Sandra

Sandra

แชร์

🌹

13/08/2026

နေရောင်မဖြာခင် စူးရှရှ ငှက်ကလေးတေးသံနှင့်အတူ နိုးထရတာကို မခို့တရို့ နှစ်ခြိုက်လာမိတယ်။🌤🌤🌤🌤

ဆူညံမှုကင်း ကိုယ့်ခြေသံကိုယ်ပြန်ကြားရသည့်တိုင် တိတ်ဆိတ်မှုကို အဖော်ပြုရင်း တစ်နေ့တာအစပြုရတာကို ပိုသဘောကျလာမိတယ်။🔕🔕🔕🔕

လေပြည်အေးတစ်ချက် ဝှေ့လိုက်တိုင်း ယိမ်းနွဲ့ ပျော့ပျောင်း လှုပ်ယမ်းနေသော ခါးအထက်က ဆံကေသာကို မြတ်နိုးလာမိတယ်။👩🏼👩🏼👩🏼👩🏼

မနက်နေရောင် ချိုမြမြအောက် သကြားမပါသော ကော်ဖီခါးခါးတစ်ခွက်သောက်ရင်း စာအုပ်တစ်အုပ်နဲ့ မိတ်ဆွေဖွဲ့ရတာကို ခိုမင်နေမိတယ်။📙📙📙📙

နူးညံ့သွယ်​လျားသော လက်ချောင်းကလေးများဖြင့် နေရာအနှံ့ ခရီးထွက်ရသလို တစ်မျက်နှာပြီး တစ်မျက်နှာ ညင်သာစွာ ရွေးလျားနေရတာကို ရင်ခုန်နေမိတယ်။👋👋👋👋

တစ်ချက်တစ်ချက် ချော်ထွက်လာသော နှာတံပေါ်က မျက်မှန်လေးကို ဖြည်းညင်းစွာ အလိုအလျောက်တွန်းတင်ပေးနေသော လက်ချောင်းကလေးကို ကျေးဇူးတင်နေမိတယ်။👓👓👓

အပူချိန်ဖျော့ဖျော့ အအေးဓာတ်ရောယှက်လာသော နေဝင်ချိန်ပန်းချီကားတစ်ချပ် စိတ်ကြိုက် ရေးဆွဲခွင့်ရသော အခိုက်အတန့်ကလေးကို အသည်းခိုက်အောင် ကြည်နူးနေမိတယ်။

နှလုံးသားမှာ အေးစေ။ 🍀🍀🍀🍀
မေတ္တာဓာတ်တွေ နွေးစေ။🍀🍀🍀🍀

🌹 စန္ဒာ (ချစ်ခြင်းဖြင့်) 🌹

27/07/2026

အတိတ်ကိုမေ့ပစ်လိုက်ပါ။

စိတ်ကို တည်​ငြိမ်အောင်ထားပါ။

လက်ရှိအချိန်ကို အာရုံစူးစိုက်ပါ။

အသစ်ကနေ ပြန်လည်စတင်လိုက်ကြရအောင်။💕🍃🌳

🌹စန္ဒာ ( ချစ်ခြင်းဖြင့်)🌹

27/07/2026

မနေ့က ကိုယ်နဲ့
ဒီနေ့ ကိုယ်ကိုယ်တိုင်တောင် မတူနိုင်တာ
အားလုံးငြင်းနိုင်မည် မထင်ပါဘူး။

ဒါကြောင့် လောက မှာ ဘယ်အရာကမှ တည်မြဲနေတာ မဟုတ်ဘူးဆိုတာကိုလည်း
ယုံမှားသံသယ ရှိကြလိမ့်မည် မဟုတ်ပါလားနော်။

အချိန်သည် တိတ်တဆိတ် ရွေ့လျားသလို
အရာရာသည်လည်း တဖြည်းဖြည်း ပြောင်းလဲနေစမြဲပါပဲ။

ကျွန်မတို့ လုပ်နိုင်တာကတော့…

ပြောင်းလဲခြင်းကို နားလည်ပေးဖို့။

မမြဲခြင်းကို နူးညံ့စွာ လက်ခံပေးဖို့။

ဘဝရဲ့ စီးဆင်းမှုကို အပြုံးနဲ့ ရင်ဆိုင်လျှောက်လှမ်းဖို့သာ ဖြစ်ပါတယ်။ 🌿😊🌻

🌹စန္ဒာ ( ချစ်ခြင်းဖြင့်)🌹

26/07/2026

လူ့ဘဝဆိုတာ ပုခက် နဲ့ သချ်ုင်း အုတ်ဂူကြား ဖြတ်သန်းရတဲ့ ရုန်းကန်လှုပ်ရှားမှုတစ်ခုပါ။

တစ်ခါတစ်လေ တိုတောင်းတယ်လို့ ထင်ရပြီး တစ်ခါတစ်ရံ မပြီးဆုံးနိုင်တော့ဘူးလား ထင်ရလောက်အောင် ရှည်လျားနေတတ်ပါတယ်။

ဘဝကို ရှုထောင့်တစ်မျိုးနဲ့ ကြည့်ပြီး အသစ်ကနေ ပြန်စလိုက်ပါ။ 🌿

✨ ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို နောက်မှာထားခဲ့ပြီး၊ ကိုယ့်ကိုယ်ကို ပိုပြီး ချစ်ပေးတတ်လာတဲ့အခါ ဘဝက ပိုပြီး လှပလာပါတယ်။

🌈 ပျော်ရွှင်မှုဆိုတာကြာရှည်နေမှာ မဟုတ်သလို ပြဿနာ အခက်အခဲတွေဟာလည်း ခဏလေးနဲ့ ပြီးဆုံးသွားမယ့်အရာတွေပါပဲ​။

လူ့ဘဝ ဆိုတာ ခရီးတစ်ခုပါ။ခရီးလမ်းတစ်လျှောက်မှာ ကြုံတွေ့ရတဲ့ သေးငယ်တဲ့ အရာလေးတွေကို ဘယ်လောက်အထိ အပြုံးနဲ့ လက်ခံ ခံစားတတ်ဖို့ပဲ လိုပါတယ်။

အရာအားလုံးဟာ အမြဲပြောင်းလဲနေတယ်ဆိုတဲ့ အမှန်တရားကို လက်ခံနိုင်ခြင်းက စိတ်ငြိမ်းချမ်းမှုရဲ့ အစဖြစ်ပါတယ်။

🍃 ပေါ့ပါးအေးချမ်းတဲ့ စိတ်ထားဟာ တန်ဖိုးအရှိဆုံး လက်ဆောင်တစ်ခုပါ။

ဒီနေ့ကစပြီး လောကကြီးကို အပြစ်တင်တောင်းဆိုနေမယ့်အစား ကိုယ့်ကိုယ်ကို ပိုနားလည်အောင် ကြိုးစားကြည့်ပါ။

ကိုယ့်မှာရှိတဲ့ အရာတွေနဲ့ ရောင့်ရဲကျေနပ်တတ်တဲ့အခါ ပညာနဲ့ အသိဉာဏ်က ကိုယ့်ရဲ့ ဘဝခရီးကို ယုံကြည်မှုအပြည့်နဲ့ လှပစွာ ဆက်လက်လျှောက်လှမ်းနိုင်အောင် လမ်းပြပေးပါလိမ့်မယ်။


🌹စန္ဒာ ( ချစ်ခြင်းဖြင့်)🌹

26/07/2026

တချို့အရာတွေကို ဘယ်လိုမှ ပြန်လည်ပြင်ဆင်လို့ မရတော့ဘူးဆိုရင်🤍

အချိန်ကိုပဲ ဆုံးဖြတ်ခွင့်ပေးလိုက်ပါ။⏰⏰

ကျွန်မတို့ လုပ်ရမှာကတော့ အချိန်က အစီရင်ချက်ချပေးလိုက်တဲ့

အမှန်တရားကို စိတ်အေးအေးနဲ့ လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ 🤍

🌹စန္ဒာ ( ချစ်ခြင်းဖြင့်)🌹

26/07/2026

ဘဝမှာ ဘယ်နှစ်ကြိမ် လဲကျခဲ့ သလဲဆိုတာ အရေးမကြီးပါဘူး။

အဓိကက လဲကျပြီးရင် မြန်မြန် ပြန်ထနိုင်ဖို့ပါ။

ပြဿနာဆိုတာ ရှောင်လွှဲလို့ မရပါဘူး။

စိတ်ကို တည်ငြိမ်အောင်ထားပြီး ဖြေရှင်းနိုင်ဖို့ပါ။

ဒါကြောင့်
အသိဉာဏ်၊ သတိနဲ့ ရင်ဆိုင်ဖြေရှင်းပါ။

လဲကျတိုင်း သင်ခန်းစာယူပြီး ပြန်ထနိုင်သူကသာ
နောက်ဆုံးမှာ အောင်မြင်မှုကို ရရှိပါလိမ့်မယ်။ ✌🏻🌻🌿🌻🤍

စန္ဒာ ( ချစ်ခြင်းဖြင့်)

26/07/2026

"နေရာမှန်၊ အချိန်မှန်မှာ ရှိနေပါစေ…" 🌿

မြက်ပင်တစ်ပင်က ပန်းအိုးထဲမှာ ပေါက်နေရင်
လူတွေက မလိုအပ်တဲ့ အပင်တစ်ပင်လို့ပဲ မြင်ကြပြီး နုတ်ပစ်ခြင်းခံရပါလိမ့်မယ်။🌿🌿🌿🌿

ဒါပေမယ့် ကျယ်ပြန့်တဲ့ မြက်ခင်းပြင်ထဲမှာ ရှိနေရင်တော့
အဲဒီမြက်ပင်က သဘာဝရဲ့ အလှတရားတစ်ခုအဖြစ် ထင်ရှားလှပနေပါလိမ့်မယ်။

ကျွန်မတို့ ဘဝမှာလည်း မှန်တာ၊ မှားတာ ထက်
ကိုယ်နဲ့ သင့်တော်တဲ့ နေရာမှာ ရှိဖို့ က ပိုအရေးကြီးပါတယ်။

လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုး​တွေ ရှိပါတယ်။
ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေနဲ့ အတူရှိပြီး
အချိန်မှန်၊ နေရာမှန်မှာ ကိုယ့်အရည်အချင်းကို ပြသနိုင်ရင်
ကိုယ့်ဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဆိုတာ သိလာရပါလိမ့်မယ်။

ဒါကြောင့် ကိုယ့်ကို တန်ဖိုးမထားတဲ့ နေရာမှာနေပြီးစိတ်ဓာတ်ကျမနေပါနဲ့။

ကိုယ့်ကို တန်ဖိုးထားမယ့် နေရာကို ရှာပါ။

အခုပဲ့ သင့်ရဲ့ တောက်ပတဲ့ အနာဂတ်တစ်ခုကို ဖန်တီးလိုက်ပါ။🌻🤍

🌹 စန္ဒာ ( ချစ်ခြင်းဖြင့်)🌹

25/07/2026

ကိုယ့် အတွက် ကိုယ် သန်မာရမည်။
ကိုယ့်အတွက်ကိုယ် စိတ်ရှည်ရမည်။
ကိုယ်အတွက် ကိုယ်ဟာ အားပေးသူဖြစ်ရမည်။
ရွေးချယ်ပြီးသား လမ်းတစ်ခုအတွက်
မောပန်းလာရင် ခဏ နားပါ။
ဝမ်းနည်းလာရင် ငိုချလိုက်ပါ။
ဒါပေမယ့် စိတ်ဓာတ်မကျနဲ့။
နောက်ပြန်တော့ မလှည့်နဲ့။
ပန်းတိုင်က လမ်းတစ်ကမ်းမှာပါ။

🌹 စန္ဒာ ( ချစ်ခြင်းဖြင့်)🌹

20/07/2026

ခဏလောက် စိတ်ကူးယဉ်ကြည့်လိုက်ပါ…🤔🤔🤔

သင်ဟာ ၁၉၀၀ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ စိတ်ကူးယဉ်ကြည့်ပါ။

အသက် ၁၄ နှစ်အရွယ်မှာ ပထမကမ္ဘာစစ် စတင်ဖြစ်ပွားခဲ့တယ်။ စစ်ပွဲဟာ သင် ၁၈ နှစ်ပြည့်မှ အဆုံးသတ်ခဲ့ပြီး လူပေါင်း ၂၂ သန်းကျော် အသက်ဆုံးရှုံးခဲ့ရတယ်။

အဲဒီနောက် မကြာခင်မှာပဲ စပိန်တုပ်ကွေး ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားလာပြီး လူပေါင်း သန်း ၅၀ခန့် သေဆုံးခဲ့တယ်။ အဲဒီအချိန်မှာ သင်က အသက် ၂၀ပဲ ရှိသေးတယ်။

အသက် ၂၉ နှစ်မှာတော့ နယူးယောက် စတော့ရှယ်ယာဈေးကွက် ပြိုလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့စီးပွားပျက်ကပ် ကို ရင်ဆိုင်ခဲ့ရတယ်။ အလုပ်လက်မဲ့တွေ တိုးလာတယ်၊ ဈေးနှုန်းတွေ မြင့်တက်လာတယ်၊ လူအများ အစာငတ်မွတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်။

