Insider Computer

Insider Computer

แชร์

Computer repair Service
ထိုင်းနိုင်ငံ မဟာချိုင်

Photos from Insider Education's post 07/10/2024
Photos from Insider Computer's post 16/11/2021

ဒီ တစ်ခါ ကျွန်တော် တင်မဲ့ Post လေးကတော့ ကျွန်တော်တို့ Mobile ဖုန်းဆိုင်က Service စက်တွေ ပြီးတော့ Mp3 Mp4 အစရှိတဲ့ သီချင်းတွေ သွင်းတဲ့ စက်တွေ ပြီးတော့ Photoshop ဆိုင်တွေ အစရှိတဲ့ စက်တွေမှာ Customer တွေယူလာတဲ့ Memory Stick / SD Card တွေမှာ ပါလာတက်တဲ့ Virus တွေကြောင်း မိမိစက် အတွင်းမှာရှိနေတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေရဲ့ Icons thumbnails တွေကို ရုတ်တရက် မမြင်ရတော့တာမျိုးတွေ ဖြစ်တက်ပါတယ်။ကျွန်တော်ရှင်းပြတာ လိုအပ်သွားလို့ စာဖတ်ပရိတ်သတ်တွေ မရှင်းရင် ကျွန်တော်အောက်မှာ ဓာတ်ပုံနဲ့တကွ ပြသပေးထားပါတယ်ဗျာ။
အဲ့ဒီ အခါ ကျွန်တော်တို့က ဘာ Software မှ မသုံးပဲ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ကျွန်တော် အသေးစိတ် ပုံနှင့်တကွရှင်းပြပါ့မယ်ဗျာ။တကယ့်ကို လွယ်ကူလွန်းလှပါတယ်။စာဖတ်ပရိတ်သတ်တွေ အနေနဲ့ သိသွားရင်ပေါ့ဗျာ။မသိသေးရင်တော့ ခေါင်းတော်တော်စားသွားမှာပဲလေ။ခုနက ကျွန်တော်တို့ အပေါ်ကပုံအတိုင်း Windows Box တစ်ခုခုကို ဖွင့်လိုက်ပါ။ပြီးသွားရင် ကျွန်တော်တို့ အဲ့ဒီ Windows Box ရဲ့ ညာဘက် အပေါ်ထောင့်နားလေးမှာ Organize ဆိုတဲ့ စာတန်းလေးကို တွေ့အောင်ရှာပြီး Click လိုက်ပါ အဲ့ဒီမှာ Folder And Search Options ဆိုတာလေးကို တွေ့အောင်ရှာပြီး Click လိုက်ပါ။ကျွန်တော် အောက်မှာ ပုံနှင့် တကွ ပြပေးထားပါတယ်ဗျာ။
အပေါ်က ပုံလေးအတိုင်းလုပ်ပြီးသွားရင်တော့ Folder And Search Options နေရာကို ရောက်ပါပြီ။အဲ့ဒီ မှာ General ဆိုတဲ့ Tab လေးရယ် View ဆိုတဲ့ Tab လေးရယ် Search ဆိုတဲ့ Tab လေးရယ် Tab Bar လေး 3 ခုရှိပါတယ်။အဲ့ဒီ Tab Bar လေးတွေထဲက အလယ်က View ဆိုတဲ့ Tab လေးကို Click လိုက်ပါ။အလယ်နားလောက်မှာ Advanced Setting ဆိုတာရှိပါတယ်။သူရဲ့ အောက်နားလေးမှာတော့ Files And Folders ဆိုပြီး Title လေးရှိပါတယ်။အဲ့ဒီ အောက်မှာ ရှိနေတဲ့ စာကြောင်းလေး Always Show Icons, Never thumbnails ဆိုတဲ့ စာကြောင်းလေးမှာ အမှန်ခြစ်ကလေး ဖြစ်နေပါလိမ့်မယ်။အဲ့ဒီ အမှန်ခြစ်လေးကို ကျွန်တော်တို့က ဖြုတ်ပေးပြီး Apply နှိပ်ပြီးရင် Ok နှိပ်လိုက်ပါ။ကျွန်တော် အောက်မှာ ပုံနှင့်တကွ ပြသပေးထားပါတယ်ဗျာ။
ဒါဆိုရင် ကျွန်တော်တို့ ခုနက ဓာတ်ပုံတွေ ရှိနေတဲ့ Windows Box ကို ပြန်ဖွင့်ကြည့်လိုက်ပါ။ဓာတ်ပုံတွေ နဲ့ ဗီဒီယို Icons တွေ မမြင်ရဘူးဖြစ်နေတာတွေကို ပြန်ပြီး မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်း မိမိတို့ရဲ့ စက်မှာရှိနေတဲ့ ဓာတ်ပုံတွေကိုလဲ Image Viewer နဲ့ကြည့်စရာမလိုအပ်ပဲ ဒီအတိုင်းမြင်နေရမှာ ဖြစ်ပါတယ်ဗျာ။

