Studyhouse

Studyhouse

แชร์

Welcome! If you're eager to pursue continuous education, authentic and free resources are right here for you, Buddy!

05/01/2025

ဒါကတော့ လက်ရှိတက်နေတဲ့ အွန်လိုင်းတက္ကသိုလ် ဝင်ခွင့်နဲ့ပတ်သက်ပြီး ရှင်းပြထားတာလေးပါ ကိုယ်တိုင်လည်း စက်ရုံမှာ အလုပ်လုပ်နေရင်းမှ လျှောက်ရင်း အခွင့်အရေး ပြန်ရသွားတာမို့ ဒီ အကြောင်းအရာက သူငယ်ချင်းတို့ ပညာရေးခရီးအတွက်လည်း အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ် 🫶

မနက်ဖြန်ဆို admission launch event လည်းစမှာဖြစ်လို့ အောက်က link မှာ စာရင်းပေးသွင်းနိုင်ပါတယ် စာရှည်ကြီးအစား သိချင်တာတွေလည်း ကျောင်းကိုတိုက်ရိုက်မေးလို့ရသွားမှာဖြစ်ပါတယ် 🫶
https://www.facebook.com/share/p/1HAzUFYJwV/

Parami University 🟡
Experience Sharing and Preparation Tips

By Ma Jue Jue Aung 👩🏽‍🎓

🤍Self - Introduction

အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ ဒီကာလတွေအတွင်းမှာ အဆင့်မြင့်ပညာ‌ရေးကို ဆက်လက်သင်ယူနိုင်ဖို့ အခွင့်အရေးပြန်လည်ရရှိခဲ့ပြီး Parami University မှာ တက်ရောက်ခွင့်ရခဲ့တဲ့ Class of 2028 က ကျောင်းသူတစ်ဦးပဲဖြစ်ပါတယ်။
ဂျူးဂျူးအောင်လို့ခေါ်ပါတယ်ရှင့်။ ဒီနေ့မှာတော့ အဆင့်မြင့်ပညာရေးကို လက်လှမ်းမီဖို့
ခက်ခဲနေတဲ့ကြားက ပညာရေးအခွင့်အလမ်းတွေကို အဆက်မပြတ် ရှာဖွေနေတဲ့ သူငယ်ချင်းတို့အတွက် Accredited Online University တစ်ခုဖြစ်တဲ့ Parami University ဝင်ခွင့် ပြင်ဆင်ရာမှာ
လိုအပ်တာတွေကို ပြန်မျှဝေပေးချင်လို့ ဒီအစီအစဉ်မှာ ပါဝင်ဖြစ်ပါတယ်။

🤍Introduction to Parami University

✓ Parami University ဟာဆိုရင် 2017 ခုနှစ်ကတည်းက Liberal Arts education programs တွေကို လူငယ်တွေအတွက် ဖွင့်လှစ်ပေးခဲ့ပြီး ၊ 2022 ကစလို့ Washington,DC ရဲ့ Higher Education License Commission (HELC) ကနေ ကိုယ်ပိုင် license ရရှိထားကာ International University (နိုင်ငံတကာတက္ကသိုလ်) အဖြစ် Undergraduate degree programs (ဘွဲ့ကြို)
တွေကို စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

✓ Online University (အွန်လိုင်းတက္ကသိုလ်)
ဆိုပေမယ့် ဘာလို့ Accredited (တရားဝင်အသိအမှတ်ပြု) ဖြစ်ပါတယ်လို့ပြောရလဲဆိုရင် Parami တက္ကသိုလ်ဟာ အမေရိကန်နိုင်ငံ Bard college နဲ့ partnership ဖြစ်တဲ့အပြင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များဖြစ်တဲ့ Harvard, Bard, Brown အစရှိတဲ့ prestigious institutions တွေပါဝင်တဲ့ Talloires Network , Open Society University Network (OSUN) တို့ရဲ့ engaged member တက္ကသိုလ်တစ်ခုလည်းဖြစ်လို့ပါ။

✓ လက်ရှိမှာတော့ Parami တက္ကသိုလ်မှာ Myanmar, Thailand, Kenya, Bangladesh စတဲ့ ပထဝီဒေသအသီးသီးက တိုင်းရင်းသား၊လူမျိုးအစုံအလင်က တက်ရောက်ပညာသင်ယူလျက်
ရှိပါတယ်။

✓ International University ဖြစ်တဲ့အ‌တွက်
လက်ရှိမှာတော့ Bachelor Degree programs
တွေအနေနဲ့ Philosophy, Politics and Economics (PPE) , Statistics and Data Science (SDS) စတဲ့ major နှစ်ခု ရှိထားပါတယ်။ Liberal Arts education ဖြစ်တာကြောင့် စာသင်နှစ်ရဲ့ ပထမဆုံး(၂)နှစ်မှာ major နှစ်ခုလုံးက ဘာသာတွေကိုလေ့လာရမှာဖြစ်ပြီး (၂)နှစ်ပြီးတဲ့အခါ Parami နဲ့ Bard က ပေးတဲ့ Dual Associate Degree ကို ရမှာဖြစ်ပါတယ်။ တတိယနှစ်ကစလို့ ‌ကိုယ်ယူမယ့် မေဂျာကို ရွေးပြီး လေ့လာရမှာဖြစ်ပြီး လေးနှစ်ပြီးတဲ့အခါမှာတော့ Bachelor Degree ကိုရမှာဖြစ်ပါတယ်။ မေဂျာအကြောင်းအသေးစိတ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုတော့ ဒီမှာဖတ်ရှုနိုင်ပါတယ်။
https://www.parami.edu.mm/undergraduate-studies

🤍Possible and Available Scholarships

အဆင့်မြင့်ပညာရေးကို အခြေအနေအမျိုးမျိုးကြောင့် လက်လှမ်းမီဖို့ခက်ခဲနေတဲ့ လူငယ်တွေအတွက် accredited လည်းဖြစ် quality education ကိုလည်းရနိုင်ဖို့ Parami University က scholarship တွေကို need- blind admission policy အရ ကမ်းလှမ်းတာပဲဖြစ်ပါတယ်။
ဆိုလိုတာက ဝင်ခွင့်ရဖို့အတွက်ဆုံးဖြတ်ချက်က financial information form အပေါ်မမူတည်ပါဘူး။ (အောက်မှာ ဖြည့်ရမယ့် ဖောင်တွေအကြောင်းပြောပြထားပါတယ်) ဝင်ခွင့်ရပြီးမှသာ မိသားစုရဲ့ ငွေကြေးထောက်ပံ့နိုင်မှု ၊ လက်ရှိ အခြေအနေ၊ ကျောင်းသားရဲ့ ပညာရေးထူးချွန်မှုတို့အပေါ်မူတည်ပြီး full scholarship or partial scholarship (nearly full) စသဖြင့် ဆုံးဖြတ်တာဖြစ်ပါတယ်။ ကိုယ်တိုင် Uni website ထဲက annual report မှာလည်း check လုပ်လို့ရနိုင်တာဖြစ်ပါတယ်။

