Mr.Win Daily Update

Mr.Win Daily Update

แชร์

แปลข่าวสารไทยเป็นภาษาพม่า เพื่อให้ชาวเมียนมาเข้าใจกฎหมายไทย และอยู่ร่วมกันอย่างถูกต้องตามระเบียบ
Sharing news I watch.Not a journalist. Not a media agency.

08/08/2026

နွန်ထဘူရီ ကျောင်းတွင်း ပစ်ခတ်မှုမှာ စာမေးပွဲ ကျရှုံးမှုက အဓိက အကြောင်းရင်းဖြစ်နေမလား?

ကိုးကား - One News

#နေ့စဉ်ထိုင်းသတင်း #ကျောင်းတွင်းပစ်ခတ်မှု #နွန်ထဘူရီ

07/08/2026

နွန်ထဘူရီ ကျောင်းတွင်း ပစ်ခတ်မှုဖြစ်စဉ် မတိုင်မီ
ပြစ်မှုကျူးလွန်သူ ကျောင်းသား အနိုင်ကျင့်ခံခဲ့ရဟု ဆို

ကိုးကား - CH3,Amarin News
#ကျောင်းတွင်းပစ်ခတ်မှု #နေ့စဉ်ထိုင်းသတင်း #နွန်ထဘူရီ

07/08/2026

အိပ်ရာထ အုန်းလွဲ မျက်နှာသစ်ဖို့ အိမ်အောက်ဆင်းတော့ ခြေသလုံး အကြောညှပ် ၃ ထပ် လှေကားပေါ်က ပြုတ်ကျ အဝတ်အစားလဲဖို့ အပေါ်ပြန်တက် အောက်ပြန်ဆင်းတော့ ၂ ထပ် လှေကားကနေ ထပ်ပြုတ်ကျ 🥴

07/08/2026

ကန်ချနဘူရီခရိုင်တွင် ကလေးထိန်းကျောင်းကို ဆလွန်းကား ဝင်တိုက်မိပြီး ကလေး ၁၅ ဦး ဒဏ်ရာရရှိ

ကိုးကား - Thai Post

#နေ့စဉ်ထိုင်းသတင်း #ကလေးထိန်းကျောင်းကားဝင်တိုက်မှု #ကန်ချနဘူရီ

Photos from Mr.Win Daily Update's post 07/08/2026

ကန်ချနဘူရီခရိုင်တွင် ကလေးထိန်းကျောင်းကို ဆလွန်းကား ဝင်တိုက်မိပြီး ကလေး ၁၅ ဦး ဒဏ်ရာရရှိ

ကန်ချနဘူရီခရိုင်ရှိ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ကလေးထိန်းကျောင်း၏ ကလေးများ အိပ်ဆောင်နံရံကို အနက်ရောင် ဆလွန်းကားတစ်စီးက ဝင်ရောက်တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်

နေ့လယ်စာ စားသောက်ပြီးနောက် ကလေးငယ်များ အိပ်စက်နေချိန်တွင် နံရံပြိုကျလာပြီး အုတ်ခဲနှင့် အုတ်ကျိုးစများ လွင့်စင်ကာ ကလေးများကို ထိမှန်ခဲ့ခြင်း ဖြစ်ပါတယ်

အခင်းဖြစ်ပွားချိန်တွင် အခန်းအတွင်း ကလေးငယ် စုစုပေါင်း ၃၄ ဦးရှိပြီး ဆရာမများက အနီးကပ် စောင့်ရှောက်ပေးနေချိန် ဖြစ်ပါတယ် ကားက နံရံကို ဝင်တိုက်မိပြီးနောက် ဆရာမများက ကလေးများကို အခန်းအတွင်းမှ ချက်ချင်း ရွှေ့ပြောင်းပေးခဲ့ကြပြီး ကယ်ဆယ်ရေးအဖွဲ့က လူနာတင်ယာဉ် ၁၀ စီးကျော်ဖြင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြပါတယ်

အကြမ်းဖျင်း စစ်ဆေးချက်အရ ကလေးငယ် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အုတ်ခဲနှင့် နံရံအပျက်အစီးများ လွင့်စင်ထိမှန်မှုကြောင့် ခေါင်းကွဲခြင်း နှုတ်ခမ်းကွဲခြင်းနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိခဲ့ကြပါတယ် ကျန်ရှိသည့် ကလေးငယ် ၁၉ ဦးကတော့ ဘေးကင်းလွတ်မြောက်ခဲ့ပါတယ်

ကားမောင်းသူနှင့် အတူလိုက်ပါလာသူများကတော့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်