IT Bank

Photos from Insider Computer's post 29/10/2021

Multimeter များဆီသို့ ချဉ်းကပ်လေ့လာခြင်း။

Multimeter ဆိုသည်မှာ Current, Voltage, Resistance တို့ ကဲ့သို့သော Electrical တန်ဖိုးများကို တိုင်းတာ သော ကိရိယာ တစ်ခု ဖြစ်ပါသည်။ လျှပ်စစ်နည်းပညာရှင်(Electricians) များမှ အစပြု၍ လျှပ်စစ်နှင့် ဆက်စပ် လုပ်ကိုင်နေကြသည့် လုပ်ငန်းတွင်းရှ်ိ အလုပ်သမားများ အတွက် မရှိမဖြစ် လိုအပ်သော Instrument တစ်ခု ဟု ဆိုလျှင် မှား လိမ့်မည် မဟုတ်ပါ။ Multimeter ကို Multitester ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲလေ့ရှိကြပြီး လုပ်ငန်းခွင်တွင် Multimeter ဟုသာ အခေါ်များပါသည်။

အဓိကအားဖြင့် Multimeter အမျိုးအစား (type)နှစ်မျိုး ရှိပါသည်။
၁။ Analog Multimeter
၂။ Digital Multimeter

၁။ Analog Multimeter
Multimeter စတင် အသုံးပြုသော New User များအတွက် Analog Multimeter ပေါ်ရှိ Scale များ အား အလွယ်တကူ ဖတ် တတ်ရန် အစပိုင်း တွင် ခက်ခဲနေ မည်ဖြစ်ပါသည်။
Diode တစ်လုံးအား စစ်ဆေးသည့်အခါ Analog meter များသည် တန်ဖိုးတိတိကျကျ ပြသနိုင်သည့် ကောင်းကျိုးရှိပါသည်။ ထို့ ကြောင့် Electronic သမားများ Analog meter ကို အသုံးများကြပါသည်။

၂။ Digital Multimeter
Digital Meter များဟာ တိကျသော တန်ဖိုးပမာဏ တိုင်းတာမှု ကို Digit ဂဏန်းဖြင့် ဖော်ပြသောကြောင့် ဖတ်ရ လွယ်ကူ စေ၍ တိကျသေချာမှု ရှိပါသည်။ Digital meter များကို လည်း အသုံးပြုမှု များပြား လာကြပါသည်။
Digital Multimeters များသည် ပညာရှင်များစွာ တို့အတွက် လွန်စွာ အရေးကြီးလှသော မရှိမဖြစ် tool တခု ဖြစ်ပြီး ကောင်းမွန် မှန်ကန်စွာ အသုံးချ နိုင်ပါက လျှပ်စစ်ပြသနာများကို ဖြေရှင်းနိုင်ကြမှာ ဖြစ်ပါသည်။

ခြားနားချက်များ
၁။ ၎င်း အမျိုးအစား နှစ်ခု၏ အဓိက ခြားနားချက်မှာ တန်ဖိုး (Value) ပြသသည့် (Screen) မျက်နှာပြင် ပင် ဖြစ်ပြီး Analog Multimeter များတွင် တိုင်းယူရရှိသော တန်ဖိုးများကို ပင်အပ်ကဲ့သို့သေးမျှင်သော လက်တံ တစ်ခု မှ Screen ပေါ်တွင် မြင်နေရသည့် တန်ဖိုးဂဏန်းများ သို့ ညွှန်ပြပါသည်။
Digital Multimeter များ တွင်တော့ တန်ဖိုးများ ကို Digit ဂဏန်းများဖြင့် ပြသပေးပါသည်။

၂။ Analog multimeter သည် တိုင်းတာမှု ရလဒ် တန်ဖိုးများ ကွာခြားမှု 3%ခန့်မျှ ဖြစ်ပြီး Digital Multimeter 0.5% နှင့် အောက် ဖြစ်ပါသည်။ထို့ကြောင့် Digital သည် Analog ထက် ပို၍ အသေးစိတ်သော တန်ဖိုးများ ပြသနိုင်သည်။

