Pajau Media Channel

Pajau Media Channel

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Pajau Media Channel, บริษัทด้านสื่อ/ข่าวสาร, Mueang Chiang Rai, Chiang Rai.

ပါဂျောင်မီဒီယာသည် ကချင်ပြည်နယ်အရပ်ရပ်ရှိ သတင်းများနှင့် ကြားဖြတ်သတင်းများကို မိဘပြည်သူများထံသို့ အချိန်နှင့် တပြေးညီတင်ဆက်ပေးလျက်ရှိသည့် သတင်းမီဒီယာတစ်ရပ်ဖြစ်ပါသည်။

Stay updated with timely Kachin State news coverage on our news channel.

04/08/2026

ဗလမင်းထင်တံတား ကုန်တင်ယာဥ် အ၀င်အထွက်ပိတ်ပင်ထား

ပါဂျောင်မီဒီယာ
၄ရက်၊ သြဂုတ်၊ ၂၀၂၆ ခုနှစ်။

ကချင်ပြည်နယ် မြစ်ကြီးနာမြို့နှင့် ဝိုင်းမော်မြို့ကိုဆက်သွယ်ထားသည့် ဗလမင်းထင်တံတားတွင် ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်မပြုသောကြောင့် ကုန်သည်တွေအခက်တွေ့နေရသည်ဟု မြစ်ကြီးနားမြို့ခံများထံမှ သိရသည်။

ဗလမင်းထင်တံတားသည် တရုတ်ပြည်မှ ကုန်စည်များကို မြစ်ကြီးနားမြို့နှင့် ကချင်ပြည်နယ် နေရာများသို့ ကုန်စည်တင်ပို့ရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး ယခုလို ကုန်စည်အဝင်အထွက်ပိတ်ထားခြင်းသည် ဒေသတွင်း ကုန်ဈေးနှုန်းတွေကို ပိုမိုမြင့်တက်စေနိုင်သည်ဟု ဆိုသည်။

“အခုက တရုတ်ပြည်က ပစ္စည်းတွေပေါ့်နော်၊ မြစ်ကြီးနားဝင်မယ့် ကုန်ကားတွေကို မဝင်ခိုင်းဘူး၊ ကုန်ကားတွေက ဗလမင်းထင်တံတားမှာ အခွန်အများကြီးပေးပြီးဝင်ရတယ်၊ ပြီးတော့ မြို့တွင်းမှာလည်း အခွန်ထပ်ကောက်တော့ ကားသမားတွေက ဗလမင်းထင်တံတားမှာ အခွန်အများကြီးပေးထားတော့ ထပ်မပေးချင်ကြဘူးလေ၊ အဲ့တော့ ဒီမှာကောက်တဲ့လူတွေနဲ့ တံတားမှာ ကောက်တဲ့သူတွေက အခွန်ကစ္စမပြေလည်းဘူးထင်တယ်၊ ဝေစားမျှစားမတည့်တာပေါ့။ “ ဟု မြစ်ကြီးနားမြို့ခံတစ်ဦးပြောပြသည်။

ဖြတ်သန်းခကို ကုန်ကားအမျိုးအစားပေါ်မှုတည်၍ ပေးဆောင်ရပြီး ကုန်ကားတစ်စီးလျှင် အနည်းဆုံး ကျပ် ၁၀ သိန်းမှ ပေးဆောင်ရပြီး ၁၂ ဘီးကားဆိုလျှင် ကျပ် သိန်း ၁၂၀ ကျော် ထိ ပေးဆောင်ရသည့်အပြင် တံတားတွင် ကုန်တင်ကားများ ဖြတ်သန်းခွင့် မပြုထားသည်မှာ တပတ်လောက်ရှိပြီဟု သိရသည်။

သို့သော် မည်သည့်အချိန်တွင် ပြည်ဖွင့်မည်ကို မသိရသေးကြောင်း သိရသည်။

လက်ရှိချိန်တွင် မြစ်ကြီးနားမြို့အတွင်း တရုတ်ပြည်မှဝင်သည့် အခြေခံစားသောက်ကုန်တချို့ ဈေးနှုန်းတွေထပ်မြင့်တက်နေပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးမှာလည်း ၁ ပိဿာကို ၁ သောင်း ဝန်းကျင်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်သို့ ကုန်စည်ဝင်သည့် လမ်းကြောင်းဖြစ်သည့် မြစ်ကြီးနား-မန္တလေးလမ်းသည်လည်း တိုက်ပွဲတွေကြောင့် ပိတ်ထားခဲ့ရသည်ဖြစ်ပြီး ယခုလို တရုတ်ပြည်ဘက်မှ ကုန်စည်ဝင်လမ်းကြောင်း ဗလမင်းထင်တံတား ကို ထပ်မံပိတ်ထားသောကြောင့် မြစ်ကြီးနားမြို့အတွင်း ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

သတင်း-ဇော်

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13281

Website Link; https://www.pajau.net

04/08/2026

ရွှေကူတိုက်ပွဲအတွင်း စစ်တပ်ထိန်းချုပ် တပ်စခန်းအချို့ KIAသိမ်းပိုက်

ပါဂျောင်မီဒီယာ
၄ရက် သြဂုတ်လ ၂၀၂၆။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ စစ်တပ်ထိန်းချုပ်ထားသည့် ရွှေဘုန်းမြင့်ကျေးရွာတပ်စခန်းကို (KIA)ပူးပေါင်းတပ်က ယမန်နေ့ ဩဂုတ်၃ရက် ညနေပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဒဏ်ရာရရှိထားသည့် တပ်ဖွဲ့ဝင်များကို မကယ်ဆယ်ဘဲ အလျင်အမြန် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

စစ်တပ်ဆုတ်ခွာသွားပြီးနောက် ယနေ့ နံနက်အစောပိုင်းချိန် နံနက် ၁နာရီဝန်းကျင်ကတည်းက တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်သွားပြီးနောက် နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ ထပ်မံရောက်ရှိလာကာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် တက်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု ရှိမရှိ အခြေအနေများကို အသေးစိတ် မသိရှိရသေးပါ။

သတင်း-ဖရိန်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13277

Website Link; https://www.pajau.net

04/08/2026

မြစ်ကြီးနား ဒူကထောင်ရပ်ကွက်တွင် ဘဝသစ်တိုင်းရင်းဆေးဆိုင်မှ ဆိုင်ကယ် ၄ စီး ခိုးယူခံရ

ပါဂျောင်မီဒီယာ
၄ရက်၊ဩဂုတ်၊၂၀၂၆။

မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်၊ ရပ်ကွက် (၃) ရှိ တိုင်းရင်းဆေးများ ထုတ်လုပ်ရောင်းချသည့် ဘဝသစ်‌‌ ဆေးတိုက်မှ ဆိုင်ကယ် ၄ စီး ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းတွင် ခိုးယူခံခဲ့ရကြောင်း ဒေသခံများ ပေးပို့လာသည်။

ဘဝသစ် ဆေးတိုက်မှ 125 ဆိုင်ကယ် ၆ စီးအနက် ၄ စီးကို ခိုးယူသွားခြင်းဖြစ်ပြီး ဆိုင်တွင် ဘက်ထရီဆိုင်ကယ် ၂ စီးပါ ရှိနေသော်လည်း ခိုးယူသူများက 125 ဆိုင်ကယ် ၄ စီးကိုသာ ရွေးချယ်ခိုးယူသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ညက ဖြစ်စဉ်တွင် ခိုးယူသူများသည် ဆိုင်၏ဂိတ်ကို ဖျက်ဆီးဖောက်ထွင်းခြင်းမပြုဘဲ ခြံစည်းရိုးကို ကျော်ဝင်ကာ ဆိုင်ကယ်များကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ဒူကထောင်ရပ်ကွက်အတွင်းတွင်လည်း မကြာသေးမီကာလများအတွင်း ဆိုင်ကယ် ၃ စီး၊ ၄ စီးခန့် တစ်ကြိမ်တည်း ခိုးယူခံရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများ ပြောသည်။ ဆိုင်ကယ်ခိုးယူသူများသည် လူ ၆ ဦးမှ ၇ ဦးခန့် ပါဝင်သည့် အုပ်စုများဖြင့် ရပ်ကွက်အတွင်း ဝင်ရောက်လာပြီး ဆိုင်ကယ်များကို အုပ်စုဖွဲ့ ခိုးယူနေကြသည်ဟု ဆိုသည်။

