Language Pathways

Language Pathways

แชร์

“Learn, Speak, Succeed”

05/06/2026

🇹🇭 ထိုင်းစာလေ့လာနေတာ ကြာပြီ... ဒါပေမယ့် မပြောရဲသေးဘူးလား❓

အလုပ်မှာ၊ ကျောင်းမှာ ထိုင်းလိုပြောရတဲ့အခါ အခက်အခဲတွေ ရှိနေသေးလား❓

တကယ်တော့ ထိုင်းစာစသင်တဲ့သူအများစုက အောက်ပါအမှား (၃) ခုကို လုပ်မိတတ်ကြပါတယ်👇

❌ Tone (အသံထွက်) ကို မမှန်ဘဲ အလွတ်ကျက်တာ
❌ Grammar ကို အရမ်းစဉ်းစားပြီး မပြောရဲတာ
❌ Listening & Speaking ကို မလေ့ကျင့်ဘဲ Reading & Writing ကိုပဲ အာရုံစိုက်တာ

ဒီအမှားတွေကြောင့် ထိုင်းစာကို သင်နေပေမယ့် လက်တွေ့အသုံးချတဲ့အခါ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

✅ Language Pathways မှာတော့

📚 Thai 4 Skills Class
(Listening • Speaking • Reading • Writing)

🗣️ Speaking Focus Class

👥 Budget သက်သာတဲ့ Zoom Online Group Class

👩‍🏫 အချိန်ညှိနှိုင်းနိုင်တဲ့ Premium One-on-One Class
တွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ Chiang Mai University မှ Scholarship ရရှိထားပြီး သင်ကြားရေးအတွေ့အကြုံများစွာရှိသော Teacher များက သင်ကြားပေးတာဖြစ်လို့ အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ကျောင်းအတွက်ပဲဖြစ်ဖြစ် ထိုင်းစာကို စနစ်တကျ သင်ယူနိုင်ပါတယ်။

📩 အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Photos from Language Pathways's post 04/06/2026

ထိုင်းစာအခြေခံအရေး၊အဖတ်၊အပြော ကလေးအတန်းလေးက လူပြည့်သွားပြီရှင့်💜

နာမည်စာရင်းပေးထားပြီးသားမိဘတွေအထိပဲလက်ခံ​ပေးပါတော့မယ်ရှင့်💜

ထိုင်းစကားပြောအခြေခံအတန်းလေးလဲလူပြည့်ဖို့ ၄ ယောက်သာလိုပါတော့မယ်ရှင့်💜

Language Pathways သင်တန်းကိုစိတ်ချယုံကြည်စွာအပ်နှံပေးကြတဲ့မိဘတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်💜💜

03/06/2026

ကလေးတွေအတွက် ကျောင်းမှာအသုံးများတဲ့ ထိုင်းစကားလုံး(၆) ခုကဘာတွေဖြစ်မလဲ❓

เปิดเทอม (ပစ်ထမ်) = ကျောင်းဖွင့်သည်။
ปิดเทอม (ပစ်ထမ်) = ကျောင်းပိတ်သည်။
เข้าเรียน (ခေါ့ရီယန်) = အတန်းတက်သည်။ / စာသင်ခန်းထဲဝင်သည်။
เลิกเรียน (လုက်ရီယန်) = ကျောင်းဆင်းသည်။
ทำการบ้าน (ထမ်ကန်ဘန်း) = အိမ်စာလုပ်သည်။
สอบ (ဆော့ပ်) = စာမေးပွဲဖြေသည်။

02/06/2026

ဇွန်လထဲ ထိုင်းမှာ မလွတ်တမ်းကြည့်ရမယ့် "အထူးခြားဆုံး ပွဲတော်ကြီး (၃) ခု" 🇹🇭✨

ဇွန်လ (June) မှာ ထိုင်းနိုင်ငံကို အလည်သွားဖို့ ပြင်ဆင်နေပါသလား❓

ဇွန်လဟာ မိုးဦးကျကာလဖြစ်လို့ ခရီးသွားစရိတ် သက်သာတဲ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အင်မတန် အသက်ဝင်ပြီး ပျော်စရာကောင်းတဲ့ ရိုးရာနဲ့ ခေတ်ပြိုင်ပွဲတော်ကြီးတွေ ကျင်းပတဲ့ လလည်း ဖြစ်ပါတယ်။