၃။ Analog Multimeter သည် Digital meter ထက် ပို၍ ရှေးကျပါသည်။

၄။ Modern Digital meter များသည် additional features များ ဖြစ်သော Capacitance တန်ဖိုး၊ Temperature၊ Frequency၊ Sound level နှင့် Continuity beep များကို ပေးစွမ်းနိုင်သည်။

၅။ Analog meter သည် တိကျသော အတိုင်းတာ ပမာဏ ကို Manual ရွေးချယ် ပေးရလေ့ရှိသလို Digital သည် Auto range ဖြင့် unit များ၏ တန်ဖိုးကို ပြသနိုင်သည်။

၆။ Analog meter များသည် လုံလောက်သော လေ့ကျင့် မှုဖြင့် တိုင်းတာမှုများပြုလုပ်နိုင်သော်လည်း Digital meter များမှာ ကျွမ်းကျင်မှုမရှိသေးသည့် Beginner များပင် အလွယ်တကူ အသုံးပြုနိုင်သည်။

၇။ Analog meter သည် အနည်းငယ် စျေးသက်သာမှု ရှိပြီး Digital meter သည် အစဉ်သဖြင့် စျေးကြီး လေ့ရှိသည်။

၎င်း အမျိုးအစား နှစ်ခု စလုံးတွင် အနီရောင်နှင့်အနက်ရောင် တိုင်းတာတံ Probe နှစ်ချောင်းပါဝင်မှာ ဖြစ်ပြီး မိမိတိုင်းတာလိုသော Equipment ပေါ်သို့ လက်နှစ်ဖက်ဖြင့် Probe နှစ်ချောင်းကို ကိုင်တွယ် တိုင်းတာရမှာ ဖြစ်ပါသည်။ မည်သည့် အမျိုးအစား အသုံးပြုသည် ဖြစ်စေ ၎င်း နှင့်အတူပါဝင်လာသော Manufacturer ၏လမ်းညွှန်မှု User instruction manual စာအုပ် ငယ် လေးအား ဖတ်ရှု လိုက်နာ ခြင်းဖြင့် Equipment သက်တမ်းကို ရေရှည် ထိန်းသိမ်းနိုင်မှာ ဖြစ်သလို အသုံးပြုမည့် User ကိုပါ မတော်တဆ ထိခိုက်မှုမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါသည်။

အရေးအကြီးဆုံး အချက်မှာ
၎င်း meter များကို ဝယ်ယူရန် ရွေးချယ်စဉ်ကတည်းက ဘယ်လို အမျိုးအစား အသုံးပြုမည်လဲ မည်သည့် Range ကို တိုင်းတာမည်လဲ Specification များ သတိပြု ဖတ်ရှုကာ ဝယ်ယူသင့်ကြပါသည်။

Beginner များအတွက် ၎င်း meter နှစ်မျိုး၏ အသုံးပြုပုံ များကို အောက်ပါ Video နှစ်ခုဖြင့် လေ့လာနိုင်ပါသည်။

How to use Analog Multimeter (Training Video)
https://youtu.be/E3elzYUfoe4

How to use Digital Multimeter(Training Video)
https://youtu.be/TdUK6RPdIrA

လုပ်ငန်းခွင်များတွင် အသုံးများ နာမည်ကြီးသည့် Meter နှစ်မျိုး၏ User Manual များကို အောက်ပါ Pdf ဖိုင်ဖြင့် free download ဆွဲယူ ဖတ်ရှုလေ့လာနိုင်ပါသည်။ Detail ဖတ်ရှု ပြီးပါက multimeter များအကြောင်း စုံလင်စွာ နားလည် သွားမည် ဖြစ်ပါသည်။

SANWA Analog Multimeter User's Manual
https://drive.google.com/…/0B-id2EToTCJtVzg0NGFPdlVXQ…/view

Fluke Digital Multimeter User's Manual
https://drive.google.com/…/0B-id2EToTCJtY25pRU8yT1VRV…/view

ကျေးဇူးတင်ပါသည်။
Johnny Arkar(၁၇.၂.၂၀၁၆။ ၂၃:၁၃)

Credit - Johnny Arkar

Photos from Insider Computer's post 27/10/2021

ပြက္ခဒိန်ပြုလုပ်နည်းပါ
အဆင်ပြေမယ်လို့ထင်ပါတယ်....


