Spring Bridge Education

Spring Bridge Education

แชร์

Dream Big
Live High
Flight Bright
@
Spring Bridge High School

Photos from Spring Bridge Education's post 10/08/2026

‎မြင်းမိုရ်တောင်ခါးဘန်းမှာရှိတဲ့ ယုဂန္ဓိုရ်တောင်ထိပ်က အဝင် အထွက်လုပ်နေတဲ့ (စန္ဒာလမင်းကြီး)ကိုလူ သွားနေလို့ရအောင်လုပ်တော့မယ့် SpaceX စီမံကိန်း

‎
‎ဒီကိစ္စက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပြီး (၂၀၂၆) ခုနှစ်၊ ဩဂုတ်လဆန်းပိုင်း (ပြီးခဲ့တဲ့ ရက်ပိုင်းလေးတင်) မှာ အီလွန်မတ်စ်က တရားဝင် ချပြလာခဲ့တာဖြစ်ပါတယ်

‎(SpaceX) ကုမ္ပဏီတစ်ခုလုံး ရှယ်ယာတွေကို လူထုထံ ပထမဆုံးအကြိမ် ရောင်းချပြီး (IPO) နောက်ပိုင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြုလုပ်တဲ့ ဝင်ငွေရှင်းတမ်း အစည်းအဝေးမှာ ဒီအစီအစဉ်ကို ထုတ်ဖော်ပြောခဲ့တာပါ
‎
‎အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ ဆောက်လို့မနိုင်တော့တဲ့ "ဧရာမ အာကာသအခြေစိုက် (AI) ဒေတာစင်တာ ဂြိုဟ်တုကြီးတွေ" (AI Compute Satellites) ကို လပေါ်မှာ အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့ ဖြစ်ပါတယ် အီလွန်မတ်စ်က အနာဂတ် အာကာသစီးပွားရေးဟာ AI ပေါ်မှာ အများကြီး မူတည်နေပြီး လပေါ်မှာ စက်ရုံဆောက်ပြီး ထုတ်လုပ်နိုင်ရင် ကမ္ဘာ့စီးပွားရေးထက် အဆပေါင်း (၁,၀၀၀) မက ပိုမိုကြီးမားတဲ့ အာကာသ (AI )စီးပွားရေးလုပ်ငန်းကြီး ဖြစ်လာလိမ့်မယ်လို့ ရည်ရွယ်ထားပါတယ်
‎
‎ ကမ္ဘာပေါ်ကနေ လေးလံတဲ့ ဂြိုဟ်တုတွေကို ဒုံးပျံနဲ့ အာကာသထဲ ပစ်တင်ရတာ လောင်စာဖိုး အလွန်ကုန်ပါတယ် လကမ္ဘာမှာက ဆွဲငင်အားက ကမ္ဘာ့ရဲ့( ၆ ပုံ ၁ )ပုံပဲရှိပြီး လေထုလည်း မရှိတာကြောင့် ဒုံးပျံလောင်စာ မလိုဘဲ ပစ်လွှတ်နိုင်မယ် လပေါ်မှာပဲ ဂြိုဟ်တုတွေ ထုတ်လုပ်ပြီးတာနဲ့ တခါတည်း "Lunar Mass Driver" လို့ခေါ်တဲ့ လျှပ်စစ်သံလိုက် ကောက်ညှို့ (ရထားလမ်းလို သံလိုက်စနစ်ကြီး) ပေါ်တင်ပြီး အာကာသထဲကို ဝှေ့ယမ်းပစ်လွှတ်မှာဖြစ်လို့ ဒုံးပျံလောင်စာ တစ်စက်မှ သုံးစရာမလိုဘဲ ကုန်ကျစရိတ်( ၉၀%) ကျော် သက်သာသွားမှာဖြစ်တယ်
‎
‎ ဂြိုဟ်တုကိုယ်ထည်နဲ့ စက်ရုံဆောက်ဖို့ လိုအပ်တဲ့ အလူမီနီယံ (Aluminum)၊ တိုက်တေနီယံ (Titanium) နဲ့ စီလီကွန် (Silicon) စတဲ့ ကုန်ကြမ်းတွေကို လကမ္ဘာရဲ့ မြေဆီလွှာ (Regolith) ထဲကနေပဲ တူးဖော်ရယူ ပြီးသုံးမှာ ဖြစ်တယ်
‎
‎ကမ္ဘာပေါ်ကနေကျတော့ အလွန်ပေါ့ပါးပြီး နည်းပညာမြင့်တဲ့ ကွန်ပျူတာချစ်ပ် (Microchips) တွေနဲ့ အစိတ်အပိုင်း အနည်းငယ်ကိုပဲ (SpaceX) ရဲ့( Starship) ဒုံးပျံကြီးတွေနဲ့ သယ်ယူပို့ဆောင်မှာပါ
‎
‎စက်ရုံတွေပြီးလို့ လူသားတွေ သွားရောက်အခြေချဖို့အတွက်ကိုတော့ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းမှာ ရှိနေတဲ့ ရေခဲတွေကနေ ရေနဲ့ အောက်ဆီဂျင် ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ် ပြီးတော့ လမြေပေါ်မှာ (3D )ပရင်တာစနစ်သုံးပြီး ရေဒီယိုသတ္တိကြွလှိုင်းဒဏ် ခံနိုင်တဲ့ အမိုးခုံး (Domes) အဆောက်အအုံတွေ ဆောက်ပြီးမှ လူတွေ သွားရောက်နေထိုင် စားသောက်နိုင်ဖို့ ပတ်ဝန်းကျင် ဖန်တီးမှာ ဖြစ်ပါတယ်အပင်တွေစိုက် အကောင်တွေမွေးကြမယ်။
‎
‎ သူ့စကားအရ(၂၀၂၇-၂၀၂၈ )ဝန်းကျင်မှာစဖို့ရှိတယ် (SpaceX )ရဲ့ တရားဝင် စာရွက်စာတမ်းတွေအရ ဒီလို AI ဂြိုဟ်တုကွန်ရက်ကြီးကို အာကာသထဲမှာ (၂၀၂၈ )ခုနှစ်လောက်မှာ စတင် ဖြန့်ကြက်ချင်နေတာပါ
‎
‎ဒါကြောင့် ရိုဘော့တွေနဲ့ လပေါ်မှာ ကုန်ကြမ်းတူးဖော်တာ၊ စက်ရုံပစ္စည်း အစိတ်အပိုင်းတွေကို (Starship) နဲ့ စတင်ပို့ဆောင်တာတွေကို လာမယ့် (၂၀၂၇ - ၂၀၂၈ )ခုနှစ်တွေအတွင်းမှာတင် စတင် မြင်တွေ့ရဖို့ အီလွန်မတ်စ်က စီစဉ်ထားပါတယ်
‎
‎အီလွန်မတ်စ်ဟာ ကမ္ဘာ့အတားအဆီးတွေကို ကျော်လွန်ဖို့အတွက် လကမ္ဘာကို "အာကာသစက်ရုံကြီး" အဖြစ် ပြောင်းလဲပစ်ဖို့ လူတွေအစား ရိုဘော့တွေကို အရင်လွှတ်ပြီး ကုန်ကြမ်းတူးခိုင်းဖို့ လာမယ့် (၂၀၂၈ )ခုနှစ်အတွင်း စတင် အကောင်အထည်ဖော်ဖို့ ရက်ပိုင်းကတင် ရင်းနှီးမြှုပ်နှံသူတွေကို ချပြခဲ့တာ ဖြစ်ပါတယ်
‎