ကနဦးစုံစမ်းစစ်ဆေးချက်အရ ယာဉ်မောင်းသူဟာ ကားမောင်းနှင်နေစဉ်အတွင်း ရောဂါအခံ ထဖောက်ကာ သတိလစ်မေ့မြောသွားခဲ့တာကြောင့် ကားမှာ ထိန်းချုပ်မှုလွတ်ပြီး ကလေးထိန်းကျောင်း၏ အနောက်ဘက်နံရံကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ပါတယ် ရဲတပ်ဖွဲ့က အမှန်တကယ် ဖြစ်ပွားရသည့် အကြောင်းအရင်းကိုတော့ ဆက်လက် စုံစမ်းစစ်ဆေးနေကြပါတယ်

Ref : ไทยโพสต์

#နေ့စဉ်ထိုင်းသတင်း #ကလေးထိန်းကျောင်းကားဝင်တိုက်မှု #ကန်ချနဘူရီ

07/08/2026

နွန်ထဘူရီ ကျောင်းတွင်းပစ်ခတ်မှု - အဘိုးအဘွားဖြစ်သူကို အရင်ပစ်သတ်ပြီး ကျောင်း၌ ဆက်လက်ပစ်ခတ်

ကိုးကား - Daily News,Thairath News

#ကျောင်းတွင်းပစ်ခတ်မှု #နေ့စဉ်ထိုင်းသတင်း #နွန်ထဘူရီ

05/08/2026

မူးယစ်ဆေးလွန်ပြီး မိခင်အရင်းကို ၁၀ နာရီကြာ မဖွယ်မရာ အကြမ်းဖက်ခဲ့တဲ့ သား

ကိုးကား - KhaoSod,CH 3

#နေ့စဉ်ထိုင်းသတင်း #ထိုင်းရောက်မြန်မာ

Photos from Mr.Win Daily Update's post 04/08/2026

Sukhumvit 71 က မြန်မာစားသောက်ဆိုင်ရဲ့ တစ်
ပတ်အတွင်း စျေးနှုန်းအဆင့်ဆင့် ပြောင်းလဲလာပုံ နားလည်တဲ့သူတွေ တစ်ချက်လောက် လာရှင်းပြပေးကြပါဦး

အကုန်လုံး ပါဆယ် Take Away ဝယ်တာချင်း အတူတူ ၄ ရက်အတွင်း ၃ ကြိမ်ဝယ်တာ ဘေလ်
ကောက်ပုံ ၃ မျိုး ဖြစ်နေလို့ 😅

31 Jul ဖက်ထမင်း ၂ ပွဲ + ဘူးဖိုး = ၃၄၈ ဘတ် (Take Away ဘေလ်ဖြတ်ပြီး Tax နဲ့ Surcharges သီးသန့် မပါဘူး) 😅

01 Aug ဖက်ထမင်း ၁ ပွဲ = ၁၆၉ ဘတ်ကို Surcharges 11.83 ဘတ် ထပ်ပေါင်းလို့ ၁၈၀.၈၃ ဘတ် ဖြစ်သွားပြန်တယ်

04 Aug ဖက်ထမင်း ၁ ပွဲ + ဘူးဖိုး = ၁၇၉ ဘတ်ကို Dine In ဆိုင်ထိုင် ဆိုပြီး ဘေလ်ဖြတ်ထားပြီး Tax 7% (12.53 ဘတ်) ထပ်ပေါင်းလို့ ၁၉၁.၅၃ ဘတ် ဖြစ်သွားတယ်

Tax တွေ Surcharges တွေ ကောက်လိုက် မကောက်လိုက် ဖြစ်နေတာ ဘာကြောင့်လဲ နားလည်တဲ့သူတွေ ရှင်းပြကြပါဦး 😅

ပရိုမိုးရှင်းကြောင့်လို့ ပြောရအောင်လည်း ပရိုမိုးရှင်းကို လူတိုင်းသိအောင် Facebook ပေါ် တင်နေကျ ဆိုင်က 31 ရက်နေ့ကနေ ဒီနေ့အထိ ပရိုမိုးရှင်းပို့စ် တစ်ခုမှ တင်ထားတာလည်း မတွေ့ပြန်ဘူး

အဲ့ဆိုင် စဖွင့်တည်းက စားလာတာ ကြာလေ စုတ်ပြတ်လေ ဘေလ်လည်း ခုမှ ကြည့်မိတော့တယ် ငွေပမာဏက မများပေမဲ့လည်း ဒါကြီးက တစ်ပတ်အတွင်းဆိုတော့ နားလည်ရခက်နေလို့