ဘဝသစ် ဆေးတိုက်တွင် CCTV ကင်မရာ တပ်ဆင်ထားခြင်းမရှိသည့်အတွက် ယခုဖြစ်စဉ်နှင့်ပတ်သက်သည့် မှတ်တမ်းဗီဒီယို ရရှိထားခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့အတွင်း ခိုးမှု၊ အုပ်စုဖွဲ့ခိုးယူမှု၊ ဖောက်ထွင်းမှုနှင့် မှောင်ခိုလုပ်ငန်းများ ပိုမိုများပြားလာသည်ဟု ဒေသခံများအကြား ပြောဆိုမှုများရှိနေပြီး မြို့တွင်းလုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုများလည်း မြင့်တက်နေသည်။

တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်းများ မြှင့်တက်နေမှုကြောင့် ပြည်သူများ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် ၁၂၅ ဆိုင်ကယ်တစ်စီးလျှင် လက်ရှိတွင် ကျပ် ၂၅ သိန်းကျော်အထိ တန်ဖိုးရှိနေသဖြင့် ယခုကဲ့သို့ ဆိုင်ကယ်ခိုးယူခံရမှုသည် ပိုင်ရှင်များအတွက် ငွေကြေးဆုံးရှုံးမှု ကြီးမားစေနိုင်ကြောင်း ဒေသခံများက ပြောသည်။

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13274

Website Link; https://www.pajau.net

04/08/2026

ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ

ပါဂျောင်မီဒီယာ
၄ရက်၊ သြဂုတ်လ၊ ၂၀၂၆။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13273

#ရွှေဈေး #ဒေါ်လာဈေး #နိုင်ငံခြားငွေလဲလှယ်နှုန်း

03/08/2026

ကချင်တွင် တစ်ပတ်အတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွား

ပါဂျောင်မီဒီယာ
၃ရက်၊ဩဂုတ်၊ ၂၀၂၆။

ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နှင့် အမှတ်(၂)၊ အမှတ်(၇)၊ အမှတ်(၁၁)တပ်မဟာ နယ်မြေများဘက်တွင် တစ်ပတ်အတွင်း တိုက်ပွဲ (၂၉)အကြိမ် ဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလှိုင်၂၇ရက်နေ့မှ ဩဂုတ်၂ရက်နေ့အထိ ဗန်းမော်၊ ဖားကန့် စစ်မျက်နှာပြင်ဘက်ကို စစ်ကော်မရှင်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဂျက်လေယာဉ်ဖြင့် ၄၀ကြိမ်အထက်၊ ဒရုန်းဗုံး ၁၀၀ကြိမ်အထက်၊ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၂၀၀ ကြိမ်အထက် ရှိခဲ့သည်ဟု ဆိုသည်။

စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာသည့်အတွက် အမှတ်(၁၁)တပ်ဟာဒေသဘက် တိုက်ပွဲ ၁၂ကြိမ်၊ အမှတ်၉တပ်မဟာ ဖားကန့်ဒေသဘက် တိုက်ပွဲ၉ကြိမ်၊ အမှတ်၃တပ်မဟာဒေသဘက် တိုက်ပွဲ၁ကြိမ်၊ အမှတ်၈တပ်မဟာဒေသဘက် တိုက်ပွဲ၂ကြိမ်နှင့် အမှတ်၇တပ်မဟာဒေဘက် တိုက်ပွဲ၅ကြိမ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားခြင်းအပြင် ဝေဟင်မှ ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်ရှိနေသောကြောင့် စစ်ရေးတင်းမာနေကြဆဲ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်တွင် ကချင်ဒေသ စစ်ကော်မရှင်နှင့် KIAပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ၊ ခုခံတိုက်ပွဲပေါင်း အကြိမ် ၁၈နီးပါး ဖြစ်ပွားခဲ့ပြီး၊ ယခင်အပတ်ထက် စစ်ရေးပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။

