Panda Hub

Panda Hub

แชร์

စိတ်ဝင်စားဖွယ်ရာ knowledge နေ့စဥ်တင်ဆက်ပေးပါသည်။

23/07/2025

ခေါင်ပွဲထိုးရမယ့်သန့်စင်​
ပရိသတ်တွေ တမေးထဲ မေးနေကြတဲ့ မြန်မာဖိုက်တာသန့်စင်ရဲ့ တွဲဆိုင်းကို ONE Championship က ချပြလိုက်ပါပြီ။

ဩဂုတ်လ ၈ ရက် ၊ သောကြာညပိုင်းမှာ ကျင်းပမယ့် ONE Friday Fights 119 ပြိုင်ပါဲရဲ့ ခေါင်ပွဲအဖြစ် ထိုးရမှာ ဖြစ်ပါတယ်။

ဒီတစ်ခါ သန့်ဇင်နဲ့ တွေ့ဆုံနေတဲ့ ပြိုင်ဘက်က ကင်ဆန်လက် ဖြစ်ပါတယ်။

ONE Friday Fights စင်မြင့်ထက်မှာ စုစုပေါင်း ၆ ပွဲ ထိုး ၄ ပွဲ ရှုံး ၊ ၂ ပွဲ အနိုင်ရထားပါတယ်။

သန့်ဇင် အတွက် ပက်ဆူခွန်ဗစ် နဲ့ စာရင် ပွဲချောင်တယ်လို့ ပြောရမယ် ထင်ပါတယ်။

ဒီတွဲဆိုင်းက ဖလိုင်းဝိတ်တန်း ခေါင်းစဉ်အောက်ကနေ ဆော်ကြမှာပါ။

19/07/2025

စိုးလင်းဦး ပွဲရက်အပြောင်းအလဲ ဖြစ်သွားပါပြီ။
ပြိုင်ဘက်က နှုတ်ထွက်သွားတာကြောင့် အပြောင်းအလဲ ဖြစ်ရတာပါ။
ကို"စိုးလင်းဦးပြိုင်ပွဲယှဉ်ပြိုင်ဖို့အဆင်သင့်ဖြစ်နေပေမယ့်
အကြောင်းအမျိုးမျိုးကြောင့်ပြိုင်ပွဲရက်ရွေ့ယှဉ်ပြိုင်မည့်ကစားသမားအသစ်ချိန်းပါတယ်ဗျ
စောင့်ကြည့်အားပေးတဲ့လက်ဝှေ့ဝါသနာရှင်အားလုံးကို
အထူးဘဲကျေးဇူးတင်ပါတယ်ဗျ" ဆိုပြီး မန်နေဂျာ ဖြိုးဝေက အတိအလင်း ထုတ်ပြောလာပါတယ်။
#ဖြိုး‌ဝေ
#စိုးလင်းဦး

12/07/2025

ငယ်ငယ်က ရီစရာကောင်းတာတခုပြောပြရအုံးမယ်။ ကျောင်းစတက်တဲ့ နေ့မှာ ကျနော့ကို chino တရုတ်ကောင်လေး ဆိုပြီ ခေါ်တော့ ကျနော်ပျော်သွားတယ်။ ဘာလို့ဆို တရုတ်တွေက ချမ်းသာကြတယ်လေ ၊ ဟာ ဒီကောင်တွေငါ့ကို သူဌေးလို့ ထင်နေကြတာဆိုပြီး ပျော်သွားတာပေါ့။ အိမ်ပြန်ရောက်တော့ အစ်ကိုဝမ်းကွဲကို ပြောပြတော့ သူက ပြောတယ် မင်းကို သူဌေးလို့ထင်နေကြတာ မဟုတ်ဘူး ‌စော်ကားနေကြတာ ဆိုမှ ကျနော်သဘောပေါက်သွားတယ်။ နောက်ရက် ကျောင်းရောက်တာနဲ့ တရုတ်ကောင်လေး ဆိုပြီး စခေါ်တဲ့ ကောင်ကို ကျနော် ထိုးတော့တာပဲ။

07/07/2025

ကဲကဲ အကြီးရော ၊ အငယ်ရော စိတ်လျော့ အားလုံးပေါင်းပေးလိုက်ပြီ ။ ရန်မဖြစ်ကြနဲ့တော့ 😁😁

05/07/2025

‌အောင်မြင်မှုကိုမနာလိုမရှုစိမ့်နိုင်တဲ့ဖိုက်တာ
Manel Kape ရဲ့ နေရာကို လူးစားဝင် ထိုးပေးခဲ့တဲ့ Van ဟာ‌ေလ့ကျင့်ချိန် ၃ပတ်အတွင်း အကောင်းဆုံးပြင်ဆင်ခဲ့ရတာပါ။

ဒါပေမယ့် ပွဲထိုးနေချိန်မှာတော့ မာနယ်ကပ် က " တစ်ညတည်း နှစ်ယောက်စလုံးကို တစ်ပြိုင်နက်ကြိတ်ပစ်လို့ရတယ်" ဆိုပြီး အရူးထကာ ရေးသားခဲ့လို့ ပွဲဖြစ်နေတာပါ။

Van က ဒါဆိုဘာလို့ သူနဲ့မထိုးပဲ ရှောင်ပြေးသွားတာလဲ ်အမှောက်သိပ်ပြီးအရှက်ကွဲမှာမို့ထွက်ပြေးတာကို ငါကမင်းအရှက်ကိုဝင်ကယ်ထားရတာ"​ တုန့်ပြန်လိုက်ပါတယ်။

Manel Kape ကတော့ ငါ နှုတ်ထွက်လိုက်တာက မင်းတို့နှစ်ယောက်စလုံးကို သနားလို့ ငဲ့ညှာသလိုဆိုပြီး ပြန်ပက်ခဲ့ပါသေးတယ်။
အောင်မြင်နာမည်ကြီးလာမှ အချောင်ဝင်တိုးချင်တဲ့ Manel Kape အတွက် စကားလေးတခွန်းလောက် ပြောခဲ့ကြပါအုံး

04/07/2025

ဒီကနေ့မနက် canal+ ရဲ့ အထူးအစီအစဉ်အဖြစ် မြန်မာ့ဂုဏ်ဆောင် ဗန်နဲ့ သတင်းစားရှင်းလင်းပွဲမှာ surprise တိုက်ချလိုက်တာပါ။
ထင်မှတ်မထားတဲ့ အစီအစဉ်အဖြစ် ဗန်ရဲ့ အရမ်းသဘောငျရတဲ့ အနုပညာရှင် မိုးဟေကိုနဲ့ live ‌ေတွ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။
န်က သူမရဲ့ movies ‌ေတွ ကြိုက်တဲ့အကြောင်း အရမ်းသဘောကျရတဲ့ big fan ဖြစ်‌ေကြာင်း ၊ မိုးကတော့ ဗန်ရဲ့အောင်မြင်မှုကို congratulations ပြောသွားခဲ့ပါတယ်။
ကဲ မကြာခင် သူတို့နှစ်ယောက် ချစ်ဇာတ်လမ်းလေး အစပြုတော့မလား ဆက်လက်စောင့်ကြည့်ကြပါစို့ 😁😁

01/07/2025

အားလုံဒိုင်းပြီး သူပဲ​ကျန်လို့ ထိုးလိုက်တာ ဒဲ့ပဲထွက်သွားပြီ ကျေးဇူးတင်လိုက်တာ Squid Game ရယ်

29/06/2025

UFC 317 ပြိုင်ပွဲမှာ Joshua Van နဲ့ Brandon Royval တို့ကို အကောင်းဆုံးတွဲဆိုင်း (Fight of the Night) လို့ သတ်မှတ်ပြီး ဒေါ်လာ (၅) သောင်းစီဆုချလိုက်တယ်။

29/06/2025

ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရရှိသွားပြီ ဖြစ်တဲ့ ဗန်

တတိယချီပြီးခါနီးမှာတော့ မာလွန်းပါတယ် ဆိုတဲ့ ရိုဗာ Knockdown တောင် ကျသွားတယ်။

ရိုဗာအတွက်ကတော့ အရှက်ကွဲသွားတယ်ဆိုရမယ်။

ပွဲမစခင်က မီဒီယာတွေနဲ့ တွေ့တာမှာ Ranking 10 အပြင်ဘက်က ဖိုက်တာတွေနဲ့ မထိုးဖူးသေးဘူး။ အခု ဗန်နဲ့ ပထမဆုံးထိုးဖူးတာဆိုပီး အာချောင်ထားတာကြောင့်ပါ။

အမှတ်ပေးဒိုင်တွေက အပြတ်သတ်နဲ့ကို ဗန် ကို အနိုင်ပေးလိုက်တယ်။

အသက် ၂၃ နှစ်နဲ့ UFC ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရသွားတာက မြန်မာပြည်သူ့တို့အတွက် ဂုဏ်ယူစရာကြီးပဲဗျို့။"

Joshua “ The Fearless “ Van

27/06/2025

ဒီပွဲနိုင်တဲ့သူ ချန်ပီယံစိန်ခေါ်ခွင့်ရရှိမယ် Dana White…

ဒီနေ့မနက်ကျင်းပခဲ့တဲ့ UFC 317 Press Conference မှာ Royval နဲ့ Joshua Van တို့ထဲကအနိုင်ရရှိတဲ့သူက ချန်ပီယံစိန်ခေါ်ခွင့်ရရှိမှာလားဆိုပြီးမေးလိုက်တဲ့အပေါ် ဥက္ကဌကြီး ဒေနာဝှိုက်ကိုယ်တိုင်က Yes ဆိုပြီးဖြေသွားခဲ့ပါတယ်…

26/06/2025

UFC 317 အတွက်ပြုလုပ်တဲ့ အင်တာဗျူးမှာ Joshua Van ရဲ့ပြိုင်ဖက် Brandon Royval ကအခုလိုပဲပြောလာခဲ့ပါတယ်…
ကျွန်တော်ဒီ ranking အတွင်းဝင်လာပြီးနောက်ပိုင်း 1 to 10 အပြင်ဖက်ကဖိုက်တာနဲ့တွေ့တာ အခုပထမဆုံးအကြိမ်ပါပဲ။ ဒါပေမယ့် Van က top 10 အပြင်ဖက်ကဆိုပေမယ့် ရင်ဆိုင်ရခက်မယ့် ပြိုင်ဖက်ကောင်းတစ်ယောက်ပါ

26/06/2025

ကမ္ဘာကျော် ကစားသမားတွေတောင် ပါဝင်ခွင့်ရဖို့ ခက်ခဲလှတဲ့ EASports ရဲ့ Game Character မှာ ပါဝင်ခွင့်ရသွားတဲ့ ဂျော့ရှူဝါဗန်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


989, Moo Ban The Elegance, Soi Petchkasem 81, Macharoen Road, Nong Khaem Sub/District, Nong Khaem District
Bangkok
10160