‎လပေါ်မှာ လူတွေအစား အရင်ဆုံး သွားရောက်အလုပ်လုပ်မယ့် (Tesla Optimus) ရိုဘော့တွေရဲ့ စွမ်းဆောင်ရည် သို့မဟုတ် လပေါ်က ပစ္စည်းတွေကို ကမ္ဘာကို ပြန်မသယ်ဘဲ အင်္ဂါဂြိုဟ် (Mars) ကို တိုက်ရိုက်ပို့မယ့် အစီအစဉ်တွေကိုလည်းဆွဲထားပြီး​လည်းဖြစ်တယ်
‎
‎ အီလွန်မတ်စ်ရဲ့ ဒီရူးသွပ်လောက်တဲ့ လကမ္ဘာစီမံကိန်းကြီး ထွက်လာပြီးနောက်မှာ (SpaceX) ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ တက်မလာတဲ့အပြင်( ၈ -၁၃) ရာခိုင်နှုန်းကျော်အထိ သိသိသာသာ ထိုးကျသွားခဲ့ပါတယ် ဒါဟာ အီလွန်မတ်စ်အတွက်တော့ တော်တော်လေး စိတ်ပျက်စရာကောင်းတဲ့ တုံ့ပြန်မှုဖြစ်ပြီး၊ ဈေးကွက်က ဘာကြောင့် ဒီလိုတုံ့ပြန်လဲဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမြင်နဲ့က ဝင်ငွေကောင်းပေမဲ့ အသုံးစရိတ်က ကြောက်စရာကောင်းနေခြင်းဩဂုတ်လ (၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဝင်ငွေရှင်းတမ်း အစည်းအဝေးမှာ (SpaceX )ဟာ ဒုတိယသုံးလပတ်အတွက် ဝင်ငွေ ဒေါ်လာ (၇.၈) ဘီလီယံ ရရှိခဲ့လို့ မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်ခဲ့တာ အမှန်ပါပဲ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကို လန့်ဖျန့်သွားစေတာက ကုမ္ပဏီရဲ့ အသုံးစရိတ် (Capital Expenditure) ဖြစ်ပါတယ် လပေါ်မှာ စက်ရုံဆောက်ဖို့၊ ဒေတာစင်တာတွေလုပ်ဖို့နဲ့ AI နည်းပညာတွေအတွက် (SpaceX )ရဲ့ သုံးစွဲမှုဟာ ဒေါ်လာ (၁၈.၃) ဘီလီယံ အထိ ရှိခဲ့လို့ ပြီးခဲ့တဲ့နှစ်ကထက် (၆) ဆမက ပိုမိုများပြားသွားခဲ့ပါတယ် ။ဒါကြောင့် ဝင်ငွေဘယ်လောက်ကောင်းကောင်း အသုံးစရိတ်က ကြီးလွန်းနေလို့ ဒုတိယသုံးလပတ်မှာတင် ဒေါ်လာ (၅၄၁) သန်း အရှုံးပြခဲ့ပါတယ်
‎
‎ ဝေါစထရိ (Wall Street) က အီလွန်မတ်စ်ရဲ့ "အိမ်မက်ကြီးတွေ" ကို မယုံရဲသေးခြင်းအီလွန်မတ်စ်က လပေါ်မှာ ရိုဘော့တွေနဲ့ စက်ရုံဆောက်မယ်၊ (၂၀၃၀) မှာ တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ (၁) ထရီလီယံ ရှာမယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ အဲဒါတွေကို "စိတ်ကူးယဉ် အိမ်မက်တွေ" လို့ပဲ မြင်နေကြတုန်းပါပဲ
‎
‎လောလောဆယ် ကမ္ဘာ့ရှယ်ယာဈေးကွက်မှာ AI အတွက် ငွေတွေပုံအော သုံးနေပြီး လက်တွေ့အကျိုးအမြတ် ချက်ချင်းမပြနိုင်တဲ့ ကုမ္ပဏီတွေကို သတိထားပြီး ဒဏ်ခတ်နေတဲ့ ကာလဖြစ်ပါတယ်
‎
‎ဒါကြောင့် အစည်းအဝေးအပြီး နောက်တစ်နေ့မှာတင် (SpaceX )ရှယ်ယာဈေးဟာ တစ်စုကို (၁၂၅) ဒေါ်လာကနေ( ၁၀၈ )ဒေါ်လာ ဝန်းကျင်အထိ (၁၃.၆) ရာခိုင်နှုန်း ချက်ချင်း အောက်သို့ ထိုးဆင်းသွားခဲ့ပါတယ်
‎
‎ IPO ပြီးခါစ ရှယ်ယာပိတ်ပင်မှု သက်တမ်းကုန်ဆုံးခြင်း (Lockup Expiry)နောက်ထပ်အချက်တစ်ခုကတော့ ပြီးခဲ့တဲ့ ဇွန်လကမှ ပြုလုပ်ခဲ့တဲ့ SpaceX ရဲ့ အောင်မြင်ကျော်ကြားလှတဲ့ အများပိုင်ကုမ္ပဏီအဖြစ် အိုင်ပီအို (IPO) အပြီး အစောပိုင်း ရှယ်ယာဝယ်ထားတဲ့ ဝန်ထမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ရှယ်ယာပြန်ရောင်းခွင့် ပိတ်ပင်ထားတဲ့ရက် (Lockup Period) ဟာ ဩဂုတ်လဆန်းမှာ ကုန်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်
‎
‎ဒါကြောင့် လူတွေက ရှယ်ယာအမြောက်အမြား ဈေးကွက်ထဲ ပြန်ထုတ်ရောင်းပြီး ငွေသားလဲလှယ်ကြမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်လည်း ဈေးနှုန်းက ထိုးကျသွားခဲ့တာပါ
‎
‎ "လကမ္ဘာ စက်ရုံစီမံကိန်း" ဆိုတာ သာမန်လူတွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်နိုင်ပေမဲ့ ဈေးကွက်ထဲက ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့ "အီလွန်မတ်စ် အသုံးစရိတ်တွေ အရမ်းများပြီး ငွေတွေ အလဟဿ ဖြုန်းနေပြီလား" ဆိုပြီး စိုးရိမ်ကာ ရှယ်ယာတွေကို ထုတ်ရောင်းလိုက်ကြလို့ ဈေးနှုန်းတွေ ထိုးကျသွားခဲ့ရခြင်း ဖြစ်ပါတယ်
‎
‎( Morgan Stanley) လို ကမ္ဘာ့ထိပ်သီး ဘဏ်ကြီးတွေက (SpaceX) ရဲ့ အနာဂတ်ကာလအတွက် ရှယ်ယာဈေး (၃၀၀ )ဒေါ်လာအထိ ပြန်တက်နိုင်တယ် လို့ ခန့်မှန်းထားကြတဲ့
‎
‎သူကလည်းမဖြစ်နိုင်တာတွေကိုပဲ လုပ်ပြီးငွေရှာနိုင်တဲ့ ကမ္ဘာမှာ တစ်ဦးတည်းသော ထွိလိယံနာဖြစ်နေသူမဟုတ်လား။
‎

07/08/2026

🕯️ 🕊️ 🇹🇭 နွန်ထာဘူရီ ဒေ့ဘ်စီရင်ကျောင်း ပစ်ခတ်မှုတွင် သေဆုံးခဲ့ရသူ ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၂ ဦးအား ဝမ်းနည်းကြေကွဲစွာ အမှတ်တရ ဂုဏ်ပြုဖော်ပြခြင်း