Tuition fee and Financial aid:
https://www.parami.edu.mm/tuition-fees-financial-aid

Annual report:
https://www.parami.edu.mm/annualreport

🤍Admission Timeline and Application Process

Parami ရဲ့ academic year ကတော့ Fall (Aug-Dec) နဲ့ Spring (February - May) ဆိုပြီး semester နှစ်ခု ရှိပါတယ်။ ပုံမှန်ဆို ကျောင်းဝင်ခွင့်တွေကို January လမှာ စတင်ခေါ်ယူလေ့ရှိပါတယ်။ ခုဆို နှစ်လည်းကုန်ပြီဆိုတော့ application ဖွင့်ဖို့ အချိန်လည်း သိပ်မလိုတော့ပါဘူး။ Round 1, 2,.., Rolling admission ဆိုပြီး fall semester မစခင်ထိ ခေါ်လေ့ရှိပေမယ့် early admission ကသာ ကိုယ့်အတွက် အခွင့်အရေးတွေ ပိုသေချာစေတာပဲဖြစ်ပါတယ်။

Application အတွက် ပြင်ဆင်ထားရမှာတွေကတော့ -

✓Completed application form - ဒါကတော့ ကိုယ့်ရဲ့ personal information, education background, financial information စတာတွေဖြည့်ရမယ့် ဖောင်ပဲဖြစ်ပါတယ်။

✓Personal Statement - ဒါကတော့ ကိုယ့်ရဲ့ academic or other interests တွေ ၊ ကိုယ့်ရဲ့ volunteering or previous work ကရခဲ့တဲ့ ကိုယ့်ကို improve ဖြစ်လာစေတဲ့ experience တွေ skills တွေ ၊ အဲ့အတွေ့အကြုံတွေကနေ ကိုယ် learn လုပ်လာနိုင်ခဲ့တာတွေ ၊ ရှေ့ဆက်ပြီး ပညာဆက်လက် သင်ယူဖို့ motivate ဖြစ်နေတာတွေကို story တစ်ပုဒ်လို ကိုယ့်ရဲ့ရှုထောင့်ကနေ ရေးပြရတာမျိုးပါ။ CV form ကလို academic achievement တွေ စဉ်လိုက်ချရေးထားတာကို ပြန်ပြောခိုင်းတာမျိုးမဟုတ်လို့ သတိပြုစေချင်ပါတယ်။ စာလုံးရေကတော့ အများဆုံး 500 words ထိ သတ်မှတ်လေ့ရှိပါတယ်။

✓Supplementary Essay - ဒီဟာမှာတော့ ကိုယ့်ဘက်က ပြင်ထားလို့ရတဲ့ခေါင်းစဉ်တစ်ချို့ကတော့ program choice နဲ့ပတ်သက်တာမျိုး ၊ Diversity and Inclusivity နဲ့ပတ်သက်တာမျိုး ၊ Cross-cultural friendship နဲ့ပတ်သက်တာမျိုးတွေကို ကိုယ့်ရဲ့ experience နဲ့ values တွေနဲ့ယှဉ်ပြီး ရေးခိုင်းတာမျိုးတွေ ပြင်ဆင်ထားသင့်ပါတယ်။ စာလုံးရေ 300-500 words အတွင်း‌
သတ်မှတ်လေ့ရှိပါတယ်။

✓High school transcript or its equivalent - ဒါကတော့ မြန်မာပြည်မှာ ဆယ်တန်းစနစ်ဟောင်း နဲ့အောင်ခဲ့ပြီး တက္ကသိုလ် တစ်ဝက်တစ်ပျက်ဖြစ်ခဲ့တဲ့ သူတွေအတွက် အတော်လေး အဆင်ပြေတာပါ။ တကယ်လို့ ဆယ်တန်းအောင်လက်မှတ်တောင် မရှိခဲ့ဘူးဆိုရင်တော့ သူနဲ့ညီမျှတဲ့ GED စတဲ့ international certificate တွေကိုလည်းလက်ခံပါတယ်။ အဲ့တာတွေပါ မရှိဘူးဆိုရင်တော့ ကျောင်းက စစ်ဆေးတဲ့ Eng exam (Emmersion test) and Math exam (Wonderlic Basic Skills Tests, WBST) တို့ကို ဖြေဖို့လိုပါတယ်။

✓English proficiency test scores - ဒါကတော့ IELTS, TOEFL, Duolingo စတာတွေကို တောင်းပါတယ်။ အနည်းဆုံးတော့ CEFR level B2 or IELTS band score 6.5 ရှိထားရပါတယ်။ ဒီ လက်မှတ်တွေ မရှိဘူးဆိုရင်လည်း ကျောင်းက စစ်ဆေး‌တဲ့ Emmersion test ဖြေဆိုလို့ရပါတယ်။

✓Standardized test score or its equivalent (if any) - ဒါကတော့ ကိုယ့်ရဲ့ academic performance ကိုပြချင်ရင် တခြား SAT scores တွေဘာတွေ ရှိရင် ထည့်ပေးလို့ရပါတယ် optional ပါ။

✓Contact information of two recommenders - ဒါကတော့ ကိုယ့်ကို recommendation letter ရေးပေးမယ့် ဆရာ ဒါမှမဟုတ် ကိုယ်အလုပ်လုပ်ခဲ့ဖူးတဲ့ အဖွဲ့အစည်းက ခေါင်းဆောင် တစ်ဦးဦးရဲ့ contact information ကို ထည့်ပေးရမှာပါ ဥပမာ email , ph no. စသဖြင့်ပါ။ ဒီနေရာမှာသတိထားရမှာက‌ ဘာလို့ contact info ပဲ တောင်းလဲဆို ကိုယ်တိုင် ဆရာတွေ ရေးပေးလိုက်တဲ့ RL ကို application form မှာ ထည့်ပေးရမှာ မဟုတ်ဘဲ ဆရာတွေက mail ကတစ်ဆင့် invitation ရပြီး application portal ထဲကနေ သူတို့ကိုယ်တိုင် ဝင် submit လုပ်ပေးရမှာမို့ပါ။ ကိုယ်ကတော့ ကိုယ့်အကြောင်း ဘာပြောလိုက်လဲ သိရမှာမဟုတ်တဲ့အတွက် ကိုယ့်ရဲ့ recommenders တွေနဲ့ သေချာလေး အဆက်အသွယ်ရှိထားဖို့ deadline ကို သတိပေးပေးဖို့တော့လိုအပ်ပါတယ်။