လောလောဆယ်တော့ ကိုယ့်ဟာကို ဖြေသိမ့်ထားတယ် ဗူးဆိုဒ်ပြောင်းသွားလို့ တစ်ပတ်အတွင်း ကုန်ဈေးနှုန်း ထိုးတက်လို့ ဈေးတက်တာ ဖြစ်မှာပါဆိုပြီး🥴

Service ကလည်း ညံ့ချက် ဆိုင်ထဲဝင်သွားရင် စောက်ဂရုကို မစိုက်ကြတာ ကိုယ်တိုင်သွားမေး သွားပြောမှ ပြန်ပြောကြတဲ့အမျိုးတွေ စိတ်ပျက်တယ် 🥴

ဒါကြောင့်လည်း မြန်မာစားသောက်ဆိုင်တွေ ရေရှည်မခံတာ မသိရင် မသိသလို မပြောရင် မပြောသလို ဝိုက်ချက် 🤣

သင်ခန်းစာကတော့ မြန်မာစားသောက်ဆိုင်မှာ စားရင် စိတ်လျှော့ပြီးမှ စားကြ ဘေလ် သေချာစစ်ပြီး မရှင်းရင်ဒဲ့တာ မေးကြပါလို့😅

#မြန်မာစားသောက်ဆိုင် #ထိုင်းနိုင်ငံ #ထိုင်းရောက်မြန်မာ

03/08/2026

ပူချက်က 9+++++ #☀️ #🌡️

Photos from Mr.Win Daily Update's post 02/08/2026

ဘန်ကောက် ဝမ်သုန်လန်(Wang Thonglang) မှာ တရားမဝင် ပါတီလုပ်ပြီး မူးယစ်ဆေးသုံးစွဲနေတဲ့ မြန်မာ ၁၁ ဦးနဲ့ ထိုင်း ၁ ဦးကို ရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဝမ်သုန်လန် (Wang Thonglang) မြို့နယ်ထဲက တရားမဝင် လျှို့ဝှက်ဖွင့်လှစ်ထားတဲ့ ဖျော်ဖြေရေးနေရာတစ်ခုကို ဩဂုတ်လ ၂ ရက် နံနက် ၁ နာရီခွဲခန့်မှာ နယ်မြေခံရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ပါတယ်
အဆောက်အအုံအတွင်း ရှာဖွေစစ်ဆေးချိန်မှာ သီချင်းသံ ကျယ်ကျယ်လောင်လောင် ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲကာ သီချင်းဆို ကခုန်နေကြတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ ဆိုင်တာဝန်ခံ ထိုင်းနိုင်ငံသား ၁ ဦး စုစုပေါင်း ၁၂ ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်
ဖမ်းဆီးခံရသူ မြန်မာ ၁၁ ဦးအနက် ၁ ဦးမှာ အသက် ၁၈ နှစ် မပြည့်သေးသူဖြစ်ပြီး အချို့မှာ နိုင်ငံကူးလက်မှတ် မပါရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်သူများ ဖြစ်ကြပါတယ်
အခင်းဖြစ်နေရာကနေ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါး ကီတာမင်း(Ketamine) ၀.၅၈၃ ဂရမ်နဲ့သုံးစွဲရာမှာ ပါဝင်တဲ့ ကိရိယာတွေ အစားအသောက်ဘောက်ချာတွေကို ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပါတယ်
လက်ရှိမှာ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု သုံးစွဲမှုတို့အပြင် တရားမဝင် ဝင်ရောက်နေထိုင်မှုတွေအတွက် မြန်မာနိုင်ငံသားများကို ဥပဒေအတိုင်း အရေးယူနိုင်ရေး ဆောင်ရွက်နေပါတယ်
ဆိုင်တာဝန်ခံ ထိုင်းနိုင်ငံသားကိုတော့ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေရေးဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်ထားရှိမှု သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်မှု အသက် ၁၈ နှစ်မပြည့်သေးသူကို ဝင်ရောက်ခွင့်ပြုမှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲခွင့်ပြုမှု အပါအဝင် ပုဒ်မ ၆ ခုထက်မကနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်

Ref : Matichon

#နေ့စဉ်ထိုင်းသတင်း #ထိုင်းရောက်မြန်မာ

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด บริษัทสื่อ ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

เว็บไซต์

ที่อยู่


Bangkok
Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mr.Win Daily Updateผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

สมัคร

เราจะแจ้งให้คุณทราบในกรณีที่มีการอับเดทข้อมูลใน Bangkok.