သတင်း - ထုဆိုင်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13272

Website Link; https://www.pajau.net

Photos from Pajau Media Channel's post 03/08/2026

ဒေါအောင်ဆန်းစုကြည် ICRCနှင့် တွေ့ဆုံကြောင်း စစ်တပ်ထုတ်ပြန်

ပါဂျောင်မီဒီယာ
၃ရက် သြဂုတ်လ ၂၀၂၆။

၂၀၂၁ ခုနှစ်ကတည်းက စစ်တပ် ဖမ်းဆီးထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်လိုက်သည်။

Mr. Arnaude de Baqque က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ သြဂုတ်လ ၃ရက်နေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ကြောင်းသာ ထုတ်ပြန်ထားပြီး တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကို ရှင်းပြထားခြင်းမရှိပါ။

စစ်တပ်အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက် ဘန်ကောက်တွေ့ဆုံပွဲ၌ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအပါအဝင် အခြားသူများနှင့် တွေ့ဆုံခွင့် မပေးဘဲ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်သာ တွေ့ဆုံခွင့် ပေးခဲ့ကြောင်း သိရသည်။

သတင်း-ဖရိန်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13269?single

Website Link; https://www.pajau.net

03/08/2026

KIAတပ်မဟာ၈ဘက် စစ်တပ်လေယာဉ်ဗုံးကြဲ

ပါဂျောင်မီဒီယာ
၃ရက်၊ဩဂုတ်၊၂၀၂၆။

KIAအမှတ်၈တပ်မဟာဒေသကိုလည်း ပြီးခဲ့သည့် ဩဂုတ်လဆန်း၁ရက်နေ့မှစ၍ စစ်ကော်မရှင်မှ စစ်ရေးလှုပ်ရှားမှုများ ရှိလာပြီး လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများ ရှိလာကြောင်း သိရသည်။

ဩဂုတ်လဆန်း၁ရက်နေ့ နေ့လယ်၂နာရီ၅၀မိနစ်ချိန်ခန့်တွင် စစ်ကော်မရှင်မှ Y 12လေယာဉ်ဖြင့် ဗုံး၂၀ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားခဲ့ပြီး၊ လေယာဉ်ဗုံးကြောင့် ပြည်သူထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီး ဆုံးရှုံးမှုများကို အတိအကျ မသိရသေးပါဘူး။

ထို့အပြင် ဇူလှိုင်၃၁ရက် ညသန်းခေါင်ယံ ၁နာရီမိနစ်၃၀အချိန်ခန့်ကလည်း ချောင်းဆုံကျေးရွာတွင် ဂျက်ဖိုက်တာ၂စီးဖြင့် OFAV 250ဟု ယူဆရသည့် ဗုံးဖြင့်၃ကြိမ် လာရောက်ပစ်ခတ်သွားခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရပြီး၊ နွားအကောင်ရေ ၉ကောင်ထိ ထိခိုက်သေဆုံးခဲ့ရသည်။

ကချင်ပြည်နယ်ရှိ ရွှေကူ၊ ဗန်းမော်နှင့် ခေါင်လန်ဖူးဒေသများတွင် လက်ရှိ နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့်ချိန်ဖြစ်သလို ဒေသခံများလဲ ဘေးလွှတ်ရာသို့ စစ်ဘေးရှောင်တိမ်းရှောင်နေကြရသည်။ ထို့အတူ စစ်ကိုင်း- ကချင်အစပ် အင်းတော်၊ မော်လူးဒေသတို့တွင်လည်း KIAပူးပေါင်းတပ်ဖွဲ့နှင့် ရှမ်းနီတပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

