Labor Focus

Labor Focus

แชร์

Labor Rights Defense and Promote Promote labor rights

05/06/2026

၁၉၆၂ ခုနှစ်မှာ အာဏာရှင်နေဝင်းက အာဏာသိမ်းပြီးနောက် "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်" ကို ကျင့်သုံးခဲ့သည့်နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် စီးပွားရေးကျဆင်းလာပြီး ဆန်ရှားပါးခြင်း ၊ကုန်ဈေးနှုန်းမြင့်တက်ခြင်း ၊လုပ်ခလစာနည်းပါးခြင်း ၊အလုပ်သမားအခွင့်အရေး ကန့်သတ်ခံရခြင်း တွေ ဖြစ်ပေါ်လာခဲ့ပြီး ပြည်သူတစ်ရပ်လုံး ဆင်းရဲတွင်းနက်ခဲ့ရတယ်
အထွေထွေအကြပ်တည်းဆိုက်ရောက်နေသော အလုပ်သမားလူတန်းစားများသည် ၁၉၇၄ ခုနှစ် ဇွန်လ ၆ ရက် ရန်ကုန်ရှိသမိုင်းအထည်စက်ရုံ၊ အင်းစိန် မီးရထားစက်ရုံ ၊စင်မလိုက် သင်္ဘောကျင်း ၊ဓာတုစက်ရုံများအပါအဝင်စက်ရုံအများအပြားမှအလုပ်သမားများကသပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။
အဓိကတောင်းဆိုချက်များ ဆန်ရိက္ခာလုံလောက်စွာရရှိရေး ၊လုပ်ခလစာတိုးမြှင့်ရေး၊အလုပ်ခွင်အခြေအနေ ကောင်းမွန်ရေး ၊အစိုးရထိန်းချုပ်ထားသော Workers' Council ဖျက်သိမ်းရေး တို့ ဖြစ်ပါတယ်။ ဆန္ဒပြမှု ကြီးထွားလာချိန်မှာအာဏာရှင်နေဝင်းရဲ့ ကလက်ကိုတုတ်ဖြစ်တဲ့ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့များ ကစေ မျက်ရည်ယိုဗုံးသုံးခြင်း၊သေနတ်ပစ်ခတ်ခြင်း ၊အလုပ်သမားခေါင်းဆောင်များ ဖမ်းဆီးခြင်း တွေ ပြုလုပ်ခဲ့ပါတယ်။အလုပ်သမားများနှင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရခဲ့ကြပြီး သမိုင်းမှတ်တမ်းအချို့အရ ရာနှင့်ချီသော အလုပ်သမားနှင့် ကျောင်းသားများ သေဆုံးခဲ့ရတယ်။
ဇွန် ၆ အရေးအခင်းဟာ
(၁) အလုပ်သမားအရေးသာ မဟုတ်"ထမင်းရဖို့ တိုက်ပွဲ" ကနေ "စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး" အထိ တိုးချဲ့သွားခဲ့ပါတယ်။
(၂) နောက်ပိုင်းဒီမိုကရေစီလှုပ်ရှားမှုများ၏ အခြေခံ
• ၁၉၇၄ ဦးသန့်အရေးအခင်း
• ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ
• ၂၀၂၁ နွေဦးတော်လှန်ရေး
စသည့် လှုပ်ရှားမှုများအတွက် အလုပ်သမားများ၏ နိုင်ငံရေးအခန်းကဏ္ဍကို ပြသခဲ့ပါတယ်။
(၃) အလုပ်သမားလှုပ်ရှားမှုနေ့ - ယနေ့ အလုပ်သမားအဖွဲ့အစည်းများစွာက ဇွန်လ ၆ ရက်ကို "အလုပ်သမားသပိတ်အရေးတော်ပုံနေ့" အဖြစ် အမှတ်တရကျင်းပကြပါတယ်။

#အရေးတော်ပုံ
#ဇွန်၆

Photos from Labor Focus's post 31/05/2026

မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF)
နိုင်ငံရေးသဘောထားထုတ်ပြန်ချက် | ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်
🇮🇳 အိန္ဒိယအစိုးရသည် မိမိနိုင်ငံတွင်း၌ ဒီမိုကရေစီကို ဖျက်ဆီးသူအား ဧည့်ခံကြိုဆို၍ နိုင်ငံတကာတွင် ဒီမိုကရေစီ ဘက်တော်သားအဖြစ် ဟန်ဆောင်၍မရနိုင်။
❌မင်းအောင်လှိုင်သည် ရွေးကောက်ခံ သမ္မတမဟုတ်ပါ။
💢 စစ်ကောင်စီ၏ အိန္ဒိယခရီးစဉ်သည် တရုတ်ကို အခြေခံ၍ အချိုးညှိခြင်းမဟုတ်ဘဲ ၄င်းတို့သည် တရုတ်ကြောင့်သာ အသက်ဆက်နေရခြင်းဖြစ်သည်။
🔖 အိန္ဒိယနိုင်ငံသည် မျှော်လင့်ချက်မဲ့နေသူတို့၏ တရားဝင်မှုဟန်ပြမှုကို ကူညီရန် တောင်းဆိုခံနေရခြင်းဖြစ်သည်။
မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) ဆိုသည်မှာ ၂၀၂၂ ခုနှစ်ကစတင်၍ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ထူထောင်ရေး တိုက်ပွဲဝင်ရာ၌ သွေးစည်းညီညွတ်စွာ ပူးပေါင်းထားကြသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ သပိတ်ကော်မတီများ နှင့် အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း (၂၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော မဟာမိတ်အင်အားစုကြီး ဖြစ်သည်။ SIF သည် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ကော်မတီ (ASECC) မှတစ်ဆင့် လွန်ခဲ့သော (၄) နှစ်တာကာလအတွင်း စစ်ကောင်စီ၏ မတရားသော ရွေးကောက်ပွဲများကို ဆန့်ကျင်မည့် လူထုလှုပ်ရှားမှုများကို မြို့နယ်ပေါင်း ၁၀၀ နီးပါး၌ ဦးဆောင်လှုံ့ဆော် ဖော်ဆောင်နိုင်ခဲ့သည်။
To download the files: https://drive.google.com/.../1AeATBR... See less

31/05/2026

ထိုင်းနိုင်ငံမှ ဖမ်းဆီး ပြန်ပို့လိုက်သော မြန်မာနိုင်ငံသား ၁၁၁ ဦးအနက်မှ စစ်မှုထမ်းအသက်ပြည့်မှိစောသူများကို စစ်မှုထမ်းခိုင်းစေရန် ကော့သောင်းခမရ ၂၆၂ တပ်ရင်းထဲတွင် ဖမ်းဆီးခေါ်ဆောင်ထား
ရန်ကုန်၊ မေ ၃၁
ထိုင်းနိုင်ငံတွင် တရားမဝင် ခိုးဝင်မှုအပါအဝင် ပြစ်မှုများဖြင့် ဖမ်းဆီး ပြန်ပို့လိုက်သော မြန်မာနိုင်ငံသား ၁၁၁ ဦးအနက်မှ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အကြား လူငယ်များကို ကော့သောင်းမြို့နယ်ထွေ/အုပ်နှင့် စစ်တပ်က စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း ကော့သောင်းမြို့နယ်တွင် နေရပ်ပြန် မြန်မာအလုပ်သမားများကို ကူညီနေသူများက ပြောဆိုသည်။
မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီး ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား ၁၁၁ ဦး ကော့သောင်းမြို့သို့ ထိုင်းအာဏာပိုင်များက ပြန်လည်ပို့ဆောင်ပြီး မြန်မာစစ်တပ်၊ ရဲနှင့် ထွေ/အုပ်များလက်ထဲသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း၊ ယင်းသို့ လွှဲပြောင်းလိုက်ပြီးနောက် အဆိုပါ မြန်မာနိုင်ငံသားများကို စစ်တပ်၊ ရဲနှင့်ထွေ/အုပ်တို့က PSMS စစ်ဆေးရေးစနစ်ဖြင့် တစ်ဦးချင်း ရဲနှင့်ထွေ/အုပ်တို့က စိစစ်ကြောင်း၊ CDM နှင့် ပြစ်မှု မှတ်တမ်းရှိ၊ မရှိစစ်ဆေးပြီးနောက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အကြား လူငယ်များကို ကော့သောင်းမြို့ အခြေစိုက် ခမရ ၂၆၂ တပ်ရင်းထဲတွင် ခေါ်ဆောင်ဖမ်းဆီးထားကြောင်း သိရှိရသည်။
"၂၉ ရက်နေ့က ပြန်ရောက်လာတဲ့လူတွေကို ထွေ/အုပ်၊ ရဲ၊ လ၀ကက PSMS စစ်ဆေးရေးစနစ်နဲ့ စစ်တယ်။ ပြစ်မှု မှတ်တမ်းရှိ၊ မရှိ စစ်တာ။ ပြီးတော့ ခမရ ၂၆၂ ထဲကို ခေါ်သွားတယ်။ လူငယ်တွေအကုန်ပဲ ခေါ်သွားတာ။ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေ ကို ခေါ်သွားတာ" ဟု ကော့သောင်းမြို့အခြေစိုက် နေရပ်ပြန် မြန်မာများကို ကူညီနေသော ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ထိုင်းနိုင်ငံက ဖမ်းဆီး ပြန်ပို့လိုက်သော မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့လွတ်မြောက်လာသူများဖြစ်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို လူဝင်မှုကြီးကြပ်ရေး ရဲစခန်းအချုပ်ဆောင်မှတစ်ဆင့် မြန်မာဘက်အခြမ်းသို့ ပြန်လည် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ထိုင်းနိုင်ငံမှ ပြန်လည်ပို့ဆောင်သော မြန်မာနိုင်ငံသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်မှုများရှိနေကြောင်းပေါ်တာဆွဲခံရပြီးနောက် တော်လှန်ရေးတပ်များထံတွင် အလင်းဝင်ရောက်ခဲ့သော စစ်မှုထမ်းတပ်သားများက ပြောဆိုကြသည်။
ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံသားများကို ဖမ်းဆီး၍ ပြန်လည်ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိပြီး ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၆၅၇ ဦးကို စစ်အစိုးရထံ လွှဲပြောင်းခဲ့ပြီး ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ၁၆၈ ဦး၊ ဖေဖော်ဝါရီလတွင် ၁၂၈ ဦး၊ မတ်လတွင် ၁၉၃ ဦး၊ ဧပြီလတွင် ၇၈ ဦးနှင့် မေလ ၁၃ ရက်တွင် ၉၀ ဦးကို ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ထိုင်းနိုင်ငံမှ ပြန်လည် လွှဲပြောင်းခံရသော မြန်မာနိုင်ငံသားများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

01/05/2026

ယနေ့ ကျရောက်သော ၁၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ပြည်တွင်းအခြေပြု အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များနှင့်အလုပ်သမားအဖွဲ့အစည်းများ၏ မေဒေးနေ့ အတွက် ထုတ်ပြန်ချက်အဖြစ်

၁။အလုပ်သမားများအား အတင်းအဓမ္မစစ်မှုထမ်းစာရင်းသွင်းခြင်း၊ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့်လုပ်ငန်းခွင် အတင်းအဓမ္မခိုင်းစေခြင်းလုပ်ရပ်များ ရပ်တန့်ရေး။
၂။အလုပ်သမားအဖွဲ့စည်းများလွတ်လပ်စွာ ဖွဲ့စည်းခွင့်၊လှုပ်ရှားခွင့်ရရှိရေး နှင့် yellow unionဖွဲ့စည်း
နေမှုများ ရပ်တန့်ရေး။
၃။မတရား ဖမ်းဆီးခံ အလုပ်သမားများနှင့် နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရေး။
၄။လူ့အခွင့်အရေးစံနှုန်းနှင့်အညီ လုံခြုံသော လုပ်ငန်းခွင်များ ပေါ်ပေါက်ရေး။
၅။နိုင်ငံတကာ Brandများမှ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖူလုံသောလုပ်အားခများရရှိရန်
တာဝန်ယူပေးရေး။
၆။ရွှေ့ပြောင်းလုပ်သားများ ဘေးကင်းစွာအလုပ်လုပ်ခွင့်ရရှိရေးနှင့် ဖမ်းမိလုပ်သားများအား စစ်မှုထမ်းရန် ပြန်လည် ပို့ဆောင်နေမှုများအား ကာကွယ်ပေးရေး စသည့် အချက်(၆)ချက်အား စု‌ေပါင်းတောင်းဆို
ထုတ်ပြန်လိုက်ဟု သိရသည်။
#အလုပ်သမား

Photos from Labor Focus's post 08/03/2026

၂၀၂၆ ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးအဖွဲ့အစည်းများနှင့်အလုပ်သမားအဖွဲ့စည်းများ စုပေါင်းကား ရာသီသွေးတရားမျှတမှုဆိုင်ရာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။အဆိုပါလှုပ်ရှားမှုရဲ့ အဓိကအနေဖြင့် စစ်အုပ်စု မှ ရာသီးသွေးကာလတွင်အသုံးပြုသော အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ပိတ်ဆို့ တားဆီးထားမှုများကြောင့် စစ်ရှောင်ဒေသနှင့် ပဠိပက္ခဖြစ်ပွားရာဒေသများရှိ အမျိုးသမီးများမှာ ကျန်းမာရေးဆိုင်ရာ အခက်အခဲများ များစွာရင်ဆိုင်နေကြရသည်။ ထို့အတွက်ကြောင့် စစ်အုပ်စုရဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းများပိတ်ဆို့ထားမှုအား နိုင်ငံတကာကသိရှိနိုင်ရန် အဆိုပါလှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

၂၀၂၆ ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက် | ♦️“Let it Flow - စီးဆင်းပါစေ”♦️ ရာသီသွေးတရားမျှတမှုဆိုင်ရာ လှုပ်ရှားမှု
မတ်လ (၆) ရက်၊ ၂၀၂၆ ခုနှစ်
Let It Flow - Menstrual Justice Movement (စီးဆင်းပါစေ ရာသီသွေးတရားမျှတမှုဆိုင်ရာ လှုပ်ရှားမှု)သည် ၂၀၂၆ ခုနှစ် မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အဖွဲ့အစည်း (၁၀) ဖွဲ့က ပူးတွဲဆောင်ရွက်သည့် လှုပ်ရှားမှုဖြစ်သည်။ ယခု လှုပ်ရှားမှုအား ၂၀၂၆ ခုနှစ် မတ်လ တွင် ဒေသအသီးသီး၌ ပြုလုပ်သွား မည်ဖြစ်သည်။
ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ ။
ရာသီသွေးဟာ လူ့အသက်သွေး၊
#လစဥ်သုံးပစ္စည်းပိတ်ဆို့မှုချက်ခြင်းရပ်။
ရာသီသွေးဆိုင်ရာစောင့်ရှောက်ခြင်းဟာ ကျန်းမာရေးစောင့်ရှောက်ခြင်း။
ရာသီသွေးဆိုင်ရာကျန်းမာရေးဟာ အခြေခံလူ့အခွင့်အရေး။

12/02/2026

လုပ်ငန်းရှင်များကို အခွင့်အရေးပိုပေးထားသည့် အိန္ဒိယဗဟိုအစိုးရ၏ မူဝါဒအား အလုပ်သမားသမဂ္ဂများ နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြ
ဖေဖဝါရီ ၁၂၊၂၀၂၆
အိန္ဒိယဗဟိုအစိုးရက ဖော်ဆောင်နေသည့် စီးပွားရေးနှင့် အလုပ်သမားရေးရာ မူဝါဒသစ်များသည် အလုပ်သမားထု၏အခွင့်အရေးများကို လျော့ပါးစေပြီး ကော်ပိုရိတ်ကုမ္ပဏီကြီးများကိုသာ အကျိုးပြုနေသည်ဆိုကာ အလုပ်သမားသမဂ္ဂများက ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) တွင် နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြနေကြသည်။
ဥပဒေသစ်အရ အလုပ်သမား ၃၀၀ အထိရှိသော လုပ်ငန်းများသည် အစိုးရခွင့်ပြုချက်မလိုဘဲ အလုပ်သမားများကို အလုပ်ဖြုတ်ခွင့် ရရှိခြင်းကြောင့် အလုပ်အကိုင် လုံခြုံမှုမရှိဟုဆိုကာ သမဂ္ဂများက ကန့်ကွက်ကြခြင်းဖြစ်သည်။ ထို့အပြင် တစ်နေ့အလုပ်ချိန်ကို ၁၂ နာရီအထိ တိုးမြှင့်သတ်မှတ်ခွင့် ပေးလိုက်ခြင်းသည်လည်း လုပ်အားခေါင်းပုံဖြတ်မှု ဖြစ်သည်ဟု အလုပ်သမားများကဝေဖန်နေကြသည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အညီ အနည်းဆုံး လုပ်ခလစာကို တစ်လလျှင် ၂၆,၀၀၀ ရူပီးအထိ တိုးမြှင့်ပေးရန် တောင်းဆိုထားရာ အစိုးရက လျစ်လျူရှုထားသည်ကိုလည်း အလုပ်သမားများက ကန့်ကွက်နေကြသည်။
ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေသပိတ်ကို စတင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကုန်သွယ်ရေးသမဂ္ဂ ကွန်ဂရက် (AITUC) ၏ အထွေထွေအတွင်းရေးမှူး အမာဂျစ် ကောရ်က ထုတ်ပြန်ခဲ့သည်။ ၎င်းကအာသံ၊ တမီလ်နာဒူး၊ ပွန်ဒီချယ်ရီ၊ ကီရာလာ၊ အိုဒီးရှားနှင့် ဘီဟာ အပါအဝင် ပြည်နယ်အသီးသီးမှ ဆန္ဒပြမှု သတင်းအစီရင်ခံစာများကို လက်ခံရရှိထားကြောင်း ပြောသည်။
(Photo − AFP)
#မြန်မာအလုပ်သမား

#ရွှေ့ပြောင်း

12/02/2026

လက်တလော ထိုင်း - မြန်မာ ရိုက်နှပ်မှုများကောင့် အလုပ်မဆင်းရဲသည့် မြန်မာအလုပ်သမား ၂၃ ဦး အလုပ်ထုတ်ခံရ
ဇေဖဝါရီ ၁၂ ၊၂၀၂၆
ထိုင်းနိုင်ငံ စာမွတ်ပရကန်ခရိုင် တွင် ဇန်နဝါရီလအတွင်း ဖြစ်ပျက်ခဲ့သည့် ထိုင်းနိုင်ငံသားအချို့ နှင့် မြန်မာနိုင်ငံသားအချို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခအရှိန်ကြောင့် ထိုင်းနိုင်ငံအတွင်းခရိုင် တစ်ချို့တွင် မြန်မာနိုင်ငံသားများအပေါ်အကြောင်းမဲ့ ရိုက်နှက်ခြင်းများပွားခဲ့သည်ကို social မီဒီများမှ တစ်ဆင့် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။
ယင်းပဋိပက္ခကြောင့် မြန်မာနိုင်ငံသားများအားအကြောင်းမဲ့ ရိုက်နှက်ခြင်းများပြုမှုနေသည့် ထိုင်းနိုင်ငံသားအချို့ ဇန်နဝါရီလ ၂၈ရက်နေ့တွင် စမွတ်ပကန်နယ်မြေ အတွင်း မြန်မာလုပ်သားများ နေထိုင်ရာနေရာ အချို့သို့လာမည်ဟု သိရသဖြင့် ယင်းခရိုင်အတွင်း အွန်လိုင်းပစ္စည်းရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သား ၂၃ဦးသည် လုပ်ငန်းရှင်သူဌေးထံ၌ အလုပ်နားရန်အတွက် အသနားခံကာ အလုပ်နားခဲ့ကြသည်။ နောက်နေ့အလုပ်ပြန်ဆင်းသည့်အခါ၌ ရုတ်တရက်အလုပ်ထုတ်ခံလိုက်ရသည်ဟု မြန်မာလုပ်သားများထံမှသိရသည်။
ထို့ကြောင့် MHAC မဟာမိတ်အဖွဲ့ထံလာရောက်အကူအညီတောင်းခံလာသည့်အတွက် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် နစ်နာသူမြန်မာလုပ်သားများနှင့်တွေ့ဆုံကာ သက်ဆိုင်ရာ နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(ဆဝါဒီကန်) ၌ ထိုင်းဥပဒေနဲ့အညီ ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးခဲ့သည်ဟု ထိုအဖွဲ့ထံမှသိရသည်။
Photo

#ပြည်ပရောက်ရွှေမြန်မာ
#ရွှေ့ပြောင်း
#မြန်မာအလုပ်သမား

09/02/2026

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှ သွေးဆောင်ဖြားရောင်းခံရသော ​တရားမဝင်မြန်မာအလုပ်သမားများအပါအဝင် ၂၀ ဦး ဖမ်းဆီးခံရ
ဖေဖော်ဝါရီ ၈၊ ၂၀၂၆
ထိုင်းအာဏာပိုင်များက ယမန်နေ့နံနက် အာရန္တပရက် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် သဘာဝကြံခင်းလမ်းကြောင်းမှ တရားမဝင်ဝင်ရောက်လာသည့် အလုပ်သမား ၂၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရသည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ လုံခြုံရေးကင်းလှည့်စဉ် ဆာကေအိုပြည်နယ်၊ ခလုန်နမ်ဆိုင်းမြို့နယ်၊ ဘန်ကွတ်ဟင်းကျေးရွာအနီးတွင် လူစုတစ်စုအား သတိပြုမိခဲ့ပြီး ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ၁၆ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၄ ဦးမှာ ကမ္ဘောဒီးယားနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။ အများစုတွင် ဥပဒေနှင့်အညီ ဝင်ရောက်ရန် လိုအပ်သော မည်သည့်စာရွက်စာတမ်းမျှ မရှိခဲ့ပေ။
မြန်မာနိုင်ငံသားများရဲ့ ထွက်ဆိုချက်အရ ၎င်းတို့အား ထိုင်းနိုင်ငံရှိ စားသောက်ဆိုင်များတွင် အလုပ်လုပ်ရန် လစာ ဘတ်ငွေ ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိ ကတိပေးကာ အွန်လိုင်းမှတစ်ဆင့် သွေးဆောင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ထိုအလုပ်အတွက် လူကုန်ကူးသူထံ ဘတ်ငွေ ၃၆,၀၀၀ မှ ၄၀,၀၀၀ အထိ ပေးဆောင်ရမည်ဟု သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသားများမှာမူ ယခင်က ရေယွန်ပြည်နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ဖူးပြီး ထိုနေရာသို့ ပြန်လည်အလုပ်လုပ်လိုကြောင်း ပြောကြားခဲ့သည်။
ဖမ်းဆီးမှုအတွင်း လူကုန်ကူးသူတစ်ဦး ထွက်ပြေးသွားခဲ့သည်။ ဖမ်းဆီးခံရသူ အားလုံးကို ခလုန်နမ်ဆိုင်းရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#ပြည်ပရောက်ရွှေမြန်မာ
#မြန်မာအလုပ်သမား
#ရွှေ့ပြောင်း

08/02/2026

ပဲခူးစက်မှုဇုန်ရှိ Jafon (ဂျက်ပွန်) လက်ကိုင်အိတ်စက်ရုံတွင် တရုတ်နိုင်ငံသားများက အလုပ်သမားအမျိုးသမီးငယ်များအား လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုကာ လက်ထပ်ရန် ဖိအားပေးစည်းရုံးမှုများ ပြုလုပ်နေကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားများထံမှ သိရသည်။
အဆိုပါစက်ရုံ တာဝန်ရှိသူများသည် ၎င်းတို့၏ မိတ်ဆွေ တရုတ်နိုင်ငံသားများအား စက်ရုံအတွင်းသို့ ခေါ်ဆောင်လာပြီး စက်လိုင်းများအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးငယ်များကို ရောင်းကုန်ပစ္စည်းသဖွယ် လိုက်လံကြည့်ရှုစေခဲ့ကြောင်း၊ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင်လည်း ပြင်ပတရုတ်နိုင်ငံသားများကို စက်ရုံအတွင်း ခေါ်ယူကာ စတုတ္ထအကြိမ်မြောက်အဖြစ် လိုက်လံရွေးချယ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ လိုက်လံကြည့်ရှုရာတွင် စက်ရုံမှ စကားပြန်အမျိုးသမီးတစ်ဦးက ကူညီဆောင်ရွက်ပေးပြီး တရုတ်နိုင်ငံသားများက ၎င်းတို့သဘောကျသည့် အမျိုးသမီးများရှေ့တွင် အလုပ်လုပ်၍မရအောင် ဝင်ရောက်ထိုင်ကြည့်ကာ ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ထိုသို့လာရောက်ထိုင်ကြည့်ကာ နှောင့်ယှက်မှုများရှိခဲ့သဖြင့် ကာယကံရှင် အမျိုးသမီးများမှာ အလုပ်ခွင်အတွင်း ကြောက်ရွံ့ရှက်ရွံ့ကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေရသည်ဟု ဆိုသည်။
ထို့ပြင် စက်ရုံရှိ စူပါနှင့် လီဒါအချို့သည်လည်း အောင်သွယ်ခရယူကာ စီးပွားရေးမပြေလည်သည့် အလုပ်သမားများအား "တင်တောင်းငွေ အများအပြားရမည်" ဟုဆိုကာ တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် မဟုတ်မမှန် စကားများဖြင့် သွေးဆောင်ဖြားယောင်းမှုများတွင် ပါဝင်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ အဆိုပါစက်ရုံသည် ပဲခူးစက်မှုဇုန်၊ နာဂဝန်လမ်းရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး IPSY, GLAM BAG နှင့် Gucci စသည့် အိတ်အမှတ်တံဆိပ်များကို ချုပ်လုပ်နေခြင်းဖြစ်သည်။
အလုပ်သမားများကမူ လုပ်ငန်းခွင်အတွင်း အမျိုးသမီးများအား ကာကွယ်ပေးရမည့်အစား ရောင်းကုန်သဖွယ် သဘောထားကာ ထိပါးနှောင့်ယှက်မှုများဖြစ်အောင် ဖန်တီးနေသည့် စက်ရုံတာဝန်ရှိသူများနှင့် ပါဝင်ပတ်သက်သူများကို ထိရောက်စွာ အရေးယူပေးစေလိုကြောင်း တောင်းဆိုထားကြသည်။

Focus

#မြန်မာအလုပ်သမား

05/02/2026

ကန်ချနဘူရီအာဏာပိုင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ၁၃၈ ဦးအား ပြန်ပို့

၂၀၂၆၊ ဖေဖော်ဝါရီ ၂၀၂၆▪ နယ်ခြားကင်းလှည့်ရဲတပ်ဖွဲ့တပ်ခွဲ (၁၃၄) က ထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်ခုတွင် မှုခင်းဆိုင်ရာအမိန့်များကို အကောင်အထည် ဖော်ကာ မြန်မာနိုင်ငံသား ၁၃၈ ဦးအား ထိုင်းနိုင်ငံ နယ်နမိတ်အတွင်းမှ ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံအရာရှိများအဆိုအရ၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်က ကန်ချနဘူရီခရိုင်၊ နောင်လူးမြို့နယ်အတွင်းရှိ ဘန်ဖရာစေတီဆမ်အွန် ကုန်သွယ်ရေးနယ်စပ်ဖြတ်ကျော်ဂိတ် (၁၁) တွင် ထိုလုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

နှင်ထုတ်ရေးလုပ်ငန်းစဉ်ကို နယ်ခြားကင်းလှည့်ရဲတပ်ဖွဲ့တပ်ခွဲ (၁၃၄) မှ တပ်မှူး ရဲမှူးကြီး ဘန်ဂျိုး ရန်ရွန် ဦးဆောင်ပြီး လတ်ယာအထူးတပ်ဖွဲ့မှ စစ်ဘက်ဝန်ထမ်းများ၊ ကန်ချနဘူရီပြည်နယ်မှ လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။

ထိုလုပ်ဆောင်မှုက နယ်ခြားကင်းလှည့်ရဲတပ်ဖွဲ့တပ် (၁၃) ၏ အကြီးအကဲ ရဲမှူးကြီး သာဝမ်သွန်ဖူတီသန်ဖီဆွတ်၊ ဒုတိယတပ်မှူးကြီးနှင့် နယ်ခြားကင်းလှည့်ရဲတပ်ဖွဲ့တပ်ခွဲ (၁၃၄) မှ အဆင့်မြင့်အရာရှိများဖြစ်သော ရဲမှူးကြီး ဒုတိယရဲမှူးကြီး ခါနီဆွန်မနီရတ် နှင့် ရဲမှူးကြီး ချာယန်သွန်ချွတ်ကလင်တို့ရဲ့ လမ်းညွှန်မှုအောက်တွင် ထုတ်ပြန်ခဲ့သော အမိန့်များအရ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
#မြန်မာအလုပ်သမား
#ရွှေ့ပြောင်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Mae Sot