နွန်ထာဘူရီ — (၇ ဩဂုတ် ၂၀၂၆) : ၂၀၂၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ နွန်ထာဘူရီခရိုင်ရှိ ဒေ့ဘ်စီရင် နွန်ထာဘူရီကျောင်း၌ ဖြစ်ပွားခဲ့သော ထိတ်လန့်ဖွယ် ပစ်ခတ်မှုတွင် ကျဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် ကျွန်ုပ်တို့ Spring Bridge Foundation နှင့် Spring Bridge High School တို့က အလေးအနက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြအပ်
ပါသည်။

🕊️ သေဆုံးခဲ့ရသူ ၅ ဦး မှာ
၁။ မစ္စတာကစ်သီဖုန်း ဆုမ်ရတ် (Mr. Kittipong Somrat) — စည်းကမ်းထိန်းသိမ်းရေးဌာန ဒုတိယကျောင်းအုပ်ကြီး
၂။ မစ္စဆိုင်းဖုန်း ဆိရီကိစ်ဂျာခဂျွန် (Ms. Saifon Sirikitjakajorn) — စီမံခန့်ခွဲရေးဌာန အတွင်းရေးမှူး
၃။ မစ္စသီဝါဖုန်း ဝါနစ်ချ် (Ms. Thiwaporn Wanich) — လမ်းညွှန်အကြံပေး ဆရာမ (နောက်ဆုံးစက္ကန့်အထိ တပည့်များ၏ အကြံပေးဆရာမအဖြစ် တာဝန်ကျေပွန်ခဲ့သူ)
၄။ မစ္စဖရာဖာဖုန်း ကုန်းဆိလာ (Ms. Prapaporn Konsila) — သင်္ချာဆရာမ
၅။ မစ္စနန်ချနတ်ဖုန်း နာ့ခ်ဖလန်း (Acting Sub.Lt. Nanchanatporn Nakplang) — ထိုင်းစာဆရာမ (ကျောင်းသူဟောင်းတစ်ဦးဖြစ်ပြီး အားလုံးချစ်ခင်ရသည့် ဆရာမအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သူ)
🩹 ဒဏ်ရာရရှိသူ ၂ ဦး မှာ
၁။ မစ္စဆိုရေန်ရတ် နိလ်ဖက (Ms. Sarinrak Nilpaka) — သင်္ချာဆရာမ
၂။ မစ္စဝရာလီ ဆန်ဖခစ်ချန်းချိုင်း (Ms. Waralee Sappakitchanchai) — သိပ္ပံဆရာမ (ဆရာ/မများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှူး)

ကွယ်လွန်သူများအတွက် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ဒဏ်ရာရရှိသူများနှင့် မိသားစုဝင်များအားလုံးအတွက် စိတ်ဓာတ်ခွန်အားများ ပေးပို့အပ်ပါသည်။




🕯️ 🕊️ 🇹🇭 **แสดงความอาลัยและรำลึกถึงผู้เสียชีวิต 5 ราย และผู้ได้รับบาดเจ็บ 2 ราย จากเหตุกราดยิงภายในโรงเรียนเด็บศิรินทร์นนทบุรี**

**นนทบุรี – 7 สิงหาคม 2569** : มูลนิธิ Spring Bridge และโรงเรียน Spring Bridge High School ขอแสดงความเสียใจอย่างสุดซึ้งต่อการสูญเสียชีวิตและการบาดเจ็บจากเหตุการณ์กราดยิงอันน่าสลดใจที่เกิดขึ้นภายในโรงเรียนเด็บศิรินทร์นนทบุรี จังหวัดนนทบุรี เมื่อวันที่ 7 สิงหาคม 2569

🕊️ **ผู้เสียชีวิต 5 ราย ได้แก่**

1. **นายกิตติพงศ์ สมรัตน์ (Mr. Kittipong Somrat)**
รองผู้อำนวยการฝ่ายวินัย

2. **นางสาวสายฝน ศิริกิจจการจร (Ms. Saifon Sirikitjakajorn)**
เลขานุการฝ่ายบริหาร

3. **นางสาวทิวาพร วานิช (Ms. Thiwaporn Wanich)**
ครูแนะแนว ผู้ปฏิบัติหน้าที่ดูแลและให้คำปรึกษาแก่นักเรียนจนถึงวินาทีสุดท้าย

4. **นางสาวประภาพร กองศิลา (Ms. Prapaporn Konsila)**
ครูคณิตศาสตร์

5. **ว่าที่ร้อยตรีหญิง นันชนาภรณ์ นาคแปลง (Acting Sub.Lt. Nanchanatporn Nakplang)**
ครูภาษาไทย อดีตศิษย์เก่าของโรงเรียนที่กลับมารับใช้สถาบันในฐานะครูผู้เป็นที่รักของทุกคน

🩹 **ผู้ได้รับบาดเจ็บ 2 ราย ได้แก่**

1. **นางสาวสรินรักษ์ นิลภากา (Ms. Sarinrak Nilpaka)**
ครูคณิตศาสตร์

2. **นางสาววราลี ทรัพย์กิจจันทร์ชัย (Ms. Waralee Sappakitchanchai)**
ครูวิทยาศาสตร์ และหัวหน้าฝ่ายพัฒนาบุคลากรครู

ขอร่วมไว้อาลัยอย่างสุดซึ้งต่อผู้วายชนม์ทุกท่าน และขอส่งกำลังใจไปยังผู้ได้รับบาดเจ็บ ครอบครัวของผู้สูญเสีย ตลอดจนคณะครู นักเรียน และบุคลากรทุกคนที่ได้รับผลกระทบจากเหตุการณ์อันเศร้าสลดครั้งนี้




🕯️ 🕊️ 🇹🇭 In Loving Memory of the 5 Victims and 2 Injured Individuals in the Debsirin Nonthaburi School Shooting
Nonthaburi – August 7, 2026: The Spring Bridge Foundation and Spring Bridge High School express our deepest sorrow and heartfelt condolences for those who lost their lives and those who were injured in the tragic shooting incident that occurred at Debsirin Nonthaburi School in Nonthaburi Province on August 7, 2026.
🕊️ The 5 deceased victims are:
1.Mr. Kittipong Somrat
Deputy Principal for Student Discipline Affairs
2.Ms. Saifon Sirikitjakajorn
Administrative Secretary
3.Ms. Thiwaporn Wanich
Guidance Counselor and Teacher, who faithfully fulfilled her duty of caring for and counseling students until her final moments
4.Ms. Prapaporn Konsila
Mathematics Teacher
5.Acting Sub-Lt. Nanchanatporn Nakplang
Thai Language Teacher, a former student of the school who returned to serve her alma mater and was beloved by all
🩹 The 2 injured individuals are:
1.Ms. Sarinrak Nilpaka
Mathematics Teacher
2.Ms. Waralee Sappakitchanchai
Science Teacher and Head of Teacher Development Department
We join in mourning the loss of those who passed away and extend our heartfelt support and strength to the injured individuals, their families, and all those affected by this heartbreaking tragedy.

28/07/2026

ယနေ့ ဇူလိုင် ၂၈ ရက်သည် 🇹🇭 ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း (Rama X) ၏ ၇၄ နှစ်ပြည့်မွေးနေ့ရက်မြတ်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အမျိုးသားအားလပ်ရက်လည်း ဖြစ်ပါသည်။ ကျန်ုပ်တို့ကျောင်းများကိုပိတ်ပေးခြင်းဖြင့် ထိုင်းဘုရင်ကြီး၏မွေးနေ့မင်္ဂလာကို အလေးအမြတ်ပြုအပ်ပါသည်။

Photos from Spring Bridge Education's post 05/07/2026

#ရုပ်တုကိုဖျက်နိုင်တယ်
#ဒါပေမယ့်သမိုင်းကိုတော့ဘယ်တော့မှမဖျက်နိုင်ဘူး

ကြေးရုပ်တုကို ဖြိုချလိုက်ရုံနဲ့ အာဇာနည်တစ်ဦးရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာ ပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်ဆိုရင်… အဲဒါဟာ သမိုင်းကို မသိခြင်း၊ ပြည်သူ့နှလုံးသားကို နားမလည်ခြင်းသာ ဖြစ်ပါတယ်။

ရုပ်တုဆိုတာ သတ္တုနဲ့ ထုလုပ်ထားတဲ့ အမှတ်တရတစ်ခုသာ ဖြစ်တယ်။
ဒါပေမယ့် အမှန်တရား... စွန့်လွှတ်အနစ်နာခံမှုနဲ့ ပြည်သူတွေရဲ့ လေးစားယုံကြည်မှုကိုတော့ ဘယ်အင်အားကမှ မဖြိုချနိုင်၊ ဘယ်လက်နက်ကမှ မဖျက်ဆီးနိုင်ဘူး။

သမိုင်းကို အမိန့်နဲ့ ရေးလို့မရဘူး။
အမှန်တရားကို အာဏာနဲ့ ဖျောက်လို့မရဘူး။
ပြည်သူတွေရဲ့ မှတ်ဉာဏ်ကို အကြောက်တရားနဲ့ ဖျက်လို့မရဘူး။

အာဏာရှင်တိုင်းက သူတို့နဲ့ မတူတဲ့ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ကြတယ်။
ဒါပေမယ့် အဆုံးမှာ ပျောက်ကွယ်သွားတာက အာဏာရှင်တွေရဲ့ အမည်သာဖြစ်ပြီး…
ကျန်ရစ်တာက ပြည်သူလေးစားတဲ့ သူရဲကောင်းတွေရဲ့ ဂုဏ်သိက္ခာနဲ့ သမိုင်းပဲ
ဖြစ်တယ်။

ပြည်သူတွေရဲ့ ရင်ထဲမှာ နေရာယူထားတဲ့သူကို ကြေးရုပ်ဖျက်ပြီး ဖယ်ရှားလို့ မရဘူး။

ငါတို့အတွက် “ဗိုလ်ချုပ်” လို့ ဆိုလိုက်တာနဲ့ အဓိပ္ပာယ်က ရှင်းတယ်။

နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ခဲ့သူ။
လွတ်လပ်ရေးအတွက် အသက်ပေးခဲ့သူ။
ပြည်သူ့အနာဂတ်အတွက် အိပ်မက်မက်ခဲ့သူ။

အဲဒီအမည်က…
ဗိုလ်ချုပ်အောင်ဆန်း။

ရုပ်တုတွေကို ဖျက်နိုင်တယ်။
သမိုင်းကိုတော့ မဖျက်နိုင်ဘူး။

ပြည်သူတွေရဲ့ နှလုံးသားထဲက ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း…
ဘယ်အာဏာ၊ ဘယ်လက်နက်၊ ဘယ်ပါဝါနဲ့မှ ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။

“သမိုင်းကို အာဏာနဲ့ မရေးနိုင်ဘူး။
ပြည်သူကပဲ ရေးတယ်။”

#ဗိုလ်ချုပ်အောင်ဆန်း
#အာဇာနည်
#သမိုင်းကိုမဖျက်နိုင်

04/07/2026

Spring Bridge High School မှာ အထက်တန်းများ (၁၀တန်း၊၁၁တန်း၊၁၂တန်း)များမှာ လူမှုရေးသိပ္ပံ Social Studies ဘာသာရပ်များကိုသင်ပါတယ်။အ‌မေရိကန် GED သင်ရိုးအတိုင်း အင်္ဂလိပ်ဘာသာနဲ့ အပြည့်သင်တာပါ။
ဒီလို သမိုင်းဆိုင်ရာ Documentary movie လေးတွေ ပြပါတယ်။

https://www.facebook.com/share/v/18ea8kMsZP/

23/06/2026

Than 6.3 Million Children Out of School

*ISP Situation Brief 2026*
*SB2026-01 | June 23, 2026*

At the opening of the 2026–2027 academic year, more than 6.3 million school-age children remain out of school and are deprived of access to basic education for a variety of reasons. Myanmar’s education system is not only unable to aspire toward quality education, but is currently facing a severe crisis even in terms of access to basic education.

---

In the aftermath of the military coup and amid ongoing conflict in Myanmar, access to basic education for school-age children continues to be critically constrained. In the 2026–2027 academic year, total enrollment in basic education stands at only 6.7 million students—an increase of approximately 600,000 compared to the previous year (see ISP Data Matter 48/2026 [ISP-DM2026-048]). However, based on estimates derived from the 2019 and 2024 census data, the total population of school-age children who should be receiving basic education is approximately 13 million. This indicates that, within a single academic year, more than 6.3 million children have been excluded from basic education.

Furthermore, participation in the university entrance examination—a critical gateway to higher education—has declined dramatically. While over 900,000 candidates sat for the exam in 2020, the number has dropped to approximately 250,000 in 2026.

Beginning in the 2026 academic year, government schools have introduced placement tests with age restrictions. However, these restrictions apply only up to age 15 and primarily target primary and lower secondary education. As a result, older students wishing to resume their studies at the upper secondary level face significant barriers. Additionally, internally displaced students encounter difficulties enrolling in schools due to the lack of school-leaving certificates or the inability to obtain transfer documents.

Economic hardship further exacerbates the crisis. With rising inflation and declining household incomes, many working-class families struggle to afford even basic school supplies such as notebooks and pencils. On the policy front, the State Administration Council (SAC) under Senior General Min Aung Hlaing has pledged to increase education spending. In the 2024–2025 fiscal year, education expenditure accounted for 6.03% of the national budget, and it is projected to rise to 6.92% in 2026–2027. Plans have also been announced to increase education spending by no less than 10% in the upcoming fiscal year and to reach 20% within five years of the administration’s tenure. Nevertheless, it is noteworthy that current spending has yet to recover to the 8.07% allocation recorded in the 2020–2021 fiscal year.

Various stakeholders involved in the conflict have attempted to provide alternative education through diverse approaches. However, these efforts are constrained by security conditions and limited infrastructure, preventing large-scale implementation. The National Unity Government (NUG)’s interim education programs have also yet to achieve universal accessibility. According to NUG reports, 727,860 students were enrolled in ground-based schools in the 2023–2024 academic year, although updated figures for 2026–2027 are not yet available.

Similarly, the Ta’ang Land Education Council (TLEC) reported that it served nearly 70,000 students in the 2024–2025 academic year. However, due to military offensives, territorial recapture operations, and aerial bombardment by the Myanmar military, approximately 200 schools have been closed in the 2026–2027 academic year, with enrollment declining to around 50,000 students (see ISP Data Matter 49/2026 [ISP-DM2026-049]).

Myanmar’s education system is unlikely to return to its pre-coup condition in the near term. A growing number of students are leaving school due to economic necessity—whether to support their families, because they cannot afford educational expenses, due to displacement caused by armed conflict, or to seek employment abroad.

At a Union Government meeting held on June 9, Senior General Min Aung Hlaing stated that “in order to achieve a high-quality education system, both physical infrastructure and effective, systematic teaching must be ensured.” However, despite such statements, there has been little evidence of concrete and robust policy initiatives aimed at meaningful education reform.

