OneStep Services

OneStep Services

แชร์

ตำแหน่งใกล้เคียง สำนักงานตัวแทนจัดการท่องเที่ยว

ThailandBiking
ThailandBiking
884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

OneStep Services offers fast and convenient visa services for Myanmar residents traveling to Bangkok.

17/05/2026

ထိုင်းကို လာတော့မယ်...

ဒါပေမဲ့ ဗီဇာတွေကလည်း အများကြီး၊ စာရွက်စာတမ်းတွေကလည်း ရှုပ်နေလို့ ဘယ်ကစရမှန်း မသိဖြစ်နေလား?

ကိုယ့်ရဲ့ အခြေအနေနဲ့ ဘယ်ဗီဇာက အကိုက်ညီဆုံးဖြစ်မလဲဆိုတာ သိထားဖို့က တကယ်ကို အရေးကြီးပါတယ်။

ဒါမှသာ ငွေကုန်ကြေးကျသက်သာပြီး စိတ်အေးလက်အေး နေထိုင်နိုင်မှာပေါ့။

ဒီနေ့မှာတော့ ကျားလေးက လူသုံးအများဆုံး ဗီဇာ (၄) မျိုးအကြောင်းကို အရိုးရှင်းဆုံး ရှင်းပြပေးမယ်နော်။

🎫 ၁။ 𝐓𝐑 𝐕𝐢𝐬𝐚 (𝐓𝐨𝐮𝐫𝐢𝐬𝐭 𝐕𝐢𝐬𝐚)

ဒါကတော့ အလည်အပတ်လာချင်သူတွေအတွက် အသင့်တော်ဆုံးပါ။

ရက် ၆၀ အထိ နေလို့ရပြီး လိုအပ်ရင် နောက်ထပ် ရက် ၃၀ ထပ်တိုးလို့ရပါသေးတယ်။

ခဏပဲလာလည်မှာ၊ ဒါမှမဟုတ် ဗီဇာကိစ္စတွေကို အေးဆေးစဉ်းစားချင်သေးတယ် ဆိုရင်တော့ 𝐓𝐑 𝐕𝐢𝐬𝐚 လေးနဲ့ အရင်လာခဲ့ဖို့ ကျားလေးက အကြံပေးပါရစေ။

💼 ၂။ 𝐍𝐨𝐧-𝐁 𝐕𝐢𝐬𝐚 (𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐕𝐢𝐬𝐚)

ထိုင်းမှာ အလုပ်ဝင်လုပ်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ကုမ္ပဏီဖွင့်ပြီး စီးပွားရေးလုပ်ဖို့ပဲဖြစ်ဖြစ် ဒီဗီဇာက မရှိမဖြစ်ပါ။

𝐖𝐨𝐫𝐤 𝐏𝐞𝐫𝐦𝐢𝐭 လျှောက်ဖို့အတွက် အခြေခံအကျဆုံး ဗီဇာအမျိုးအစားပေါ့။

🎓 ၃။ 𝐄𝐃 𝐕𝐢𝐬𝐚 (𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐕𝐢𝐬𝐚)

ထိုင်းမှာ ဘာသာစကားသင်ရင်း ရေရှည်နေချင်တယ် ဆိုတဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။

ကျောင်းတက်ရင်း တရားဝင်နေထိုင်ခွင့်ရတာမို့ လူငယ်တွေကြားမှာ အရမ်းရေပန်းစားတဲ့ လမ်းကြောင်းတစ်ခုပါ။

💻 ၄။ 𝐃𝐓𝐕 𝐕𝐢𝐬𝐚 (𝐃𝐞𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐕𝐢𝐬𝐚)

ဒါကတော့ အခုနောက်ဆုံးထွက်ထားတဲ့ အလန်းဆုံးဗီဇာပါပဲ။

𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐍𝐨𝐦𝐚𝐝 တွေ၊ 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐫 တွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး ၅ နှစ်အထိ သက်တမ်းရတာမို့ အရမ်းကို တန်ဖိုးရှိပါတယ်။

