိုက် ပြောင်းလဲခြင်း: ဝတ္ထုထဲက Ing နဲ့ Yok တို့ရဲ့ နက်နဲတဲ့ စိတ်ခံစားချက်နဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေ စီးရီးထဲမှာ ပျောက်ဆုံးနေတယ်လို့ စွပ်စွဲထားပါတယ်။
၃။ ဇာတ်ပို့ဇာတ်ကောင် အချိန်ပိုရနေခြင်း: Guy Wasu သရုပ်ဆောင်တဲ့ ဇာတ်ပို့ (Itt) အတွက် ဝတ္ထုထဲမှာ မပါတဲ့ ဇာတ်လမ်းခွဲတွေ ထပ်ထည့်ထားတာကြောင့် အဓိကဇာတ်ဆောင် IngYok ရဲ့ ဇာတ်လမ်းကိုပါ ဖုံးလွှမ်းသွားတယ်လို့ ဝေဖန်နေကြပါတယ်။
၄။ ၉၉% တူညီမယ်ဆိုတဲ့ ကတိ: မူရင်းဝတ္ထုနဲ့ ၉၉% တူညီအောင် ရိုက်ကူးမယ်လို့ အစောပိုင်းက ကြော်ငြာခဲ့ပေမဲ့ လက်တွေ့မှာ အကြီးအကျယ် ပြောင်းလဲထားတဲ့အပေါ် မေးခွန်းထုတ်နေကြပါတယ်။
၅။ အဓိကဇာတ်ဆောင် ၃ ဦး သတ်မှတ်ခြင်း: မူရင်းဝတ္ထုရဲ့ အဓိကဇာတ်ဆောင်ဟာ Ing နဲ့ Yok နှစ်ဦးတည်းသာဖြစ်ပြီး တတိယလူကိုပါ အဓိကဇာတ်ဆောင်လို သတ်မှတ်တာကို ကန့်ကွက်ထားပါတယ်။
တစ်ဖက်မှာတော့ သရုပ်ဆောင် Bank နဲ့ Copter တို့ရဲ့ ကြိုးစားမှုနဲ့ လိုက်ဖက်ညီမှုကို ပရိသတ်တွေက အပြည့်အဝ အသိအမှတ်ပြုထားကြပြီး ပြဿနာဟာ ဇာတ်ညွှန်းပိုင်းသာဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
တချို့ပရိသတ်တွေကလည်း ဝတ္ထုနဲ့ စီးရီး ကွာခြားမှုရှိတတ်တာကို နားလည်ပေးဖို့နဲ့ ရုပ်သံပရိသတ်နဲ့ ကိုက်ညီအောင် ပြင်ဆင်ထားတာ ဖြစ်နိုင်ကြောင်း အမြင်ကွဲလွဲစွာ ဆွေးနွေးနေကြပါတယ်။
လက်ရှိအချိန်ထိ Tailai Entertainment ဘက်က တစ်စုံတစ်ရာ ဖြေရှင်းချက် မထုတ်ပြန်သေးပါဘူး။
💬 Fool in Love ကြည့်နေတဲ့သူတွေရော အပိုင်း ၁၃ အထိ ကြည့်ပြီးချိန်မှာ ဘယ်လိုမြင်ကြလဲ? ဝတ္ထုဖတ်ဖူးတဲ့သူတွေ ရှိရင်လည်း ဝင်ဆွေးနွေးသွားကြပါဦး။
THINN
Rayong 21100
“ทุเรียนหมอนทองต้นแก่จัด จากสวนทุเรียน 25+ ปีในภาคตะวันออก ปลูกแบบธรรมชาติ ไม่ฉีดพ่นสารเคมีก่อนตัด ขายแบบพรีออเดอร์ – สั่งจองแล้วตัดสดจากต้น ส่งตรงถึงมือคุณ”
Rayong
ติดต่อโทร 0614933067 พิกัด👇 Shopee:https://s.shopee.co.th/5Ky4YWbNPp Lazada:https://s.lazada.co.th/s.m9PNR TikTok:https://vt.tiktok.com/ZMk8WUVwR/?page=TikTokShop
Rayong 21180
หลวงปู่ทิม ปี15 Tel.0822315972 (ลุงสมศักดิ์)☎️ Line : somsakrayong ไม่รับเช่าพระทุกรูปแบบ ❌
เพชรเกษม, Rayong 21000
ร้านตัดผมชายวินเทจ ออกแบบทรงผม ตัดผมชาย สนใจติดต่อ โทร. 095-259-9056
คอ2, Rayong 21000
✔ วิธีดูแลตัวเองให้ห่างไกล เบาหวาน ความดัน ไขมัน เคล็ดลับปรับพฤติกรรม ✔ แนะนำอาหารเสริมที่ช่วยดูแลจากภายใน 🌿 เหมาะสำหรับผู้ชาย-ผู้หญิงวัย 40+ ที่อยาก “แข็งแรงแบบยั่งยืน” ไม่ใช่แค...
Rayong
Community Creator ครีเอเตอร์สายชีวิตประจำวัน ..พื้นที่นี้สำหรับคนที่อยากเติบโตไปด้วยกันน๊ะ🥰❤️✨
Rayong 21180
DD fishing Thailand รำรวมDD
Rayong 21130
คลิปเจ๋งๆ
186/11 ถ. ริมน้ำ ต. เชิงเนิน, Rayong 21000
ทำเล็บเจล เพ้นท์เล็บ ต่อเล็บ ถอดpvc เสริมหน้าเล็บ
ถ.อารีราษฎร์ ต.ปากน้ำ, Rayong 21000
เพจเล็กๆของมนุษย์เงินเดือนแห่งเมืองระยอง :)
ไผ่ล้อม, Rayong 21120
ช่อ ดอกกัญชา ลำ ต้น
ซื้อขายที่ดิน ที่ดิน ที่ดินสวย ที่ด?
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ THINN โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ
เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Rayong
บันทึกธุรกิจและติดตามหมวดหมู่ในพื้นที่
โปรดยืนยันให้เสร็จสิ้นเพื่อดำเนินการต่อ