မူရင်းသို့သွားရောက်လေ့လာရန်

https://www.facebook.com/permalink.php?story_fbid=1928278320824714&id=100009276934328

Photos from Insider Computer's post 25/10/2021

#စာအိပ်ပေါ်စာရိုက်စီနည်း
အသုံးဝင်မယ်လို့ ထင်ပါတယ် ခင်ဗျာ.....

Credit….အရှင်နန္ဒိသာရနတ်မောက်

Photos from Insider Computer's post 09/07/2021

ပုံမှန် Laptop များမှာ Power and Battery-status Light နှင့် Hard-drive Activity Light ဆိုပြီးနှစ်မျိုးပါလေ့ရှိတာသတိပြုမိပါတယ် Laptop ဖွင့်ပြီဆို LED မီးလေးနှစ်ခုလင်းနေတတ်တယ် နောက်ပိုင်းထွက် Laptop အချို့မှာ Power Button ပေါ်မှာ Power and Battery-Status Light ပါတတ်တယ် Hard-drive မီးလည်းသပ်သပ်ပါ‌လေ့ရှိတယ်

Dell Inspiron 3593 Laptop မျိုးမှာ Light က တစ်ခုပဲပါတယ်

Power ‌and Battery-Status Light သို့မဟုတ် Hard-drive Activity အချက်ပြမီးအဖြစ်တစ်ခုခုအနေနှင့်ပြပေးဖို့ပြောင်းလို့ရပါတယ်

Power and Battery-status Light သို့မဟုတ် Hard-drive Activity Light အဖြစ်ပြဖို့ Fn+H (Keyboard မှ Function key နှင့် H ကိုတွဲနှိပ်ပါ) အပြန်အလှန်ပြောင်းလိုတိုင်းထို Key များကိုတွဲပြီးပြန်နှိပ်ပါ

ချစ်ခင်စွာဖြင့်
Zaw Myint Oo.................

တင်သမျှဖတ်ရှုနိုင်စေဖို့ Page များကို Like နှိပ်ထားပါခင်ဗျာ

ZMO Online Training Page
https://www.facebook.com/ZMO-Online-Training-103444088164250/

Cute & Charm Computer and Mobile Devices Sales and Services
https://www.facebook.com/Cute-Charm-101193231698397/

ချစ်ခင်စွာဖြင့်
Zaw Myint Oo

Ref: Dell Inspiron 3593 manual pdf from Dell website

Photos from Insider Computer's post 13/06/2021

သိထားသင့်တဲ့

အရှည်ဖွင့်ဆိုချက်များ•••••။❣

🌸

Photos from Insider Computer's post 22/03/2021

Windows 10 ကို software မသုံးပဲ Key ဖြင့် Activated ဖြစ်အောင် လုပ်နည်း
==========================================
မင်္ဂလာပါ
Windows 10 Computer အားလုံးကို အလွယ်ကူဆုံးနည်းလမ်း ဖြင့် Windows Activated ဖြစ်အောင်လုပ်နည်းလေးကိုမျှဝေလိုက်ပါတယ်ခင်ဗျာ။

Windows Activated ဆိုသည်မှာ ကွန်ပျူတာတစ်လုံး၏ လုပ်ဆာင်ချက်အားလုံးကို လုပ်ဆောင်နိုင်ဖို့အတွက် အသက်သွင်းပေးခြင်းဖြစ်ပါသည် ။ Windows တင်ပြီးသောအခါမှာ၊ အသုံးပြုရင်းနဲပဲဖြစ်
ဖြစ် Deskstop ရဲ့ဘေး ညာဘက်က TaskBar အပေါ်တွင် Message Box လေးတွေပြသတက်ပါသည် ။ ဘယ်လို စာသားတွေပြလဲဆိုရင်
Activate Windows Now ,Windows Activation Require, Windows is not activated, This copy of windows is not genuine , Your Windows License Will Expire Soon အစရှိသဖြင့် ပေါ်လာပါသည် ။ ထိုကဲ့သိုပေါ်နေမယ်ဆိုလျှင် မိမိကွန်ပျူ တာကို Windows Activated မဖြစ်မနေလုပ်ရတော့ မည်ဖြစ်ပါသည် ။ Windows Activated မလုပ်ပဲ ဆက်သုံးနေမယ်ဆိုလျှင် မိမိကွန်ပျူတာဟာ ကောင်းကောင်းလုပ်ဆောင်နိုင်တော့မည်မဟုတ်ပါ ။ ဥပမာ Wallpaper Change ချင်တယ် မရဘူး, Software တွေကို Run တယ်မရဘူး Activated လုပ်ပါဆိုတဲ့ စာကြောင်းပဲပြလာတယ် ။ အဲဒီအခါမှာ စိတ်ပျက်စရာ ကောင်းလှပါတယ် ။
ကျွန်တော်တို့လို ကွန်ပျူတာ စတင်လေ့လာနေသူများအတွက်ပါ။ သိတဲ့ဆရာများကတော့ ကျော်သွားပေးပါ။