In conclusion, Myanmar’s education system is not only far from achieving quality education but is currently experiencing a profound crisis in ensuring even basic access to education.

----------------------
"ကျောင်းပရ၀ဏ်ကို စွန့်ခွာရသူ ၆ ဒသမ ၃ သန်းကျော် ရှိနေ"

ISP Situation Brief 2026
SB2026-01 | June 23, 2026 တွင်တင်ထားတဲ့ မူရင်းဆောင်းပါးပါ။

(အချက်အလက် အကျိုးအကြောင်းဖော်ပြချက်တွေကြည့်လို့ရတာပေါ့။ သေချာတာက ကျရှုံးနိုင်ငံတစ်ခုမှာ ကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့အနာဂတ် မှေးမှိန်ပျောက်ဆုံးနေရတာပါပဲ။)
-----------------------

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပရဝဏ်ကို စွန့်ခွာပြီး အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော် ရှိနေဆဲဖြစ်သည်။ မြန်မာ့ပညာရေးသည် အဆင့်မီပညာရေးကို မမျှော်မှန်းနိုင်သည့်အပြင် အခြေခံပညာရေးလက်လှမ်းမီမှုမှာပင် အကျပ်အတည်းဖြစ်နေပါသည်။

__________________________

အာဏာသိမ်းမှုအလွန် မြန်မာ့ပဋိပက္ခအကြား ကျောင်းနေအရွယ်ကလေးတွေရဲ့ အခြေခံပညာ သင်ယူခွင့်ဟာ အကျပ်အတည်းဖြစ်နေတုန်းပါပဲ။ အခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၇ သန်းပဲ ရှိခဲ့ပါတယ်။ မနှစ်ကထက် ခြောက်သိန်းဝန်းကျင်ပဲ တိုးခဲ့ပါတယ် [ISP ဒေတာအချက်အလက် ၄၈/၂၀၂၆ (ISP-DM2026- 048) ကိုရှုပါ]။ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်တွေနဲ့ ခန့်မှန်းတွက်ချက်ရင် အခြေခံပညာသင်ယူရမယ့် ကျောင်းနေအရွယ်ဦးရေဟာ ၁၃ သန်းဝန်းကျင် ရှိရပါလိမ့်မယ်။ ဒါကြောင့် ပညာသင်နှစ် တနှစ်တည်းမှာတင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူ ၆ ဒသမ ၃ သန်းကျော် ရှိခဲ့ပါတယ်။ အဆင့်မြင့်ပညာသင်ယူနိုင်ဖို့ အရေးကြီးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူဦးရေကလည်း ၂၀၂၀ ပြည့်နှစ်မှာ ကိုးသိန်းကျော် ရှိခဲ့ပေမဲ့ အခု ၂၀၂၆ ခုနှစ်မှာတော့ နှစ်သိန်းခွဲဝန်းကျင်ပဲ ရှိပါတော့တယ်။

အခု ၂၀၂၆ ခုနှစ် ပညာသင်နှစ်ကစလို့ အစိုးရကျောင်းတွေမှာ အတန်းဝင်ခွင့်စာမေးပွဲ (placement test) တွေကို အသက်ကန့်သတ်ချက်နဲ့ လုပ်လာပါတယ်။ ဒါပေမဲ့ အသက် ၁၅ နှစ်အထိပဲ ကန့်သတ်ထားပြီး မူလတန်းနဲ့ အလယ်တန်းကို အဓိကရည်ရွယ်ထားတာကြောင့် အထက်တန်းအရွယ် ကျောင်းပြန်တက်ချင်သူတွေမှာ အကျပ်ဆိုက်နေရပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်ရင်း တခြားဒေသကိုရောက်လာတဲ့ ကျောင်းသူ/ကျောင်းသားတွေဆိုရင် ကျောင်းထွက်လက်မှတ်မရှိတာ၊ ကျောင်းပြောင်းလက်မှတ် ထုတ်မရနိုင်တာတွေကြောင့် ကျောင်းမအပ်နိုင်ဘဲ အခက်အခဲဖြစ်နေကြရပါတယ်။ ကုန်စျေးနှုန်းကြီးပြီး ဝင်ငွေနည်းပါးတာတွေကြောင့် လက်လုပ်လက်စား မိသားစုတွေဆိုရင် ဗလာစာအုပ်နဲ့ ခဲတံဝယ်ဖို့တောင် မတတ်နိုင်ပါဘူး။ တဖက်မှာလည်း ဦးမင်းအောင်လှိုင်အစိုးရဟာ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်ပိုသုံးမယ်လို့ ပြောထားပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၆ ဒသမ ၀၃ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍအတွက် သုံးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၉၂ ရာခိုင်နှုန်း သုံးမယ်လို့ ဆိုပါတယ်။ လာမယ့်ဘဏ္ဍာနှစ်မှာတော့ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးသုံးပြီး သူ တာဝန်ယူမယ့် ငါးနှစ်အတွင်း ၂၀ ရာခိုင်နှုန်းအထိ ရောက်အောင် တိုးသွားမယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမဲ့ ပညာရေးကဏ္ဍအတွက် လက်ရှိသုံးစွဲမှုဟာ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ သုံးစွဲခဲ့တဲ့ ၈ ဒသမ ၀၇ ရာခိုင်နှုန်းကိုတောင် ပြန်မရောက်သေးတာ သတိပြုစရာပါပဲ။

ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အသီးသီးကလည်း အစားထိုးပညာရေးအတွက် နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ စစ်ရေးအခြေအနေ၊ အခြေခံအဆောက်အအုံ လိုအပ်ချက် စတာတွေကြောင့် အကန့်အသတ်တွေရှိနေပြီး အင်တိုက်အားတိုက် မလုပ်နိုင်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေးအစီအမံတွေကလည်း ကလေးတိုင်း လက်လှမ်းမီနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသူ/ကျောင်းသား ၇၂၇,၈၆၀ ဦးကို မြေပြင်ကျောင်းတွေမှာ ပညာသင်ပေးနေကြောင်း NUG က ဆိုထားပါတယ်။ ဒါပေမဲ့ ဒီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်တော့ မသိရသေးပါဘူး။ တအာင်းပြည် ပညာရေးကောင်စီ (TLEC) ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းသူ/ကျောင်းသား ၇၀,၀၀၀ နီးပါးကို ပညာသင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်က မြို့တွေပြန်သိမ်းတာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်မှာတော့ စာသင်ကျောင်း ၂၀၀ ဝန်းကျင် ပိတ်လိုက်ရသလို ကျောင်းအပ်နှံတဲ့အရေအတွက်ကလည်း ၅၀,၀၀၀ ဝန်းကျင်ပဲ ရှိပါတော့တယ် [ISP ဒေတာအချက်အလက် ၄၉/၂၀၂၆ (ISP-DM2026-049)ကိုရှုပါ]။

