Social Frontier Web3 Guide Book
Chiang Rai
The Social Frontier continually changes. Your 2022 Guide reimagines your Professional Digital Brand.
Ibet 789၊ Moung556 ၊ 555 Mix ဝန်ဆောင်မှု
Viber 09798244383 ၊ Telegram - t.me/shwemoe07
28/10/2026
ONE မွေထိုင်းဖိုက်တာတစ်ဦးဖြစ်တဲ့ ငေါင်ဖယတ်ဟာ မမျှော်လင့်ဘဲ လမ်းပေါ်မှာ ဝိုင်းကြိတ်ခံရလို့ မျက်နှာတစ်ခုလုံး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒီဖိုက်တာဟာ ONE စင်မြင့်မှာ ၃ ပွဲ ယှဉ်ပြိုင်ဖူးသူ ဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီကျော်အချိန် ချင်းမိုင်မြို့နယ်၊ မယ်ဟီယာရပ်ကွက်က ဆေးရုံအနီး ကားကွေ့နေရာတစ်ခုမှာ စတင်ခဲ့တာပါ။ ငေါင်ဖယတ်ဟာ ဆရာဝန်ဆီ အရေးပေါ်သွားစရာရှိတာကြောင့် သူ့ရဲ့ ပစ်ကပ်ကားနဲ့ မောင်းနှင်လာရင်း Fortuner ကားတစ်စီးရှေ့ကနေ ကားကြောဖြတ်ကျော် မောင်းနှင်မိခဲ့ပုံရပါတယ်။ ဒီအပေါ် တစ်ဖက်ကားက မကျေမနပ်ဖြစ်ကာ နောက်ကနေ တောက်လျှောက် လိုက်ပါလာခဲ့ပြီး လမ်းကွေ့အရောက်မှာတော့ ငေါင်ဖယတ်ရဲ့ ကားရှေ့ကနေ အတင်း ကန့်လန့်ဖြတ် ပိတ်ရပ်လိုက်ပါတယ်။
ကားပေါ်ကနေ လူငယ် ၂ ယောက် ဆင်းလာချိန်မှာ ငေါင်ဖယတ်က ကားမှန်ချပြီး အရေးတကြီး ဆရာဝန်ဆီ သွားစရာရှိလို့ပါဆိုပြီး တောင်းပန်စကား ဆိုခဲ့ပေမဲ့၊ တစ်ဖက်လူတွေက လုံးဝ နားမထောင်ဘဲ ပြတင်းပေါက်ကနေ သူ့ကို အဆက်မပြတ် ဝိုင်းကြိတ်ခဲ့ကြပါတယ်။ ငေါင်ဖယတ်အနေနဲ့ ကားထဲမှာ ပိတ်မိနေတာကြောင့် ပြန်လည်ခုခံခွင့် မရလိုက်ဘဲ အငိုက်ခံခဲ့ရတာပါ။
သူ့ရဲ့ နဖူးမှာ ၅ ချက်၊ နှုတ်ခမ်းမှာ ၄ ချက် စုစုပေါင်း ၉ ချက်အထိ ချုပ်ခဲ့ရသလို၊ ရှေ့သွားတစ်ချောင်း ကျိုးထွက်ပြီး နောက်တစ်ချောင်းပါ လှုပ်ရမ်းသွားခဲ့ပါတယ်။ မျက်နှာတစ်ခုလုံးလည်း ဖူးရောင်ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့တာကြောင့် ပုံမှန်အစားအသောက် မစားနိုင်တော့ဘဲ ဆန်ပြုတ်သာ သောက်သုံးနေရတဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ကျူးလွန်သူတွေကတော့ ကားမောင်းပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။
လက်ရှိမှာတော့ ငေါင်ဖယတ်ဟာ ဆေးကုသမှု ခံယူပြီးနောက် ချင်းမိုင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပြီး၊ တာဝန်ရှိ ရဲတပ်ဖွဲ့ဘက်ကလည်း လမ်းတစ်လျှောက်က CCTV မှတ်တမ်းတွေကို အသေးစိတ် စစ်ဆေးကာ ကျူးလွန်သူ ၂ ယောက်ကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
Shwe Moe Sports
ပွဲမရှာ စိတ်အေးချမ်းသာ Source တိကျတဲ့ ဘောလုံးဆောင်းပါးတွေဖတ်ချင်ရင် ရွှေမိုးအားကစားပေ့ချ်ကို ဖော်လိုထားလိုက်ပါ ဘော်ဒါတို့
22/10/2026
ကိုမိုကို ၄ ဂိုး ၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးပြီးနောက်မှာ ဘရူနိုက နည်းပြရဲ့ နည်းစနစ်ညံ့လို့ပါဆိုပြီး မီဒီယာရှေ့ ထွက်အော်တယ်၊ ကာရစ်ခ်ကလည်း ကစားသမားတွေ မပြေးလို့ပါဆိုပြီး ပြန်ပေါက်ကွဲတယ်။ ဒါတွေက ယူနိုက်တက်မှာ ဓာတ်ပြားဟောင်းဖြစ်နေပြီး နည်းပြတစ်ယောက်ထုတ်ခံရနီးတိုင်း မြင်ရတဲ့ မြင်ကွင်းတောင်ဖြစ်နေပါပြီ။
ဒါပေမဲ့ တကယ်တမ်း မေးခွန်းထုတ်ရမှာက ယူနိုက်တက် ကစားသမားတွေဟာ ဘာဖြစ်လို့ ရလဒ်ဆိုးတာနဲ့ ဒီလိုမျိုး အမြဲတမ်း တာဝန်မဲ့ ပြုမူနေကြရတာလဲဆိုတဲ့ အချက်ပါပဲ။ အဓိကကတော့ ကစားသမားတွေ စိတ်ထဲမှာ ရလဒ်ဆိုးရင် ငါတို့ မပြုတ်ဘူး၊ နည်းပြပဲ ပြုတ်မှာ ဆိုတဲ့ အခွင့်ထူးခံ စိတ်ဓာတ်က အမြစ်တွယ်နေလို့ ဖြစ်ပါတယ်။ ရှေ့မှာ တန်းဟက်ဂ်ကို ထုတ်ပေးခဲ့တယ်၊ နောက်တော့ အာမော်ရင်ကိုလည်း ကစားသမားတွေ မကြိုက်တာနဲ့ အသင်းက ထုတ်ပစ်ခဲ့တာပဲ။ ဒီတော့ ကစားသမားတွေဘက်က နည်းပြသစ် ဘယ်သူပဲလာလာ သူ့နည်းစနစ်အောက်မှာ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံ ပြုပြင်ပြောင်းလဲဖို့ မကြိုးစားတော့ပါဘူး။
နည်းနည်းလေး အဆင်မပြေတာနဲ့ ကွင်းထဲမှာ မပြေးချင်တော့ဘူး၊ Work Rate တွေ လျှော့ချပစ်တယ်၊ ပြီးရင် မီဒီယာရှေ့ထွက်ပြီး Tactics မကောင်းလို့ဆိုတဲ့ ဆင်ခြေကို ထုတ်သုံးလိုက်ရုံပါပဲ။ အသင်းရှုံးတာက သူတို့ရဲ့ ကြိုးစားအားထုတ်မှု မရှိတာကြောင့် မဟုတ်ဘဲ နည်းပြအဖွဲ့ရဲ့ တာဝန်ပါဆိုပြီး လက်ညှိုးထိုးပြရတာက သူတို့အတွက် အရမ်းလွယ်ကူတဲ့ လွတ်မြောက်ရာ လမ်းကြောင်း ဖြစ်နေပါတယ်။ ဒီလို တာဝန်မခံချင်တဲ့ စိတ်ဓာတ်နဲ့ ကွင်းထဲမှာ ကစားသမားအချင်းချင်း တိုက်ပွဲဝင်လိုစိတ် ပျောက်ဆုံးနေတာဟာ နည်းစနစ်ပိုင်းထက် အဆပေါင်းများစွာ ပိုဆိုးရွားတဲ့ ကိစ္စပါ။
အသင်းခေါင်းဆောင်ကိုယ်တိုင်က ပြဿနာကို အဝတ်လဲခန်းထဲမှာ ဖြေရှင်းမယ့်အစား မီဒီယာရှေ့ထွက်ပြောတာက မီးလောင်နေတဲ့အသင်းရဲ့လက်ရှိအခြေအနေကို ဓာတ်ဆီလောင်းတာပါပဲ။ အခုလည်း ကာရစ်ခ် နေရာမှာ ဟာဇယ်လာ၊ နာဂယ်စ်မန်း ဒါမှမဟုတ် ကွန်တီတို့လို နာမည်ကြီးနည်းပြတွေကို အစားထိုးဖို့ စဉ်းစားနေကြပြန်ပါပြီ။
