Mike one day trip

Mike one day trip

แชร์

ตำแหน่งใกล้เคียง สำนักงานตัวแทนจัดการท่องเที่ยว

ThailandBiking
ThailandBiking
884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

make you happy

14/05/2025

That's true

13/01/2025

🛥Private Speed Boat 2 engines🛥

🌻Half day 4 hours
- Koh Tan - Mudsum
-Koh Phangan

🌻One Day Trip (Full day 8 hours)
- Angthong National Marine Park
- Koh Tao - Nangyuan

👉🏻Include
-Guide
-Soft drink
-Fruit
-Insurance
-Snorkeling equipment
-Life Jacket

👉🏻Exclude
-Transfer Hotel
-Lunch
-Entrance fee of Island

Call : 062-8684206
Whatsapp : +6662868 4206

Photos from Mike one day trip's post 13/01/2025

🛥Private Speed Boat 2 engines🛥

🌻Half day 4 hours
- Koh Tan - Mudsum
-Koh Phangan

🌻One Day Trip (Full day 8 hours)
- Angthong National Marine Park
- Koh Tao - Nangyuan

👉🏻Include
-Guide
-Soft drink
-Fruit
-Insurance
-Snorkeling equipment
-Life Jacket

👉🏻Exclude
-Transfer Hotel
-Lunch
-Entrance fee of Island

Call : 062-8684206
Whatsapp : +6662868 4206

Photos from Mike one day trip's post 13/01/2025

Thanks you so much

30/12/2023

ဂျာမနီကလာတဲ့ ​လှေကြီးဧည့်သည်​တွေ

16/12/2023

လောကမှာဘယ်အရာမှအလကားမရပါ...

အောင်မြင်တဲ့သူတိုင်းမှာ
လုံလောက်တဲ့ ကြိုးစားအားထုတ်မှုရှိကြသလို

တခြားလူတွေမသိတဲ့
နာကျင်မှုနဲ့ပေးဆပ်မှုတွေလည်း ရှိကြစမြဲပါ...

ပုံထဲကသူက အားလုံးသိကြတဲ့
ကမ္ဘာကျော်ရုပ်ရှင်မင်းသား Bruce Lee (ဘရုစ္စလီ)
ပဲဖြစ်ပါတယ်...

သူက အဲဒီခေတ်က သိုင်းပညာပေါင်းစုံပြိုင်ပွဲတွေမှာ
ချန်ပီယံဖြစ်ခဲ့သလို သူ့ခေတ်သူ့အခါက သူ့ကို
ဘယ်သူမှ တစ်ဦးချင်းနိုင်အောင် မတိုက်ခိုက်
နိုင်ခဲ့ပါဘူး...

သူအဲလို ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်
ဖြစ်လာအောင် သာမာန်လူတွေ လိုက်မလုပ်နိုင်တဲ့
လေ့ကျင့်ခန်းတွေ များစွာလုပ်ခဲ့ရပါတယ်...

သူ့ရဲ့နာမည်ကျော် One Inches Punch လို
ထိုးချက်ပြင်းဖို့ပုံထဲကအတိုင်း သူ့လက်ကို အသားမာ
တက်တဲ့အထိမာကျောတဲ့အရာဝတ္ထုတွေကို
အနာခံ ထိုးပြီး ခက်ခက်ခဲခဲလေ့ကျင့်ခဲ့ရတာပါ...

သူ့လက်သီးက ဘယ်လောက်ပြင်းသလဲဆိုရင်
လက်ညှိုးတစ်ထောက်စာအကွာက ကပ်ထိုးရင်တောင်
လူတစ်ယောက်ကို ကိုးပေလောက် လွင့်ထွက်သွား
စေခဲ့ပါတယ်....

လောကမှာဘယ်အရာမှအလကားမရပါ...