အသက် ၃၃ နှစ်မှာ နာဇီအာဏာ တက်လာခဲ့တယ်။

အသက် ၃၉ နှစ်မှာ ဒုတိယကမ္ဘာစစ် စတင်ခဲ့ပြီး သင် ၄၅ နှစ်ပြည့်မှ အဆုံးသတ်ခဲ့တယ်။ အဲဒီစစ်ပွဲကြောင့် လူပေါင်း သန်း ၆၀ကျော် အသက်ဆုံးရှုံးခဲ့ရတယ်။

အသက် ၅၂ နှစ်မှာ ကိုရီးယားစစ်ပွဲ ဖြစ်ပွားခဲ့တယ်။

အသက် ၆၄ နှစ်မှာ ဗီယက်နမ်စစ်ပွဲ စတင်ခဲ့ပြီး သင် ၇၅ နှစ်အရွယ်မှ အဆုံးသတ်ခဲ့တယ်။

ယနေ့ခေတ်မှာ ၁၉၈၅ ခုနှစ်မှာ မွေးဖွားတဲ့ လူတစ်ယောက်က “အဘိုးအဘွားတွေက ဘဝရဲ့ အခက်အခဲကို မသိခဲ့ကြဘူး” လို့ ထင်ကောင်းထင်နိုင်တယ်။

ဒါပေမယ့် အမှန်တကယ်တော့ သူတို့ဟာ စစ်ပွဲကြီးများ၊ ကမ္ဘာ့ကပ်ရောဂါများ၊ စီးပွားပျက်ကပ်များ ကို ကျော်ဖြတ်ပြီး အသက်ရှင်ခဲ့ကြတဲ့ မျိုးဆက်တွေပါ။

ဒီနေ့ ကျွန်မတို့လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးကို ဖြတ်သန်းခဲ့ရတယ်။ ကြောက်ရွံ့ခဲ့ရတယ်၊ ပင်ပန်းခဲ့ရတယ်၊ ချစ်ရသူတချို့ကို ဆုံးရှုံးခဲ့ရတယ်။

ဒါပေမယ့် သမိုင်းက သက်သေပြထားတာတစ်ခု ရှိပါတယ်။

လူသားတွေဟာ ဘယ်လောက်ပဲ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ရပါစေ၊ အမြဲတမ်း ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။

ဒါကြောင့်…​​မျှော်လင့်ချက်ကို မစွန့်လွှတ်ပါနဲ့။ ဒီနေ့ရဲ့ အခက်အခဲတွေဟာ ထာဝရမဟုတ်ပါဘူး။ ပိုကောင်းတဲ့ နေ့ရက်တွေက ကျွန်မတို့ကို စောင့်နေပါတယ်။

🌹စန္ဒာ ( ချစ်ခြင်းဖြင့်)🌹

21/06/2026

🌹 ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေကို အတင်းဖိအားမပေးပါနဲ့။

🌼 ဖြစ်ပြီးသွားတဲ့ အရာတွေကို လက်ခံလိုက်ပါ။

🌺 အရာအားလုံးကို ကိုယ်မထိန်းချုပ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

🌻 စိတ်ကို နာကျင်စေတဲ့ အရာတွေနဲ့ အဝေးဆူံးမှာ ​​နေထိုင်ပါ။

🍀 ကိုယ့်နှလုံးသားရဲ့ အသံကို နားထောင်ပါ။ ဝမ်းနည်းလို့ရပါတယ်။ ဒါပေမဲ့ အမှန်တရားကို ငြင်းဆန်ဖို့ မလိုပါဘူး။

🍁 လက်ရှိပစ္စုပ္ပန်မှာ နေထိုင်ပါ။ ပြောင်းလဲလို့ မရတော့တဲ့ အတိတ်ကို ဆက်ပြီး တွယ်ကပ်မနေပါနဲ့။

💗 "ပျော်ရွှင်မှု" ဆိုတာ တကယ်တော့ မခက်ခဲလှပါဘူး။
ကိုယ့်စိတ်မှာပဲ့ မူတည်တာမျိုးပါ။ 💗

🌹 စန္ဒာ ( ချစ်ခြင်းဖြင့်) 🌹

ต้องการให้บุคคลสาธารณะของคุณขึ้นเป็นอันดับหนึ่งในหมวด บุคคลสาธารณะ ที่ Kathu หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Kathu

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Sandra โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Kathu