Visual Learning Center
Center of English Language, Computer, Business and Social Studies, Ye Township, Mon State. Offline classes are provided to the students who are weak in English.
Visual Learning Center is providing free online English course for everyone who is willing to learn as e-learning and can't affordable to pay. We also have charges course that is Professional Certificate in Crucial English for Self-Development (Intensive Course). They are allowed to attend the Beginner class, Pre-Elementary class, Elementary Plus and Pre-Intermediate classes step by step after they take the placement test. Students are selected upon the result of placement test. Offline Campus (1)
------------------
General English 4 Skills (Offline Class)- 3 Months Progrm is offered in YanGyiAung Qr, Ye Township, Mon State. It is the special class for young learners. Offline Campus (2)
------------------
General English 4 Skills (Offline Class)- 3 Months Program is offered in Dura Village (South), Ye Township, Mon State. It aims to develop young generation as well. [email protected] or 09963677733
25/09/2026
သင်တန်းပိတ်ရက် ကြေညာခြင်း။
၂၆.၉.၂၀၂၆ စနေနေ့သည် တော်သလင်းလပြည့်နေ့ဖြစ်ပါသဖြင့် သင်တန်းတစ်ရက်ပိတ်ပါသည်။
၂၇.၉.၂၀၂၆ တနင်္ဂနွေနေ့တွင် VLC ၏ သင်တန်းများအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
VLC
23/08/2026
Free Online Class for Myanmar Students
Skills for Effective Writing (Level 1) + Basic Grammar အတန်းကို တက်ရောက်ကြသည့် သင်တန်းသား/သူ များ၏ အမှတ်တရ ပုံရိပ်များ
12/08/2026
🌟 ကလေးတို့ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးဖို့ Movers Class လာပါပြီ! 🌟
ကလေးတို့ရဲ့ Basic English အခြေခံကို ပိုမိုခိုင်မာစေပြီး နေ့စဉ်သုံး အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့အတွက် Visual Learning Center ကနေ Cambridge YLE Movers Level အတန်းကို ဖွင့်လှစ်လိုက်ပါပြီ။
ဒီသင်တန်းမှာ ကလေးတို့ ပျော်ရွှင်စွာ သင်ယူနိုင်အောင် Games, Activities, TPR (Total Physical Response) နဲ့ Task-based Learning နည်းလမ်းများကို အသုံးပြုပြီး ထိရောက်စွာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
📚 သင်တန်းမှာ ဘာတွေသင်ကြားပေးမှာလဲ။
🔰Listening: နားထောင်မှုစွမ်းရည်တိုးတက်စေဖို့ နိုင်ငံတကာသုံး သင်ရိုးများဖြင့် လေ့ကျင့်သင်ကြားပေးခြင်း။
🔰Speaking: မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ အကြောင်းအရာတစ်ခုကို ဖော်ပြပြောဆိုခြင်းနှင့် မေးခွန်းများ ယုံကြည်မှုရှိရှိ ပြန်လည်ဖြေကြားနိုင်အောင် လေ့ကျင့်ပေးခြင်း။
🔰Reading & Writing: ဝါကျတိုများ၊ ပုံပြင်တိုများကို ဖတ်ရှုနားလည်ပြီး ဝါကျမှန်ကန်စွာ ရေးသားနိုင်စွမ်း တိုးတက်စေခြင်း။
🔰Vocabulary & Grammar: Movers level မှာ မဖြစ်မနေ သိရှိထားရမည့် စကားလုံးများနှင့် Grammar အခြေခံများကို စနစ်တကျ သင်ကြားပေးခြင်း။
နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများကို အသုံးပြုသင်ကြားမည်ဖြစ်ပြီး နားထောင်ခြင်း၊ စကားပြောခြင်း၊ အရေး နှင့်အဖတ်အပြင် အကြောင်းအရာများကို ပိုမိုစဉ်းစားစေနိုင်မည့် Thinking Skill ကိုပါ သင်ကြားသေးသွားမှာဖြစ်ပါတယ်။
🎯 ဒီသင်တန်းက ဘာကြောင့် သားသားမီးမီးတို့နဲ့ သင့်တော်တာလဲ။
✅ Fun & Interactive: စာကြည့်ရုံတင်မဟုတ်ဘဲ လှုပ်ရှားပါဝင်ရသည့် သင်ကြားမှုစနစ်ကြောင့် ပျင်းရိမှုမရှိခြင်း။ နှစ်ယောက်တတွဲ အလုပ်လုပ်ခြင်း၊ အဖွဲ့လိုက်အလုပ်လုပ်ခြင်း၊ Presentation ပြုလုပ်ခြင်းများ ပါဝင်တာကြောင့် ကလေးတွေအတွက် ပိုပြီး စိတ်ဝင်စားစေခြင်း။
✅ Small Class Size: သင်တန်းသား အရေအတွက် ကန့်သတ်ထားသဖြင့် ကလေးတစ်ဦးစီကို အသေးစိတ် ဂရုစိုက်ပေးနိုင်ခြင်း။
သင်ကြားပေးသည့်ဆရာအပြင် Coach Teacher တဦး အတန်းထဲတွင် အမြဲတန်း ကူပေးခြင်း။
✅ Confidence Building: အင်္ဂလိပ်စာ ပြောဆိုရမည်ကို မကြောက်တော့ဘဲ ယုံကြည်မှု အပြည့်အဝ ရရှိလာစေခြင်း။
✅ Cambridge Exam Preparation: Cambridge Movers စာမေးပွဲ ဖြေဆိုလိုသူများအတွက် စာမေးပွဲပုံစံ လေ့ကျင့်ခန်းများ ထည့်သွင်းပေးခြင်း။ ကလေးများ၏ အရည်အချင်း တိုးတက်မှုကို Cambridge Authentic Papers များအသုံးပြုကာ အသေးစိတ် စစ်ဆေးပေးပြီး ၄င်းရလဒ်များနှင့် အထွေထွေရလဒ်များ ပြင်ပတိုးတက်မှုရလဒ်များကို မိဘများထံသို့ အမြဲတမ်း Report လုပ်ပေးခြင်း။
✅ သင်တန်းစတက်သည့်နေ့မှစ၍ စင်တန်းပြီးဆုံးသည်အထိ ကလေးတယောက်၏ အတန်းတက်ရောက်မှုများ၊ ဘာသာစကားတိုးတက်မှုရလဒ်များ၊ စည်းကမ်းလိုက်နာမှု ၊ အတန်းတွင်း ပူးပေါင်းပါဝင်ခဲ့မှုများ စသည်တို့ကို အမြဲတမ်း Tracking လုပ်ထားပြီး မိဘများထံ တင်ပြပေးခြင်း။
📅 သင်တန်းအသေးစိတ် အချက်အလက်များ
သင်တန်းစတင်မည့်ရက်: 30.8.2026 (တနင်္ဂနွေနေ့)
သင်တန်းချိန်: နေ့လည် 1:00 နာရီမှ 2:30 အထိ
သင်တန်းကာလ: 12 လ မှ 14 လကြား
သင်တန်းကြေး စာအုပ်ကြေးများ နှင့် အခြားစာရွက်စာတမ်းကြေး အပြီးအစီး - 720000 ကျပ်
(အရစ်ကျ ပေးသွင်းနိုင်)
သင်ကြားမည့်ပုံစံ: ကိုယ်တိုင်တက်ရောက်ရန်။ (အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း)
📌 သင်တန်းအပ်နှံရန်နှင့် စုံစမ်းရန်
မိဘများအနေဖြင့် မိမိတို့၏ သားသားမီးမီးတို့အတွက် သင်တန်းအပ်နှံလိုသည်ဖြစ်စေ မေးမြန်းလိုသည်ဖြစ်စေ အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📞 Phone: 09963677733
သင်တန်းနေရာ 🏫
အမှတ်(၁၃)၊ (၂)လမ်း၊ ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့။
11/08/2026
ရေးမြို့ VLC မှာ Level အလိုက် တက်ရောက်နိုင်တဲ့ အတန်းတွေကို ဖော်ပြလိုက်ပါတယ်။
အသေးစိတ်သိရှိလိုပါက ဖုန်းဆက်မေးမြန်းနိုင်ပါသည်။ 09963677733
05/08/2026
Free Online Class လာပါပြီဗျို့ 📣📣📣
အင်္ဂလိပ်စာ ရေးသားမှုစွမ်းရည်နှင့် Grammar ကို အခြေခံကနေ စနစ်တကျ ပိုင်နိုင်လိုပါသလား?
