Smitthy
ကာတွန်း ဆွဲမယ်၊ ဟာသလေးတွေ ရေးမယ်။
06/07/2024
လွမ်းနေနှင့်ဦးတော့ ဒေါ်မိုးရေ...😢😢😢
အလုပ်ထွက်လုပ်ရပြီ 😢😢😢
#ခူးခူးဖေဖေ
04/07/2024
လေးနှစ်သမီးရဲ့ Trauma
~~~~~~~~~~~~~~
ခူးခူးမေမေက ဖုန်းကြည့်နေတုန်း ခူးခူးလေးက လာမေးတယ်တဲ့။
“မာမားဘာတွေကြည့်နေတာလဲ” ဆိုတော့ အိမ်တွေပြိုကျ ပျက်စီးနေတဲ့ပုံကို သူ့မေမေက ပြလိုက်တယ်။ “ဘာလို့အဲလိုဖြစ်သွားတာလဲမာမား” တဲ့ ။ “ဗုံးကျလို့ ဖြစ်သွားတာ” လို့ သူ့မေမေက ဖြေလိုက်တယ်။
အဲညမှာပဲသမီးက အိပ်နေရင်းထထိုင်ပြီး ငိုတယ်။ ရေတိုက်ရင်း “ခူးခူးဘာလို့ထငိုတာလဲ” လို့ သူ့မေမေကမေးတော့ “ဗုံးကျတာအိပ်မက်လို့” တဲ့။
“သမီးဗုံးကျတာကြောက်ရင်မာမားရှိတယ် မာမားဖက်ထားပေးမှာပေါ့” လို့ ခူးခူးမေမေက ပြောတော့
“မာမားထက် ပါပါးက ပိုအားရှိတယ် ပါပါးကာကွယ်ပေးလိမ့်မယ်” လို့ပြောတယ်တဲ့။
သမီးက တခုခုဆို ဖအေကို အားကိုးတယ်။ ညဘက်မီးပျက်လို့ မှောင်နေရင် ပါပါးရှိတယ်ဆိုအေးဆေး၊ ကြွက်တို့ ဖားတို့ မြွေတို့တွေ့ရင်လည်း ပါပါးရှိရင် သူမကြောက်ဘူး။ အခုတော့ သူအဲလိုပါပါးကို တတဲ့ အချိန်မှာ ကိုယ်က အဝေးရောက်နေတော့ စိတ်မကောင်းဘူး။
နောက်တခုက ရန်ကုန်မှာနေတဲ့ လေးနှစ်သမီးလေးက ဓါတ်ပုံထဲက ဗုံးကျတဲ့ အိမ်အပျက်အစီးတွေမြင်တာတောင် အိပ်မက်ဆိုးမက်တယ်ဆို တကယ့်ဒဏ်ခံနေရတဲ့နေရာတွေက လူကြီးလူငယ် ကလေးငယ်တွေမှာ တကယ့် စိတ်ဒဏ်ရာတွေ ဘယ်လောက်များ ရနေကြမလဲတွေးရင်း စိတ်မောမိလေရဲ့။ ။
#ခူးခူးဖေဖေ
03/07/2024
အော်...ကိုယ်ဆွဲတဲ့ပုံလေးတွေ သူများတွေ ယူတင်မှ အများရှယ်ကြ ကြိုက်နေကြတာ ထိုင်ကြည့်နေရတာ... ...ရည်းစားဦးကို နောက်လူနဲ့ မာစီဒီးပေါ်မှာ ရယ်ရယ်ပြုံးပြုံးရှိနေတာကို လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ ကျစိမ့်ရိုးရိုးတခွက်သောက်ရင်း ထိုင်ငေးနေရသလိုပဲ... ...ဝမ်းသာဝမ်းနည်း ဖီလင်လေး 😅😅😅
02/07/2024
ခေတ်ကြီးက ဘယ်သူ့မှ ယုံရတာ မှုတ်ဖူး 😁😁😁
#ခူးခူးဖေဖေ
01/07/2024
🎉 Facebook recognised me as a top rising creator this week!
01/07/2024
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အကျင့်မျိုးတွေတော့ မလုပ်ကြပါနဲ့ဗျာ😢😢😢
#ခူးခူးဖေဖေ
29/06/2024
အခုတလော ခဏခဏ ခေါင်းထဲဝင်ဝင်လာတဲ့ ဟာသလေးကို ပြန်မျှဝေလိုက်ပါတယ်ဗျ။ ဟာသမဟုတ်တဲ့ ဟာသလေးပါ😔😔
ရုရှား ဟာသလို့ပဲ ထင်ပါတယ်😁😁😁 (ဆရာ မောင်းကောင်းထိုက် ရဲ့ ဟာသပဒေသာတအုပ်အုပ်ထဲက ဟာသလေးကို နည်းနည်းဖြည့်စွက်ပြီး တင်လိုက်တာပါ)
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
အရာရာကို အကောင်းမြင်တတ်သူနှင့် အရာရာကို အဆိုးသာမြင်တတ်သူ သူငယ်ချင်းနှစ်ယောက်လမ်းမှာအမှတ်မထင်တွေ့ကြသည်။
နှစ်ဦးသားစကားလက်ဆုံကျနေရင်း အကောင်းမြင်သမားက ပြောသည်။
"ဒီအတိုင်းသာဆို ငါတို့တွေတော့ လမ်းပေါ်မှာခွက်ဆွဲပြီး တောင်းစားရတော့မှာပဲကွာ"
အဆိုးမြင်သမားက သူငယ်ချင်းကို ပြန်မေးသည်။
"တောင်းစားမယ် ဟုတ်လား၊ ဘယ်သူ့ဆီကလဲ ??"
28/06/2024
မိန်းမကို ပြောနေကျစကားလေး😁😁
"အရာတိုင်းမှာ အဆိုးအကောင်းဆိုတာရှိတယ် မိထွေးဆိုးတဲ့ ပုံပြင်တွေပဲ ဖတ်ပြပြီး ငါ့သမီးကို Brain wash မလုပ်နဲ့" လို့။
သမီးကို Snow White တို့ Cinderella တို့ Hansel & Gretel တို့ မထွေးလေးပုံပြင်တို့ မပြောပြဘူး 😁😁😁
#ခူးခူးဖေဖေ
26/06/2024
ခုနောက်ပိုင်း မိန်းမကတော့ ပေးငမ်းရှာပါတယ် 😢😢😢
#ခူးခူးဖေဖေ
✅လူကို မတူသလိုမတန်သလို ဆက်ဆံတဲ့ အရောင်းစာရေးမကို ပြန်ချေ ❤️❤️
✅ရုပ်ရှင်နာမည်လေး မှတ်မိကြသေးလား 😊😊
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Chiang Mai