✓Study desk and Family Introduction Video - ဒါကတော့ ဒီနှစ်မှ အသစ်တိုးလာတဲ့ 2 mins စာလောက်ရှိမယ့် video presentation ပါ။ ဗီဒီယိုထဲမှာတော့ ကိုယ် စာသင်နှစ်တစ်လျှောက် အသုံးပြုဖို့ရည်ရွယ်ထားတဲ့ ကိုယ်စာလုပ်နေကျနေရာနဲ့ ၊ ကိုယ့်ရဲ့ အုပ်ထိန်းသူ တစ်ယောက်ယောက်ကို Admission team နဲ့ မိတ်ဆက်ပေးရမှာ ဖြစ်ပါတယ်။

How to apply:
https://www.parami.edu.mm/how-to-apply

🤍Personal Sharing about Application Stage

အပေါ်ကတော့ application အတွက် ပြင်ဆင်ထားရမယ့်ဟာလေးတွေပါ။ အခုကတော့ Application တင်တဲ့အခါ လုပ်ရမယ့် အဆင့်ဆင့်ကို PowerPoint presentation နဲ့ ဥပမာ ပြပေးထားတာလေးထည့်ပေးချင်လို့ပါ။ ဒီထဲမှာတော့ ကိုယ်က eligible ဖြစ်မဖြစ် စစ်ဆေးပြီးတာနဲ့ Application portal မှာ register လုပ်ပြီးရင်တော့ application form တွေ ဆက်ဖြည့်ရမှာပဲဖြစ်ပါတယ်။ ဒီထဲမှာ အပေါ်ကပြင်ဆင်ထားရမယ့်ဟာတွေကို ထည့်ပေးရမယ့်နေရာကတော့ ခေါင်းစဉ်အလိုက်ကွာသွားမှာပဲရှိပါတယ်။
✓Undergraduate Program Application
✓Financial Information form
✓Learning Hub Questions
✓Accessibility Questions
✓Recommendation Letter from a Direct Teacher or Professor
✓Recommendation Letter from a Mentor, Employer, Counselor, or Advisor
ဆိုပြီး အဆင့်ဆင့်ရှိမှာဖြစ်ပါတယ်။

တက္ကသိုလ်တက်ရောက်ဖို့ လိုအပ်တဲ့ပညာသင်ဆုတို့ ၊ တက်ရောက်နေစဉ်နေထိုင်ဖို့ Learning hub တို့ ရမှ အဆင်ပြေမယ့် ကျောင်းသားတွေက Financial Information form တို့ Learning Hub Questions တို့ကို မဖြစ်မနေ သေချာလေးဂရုတစိုက်ဖြေပေးဖို့လိုပါတယ်။ မရလိုက်တာတွေလည်း ရှိခဲ့တာမို့ စောစောလျှောက်ဖို့လည်း အကြုံပြုပါတယ်။ ပြီးတော့ လိုအပ်တဲ့ documents တွေကို phone နဲ့ submit တာထက် laptop နဲ့ submit ဖို့ကို တိုက်တွန်းပါတယ်။ ကျွန်မတုန်းက‌ ဒီနေရာမှာ laptop နဲ့ submit မှ ရမယ်ဆိုတဲ့ info ကို လွတ်ပြီး တော်တော်လေး မိုးလင်းပေါက်သွားလို့ပါ။ ပြီးတော့ application အတွက် မဖြည့်ခင် သေချာလေး ကိုယ်တိုင်က ကျောင်း website ထဲ ဝင်ပြီး သေချာလေး research လုပ်စေချင်ပါတယ်။ ကိုယ်လိုသမျှက အကုန်အဲ့ထဲပဲ ရှိတာမို့ပါ။ အပေါ်က လိုအပ်တဲ့ စာရွက်စာတမ်း ၊ essay ၊ တခြား CV, personal statement ကအစ အကုန် ဘယ်လိုရေးရမယ်ဆိုတာက အစ guideline နဲ့သေချာလေးပြောပြထားလို့ပါ။

To apply:
https://www.parami.edu.mm/apply

See Instructions for Apply Portal:
Application Guide for PIUS students In Apply Protal.pptx

What and How to prepare?https://www.parami.edu.mm/_files/ugd/479558_e87e25b96fb541df926c36dd34f28198.pdf

🤍How to prepare for the Interview Stage

✓ ကိုယ်ရဲ့ application က passed ဖြစ်သွားကြောင်း email ရပြီးရင်တော့ interview အတွက် ရက်ပါ တွဲပါပါလိမ့်မယ်။ အဲ့မတိုင်ခင်တည်းက ပြင်ဆင်ထားဖို့အကြံပြုပါတယ်။ ကြားထဲမှာ ကိုယ် application မှာ ဖြည့်ခဲ့တဲ့ information တွေကို ‌ကိုယ်တိုင်သေချာပြန် review လုပ်ထားဖို့အရေးကြီးပါတယ်။ ပြီးတော့ ကျောင်းနဲ့ပတ်သက်တဲ့ ကိုယ်စိတ်ဝင်စားတဲ့ မေဂျာနဲ့ ကိုယ်သွားချင်တဲ့ career လမ်းကြောင်းတွေအကြောင်းကိုလည်း Uni website ထဲမှ သေချာလေး research လုပ်ထားဖို့ အကြုံပြုပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဘာလို့ရွေးချယ်တာလဲ ဘာလို့ ကိုယ်က ရွေးချယ်ခံရသင့်တာလဲဆိုတဲ့ မေးခွန်းတွေအတွက် ကိုယ့်ရဲ့ application info တွေအတိုင်း reason ပေးနိုင်ဖို့ပြင်ဆင်ထားသင့်ပါတယ်။ ဒီနေရာမှာလည်း ကိုယ်က ဘာပေးနိုင်လဲ ဆိုတာနဲ့ ကိုယ်ဘာတွေသင်ယူနိုင်မှာလဲဆိုတဲ့ ကြားမှာ ဘက်မျှအောင်ဖြေနိုင်ရင် ပိုကောင်းပါတယ်။ တအားကြီးတုပပြီး ပြည့်စုံနေအောင်လုပ်ယူ‌နေတာထက် authentic ဖြစ်တာက ကိုယ့်ကို stand out ဖြစ်စေမှာဖြစ်ပါတယ်။ interviewer က admission and financial aid committee မှ သုံးယောက်ကနေ ငါးယောက်ထိ ရှိတတ်လို့ သူ့အပိုင်းနဲ့သူမေးတာတွေက ကွာခြားပါတယ်။ အဓိကကတော့ ကိုယ်ဖြည့်ခဲ့တဲ့ application form ကအချက်အလက်တွေနဲ့ ကျောင်းwebsite ကို သေချာ research လုပ်ထားဖို့ကိုတော့အကြံပြုချင်တာပါ။

