Creative Digital Solution

Creative Digital Solution

แชร์

Offering expert graphic design, content creation, and Facebook marketing services for Myanmar individuals and businesses in Thailand.

Helping you elevate your brand and reach your audience effectively

31/07/2025

ယနေ့ စတင်အသက်ဝင်ပြီ ဖြစ်ကြောင်း.......................
VPN၊ Online Shopping နှင့် Social Media သုံးစွဲမှု- ယနေ့အာဏာတည်သည့် ဆိုက်ဘာဥပဒေက သင့်အပေါ် မည်သို့သက်ရောက်မည်နည်း?
ယနေ့၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြဋ္ဌာန်းထားသော ဆိုက်ဘာလုံခြုံရေးဥပဒေ (ဥပဒေအမှတ် ၁/၂၀၂၅) သည် အမိန့်ကြော်ငြာစာအမှတ် ၁၁၃ / ၂၀၂၅ အရ တရားဝင် အာဏာတည်ခဲ့ပြီ ဖြစ်သည်။ ဤဥပဒေသည် နိုင်ငံသားများ၏ နေ့စဉ်အင်တာနက်သုံးစွဲမှုပုံစံများ၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းများနှင့် Facebook, TikTok ကဲ့သို့သော လူမှုကွန်ရက်မီဒီယာကြီးများ၏ လည်ပတ်ပုံတို့ကို ပြောင်းလဲစေနိုင်သော ပြဋ္ဌာန်းချက်များစွာ ပါဝင်နေသည်။

အများပြည်သူအတွက် အဓိကသက်ရောက်မှုရှိစေမည့် အကြောင်းအရာများကို ဥပဒေပုဒ်မ အညွှန်းများနှင့်တကွ ခြုံငုံသုံးသပ်ဖော်ပြလိုက်ပါသည်။

Facebook, TikTok --အစရှိသည်တို့ မြန်မာပြည်မှာ ဆက်သုံးရတာ အဆင်ပြေပြေ ရှိပါ့မလား။ သူတို့ ဘာလုပ်ရမလဲ။
ဤဥပဒေ၏ အထင်ရှားဆုံးအချက်တစ်ခုမှာ Social Media Platform ကြီးများအပေါ် တိုက်ရိုက်သက်ရောက်မှုပင် ဖြစ်သည်။
ဥပဒေပုဒ်မ ၂၄ အရ နိုင်ငံတော်အတွင်း အသုံးပြုသူဦးရေ တစ်သိန်းနှင့်အထက် ရှိသည့် မည်သည့် ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းမဆို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ရမည် ဖြစ်ပြီး၊ သက်ဆိုင်ရာဦးစီးဌာနတွင် မှတ်ပုံတင်ရမည် ဖြစ်သည်။

အကယ်၍ ထိုပလက်ဖောင်းများက မှတ်ပုံတင်ရန် ပျက်ကွက်ပါက / ပုဒ်မ ၆၄ အရ မှတ်ပုံတင်မဲ့ လုပ်ငန်းလုပ်ကိုင်ပါက
အနည်းဆုံး ကျပ်သိန်းတစ်ထောင် (ကျပ်သန်း ၁၀၀) အောက်မလျော့သော ငွေဒဏ် ချမှတ်ခံရမည်ဖြစ်သည်။ အများပြည်သူအကျိုးငှာ လိုအပ်ပါက အဆိုပါ ဒီဂျစ်တယ်ပလက်ဖောင်းကို ပိတ်သိမ်းခြင်း သို့မဟုတ် အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာခြင်း တို့ကို ပုဒ်မ ၄၃ အရ ပြုလုပ်နိုင်သည်ဟု ဥပဒေက အခွင့်အာဏာပေးထားသည်။

Online Shop များနှင့် ဈေးရောင်းသူများအတွက် ဘာတွေပြောင်းလဲသွားမလဲ။

Online Shopping လုပ်ငန်းများအတွက် သီးသန့်ပြဋ္ဌာန်းချက်မပါဝင်သော်လည်း၊ ယေဘုယျဆိုက်ဘာ ပြစ်မှုဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်။ Online တွင် ဈေးရောင်းချသူများသည် အောက်ပါအချက်များကို အထူးသတိပြုရမည်ဖြစ်သည်-