အောက်က ကီးနံပတ်တွေကို ကော်ပီယူထားလိုက်ပါ
------------------------------------------
Key

- slmgr/ipk W269N-WFGWX-YVC9B-4J6C9-T83GX

- slmgr /skms kms.digiboy.ir

- slmgr /ato

------------------------------------------
သင်ဆရာ/မြင်ဆရာ/ကြားဆရာ အားလုံးကို လေးစားလျှက်
#ဟိုတစ်စဒီတစ်စ
https://www.facebook.com/htunhtunmandalay


Windows 10 ကို software မသုံးပဲ Key ဖြင့် Activated ဖြစ်အောင် လုပ်နည်း
==========================================
မင်္ဂလာပါ
Windows 10 Computer အားလုံးကို အလွယ်ကူဆုံးနည်းလမ်း ဖြင့် Windows Activated ဖြစ်အောင်လုပ်နည်းလေးကိုမျှဝေလိုက်ပါတယ်ခင်ဗျာ။

Windows Activated ဆိုသည်မှာ ကွန်ပျူတာတစ်လုံး၏ လုပ်ဆာင်ချက်အားလုံးကို လုပ်ဆောင်နိုင်ဖို့အတွက် အသက်သွင်းပေးခြင်းဖြစ်ပါသည် ။ Windows တင်ပြီးသောအခါမှာ၊ အသုံးပြုရင်းနဲပဲဖြစ်
ဖြစ် Deskstop ရဲ့ဘေး ညာဘက်က TaskBar အပေါ်တွင် Message Box လေးတွေပြသတက်ပါသည် ။ ဘယ်လို စာသားတွေပြလဲဆိုရင်
Activate Windows Now ,Windows Activation Require, Windows is not activated, This copy of windows is not genuine , Your Windows License Will Expire Soon အစရှိသဖြင့် ပေါ်လာပါသည် ။ ထိုကဲ့သိုပေါ်နေမယ်ဆိုလျှင် မိမိကွန်ပျူ တာကို Windows Activated မဖြစ်မနေလုပ်ရတော့ မည်ဖြစ်ပါသည် ။ Windows Activated မလုပ်ပဲ ဆက်သုံးနေမယ်ဆိုလျှင် မိမိကွန်ပျူတာဟာ ကောင်းကောင်းလုပ်ဆောင်နိုင်တော့မည်မဟုတ်ပါ ။ ဥပမာ Wallpaper Change ချင်တယ် မရဘူး, Software တွေကို Run တယ်မရဘူး Activated လုပ်ပါဆိုတဲ့ စာကြောင်းပဲပြလာတယ် ။ အဲဒီအခါမှာ စိတ်ပျက်စရာ ကောင်းလှပါတယ် ။
ကျွန်တော်တို့လို ကွန်ပျူတာ စတင်လေ့လာနေသူများအတွက်ပါ။ သိတဲ့ဆရာများကတော့ ကျော်သွားပေးပါ။

အောက်က ကီးနံပတ်တွေကို ကော်ပီယူထားလိုက်ပါ
------------------------------------------
Key

- slmgr/ipk W269N-WFGWX-YVC9B-4J6C9-T83GX

- slmgr /skms kms.digiboy.ir

- slmgr /ato

------------------------------------------
သင်ဆရာ/မြင်ဆရာ/ကြားဆရာ အားလုံးကို လေးစားလျှက်


#ဟိုတစ်စဒီတစ်စ
https://www.facebook.com/htunhtunmandalay

Photos from Insider Computer's post 07/03/2021

#ဒါကတော့ တကယ့် ရွှေပါပဲ
ဆေးသုတ်ဆေးစပ်ဝါသနာပါသူများအတွက်

ရှယ်ထားပါ ဆေ့ထားပါ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการถ่ายภาพ ใน Maha Chai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


67/38ม. 6ซ. เกาะสมุทร ต. ท่าทราย อ. เมือง อำเภอเมือง
Maha Chai
74000