ဗဟုသုတအပြည့်နဲ့ ကိုယ့်အတွက် အကျိုးအရှိဆုံး ဗီဇာကို ရွေးချယ်နိုင်ဖို့ ကျားလေးက အမြဲရှိနေပါတယ်! 😎✨

ကိုယ့်အခြေအနေနဲ့ ဘယ်ဟာက အဆင်ပြေဆုံးလဲဆိုတာ ဝေခွဲမရဖြစ်နေရင်တော့ စိတ်မပူပါနဲ့။

ကျားလေးဆီကိုသာ အချိန်မရွေး လှမ်းမေးလိုက်ပါ။ အခမဲ့ ဆွေးနွေးအကြံပေးဖို့ ကျားလေးက အသင့်စောင့်နေပါတယ်ခင်ဗျာ!

📞 𝐏𝐡𝐨𝐧𝐞 - +𝟔𝟔 𝟗𝟐𝟖𝟖𝟒𝟕𝟖𝟖𝟐

#ထိုင်းဗီဇာအမျိုးမျိုး #ကျားလေးနဲ့ဆိုအေးဆေးပဲ

16/05/2026

နိုင်ငံခြားမှာ နေထိုင်သူတွေအတွက် 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 ဆိုတာ ဒုတိယအသက်ပါပဲ

ဒါပေမဲ့ အလုပ်တွေရှုပ်နေရင်းနဲ့ ကိုယ့်ရဲ့ ပတ်စပို့သက်တမ်းကို ကြည့်လိုက်တဲ့အခါ ၆ လအောက်ပဲ ကျန်တော့တာမျိုး၊ ဒါမှမဟုတ် သက်တမ်းကုန်ခါနီးဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ။

အဲ့ဒီအခါကျရင် "ဘယ်လိုရက်ချိန်းယူရမလဲ? စာရွက်စာတမ်းတွေက ဘာတွေလိုမလဲ? အလုပ်ကရော ခွင့်ရပါ့မလား?" ဆိုပြီး စိုးရိမ်စိတ်တွေ ဝင်လာတတ်ပါတယ်။

ကဲ... အဲ့ဒီလို စိုးရိမ်ပူပန်မှုတွေကို 𝐎𝐧𝐞𝐒𝐭𝐞𝐩 ရဲ့ ကျားလေးဆီမှာ ပုံအပ်ထားလိုက်ပါ

ခက်ခဲတဲ့ ရက်ချိန်းယူတာတွေကို ကျားလေးက အဆင်ပြေအောင် ကူညီပေးမှာဖြစ်ပြီး..

ဘာတွေလိုတယ်၊ ဘယ်လိုပြင်ရမယ်ဆိုတာကို တစ်ချက်ချင်းစီ သေချာရှင်းပြပေးမှာမို့ မှားယွင်းမှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။

𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 သက်တမ်းတိုးဖို့အတွက် အချိန်ကုန်၊ လူပင်ပန်းခံနေစရာ မလိုတော့ဘူးနော်။ ကျားလေးနဲ့ဆိုရင် အရာရာက မြန်ဆန်ပြီး တိကျနေမှာပါ

လူကြီးမင်းတို့ရဲ့ ပတ်စပို့ သက်တမ်းကို အခုပဲ တစ်ချက်လောက် ပြန်စစ်ကြည့်လိုက်ပါဦး။

အကယ်၍ သက်တမ်းတိုးဖို့ လိုအပ်နေပြီဆိုရင်တော့ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ ကျားလေးကို အခုပဲ လှမ်းခေါ်လိုက်တော့နော်!

📞 𝐏𝐡𝐨𝐧𝐞 - +𝟔𝟔 𝟗𝟐𝟖𝟖𝟒𝟕𝟖𝟖𝟐

#ကျားလေးနဲ့ဆိုအေးဆေးပဲ #ပတ်စပို့သက်တမ်းတိုး

15/05/2026

ထိုင်းမှာနေရင်း အိမ်ကို ငွေပြန်လွှဲချင်တာပဲဖြစ်ဖြစ်၊ ထိုင်းကို အလည်လာလို့ ဘတ်ငွေလိုအပ်တာပဲဖြစ်ဖြစ်...

𝐑𝐚𝐭𝐞 ကောင်းကောင်းနဲ့ စိတ်ချရတဲ့နေရာ ရှာနေလား?

အခုဆိုရင် 𝐎𝐧𝐞𝐒𝐭𝐞𝐩 မှာ ဗီဇာဝန်ဆောင်မှုတွေတင်မကဘဲ လူကြီးမင်းတို့အတွက် ငွေလဲဝန်ဆောင်မှု ကိုပါ 𝐑𝐚𝐭𝐞 သက်သက်သာသာနဲ့ ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ကျားလေးက သတင်းကောင်းပါးပါရစေ

ငွေလဲဖို့ အခက်အခဲရှိနေရင်ဖြစ်ဖြစ်၊ ဒီနေ့ 𝐑𝐚𝐭𝐞 ဘယ်လောက်ရှိလဲ သိချင်ရင်ဖြစ်ဖြစ် ကျားလေးကိုသာ အမြန်ဆုံး လက်တို့လိုက်တော့နော်

အိမ်မှာရှိတဲ့ မိသားစုဆီကိုပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် ငွေလဲလှယ်ချင်တယ်ဆိုရင် 𝐎𝐧𝐞𝐒𝐭𝐞𝐩 ရဲ့ ကျားလေးကို သတိရပေးပါ။

အကောင်းဆုံး 𝐑𝐚𝐭𝐞 နဲ့ စောင့်ကြိုနေပါ့မယ်ခင်ဗျာ!

📞 𝐏𝐡𝐨𝐧𝐞 - +𝟔𝟔 𝟗𝟐𝟖𝟖𝟒𝟕𝟖𝟖𝟐

#ကျားလေးနဲ့ဆိုအေးဆေးပဲ #ငွေလဲဝန်ဆောင်မှု #ဘတ်ကျပ်လဲလှယ်ခြင်း

12/05/2026

ထိုင်းမှာ လည်လို့မဝ ဝယ်လို့မဝသေးတော့ နောက်ထပ် ရက်ပေါင်းများစွာ ဆက်နေချင်သေးတယ်...

ဒါပေမဲ့ ဗီဇာက ရက်ပိုင်းပဲ ကျန်တော့တယ်!

ဒီလို အခြေအနေမျိုး ကြုံနေရပြီလား?

လည်လို့လည်းကောင်း၊ စားလို့လည်းကောင်းတဲ့ ထိုင်းနိုင်ငံမှာ အချိန်ပိုလေးတွေ ထပ်ယူချင်ပေမယ့် ဗီဇာသက်တမ်းက ကန့်သတ်ချက်ဖြစ်နေရင် စိတ်မပူပါနဲ့။

𝐓𝐑 ဗီဇာပဲဖြစ်ဖြစ်၊ 𝐕𝐢𝐬𝐚 𝐨𝐧 𝐀𝐫𝐫𝐢𝐯𝐚𝐥 ပဲဖြစ်ဖြစ် အခက်အခဲမရှိ သက်တမ်းတိုးနိုင်ဖို့ ကျားလေးဆီသာ အပြေးလာခဲ့တော့နော်။

လူကြီးမင်းတို့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 မှာ တန်းစီရင်း မကုန်ဆုံးစေဘဲ၊ အေးအေးဆေးဆေး ခရီးဆက်နိုင်ဖို့ ကျားလေးက အစအဆုံး တာဝန်ယူပေးမှာပါခင်ဗျာ။

📞 𝐏𝐡𝐨𝐧𝐞 - +𝟔𝟔 𝟗𝟐𝟖𝟖𝟒𝟕𝟖𝟖𝟐

#ကျားလေးနဲ့ဆိုအေးဆေးပဲ #ဗီဇာသက်တမ်းတိုး #ထိုင်းခရီးသွား

07/05/2026

ခရီးသွားရင် လူတိုင်းက အေးအေးဆေးဆေးပဲ သွားချင်ကြတာပါ။

အမေးအမြန်းတွေ များမလား?
အဝင်ပေးပါ့မလား?
𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 မှာ အရစ်ခံရမလား?

ဒီလို လားပေါင်းများစွာနဲ့ စိုးရိမ်စိတ်တွေကို 𝐎𝐧𝐞𝐒𝐭𝐞𝐩 က ဖယ်ရှားပေးပါရစေ။

မြန်မာကနေ အထွက်မှာရော၊ ထိုင်းအဝင်မှာပါ ဘာအခက်အခဲမှမရှိဘဲ ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ဖို့ ကျားလေးတို့အဖွဲ့သားတွေက အနီးကပ် စောင့်ရှောက်ပေးမှာပါ။

ခရီးစဉ်တိုင်း "𝐄𝐚𝐬𝐲 𝐏𝐞𝐚𝐬𝐲" ဖြစ်နေဖို့ ကျားလေးရဲ့ 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 𝐏𝐚𝐬𝐬 ဝန်ဆောင်မှုကို အခုပဲ လက်တို့လိုက်တော့နော်!

📞 𝐏𝐡𝐨𝐧𝐞 - +𝟔𝟔 𝟗𝟐𝟖𝟖𝟒𝟕𝟖𝟖𝟐

#ကျားလေးနဲ့ဆိုအေးဆေးပဲ #နယ်စပ်ဖြတ်ကျော်အာမခံ

01/05/2026

လုပ်ငန်းခွင်အသီးသီးမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို 𝐌𝐚𝐲 𝐃𝐚𝐲 မှာ 𝐎𝐧𝐞 𝐒𝐭𝐞𝐩 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 မှ ဂုဏ်ပြုလိုက်ပါတယ်။

​အောင်မြင်မှုဆိုတာ ပင်ပန်းမှုတွေရဲ့ ရလဒ်ဖြစ်တာကြောင့် ဒီနေ့မှာတော့ ခဏတာအနားယူရင်း အင်အားသစ်တွေ ဖြည့်တင်းနိုင်ကြပါစေ။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းဆောင်တာတွေ အားလုံးလည်းအဆင်ပြေချောမွေ့ပြီးလိုရာပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

30/04/2026

ကဆုန်လပြည့် (ဗုဒ္ဓ အခါတော်နေ့) မှာလူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ။ 🌕

​ လုပ်ငန်းဆောင်တာတိုင်းမှာအနှောင့်အယှက်ကင်းစင်ပြီး အဆင်ပြေချောမွေ့ပါစေကြောင်း 𝐎𝐧𝐞𝐒𝐭𝐞𝐩 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်🙏

Photos from OneStep Services 's post 25/04/2026

မြန်မာဘက်ကနေ ပေးမထွက်ရင် ဘယ်လိုလုပ်မလဲ? ထိုင်းအဝင်မှာရော အဆင်ပြေပါ့မလား?

𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 မှာ အစစ်အဆေးတွေများပြီး အရစ်ခံရမှာလား?

ထိုင်းနိုင်ငံလာဖို့ ပြင်ဆင်နေတဲ့ မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ ဒီလိုစိုးရိမ်ပူပန်မှုတွေ တောင်ပုံရာပုံ ရှိနေတယ်မလား?

ဒါပေမဲ့ 𝐎𝐧𝐞𝐒𝐭𝐞𝐩 ရဲ့ ကျားလေးနဲ့အတူ သွားကြတဲ့ 𝐂𝐥𝐢𝐞𝐧𝐭 တွေရဲ့ ပုံတွေက သက်သေပါပဲ။

ကျားလေးတို့ရဲ့ 𝐕𝐈𝐏 𝐏𝐚𝐬𝐬 𝐒𝐞𝐫𝐯𝐢𝐜𝐞 က ဘာတွေ အာမခံပေးထားလဲဆိုတော့…

✅ မြန်မာကနေ ပေးမထွက်မှာ စိတ်ပူစရာလုံးဝ လုံးဝမလိုဘဲ
လိုအပ်တဲ့ အထောက်အထားတွေနဲ့ အဝင်အထွက် အဆင်ပြေအောင် အစအဆုံး တာဝန်ယူပေးပါတယ်။

✅ ထိုင်းအဝင်မှာလည်း အဆင်ပြေပြေ ဖြတ်ကျော်နိုင်ဖို့ ကျားလေးတို့က ကြိုတင်စီစဉ်ပေးထားတာ။

✅ 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 မှာ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းစရာမလို၊ အရစ်ခံရမှာ စိုးရိမ်စရာမလိုဘဲ 𝐅𝐚𝐬𝐭 𝐓𝐫𝐚𝐜𝐤 လမ်းကြောင်းအတိုင်း သက်သောင့်သက်သာ ဖြတ်ကျော်နိုင်မှာပါ။

𝐂𝐥𝐢𝐞𝐧𝐭 တိုင်းက ဘာအနှောင့်အယှက်မှမရှိဘဲ ပြုံးပြုံးရွှင်ရွှင်နဲ့ နယ်စပ်ကို ဖြတ်ကျော်သွားနိုင်ခဲ့ကြတာ 𝐎𝐧𝐞𝐒𝐭𝐞𝐩 ရဲ့ လက်တွေ့သက်သေတွေပါပဲ

ခရီးစဉ်အတွက် စိုးရိမ်နေတာတွေ ရှိရင်လည်း အားမနာတမ်း ကျားလေးဆီ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေ အခုပဲ လှမ်းမေးလိုက်ပါ။

လူကြီးမင်းတို့ရဲ့ ခရီးစဉ်ကို အစအဆုံး အာမခံချက်အပြည့်နဲ့ ကျားလေးက စောင့်ရှောက်ပေးမှာပါ!

📞 𝐏𝐡𝐨𝐧𝐞 - +𝟔𝟔 𝟗𝟐𝟖𝟖𝟒𝟕𝟖𝟖𝟐

#မြန်မာထိုင်းနယ်စပ် #အဝင်အထွက်စိတ်မပူရ #ကျားလေးနဲ့ဆိုအေးဆေးပဲ

Photos from OneStep Services 's post 24/04/2026

ထိုင်းမှာ အေးအေးဆေးဆေးအနားယူရင်း လည်ပတ်ဖို့ 𝐓𝐑 𝐕𝐢𝐬𝐚 အတွက် ကျားလေးကိုသာ ယုံယုံကြည်ကြည်အပ်နှံလိုက်ပါ။

စာရွက်စာတမ်းတွေ အဆင်မပြေမှာ စိုးရိမ်နေတာပဲဖြစ်ဖြစ်..

လျှောက်တော့မှ ဟိုဟာမစုံ ဒီဟာမစုံဖြစ်မှာစိုးလို့ပဲဖြစ်ဖြစ်..

ဘာအတွက်မှစိတ်ပူစရာမလိုပါဘူး။

𝐎𝐧𝐞𝐒𝐭𝐞𝐩 ရဲ့ 𝐓𝐑 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို အသုံးပြုခဲ့ကြတဲ့ ကျားလေးတို့ရဲ့ 𝐂𝐥𝐢𝐞𝐧𝐭 တွေကတော့ အခုလိုမျိုး ဗီဇာလေးတွေ လက်ထဲကို အမြန်ဆုံး ရောက်ရှိသွားကြပါပြီ။

𝐂𝐥𝐢𝐞𝐧𝐭 တိုင်းကို ကျားလေးတို့ အဖွဲ့သားတွေက အစအဆုံး သေချာစစ်ဆေးပြီး လျှောက်ထားပေးတာမို့ အမှားအယွင်းမရှိဘဲ တိတိကျကျနဲ့ ဗီဇာရရှိခဲ့ကြတာပါ။ 💯

ထိုင်းကို အလည်သွားဖို့ စီစဉ်နေတဲ့ မိတ်ဆွေတို့လည်း ဗီဇာအတွက် အခက်အခဲရှိနေရင် အားမနာတမ်း ကျားလေးဆီ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေ အခုပဲ လှမ်းမေးလိုက်တော့နော်။

လူကြီးမင်းတို့ရဲ့ 𝐓𝐑 𝐕𝐢𝐬𝐚 ကိုလည်း အခုလိုမျိုး အမြန်ဆုံး ရရှိအောင် ကျားလေးက စီစဉ်ပေးမှာပါခင်ဗျာ!