မြန်မာ့ပညာရေးဟာ အာဏာမသိမ်းခင်ကာလကလို ပြန်ဖြစ်ဖို့ ခက်နေဦးမှာပါ။ စီးပွားရေးအဆင်မပြေလို့ အိမ်ကိုကူဖို့ ကျောင်းကို စွန့်ခွာရသူ၊ ကျောင်းစရိတ် မတတ်နိုင်လို့ ကျောင်းကိုစွန့်ခွာရသူ၊ စစ်ဘေးပဋိပက္ခကြောင့် ကျောင်းကို စွန့်ခွာရသူ၊ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ကျောင်းကို စွန့်ခွာရသူ စသည်ဖြင့်လည်း အများအပြား ရှိနေပါတယ်။ ‘အဆင့်မီတဲ့ပညာရေးစနစ်ကို ဆောင်ရွက်ရာမှာ ရုပ်ပိုင်းဆိုင်ရာတွေ စနစ်တကျဖြစ်ဖို့ လိုအပ်သလို သင်ကြားရေးပိုင်းကိုလည်း စနစ်တကျနဲ့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ လိုတယ်’ လို့ ဦးမင်းအောင်လှိုင်က ဇွန် ၉ ရက်မှာ လုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ အပြောသာရှိပြီး ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအတွက် ခိုင်မာတဲ့အစီအမံတွေတော့ မမြင်ရသေးပါဘူး။ မြန်မာ့ပညာရေးက အဆင့်မီပညာရေး (quality education) ကို မမျှော်မှန်းနိုင်တဲ့အပြင် အခြေခံပညာရေးလက်လှမ်းမီမှု (access to basic education) မှာတင် အကျပ်အတည်း ဖြစ်နေပါတယ်။

ISP

22/06/2026

#‌မောင်ကျောင်းသားတို့သိပါသလား

မြန်မာကျောင်းသင်ခန်းစာမှာလူတိုင်းသင်ကြားဖူးတဲ့ ဂရိနိုင်ငံက သင်္ချာပညာရှင် နက္ခတ်ပညာရှင် အတွေးအခေါ်ပညာရှင်ကြီး ပိုက်သာဂိုရ ဟာ ဂေါတမဗုဒ္ဓလက်ထက်မှာ ခေတ်ပြိုင်ပေါ်ထွန်းခဲ့တယ်ဆိုတာ သိပါသလား။

မြန်မာကျောင်းသင်ခန်းစာမှာ သင်ကြားခဲ့ရတဲ့ တရုတ်တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ဟာ ဂေါတမဗုဒ္ဓ နဲ့အရွယ် အတူတူဖြစ်ကာ တစ်ခေတ်ထဲ ပေါ်ပေါက်လာတယ်ဆိုတာ သိပါသလား။

ကျောင်းသင်ခန်းစာ စာပေထဲမှာလူတိုင်သင်ကြားဖူးတဲ့ တရုတ်တွေးခေါ်ပညာရှိကြီး လောင်ဇူဟာ ဂေါတမဗုဒ္ဓ သက်ရှိထင်ရှားရှိစဥ် (life time)မှာ ပေါ်ထွန်းမွေးဖွားခဲ့တယ်ဆိုတာ သိပါသလား။

အီစွပ်ပုံပြင်တွေကို တီထွင်ခဲ့တဲ့ ကမ္ဘာကျော် Aesop ဆိုတဲ့လူဟာ ဂေါတမဗုဒ္ဓ နဲ့ တစ်ချိန်တည်း ဂရိနိုင်ငံမှာမွေးဖွားခဲ့တယ်ဆိုတာ သိပါသလား။

ယနေ့ခေတ်ကမ္ဘာနိုင်ငံတိုင်းရဲ့စစ်တက္ကသိုလ်တိုင်းမှာ စစ်သေနင်္ဂဗျူဟာကျမ်းကို သင်ကြားနေရတဲ့ ကျမ်းပြုရေးသားသူတရုတ်စစ်ပါရဂူပညာရှိကြီး ဆွန်ဇူဆိုတာ ဂေါတမဗုဒ္ဓ အသက်ရှိစဥ်ကာလမှာပဲ တရုတ်ပြည်မှာမွေးဖွားခဲ့တယ်ဆိုတာ သိပါသလား။

မြန်မာနိုင်ငံကလူ ၁၀၀ မှာ ၉၉ ယောက်လောက်က စာသင်ကျောင်းသင်ခန်းစာထဲမှာ ကိုယ်တိုင်သင်ကြားခဲ့ရတဲ့ အဆိုပါ ဂေါတမဗုဒ္ဓ၊ ပိုက်သာဂိုရ၊ ကွန်ဖြူးရှပ်၊ လောင်ဇူ၊ အီစွပ်၊ ဆွန်ဇူးတို့ဟာ အသက်ရွယ်အတူတူ/မတိမ်းမယိမ်း (နိုင်ငံကွဲ) တစ်ခေတ်ထဲမွေးပြီး ''လူ'' ဖြစ်လာကြတာလို့ဆိုတာကို ဘယ်သူမှ မသိကြဘူး။

ဒါဟာဘာလို့လဲဆိုရင် ဂေါတမဗုဒ္ဓနောက် နှစ်ပေါင်း ၈၀၀ ခန့်အကြာမှာရေးသားခဲ့တဲ့ သီရိလင်္ကာနိုင်ငံက ထေရအဋ္ဌကထာ ဋီကာတွေရဲ့ စိတ်ကူးယဥ် အလွန်ကြူး မြှောက်ပင့်ရေးသားမှုနှင့်အတူ '' ဂေါတမဘုရားလို့ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် ရှေးရှေးနှစ်ပေါင်းများစွာအကြာကပေါက်ပေါက်လာခဲ့တဲ့မဟာဂန္ဓဝင်အဖြစ်ပျက်ကြီးလိုလို၊ ဂမ္ဘီရဆန် မှော်ဆန်တဲ့ ''တကယ်မရှိခဲ့တဲ့ နတ် နဂါးဂဠုန်ခေတ် ''က ဒဏ္ဍာရီလာအဖြစ်ပျက်ကြီးလိုလို၊ မှော်ဝင်သိဒ္ဓိ ကာလကြီးမှာပေါက်ပေါက်ခဲ့တဲ့ ရာဇဝင်ကာလလိုလိုရေးသားခဲ့မှုတွေဟာ တကယ့်လက်တွေ့မြေပြင် အရှိတရား ခေတ်ပြိုင်ပုဂ္ဂိုလ်တွေ ကမ္ဘာ့သမိုင်း​တွေ နဲ့ကင်းကွာကာ အပေါ်က ကမ္ဘာကျော် လူပုဂ္ဂိုလ် (၅)ဦးထက်စောပြီးပေါ်ခဲ့တဲ့ဆိုတဲ့အထင် ဘုရားတကယ်မဟောကြားခဲ့သည့် ''မဟာဗုဒ္ဓဝင် စသည့် ငါးရာ့ငါးဆယ့် စိတ်ကူးယဥ်ဇာတ်ဝတ္ထု '' တွေရဲ့ Brain Wash ခံခဲ့ရတာဖြစ်ပါတယ်။

နောက်ထပ် ဂေါတမဗုဒ္ဓ ထက် စောမွေးပြီး သောပေါ်ပေါက်ခဲ့တဲ့အဖြစ်ပျက်တွေကတော့....