မိတ်ဆွေ...သင်လည်း ဘဝမှာ သူများထက်
အောင်မြင်ချင်ရင် သူများထက်ပိုပြီး
ကြိုးစားအားထုတ်ဖို့နဲ့ အနစ်နာခံပေးဆပ်ဖို့
လိုအပ်ပါတယ်...။ ။

(ဒီပို့စ်လေးက မိတ်ဆွေတို့အတွက် စိတ်ဓာတ်ခွန်အား
ဖြစ်စေတယ်ဆိုရင် ပြန်ရှယ်ပေးဖို့ မမေ့ပါနဲ့နော်)

07/12/2023

ဖတ်ဖြစ်အောင် ဖတ်ပေးနော်
မဖတ်ဖြစ်ရင်တောင်မှ Save ထားပေါ့
အားလပ်ချိန် ပြန်ဖတ်လိုရအောင်
အောက်ကရေးထားတဲ့ စာသားနဲ့
အပြင်မှာ တညီထဲဖြစ်ဖူး ကြုံဖူးကြမှာပါ :-)

ညနေ တစ်ခုမှာ
ဆိတ်လေး တစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။

ရုတ်တရက်
သစ်ပင် ခြုံကြားထဲက
ဝံပုလွေတစ်ကောင် ရောက်လာပြီး
ဆိတ်ကို စားမယ်ပြင်တယ်။

ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။

နွားက
သစ်ပင်ခြုံထဲက တစ်ချက်လှမ်းကြည့်ပြီး
ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းက
ခေါင်းငုံပြီး တစ်ချက်ကြည့်၊
ဝံပုလွေကိုတွေ့တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀က်ကလည်း
ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးလေးက
ဆိတ်အော်သံ ကြားတော့
ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး
ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

ဝံပုလွေ နာလွန်းလို့ ထအော်တယ်၊
ခွေးမာန်ဖီ လိုက်တော့
လန့်ပြီး ပြေးပါလေရော။

အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။

နွားက
နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင် လုပ်ပစ်မှာပေါ့။

မြင်းက
နင်က ဘာလို့ ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့။

ဝက်က
နင် ငါ့ကို ခေါ်ရောပေါ့
ငါတစ်ချက် ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ။

အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနေစရာမလိုပါဘူး။

တစ်ကယ် လိုအပ်ချိန်မှာ
မင်းကို လက်လှမ်း ကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။

************************

အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ
သူငယ်ချင်းအစစ် ဟုတ်မဟုတ်
မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတစ်ကယ် အကူအညီ လိုအပ်နေချိန်မှာ
အပိုမပြောပဲ ကူညီတဲ့သူ ဂရုစိုက်တဲ့ သူသာ
တစ်ကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။

ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်းများ ပိုင်ဆိုင်ကြပါစေ....

30/11/2023

📝မင်းက အဆင့်မြင့်ဆေးရုံမှာ မွေးတယ်
ငါက အိမ်မှာ လက်သည်နဲ့ မွေးတယ်။
ဒို့နှစ်ယောက်လုံး အသက်ရှင်နေထိုင်နိုင်ခဲ့ကြတယ်။

📝မင်းက ကိုယ်ပိုင်ကျောင်းက အောင်တယ်
ငါက အစိုးရကျောင်းက အောင်တယ်။
ဒို့နှစ်ယောက်လုံး အထက်တန်းကို အောင်ခဲ့ကြတယ်။

📝မင်းက မနက်တိုင်းမှာ
အကောင်းစားမွေ့ယာနဲ့ ကုတင်ပေါ်က နိုးတယ်
ငါက ကြမ်းပြင်အိပ်ယာပေါ်က နိုးတယ်။
ဒို့နှစ်ယောက်လုံး
ညကို ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ခဲ့ကြတယ်။

📝မင်းရဲ့ အဝတ်အစားတွေက စျေးကြီးတယ်
ငါ့အဝတ်အစားတွေက စျေးပေါတယ်။
ဒိုနှစ်ယောက်လုံး အရှက်ကို ဖုံးနိုင်ခဲ့ကြတယ်။

📝မင်းက ထမင်းနဲ့ ကြက်သားကြော် စားတယ်
ငါက ငရုပ်သီးထောင်းနဲ့ ပဲပြုတ်ကိုစားတယ်။
ငါတို့နှစ်ယောက်လုံး ထမင်းဝခဲ့ကြတယ်။

📝မင်းက အဖိုးတန်ကားတွေနဲ့ သွားလာတယ်
ငါက ဘတ်စ်ကားစီးပြီး သွားလာတယ်။
ဒို့နှစ်ယောက်လုံး လိုရာခရီးကို ရောက်ခဲ့ကြတယ်။

📝ဒီစာကို မင်းက
အဖိုးတန်ဖုန်းတွေ ကွန်ပျူတာတွေမှာ
ဖတ်ချင်ဖတ်နေလိမ့်မယ်
ငါကတော့ တပါတ်နွမ်း ဖုန်းလေးနဲ့ ဖတ်နေတယ်။
ဒို့နှစ်ယောက်လုံး ဒီစာကို ဖတ်နိုင်ခဲ့ကြတယ်။

📖ဘဝဆိုတာ ပြိုင်ဆိုင်မှုတွေချည်း မဟုတ်ပါဘူး။
အလုပ်တခုကို ပြီးစီးအောင်
လုပ်တဲ့နည်းတွေ အများကြီးရှိပါတယ်။
မင်းက ငါ့ထက်ပိုမြန်လို့ ပိုကောင်းလို့
ငါက ကျဆုံးနေတာ မဟုတ်ပါဘူး။

📖ပစ္စည်းဥစ္စာရွှေငွေ ပြည့်စုံတာ ကောင်းပါတယ်။
မင်းရဲ့ဘဝကို ငါအားကျပါတယ်။
ဒါပေမဲ့ ငါ့ဘဝကို ငါကိုယ်တိုင်က
စိတ်ညစ်နေဖို့တော့ ငါခွင့်မပြုနိုင်ပါဘူး။

📖ဘဝကို ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်
နေတတ်ဖို့ကလည်း အဓိက ကျပါတယ်။

📖ကျေနပ်မှုဆိုတာ
အားလုံးပြည့်စုံနေခြင်းက လာတာမဟုတ်ပါ။
ဒီလိုဆိုရင် ပြည့်စုံနေတဲ့သူတွေမှာလည်း
စိတ်ဆင်းရဲမှုဆိုတာ ရှိမှာမဟုတ်ပါ။
မတိုးတက်ခင်အချိန်လေးမှာ ရှိတာလေးနဲ့
အကောင်းဆုံးဖြစ်အောင် နေတတ်ခြင်းပါ။

📖ကိုယ့်ကိုကိုယ်
ကိုယ်ဘယ်လိုမြင်သလဲဆိုတာ
အရေးအကြီးပါတယ်။
မတိုးတက်ခင် လက်ရှိအချိန်လေးမှာ
ပျော်အောင်နေတတ်ပါစေ။
ကုန်ဆုံးသွားတဲ့ အချိန်ဆိုတာ ပြန်မရပါဘူး။
ကျေနပ်မှုဆိုတာ
ကိုယ်ကြိုက်တာတွေအားလုံးကို ရနေခြင်းမဟုတ်ပါ။

📖တိုးတက်မှုအတွက် တက်လမ်းကို
ရှာဖွေ လုပ်ကိုင်စားသောက်နေစဉ်
ကိုယ့်မှာရှိတာကိုကြိုက်နေပြီး
စိတ်ချမ်းသာနေခြင်းပါ။

📖ဘယ်သူမှ ကိုယ်ကြိုက်တာတွေကို
အားလုံး ရမနေကြပါ။
ပြည့်စုံကြွယ်ဝဖို့အတွက်ကြိုးစားနေချိန်မှာ
စိတ်ချမ်းသာစွာ နေတတ်ဖို့ကလည်းအရေးကြီးပါတယ်။

ရေးသားသူ - ဒေါက်တာအောင်ခင်
မေတ္တာဖြင့် ပြန်လည်ဝေမျှခြင်း

30/11/2023
ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง สำนักงานตัวแทนจัดการท่องเที่ยว ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
84320