Weekly Hubs

Weekly Hubs

แชร์

Knowledge and Skill sharing

01/07/2025

ထိုင်းယာယီဝန်ကြီးချုပ် ဆူရီယာ ဖြစ်လာ

ဝန်ကြီးချုပ် ပေတောင်တန်ကို တာဝန်မှ ဆိုင်းငံ့ရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အမိန့်ချပြီးနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ Suriya Jungrungreangkit ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

ဆူရီယာသည် ဝန်ကြီးချုပ်နှင့် ညီမျှသော အခွင့်အာဏာ အပြည့်အဝ ပိုင်ဆိုင်ထားပြီး ခန့်အပ်မှုနှင့် ဘတ်ဂျက်များဆိုင်ရာ အမိန့်များ ထုတ်ပြန်နိုင်မည်ဖြစ်သည်။ ထို့ပြင် ဇူလိုင် ၃ ရက်တွင် ကျင်းပမည့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ ကက်ဘိနက်အဖွဲ့သစ်ကို ၎င်းက ဦးဆောင်ကျင်းပမည်ဖြစ်သည်။

27/05/2025

အရှေ့တီမောက အာဆီယံအဖွဲ့ဝင် ဖြစ်လာတော့မည်ဟုဆို

Dawei Watch | မေ ၂၆

အရှေ့တီမောသည် လာမည့် အောက်တိုဘာလမတိုင်မီ ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မေလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

ယင်းမှာ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး အရှေ့တီမော၏ ကာလရှည်အိပ်မက် ပြည့်ဝရန် နီးကပ်လာခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ထဲ ဝင်ရောက်နိုင်ရန် လမ်းပြမြေပုံတစ်ခု အကောင်အထည်ဖော်ရာတွင် အဓိပ္ပါယ်ရှိသော တိုးတက်မှု လုပ်ဆောင်နိုင်ခဲ့ပြီဟု ၎င်းက ဆိုသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခု ဖြစ်သည့် အရှေ့တီမောသည် အာဆီယံအဖွဲ့၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နိုင်ခြေရှိမရှိ ဆိုသည်နှင့် ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိနေသည်။

သို့သော်လည်း အရှေ့တီမောနိုင်ငံ၏ တင်းပြည့်ကျပ်ပြည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ရေးအတွက် အာဆီယံအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများက ခိုင်မာသော ထောက်ခံမှု ပြသထားပြီး ဖြစ်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

အာဆီယံအဖွဲ့ဝင် ဖြစ်လာရေး ကျန်ရှိနေသေးသည့် စံသတ်မှတ်ချက်များကို ပြည့်မီရန် အရှေ့တီမော၏ အားထုတ်မှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများက ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ၎င်းက ပြောသည်။

အာဆီယံအဖွဲ့၏ လာမည့်အောက်တိုဘာထိပ်သီးအစည်းအဝေးတွင် အရှေ့တီမောအား အာဆီယံအဖွဲ့တွင် ဝင်ခွင့်ပေးနိုင်မည်ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ကျန်ရှိနေသေးသည့် စံသတ်မှတ်ချက်များဆိုသည်နှင့် ပတ်သက်၍ ၎င်းက အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက တာဝန်ယူထားသည်။

အရှေ့တီမောနိုင်ငံသည် အင်ဒိုနီးရှား၏ ၂၄ နှစ်ကြာ သိမ်းပိုက်အုပ်ချုပ်မှုအောက်မှ ၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေးရလာခဲ့သည့် အာဆီယံအဖွဲ့၏ အသက်အငယ်ဆုံးနိုင်ငံ ဖြစ်သည်။

အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟွန်တာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပထမဆုံး တရားဝင်အဆိုပြု လျှောက်လွှာတင်ခဲ့သည်။

အရှေ့တီမောသည် လက်ရှိအချိန်တွင် နိုင်ငံအတွင်း လူတန်းစားမညီမျှမှုပြဿနာ ၊ အာဟာရချို့တဲ့မှုပြဿာနာ ၊ အလုပ်လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေရလျက် ရှိသည်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် စိန်ခေါ်မှုများနှင့်လည်း များစွာရင်ဆိုင်နေရဆဲ ဖြစ်သည်။

