Move With May
Daily movement, healthy habits & creator life 🌿#MoveWithMay
26/05/2026
ဒီနေ့စံကျောင်းမှာ ဝေယာဝစ္စကူတဲ့အဖွဲ့တွေကို အလှူရှင်က မုန့်ဖိုးလှူသွားတယ်ရှင်..🥰
ကုသိုလ်လည်းရ ဝမ်းလည်းဝ မုန့်ဖိုးလည်းရတော့ ပျော်တာပေါ့နော်…
အလှူရှင်တွေ ကျန်းမာချမ်းသာပါစေ😇🙏
ဘန်ကောက်ဘုန်းကြီးကျောင်းမှာ အလှူလုပ်ချင်ရင်ပဲဖြစ်ဖြစ် ဝေယာဝစ္စကူချင်ရင်ဖြစ်ဖြစ် မေ့ကိုဆက်သွယ်လို့ရပါတယ်..နော်
"ပူလောင်မှုတို့ကို အေးချမ်းမှုဖြင့် အစားထိုးခြင်း"
လောကကြီးမှာ ပူလောင်မှုဆိုတာ
ရှောင်လွှဲလို့မရတဲ့ သဘာဝတရားတစ်ခုပါ။
အဲဒီပူလောင်မှုတွေကိုပဲ အာရုံစိုက်ပြီး
ကိုယ့်စိတ်ကို ပင်ပန်းအောင် ဖက်တွယ်
မထားပါနဲ့။
တကယ်တော့ ပူလောင်မှုတွေကို အတင်းအကျပ်
ပယ်ဖျက်ဖို့ ကြိုးစားနေမယ့်အစား, အဲဒီနေရာမှာ
"အေးချမ်းခြင်း" ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့
အစားထိုးတတ်ဖို့ သင်ယူဖို့က ပိုပြီး အရေးကြီးပါတယ်။
ကိုယ့်ရဲ့ စိတ်အစဉ်ကို ကောင်းတဲ့ အာရုံတွေ
ကုသိုလ်တရားတွေနဲ့သာ ထိန်းကျောင်းနိုင်မယ်ဆိုရင်...
ပြင်ပက ဘယ်လောက်ပဲ ပူလောင်မှုတွေ ဝိုင်းရံနေပါစေ
မိမိရဲ့ အတွင်းစိတ်ကိုတော့ ဘယ်အရာကမှ
ထိခိုက်စေနိုင်မှာ မဟုတ်ပါဘူး။
စိတ်ငြိမ်းချမ်းခြင်းဆိုတာ အရာအားလုံး
ပြေလည်သွားမှ ရတာလည်းမဟုတ်ပါဘူး။
အရာအားလုံး ဖြစ်ပျက်နေတဲ့ကြားက ကိုယ့်စိတ်ကို
အေးချမ်းအောင် ထားတတ်ခြင်းသာလျှင်
စစ်မှန်တဲ့ တန်ဖိုးဖြစ်ပါတယ်။
ဒီနေ့ကစပြီး ပူလောင်မှုတွေကို
အေးချမ်းမှုနဲ့ အစားထိုးရင်း...
ကိုယ့်စိတ်ကို ကိုယ်တိုင် ပျော်ရွှင်အောင်
ဖန်တီးပေးလိုက်ပါ။
For Life
#ကိုယ့်ကိုကိုယ်ချစ်ဖို့
ပူတာကို… ဘန်ကောက်ရယ်..🥹
တစ်နေကုန်အကောင်း ညကျကောင်းကောင်းအိပ်မပျော်တော့မှ ဪ..ငါရောဂါသည်ပါလား လို့သတိရတယ်🥹
စိတ်ကလေးအေးချမ်းဖို့..ကောင်းမူကုသိုလ်တစ်ခုနေ့စဉ်ပြုပါ..🙏
ကုသိုလ်ဆိုတဲ့နေရာမှာ ဘုရား/ကျောင်းကန်ရောက်မှ ငွေကြေးအလှူပစ္စည်းပါမှမဟုတ်ပါဘူးနော်
မိမိစိတ်လေးကိုအသန့်ရှင်းဆုံးနဲ့အကောင်းမွန်ဆုံးထားပြီး မျှော်လင့်ချက်မပါတဲ့ စိတ်စေတနာနဲ့ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ရာကို ပြုလုပ်ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်..
မိမိအိမ်ဘုရားမှာ ဘုရားရှိခိုးတာ ၊ ဆွမ်း/ပန်းကပ်လှူတာလည်း ကုသိုလ်ပါပဲ
လမ်းဘေးမှာရှိတဲ့ ခွေး/ကြောင်/ငှက် စတဲ့အားနည်းနဲ့တိရိစ္ဆာန်လေးတွေကို အစာကျွေးခြင်းသည်လည်း ကုသိုလ်ပါ
ပတ်ဝန်းကျင်က ဆင်းရဲနွမ်းပါးတဲ့လူတွေကိုတက်နိုင်သလောက်ဖေးမကူညီခြင်းသည်လည်းကုသိုလ်ပါ
ကိုယ့်အိမ်/မိသားစုထဲမှာရှိတဲ့ တစ်စုံတစ်ဦးရဲ့ ကောင်းကျိုးကိုစေတနာမေတ္တာဖြင့်ပြုဆောင်ပေးခြင်းသည်လည်းကုသိုလ်ပါ
မိမိစိတ်အတွင်းထဲမှာရှိတဲ့ အတွေးများအားလုံး မိမိကြုံတွေရသမျှကိစ္စရပ်အားလုံးကို အဆိုးမမြင်ပဲ အကောင်းတွေး မေတ္တာပွါးနေခြင်းသည်လည်း ကုသိုလ်တစ်မျိုးပါပဲ..ရှင်
ဒါကြောင့် ဒီစာဖတ်နေသောသူသည်လည်းဘယ်လိုကုသိုလ်တွေနေ့စဉ်ပြုဖြစ်နေပါလဲနော်…
အားလုံးသော ၇ရက်သားသမီးအပေါင်းနေ့စဉ်အမျှကုသိုလ်တိုးပြီး ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေရှင်…🙏💞
#ကိုယ့်ကိုကိုယ်ချစ်ဖို့
20/05/2026
ကျွန်မတို့က တစ်ပါးသူရဲ့လိုအင်တွေကို ဖြည့်ရင်းနဲ့
ကိုယ့်ကိုကိုယ်ချစ်ဖို့ မေ့နေခဲ့ကြတယ်..
ကျွန်မတို့က တစ်ပါးသူဆီကချစ်ခြင်းမေတ္တာကိုမျှော်လင့်ရင်း
ကိုယ့်ကိုကိုယ်ချစ်ဖို့ မေ့နေခဲ့ကြတယ်..
ကျွန်မတို့က တစ်ပါးသူရဲ့ဂရုစိုက်မူတွေကိုတောင့်တရင်းနဲ့
ကိုယ့်ကိုကိုယ်ချစ်ဖို့ မေ့နေခဲ့ကြတယ်..
ကျွန်မတို့က ကိုယ်ကိုယ်တိုင်တောင်မပြည့်ပဲ တစ်ပါးသူရဲ့ဆန္ဒတွေကိုဖြည့်ပေးဖို့ကြိုးစားရင်းနဲ့
ကိုယ့်ကိုကိုယ်ချစ်ဖို့ မေ့နေ့ခဲ့ကြတယ်..
ကျွန်မတို့က တကယ်ကြိုးစားရင် ၂၄နာရီတောင်မလုံလောက်တဲ့အချိန်တွေမှာ တစ်ပါးသူအကြောင်းပဲတွေးပြီး
ကိုယ့်ကိုကိုယ်ချစ်ဖို့ မေ့နေခဲ့ကြတယ်..
ကျွန်မတို့တွေက ကိုယ်ကိုယ်တိုင်မရဘူးဖူးတဲ့ အလိုက်သိမူတွေကို တစ်ပါးသူကိုပေးရင်းနဲ့
ကိုယ့်ကိုကိုယ်ချစ်ဖို့ မေ့နေခဲ့ကြတယ်..
တကယ်လို့…ကျွန်မတို့သာ တစ်ပါးသူကိုချစ်တဲ့အချစ်မျိုးတစ်ဝက်လောက်သာ ကိုယ့်ကိုကိုယ်ချစ်ခဲ့မယ်ဆိုရင်…
အခုချိန်လောက်ဆို….ဘာဖြစ်နိုင်မယ်ထင်လဲ☘️
#ကိုယ့်ကိုကိုယ်ချစ်ဖို့
အဓိက က ပြေးနေဖို့ပဲ..🏃♀️💪🏻
စိတ်ဖိစီးမူများလို့ပဲဖြစ်ဖြစ် ရောဂါကြောင့်ပဲဖြစ်ဖြစ် ကောင်း”အိပ်မပျော်တက်တဲ့သူတွေ…ဘာတွေလုပ်သင့်လဲ??
မေသောက်တဲ့Magnesium ဆေးလေး မှာယူချင်တဲ့သူများအတွက်.. comment မှာ linkလေးချပေးထားပါတယ်နော်..💓🫶🏻
#အိပ်မပျော်သူများ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok