Ismecy - Tech
Sharing about latest tech news and guides in Burmese
Ismecy
14/03/2026
ဒါကတော့ ကျွန်တော် ရဲ့ Vibe Coding Channelထဲမှာ ပြတဲ့ အတိုင်းသေချာလိုက်စမ်းပေးကြတဲ့ ညီကိုတွေရဲ့ ရလဒ်တွေပေါ့။ 🔥🔥
အားလုံးပဲ လိုက်စမ်းကြပါ။ နောက် တစ်ဆင့်ကို တူတူသွားကြမယ်။
Vibe Coding ဆိုတာ 👨🏻💻
06/03/2026
အခုခေတ်မှာ အက်ပ်တစ်ခု၊ ဆော့ဖ်ဝဲလ်တစ်ခု တည်ဆောက်ဖို့ ကုဒ်တွေကို အလွတ်ကျက်နေစရာ မလိုတော့ပါဘူး။
အဲ့တာကို Vibe Coding လို့ခေါ်ပါတယ်။
Vibe Coding ဆိုတာ code မရေးတတ်ရင်တောင် ကိုယ်လိုချင်တဲ့အရာကို ရိုးရိုးစာသားနဲ့ Ai ကိုညွှန်ကြားပေးရုံပါပဲ။
အဓိကက “ကုဒ်ဘယ်လိုရေးမလဲ”ဆိုတာထက် “ဘာလုပ်ချင်လဲ” ဆိုတာကပိုပီး အရေးကြီးလာပါပြီ။
ဒီအယူအဆကို AI ပညာရှင် Andrej Karpathy က ၂၀၂၅ လောက်ကတည်းက လူတွေကြားထဲ ပိုထင်ရှားလာအောင် ပြောခဲ့တာပါ။
အကြမ်းဖျင်းပြောရရင် ခက်ခဲတဲ့နည်းပညာပိုင်းတွေကို AI ဆီ လွှဲပေးလိုက်တာ လို့လည်း ပြောလို့ရတယ်။
အရင်ကလို programming language တွေကို နှစ်နဲ့ချီ သင်ယူပြီးမှ စလုပ်ရမယ့်အစား…
“ဒီလိုအက်ပ်မျိုးလိုချင်တယ်”
“ဒီလို design ဖြစ်ချင်တယ်”
“ဒီ button နှိပ်ရင် ဒီလိုဖြစ်စေချင်တယ်” ဆိုပြီး AI ကို တိတိကျကျပြောနိုင်ရင် စတင်တည်ဆောက်လို့ရပါပြီ။
ဒါကြောင့် စိတ်ကူးကောင်းတဲ့ လုပ်ငန်းရှင်တွေ၊ creator တွေ၊ designer တွေကနည်းပညာအခက်အခဲတွေကို မကြောက်တော့ဘဲ မိနစ်ပိုင်းအတွင်း prototype တစ်ခုထုတ် လို့ရလာကြတယ်။
ဒါပေမယ့် တစ်ခုတော့မှတ်ထားရပါမယ်။
AI က code ကိုရေးပေးနိုင်ပေမယ့် လမ်းညွှန်ပေးရတာက လူဘက်က တာဝန် ပါပဲ။
Vibe Coding မှာ အောင်မြင်ဖို့ဆိုရင် ကိုယ်လိုချင်တာကို တိတိကျကျပြောတတ်ဖို့ နဲ့ အလုပ်ကို အဆင့်လိုက်ခွဲပြီး ခိုင်းတတ်ဖို့က အရေးကြီးဆုံးပါပဲ။
ဒီဟာက programming ပညာရပ် ပျောက်သွားတာ မဟုတ်ပါဘူး။
လူတိုင်းရဲ့ ဖန်တီးနိုင်စွမ်းကို AI နဲ့ပေါင်းပြီး အမြန်ဆုံး လက်တွေ့ဖြစ်လာအောင် လုပ်ပေးတာပါ။
တစ်ခုမေးချင်တာက
စာဖတ်နေတဲ့ ညီကိုတို့ရော Vibe Coding နဲ့ ပထမဆုံး ဘယ်လိုAppတွေ Softwareတွေကို စမ်းပီးတည်ဆောက်ကြည့်ချင်လဲ?
ကျွန်တော့်မှာ ဒီအပိုင်းနဲ့ ပတ်သတ်ပီးအားလုံးလေ့လာလို့ရအောင် သီးသန့်လုပ်ထားပေးတဲ့ Group ရှိပါတယ်။ စိတ်ဝင်စားရင် ‘Vibe’ လို့ရေးသွားပါ။
02/03/2026
Page ကို Followထားတဲ့သူတွေကို အသိပေးချင်တာက ဒီနေ့ကစပြီး Content ပုံစံအသစ် ပြောင်းပါပြီ။
Laptop မလို၊ Coding မလိုဘဲ ဖုန်းတစ်လုံးတည်းနဲ့ AI ကိုသုံးပြီး Website နဲ့ App တွေ ဘယ်လိုလုပ်ရမလည်း ပြောပြပေးသွားပါမယ်။
ကျွန်တော်နဲ့အတူ လိုက်လုပ်လို့ရအောင်တစ်ဆင့်ချင်း ပြပေးမယ်။
"ဖုန်းပဲရှိလို့ ဘာမှလုပ်မရဘူး" ဆိုတဲ့အတွေးကို ဖျောက်ထားလိုက်ပါ။
နောက်videoမှာဖုန်းနဲ့ ကိုယ်ပိုင် website တစ်ခု ဘယ်လိုလုပ်ရမလည်း ပြောပြပေးသွားမယ်။
တကယ် လေ့လာချင်ရင် BUILD လို့ Comment မှာရေးခဲ့ပါ။သီးသန့်Group ပို့ပေးပါမယ် 🔥✍️
Application တွေဝင်လို့မရရင် ဒီနည်းကိုသုံးပါ
အာရုံနောက်စရာတွေကို ဒီနည်းနဲ့ ပိတ်လိုက်ပါ။
ကိုယ့်ဖုန်းထဲ Playstore မရှိရင် ဒီနည်းနဲ့ App တွေသွင်းလို့ရပါတယ် |
မေ့နေတဲ့ Password တွေအကုန်ပြန်ရှာနည်း
ဖုန်းကို မြန်မာစာပြောင်းသုံးနည်း
Ai အသံသုံးပီး ပိုက်ဆံရှာမယ်
စမ်းကြည့်သင့်တဲ့ Ai Website
Ai သုံးပီး သီချင်းတွေ ဖန်တီးနည်း
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ บุคคลสาธารณะ
เว็บไซต์
ที่อยู่
Chiang Rai