✓ ကိုယ့်ရဲ့ financial situation ကို approve လုပ်ပေးနိုင်မယ့် ကိုယ့်ရဲ့ ဆရာ၊ ဆရာမ ၊ အုပ်ထိန်းသူတစ်ယောက်ယောက်နဲ့လည်း phone interview လည်းရှိတဲ့အတွက် ကိုယ့်ရဲ့ဆရာ ၊ ဆရာမတွေနဲ့ အဆက်အသွယ်မပြတ်သွားဖို့နဲ့ ကျောင်းဘက်က ဆက်သွယ်လာတာလေး စောင့်ကြည့်ထားပေးဖို့ ကိုယ့်ဘက်က အကူအညီတောင်းရမှာဖြစ်ပါတယ်။ application အောင်လာခဲ့တဲ့ အဆင့်တွေနဲ့ updates တွေကို အမြဲ အကြောင်းကြားပေးဖို့ကို အကြံပြုပါတယ်။

✓ Learning hub ရရှိမှုအခြေအနေ နဲ့ပတ်သက်ပြီးတော့လည်း မိမိနဲ့ phone interview ရှိတဲ့အတွက် application form တင်တုန်းက မိမိရဲ့ အခြေအနေနဲ့ လက်ရှိ မိမိရဲ့အခြေအနေကို ဒီအဆင့်မှာ ပွင့်ပွင့်လင်းလင်းပြောပြလို့ရနိုင်တာပဲဖြစ်ပါတယ်။

🤍Learning experience

✓ Online University ဆိုပေမယ့် သင်ခန်းစာတွေကို website ကနေ တစ်ယောက်တည်း self- study လုပ်နေရတာမျိူးမဟုတ်ဘဲ professor တွေနဲ့ တိုက်ရိုက် face to face သင်ယူရတဲ့အတွက် consistency ရှိလို့ တော်တော်လေးအဆင်ပြေပါတယ်။ assignments တွေအတွက်လည်း ကိုယ့်ရဲ့အခက်အခဲတွေကို ဆွေးနွေးတိုင်ပင်လို့ရနိုင်တဲ့ academic advisor တွေ Language and Learning Center စသဖြင့် ထားပေးထားလို့ one-on-one session ယူပြီး သေချာလေး လမ်းညွှန်မှု ရနိုင်တာမျိုးပါ။ Learning resources တွေရယူနိုင်ဖို့လည်း e-library ကို ကျောင်းသားတိုင်းအတွက်ထောက်ပံ့ပေးထားသလို တစ်ဖက်မှာလည်း tech ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် Ed tech team က အဆင်သင့်ရှိပေးနေတာပါ။

✓ Electricity and Internet access ရဖို့ ခက်ခဲတဲ့ ဒေသက ကျောင်းသူကျောင်းသားတွေ conflicts တွေကြောင့်မိမိအိမ်ကနေ ပညာသင်ယူဖို့ အဆင်မပြေတဲ့သူတွေအတွက်လည်း learning hub တွေ စီစဉ်ထားရှိပေးထားပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံ မှာဆိုရင် Taunggyi, Mandalay နဲ့ ထိုင်းမှာဆိုရင် Mae Sot, Mae Hong Song တို့မှာ learning hub များရှိပြီး ၊ Chiang Mai မှာလည်း Learning Center တစ်ခုထားရှိပေးထားပါတယ်။ လက်ရှိ Mae Sot Learning Hub မှာ နေထိုင်နေတဲ့အတွေ့အကြုံအရ ကျောင်းသားတွေရဲ့ security ကို ဦးစားပေးပြီး Learning facilities တွေကိုလည်း university standards မီအောင် ပံ့ပိုးပေးထားလို့ အတော်လေးအဆင်ပြေတဲ့ အနေအထားမှာရှိပါတယ်။ မိမိအိမ်ကနေ တက်ရောက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေ အတွက်လည်း in-person meeting တွေ တောက်လျှောက် ရှိတဲ့အပြင် on-ground projects တွေလည်းရှိလို့ အကုန်လုံးဟာ online university ဖြစ်ပေမယ့် keep in touch ဖြစ်နေကြပါတယ်။ မိမိအိမ်ကနေ တက်ကြတဲ့ ကျောင်းသူကျောင်းသားတွေဟာလည်း သတ်မှတ်ထားတဲ့ ဒေသအသီးသီးက Learning Center တွေဆီ လာရောက်ပြီး စာလေ့လာလို့ရပါသေးတယ်။

✓ Online University ဖြစ်သော်ငြားလည်း extra-curricular activities တွေ guest speakers series တွေ student-led clubs တွေက uni life ကို တစ်စိတ်တစ်ပိုင်း ခံစားရစေတဲ့ အရာတွေလို့ပြောလို့ရတဲ့အပြင် မိမိရဲ့ network ကို ချဲ့ထွင်လို့ရနိုင်တာပဲဖြစ်ပါတယ်။ ကျောင်းစာတွေအပြင် မိမိရဲ့ skills ကို improve ဖြစ်စေတဲ့ mandatory workshops တွေနဲ့ ကိုယ့် community ထဲက အဖွဲ့အစည်းတွေမှာ service learning လုပ်ရမှာတွေလည်း ရှိပါတယ်။

✓ Online University မို့ အလုပ်လုပ်ရင်းတက်လို့ရလားဆိုရင်တော့ full-time နဲ့ဆိုရင်တော့ အဆင်မပြေနိုင်ပါ။ ကျောင်းကလည်း တစ်ပတ်ကို နာရီ ၂၀ ထက်မပိုသော part-time jobs များထိသာ ခွင့်ပြုထားပါတယ်။ full time study ဖြစ်တာကြောင့် နေ့စဉ် ကိုယ်ယူတဲ့ course တွေအလိုက် face-to-face အတန်းတွေနဲ့ assignment တွေ homework အတွက်လေ့လာစရာတွေရှိနေတာဖြစ်လို့ အလုပ်တစ်ဖက်နဲ့ကတော့ ကိုယ့်ရဲ့ handle လုပ်နိုင်မှုအပေါ်ပဲမူတည်ပါတယ်။ လက်ရှိမှာတော့ part-time လုပ်ရင်း ကျောင်းတက်နေတဲ့သူတွေလည်းရှိပါတယ်။ ကျောင်းကနေလည်း part-time opportunities တွေကို ကမ်းလှမ်းတာတွေရှိပါတယ်။