သတင်း - ထုဆိုင်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13264

Website Link; https://www.pajau.net

Photos from Pajau Media Channel's post 03/08/2026

ခေါင်လန်ဖူးဒေသ တိုက်ပွဲပိုမိုပြင်းထန်လာ

ပါဂျောင်မီဒီယာ
၃ရက်၊ဩဂုတ်၊၂၀၂၆။

KIAအမှတ်၇တပ်မဟာ၊ ခေါင်လန်ဖူးဒေသဘက်တွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက်တပ်ဖွဲ့မှ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့က ခေါင်လန်ဖူးဒေသဘက်ကို စစ်အင်အား၊ လက်နက်ကြီးပစ္စည်းများ ထပ်ဖြည့်တင်းနေပြီး၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကြောင်းထိုး လှုပ်ရှားနေဆဲဖြစ်သောကြောင့် နေ့စဉ်KIAပူးပေါင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

ခေါင်လန်ဖူးဒေသ ရှိန်းခေါင်ဒေသဘက်ကိုလည်း ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်က စစ်ကားကြီးများဖြင့် စစ်အင်အား၊ လက်နက်ပစ္စည်းများ ဖြည့်တင်းနေသည့်အပြင် ယင်းဒေသရှိ ဒေသခံများကိုလည်း စားနပ်ရိက္ခာသယ်ယူပို့ဆောင်ခိုင်းခြင်း၊ လက်နက်ပစ္စည်းများ ရှေ့တန်းသို့ သယ်ပို့ခိုင်းခြင်းများ အတင်းအဓမ္မလုပ်ဆောင်နေကြောင်း သိရသည်။

ခေါင်လန်ဖူးဒေသသည် တန်ဂူးတန်ဦးဆောင် ပြည်သူ့စစ်တပ်ဖွဲ့တို့ အုပ်စိုးသည့်နယ်မြေဖြစ်ပြီး၊ ဇွန်လကုန်ပိုင်းကတည်းက စစ်ကော်မရှင်တပ်ဖွဲ့မှ စစ်အင်အား၊ လက်နက်ပစ္စည်းများ ဖြည့်တင်းပေးနေသလို စစ်ကြောင်းထိုးလှုပ်ရှားလာခြင်းတို့ကြောင့် တိုက်ပွဲဖြစ်ပွားနေသည်။

ယခုကဲ့သို့ နေ့စဉ်တိုက်ပွဲ နေ့တိုင်းဖြစ်ပွားနေသလို ယခင်ထက်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသောကြောင့် ယင်းဒေသရှိ ပြည်သူများ လက်ရှိတွင် မိမိလုံခြုံသည်ဟု ယူဆသည့်နေရာဒေသများသို့ စစ်ဘေးရှောင်နေကြဆဲ ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။

သတင်း - ထုဆိုင်း

=============================================================
လူကြီးမင်းတို့ရဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ၊ သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့ ထူးခြားဖြစ်စဉ် ဆောင်းပါးတွေကို ပေးပို့ချင်တယ်ဆိုရင် Pajau Media Channel ဖေ့ဘုတ် မက်ဆင်ဂျာမှဖြစ်စေ၊ [email protected] မှဖြစ်စေ ပေးပို့နိုင်သလို၊ ပါဂျောင်မီဒီယာသတင်းဌာနမှ နေ့စဉ်တင်ဆက်သည့် သတင်းများကိုလည်း အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှု့ လေ့လာနိုင်ပါသည်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13253?single

Website Link; https://www.pajau.net

03/08/2026

ယနေ့ ရွှေဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ

ပါဂျောင်မီဒီယာ
၃ရက်၊ သြဂုတ်လ၊ ၂၀၂၆။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13251

#ရွှေဈေး #ဒေါ်လာဈေး #နိုင်ငံခြားငွေလဲလှယ်နှုန်း

02/08/2026

အပတ်စဥ်သတင်းပေါင်းချုပ်။

ပါဂျောင်မီဒီယာ
၂ရက်၊ သြဂုတ်လ၊ ၂၀၂၆ခုနှစ်။

ခေါင်လန်ဖူး စစ်ဘေးရှောင်တွေ အရေးပေါ် အကူအညီ လိုအပ်နေပါတယ်။

Telegram Link;-https://t.me/pajaumediachannelgenuinenews2023/13249

Website Link; https://www.pajau.net

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Chiang Rai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Mueang Chiang Rai
Chiang Rai
57100