Source: AFP

27/05/2025

မိုးကြိုးပစ်ချခံရလို့ မြင်တွေ့ရတဲ့ သစ်ပင်ရဲ့အစာရေကြောစနစ်

မိုးကြိုးပစ်ခံရလို့ သစ်ခေါက် ကွာကျသွားချိန်မှာ အပင်တစ်ပင်ရဲ့ အစာရေကြောစနစ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတဲ့ပုံစံ ဖြစ်ပါတယ်။ ဒါဟာ သစ်ပင်ရဲ့ ရေနဲ့ အာဟာရဓာတ် သယ်ယူပို့ဆောင်ရေးကွန်ရက် ပုံစံပါပဲ။

သစ်ပင်ရဲ့ အစာရေကြောစနစ်ဟာ ရေသယ်ယူပို့ဆောင်ပေးခြင်း(xylem)၊ အစာအာဟာရ သယ်ယူပို့ဆောင်ပေးခြင်း (phloem) ဆိုတဲ့ အခြေခံ လုပ်ဆောင်ချက် ၂ ရပ်နဲ့ ဖွဲ့စည်းထားတာပါ။

Ref: This tree was struck by lightning, revealing its intricate vascular system.

Team ( ရိုးရာလေး)

Photos from Yoyarlay's post 27/05/2025
27/05/2025

ကမ္ဘာ့မြေပုံ၏အဆုံး

Nullarbor ချောက်ကမ်းပါးများသည် သြစတြေးလျတောင်ပိုင်း Nullarbor လွင်ပြင်ရှိ ကီလိုမီတာ ၂၀၀ ရှည်လျားသော ချောက်ကမ်းပါးများဖြစ်ပါတယ်။

---> တည်နေရာ- ချောက်ကမ်းပါးများသည် Nullarbor Roadhouse ၏အရှေ့ဘက် 20 ကီလိုမီတာအကွာတွင် တည်ရှိသည်။

---> ထူးခြားချက်များ- ချောက်ကမ်းပါးများသည် အမြင့် 60 မှ 120 မီတာရှိပြီး ထုံးကျောက်၊ ပုံဆောင်ခဲကျောက်များနှင့် လေလွင့်သောသဲအလွှာများဖြင့် ဖွဲ့စည်းထားသည်။ အချို့အလွှာများတွင် ရေနေရုပ်ကြွင်းများပါရှိသည်။

---> ဖွဲ့စည်းခြင်း- လွန်ခဲ့သောနှစ်ပေါင်း ၆၅ သန်းခန့်က ဩစတေးလျမှ အန္တာတိကတိုက်တို့ ခွဲထွက်ခဲ့သော ချောက်ကမ်းပါးများ ဖြစ်ပါတယ်။

27/05/2025

ဘီလ်ဂိတ်စ်ကို အံ့အားသင့်စေခဲ့တဲ့ အိန္ဒိယက တီထွင်ရှင်

ကျောင်းပရောဂျက်ကနေ ဒေါ်လာသိန်းချီတန် startup ထောင်နိုင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်။

ဒီကျောင်းသားရဲ့ တီထွင်ချက်ကို ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်စ်တောင်မှ အံ့ဩခဲ့ရပါတယ်။ သူကတော့ Aurangabad က စက်မှုအင်ဂျင်နီယာကျောင်းသား ယိုဂတ်ရှ် ဂါဝန်ဒီပါ။

ယိုဂါတ်ရှ်က Aurangabad မြို့ DIEMS မှာ စက်မှုအင်ဂျင်နီယာပထမနှစ်တက်နေတုန်း အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင် (internal combustion engine) တွေအကြောင်း စာသင်ချိန်မှာ စိုက်ပျိုးရေးနည်းပညာနယ်ပယ်ကို ဆန်းသစ်စေမယ့်အိုင်ဒီယာ ရခဲ့ပါတယ်။

အိုင်ဒီယာက အင်ဂျင်ယန္တရားကို ပြောင်းပြီး ဘီးအခြေခံ စပရေးဖြန်းစနစ် တည်ဆောက်ဖို့ပါ။ ဒီစပရေးကနေ ပိုးသတ်ဆေး နဲ့ အပင်အားဖြည့်ဆေးတွေ ဖြန်းနိုင်ပါတယ်။ နောက်တော့ အင်ဂျင်ကနေ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်တဲ့ ဆိုလာဒီဇိုင်းပြောင်းပါတယ်။