• လိမ်လည်ရောင်းချမှုများ- ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ လိမ်လည်လှည့်ဖြားခြင်းသည် ပုဒ်မ ၆၈ (င) အရ ပြစ်မှုမြောက်ပြီး၊ ထောင်ဒဏ် (၁)နှစ်မှ (၂)နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျပ်သိန်း (၅၀) မှ သိန်း(၂၀၀) အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်သည်။

• တားမြစ်ကုန်ပစ္စည်းများ ရောင်းချခြင်း- "အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျော်သော" အရာများ သို့မဟုတ် တည်ဆဲဥပဒေအရ တားမြစ်ထားသော ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်း၊ ဖြန့်ဝေခြင်း ပြုလုပ်ပါက ပုဒ်မ ၇၂ အရ ထောင်ဒဏ် (၁)လမှ (၆)လအထိ သို့မဟုတ် ငွေဒဏ် ကျပ် (၁၀)သိန်းမှ သိန်း(၁၀၀) အထိ ကျခံရနိုင်သည်။

• ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်ခြင်း- အခြားလုပ်ငန်းတစ်ခု သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် သတင်းအမှားများ ဖြန့်ဝေတိုက်ခိုက်ခြင်းကို ပုဒ်မ ၆၈ (စ) အရ အရေးယူမည်ဖြစ်သည်။

နေ့စဉ်အင်တာနက်သုံးစွဲသူတိုင်း သိထားရမည့်အရာများ

ဤဥပဒေသည် Social Media နှင့် Online Shop များအတွက်သာမက သာမန်အင်တာနက်သုံးစွဲသူတိုင်းအပေါ် သက်ရောက်မှုရှိနေသည်။

• VPN သုံးစွဲမှု- ပုဒ်မ ၄၄ အရ ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ VPN ဝန်ဆောင်မှုပေးခြင်း သို့မဟုတ် ထူထောင်ခြင်းကို တားမြစ်
ထားသည်။ ပုဒ်မ ၇၀ အရ ကျူးလွန်ပါက ထောင်ဒဏ် (၁)လမှ (၆)လအထိ သို့မဟုတ် ငွေဒဏ် ကျပ် (၁၀)သိန်းမှ သိန်း (၁၀၀) အထိ ချမှတ်ခံရနိုင်သည်။

နိဂုံးချုပ်အနေဖြင့်၊ ယနေ့မှစ၍ အာဏာတည်သော ဆိုက်ဘာလုံခြုံရေးဥပဒေသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်လုပ်ငန်းစဉ် ကို ပုံဖော်မည့် အဓိကဥပဒေတစ်ခု ဖြစ်လာသည်။ အင်တာနက်သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာပလက်ဖောင်းများအားလုံးသည် ဤပြောင်းလဲမှုအသစ် များ နှင့်အညီ မိမိတို့၏ အွန်လိုင်းလုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိ ရန်လည်း လိုအပ်လာပါသည်။

Crd: The Sun 🌞.......
■ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းနှင့် VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းအပါအဝင် ဆိုက်ဘာနယ်ပယ်နှင့်ပတ်သက်၍ အရေးယူရန်အချက်များထည့်သွင်းပြဌာန်းထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေ စတင်အာဏာတည်​ကြောင်း ​ကြေညာ။

ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းနှင့် VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းအပါအဝင် ဆိုက်ဘာနယ်ပယ်နှင့်ပတ်သက်၍ အရေးယူရန်အချက်များထည့်သွင်းပြဌာန်းထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေအား

ယ​နေ့(ဇူလိုင် ၃၀ ရက်)မှစ၍စတင် အာဏာတည်​ကြောင်း နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီက အမိန့်​ကြော်ငြာစာ အမှတ်(၁၁၃/၂၀၂၅) ဖြင့် ထုတ်ပြန်သည်။

ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဥ​ပ​ဒေအာဏာတည်ကြောယင်း​ကို ယင်းဥပ​ဒေ ပုဒ်မ ၂ အရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဆိုက်ဘာဥပဒေအရ ပြည်တွင်းတွင်ဖြစ်စေ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသော ရေယာဉ် သို့မဟုတ် လေယာဉ်တစ်ခုခုပေါ်တွင်ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊ အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့် ချိတ်ဆက်နေသော အခြားဆိုက်ဘာနယ်ပယ်တစ်ခုခု၌ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများကို ကျူးလွန်လျှင် စီရင်ခွင့်ရှိကြောင်း သိရသည်။