အင်္ဂလိပ်စာကို ဝါကျတည်ဆောက်ပုံမှစ၍ စာပိုဒ် (Paragraph) ရှည်များအထိ ယုံကြည်မှုရှိရှိ ရေးသားနိုင်စေဖို့ Skills for Effective Writing (Level 1) + Basic Grammar အတန်းကို ဖွင့်လှစ်လိုက်ပါပြီ။ ✍️✨
🔰ဒီသင်တန်းမှာ ဘာတွေသင်ယူရမလဲ?🔰
Cambridge ထုတ် သင်ရိုးညွှန်းတမ်းကို အခြေခံပြီး Writing Skill တစ်ခုချင်းစီကို အသေးစိတ် လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ် 📋
✅ Writing Mechanics & Grammar Foundation စာလုံးကြီး စာလုံးသေး (Capitalization) နှင့် သတ်ပုံသတ်ညွှန်း (Punctuation) အသုံးပြုပုံ စည်းမျဉ်းများကို ပိုင်နိုင်စွာ သင်ယူရမည်။ ထို့ပြင် Nouns, Verbs, Adjectives နှင့် Word Forms (စာလုံးပြောင်းလဲပုံများ) ကို အခြေခံ Grammar နှင့်အညီ မှန်ကန်စွာ အသုံးပြုတတ်စေမည်။
✅ Mastering Sentence Structures ဝါကျတစ်ခု၏ အခြေခံ Subject နှင့် Verb ထားရှိပုံမှစ၍ Objects နှင့် Prepositional phrases များ ထည့်သွင်းပုံကို သင်ကြားပေးမည်။ Simple, Compound (and, but, so) နှင့် Complex sentences (because, if, when, before, after) အမျိုးမျိုးကို ရေးသားခြင်းများ။
✅ Professional Paragraph Building စာပိုဒ်တစ်ခုကို စနစ်တကျ ပုံစံချခြင်း (Formatting & Indentation)၊ အဓိကအကြောင်းအရာကို ဖော်ပြသော Topic Sentence၊ အသေးစိတ် အချက်အလက်များ ပါဝင်သော Supporting Sentences နှင့် နိဂုံးချုပ်ဝါကျ (Concluding Sentence) ရေးသားနည်းများကို အဆင့်ဆင့် လေ့ကျင့်ပေးမည်။
✅ Clarity & Organization မိမိ၏ အတွေးအခေါ်များကို မရေးသားမီ စနစ်တကျ စုစည်းတင်ပြတတ်စေရန် (Organizing Ideas) နှင့် အကြောင်းအရာနှင့် မသက်ဆိုင်သော ဝါကျများ (Irrelevant Sentences) ကို ခွဲခြားသိမြင်စေရန် သင်ကြားပေးမည်။
🧑🎓ဘယ်သူတွေ တက်ရောက်သင့်သလဲ?🧑🎓
✏️ အင်္ဂလိပ်စာ အရေးအသား အခြေခံကို ခိုင်မာအောင် တည်ဆောက်ချင်သူများ။
✏️ဝါကျ အမှားအယွင်းများ (Sentence Fragments & Run-on sentences) ကို ရှောင်ကြဉ်ပြီး စာသားကို ပိုမိုပြည့်စုံအောင် ရေးလိုသူများ။
✏️အခြေခံကျကျ Paragraph များ ရေးသားလိုသူများ။
🛎️သင်တန်းစည်းကမ်းကတော့ ရိုးရှင်းပါတယ်။ 🛎️
၁။ အတန်းကို အပတ်စဉ်တက်ရောက်နိုင်ရမည်။ ❗️
၂။ camera ဖွင့်ပြီးတက်ပေးရပါမည်။
(စည်းကမ်းနှစ်ခုကိုသာ မလိုက်နာနိုင်ပါက မတက်ရောက်သင့်ပါ။) ❌
ဆရာ Abel မှ ကိုယ်တိုင်သင်ကြားပါမည်။
သင်တန်းကာလ (၃) လ
အပတ်စဉ် စနေ နှင့် တနင်္ဂနွေ
သင်တန်းဖွင့်ရက် - 15.8.2026
Google Meet Platform ကိုအသုံးပြု၍ သင်ကြားပါမည်။
📌 သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်။
English Grammar နှင့် Writing Skill ကို အခြေခံမှစတင်ပြီး ယုံကြည်မှုရှိစွာ တိုးတက်လိုသူများအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။
📩 စာရင်းပေးသွင်းရန် Page Messenger မှ ဆက်သွယ်နိုင်ပါသည်။ Google Form ဖြည့်ရပါမည်။
04/08/2026
YLE Starters Level အတန်း ပြီးဆုံးကြောင်း အောင်လက်မှတ်ပေးအပ်ခြင်းနှင့် မိဘ-ဆရာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို 2.8.2026 တွင် Visual Learning Center တွင် ကျင်းပခဲ့ပါသည်။
တက်ရောက်လာကြသော မိဘများနှင့် ကလေးတို့အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
ဆက်လက်ပြီး YLE Movers အတန်းကို ဆက်လက် ဖွင့်လှစ် သင်ကြားပါမည်။ အပြင် သင်တန်းသား (၃)ဦး ထပ်မံလက်ခံပါမည်။
25/05/2026
2026 Summer Classes ရဲ့
အင်္ဂလိပ်ဘာသာစကားနှင့် လူမှုပညာရပ်သင်တန်း၏
နွေရာသီ သင်တန်းကြီး ပြီးဆုံးပါပြီ .....
26.5.2026
18/05/2026
ယနေ့ Debate အတွက် YouTube မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ။
Visual Learning Center, Myanmar is live! Visual Learning Center is the Thanintharyi District Branch of IQY Technical College which is registerd in Austrulia, and It is also the partership of AURORA ...
11/05/2026
Social Studies Debate ကြည့်ရှုရန်။ 👇👇👇
Visual Learning Center, Myanmar is live! Visual Learning Center is the Thanintharyi District Branch of IQY Technical College which is registerd in Austrulia, and It is also the partership of AURORA ...
13/04/2026
2026 ခုနှစ် ရေးမြို့ နွေရာသီ အင်္ဂလိပ်ဘာသာစကားနှင့်လူမှုပညာရပ်အတန်းများမှ သင်တန်းသား/သူများ၏ အမှတ်တရပုံရိပ်များကို တင်ပေးလိုက်ပါတယ်။
VLC သင်တန်းများကို ယုံကြည်စွာ အပ်နှံပေးကြတဲ့ ဖေဖေမေမေတို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။
VLC မှာနွေရာသီသင်တန်းသားပေါင်း (100) ကျော် နှင့် Weekend Class မှ သင်တန်းသားပေါင်း (50) ကျော် တက်ရောက်နေကြဆဲဖြစ်ပါတယ်။
အသက် ၅ နှစ်နှင့် ၆ နှစ်အထက် သားသားမီးမီးတို့ စနေ တနင်္ဂနွေ ပိတ်ရက်အတန်းခွဲ အသစ် မကြာမီ စပါမည်။
သင်တန်းစုံစမ်းရန် - 09963677733
Category
Contact the school
Telephone
Address
Ye
12101
Alerts
Be the first to know and let us send you an email when Visual Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.