ဒါပေမဲ့ ကွင်းထဲမှာ တာဝန်ယူလိုစိတ်မရှိ ၊ နည်းနည်းလေးရှုံးပွဲဆက်တာနဲ့ ကြိုးစားမကစားတော့တဲ့ ကစားသမားတွေကို အသင်းကနေ အပြီးအပိုင် ရှင်းထုတ်တာမျိုး မလုပ်သရွေ့တော့ ဘယ်လို ကမ္ဘာကျော် နည်းပြပဲရောက်လာလာ ဒီကစားသမားတွေရဲ့ လက်ချက်နဲ့ပဲ နောက်ထပ် သားကောင် ဖြစ်သွားရဦးမှာ သေချာပါတယ်။
Shwe Moe Sports
ပွဲမရှာ စိတ်အေးချမ်းသာ Source တိကျတဲ့ ဘောလုံးဆောင်းပါးတွေဖတ်ချင်ရင် ရွှေမိုးအားကစားပေ့ချ်ကို ဖော်လိုထားလိုက်ပါ ဘော်ဒါတို့ ။
22/10/2026
ဘရူနိုဖာနန်ဒက်စ်က မီးလောင်နေတဲ့ အိမ်ကို ဓာတ်ဆီလောင်းတာပါပဲ။ ကာရစ်ခ်က နဂိုကတည်းက ဖိအားများနေပါတယ်ဆို နည်းပြရဲ့နည်းစနစ်ကြောင့် ဂိုးတွေပေးရတာ ရှုံးတာဆိုပြီး ထုတ်ပြောတာက အထောက်အကူမဖြစ်စေပဲ လောင်နေတဲ့မီးကို ပိုကြီးကျယ်သွားအောင်လုပ်လိုက်တာမျိုးပါပဲ။
ဘရူနိုဖာနန်ဒက်စ်က ကိုမိုနဲ့ ပွဲအပြီး TNT Sports နဲ့ အင်တာဗျူးမှာ နည်းပြအဖွဲ့ရဲ့ နည်းစနစ်ပိုင်း ချို့ယွင်းချက်တွေကို တိုက်ရိုက် ဝေဖန်သွားခဲ့ပါတယ်။ "ပြိုင်ဘက်ကို Man-to-man လူကပ် ဖိအားမပေးဖို့နဲ့ နောက်တန်းမှာ နေရာလွတ်တွေချန်ထားပြီး စောင့်ကစားဖို့ဆိုတာ နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပါ။ အခုလို ဥရောပ အဆင့်အတန်းရှိတဲ့ အသင်းမျိုးတွေကို အချိန်နဲ့ နေရာလွတ်တွေ ပေးလိုက်ရင် သူတို့ ယုံကြည်မှု ပိုရသွားတတ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဖိအားတွေကြားထဲမှာ ဒီထက်ပိုပြီး ရဲရင့်ဖို့ လိုအပ်ပါတယ်။ သူတို့ကို High Press လုပ်ပြီး အမှားလုပ်လာအောင် ကစားသင့်ပါတယ်" လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဘရူနိုက ဆက်လက်ပြီး "ကိုမို ခံစစ်မှူးတွေဆိုရင် ကျွန်တော့်ကို ကွင်းဝက်အထိ လိုက်ကပ်ပြီး ကစားသွားတာ တွေ့ရမှာပါ။ ကျွန်တော်တို့ အသင်းလိုက် အဲဒီလို လုပ်ဖို့ လိုအပ်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ဒီလို နည်းစနစ်ပိုင်း မှားယွင်းမှုက နည်းပြနဲ့ သူ့ရဲ့ အဖွဲ့သားတွေအပေါ်မှာပဲ တာဝန်ရှိပါတယ်" လို့ ပြတ်ပြတ်သားသား ဝေဖန်သွားခဲ့ပါတယ်။
ဒီလို အသင်းခေါင်းဆောင်ရဲ့ လူသိရှင်ကြား ဝေဖန်မှုကို နည်းပြ ကာရစ်ခ်ကလည်း "ဘယ်လို ကစားကွက်မျိုး၊ ဘယ်လို နည်းစနစ်မျိုးပဲ သုံးသုံး ကစားသမားတွေက ကွင်းထဲမှာ မပြေးဘူးဆိုရင်၊ ရှေ့ကိုလည်း မတက်၊ နောက်ကိုလည်း ပြန်မဆင်းဘူးဆိုရင် ပွဲနိုင်မှာ မဟုတ်ပါဘူး" လို့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု Work Rate မရှိတာကို တိုက်ရိုက် ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။
ဒါဟာ အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ နည်းပြနဲ့ ကစားသမားကြား ယုံကြည်မှု လုံးဝ ပြိုကွဲနေပြီဆိုတာကို အထင်အရှား ပြသနေတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ကာရစ်ခ်ဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ရာခိုင်နှုန်း အလွန်များနေပါပြီ။
Shwe Moe Sports
ပွဲမရှာ စိတ်အေးချမ်းသာ Source တိကျတဲ့ ဘောလုံးဆောင်းပါးတွေဖတ်ချင်ရင် ရွှေမိုးအားကစားပေ့ချ်ကို ဖော်လိုထားလိုက်ပါ ဘော်ဒါတို့ ။
15/10/2026
အန်းဒရစ်ခ်ကို ရီးရဲလ်မက်ဒရစ်တို့ အခုထက်ပို အခွင့်အရေးပေးသင့်နေပါပြီ။ ရိုးမားနဲ့ပွဲမတိုင်ခင်မှာ အန်းဒရစ်ခ်ဟာ ဒီရာသီအတွက် ၄ မိနစ်ပဲ ရီးရဲလ်အတွက် ကစားထားရသေးတာပါ။
ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ လိုင်ယွန်ဆီအငှားထွက်ကစားပြီး ၈ ဂိုးသွင်း ၈ ဂိုးဖန်တီးပေးခဲ့တဲ့သူ့အတွက် ဒါဟာ လုံလောက်တဲ့ ပွဲကစားချိန်တော့ မဟုတ်ပါဘူး။
ရိုးမားနဲ့ပွဲမှာတော့ သူလူစားဝင်လာပြီး ၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အက်စ်ပီသွင်းသွားတဲ့ဂိုးကလည်း သူ့ကြောင့် ရတာပါ။ သူ့ရဲ့တိုးအားရုန်းအားနဲ့ စိတ်ဓာတ်ပြင်းပြမှု၊ အခွင့်အရေးကို စောင့်ဆိုင်းတတ်တဲ့ ရင့်ကျက်ပုံတွေကတော့ အသက်အရွယ်နဲ့ မလိုက်အောင်ပါပဲ
တစ်ဘက်မှာ ဗီနီကတော့ ခြေစွမ်းမပြနိုင်သလို ရိုးမားရသွားတဲ့ ဒုတိယဂိုးက သူနောက်ပေါက်နဲ့ပေးလိုက်တဲ့ အလုံးပျက်ပြီးမှ ပေးလိုက်ရတာပါ။ လူစားလဲချိန်မှာလည်း မကျေမနပ်ဟန်ပြခဲ့ပါသေးတယ်။
ဗီနီ အနီကတ်ကြောင့် ပွဲပယ်ခံထားရချိန် အန်းဒရစ်ခ်ကို ရီးရဲလ်တို့ အခွင့်အရေးပေးသင့်ပါပြီ။
Shwe Moe Sports
ပွဲမရှာ စိတ်အေးချမ်းသာ Source တိကျတဲ့ ဘောလုံးဆောင်းပါးတွေဖတ်ချင်ရင် ရွှေမိုးအားကစားပေ့ချ်ကို ဖော်လိုထားလိုက်ပါ ဘော်ဒါတို့ ။
15/10/2026
ရိုးမားနဲ့ပွဲဟာ အမ်ဘာပေအတွက် အသက် ၂၇ နှစ်အရွယ်နဲ့ ချန်ပီယံလိဂ် ပွဲ ၁၀၀ ပြည့်မြောက်တဲ့ ပွဲဖြစ်ပြီး မက်ဆီ တင်ထားတဲ့ အသက်အငယ်ဆုံး ပွဲ ၁၀၀ ပြည့်စံချိန်ကို ကျော်ဖြတ်ကာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာပါ။ ဒါ့အပြင် ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာလည်း ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်ကို ကျော်ပြီး ၇၂ ဂိုးနဲ့ အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
အမ်ဘာပေရဲ့ အထက်မှာ
ဘန်ဇီမာ - ဂိုး ၉၀
လီဝန်ဒေါစကီး - ၁၀၉ ဂိုး
မက်ဆီ - ၁၂၉ ဂိုး
ရော်နယ်ဒို - ၁၄၀ ဂိုးတို့ရှိနေပါတယ်။
အသက်အရွယ် ငယ်သေးတဲ့ အမ်ဘာပေအနေနဲ့ ဂန္တဝင်ကြီးတွေရဲ့ မှတ်တမ်းကို လိုက်မီနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။
ပွဲမရှာ စိတ်အေးချမ်းသာ၊ Source တိကျတဲ့ ဘောလုံးဆောင်းပါးတွေဖတ်ချင်ရင် ရွှေမိုးအားကစားပေ့ချ်ကို ဖော်လိုထားလိုက်ပါ ဘော်ဒါတို့ ။
15/10/2026
မာတီနက်ဇ်ရဲ့ လူသိရှင်ကြား ဝေဖန်မှုကြောင့် ယူနိုက်တက်ဘုတ်အဖွဲ့ဟာ အကြီးအကျယ် ဒေါသထွက်နေပြီး ပြစ်ဒဏ်ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။ The Athletic ရဲ့ သတင်းထောက် Laurie Whitwell ရဲ့ ဖော်ပြချက်အရ မာတီနက်ဇ်ကို ဒဏ်ငွေရိုက်ဖို့ သေချာသလောက်ရှိနေပြီး ပွဲကစားခွင့် ပိတ်ပင်တဲ့အထိပါ အရေးယူလာနိုင်ခြေ ရှိနေပါတယ်။
အသင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှု၊ မီဒီယာစည်းမျဉ်းတွေကို ချိုးဖောက်မှုတွေနဲ့ လစာဖြတ်တောက်တာမျိုးပြုလုပ်ဖို့ ရှိနေပါတယ်။ ၂၀၂၇ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမယ့် မာတီနက်ဇ် ရဲ့ အနာဂတ်က မသေချာတော့ပါဘူး။ အသင်းအနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အခြေအနေဟာ လုံးဝမဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်ရှိသွားပြီလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါပေမယ့် အဝတ်လဲခန်းထဲက တခြားကစားသမားတွေ ဥပမာ - ဘရူနို ဖာနန်ဒက်စ်၊ ဟယ်ရီ မက်ဂွိုင်းယား တို့ကတော့ မာတီနက်ဇ်ရဲ့ အမြင်ကို သဘောတူကြပြီး ဝီလ်ကောက်စ်ရဲ့ အပြောင်းအရွှေ့ စီမံခန့်ခွဲမှုအပေါ် သူတို့လည်း မကျေမနပ် ဖြစ်နေကြတယ်လို့ The Guardian က ဖော်ပြထားပါတယ်။
တစ်ဘက်မှာ မာတီနက်ဇ်ကိုယ်တိုင်ကလည်း သူ ဒီလိုထုတ်ပြောရင် ဒီလိုအက်ရှင်တွေ လာမယ်ဆိုတာ ကြိုသိပြီးသားပါ။ ဒါကြောင့် အသင်းကနေ ထွက်ဖို့များနေလို့ ဒီလိုစကားမျိုးထွက်ပြောတာလို့ ကောက်ချက်ချလို့ရပါတယ်။
တစ်ဘက်မှာ သူ့ကို အက်သလက်တီကို မက်ဒရစ်က စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကလည်း လာလီဂါမှာ ကစားဖို့နဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းဖော် ခရစ္စတီယန် ရိုမဲရိုး နဲ့အတူ တွဲကစားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ယူနိုက်တက်တို့ ဘာဆက်လုပ်မလဲ စောင့်ကြည့်ရမှာပါ။ မာတီနက်ဇ်ပြောသွားတဲ့စကားတွေက အမှန်လို့ဆိုရင်တောင် ဘုတ်အနေနဲ့ အရေးတော့ယူရမယ်ဆိုတာလည်း လုပ်ရိုးလုပ်စဉ်ပါပဲ။ ကိုယ့်အသင်းကို ကိုယ်တိုင် လူသိရှင်ကြား ပြစ်တင်ပြောဆိုတာကို လွှတ်ပေးလိုက်ရင် ဒါက အသင်းမှာ အမြစ်တွယ်သွားမယ့် ကိစ္စဖြစ်သွားမှာ ဖြစ်ပါတယ်။
Shwe Moe Sports
ပွဲမရှာ စိတ်အေးချမ်းသာ ၊ Source တိကျတဲ့ ဘောလုံးဆောင်းပါးတွေဖတ်ချင်ရင် ရွှေမိုးအားကစားပေ့ချ်ကို ဖော်လိုထားလိုက်ပါ ဘော်ဒါတို့ ။
လှောင်ပြောင်နေတဲ့ လီဗာပူးလ်ဖန်တွေကို ပွဲမပြီးခင် ထပြန်သွားအောင် ဆုံးမလိုက်တဲ့ မန်စီးတီး
အမှန်အကန်အောင်ပွဲခံပြီးမှ ဂိုးလည်း ပယ်ဖျက်ခံရသလို အနီကတ်ပါ ပြခံလိုက်ရတဲ့ ဗီနီစီးယက်စ်
ရာသီအစမှာ ငါအပီချဖို့ လာပြီကွလို့ ဟစ်ကြွေးခဲ့ပေမယ့် ကျားအသင်းက တအားဗြင်းလို့ ဂူအောင်းလိုက်ရပြန်တဲ့ ဂိတ်မှူး
တစ်မျိုးလုံးချစ်တဲ့ ဇိုးလစ်၊ အာဆင်နယ်ဖန်တွေအတွက် ရွှေရုပ်လေး ကောက်ရသလိုဖြစ်နေတဲ့ ဇိုးလစ်
Chiang Rai
The Social Frontier continually changes. Your 2022 Guide reimagines your Professional Digital Brand.
Chiang Rai
ฝากกดติดตามด้วยนะคะ
Chiang Rai
🌸 นภาลัย ดูแลเรื่องประกัน 💖 ให้ความรู้เรื่องประกัน สุขภาพ และการวางแผนการเงิน 🏥 ดูแลลูกค้าตั้งแต่สมัครจนถึงวันเคลม “เหมือนคนในครอบครัว” 📞 096-357-5994
Chiang Rai 57000
ขับขี่รถวิบาก ท่องเที่ยว ออกแบบลายเซ็น
เชียงราย, Chiang Rai 57000
เกมได้จริง 2023
อ. เมือง, Chiang Rai 57000
📸 รับถ่ายภาพงานพิธีต่างๆ งานขาวดำ งานขึ้นบ้านใหม่ งานแต่งงาน งานโปรไฟล์ ฯลฯ ราคามิตรภาพ ---------------------------- Contact 📸 📱 Line : Buboy 📲 Tel. 083-3216184 -------------...
Chiang Rai 57000
140 บ้านป่าลัน หมู่ที่5 ตำบล ปงน้อย อำเภอ ดอยหลวง, Chiang Rai 57110
ผลิตภัณฑ์การเกษตรปลอดสารพิษ(ออแกรนิค)เราใส่ใจทุกขั้นตอนการผลิตเพื่อผู้บริโภค
ราชโยธาซอย 2, Chiang Rai 57000
Chiang Rai 57100
แบ่งปันของใช้ที่ทุกคนต้องมี🌸💫
บ้านขุนห้วยแม่เปา, Chiang Rai 57290
😍Zoo Sab Txais Tog Suav Dlaws Os😍
เชียงราย-เทิง, Chiang Rai 57000
แอ่ว แบบ บ้าน บ้าน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Shwe Moe - Ibet 789 Agent โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ
เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Chiang Rai
บันทึกธุรกิจและติดตามหมวดหมู่ในพื้นที่
โปรดยืนยันให้เสร็จสิ้นเพื่อดำเนินการต่อ