✓ အခုဆိုရင်တော့ Data camp နဲ့ partnership ဖြစ်ထားလို့ အဲ့ဒီက certificate courses တွေကို မိမိတို့ရဲ့အားလပ်ချိန်မှာ free သင်ယူလို့ရနေတာလည်းဖြစ်ပါတယ်။

✓ Opportunities တွေအနေနဲ့ဆိုရင် OSUN ရဲ့ courses တွေကိုလည်း တက်ရောက်နိုင်ပြီး အဲ့ကနေမှတဆင့် international conference တွေ fellowship programs တွေကို join နိုင်တဲ့ fully-funded opportunities တွေကို မိမိကြိုးစားရင် ကြိုးစားသလောက် ရနိုင်ပါတယ်။ ကျောင်းမှ စီစဉ်ပေးတဲ့ global exchange programs တွေ Leadership conferences တွေ US internship opportunities ကိုလည်း လက်လှမ်းမှီသရွေ့ ကြိုးစားနိုင်သေးတာဖြစ်ပါတယ်။

🤍အခြားသော အကြံပြုချက်များ

အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း Parami University ရဲ့ admission process က ဖြတ်ရမယ့် အဆင့်တွေများတာကြောင့် တဆင့်ချင်းသေချာလေး ဂရုစိုက်ပြီး ဖြည့်သွား‌စေချင်တာပါ။ Round 1.2 စသဖြင့် ခေါ်လေ့ရှိတယ်ဆိုပြီး အချိန်မဆွဲနေစေချင်ပါဘူး Round 2 လောက်ထိကပဲ ကိုယ့်အတွက် ပိုသေချာစေတာမို့ပါ။ ကိုယ်တိုင် research သေချာလုပ်ပြီးမှ မေးတာကို ပိုပြီးအကြံပြုပါတယ်။ ဒါဟာ ကိုယ်က အလားအလာရှိတဲ့သူတစ်ယောက်ဆိုတာကို ပြရာလည်း ရောက်ပြီး တဖက်က ကိုယ်အကူအညီ တောင်းမယ့်ဆရာ ဆရာမ စသဖြင့် အတွေ့အကြုံရှိတဲ့သူတွေကလည်း ကိုယ့်ကို ပိုမိုကူညီပေးချင်စိတ်ရှိလာမှာဖြစ်တာမို့ပါ။ ကျောင်းရဲ့ application နဲ့ ပတ်သက်တဲ့ webinar တွေ info sharing session တွေ guidance တွေကိုတော့ ကျောင်းက စီစဉ်ထားပေးတဲ့ ဒီ gp ထဲမှာရနိုင်တာဖြစ်လို့ joinထားပြီး လေ့လာကြည့်စေချင်ပါတယ်။

Parami University Admission Preparation:
https://www.facebook.com/share/g/15ouxFDAke/

လူငယ်တွေအတွက် အားပေးစကား✨🌟

ကျွန်မတို့လို လူငယ်တွေကို အားပေးချင်တာကတော့ ရှေ့နှစ်တွေထိ ကိုယ်က လမ်းပျောက်နေခဲ့တယ်ဆိုရင်တောင် ဒီစာရှည်ကြီးဖတ်ပြီး အဆင့်တွေများလိုက်တာ ဆိုပြီး လက်မလျော့လိုက်ဖို့ပါပဲ။ ကျွန်မတုန်းကလည်း ဒီ application process တွေက နားလည်ဖို့ခက်ခဲခဲ့ပါတယ်။ ဘေးက ကူညီလမ်းပြပေးထဲ့တဲ့ဆရာသမားတွေ စီနီယာအမ နဲ့ သူငယ်ချင်းတွေကြောင့် အဆင်ပြေလာခဲ့တာပါ။ သူတို့ဘက်က လိုလိုချင်ချင်ကူညီချင်လာအောင် ကိုယ့်ဘက်က အားစိုက်ထုတ်ပြီး အရင် research တော့လုပ်ရတာပေါ့နော်။ ခုတော့ ဘယ်နားက ဘယ်လို info တွေရနိုင်ကြောင်းပါ တတ်နိုင်သလောက်ပြောပြထားပေးလို့ သေချာလေးဖတ်ပြီး ပြင်ဆင်မယ်ဆိုရင်တော့ အဆင်ပြေလောက်မယ်မျှော်လင့်ပါတယ်။ ဒီကြားထဲ အကူအညီလိုခဲ့မယ်ဆိုရင်တော့ ဆက်သွယ်လာလို့လည်း အဆင်ပြေပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

[Profile of Me]
https://www.facebook.com/jue.jueaung.5015

Jue Jue Aung
Class of 2028
Parami University

🌱🌱🎉🌿🌟
"လူငယ်များ ‌ပုံဖော်သည့်အသိုက်အဝန်း"
Equalink

📌 Useful Links
https://www.facebook.com/share/p/15ATsN3mB3/

📌 2025 Admission Launch Event
https://www.facebook.com/share/p/1NgYe54GaG/

Photos from Studyhouse's post 11/07/2024

လက်ရှိမှာ deadline ကျန်နေသေးတဲ့ IELTS course scholarships တွေအကြောင်း Buddies တို့အတွက် မျှဝေပေးချင်ပါတယ်
🔸IELTS ဆိုတာကတော့ နိုင်ငံရပ်ခြားမှာ တက္ကသိုလ်ပညာရေးအဆင့်ကို တက်လှမ်းချင်ကြတဲ့ သူတွေအတွက် မရှိမဖြစ် ပေါင်းကူးပေးတဲ့ အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ တစ်ခုဆိုလည်းမမှားပါဘူး
🔸ကိုယ်က ဒီကာလကြီးမှာမြန်မာပြည်က အခြေအနေတွေကြောင့် ပညာရေးရပ်နားထားရပြီး လမ်းပျောက်နေတယ်ဆိုရင်တော့ ဒီထဲက ကိုယ်နဲ့သင့်တော်ရာတစ်ခုကို လျှောက်ထားဖို့အကြံပေးချင်ပါတယ် Online ရော Offline ပါ ပါတာမို့ အသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာကြည့်ပေးပါ
🔸အချိန် နဲ့ သတ်မှတ်ချက်တွေ မကိုက်လို့ မလျှောက်လိုက်ရရင်လည်း next round တွေမစခင် self study လုပ်နိုင်မယ့် resources တွေလည်းမျှဝေထားပါတယ်