ထို့ပြင်ဆိုက်ဘာဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်အား ပြည်ပရောက် မြန်မာနိုင်ငံသားက ကျူးလွန်လျှင်လည်း ဆိုက်ဘာဥပဒေအရအရေးယူမည်ဖြစ်ကြောင်းသိရသည်။

ထို့အတူ ဆိုက်ဘာအရင်းအမြစ်၊ အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံများနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန်၊ အီလက်ထရောနစ် နည်းပညာများအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆိုက်ဘာမှုခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန်၊ ဆိုက်ဘာအရင်းအမြစ်ကို အခြေခံသော ဒီဂျစ်တယ်စီးပွားရေးစနစ်ကို အထောက်အကူပြုနိုင်စေရန် ဆိုက်ဘာဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်ကြောင်းသိရသည်။

မည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ VPN ကို ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်း ပြုလုပ်ပါက အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းတစ်ရာအောက်မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

ထို့အတူ မည်သူမဆို ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းပြုလုပ်ပါကအနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သောပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းနှစ်ရာ အောက်မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်။

အလားတူ မည်သူမဆို အများပြည်သူ ကြည့်ရှုခြင်းငှာ မသင့်လျော်သော သတင်းအချက်အလက်များကို အီလက်ထရောနစ် နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း သို့မဟုတ် ရောင်းချခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ အခြားသူ၏ အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကို ခိုးယူခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်းကို ကျူးလွန်ကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ပြုလုပ်ရန် ခိုင်းစေကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး နှစ်နှစ်မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းလည်း ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဆိုက်ဘာဥပဒေအရ မည်သူမဆို အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ အီလက် ထရောနစ် သတင်းအချက်အလက်အား ခွင့်ပြုချက်မရှိဘဲ နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း၊ ထိခိုက်စေခြင်း၊ ဥပဒေနှင့်မညီဘဲ ပေးပို့ခြင်း၊ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်း၊ ထုတ်ဖော်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် ကြိုးပမ်းအားထုတ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မည်သူမဆို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ ဆောင်ရွက်လျှင် အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ကျပ်သိန်းတစ်ရာအောက်မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မည်သူမဆို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်သက်တမ်းတိုးခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းငါးဆယ် ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း အသုံးပြုသူဦးရေ တစ်သိန်းနှင့်အထက်ရှိသော ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် မှတ်ပုံတင်ခြင်းမရှိဘဲ ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်းတစ်ထောင်အောက် မလျော့သော ငွေဒဏ်ချမှတ် ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်သည်။

မည်သူမဆို ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်းကို မှတ်ပုံတင်သက်တမ်း တိုးခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်းငါးရာအောက် မလျော့သော ငွေဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း ဥပဒေတွင်ပါရှိသည်။

မည်သူမဆို ကွန်ပျူတာ ပရိုဂရမ်များနှင့်ပတ်သက်၍ ဆိုက်ဘာအလွဲ အသုံးပြုခြင်းတစ်မျိုးမျိုးကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေလည်းကောင်း၊ အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ အများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ဆိုက်ဘာလုံခြုံရေးဥပဒေအရမည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ဆိုက်ဘာအရင်းအမြစ်ကို ပျက်စီးစေနိုင်သော လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း သို့မဟုတ် မောလ်ဝဲရ် (Malware) ထည့်သွင်းခြင်း သို့မဟုတ် ဝင်ရောက်စေခြင်း၊ ဆိုက်ဘာအရင်းအမြစ်အား ရယူပိုင်ခွင့်ရှိသူကို ယင်းစနစ်အတွင်းသို့ ဝင်ရောက် နိုင်ခြင်း မရှိစေရန် ပြုလုပ်ခြင်း၊ ဆိုက်ဘာအရင်းအမြစ်အတွင်းရှိ သတင်း အချက်အလက်ကို ဖျက်ဆီးခြင်း၊ ဖယ်ထုတ်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ယင်း၏ အသုံးဝင်မှုကို ယုတ်လျော့စေခြင်း သို့မဟုတ် အကျိုးသက်ရောက်မှုကို ထိခိုက်စေခြင်း၊ ကွန်ပျူတာရှိ ပင်ရင်းကုဒ်သင်္ကေတ (Source Code) များကို ပျက်စီးစေရန် ရည်ရွယ်၍ ခိုးယူခြင်း၊ အသုံးပြုခွင့် မရအောင် ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းလဲခြင်း၊ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ လိမ်လည်လှည့်ဖြားခြင်း၊အခြားသူကို ထိခိုက်နစ်နာစေရန် သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေရန် သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ထားသော အချက်အလက်ကို ဖြန့်ဝေခြင်း၊ ကွန်ရက်အား အသုံးပြု၍ မလိုလားအပ်သော သို့မဟုတ် တောင်းဆိုထားခြင်း မရှိသော စာတိုပေးပို့ခြင်း၊ အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် အချက်အလက် ပေးပို့ခြင်းစသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ပြုလုပ်ရန် ခိုင်းစေကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် အနည်းဆုံး တစ်နှစ်မှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်းငါးဆယ်မှအများဆုံး ကျပ်သိန်းနှစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။
Media Group

30/07/2025

Facebook Algorithm ဘယ်လိုအလုပ်လုပ်လဲ၊ ဘာကြောင့်သိထားသင့်တာလဲ၊ ပြီးတော့ သင့်ရဲ့ Facebook သုံးစွဲမှုကို ဘယ်လိုအကျိုးရှိအောင်လုပ်ရမလဲဆိုတာတွေ ရှင်းပြပေးသွားပါမယ်။
တခေါက်ပြန်ပြောရမယ််ဆိုရင်

🎯 Facebook Algorithm ရဲ့ အဓိက ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ "လူတွေကို သူတို့အကြိုက်ဆုံး အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပေးဖို့" ပါပဲ။ သင်စိတ်ဝင်စားမယ့်၊ သင်နဲ့ အပြန်အလှန်တုံ့ပြန်မှု (Engagement) များမယ့် ပို့စ်တွေကို သင့် News Feed ရဲ့ ထိပ်ဆုံးမှာ ရောက်အောင် Facebook က အလိုအလျောက် စီစဥ်ပေးတာပါ။
ဘယ်လိုစီစဥ်ပေးတာလဲဆိုတော့ အဆင့် ၄ ဆင့်ခွဲပြီးလုပ်ဆောင်ပေးပါတယ်။

⚙️ Algorithm အလုပ်လုပ်ပုံ

၁။ စုဆောင်းခြင်း (Inventory)
သင့်ရဲ့ မိတ်ဆွေတွေ၊ သင် Like ထားတဲ့ စာမျက်နှာတွေ၊ သင် join ထားတဲ့ အုပ်စုတွေကနေ ပို့စ်အားလုံးကို စုစည်းလိုက်ပါတယ်။

၂။ ကြိုတင်ခန့်မှန်းခြင်း (Signals Prediction)
Facebook Algorithm က သင့်ရဲ့ လုပ်ဆောင်မှု မှတ်တမ်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး သင်ဘာကို စိတ်ဝင်စားလဲဆိုတာ ခန့်မှန်းဖို့ အချက်အလက် (Signals ၁၀၀ကျော်) တွေကို စစ်ထုတ်ပါတယ်။ အဓိကကျတဲ့ Signals တွေထဲမှာ:
ဆက်သွယ်မှု: ပို့စ်တင်သူနဲ့ သင့်ရဲ့ ယခင်က Like, Comment, Share လုပ်ခဲ့တဲ့ မှတ်တမ်း။
အကြောင်းအရာ အမျိုးအစား: ဗီဒီယို၊ ဓာတ်ပုံ၊ လင့်ခ် စတာတွေထဲက ဘယ်အမျိုးအစားကို သင်အကြိုက်ဆုံးလဲ။
ပို့စ်လတ်တလောအခြေအနေ: အဲ့ဒီပို့စ်မှာ Like, Share ဘယ်လောက်များနေပြီလဲ။
အချိန်: ပို့စ်တင်တဲ့အချိန်နဲ့ သင် Facebook သုံးတဲ့အချိန်။

၃။ အမှတ်ပေးခြင်း (Scoring)
လာရောက်တဲ့ ပို့စ်တိုင်းကို "သင့်အတွက် ဘယ်လောက်စိတ်ဝင်စားစရာကောင်းလဲ" ဆိုတဲ့ "Relevance Score" တစ်ခုစီ ပေးပါတယ်။
ဥပမာ: သင် မကြာခဏ Like လုပ်တဲ့ သူငယ်ချင်းရဲ့ ပို့စ်ဆိုရင် အမှတ်ပိုမြင့်မယ်။
သင် ဗီဒီယိုကြည့်ချိန်များတဲ့သူဆိုရင် ဗီဒီယိုပို့စ်တွေက အမှတ်ပိုမြင့်မယ်။
Comment များတဲ့ ပို့စ်တွေကလည်း အမှတ်ပိုမြင့်တတ်ပါတယ်။

၄။ စီစဉ်ပြသခြင်း (Ranking & Display)
အမှတ်အမြင့်ဆုံးရတဲ့ ပို့စ်တွေကို သင့် News Feed ရဲ့ အပေါ်ဆုံးမှာ ပြသပေးပါတယ်။ ဒါကြောင့် သင်ဖွင့်လိုက်တာနဲ့ သင့်အတွက် အရေးပါမယ်လို့ ထင်တဲ့ပို့စ်တွေကို အရင်ဆုံး မြင်ရတာပါ။

🚀 သင့်ပို့စ်တွေကို လူမြင်အောင် Algorithm ကို ဘယ်လိုအသုံးချမလဲ?
(Content Creators/စီးပွားရေးလုပ်ငန်းရှင်များအတွက်)

✅ Engagement မြှင့်တင်ပါ: မေးခွန်းတွေမေးပါ (ဥပမာ: "ဘယ်ဟာပိုကြိုက်လဲ?"), Polls တွေလုပ်ပါ၊ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ Caption တွေ ရေးပါ။
✅ အချိန်ကိုက် တင်ပါ: သင့်ပရိသတ် Facebook အသုံးအများဆုံးအချိန် (ဥပမာ: ည ၇-၉ နာရီ) မှာ တင်ပါ။
✅ ဗီဒီယိုကို ဦးစားပေးပါ: Facebook က Reels လို ဗီဒီယိုတိုတွေကို ပိုဦးစားပေးပါတယ်။
✅ မိတ်ဆွေများအချင်းချင်း မျှဝေချင်စရာ အကြောင်းအရာများ ဖန်တီးပါ: လူတွေရဲ့ စိတ်ခံစားမှုကို ထိမိစေတဲ့၊ ဒါမှမဟုတ်
အသုံးဝင်တဲ့ အကြောင်းအရာတွေဟာ ပိုပြီး Share လုပ်ခံရတတ်ပါတယ်။

⛔ Algorithm က မကြိုက်တဲ့ အပြုအမူတွေ (ရှောင်ပါ!)
❌ Engagement Bait: "LIKE လုပ်ပါ! SHARE လုပ်ပါ!" လို့ တိုက်ရိုက်တောင်းဆိုခြင်း။
❌ အရည်အသွေးနိမ့်တဲ့ အကြောင်းအရာ: မှုန်ဝါးတဲ့ဓာတ်ပုံတွေ၊ Clickbait လို ခေါင်းစဥ်တွေ။
❌ လူမှုရေးစံနှုန်း ချိုးဖောက်ခြင်း: မုန်းတီးမှု၊ အနိုင်ကျင့်မှု၊ မှားယွင်းတဲ့သတင်းတွေ ဖြန့်ဝေခြင်း။

💡 သာမန်အသုံးပြုသူများအနေနဲ့ Algorithm ကို ဘယ်လို ထိန်းချုပ်မလဲ?
"See First" Setting ကို သုံးပါ: သင် အမြဲကြည့်ချင်တဲ့ မိတ်ဆွေ (သို့) စာမျက်နှာတစ်ခုရဲ့ ပို့စ်အားလုံးကို News Feed ရဲ့ အပေါ်ဆုံးမှာ မြင်ရအောင်လုပ်နိုင်ပါတယ်။
လုပ်နည်း: [Profile] → [Following/Favorites] → [See First]
"Snooze" (သို့) "Unfollow" လုပ်ပါ: မမြင်ချင်တဲ့ ပို့စ်တွေကို [...] ကို နှိပ်ပြီး "Hide" (သို့) "Snooze" (ရက် ၃၀ ပို့စ်မမြင်ရ) သို့မဟုတ် "Unfollow" (ပို့စ်လုံးဝမမြင်ရ) လုပ်နိုင်ပါတယ်။
Feed Preference ကို ပြောင်းပါ: Settings → Preferences → News Feed ထဲမှာ "Most Relevant" (Algorithm က စီစဥ်တာ) ဒါမှမဟုတ် "Chronological" (နောက်ဆုံးပို့စ်ကစပြီး အချိန်အလိုက် စီထားတာ) ကို ရွေးချယ်နိုင်ပါတယ်။