ဒီလထဲမှာ မဖြစ်မနေ သွားရောက်ဆင်နွှဲသင့်တဲ့ ထိုင်းနိုင်ငံရဲ့ အထင်ကရ ပွဲတော်ကြီး (၃) ခုကို မျှဝေပေးလိုက်ပါတယ်။ 👇

၁။ ရောင်စုံသက်တံ့များ လွှမ်းမိုးမည့် "Bangkok Pride Festival" 🌈

ဇွန်လဟာ ကမ္ဘာလုံးဆိုင်ရာ Pride Month (မတူကွဲပြားသူများ ဂုဏ်ယူဝံ့ကြွားခြင်းလ) ဖြစ်တာကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ခေါင်မှာ တစ်လလုံး ပွဲတော်တွေ ကျင်းပနေမှာပါ။ အဓိက Highlight ကတော့ ဇွန်လဆန်းပိုင်းမှာ ကျင်းပမယ့် Pride Parade (ချီတက်ပွဲကြီး) ပဲ ဖြစ်ပါတယ်။ ရောင်စုံဝတ်စုံဆန်းတွေ၊ ဖျော်ဖြေရေး အနုပညာရှင်တွေနဲ့ တစ်မြို့လုံး ပွဲတော်အသွင် ဆင်နွှဲကြမှာမို့ တက်ကြွပျော်ရွှင်စရာ ကောင်းမယ့် ပွဲကြီးတစ်ခုပါ။

* 📍 နေရာ - ဘန်ကောက်မြို့ (Siam နှင့် Ratchaprasong လမ်းမကြီးများ)
* 📅 အချိန် - ဇွန်လတစ်လလုံး

၂။ ထိုင်းဗားရှင်း Halloween "Phi Ta Khon" (သရဲမျက်နှာဖုံးပွဲတော်) 👺

ထိုင်းနိုင်ငံမြောက်ပိုင်း လွယ်အိ (Loei) ခရိုင်ရဲ့ အထင်ရှားဆုံးနဲ့ အဆန်းပြားဆုံး ရိုးရာပွဲတော်ပါ။ ဒေသခံတွေဟာ ရောင်စုံခြယ်သထားတဲ့ သရဲမျက်နှာဖုံးကြီးတွေ၊ အဝတ်အစားဆန်းတွေကို ဝတ်ဆင်ပြီး လမ်းပေါ်မှာ ကခုန်ကြကာ လယ်ယာစိုက်ပျိုးရေးအတွက် "မိုးခေါ်" ကြတာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုလည်း လေ့လာရ၊ ဓာတ်ပုံရိုက်ရင်လည်း အလန်းစားထွက်မယ့် ပွဲတော်ဖြစ်ပါတယ်။

* 📍 နေရာ - Dan Sai ခရိုင်၊ Loei (လွယ်အိ) ခရိုင်
* 📅 အချိန် - ဇွန်လအတွင်း (ဒေသတွင်း နက္ခတ်အတိတ်နိမိတ်ပေါ်မူတည်၍ ရက်သတ်မှတ်သည်)

၃။ သစ်သီးချစ်သူတို့ နိဗ္ဗာန်ဘုံ "Chanthaburi Fruit Festival" 👑

Durian & Mangosteen
သစ်သီးကြိုက်တတ်တဲ့ Foodie တွေ လက်မလွှတ်သင့်တဲ့ ပွဲတော်ပါ။ ဇွန်လဟာ ထိုင်းနိုင်ငံမှာ ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီးတွေ အကောင်းဆုံးနဲ့ အပေါဆုံးအချိန် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ သစ်သီးမြို့တော် ချန်သဘူရီမှာ ကျင်းပတဲ့ ဒီပွဲမှာ သစ်သီးတွေကို ဈေးနှုန်းချိုချိုသာသာနဲ့ "သစ်သီး Buffet အဝစား" နိုင်မယ့်အပြင်၊ လှပတဲ့ သစ်သီးလှည်းအလှပြိုင်ပွဲတွေကိုပါ မြင်တွေ့ရမှာပါ။

* 📍 နေရာ - Chanthaburi (ချန်သဘူရီ) ခရိုင်
* 📅 အချိန် - ဇွန်လလယ်ပိုင်း

30/05/2026

နေ့ရက်တွေကို ထိုင်းလိုဘယ်လိုပြောမလဲ❓

Mon wan-jan วันจันทร์

Tue. wan-ang-khaan วันอังคาร

Wed. wan-phút วันพุธ

Thu. wan-phá-reú-hàt-sà- b၁၁-dii วันพฤหัสบดี

Fri. wan-sùk วันศุกร์

Sat. wan-sǎw วันเสาร์

Sun. wan-aa-thít วันอาทิตย์

24/05/2026

ထိုင်းမှာ ကျောင်းထားချင်ပေမယ့် "ဘာသာစကား" ကြောင့် စိုးရိမ်နေရတဲ့ မိဘများအတွက်… 🇹🇭✨
"ကလေးက ထိုင်းစကား မပြောတတ်တော့ အတန်းထဲမှာ စာမလိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ❓"
"သူငယ်ချင်းတွေကြားထဲ မျက်နှာငယ်နေမလား❓"
မိဘတိုင်းမှာရှိတဲ့ ဒီလိုစိုးရိမ်ပူပန်မှုတွေကို Language Pathways က အခုပဲ ဖြေရှင်းပေးပါရစေ။
ချင်းမိုင်တက္ကသိုလ် Scholarship ရ တီချယ်များ ကိုယ်တိုင်က ဗျည်း၊ သရ၊ အရောင်၊ ကိန်းဂဏန်းတွေကအစ နေ့စဉ်သုံးစကားတွေအထိ အခြေခံကနေ စနစ်တကျ သင်ကြားပေးသွားမှာပါ။
* 🧩 Flashcards, Worksheets တွေနဲ့ လေ့ကျင့်မယ်
* 🎮 ပျော်စရာ Games & Activities တွေ ဆော့မယ်
* 🗣️ Role-play တွေနဲ့ တကယ်ပြောနိုင်အောင် လေ့ကျင့်မယ်

ပျော်ပျော်ရွှင်ရွှင်နဲ့ သဘာဝကျကျ ထိုင်းစကားပြောတတ်လာဖို့အတွက်: 💰 Budget save ဖြစ်တဲ့ Online Group Class(သို့) ⏰ အချိန်ညှိရလွယ်တဲ့ One-on-One Class ကြိုက်တာကို ရွေးချယ်နိုင်ပါတယ်။

ဒါ့အပြင် ထိုင်းကျောင်းမှ သင်တဲ့သင်ခန်းစာတွေကို ပြန်လည်သင်ယူနိုင်စေဖို့ guide teacher service ယူချင်တဲ့မိဘများအတွက်လဲ one on one Thai school guide service လေးယူနိုင်တာကြောင့် ထိုင်းမှာကျောင်းထားဖို့ ထိုင်းစာအအခက်အခဲမရှိစေရအောင် Language Pathways ကိုသတိရလိုက်တော့နော်✨

💡 ကလေးရဲ့ ဘာသာစကားကျွမ်းကျင်မှုက စောစောစလေ ပိုအကျိုးရှိလေမို့… အခုပဲ Language Pathways Page Messenger မှာ စာရင်းပေးသွင်းလိုက်တော့နော်!

23/05/2026

🎬 "ဘဝရဲ့ Opportunity အသစ်တွေကို ဖွင့်ဖို့... ထိုင်းစာကို Premium Quality နဲ့ လေ့လာမယ်။ ဒါပေမဲ့ Subscription ကြေးက 199 baht only❗️"

မိတ်ဆွေ... Series တွေကြည့်ဖို့ အချိန်ပေးနိုင်ရင်၊ မိမိဘဝအတွက် တကယ့် Real Skill တစ်ခုရမယ့် ဒီ Video Course ကိုလည်း အချိန်ပေးကြည့်သင့်နေပါပြီ။
ဇာတ်လမ်းတွဲတွေကြည့်သလိုမျိုးပဲ မိမိအားတဲ့အချိန်၊ အိပ်ယာဝင်ခါနီး၊ ဒါမှမဟုတ် ကားစီးရင်းနဲ့ ဖုန်းတစ်လုံးရှိရုံနဲ့ အပိုင်းလိုက် (Episode) အလိုက် အပန်းဖြေရင်း လေ့လာသွားလို့ရမယ့် Basic Thai 4-Skills Video Course ကို Release လုပ်လိုက်ပါပြီ။

ဒီအခွင့်အရေးကတစ်သက်မှာတစ်ခါလောက်ပဲရနိုင်တဲ့အခွင့်အရေးမျိုးနော်။

🍿 [ Now Streaming On Facebook Private Group ]
• Episode 1 to 10: အခြေခံအရေး၊အဖတ်ကျွမ်းကျင်တတ်မြောက်ပြီးလမ်းဘေးက ဆိုင်းဘုတ်တွေ၊ Product ပေါ်က စာတွေကို ကိုယ်တိုင်ဖတ်ပြီး ဘာသာပြန်နိုင်စေရမယ်။

🎟️ ရုပ်ရှင်လက်မှတ်ခ (သင်တန်းကြေး) = 199 baht only❗️
ပုံမှန် ရုပ်ရှင်လက်မှတ်ခ popcorn ခတွေထက်တောင်သက်သာတဲ့သင်တန်းကြေးနဲ့ ထိုင်းစာလေ့လာကြမယ်။

How to watch❓ (ဘယ်လိုကြည့်ရမလဲ)

Facebook မှာရာသက်ပန် video class group လုပ်ပေးထားပါမယ်။ chat box မှာ “Popcorn” လို့ပို့ပြီး registration လုပ်လိုက်ရုံနဲ့ ရုပ်ရှင်ရုံတံခါး(Group link) ကိုချက်ချင်းဖွင့်ပေးပါမယ်။ ဒါ့ကြောင့် အခြေခံ ဇီးရိုးကနေ စလိုက်ရအောင်!

22/05/2026

စျေးဝယ်ထွက်တဲ့အခါ ထိုင်းလိုဘယ်လိုပြောမလဲ❓

19/05/2026

ထိုင်းနိုင်ငံမှာ ကလေးတွေကို ကျောင်းထားဖို့ ဘာတွေပြင်ဆင်ရမလဲ❓

ထိုင်းနိုင်ငံမှာရှိနေတဲ့ မိဘမိတ်ဆွေများခင်ဗျာ... ကလေးတွေကို ကျောင်းအပ်နှံဖို့ ပြင်ဆင်တဲ့အခါ ဘယ်ကနေ စတင်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။ 🤔

ကလေးငယ်တွေရဲ့ ပညာရေးလမ်းကြောင်း အဆင်ပြေချောမွေ့စေဖို့အတွက် မိဘတွေအနေနဲ့ မဖြစ်မနေ ပြင်ဆင်ထားရမယ့် အရေးကြီးအချက် (၆) ချက်ကို မျှဝေပေးလိုက်ပါတယ်။ 👇

📌 ပြင်ဆင်ရမယ့် အချက် (၆) ချက်

၁။ မှတ်ပုံတင်နှင့် ဗီဇာ (Registration & Visa) 📑

မွေးစာရင်း၊ မိဘနှင့် ကလေးရဲ့ နိုင်ငံကူးလက်မှတ် (Passport) တို့ကို အဆင်သင့်ပြင်ထားပြီး သတ်မှတ်ထားတဲ့ ကျောင်းသားဗီဇာ (Visa) ကို စနစ်တကျ လျှောက်ထားပါ။

၂။ နေရာထိုင်ခင်းနှင့် ကျောင်းရွေးချယ်မှု (Accommodation & School Selection) 🏠🏫

ကလေးတွေ ကျောင်းတက်/ကျောင်းဆင်း သွားလာရ လွယ်ကူစေဖို့အတွက် ကျောင်းအနီးအနားမှာ နေထိုင်ဖို့ ပြင်ဆင်ပါ။ သင့်တော်မယ့်ကျောင်းတွေကိုလည်း ကြိုတင်စုံစမ်းထားပါ။

၃။ ထိုင်းဘာသာစကားနှင့် ယဉ်ကျေးမှု (Thai Language & Culture) 🇹🇭🐘

ကလေးငယ်တွေ ကျောင်းပတ်ဝန်းကျင်သစ်မှာ အသားကျလွယ်စေဖို့နှင့် သူငယ်ချင်းအသစ်တွေနဲ့ ဆက်သွယ်နိုင်ဖို့ အခြေခံထိုင်းစကားပြောနဲ့ ယဉ်ကျေးမှုကို ကြိုတင်လေ့လာသင်ယူထားပေးပါ။

၄။ ကျောင်းသုံးပစ္စည်းနှင့် ယူနီဖောင်း (Supplies & Uniforms) 🎒✏️

ကျောင်းဝတ်စုံ (ယူနီဖောင်း)၊ စာအုပ်စာပေများနှင့် လိုအပ်တဲ့ ကျောင်းသုံးဗလာစာအုပ်၊ ကိရိယာတန်ဆာပလာတွေကို အကြိုဝယ်ယူစုဆောင်းထားပါ။

၅။ ကျန်းမာရေးနှင့် ကာကွယ်ဆေး (Health & Vaccines) 🩺💉

ကလေးရဲ့ ကာကွယ်ဆေးထိုးမှတ်တမ်းတွေကို သေချာစုဆောင်းထားပါ။ ကျောင်းမအပ်မီ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

၆။ မိဘများနှင့် ကျောင်းဆက်သွယ်ရေး (Parent-School Communication) 🤝💻

ကလေးရဲ့ ပညာရေးနဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့ ကျောင်းနဲ့ မိဘအကြား အမြဲမပြတ် ဆက်သွယ်မှုရှိနေအောင် ပြင်ဆင်ထားပါ။ (ဥပမာ- Line သို့မဟုတ် ကျောင်းရဲ့ ဆက်သွယ်ရေး Application များ သုံးစွဲတတ်အောင် ပြင်ဆင်ခြင်း)

✨ Language Pathways ကနေပြီးတော့ ကလေးငယ်တွေရဲ့ ထိုင်းနိုင်ငံ ပညာရေးခရီးလမ်း ပိုမိုတောက်ပပြီး ချောမွေ့စေဖို့ အမြဲတမ်း ဆန္ဒပြုလျက်ရှိပါတယ်။ 🎓💡

#ထိုင်းနိုင်ငံပညာရေး #ကျောင်းအပ်နှံခြင်း #မိဘလမ်းညွှန်

Photos from Language Pathways's post 10/05/2026

🇹🇭ဇွန်လမှာ ဖွင့်လှစ်မယ့် ထိုင်းဘာသာစကား (Online) အတန်းသစ်များ 🇹🇭

​ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်သလို၊ စီးပွားရေး၊ ပညာရေးနဲ့ လည်ပတ်ဖို့အတွက် အခွင့်အလမ်းများစွာ ရှိတဲ့နိုင်ငံတစ်ခုပါ

ထိုင်းဘာသာစကားတတ်မြောက်ထားတာဟာ အနာဂတ်အတွက် အားသာချက်တစ်ခု ဖြစ်စေပါတယ်

​ဇွန်လကုန်မှာ စတင်ဖွင့်လှစ်မယ့် Language Pathways ရဲ့ Thai Group classes (Online) အတန်းတွေမှာ ထိုင်းဘာသာစကားကို အခြေခံကစပြီး စနစ်တကျ သင်ယူနိုင်ပါတယ်

​📚 ဘယ်လိုအတန်းတွေ ရှိသလဲ❓

​အသက်အရွယ်နဲ့ လိုအပ်ချက်အလိုက် သီးသန့် အတန်းခွဲပြီး သင်ကြားပေးမှာပါ။

​🧒👧 ကလေးများအတွက် (အသက် ၇ နှစ်မှစ၍)