ဒီပရောဂျက်ကို ယိုဂတ်ရှ်က သူနဲ့ စိတ်တူကိုယ်တူ အတန်းဖော် ၄-၅ ယောက်နဲ့ စခဲ့ပြီး သူတို့ကိုယ်သူတို့လည်း NIYO Group လို့ နာမည်ပေးခဲ့ပါတယ်။ ယိုဂါတ်ရှ်တို့ အဖွဲ့သားတွေက နောက်ဆုံးနှစ် ပရောဂျက် Presentation အထိ စောင့်မနေဘဲ သူတို့ထုတ်ထားတဲ့ စပရေးဖြန်းစက်ကို ရွာက လယ်သမားတွေဆီ သွားရောင်းပါတယ်။

လူလည်း သက်သာ အလုပ်လည်းတွင်ကျယ်တာကြောင့် လယ်သမားတွေက သူတို့စက်ကို သဘောကျခဲ့ကြပါတယ်။ ဈေးကွက်ထဲ ဝင်နိုင်အောင် အရင်းအနှီးရဖို့ Bharatiya Yuva Shakti Trust (BYST) အဖွဲ့အစည်းနဲ့ ချိတ်မိပြီးတဲ့နောက် Startup အဖြစ်ကို ရောက်လာခဲ့တာပါ။

အိန္ဒိယကို ဘီလ်ဂိတ်စ်အလည်ရောက်လာချိန်မှာ သူတို့ရဲ့ဖြန်းစက်ကို တွေ့ပြီး ကိုယ်တိုင်စမ်းသပ်မောင်းနှင်ခဲ့သလို အတော်လည်း သဘောကျသွားခဲ့ပါတယ်။ အခုဆို ယိုဂတ်ရှ်တို့ရဲ့ NIYO Solar Sprayer စက်ပေါင်း ၅၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်သလို အလုပ်အကိုင်ပေါင်း ၁၀၀ ကျော်ပါ ဖန်တီးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

သူတို့ထောင်ထားတဲ့ Niyo FarmTech ကလည်း ရူပီး ၄.၃ ကုဋေတန် လုပ်ငန်းအဖြစ်ကို ရောက်ရှိလာခဲ့ပါတယ်။ အိုင်ဒီယာတွေကို ပြောင်မြောက်အောင် အကောင်အထည်ဖော်နိုင်သူတို့ အတွက် အိပ်မက်တွေက လှပမြဲပါပဲ။

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 27/05/2025
Photos from Weekly Hubs's post 27/05/2025

အသက် ၂၃ နှစ်အရွယ် ချင်းလူငယ် Hang Sian အင်ဒီးယားနားတက္ကသိုလ်က ဥပဒေဒေါက်တာဘွဲ့ရရှိ

Weekly Hubs/ 24 May 2025
အသက် ၂၃ နှစ်သာရှိသေးတဲ့ ချင်းလူငယ် Hang Sian ဟာ တရားရေးဆိုင်ရာ ဥပဒေပါရဂူဘွဲ့ (J.D) ကို ရရှိသွားပြီး ဇို(ချင်း)အသိုင်းအဝိုင်းရဲ့ နှစ်ပတ်လည် ညီလာခံမှာ Mr. Fort Wayne အဖြစ် တက်ရောက်ဖို့ ရွေးခြယ်ခံထားရပါတယ်။

သူဟာ Indiana University Robert H. McKinney School of Law မှာ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တက်ရောက်ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဒီလိုအောင်မြင်မှုမျိုးကိုရရှိတဲ့အထဲ အသက်အငယ်ဆုံးချင်းလူမျိုးတစ်ဦးဖြစ်ပါတယ်။ J.D ဘွဲ့ရရှိပြီးနောက် ၂၀၂၅ ခုနှစ် ဇို(ချင်း)အဖွဲ့အစည်းရဲ့ နှစ်ပတ်လည်ညီလာခံမှာ သူ့ရဲ့ မြို့ ကိုယ်စားပြုပြီး တက်ရောက်ရတာ ဖြစ်ပါတယ်။

Hang Sian ဟာ အရင်က Indiana Tech က မှုခင်းတရားမျှတမှုဆိုင်ရာ ဘွဲ့ဒီဂရီကို ရရှိခဲ့ပြီးနောက်မှာ Juris Doctor ဘွဲ့ကို တဆက်တည်းအရှိန်အဟုန်နဲ့ ပြီးမြောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့မိဘနှစ်ပါးက Pa Mang Thang နဲ့ Nu Cing Lun Niang ဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုတွေဟာ သူ့ရဲ့မိသားစုသာမက ချင်းအသိုင်းအဝိုင်းသာမက မြန်မာတိုင်းရင်းသားအသိုင်းအဝိုင်းအတွက်ပါ ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်နေပါတယ်။