📊 အရေးကြီးတဲ့ ကိန်းဂဏန်းများ (Algorithm ကို နားလည်ဖို့)
Click-Through Rate (CTR): လင့်ခ်တစ်ခုကို နှိပ်တဲ့နှုန်း (ဒါက ပို့စ်တစ်ခု လူစိတ်ဝင်စားမှု ဘယ်လောက်ရှိလဲဆိုတာ ပြပါတယ်)။
Dwell Time: ပို့စ်တစ်ခုပေါ်မှာ သင်အချိန်ဘယ်လောက်ကြာကြာ ကြည့်နေလဲ (ကြာကြာကြည့်ရင် ပိုစိတ်ဝင်စားတယ်လို့ Algorithm က မှတ်ပါတယ်)။
Share Rate: ပို့စ်တစ်ခုကို ဘယ်နှစ်ယောက် မျှဝေလဲ။
Completion Rate: ဗီဒီယိုတစ်ခုကို အဆုံးထိ ဘယ်နှစ်ရာခိုင်နှုန်း ကြည့်လဲ။

📌 နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ပြောချင်တာကတော့ Facebook Algorithm ဟာ Machine Learning နည်းပညာနဲ့ နေ့တိုင်း သင့်အပြုအမူသစ်တွေကို လေ့လာပြီး သင့်အတွက် ပရိုဖိုင်းအသစ်တွေ အမြဲလုပ်နေပါတယ်။ ဒါကြောင့် သင့်ကို စိတ်ဝင်စားစေမယ့် အကြောင်းအရာတွေကို ဆက်လက်ပြသပေးနေမှာဖြစ်တဲ့အတွက် သင့်အနေနဲ့ Setting တွေကိုလည်း ကိုယ်လိုချင်သလို ပုံမှန်ပြန်ညှိပေးဖို့ အရေးကြီးပါတယ်။

အဓိကအချက်အနေနဲ့ပြောရရင် Algorithm က သင့်ကို လွမ်းမိုးနေပေမယ့် "သင့်သခင်အဖြစ် မခံယူပါနဲ့ သင်လိုချင်သလို အသုံးချနိုင်မဲ့ "ကူညီပေးသူ" အဖြစ်ပြောင်းလဲအသုံးပြုနိုင်ကြပါစေ။

30/07/2025

နေ့စဉ် Facebook, TikTok, Instagram စတဲ့ ဆိုရှယ်မီဒီယာတွေ သုံးနေတဲ့အခါ ကိုယ်စိတ်ဝင်စားမယ့် ပို့စ်တွေ၊ ဗီဒီယိုတွေ ဘယ်လိုပေါ်လာတာလဲလို့ တွေးဖူးကြလား? အဲ့ဒါ Social Media Algorithm ကြောင့်ပါပဲ!

📌 Algorithm ကို ရိုးရိုးရှင်းရှင်းပြောရရင်...
သင်သွားနေကျ စားသောက်ဆိုင်မှာ ကိုယ့်အကြိုက်သိတဲ့စားပွဲထိုးတွေကို သင်သတိထားမိပါလိမ့်မယ်။သူတို့က သင်ဘာကြိုက်တတ်သလဲဆိုတာကို သိနေကြတယ်လေ။ အလားတူဘဲ Social Media Algorithm ကလဲ သင့်ဖုန်းထဲက "ကိုယ်ပိုင်စားပွဲထိုး" လိုပါပဲ။ သင်ဘာတွေကြည့်လဲ၊ ဘာတွေ Like လုပ်လဲ၊ ဘာတွေ Share လုပ်လဲဆိုတာ မှတ်ထားပြီး သင့်စိတ်ကြိုက်ပို့စ်တွေကို အလိုအလျောက်ရွေးချယ်ပြသပေးတဲ့ စနစ်ပါ။