​Basic Thai 4skills for kids -အဖတ်၊ အရေး၊ အပြော၊ နားထောင် Skill ၄ ခုလုံး ကို အခြေခံကစပြီး စနစ်တကျ သင်ကြားပေးမယ့်အတန်း

​Basic Thai speaking for kids- ထိုင်းစကားကို အသားပေးပြီး မြန်မြန်ဆန်ဆန် ပြောတတ်စေမယ့်အတန်း

​👨‍💼👩‍💼 လူကြီးများအတွက် (အသက် ၁၆ နှစ်အထက်)

​Basic Thai 4skills group class
​Basic Thai speaking group class ဆိုပြီး အတန်းခွဲများဖွင့်လှစ်သွားမှာဖြစ်ပါတယ်

​🖊 ဘာတွေသင်ကြားပေးမှာလဲ❓

​🛠 ထိုင်း Basic 4 Skills Group Class
ထိုင်းစာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့
✅ ဗျည်း (အုပ်စု ၃ ခု၊ ၄၄ လုံး)
✅ သရ (၂ မျိုး၊ ၃၂ လုံး)
✅ အသံငါးမျိုး (Tones) - အသံအနိမ့်အမြင့် မှန်ကန်စေရန်
✅ အသတ်ရှစ်မျိုး (Final Consonants) - အသတ်သံ မှန်ကန်စေရန်
ကို အထူးပြုသင်ကြားပေးမှာဖြစ်ပြီး အပြောများတဲ့ ထိုင်းဝေါဟာရတွေကိုပါ တပါတည်း လေ့ကျင့်ပေးသွားမှာပါ

​🗣 ထိုင်း Speaking Group Classမှာ
✅ နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်နဲ့ ကျောင်းမှာ တကယ်ပြောလေ့ရှိတဲ့ စကားလုံးတွေ
✅ စကားပြော ကောင်းမွန်မှန်ကန်ဖို့အတွက် Speaking အသားပေး လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

​👥 ဘယ်သူတွေ တက်ရောက်သင့်သလဲ။

✅ ဘာသာစကားအသစ်တစ်ခုကို ငယ်စဉ်ကတည်းက ပျော်ပျော်ရွှင်ရွှင်နဲ့ တတ်မြောက်ထားချင်တဲ့ ကလေးတွေ။

✅ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့ အစီအစဉ်ရှိသူတွေ ဒါမှမဟုတ် ထိုင်းကျောင်းသားတွေနဲ့ ဆက်သွယ်ချင်သူတွေ။

✅ ထိုင်းကုမ္ပဏီတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေရသူတွေ၊ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ အစီအစဉ်ရှိသူတွေ၊ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ ထိုင်းစကားပြော လိုအပ်နေသူတွေ။

​🎁 ထိုင်းစာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ဗျည်း၊ သရ၊ အသံနဲ့ အသတ်တွေကို မှန်မှန်ကန်ကန် တတ်မြောက်အောင်သင်ကြားပေးမှာဖြစ်ပြီး

​နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်မှာ ပြောလေ့ရှိတဲ့ စကားလုံးတွေကို သဘာဝကျကျနဲ့ ယုံကြည်မှုရှိရှိ ပြောတတ်လာစေဖို့အတွက်အထူး လေ့ကျင့်သင်ကြားပေးသွားမှာပါ

​🔥🎁 EARLY BIRD PROMOTION 🎁🔥

ဇွန်လအတွင်းဖွင့်လှစ်သွားမယ့် အတန်းတစ်တန်းစီအတွက် အစောဆုံး အပ်နှံသူ (၅) ယောက်ကို Early Bird Promotion (အထူးလျှော့စျေး) ပေးသွားမှာ ဖြစ်ပါတယ်! 🏃‍♂️🏃‍♀️

​အချိန်မီ စာရင်းသွင်းပြီး အခွင့်အရေးကို လက်လွတ်မခံပါနဲ့နော်

​✅ အသေးစိတ်သိရှိလိုပါက Messenger ကနေ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Chiang Mai
50230