မြန်မာစာသင်ကျောင်းက သမိုင်းဘာသာမှာသင်ကြားခဲ့တဲ့ မက်ဆိုပြုတေးမီးယမ်ကိုဓဥပဒေကို ပြဌာန်းခဲ့သော ဟမ်မူရာဘီဘုရင်ကြီးဟာ ဂေါတမဗုဒ္ဓ ထက် အသက် ၁၀၀၀ စောမွေးပြီး အဲ့ဒီဘုရင်ကြီးက အသက်ပိုကြီးတယ်ဆိုတာ သိပါသလား။

အစ္စရေးဂျေရုစလင်က ဆော်လမွန်ဘုရင်ကြီးဆိုတာ ဂေါတမဗုဒ္ဓ ထက် နှစ် ၄၀၀ စောပြီးမွေးခဲ့တယ်ဆိုတာ သိပါသလား။

အီဂျစ်နိုင်ငံက ပိရမစ်တွေနဲ့ ၎င်းတို့ရဲ့မူလပိုင်ရှင် ဖာရိုဘုရင်မင်းဆက်တွေဟာ ဂေါတမဗုဒ္ဓ ထက် အသက် ၂၀၀၀ ကျော်ပိုကြီးတယ်ဆိုတာ သိပါသလား။

ယနေ့ခေတ်သင်ကြည့်ဖူးတဲ့ ရောမဇာတ်ကား အများစု ဆိုတာ ဂေါတမဗုဒ္ဓ လက်ထက်တော်အခါက ပါရှားဘုရင် Cyrus The Great နဲ့ ရောမ အေသင် စပါတာ တို့စစ်ဖြစ်တုန်းက အဖြစ်မှန်သမိုင်းကိုပြန်ရိုက်ထားတယ်ဆိုတာ သိပါသလား။

Troy ထရိုဂျန်စစ်ပွဲ လို့သင်ကြည့်ခဲ့တဲ့ ရောမဇာတ်ကားဟာ ဂေါတမဗုဒ္ဓ မမွေးမှီ နှစ် ၆၀၀ ဝန်းကျင်အခါက ဂရိစပါတာဘုရင် မန်နိလပ်ရဲ့မိန်းမကို ပဲရစ်မင်းသားခိုးယူခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတယ်ဆိုတာ သိပါသလား။

ကမ္ဘာကျော် ကဗျာဆရာကြီး ဟိုးမား(Homer) ဟာ ဂရိနိုင်ငံမှာ ဂေါတမဗုဒ္ဓထက် နှစ် ၄၀၀ ဝန်းကျင်စောမွေးဖွားခဲ့တယ်ဆိုတာ သိပါသလား။

နောက်ထပ်လည်း ဂေါတမဗုဒ္ဓ ထက်စောမွေးပြီး နံမည်ကျော်ခဲ့တဲ့ တိုင်းတစ်ပါးနိုင်ငံခြားက လူပုဂ္ဂိုလ်အဖြစ်ပျက်များစွာရှိပါသေးတယ်။

ဆိုတော့ ဂေါတမဗုဒ္ဓ ကို သူနှင့် ခေတ်ပြိုင် သူအသက်ရှိစဥ်ကာလက ကမ္ဘာ့သမိုင်းလူပုဂ္ဂိုလ်အကျော်မော်တွေ သမိုင်းဖြစ်ရပ်တွေနဲ့ ယှဥ်စဥ်းစားတွေးခေါ်ကြည့်ရင် တကယ်မရှိခဲ့တဲ့ ခေတ်က နတ် နဂါး ဂဠုန် ဆိုတဲ့ အထူးဆန်းကောင်တွေ နဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ပြည်နယ်ခွဲအသေးလေးရဲ့တိုင်းနိုင်ငံလေးအဆင့်ကပေါ်ပေါက်ခဲ့တဲ့ ဂေါတမဗုဒ္ဓ ဆိုတဲ့ ယနေ့ခေတ်Moviesတွေထဲက Superhero ဇာတ်ကောင်တွေများနည်းတူ ပြခဲ့တဲ့ ရေမီးအစုံ တန်းခိုးတော်အဖြာဖြာဟာ တကယ်ပင်ရှိခဲ့သလားဆိုတာ ဖြစ်နိုင်သလားဆိုတာ ...စဥ်းစားချင့်ချိန်ပီးမှ ယုံကြည်သင့်ပြီး တကယ်ရှိခဲ့တဲ့ ဂေါတမဟောကြားသော သန့်စင်သော မွန်မြတ်သော ကျင့်သုံးအပ်သော လိုက်နာအပ်သော အဆုံးမနည်းနာတွေကိုသာ ခံယူပီး ကျင့်ကြံအပ်သော တရားဒေသနာတော်တွေကိုသာ လက်တွေ့ကျကျ လေ့လာနိုင်စေရန် တိုက်တွန်းအပ်ပါသည်။

ယခုပိုစ့်ဟာ‌ဗုဒ္ဓဘာသာဝင်ဟုမိမိကိုယ်မိမိယုံကြည်လက်ခံထားသူများက ဗုဒ္ဓရဲ့စစ်မှန်ပြီးလိုက်နာကျင့်သုံးအပ်တဲ့ အဆုံးမအကျင့်အကြံတရားတွေကိုသာ လိုက်နာကျင့်သုံးကြပြီး နတ်ပြည်နဲ့မြှောက်ငရဲပြည်နဲ့ခြောက်ကြသူတွေရဲ့ brain wash အစွဲပြုတ်ကျဖို့ရေးသားရခြင်းသာ ဖြစ်ပါသည်။

17/06/2026

GED အောင်တဲ့ လက်မှတ်နဲ့ နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးအများစုက လက်ခံလေ့ မရှိပါဘူး။ GED က သင်ရိုးက နိုင်ငံတကာ အထက်တန်းအဆင့် Secondary Education လောက် မကျယ်ပြန့် မပြည့်စုံသလို ဘာသာရပ်ကလည်း ၄ခုထဲပဲရှိပါတယ်။ သင်္ချာဆိုရင် မြန်မာပြည်က အလယ်တန်းအဆင့်နဲ့သာညီပါတယ်။ အထက်တန်း အောက်ဆင့် secondary junior နဲ့ပဲညီတဲ့အတွက်နိုင်ငံတကာ တက္ကသိုလ်‌ ကောလိပ်တွေလျှောက်ထားရာမှာ IGCSE အောင်သူတွေနဲ့ယှဉ်ရင် နောက်တန်းကသာနေရလေ့ရှိပါတယ်။ အများအားဖြင့်အပယ်ခံဖြစ်သွားတတ်ပါတယ်။ အများကြိုက်လေ့မရှိတဲ့သာမန်တက္ကသိုလ်တွေနဲ့ သက်မွေးပညာကောလိပ်တွေကိုသာ GED သမားတွေ ရလေ့ရှိပါတယ်။ သို့သော် ဈေးသက်သာပြီး အချိန်နဲ့ငွေ အရင်းအနှီးနည်းနည်းနဲ့ ဖြေလို့ရတာမို့ ခုလိုခေတ်ကြပ်ထဲမှာ GED ကျောင်းသားတွေ များနေတာဖြစ်ပါတယ်။

ခုလို ကျောင်းဖွင့်ရာသီမှာ ကလေးတွေနဲ့ မိဘတွေက IGCSE ကို လာမေးလာကြလို့ နည်းနည်းရှင်းပြလိုက်ပါတယ်။IGCSE စာမေးပွဲဘုတ်ကြီး ၄ ခုတောင် UKမှာ အပြိုင်ရှိပြီး Oxford GCSE နဲ့ London GCSE ထက် Cambridge IGCSE နဲ့ Pearson Edexel IGCSE က လူကြိုက်များပါတယ်။

ပိုလွယ်တဲ့ Pearson Edexel IGCSE ကို မြန်မာကလေးအများစုဖြေကြပါတယ်။ဒါကြောင့် Pearson Edexel IGCSE အကြောင်း အရင်မိတ်ဆက်ပေးပါမယ်။

Pearson Edexel IGCSE (International GCSE) မှာ သိပ္ပံ၊ သင်္ချာ၊ အင်္ဂလိပ်ဘာသာရပ်တွေကို သင်ရိုး (syllabus) နဲ့ စာမေးပွဲ Paper ပုံစံတွေကို အောက်ပါအတိုင်း လေ့လာသိရှိနိုင်ပါတယ်။