❗ ဒါတွေကို ဘာကြောင့် သိထားသင့်တာလဲ?
🚧 အန္တရာယ်ကင်းကင်း သုံးနိုင်ဖို့ 🚧
Algorithm တွေဟာ သင့်ကို စွဲလမ်းစေဖို့ ဖန်တီးထားတာပါ။ ဒါကြောင့် အချိန်တွေအများကြီး ကုန်ဆုံးတာ၊ စိတ်ဖိစီးမှုတွေ ဖြစ်တာနဲ့ မလိုအပ်တဲ့အကြောင်းအရာတွေ မြင်ရတာကနေ ရှောင်ရှားနိုင်ဖို့ သူဘယ်လိုအလုပ်လုပ်လဲဆိုတာ သိထားနားလည်ထားသင့်ပါတယ်။

🎮 သင့် Feed ကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ 🎮
"ဒီလိုပို့စ် နောက်ထပ်မပြနဲ့" ⚙️၊ "ဒီကြော်ငြာ မမြင်ချင်ဘူး" ❌ စသဖြင့် ကိုယ်မမြင်ချင်တဲ့အရာတွေကို Settings ထဲကနေ ကိုယ်တိုင် ပြင်ဆင်လို့ရပါတယ်။ ဒါမှ ကိုယ့် News Feed ကို ကိုယ်လိုသလို သန့်ရှင်းအောင် ထားနိုင်မှာပါ။

🔒ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက် 🔒
Algorithm တွေက သင် Like လုပ်တာ၊ ကြည့်ရှုတာ၊ ရှာဖွေတာ စတဲ့ သင့်လုပ်ဆောင်မှု မှတ်တမ်းအားလုံးကို ခြေရာခံနေပါတယ်။ သင့်ရဲ့ ဒေတာတွေကို ဘယ်လိုအသုံးပြုခံနေရလဲဆိုတာ သတိထားပြီး ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုကို ဂရုစိုက်သင့်ပါတယ်။

🚨 သတင်းအမှားတွေရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်ဖို့ 🚨
Algorithm တွေဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့၊ ဒါမှမဟုတ် အငြင်းပွားဖွယ်ရာ အကြောင်းအရာတွေကို ပိုမိုပြသတတ်ပါတယ်။ ဒါကြောင့် သတင်းအမှား (Fake News) တွေ အလွယ်တကူပျံ့နှံ့ပြီး သင့်အမြင်ကို လွှမ်းမိုးနိုင်တာမျိုးတွေဖြစ်တတ်တာကို သတိပြုပါ။ မြင်ရတိုင်း မယုံဘဲ စိစစ်ဝေဖန်တတ်ဖို့ လိုပါတယ်။

💡 Algorithm ကို ဘယ်လို ထိန်းချုပ်ပြီး ပိုမိုကောင်းမွန်စွာ အသုံးပြုကြမလဲ?
မြင်ချင်တာကိုပဲ မြင်အောင်လုပ်ပါ။ Settings ထဲဝင်ပြီး ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုပဲ မြင်ရအောင် ပြင်ဆင်ပါ။ မလိုအပ်တဲ့ Page တွေ၊ Group တွေကို Unfollow/Mute လုပ်ပါ။
အချိန်ကန့်သတ်ပြီး သုံးပါ။ Social Media ပေါ်မှာ အချိန်အကြာကြီး မကုန်ဆုံးစေဖို့ Screen Time Limit တွေ သတ်မှတ်အသုံးပြုပါ။
စိစစ်ဝေဖန်တတ်ပါစေ။ မြင်ရတဲ့ အကြောင်းအရာတိုင်းကို ချက်ချင်းမယုံပါနဲ့။ သတင်းမှန်ဟုတ်မဟုတ် စိစစ်ပြီးမှ ယုံကြည်ပါ။

✨ Social Media Algorithm တွေဟာ သင့်ကို ပလက်ဖောင်းပေါ်မှာ အကြာကြီးရှိနေစေဖို့ ဖန်တီးထားတာပါ။ ဒါကို နားလည်ပြီး သတိပြုအသုံးပြုမယ်ဆိုရင် သင်ဟာ အွန်လိုင်းကမ္ဘာကို ပိုမိုထိရောက်၊ လုံခြုံပြီး အကျိုးရှိရှိ အသုံးပြုနိုင်မှာပါ။ ✨

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการคอมพิวเตอร์และอุปกรณ์อิเล็กทรอนิกส์ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok

เวลาทำการ

จันทร์ 10:00 - 16:00
อังคาร 10:00 - 16:00
พุธ 10:00 - 16:00
พฤหัสบดี 10:00 - 16:00
ศุกร์ 10:00 - 16:00