01/05/2024

၂၀၂၄ ၊ မေလ (၁) ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အား Studyhouse မှ ကြိုဆိုဂုဏ်ပြုလိုက်ပါတယ် ကမ္ဘာပေါ်ရှိ ကဏ္ဍအသီးသီးမှ အလုပ်သမားများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် အားလပ်ရက်မှာ ကောင်းကောင်းအနားယူနိုင်ကြပါစေနော်💁🏻‍♀️

Photos from Studyhouse's post 18/03/2024

Hello buddies! 📣📣
PEAL Program Batch 2 မလာနိုင်သေးတဲ့အတွက် တကယ်ကိုအကျိူးရှိမယ့် free course လေးတခုအကြောင်း သတင်းကောင်းပါးပါရစေ

"A course on Advanced Vocabulary and Sentence Structures"
6 months free course (ထိုင်းရောက်မြန်မာCDM သမားများအတွက်သာ)
Start date - April 1 (Monday)
Timetable -7:30 pm to 9:00 pm/ 9:15 pm (Thailand time) Every Tuesday, Thursday and Saturday
Requirement - English Level: Pre intermediate

ဆရာကြီးဦးအောင်ကျော်ခိုင် ကိုယ်တိုင်ဦးစီးပြီး ပညာဒါနပေးမယ့် online course ဖြစ်ပြီး google classroom နဲ့ google meet တို့ကိုအသုံးပြုသင်ယူရမှာဖြစ်ပါတယ်

Application form deadline တော့မရှိပေမယ့် ဦးရာလူစနစ်နဲ့ စည်းကမ်းအတော်များများလိုက်နာနိုင်မှ classroom invitation letter ရရှိမှာဖြစ်ပြီး သတ်မှတ်လူဦးရေ 30 ပြည့်သည့်အခါ ကျန်လျှောက်လွှာများမှာ အလိုအလျောက် waiting list ထဲရောက်သွားမှာဖြစ်ပါတယ်

6 months ဖြစ်တာမို့ ဒီကာလအတွင်း သတ်မှတ်ထားသောစည်းကမ်းနဲ့မညီသော အတန်းသားများကို ထုတ်ပယ်ပြီး waiting list ထဲမှ သင်တန်းသားများအား အခွင့်အရေးပေးမည့် ပုံစံဖြစ်ပါတယ် English proficiency levelအနည်းဆုံး Pre intermediate နဲ့ ၆ လပြီးဆုံးသည်အထိ တစိုက်မတ်မတ်လေ့လာသင်ယူနိုင်မယ့်သူများအတွက်သာအဆင်ပြေပါမယ်

application form တင်ဖို့အတွက် format နဲ့ လျှောက်မယ့် ကိုယ့် email format ကို စည်းကမ်းချက်များထဲကအတိုင်း တိတိကျကျလုပ်ဖို့သတိပေးပါရစေ အလိုလို ကိုယ့်ရဲ့ form က reject ဖြစ်သွားမှာမို့ပါ အသေးစိတ်ကို ဆရာကြီး တင်ထားသော မူရင်း post မှာ လေ့လာပြီး လျှောက်ထားနိုင်ပါတယ်

https://www.facebook.com/share/p/kqhwNMTL8xac8LoS/?mibextid=oFDknk

အောက်မှာတော့ form ပြည့်စုံတဲ့ခါ classroom invitation လက်ခံရတာကို ဥပမာပြထားပေးပါတယ်

Photos from Studyhouse's post 28/01/2024

Buddies တို့ရဲ့ အကြံပြုချက်လေးတွေရအပြီး ကျန်လေးပတ်နဲ့ နောက်ထပ် Batch တွေမှာ ပိုကောင်းအောင်လုပ်ဖို့ အားတွေရလိုက်ပါပြီရှင်🫶

Study guide Jue နဲ့အတူ ပျော်စရာ activities တွေကနေ အတူတူ သင်ယူမှတ်သားခဲ့ကြ ၊ ပေါ့ပေါ့ပါးပါး random questions တွေကနေ speaking practice လုပ်ခဲ့ကြလို့ စကားပြောရတာ တဖြည်းဖြည်း stress နည်းလာကြပြီလားရှင် 🤗

အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံခြားတိုင်းပြည်တွေကို ရောက်ရှိနေကြရတဲ့ ရွှေ့ပြောင်းမြန်မာလူငယ်တွေနဲ့ ပညာသင်ယူဖို့ ကျပ်တည်းနေကြတဲ့ မြန်မာနိုင်ငံက လူငယ်တွေအတွက် Studyhouse က အကျိုးရှိမယ့် free program တွေနဲ့ အမြဲရှိနေမှာပါ🙆

_________________________________________



After receiving heartwarming suggestions from our study buddies, we got the strength to do better in the remaining four weeks and the next batches. 🫶

We all learned and remembered through fun activities
together with Study guide Juri. Have you gradually become less stressed because you have practiced speaking with casual random questions? 🤗

Studyhouse will always be there with free programs that will benefit Myanmar's migrant youth who have arrived in foreign countries due to various circumstances and Myanmar's youth who are struggling to acquire quality education.🙆

Photos from Studyhouse's post 28/01/2024

ကဲ Practical English for Adult Learners Program လေးရဲ့ ပထမလလေး ကတော့ တလှိမ့်လှိမ့်နဲ့ ပြီးဆုံးလို့သွားခဲ့ပြီပေါ့နော် ဒီ လေးပတ်အတွင်း အလုပ်တစ်ဖက်နဲ့တောင် တက်တက်ကြွကြွနဲ့ သင်ခန်းစာတိုင်း အတူလိုက်ဆွေးနွေး ၊ Game တွေမှာခေါင်းစားခဲ့ကြတဲ့ buddies တို့ရဲ့ အမှတ်တရလေးတွေကို comment မှာ ပြန်အစဖော်ပေးခဲ့ကြဦးနော် မင်မင်တို့ရဲ့ Studyhouse မှာ buddiesတို့ရဲ့ အမှတ်တရလေးတွေသိမ်းထားချင်လို့ပါ 🤗

