JTS Channel
JTS Channel is provide for self original MMA Events news’s review and preview content videos.
🔥🏆👏 Hall of Fame စာရင်းဝင်သွားပြီဖြစ်တဲ့ ဂျပန်နာမည်ကြီးဖိုက်တာ Takeru Segawa! 🇯🇵
ဒီည One Samurai 2 ပြိုင်ပွဲမှာ ONE Championship ရဲ့CEO Chatri Sityodtong နဲ့ ဂျပန်နာမည်ကြီး စူပါစတား Takeru တို့ ရင်းရင်းနှီးနှီး စကားပြောခဲ့ကြတဲ့ အထိမ်းအမှတ် အခိုက်အတန့်လေးကို ကြည်နူးဖွယ်တွေ့လိုက်ရပါတယ်။
Chatri ပြောကြားခဲ့တာကတော့ -
"Takeru ကတော့ Hall of Fame ဂုဏ်ပြုမှတ်တမ်းဝင် ထဲ ပါဝင်လာတော့မှာပါ။ သူဟာ တကယ့်ကို စစ်မှန်တဲ့ ဆာမူရိုင်းစိတ်ဓာတ်နဲ့ ဂျပန်ရဲ့ အင်အားကို ကမ္ဘာကသိအောင် ပြသနိုင်ခဲ့တဲ့ သူဖြစ်ပါတယ်!" ဆိုပြီးချီးကျူးပြောဆို ဂုဏ်ပြုသွားခဲ့ပါတယ်။
Takeru ကတော့ သူ့အနေနဲ့ -
"Hall of Fame အဖြစ် သတ်မှတ်ခံရတာ တကယ်ပဲ ဂုဏ်ယူမိပါတယ်။ ကျွန်တော်လည်း အခုချိန်ထိ ဖိုက်တာလောကထဲမှာ လက်ရှိကစားသမားအဖြစ် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒီအမွေအနှစ်ကို ဆက်ခံမယ့် ကစားသမားသစ်တွေ ဆက်လက်ထွက်ပေါ်လာဦးမှာပါ။ ပရိသတ်တွေအနေနဲ့ ကွင်းထဲအထိ လာရောက်ကြည့်ရှုပြီး နောက်ထပ်ထွက်ပေါ်လာမယ့် စတားအသစ်တွေကို စောင့်ကြည့်အားပေးစေချင်ပါတယ်!" လို့ ပရိသတ်တွေကို နွေးနွေးထွေးထွေး တိုက်တွန်းသွားခဲ့ပါတယ်။
🔥😳အီရန်ဖိုက်တာ Mohammad Siasarani ရဲ့ Head Kick ကတော့ ဘယ်လောက်ပြင်းသလဲဆိုရင် ပြိုင်ဘက်ဖိုက်တာ Kaito တောင် ဇက်ကျိုးသွားပြီလို့တောင် ထင်ရတယ်။ ပထမအချီတွင်းကို ခေါင်းကန်ပွဲသိမ်းသွားတာ ကောင်းလွန်းပါတယ်။
- Siasarani ကတော့ ဒီနိုင်ပွဲနဲ့အတူ Semifinal မှာ Masaaki Noiri နဲ့တွေ့ရတော့မှာဖြစ်မှာဖြစ်ပါတယ်။
🔥🇯🇵👏Masaaki Noiri ကတော့ Liu Mengyang က အမှောက်သိပ်ပြီး Semifinal ကိုတက်လှမ်းသွားခဲ့ပါပြီ။
- Final မှာ လက်ရှိချန်ပီယံ Superbon နဲ့ မကျေပွဲအနေနဲ့ တွေ့သွားမလားဆိုတာကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ ကောင်းလာပါပြီ။
🔥🇯🇵👏Liu Mengyang ကို လှလှပပ ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ ကြားဖြတ်ဖယ်တာဝိတ်ကစ်ဘောက်စင် ချန်ပီယံဟောင်း Masaaki Noiri
- ပထမအကြိမ်တွေ့ဆုံမှုမှာ Masaaki က Liu ကို ပထမချီ KnockDown ပေးခံလိုက်ရပြီး ပွဲချိန်(၃)ချီပြီးဆုံးတဲ့ချိန်ထိ တောက်ခံပြီး Liu ကို အမှတ်ပြတ်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။
- ဒုတိယအကြိမ်တွေ့ဆုံမှုမှာတော့ Masaaki က Liu ကို ပထမအချီ ပြီးဆုံးဖို့ (၁)စက္ကန့်ဆလးအလိုမှာ အားပါးပြင်းထန်လွန်းလှတဲ့ ဘယ်ဝိုက်နဲ့ အလဲထိုးပြီး လှလှပပရှုံးကြွေးဆပ်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့အတူ Masaaki က ဂျပန်မြေမှာ ပထမအကြိမ်တုန်းက တာဝမ်ချိုင်းကို အမှောက်သိပ်ပြီး ဒုတိယအကြိမ်မှာ ပရိသတ်တွေ နောက်ထပ်လုံးဝမထင်မှတ်ထားတဲ့ နောက်ထပ်နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။
🔥🇲🇲💔မြန်မာဖိုက်တာ အောင်ထွန်းဘို ချေတံရှည် လက်တံရှည် အားသာချက်ရှိရက်နဲ့ ကိုယ့်ထက်ပုတဲ့ဖိုက်တာကို ရှုံးနိမ့်
၁. ဝမ်းစင်မြင့်မှာ ထိုးဖို့အချိန်မတန်
၂. ခံစစ်ကို ဟိုးအောက်ချေကစပြီး သင်ယူရန်လို
၃. Jab ထောက်ချက်၊ ကန်ချက်၊ Distance Control ၊ ဒူး နဲ့ တံတောင် ထွေထွေထူးထူး ဘာမှမလုပ်နိုင်၊ ချိန်သားကိုက်မှုဆို ဟိုးအဝေးကြီးပါ။ ဒါတွေအစကပြန်ပြီး နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်ဖို့လို
၄. ဘာမှမလုပ်တတ်ရင် ဂတ်လေးတော့ လုံအောင်ကာပြီး ကစားဖို့လို
🔥🇲🇲မြန်မာဖိုက်တာ အောင်ထွန်းဘို ပွဲထွက်လမ်းလျောက်လာပါပြီ👏
🔥🥊အဘက်ဘက်က သာအောင်ကစားလို့ရတဲ့အနေအထားကနေ ရှုံးနိမ့်သွားခဲ့ရတဲ့ နာဘီ
- လက်ရည်ကနာဘီကလုံးဝအသာပါ။ Suakim ဘယ်ညာဝိုက်လက်သီး နဲ့ ပင့်လက်သီးတွေက လွဲလို့ ကျန်တာ ရှိန်စဟာသိပ်မရှိပါဘူး။ ဒါပေမဲ့ နာဘီက Suakim နည်းနည်းလေးလျော့တွက်ထားမိပုံပေါက်တယ်။ အနီးကပ်ဘယ်ညာဝိုက်လက်သီးမှာ push kick မသုံးဘဲ Clinch လုပ်ဖို့ကြိုးစားရာကနေ ပထမအချီနဲ့တင် Knock Down ပေးခံလိုက်တယ်။ အဲ့ဒီတစ်ချက်လေးကြောင့်ဘဲ နာဘီ Split Decision နဲ့ Suakim ကို ကပ်ရှုံးပေးလိုက်ရတယ်။ မကျေပွဲပြန်တည်ပေးရင်တောင် နာဘီကနိုင်မဲ့ပွဲပါ။
🔥💔စူပါလတ် TKO နဲ့ ရုရှားဖိုက်တာ Abdulla ကို ရှုံးနိမ့်
- စူပါလတ်က ပွဲစလာကတည်း သူအားသန်တဲ့ချေကန်ကိုဘဲ အကွာအဝေးထိန်းပြီး ကန်ကစားပါတယ်။ Abdulla က ဝမ်းတူးနဲ့ ကောင်တာမှန်မှန်ကစားပြီး ပထမအချီ ကိုယ်အားသန်ရာမှာ ကိုယ်စီသာခဲ့ကြတယ်နုပေမဲ့ ဒုအချီမှာ Abdulla က တိုက်စစ်အရှိန်မြင့်ပြီး ဖိအားပေးကစားရာမှာ စူပါလတ်က ချေကျိုးသွားပုံရတယ်။ ထမ်းစင်နဲ့ပါစွဲထုတ်ခဲ့ရတယ်။ ဒီနေရာမှာ စူပါလတ်က သူကန်လို့ ကျိုးတာလား? ဒါမှမဟုတ် Abdulla ကန်လိုက်လို့ကျိုးတာလား? မြင်ကွင်းဝေးနေလို့ သိတဲ့သူရှိရင်ပြောပြပေးပါအုန်း။
🔥🥊ဒိုင်အဆုံးအဖြတ်မှာ Marat က Mamuka ကို KB ပွဲတွင် အမှတ်အပြတ်နဲ့အနိုင်ရရှိ
🔥🇹🇭👏ထိုင်းနာမည်ကြီးဖိုက်တာ စူပါလတ် ပွဲထွက်လမ်းလျှောက်လာပါပြီ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Sukhumvit Road
Bangkok
10270