သူက နှစ်ပတ်လည် ဇိုညီလာခံမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအတွက် လူငယ်များ အခွင့်အာဏာရရှိရေးနဲ့ တရားဥပဒေဆိုင်ရာအခွင့်အလမ်းများအကြောင်း ပြောကြားခဲ့ပါတယ်။ သူက ညီလာခံမှာ "ဒါက ကျွန်တော့်လူမျိုးအတွက်ပါ၊ ကျွန်တော်က အသံမဲ့တွေအတွက်အသံတစ်ခု ဖြစ်ချင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

Photos from Weekly Hubs's post 26/05/2025

သူပုန်ဖြူ ကလောင်အစွမ်း

04/04/2025

မင်းအောင်လှိုင်ကို ဘန်ကောက်တွင် ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦး ဆန္ဒပြ

ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပနေသော BIMSTEC ထိပ်သီးအစည်းအဝေးသို့ ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦး လာရောက်ဆန္ဒပြခဲ့သည်။

ယနေ့ ထိုင်းစံတော်ချိန် ညနေလေးနာရီခွဲတွင် တက္ကသိုလ်ပထမနှစ်ကျောင်းသားဖြစ်သူတစ်ဦးက အစည်းအဝေးကျင်းပရာ Shangri-La ဟိုတယ်တွင် လာရောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

"လူသတ်သမား အာဏာရှင်မင်းအောင်လှိုင်ကိုအလိုမရှိ၊ ဒီအစည်းအဝေးဟာ လူပေါင်း ၆၀၀၀ ရဲ့သွေးတွေစွန်းထင်းကုန်ပြီဗျို့"

"သွေးစွန်းနေတဲ့လက်ကို ဆွဲနှုတ်ဆက်ရတာ ဝန်ကြီးချုပ် ပေထုံတန် ဘယ်လိုခံစားရလဲဗျ"

"ဒီအစည်းအဝေးထဲမှာရှိတဲ့ ခင်ဗျားတို့ တစ်ယောက်မှ မရှက်ကြဘူးလား။ ဒီမိုကရေစီအရေးလို့ပြောပြီး အပြစ်မဲ့တဲ့အရပ်သားတွေသတ်နေတဲ့ အာဏာရှင်ကောင်နဲ့ ညစာစားနိုင်ကြလားဗျ၊ မြန်မာပြည်သူတွေနဲ့ ကျုပ်တို့ တသားတည်းရပ်တည်တယ်၊ လူသတ်အာဏာရှင်စနစ်ကို ရှုတ်ချကြ၊ ရှုတ်ချကြ"

ဟု ၎င်းက အော်ဟစ်နေစဥ် ၎င်းအား လုံခြုံရေးများက ဟိုတယ်မှ ဆွဲထုတ်ခဲ့ကြသည်။

#စစ်ကောင်စီ #မင်းအောင်လှိုင်

Photos from Weekly Hubs's post 30/03/2025

မြန်မာ့ငလျင်ဘေး ရှာဖွေကယ်ဆယ်ရေး ထိုင်းစပ်တပ် ကူညီမည်
~~~

◼ ငလျင်ဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ ထိုင်းစစ်တပ်ကို စေလွှတ်ဖို့ ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရာက ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကို ညွှန်ကြားထားပါတယ်။

ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင် ၄၉ ဦးပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို မတ်လ ၃၀ ရက် တနင်္ဂနွေနေ့မှာ ထိုင်းလေတပ်ရဲ့ C-130 လေယာဉ်နဲ့ ပို့ဆောင်မှာဖြစ်တယ်လို့ Bangkok Post သတင်းက ဖော်ပြပါတယ်။

အရေးပေါ် အကူအညီလိုအပ်တဲ့ နေရာတွေကို အရင်ဆုံး ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်ကောင်စီရဲ့ အကူအညီတောင်းခံမှုကို လေ့လာသုံးသပ်ပြီး နောက်ပိုင်း လိုအပ်သလို ထိုင်းအစိုးရက ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

Photo: Royal Thai Air Force

___________

#ငလျင်

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bang Kapi?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Bang Kapi
10240