အသုံးဝင်မယ့် self - study tips လေးတွေ websites လေးတွေလည်း sharing လုပ်ပေးခဲ့တာမို့ သဘောကျခဲ့ကြမယ်လို့မျှော်လင့်ပါတယ် မနေ့ကလိုမျိုး Listening practice အစီအစဉ်လေးကိုလည်း သဘောကျမကျ ပြောပေးခဲ့ကြဦးနော် ကျန်တဲ့လေးပတ်မှာလည်း ဘယ်လို အကြောင်းအရာလေးတွေ လေ့လာချင်လဲဆိုတာ comment မှာ ရေးခဲ့ပေးလို့ရတယ်နော် 🙊

နောက်ထပ် zoom session တွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာ activities တွေလာမလဲဆိုတာ စောင့်မျှော်ပေးကြပါဦးနော် 😉

___________________________________________

Here, the first month of the "Practical English for Adult Learners" program has come to an end. I would like to thank all study buddies who actively participated in the discussion and game sessions. Please share your experiences and funny moments so that I can keep these moments as a beautiful memory.🤗

Hope you like the useful self-study tips and websites shared in the Zoom class. I would like to know if you enjoyed yesterday's listening practice session or not. You can also comment on what kind of topics you want to study in the remaining 4 weeks. 🙊

Stay tuned for more interesting activities in the next Zoom sessions. 😉

Photos from Studyhouse's post 29/12/2023

ကဲ Study buddies လေးတို့အတွက် ✨

Kdrama တွေကြည့်ရင်း ‌Eng စာလေ့လာလို့ရအောင် Jue လည်း self-study လုပ်ရင်း note ထုတ်ထားတာလေးတွေ မျှဝေပေးထားပါတယ်

▪️bloodbath on our soil
▪️eating me up
▪️set the bar
▪️speak ill
▪️behind his back

အရင်ဆုံး ပုံတစ်ပုံချင်းဆီ မကြည့်ခင် ဘာသာပြန်ကြည့်ပြီး ဒီ usage လေးတွေမှာကိုယ်သိတာရှိလားအရင် စမ်းစစ်ကြည့်ပါဦးနော် ပြီးမှ ကိုယ်ထင်တာနဲ့တူလားဆိုတာ ပုံတစ်ပုံချင်းစီလေ့လာပြီး ကိုယ်ပိုင် sentences လေးတွေတည်ဆောက်ကြည့်ခဲ့ပါ buddies လေးတွေရေ 🤗

Photos from Studyhouse's post 28/12/2023

❗Edited: သတ်မှတ်လူဦးရေထက် ကျော်လွန်လာပြီမို့ ဒီည 01:00 am (Thailand Time Zone) ဆို Student Registration Form လေးပိတ်ပါတော့မယ် Program မစခင်ရက်စောပြီး Form ပိတ်လိုက်ရလို့ မ joinလိုက်ရသူတွေအတွက် စိတ်မကောင်းပေမယ့် ဒီလို program လေးတွေကို နှစ်လတခါ လုပ်ပေးသွားမှာဖြစ်လို့ နောင်အသုတ်ကျ အမှီ join နိုင်အောင် Page လေးကို Like & follow လုပ်ပြီး updates လေးတွေကိုပဲ စောင့်ကြည့်ထားပေးကြပါနော် ချစ်ရတဲ့ Study buddies လေးတို့ရေ🙆‍♀️
12:30 am

❗Edited: Student Registration Form is closed!
01:00 am
30.12.2023
_____________________________

Study buddy လေးတို့အတွက် "Practical English for Adult Learners" လို့ခေါ်တဲ့ 2 လတာကြာမြင့်မယ့် Free Program လေးကို နှစ်သစ်လက်ဆောင်အဖြစ် Studyhouse မှ ယူဆောင်လာပါပြီ🎆

အားလပ်ရက် အပန်းဖြေပြီးတဲ့ခါ နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ပန်းတိုင်သစ်တွေချမှတ်ပြီး ကြိုဆိုဖို့ register လုပ်ထားရအောင်နော်✨

သင့်ပတ်ဝန်းကျင်မှာ အောက်ကအချက်တွေထဲကလို ပညာသင်ယူဖို့ အခက်အခဲ ဖြစ်နေတဲ့ လူတွေရှိခဲ့မယ်ဆိုရင်တော့ ထိုသူတွေအတွက် သတင်းကောင်းလေးကို မျှဝေပေးဖို့ မမေ့ပါနဲ့ဦးနော်🥰

◾ကဲ.. ဒါဆို ဘယ်သူတွေအတွက် ပိုသင့်တော်လဲ ကြည့်ကြည့်ရအောင်

ဒီ ပရိုဂရမ် လေးကတော့ ပညာအရည်အချင်း တစ်ပိုင်းတစ်စနဲ့ ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာလူငယ်တွေ ၊ တစ်ဖက်မှာလည်း ပြည်တွင်း၌ကျန်ရှိနေခဲ့ကြသောငွေကြေးအခက်အခဲတွေကြားမှ ကြိုးစားသင်ယူနေကြသော လူငယ်တွေ ၊ Basic နဲ့ Pre - intermediate ကြားမှာ လည်နေသော လူငယ်တွေ အတွက် အဓိကရည်ရွယ်တာဖြစ်ပါတယ်

Bangkok, Ching Mai, Pattaya, Phuket တို့လို Tourist attraction ဖြစ်တဲ့နေရာ‌တွေမှာ ရောက်ရှိနေကြတယ်ဆိုရင် Hotel & Restaurants အလုပ်ခေါ်စာတိုင်းလိုလိုမှာ Thai or English speaking skill တစ်ခုခုတောင်းနေတာကိုသတိထားမိမှာပါ foreigner တွေနဲ့ ပြောဆိုဖို့မရဲဘူးဖြစ်နေတယ်ဆိုရင် ဒီ program လေးကို join ဖို့အကြံပေးပါရစေ

◾ဘာတွေကိုရော သင်ယူနိုင်မှာလဲ ??

General English 4 skills ကို Intermediate level အထိ conversation practice များလုပ်ကာ လက်တွေ့လုပ်ငန်းခွင်မှာပြန်သုံးနိုင်သည်အထိ guide လုပ်ပေးသွားမှာဖြစ်ပါတယ်

ရွှေ့ပြောင်းမြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများနှင့် ချိတ်ဆက်ပေးနေသော Issa team မှာ interview ဖြေဆိုခဲ့ရတဲ့ အတွေ့အကြုံနဲ့အတူ interview tips များမျှဝေပေးသွားမှာဖြစ်ပါတယ်

ဒါ့အပြင် IH Bangkok မှာ သင်ယူခဲ့ရတဲ့ သင်ယူသူဗဟိုပြုတဲ့ teaching techniques များဖြင့် သင်ယူနိုင်မှာဖြစ်သလို မိမိတို့ရဲ့ တိုးတက်မှုကို သိရှိရန်အတွက်လည်း program ပြီးဆုံးသည်အထိ Level test များဖြေဆိုရင်း မိမိကိုယ်ကိုသုံးသပ်နိုင်မှာဖြစ်ပါတယ်


◾ကဲ..အဲ့တာဆိုရင်တော့ program နဲ့ပတ်သက်တဲ့ အတန်းချိန်အသေးစိတ်ကို အောက်မှာကြည့်လိုက်ရအောင်နော်

Date - Every Friday & Saturday (Jan 5 - Feb 24)
Time - 9;00 - 10:30 pm (Thailand time)

◾Free Class ဖြစ်တဲ့အတွက်ကြောင့် program join မယ့် လူငယ်တွေဘက်ကလည်း လိုက်နာ လုပ်ဆောင်ပေးရမယ့် အချက်အနည်းငယ်ရှိပါတယ် ဒါဟာလည်း အရေအတွက်ထက် အရည်အသွေးကို ပိုတန်ဖိုးထားလို့ပါ ဒါကြောင့် အောက်က link မှာ ဖြည့်စွက်ပြီး Page messenger ကို ပို့ပေးကြပါဦးနော် တခြားသိချင်တာလေးတွေကိုလည်း မေးမြန်းလို့ရပါတယ် study buddy တို့ရေ🤗

https://docs.google.com/forms/d/e/1FAIpQLSdAumLDx422xNyb_nJOSnuXuMYlpbwu4muwPBPtBkzf4t5TAg/viewform

28.12.2023

03/11/2023

smirk / smirked / smirked / smirking
- (V)smile in an irritatingly smug, conceited, or silly way.
စိတ်တိုစရာကောင်းလောက်အောင် အချိုးမပြေစွာပြုံးသည်
- (N)a silly smile
လှောင်ပြုံး /မဲ့ပြုံး

for example:

1. Wipe that smirk off your face!
မင်းမျက်နှာပေါ်ကလှောင်ပြုံးကိုဖယ်လိုက်စမ်း

ဒီနေရာမှာ wipe off ကphrasal verb အနေနဲ့ (တခုခုနှင့်) သုတ်တာ/ဖယ်ရှားပစ်တာအဖြစ်သုံးပါတယ်

2. Tell me when did your winning smile become to look like a smirk.. ( lyrics from Happiness - Taylor swift)
မင်းရဲ့နှစ်မြို့ဖွယ်‌ကောင်းတဲ့အပြုံးတွေက ဘယ်ချိန်တည်းက လှောင်ပြုံးတွေအဖြစ်ပြောင်းလဲသွားခဲ့ရတာလဲပြောပြစမ်းပါ..

winning smile - a smile that is friendly and tends to make people like that person.
ဒီနေရာမှာ winning smile က ဖော်ရွေတဲ့အပြုံး၊ လူအများနှစ်ခြိုက်တဲ့အပြုံးအဖြစ်သုံးပါတယ်

Nov4,2023

Send a message to learn more

25/05/2023

Hello,it's me!
Welcome to our Studyhouse!

ဒီPageလေးကို " The best part of learning is sharing what u know "ဆိုတဲ့အတိုင်း Learn to share, share to learn လုပ်ဖို့ အဓိကရည်ရွယ်ပါတယ်

ပထမဆုံး sharing လုပ်ပေးချင်တာကတော့ Odds and ends ဆိုတဲ့အသုံးလေးပါ

"Odds & ends" ဆိုတဲ့စကားလုံးလေးကိုတော့ Dr Soe Than ရဲ့"ချစ်လို့ရေးတာဖတ်ပါ" ဆိုတဲ့ "ဗိုက်တာမင်ဆောင်းပါးများ(၂)" ဖတ်ရင်း စိတ်ထဲစွဲလာခဲ့ပါတယ် ဆရာက သူ့မှတ်စုဟောင်းအတိုအစလေးတွေ ပြန် share ပေးတဲ့ ဆောင်းပါးတစ်ခုမှာ ကွင်းစကွင်းပိတ်နဲ့ (Odds and ends) ဆိုပြီး ရေးထားတာပါ အတိုအစလေးတွေဆိုပေမယ့် စာသင်သားတွေအဖို့ရာမှာ ‌သတိမူသင့်တဲ့ usages လေးတွေချည်းစုထားပေးတာလေးကို သဘောကျမိပါတယ်


ဒီကနေမှတဆင့် sentences တွေထဲ တခြားဘယ်လိုသုံးကြတယ်ဆိုတာကို sharing လုပ်ပေးချင်ပါတယ်

"Odds and ends" (Noun, C2 level) (informal) - a disorganized group of things of various kinds
မြန်မာလိုဆိုရင်တော့ "တိုလီမိုလီ" ပေါ့

e.g.

1.
At the same time, we prefer to accept whatever odds and ends may come our way rather than sit and starve.
တစ်ချိန်တည်းမှာပဲ ငါတို့တွေဟာ ထိုင်ပြီးအငတ်ခံနေတာထက်စာရင် ရရာတခုခု လုပ်လိုက်တော့ဖို့ကို စိတ်အားသန်နေကြတယ်

2.
It's a collection of odds and ends and nothing more.
ဒါက တိုလီမိုလီတွေ စုဆောင်းထားတာကလွဲရင် ဘာမှမရှိဘူး

3.
At first,we planned to make mala xiang guo recipe this weekend but it didn't happen as planned because there're still a few odds and ends left to collect such as quail eggs, lotus roots and enoki mushrooms.
ပထမတုန်းကတော့ ငါတို့ ဒီပိတ်ရက်မှာ မာလာရှမ်းကော လုပ်စားဖို့ စီစဉ်ထားခဲ့ပေမယ့် ငုံးဥ ၊ ကြာစွယ် နဲ့ အပ်မှို စတဲ့ တိုလီမိုလီတွေ စုဆောင်းဖို့ ကျန်နေသေးလို့ အစီအစဉ်တိုင်းဖြစ်မလာခဲ့ဘူး

ဒီလောက်ဆို Odds and ends ကို ကိုယ်ပိုင် sentence တွေထဲထည့်သုံးတတ်သွားမယ်လို့ထင်ပါတယ်

25/5/23

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Maha Chai?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Maha Chai