1. သင်္ချာ (Mathematics – Edexcel IGCSE Maths A)
✅ သင်ရိုးအကြောင်း
အခြေခံကို အောက်ပါအပိုင်းများပါရှိပါတယ်။
- Number (ကိန်းဂဏန်း)
- Algebra (အက္ခရာသင်္ချာ)
- Geometry & Trigonometry
- Statistics & Probability

✅ Exam Papers
- Paper 1 (Non-calculator)
- Paper 2 (Calculator)

စုစုပေါင်း စာမေးပွဲမေးခွန်းလွှာ 2 Papers ဖြေရတယ်။
- Paper နှစ်ခုလုံးကို များသောအားဖြင့် 2 hours စီ ဖြေရလေ့ရှိပါတယ်။
- Weighting 50% + 50%

---

2. သိပ္ပံဘာသာရပ်များ (Sciences)

Edexcel IGCSE မှာ သိပ္ပံကို ၂ ပုံစံရှိပါတယ်။

✅ (A) Separate Sciences (Physics, Chemistry, Biology ခွဲပြီးယူ၊ သီးခြားဖြေရတယ်)

Physics / Chemistry / Biology ဘာသာရပ်တစ်ခုချင်းစီ
- Paper 1
- Paper 2

Subject တစ်ခုစီကို 2 Papers
Total = 3 subjects × 2 papers = 6 Papers ဖြေရပါမယ်။

---

✅ (B) Combined Science (Double Award)

အတူတကွ သင်မယ်ဆိုရင်—

- Paper 1
- Paper 2

2 Papers (Combined)
Result = Double Award (science 2 grades)

---

3. အင်္ဂလိပ်စာဘာသာ (English Language)

✅ Edexcel IGCSE English Language A / B

# #
- Paper 1: Reading + Writing
- Paper 2: Writing + Grammar/Comprehension

စုစုပေါင်း 2 Papers

(တချို့ schools တွင် coursework ပါနိုင်တယ်။
---

✅ အထွေထွေ သတိထားရန်
- Exam တစ်ခုချင်းမှာ short questions + long questions mix ပါတတ်တယ်။
- Practical-based questions (especially science) ပါတတ်တယ်။
- Writing skills (English) အရေးကြီးတယ်။

---
အခြေခံ၅ဘာသာအပြင် ပိုထူးချွန်ပြီး Scholarship မျှော်မှန်းတဲ့ကလေးတွေက Maths B နဲ့ Human Biology ဘာသာများကို ထပ်ဆောင်းသင်ယူ ဖြေဆိုကြပါတယ်။

Edexcel IGCSE Mathematics Bနဲ့ Human Biologyကို သီးသန့်ရှင်းပြပေးပါမယ်။

---
4. Mathematics B (Edexcel IGCSE Maths B)

✅ သင်ရိုး (Syllabus)
Maths B က Maths A ထက်ပိုပြီး foundation-level + practical maths ကိုအာရုံစိုက်ပါတယ်။

အဓိက Topics တွေကတော့—
- Number
- Percentages, fractions, ratio
- Algebra
- Simple equations, sequences
- Shape & Space (Geometry)**
- Angles, area, volume
- Statistics
- Graphs, averages
- Everyday Maths
- Money, measurement, practical problem solving

Maths B က Maths A ထက် နည်းနည်း လွယ်ကူပြီး life-based problems ပိုများပါတယ်။

✅ Exam Papers
Maths B မှာ

- Paper 1 (Non-calculator)
- Paper 2 (Calculator)

စုစုပေါင်း = 2 Papers ဖြေရပါတယ်။

Duration ဖြေဆိုချိန်
- Paper each ≈ 1 hour 30 mins – 2 hours

# Weightingက
- Paper 1 = 50%
- Paper 2 = 50% ပါ။

✅ Question Style
- Short questions (1–3 marks)
- Medium questions
- Application questions ပါ

---

5. Human Biology (Edexcel IGCSE)

✅ သင်ရိုး (Syllabus)

Human Biology က လူ့ ခန္ဓာဗေဒ Human Anatomy နဲ့ လူ့ဇီဝကမ္မ Human Physiology ကို အထူးထားပြီး study လုပ်တဲ့ subject ဖြစ်ပါတယ်။

Topics များ

- Cells & Organisation
- Cell structure, tissues
- Nutrition
- Digestive system
- Respiration
- Lungs, breathing
- Circulation
- Heart, blood vessels
- Excretion
- Kidneys
- Coordination
- Brain, nervous system, hormones
- Reproduction
- Human reproduction
- Health & Disease
- Nutrition, lifestyle, diseases

General Biology ကဲ့သို့မဟုတ်ပဲ Human body ကို focused လုပ်ထားတဲ့ syllabusပါ။

✅ Exam Papers

Human Biology မှာ—

- Paper 1
- Paper 2
စုစုပေါင်း = 2 Papers ဖြေရပါတယ်။

ဖြေချိန် Durationက
Paper တစ်ခုစီ ≈ 1 hour 45 mins – 2 hours ပါ။

✅ Question Types
- Multiple choice (နည်းနည်း)
- Short answer
- Structured questions
- Diagram labelling
- Explanation questions ပါ။

✅ Key Skills
- Body systems explain လုပ်နိုင်ခြင်း
- Functions & processes ရှင်းနိုင်ခြင်း
- Science terminology သိခြင်း

✅ အရေးကြီးချက်
- Maths B → easier but still need practice
- Human Biology → theory heavy (memorisation + understanding)
- Diagram & explanation questions အရေးကြီး

---
လိုအပ်လို့ ဆက်သွယ်လာရင် Subject တစ်ခုစီအတွက်
syllabus detail
marking scheme
past paper style
တွေကိုလည်း Spring Bridge Education မှ ပညာရှင်များက ရှင်းပြပေးနိုင်ပါတယ်။

ဒါဆို IGCSE ဆိုတာ GED နဲ့ဘယ်လောက်ကွာတယ်ဆိုတာနဲ့ IGCSE သိပ္ပံဘာသာရပ်များဘယ်လိုဖွဲ့စည်းတည်ဆောက်တယ်ဆိုတာ သိလောက်ပြီထင်ပါတယ် ။

( #ဖော်ပြပါသိပ္ပံဘာသာရပ်များအပြင် Computing, Accounting, Economics, English as a Second Language ဘာသာတွေပါ ရွေးချယ်ဖြေဆိုသူတွေလည်းရှိတတ်ပါတယ်။ အခြားရွေးချယ်ဖြေဆိုနိုင်တဲ့ဘာသာတွေလည်း များစွာကျန်ပါသေးတယ်။)

နှစ် 30 ကျော် နိုင်ငံတကာ IGCSE သင်ကြားမှုအတွေ့အကြုံရင့် ပညာရှင်ဆရာကြီးများ သင်ကြားလေ့ကျင့်ပေးနေတဲ့ Spring Bridge Education မှာ IGCSE ဘာသာရပ်များအတွက် Online Learning သို့မဟုတ် On Campus Learning ကြိုက်ရာနည်းလမ်းဖြင့် သင်ယူနိုင်ပါပြီ။

+669 28179593 Telegram or Line or Telephone သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

[email protected]

ต้องการให้โรงเรียนของคุณขึ้นเป็นอันดับหนึ่งในหมวด โรงเรียน ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
63110

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Spring Bridge Education โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok