A Insurance
Ainsurance.com.mm
05/05/2026
နွေရာသီမှာ နေပူထဲ သွားလာရတဲ့အခါ ချစ်ခင်ရတဲ့ လူကြီးမင်းတို့အနေနဲ့ အပူမရှပ်အောင်၊ ဖျားနာရောဂါမဖြစ်အောင်၊ အပူအအေး မမျှတတာမျိုးတွေ မဖြစ်အောင် ဂရုစိုက်ကြရသလိုပဲ လူကြီးမင်းတို့ မောင်းနှင်တဲ့ ကားတွေကိုလည်း ဂရုစိုက် ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နွေပူပူမှာ ချစ်ခင်ရတဲ့ လူကြီးမင်းတို့ရဲ့ အဖိုးတန် ကားတွေကို ဂရုစိုက်ပေးနိုင်မယ့် နည်းလမ်းလေး အချို့ကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။
လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိပိုင်ဆိုင်မှုများ အားလုံးကို အကာအကွယ်ပေး၊ ကူညီနိုင်ဖို့ A Insurance က လူကြီးမင်းတို့အတွက် အမြဲ အသင့် ရှိနေပါတယ်ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
01/05/2026
Happy May Day!
ဒီနေ့ကျရောက်တဲ့ အလုပ်သမားနေ့မှာ A Insurance ရဲ့ လေးစားတန်ဖိုးထားရတဲ A-Talents တို့အပါအဝင် မြန်မာနိုင်ငံတဝန်းမှာရော တစ်ကမ္ဘာလုံးမှာပါ ကိုယ်အား၊ ဉာဏအားစိုက်ထုတ် အလုပ်လုပ်နေကြတဲ့ လုပ်သားပြည်သူတို့ရဲ့ ခွန်အားတွေကို မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။ အလုပ်ခွင်မှာ ကြိုးစားတာဝန်ထမ်းဆောင်နေကြသူများအားလုံး အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။
A Insurance အနေနဲ့လည်း A-Talents တို့ အတွက် ပျော်ရွှင်စရာ လုပ်ငန်းခွင်လေးဖြစ်အောင် အမြဲ ကြိုးစားလျက် ရှိပါတယ်ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
30/04/2026
"ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ၊ ” လို့ ခေါ်ဆိုကြတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းလောင်းရင်း သာယာအေးချမ်းတဲ့နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း A Insurance က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
29/04/2026
မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ကားကို မောင်းနှင်အသုံးပြုနေကြပေမယ့် ယာဉ်မောင်းသူနဲ့ ယာဥ်ပိုင်ရှင်တိုင်းရဲ့ တူညီတဲ့ဆန္ဒကတော့ လမ်းမပေါ်မှာ စိတ်အေးသက်သာစွာနဲ့ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မမျှော်လင့်ထားတဲ့ ယာဉ်တိုက်မှုတွေ၊ ကားနဲ့ ကားအစိတ်အပိုင်း ခိုးယူခံရမှုတွေအပြင် မိမိကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သူတစ်ပါး ထိခိုက်နစ်နာမှုတွေဟာ လမ်းမပေါ်မှာ မောင်းနှင်နေစဉ်ဖြစ်စေ၊ ရပ်နားထားစဉ်ဖြစ်စေ ဖြစ်ပွားတတ်ပါတယ်။
အိမ်စီးကားနဲ့ တက္ကစီတွေကို လမ်းပေါ်မှာရှိချိန်တိုင်း လူကြီးမင်းတို့ စိုးရိမ်မှုကင်းဝေးပြီး စိတ်အေးသက်သာစေဖို့ မော်တော်ယာဉ်အာမခံထားရှိလိုပါက A Insurance Hotline – 09 799 119 999 သို့ ဆက်သွယ်ပြီး စုံစမ်းမေးမြန်နိုင်ပါတယ်ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
27/04/2026
အာမခံနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းအသစ်များအတွက် - A+ Wallet X A Insurance Partnership Agreement Signing Ceremony
ချစ်ခင်လေးစားရတဲ့လူကြီးမင်းတို့ကို ကောင်းမွန်တဲ့ အာမခံဝန်ဆောင်မှုတွေ အစဉ်တစိုက်ပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး A+ Wallet နဲ့ A Insurance တို့ ပူးပေါင်းသည့် အထိမ်းအမှတ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို A Insurance ရုံးမှာ ၂၇ ရက်နေ့၊ မနက် ၁၁ နာရီက အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။
အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားဟာ သဘောတူညီချက်တစ်ရပ်ဆိုတာထက် ပိုတဲ့အပြင် လေးစားချစ်ခင်ရတဲ့ လူကြီးမင်းတို့ကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပိုပြီး ပေးအပ်နိုင်ဖို့ ရည်ရွယ်ချက်ဆိုတာလည်း ဖြစ်ပါတယ်။
A+ Wallet ကနေတဆင့် A Insurance ရဲ့ ပေါ်လစီဝယ်ယူထားသူ လူကြီးမင်းတို့အနေနဲ့ အာမခံပရီမီယံကြေး လွယ်ကူစွာ ပေးချေနိုင်တာကနေစလို့ ပရီမီယံနဲ့ ပတ်သက်သမျှ ကိစ္စအဝဝတို့ကို တစ်နေရာတည်းမှာ လုပ်ဆောင်နိုင်တော့မှာ ဖြစ်တာကြောင့် ချစ်ခင်ရတဲ့ လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ ပိုင်ဆိုင်မှုတွေ မဆုံးရှုံးစေဖို့နဲ့ နေ့ရက်တိုင်းကို စိတ်အေးသက်သာစွာ ဖြတ်သန်းနိုင်ဖို့အတွက် အမြဲအတူရှိနေပါမယ်ခင်ဗျာ။
လက်မှတ်ရေးထိုးပွဲ အခမ်းအနားက ပုံရိပ်များလည်း ပြန်လည်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
27/04/2026
ချစ်ခင်လေးစားရပါသော လူကြီးမင်းများခင်ဗျာ…
၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့သည် ကဆုန်လပြည့်နေ့ နှင့် မေလ (၁) ရက်နေ့သည် အလုပ်သမားနေ့ ရုံးပိတ်ရက်များ ဖြစ်တာကြောင့် A Insurance ရုံးကို အဆိုပါရက်များတွင် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျာ။
ရုံးပိတ်ရက်များအတွင်း အာမခံကိစ္စရပ်များနဲ့ Claim ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးဖို့အတွက် ကျွန်တော်တို့ရဲ့ A Insurance Hotline - 09799 119 999 ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
24/04/2026
A Insurance အနေနဲ့ Customer တွေရဲ့ စိတ်ကျေနပ်မှုကို ဦးစားပေးတဲ့ အာမခံကုမ္ပဏီဖြစ်တာမို့ လူကြီးမင်းတို့အတွက် အကောင်းဆုံးအာမခံဝန်ဆောင်မှုတွေကို အနီးဆုံး လက်တစ်ကမ်းမှာ ရရှိနိုင်စေဖို့ A+ Wallet App ရဲ့ A Insurance Feature ကို အကောင်အထည်ဖော်ခဲ့ပြီး Customer များအနေနဲ့လည်း မိမိဝယ်ယူထားတဲ့ အာမခံနဲ့ပတ်သက်လို့ လွယ်ကူစွာစီမံခန့်ခွဲနိုင်သလို အာမခံအကြောင်းအရာတွေကိုလည်း မြန်ဆန်စွာ သိရှိနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အာမခံဝန်ဆောင်မှုတွေ၊ အာမခံလျော်ကြေး နဲ့ Claim ကိစ္စရပ်တွေကိုလည်း 24/7 ဆက်သွယ်ဆောင်ရွက်နိုင်စေဖို့ A Insurance ရဲ့ Hotline Call Center နဲ့ page messenger ကနေ အချိန်မရွေး ဝန်ဆောင်မှုများကို ပေးစွမ်းလျက်ရှိပါတယ်။
ဒီလိုမျိုး အာမခံထားရှိပြီးနောက်ပိုင်း Customer တွေအတွက် လိုအပ်ချိန်တိုင်း အမြဲအဆင်သင့်ဖြစ်ပြီး အမြန်ဆုံး စီမံဆောင်ရွက်ပေးမှုတွေကြောင့်လည်း A Insurance က “6th ICC Emerging Asia Insurance Conclave & Awards” အခမ်းအနားမှာ “Best Customer Oriented Company Award” ဂုဏ်ပြုဆုကို ထိုက်တန်စွာ ရရှိခဲ့တာပဲဖြစ်ပါတယ်။
နောင်နှစ်ပေါင်းများစွာအထိ လူကြီးမင်းတို့အတွက် အကောင်းဆုံးသော အာမခံဝန်ဆောင်မှုများနဲ့ အကောင်းဆုံး အတူရှိနေပေးဖို့ A Insurance က ဆက်လက်ကြိုးစားနေမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
အာမခံအကြောင်း လေ့လာချင်သူများနဲ့ အာမခံထားရှိလိုသူများအတွက် A Insurance ကနေ တင်ဆက်ပေးခဲ့တဲ့ အာမခံအကြောင်း သိကောင်းစရာအချက်အလက်များ ပါဝင်တဲ့ Micro Video Content Series ကို လေးစားချစ်ခင်ရတဲ့ လူကြီးမင်းတို့ အဆင်ပြေလွယ်ကူစွာ ပြန်လည်ကြည့်ရှုနိုင်စေဖို့ စုစည်းပြီး မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
လူကြီးမင်းတို့ သိရှိလိုတဲ့ အာမခံအမျိုးအစားအလိုက် အောက်ပါလင့်ခ်များကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
ကားအာမခံထားတဲ့အခါ သိထားသင့်တဲ့ အချက်အလက်များ
https://www.youtube.com/playlist?list=PL14cNGVkyFnnqGbfWYanYsEg4CV5-zgat
မီးအာမခံနဲ့ ပတ်သက်တဲ့ အကာအကွယ်နဲ့ ခံစားခွင့်များ
https://www.youtube.com/playlist?list=PL14cNGVkyFnmxwseIpsXTSBNSC-YRGY8z
ကုန်းလမ်း ကုန်စည် သယ်ယူပို့ဆောင်ရေး အာမခံနဲ့ ရေကြောင်းကုန်စည် သယ်ယူပို့ဆောင်ရေးအာမခံအကြောင်း
https://www.youtube.com/playlist?list=PL14cNGVkyFnlVuv_pfDsszrVpGzUhWlJM
A Insurance ကနေ အာမခံနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အသိပညာပေး ဗီဒီယိုများကို အများပြည်သူတို့ လွယ်ကူစွာ လေ့လာနိုင်စေဖို့ အမြဲတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ အသေးစိတ် သိရှိလိုပါကလည်း ကျွန်တော်တို့ကို အချိန်မရွေး ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
22/04/2026
မြန်မာနှစ်သစ်အစ နှစ်ဦးတရားပွဲအနေနဲ့ သစ်တံခါးဆရာတော်အား ၂၂ ရက်နေ့ ဧပြီလမှာ A Insurance ရုံးချုပ်သို့လေးစားစွာ ဖိတ်ကြားပင့်ဆောင်ခဲ့ပါတယ်ခင်ဗျာ။ ဆရာတော်က "စိတ်တစ်လုံးထိန်း၊ အကုန်ငြိမ်း” တရားတော် ခေါင်းစဉ်နဲ့ တရားနာပရိသတ်တို့ စိတ်ငြိမ်းချမ်းစေဖို့ ဟောကြားခဲ့ပြီး A-Talents တို့ကလည်း ဆရာတော်ကြီးရဲ့ အဆိုအမိန့် တရားတော်များကို ရိုသေစွာ နာယူကြည်ညိုခဲ့ကြပါတယ်။
တရားပွဲကျင်းပခဲ့စဉ်က ဝမ်းမြောက်ကြည်နူးဖွယ် ကုသိုလ်ပုံရိပ်များကိုလည်း မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
မြန်မာတို့ရဲ့ နှစ်သစ်ကူးအချိန်အခါဟာ အစစအရာရာ အသစ်ကနေ ပြန်လည်စတင်တဲ့ မင်္ဂလာရှိတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ခင်ရတဲ့ လူကြီးမင်းတို့ရဲ့ ဘဝခရီးလမ်းသစ်မှာ ဘယ်လိုအခက်အခဲမျိုးပဲ ကြုံလာပါစေ၊ အစကနေ အဆုံးအထိ စိတ်အေးချမ်းသာစွာနဲ့ ရှေ့ဆက်နိုင်ဖို့ A Insurance က အမြဲအတူ ရှိနေပါမယ်ခင်ဗျာ။
အာမခံကိစ္စရပ်များနဲ့ ပတ်သက်ပြီး သိလိုသမျှကို မေးမြန်းနိုင်ဖို့ A Insurance Hotline 09799 119 999 ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။
#ကျိုးတူရှေ့ဆက်AInsurance
18/04/2026
ချစ်ခင်လေးစားရတဲ့ လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ မကုန်ဆုံးစေဖို့အတွက် A Insurance ရဲ့ ဝန်ဆောင်မှုများကို A+ Wallet မှာ လွယ်ကူလျင်မြန်စွာ တစ်စုတစ်စည်းတည်း ရယူနိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
A+ Wallet ရဲ့ A Insurance Mini App မှာ ဘာတွေလုပ်နိုင်မလဲဆိုရင်တော့
- မိမိအမည်နဲ့ ဝယ်ယူထားတဲ့ ပေါ်လစီများကို တစ်နေရာတည်းမှာ ကြည့်ရှုနိုင်မယ်
- အာမခံပရီမီယံကြေးများကို လွယ်ကူစွာ ပေးချေနိုင်မယ်
- အာမခံပေါ်လစီနဲ့ ပတ်သက်သမျှကို ဖတ်ရှုနိုင်ပြီး Premium Calculator အသုံးပြုပြီး တွက်ချက်နိုင်မယ်
ဒါ့အပြင် Mini App မှာ ပါဝင်တဲ့ အခြား Feature တွေ အကြောင်းကိုလည်း အသေးစိတ် တင်ဆက်ပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြဖို့ ပြောကြားလိုပါတယ်ခင်ဗျာ။ စိတ်အေးသက်သာတဲ့နေ့ရက်တွေကို လွယ်ကူလျင်မြန်စွာရရှိစေဖို့ A Insurance က လူကြီးမင်းရဲ့ လက်တစ်ကမ်းမှာ ရှိနေပါပြီ။
A+ Wallet ကို Download ရယူရန်!
[Android] https://bit.ly/3nR6KS7
[IOS] apple.co/3FaIDEC
#ကျိုးတူရှေ့ဆက်AInsurance
ဲ့ပေးမယ်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
Bangkok
10250