အားမနာတမ်း ကျားလေးဆီ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေ အခုပဲ လှမ်းမေးလိုက်တော့နော်။

📞 𝐏𝐡𝐨𝐧𝐞 - +𝟔𝟔 𝟗𝟐𝟖𝟖𝟒𝟕𝟖𝟖𝟐

#ထိုင်းအလည်ဗီဇာ #ဗီဇာအာမခံ #ကျားလေးနဲ့ဆိုအေးဆေးပဲ #ယုံကြည်စိတ်ချရမှု၁၀၀

Photos from OneStep Services 's post 23/04/2026

ရက် ၉၀ က ပြည့်တော့မယ်
𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 သွားဖို့ အချိန်ကလည်းမရှိ၊ တန်းစီရမှာလည်း ပျင်းတယ် 😭

ထိုင်းမှာနေတဲ့သူတိုင်း ကြုံတွေ့နေရတဲ့ ဒီပြဿနာကို 𝐎𝐧𝐞𝐒𝐭𝐞𝐩 ရဲ့ ကျားလေးက အခုလိုမျိုး အမြန်ဆုံး ဖြေရှင်းပေးလိုက်ပါပြီ။

ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်းပဲ...
ကျားလေးတို့ဆီ အပ်ထားတဲ့ 𝐂𝐥𝐢𝐞𝐧𝐭 တိုင်းရဲ့ 𝟗𝟎 𝐃𝐚𝐲𝐬 𝐑𝐞𝐩𝐨𝐫𝐭 လေးတွေကတော့ အချိန်မီနဲ့ တိတိကျကျ တင်ပြီးသွားပါပြီနော်။

ဘာလို့ 𝟗𝟎 𝐃𝐚𝐲𝐬 𝐑𝐞𝐩𝐨𝐫𝐭 ကို 𝐎𝐧𝐞𝐒𝐭𝐞𝐩 နဲ့ တင်ကြတာလဲ?

✅ ကိုယ်တိုင် 𝐈𝐦𝐦𝐢𝐠𝐫𝐚𝐭𝐢𝐨𝐧 သွားပြီး တန်းစီစောင့်ဆိုင်းနေစရာ မလိုတော့ဘူးဆ်ိုတော့..
မလိုအပ်ပဲ ကိုယ့်အချိန်တွေမကုန်တော့ဘူးပေါ့။

✅ ရက်မကျော်ခင် ကျားလေးတို့က အမြန်ဆုံး တင်ပေးတာမို့ စိတ်အေးလက်အေး နေလို့ရတယ်။

✅ စာရွက်စာတမ်း အစုံအလင်နဲ့ စနစ်တကျ ဆောင်ရွက်ပေးတာမို့ အမှားအယွင်းမရှိ အဆင်ပြေစေရမယ်။

ရက် ၉၀ တစ်ခါ စိတ်ရှုပ်နေရတာတွေကို ကျားလေးဆီသာ အကုန်လွှဲပေးလိုက်ပါ!

ရက် ၉၀ တင်ဖို့ ရက်နီးနေပြီလား?

ဒါမှမဟုတ် အလုပ်အားလို့ ကိုယ်တိုင်မသွားနိုင်ဘူးလား?

အားမနာတမ်း ကျားလေးဆီ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေ အခုပဲ လှမ်းမေးလိုက်တော့နော်။

📞 𝐏𝐡𝐨𝐧𝐞 - +𝟔𝟔 𝟗𝟐𝟖𝟖𝟒𝟕𝟖𝟖𝟐

#ရက်၉၀အစီရင်ခံစာ #ကျားလေးနဲ့ဆိုအေးဆေးပဲ #ထိုင်းဗီဇာ #ယုံကြည်စိတ်ချရမှု၁၀၀

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง สำนักงานตัวแทนจัดการท่องเที่ยว ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
10240