K-Way Group

K-Way Group

Share

Your Complete Partner for Life in Korea🇰🇷
- A Total Support Company for Entering and Settling in Korea -

19/07/2026

📢 𝙑𝘼𝘾𝘼𝙉𝘾𝙔 𝘼𝙉𝙉𝙊𝙐𝙉𝘾𝙀𝙈𝙀𝙉𝙏
𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙈𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 𝙎𝙥𝙚𝙘𝙞𝙖𝙡𝙞𝙨𝙩

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 အောက်ရှိ ကိုရီးယားပညာရေးဝန်ဆောင်မှုနှင့် ဘာသာစကားသင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိသော 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 တစ်ဦး အလိုရှိနေပါသည်။

📋 𝗝𝗢𝗕 𝗢𝗩𝗘𝗥𝗩𝗜𝗘𝗪
Department: Sales & Marketing
Location: 100% Remote (အိမ်မှနေ၍ အလုပ်လုပ်ရန်)
Report To: CEO
Working Hours: Full-time (လုပ်ငန်းချိန် ညှိနှိုင်းနိုင်သည်)
Salary: Negotiable (အရည်အချင်းပေါ်မူတည်၍ ညှိနှိုင်းမည်)

⸝

🔸 𝗞𝗘𝗬 𝗥𝗘𝗦𝗣𝗢𝗡𝗦𝗜𝗕𝗜𝗟𝗜𝗧𝗜𝗘𝗦 (လုပ်ငန်းတာဝန်များ)

* Marketing Strategy: ကျောင်း၏ ရည်မှန်းချက်များနှင့် ကိုက်ညီမည့် ခေတ်မီထိရောက်သော Digital Marketing Strategies များ ချမှတ် အကောင်အထည်ဖော်ခြင်း။
* Campaign & Media Buying: Online Presence တိုးတက်စေရန် Facebook, Instagram, TikTok, Google Ads, SEO နှင့် Email Marketing တို့ကို အသုံးချ၍ Campaigns များ စီမံခန့်ခွဲခြင်းနှင့် Media Buying ပြုလုပ်ခြင်း။
* Content Creation: ကိုရီးယားပညာတော်သင် အတိုင်ပင်ခံဝန်ဆောင်မှု၊ ကျောင်းအချက်အလက်များနှင့် သင်တန်းများကို ဆွဲဆောင်မှုရှိစေမည့် Content (စာသား၊ ပုံ၊ ဗီဒီယို၊ Testimonials) များ ဖန်တီးခြင်း။
* Brand & Research: ကျောင်း၏ Brand Image မြှင့်တင်ခြင်းနှင့် စျေးကွက်ခေတ်ရေစီးကြောင်းများ (Market Trends) ကို သုတေသနပြုလုပ်ခြင်း။
* Data & Analytics: Campaigns ရလဒ်များကို စဉ်ဆက်မပြတ် တိုင်းတာခွဲခြမ်းစိတ်ဖြာပြီး Review & Reporting ပြုလုပ်ခြင်း။
* Collaboration: Sales Team နှင့် အခြားဆက်စပ် Department များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း။

⸝

📋 𝗝𝗢𝗕 𝗥𝗘𝗤𝗨𝗜𝗥𝗘𝗠𝗘𝗡𝗧𝗦 (လိုအပ်သော အရည်အချင်းများ)

* Education: Marketing (သို့မဟုတ်) ဆက်စပ်ဘာသာရပ်ဖြင့် ဘွဲ့ (သို့) Diploma ရရှိထားသူ။ (Digital Marketing သင်တန်းဆင်း Certificate ရှိသူ ဦးစားပေးမည်။)
* Experience: Marketing နယ်ပယ်တွင် အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ (၂) နှစ် ရှိသူ။
* Technical Skills: Facebook, Instagram, TikTok Ads၊ Google Ads၊ SEO နှင့် Email Marketing ကျွမ်းကျင်သူ။ လုပ်ငန်းခွင်တွင် AI Tools များကို ထိရောက်စွာ အသုံးချနိုင်သူ။ Marketing Data များကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း (Analytics Skills) ရှိသူ။
* Soft Skills: Creative Thinking ရှိပြီး ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသူ (Self-motivated ဖြစ်ရမည်)။
* Language: မြန်မာစာဖြင့် Content ရေးသားခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်း ကောင်းမွန်ရမည်။

✨ ဦးစားပေးမည့်အချက်များ (𝗣𝗿𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲𝘀)

* Online Learning Industry နှင့် ပတ်သက်၍ ဗဟုသုတ သို့မဟုတ် စိတ်ပါဝင်စားမှုရှိသူ။
* ကိုရီးယားစာ အခြေခံ (Basic) ရှိသူ သို့မဟုတ် ကိုရီးယားပညာရေးအကြောင်း နားလည်သူ။ (ကိုရီးယားဘာသာစကား လုံးဝမရသော်လည်း လျှောက်ထားနိုင်ပါသည်။ Content ပြင်ဆင်ရာတွင် ကူညီပေးမည့် Admin အဖွဲ့ဝင်များ ရှိပါသည်။)

⸝

🎁 𝗕𝗘𝗡𝗘𝗙𝗜𝗧𝗦 & 𝗢𝗙𝗙𝗘𝗥𝗦 (အကျိုးခံစားခွင့်များ)

* Salary: ညှိနှိုင်းလစာ (အရည်အချင်းနှင့် အတွေ့အကြုံပေါ် မူတည်ပါမည်)
* Bonus: Performance-based Bonus (လုပ်ဆောင်ချက်အပေါ် မူတည်၍ ဘောနပ်စ်)
* Development: လုပ်သက် (၁) နှစ်ပြည့်ပါက စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် လေ့လာခွင့် အခွင့်အလမ်းများ ပံ့ပိုးပေးမည်။

⸝

📧 𝗛𝗢𝗪 𝗧𝗢 𝗔𝗣𝗣𝗟𝗬 (လျှောက်ထားရန်)

စိတ်ပါဝင်စားသူများသည် မိမိတို့၏ CV Form၊ ယခင်လုပ်ဖူးသည့် Project များ (Portfolio)၊ သက်ဆိုင်ရာ Certificate များ နှင့်အတူ မိမိမျှော်မှန်းထားသည့် လစာ (Expected Salary) ကိုပါ ထည့်သွင်းဖော်ပြ၍ အောက်ပါ Email သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

📩𝗘𝗺𝗮𝗶𝗹: 𝗸𝘄𝗮𝘆𝗴𝗿𝗼𝘂𝗽𝟮𝟵@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
📅 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗗𝗲𝗮𝗱𝗹𝗶𝗻𝗲: 𝟮𝟲.𝟴.𝟮𝟬𝟮𝟲

Photos from K-Way Group's post 11/07/2026

Korea မှာ အချိန်ပိုင်းအလုပ် ဘယ်လိုရှာရမလဲ ?

ဒီနေ့ကတော့ ကိုရီးယားမှာ အချိန်ပိုင်းအလုပ် (알바) ရှာဖို့ ဆိုရင် appတွေ အများကြီး ရှိတဲ့ထဲမှာပါ အဓိက အသုံးများကြတဲ့ ၂ခုကို အသေးစိတ်ရှင်းပြပေးပါမယ်ရှင့်

အဆင့် ၁.App Store သို့မဟုတ် Play Store မှာ

알바몬 (Albamon) နဲ့ 알바천국 (Alba Heaven) ကို ဒေါင်းပါ။

KakaoTalk သို့မဟုတ် Naver Account နဲ့ ၅ စက္ကန့်အတွင်း လွယ်လွယ်ကူကူ Sign up (회원가입) လုပ်လို့ရပါတယ်။

အဆင့် ၂.Profile ထဲက 이력서 작성 (Write Resume) ကို နှိပ်ပါ။

📸 ဓာတ်ပုံ: ID ကတ်ပုံစံ သို့မဟုတ် သပ်သပ်ရပ်ရပ်နဲ့ ပြုံးနေတဲ့ ပုံကောင်းကောင်းတစ်ပုံ တင်ပါ။ (အပြင်သွားရင်း ရိုက်ထားတဲ့ စောင်းကောက်ပုံတွေ လုံးဝမတင်ပါနဲ့!)📝

အတွေ့အကြုံ (경력): စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ စတိုးဆိုင် စသဖြင့် မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ ကိုရီးယားမှာပဲဖြစ်ဖြစ် လုပ်ခဲ့ဖူးတာရှိရင် သေချာထည့်ရေးပါ။

ဆိုင်ရှင်တွေက အတွေ့အကြုံရှိသူကို ပိုဦးစားပေးပါတယ်။

💬 မိတ်ဆက်စာ (자기소개): "ဗီဇာအမျိုးအစား၊ လုပ်နိုင်တဲ့ ရက်/အချိန်၊ ကိုရီးယားစကား ဘယ်လောက်ပြောနိုင်လဲ" ကို တိုတိုနဲ့ လိုရင်း အမှန်အတိုင်း ရေးထားပါ။

အဆင့် ၃.အဓိက Menu ထဲက 지역 (ဒေသ) မှာ ကိုယ်နေတဲ့ မြို့/ရပ်ကွက်ကို ရွေးပါ။

업종 (အလုပ်အမျိုးအစား) မှာ မိမိလုပ်ချင်တာကို Filter ခေါက်ရှာပါ။

💡 Bonus Tip: ကျောင်းသားဗီဇာသမားတွေဆိုရင် ရှာဖွေရေးဘားမှာ "외국인" (နိုင်ငံခြားသား) သို့မဟုတ် "초보가능" (အတွေ့အကြုံမရှိသူလည်းရ) ဆိုတဲ့ စကားလုံးတွေ ရိုက်ရှာရင် ပိုအဆင်ပြေပါတယ်။

အဆင့် ၄.

အလုပ်တွေ့လို့ လျှောက်တဲ့အခါ ဖုန်းတန်းခေါ်တာထက် 문자 지원 (Message ပို့ပြီးလျှောက်ခြင်း) ကို ဆိုင်ရှင်တွေ ပိုသဘောကျပါတယ်။

နာမည်၊ အသက်/မွေးသက္ကရာဇ်၊ ဗီဇာ၊ လုပ်နိုင်တဲ့ အချိန်" ကို Form လေးတစ်ခုလို သေချာရိုက်ပြီး ဖုန်းနံပါတ်ဆီ Message အရင်ပို့လိုက်ပါ။

🚨 ဒီ App တွေပေါ်မှာလည်း အလုပ်ရှာတဲ့အခါ လိမ်လည်လှည့်ဖြားတဲ့ အလုပ်အတုတွေ၊ မကောင်းတဲ့အလုပ်တွေ ရှိတတ်လို့ ဒါတွေကို အထူးသတိထားပါ

"အလုပ်က လွယ်လွယ်လေး၊ ပိုက်ဆံအများကြီးပေးမယ်" ဆိုတာတွေ ရှောင်ပါ ❌

ဥပမာ- ရုံးခန်းမှာ အေးအေးဆေးဆေး ထိုင်ရုံပဲ၊ ဒါမှမဟုတ် ပစ္စည်းပို့/ပစ္စည်းလက်ခံပေးရုံနဲ့ တစ်နေ့ကို ဝမ် ၁ သိန်းကျော်၊ ၂ သိန်းပေးမယ်ဆိုတဲ့ အလုပ်မျိုးတွေဟာ ငွေခဝါချတဲ့လုပ်ငန်း (보이스피싱 - Voice Phishing) တွေ ဖြစ်နေတတ်ပါတယ်။

ဒါမျိုးမိရင် ဗီဇာပါ ပျက်ပြီး ပြည်နှင်ဒဏ် အထိ ခံရနိုင်ပါတယ်။

ကိုယ့်ရဲ့ ဘဏ်အကောင့်၊ ဘဏ်စာအုပ် (통장) နဲ့ ကတ် (Card) တောင်းရင် လုံးဝမပေးပါနဲ့ အလုပ်ထဲ မဝင်ရသေးခင် ဘဏ်ကတ် သို့မဟုတ် Password တောင်းတာမျိုးဟာ ၁၀၀% လိမ်လည်နေတာ ဖြစ်ပါတယ်။

တရားမဝင် အလုပ်ခိုင်းတာမျိုး : ကျောင်းသားဗီဇာဆိုရင် ကျောင်းက Part-time အလုပ်လုပ်ခွင့် (시간제취업허가) ထုတ်ပေးမှသာ တရားဝင် လုပ်လို့ရတာပါ။ ခွင့်ပြုချက်မရှိဘဲ ခိုးလုပ်ခိုင်းတဲ့ ဆိုင်မျိုးဆိုရင် နောက်ပိုင်း ပြဿနာတက်ရင် လုပ်ခလစာ မရဘဲ အလိမ်ခံရတတ်ပါတယ်။

🤝 အခုလို အချိန်ပိုင်း အလုပ်ပါ ရှာပေးပြီး
ကိုရီးယားကျောင်းလျှောက်ထားမှုကို စိတ်ချလက်ချ အပ်နှံချင်ရင်
စာရွက်စာတမ်း ပြင်ဆင်မှုတွေ ရှုပ်ထွေးလို့ စိတ်မညစ်ချင်ဘူးဆိုရင်တော့ အစအဆုံး အဆင်ပြေချောမွေ့အောင် K-Way Group ကနေတစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါတယ်နော်! 💙

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 အသေးစိတ်ကို Page Messenger ကနေ အခုပဲ မေးမြန်းစုံစမ်းလိုက်ပါ။

11/07/2026

🇰🇷 Korean Speaking Zoom Class + Interview Training

📢 ကိုရီးယားစကားပြောကို ယုံကြည်မှုရှိရှိ ပြောနိုင်ချင်ပါသလား?

ကိုရီးယားပညာသင် ကျောင်းဝင်ခွင့် Interview အတွက် ပြင်ဆင်နေသူများ၊ Korea သွားဖို့ စီစဉ်နေသူများ၊ Speaking Skill တိုးချင်သူများအတွက် Zoom Online Class ဖွင့်လှစ်ပေးနေပါသည်။

📚 သင်ကြားပေးမည့်အကြောင်းအရာ

✅ Basic Korean Speaking
အခြေခံစကားပြောလေ့ကျင့်ခြင်း
✅ Daily Conversation
နေ့စဉ်သုံးစကားများ လွယ်ကူစွာ ပြောဆိုနိုင်ခြင်း
✅ Self Introduction
မိမိကိုယ်ကို မိတ်ဆက်ခြင်း
✅ Interview Questions & Answers
အင်တာဗျူး အမေးအဖြေ
✅ Pronunciation Training
အသံထွက်လေ့ကျင့်ခြင်း
✅ Speaking Practice (1:1 & Group)
တစ်ဦးချင်း၊ အုပ်စုလိုက် လေ့ကျင့်ခြင်း

🗓 သင်တန်းရက်
Saturday & Sunday

📅 2026 August လ ၈ရက်နေ့စတင်မည်

⏰ ၂ လ သင်တန်း

🎉 August Promotion သင်တန်းကြေး
🏷️ ယခင် ၁သိန်း၅သောင်းကျပ်
🏷️ ယခု ၉သောင်း၅ထောင်ကျပ်
💛 လျှော့ဈေးအထူးအစီအစဉ် ရရှိနိုင်ပါသည်

💬 Page Messenger မှာ စာပို့ပြီး အသေးစိတ် မေးမြန်းနိုင်ပါတယ်။

📌 Korea ရောက်ပြီး အလုပ်လုပ်ရာတွင် ယုံကြည်မှုရှိရှိ စကားပြောနိုင်စေရန်၊ ကျောင်းဝင်ခွင့် Interview ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန် လက်တွေ့အသုံးချနိုင်သော Speaking ကို အဓိကထား သင်ကြားပေးပါသည်။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။

10/07/2026

🇰🇷 D2 Korean Language Program: ဘာတွေပြင်ဆင်ပြီး ဘယ်လိုလျှောက်ရမလဲ? 🇰🇷

အခုတစ်လော ကိုရီးယားမှာ Language ကျောင်းတက်ဖို့အတွက် ဘာစာရွက်စာတမ်းတွေ လိုအပ်လဲဆိုတာ ခဏခဏမေးနေကြတဲ့ ကျောင်းသူ/သားတို့အတွက် စုစည်းတင်ပြပေးလိုက်ပါတယ်နော်။

ကိုရီးယားလာဖို့ကို စိတ်ဝင်စားရင် ဒါလေးကို အရင်ဆုံး Save ထားလိုက်ပါတော့ရှင့် 📌

📝 လိုအပ်တဲ့ စာရွက်စာတမ်းများ (Required Documents) 📝
[အခြေခံ စာရွက်စာတမ်းများ]
1. မိမိ၏ မှတ်ပုံတင် (Notary)
2. မွေးစာရင်း (Notary)
3. အိမ်ထောင်စုစာရင်း (Notary)
4. မိဘနှစ်ပါး၏ မှတ်ပုံတင် (Notary)
5. Passport (Color Copy)
6. ဓာတ်ပုံ (3.5cm × 4.5cm, နောက်ခံအဖြူ)

[ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ]
7. ဆယ်တန်းအောင်လက်မှတ် (Notary)
8. ဆယ်တန်းအမှတ်စာရင်း (Notary)
9. ဆယ်တန်းအောင်ကြောင်း ထောက်ခံစာ (Notary)

[ဘဏ္ဍာရေးနှင့် ကျန်းမာရေး]
10. Employment Certificate & Income Certificate (မိဘ သို့မဟုတ် ထောက်ပံ့မည့်သူ၏ အလုပ်အကိုင်နှင့် ဝင်ငွေထောက်ခံစာ)
11. Bank Balance Certificate (USD 9,000 ~ 10,000 ခန့်)
12. X-ray Result for Tuberculosis (တီဘီရောဂါကင်းရှင်းကြောင်း ဓာတ်မှန်အဖြေ)

[University Graduated သို့မဟုတ် Transfer ဖြစ်ပါက ထပ်မံလိုအပ်သည်များ]
13. ဘွဲ့လက်မှတ် / Graduation Certificate (Notary)
14. တက္ကသိုလ်အမှတ်စာရင်း / Official Transcripts (Notary)

⚠️ အရေးကြီးတဲ့ Tips များ ⚠️
MOFA & Embassy Verification
အထက်ပါ ပညာရေးစာရွက်စာတမ်းတွေ အားလုံးကို Notary ပြန်ပြီး MOFA (နိုင်ငံခြားရေးဝန်ကြီးဌာန) ရုံးမှာ တံဆိပ်တုံးထုပြီး ကိုရီးယားသံရုံးမှာ စစ်ဆေးခံရန် (Consular Confirmation) လိုအပ်ပါတယ်။

💡 K-Way Group ရဲ့ အကြံပြုချင်တာကတော့

စာရွက်စာတမ်းတွေကို Notary အနည်းဆုံး ၃ စုံခန့် ပြင်ဆင်ထားပြီး MOFA မှာလည်း တစ်ခါတည်း အကုန်လုံး ဗီဇာဝင်ထားဖို့ အကြံပြုချင်ပါတယ်။

ဒါမှ နောက်ပိုင်း Language ပြီးလို့ Major (တက္ကသိုလ်တိုက်ရိုက်) ဆက်လျှောက်တဲ့အခါ စာရွက်စာတမ်း ထပ်မံပြုလုပ်ရမယ့် အချိန်ကုန်၊ လူပန်းသက်သာပြီး ပိုအဆင်ပြေမှာပါ!

📲 ဘယ်လိုလျှောက်ရမလဲ?

Language Program လျှောက်ဖို့အတွက်
အရင်ဦးဆုံး K-Way Groupနှင့်Online ကနေ အခမဲ့ ဆွေးနွေးနိုင်ပါတယ်ရှင့်။ ပြီးရင် အောက်ပါ Step အတိုင်း ဆက်သွားရုံပါပဲ။

📥 လိုအပ်သည့်စာရွက်စာတမ်းများ စီစစ်ပေးမယ်
📌 အမြဲတမ်းကျောင်းသား သဘောထားနှင့် လိုအပ်သည်များကို ဂရုစိုက်ပေးမယ်
💸 ဝင်ငွေအတွက် စာရွက်စာတမ်းများအကြံပေးမယ်
🌐 Language Program အသေးစိတ်အချက်အလက်များပြောပြပေးမယ်

🤝 ကိုရီးယားကျောင်းလျှောက်ထားမှုကို စိတ်ချလက်ချ အပ်နှံချင်ရင်
စာရွက်စာတမ်း ပြင်ဆင်မှုတွေ ရှုပ်ထွေးလို့ စိတ်မညစ်ချင်ဘူးဆိုရင်တော့ အစအဆုံး အဆင်ပြေချောမွေ့အောင် K-Way Group ကနေတစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါတယ်နော်! 💙

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 အသေးစိတ်ကို Page Messenger ကနေ အခုပဲ မေးမြန်းစုံစမ်းလိုက်ပါ။

Photos from K-Way Group's post 13/06/2026

D2 & D4 သမားများအတွက် ကိုရီးယားနိုင်ငံတွင် Beauty နှင့် Performing Arts ဘာသာရပ်များကို 2025 ခုနှစ်ရဲ့ Excellent Certified University (EUC) List ထဲပါတဲ့ ကျောင်းမှာမှ ကျွမ်းကျင်ပညာရှင်များထံမှ အနီးကပ်သင်ယူလိုပါသလား?

ကိုရီးယားနိုင်ငံ၊ Seoul မြို့တော်၊ Seongbuk-gu တွင် တည်ရှိပြီး လက်တွေ့ကျသော ပညာရေးစနစ်ဖြင့် နာမည်ကျော်ကြားသည့် Seokyeong University (서경대학교) သည် ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်မဲ့ အကောင်းဆုံးသော နေရာတစ်ခုဖြစ်နိုင်ပါသည်။

ဘာကြောင့် Seokyeong University ကို ရွေးချယ်သင့်တာလဲ?

• အထူးပြုဘာသာရပ်များ: အာရှတွင်သာမက ကမ္ဘာ့အဆင့်မီ Beauty Arts နှင့် Performing Arts ဘာသာရပ်များအတွက် အကောင်းဆုံးသော သင်ရိုးညွှန်းတမ်းနှင့် အခြေခံအဆောက်အအုံများကို ပိုင်ဆိုင်ထားပါသည် ။

• လက်တွေ့ကျသော ပညာရေး: သီအိုရီသက်သက်သာမက အလုပ်ခွင်တွင် တကယ့်ကို အသုံးဝင်မည့် Skills များကို အဓိကထား သင်ကြားပေးပါသည် ။

• K-Culture အတွေ့အကြုံ: K-Beauty, K-Pop Dance, K-Music & Drama စသည့် ဘာသာရပ်များကို လက်တွေ့လေ့ကျင့်ခွင့်ရရှိပြီး၊ ပိတ်ရက်များတွင်လည်း ယဉ်ကျေးမှု လေ့လာရေးခရီးစဉ်များ ပါဝင်ရမည်ဖြစ်သည် ။

• အလုပ်အကိုင် အခွင့်အလမ်း: ကျောင်းမှ Entertainment နယ်ပယ်များနှင့် ချိတ်ဆက်ပေးထားပြီး ပညာသင်ယူစဉ်ကာလအတွင်း အလုပ်သင် (Internship) ဝင်ရောက်လုပ်ကိုင်ခွင့်များ ရှိသောကြောင့် ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိရေးအတွက် စိတ်ပူစရာမလိုပါ ။

• နိုင်ငံတကာကျောင်းသားများအတွက် ပံ့ပိုးမှု: D-2 (ဘွဲ့ကြို/မဟာ) တက်ရောက်လိုသူများအတွက် စိတ်ဝင်စားသည့် ဘာသာရပ်များကို ကြိုတင်လေ့လာခွင့်၊ လုပ်ငန်းခွင်ဝင်ရောက်ရေး ဆွေးနွေးပွဲများနှင့် Professional Consulting Team များက အမြဲပံ့ပိုးပေးနေပါသည် ။

D-4 (Language Program) သင်တန်းအချက်အလက်များ

• သင်တန်းချိန်: တစ် Semester လျှင် စုစုပေါင်း ၂၀၀ နာရီ (ကိုရီးယားစာ ၁၈၀ နာရီ + K-Culture ၂၀ နာရီ) သင်ကြားပေးသည် ။

• နေ့စဉ်သင်ကြားချိန် : တနင်္လာ-သောကြာ (တစ်နေ့ ၄ နာရီ)၊ နံနက် (သို့) မွန်းလွဲပိုင်း ရွေးချယ်နိုင်သည် ။

• ကျောင်းလခ: ၁,၃၈၀,၀၀၀ KRW / တစ် Semester ။

• အတန်းခွဲ: 초급(1-2), 중급(3-4), 고급(5-6) စသည့်အဆင့်များရှိပြီး တစ်တန်းလျှင် ကျောင်းသား ၂၀ ဦး ဝန်းကျင်သာ ထားရှိသည် ။

ဘွဲ့ကြို/မဟာတန်းအတွက်ဆိုရင်

• Master တန်း (မဟာတန်း): ဘွဲ့ကြို (D-2) သာမက Master တန်းများကိုပါ လျှောက်ထားနိုင်ပါသည်။

• TOPIK အဆင့်: TOPIK Level 4 နှင့်အထက် ရှိပါက လျှောက်ထားရန် ပိုမိုလွယ်ကူပါသည်။

• Visa ဝန်ဆောင်မှု: ကျောင်းဘက်မှလည်း Visa လျှောက်ထားမှုအပိုင်းအတွက် အပြည့်အဝ ပံ့ပိုးကူညီပေးပါသည်။

ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

ကိုရီးယား၏ ခေတ်မီသောအလှအပဆိုင်ရာနည်းပညာ၊ ဖျော်ဖြေရေးနယ်ပယ်တွင် ထူးချွန်သူတစ်ယောက်ဖြစ်ချင်သူများ၊

လက်တွေ့ကျသော ပညာရေးကို လိုလားသူများအတွက် Seokyeong University သည် မြန်မာပြည်မှ ကျောင်းသူကျောင်းသားတို့၏ အိပ်မက်ကို အကောင်အထည်ဖော်ပေးမည့် တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။

ကျောင်းရွေးချယ်ပုံ၊ Admission Requirement များနှင့် စာရွက်စာတမ်းပြင်ဆင်မှုများကို K-Way Group ၏ ကျွမ်းကျင်သော ဆရာ၊ ဆရာမများထံတွင် "အခမဲ့" အသေးစိတ် တိုင်ပင်နိုင်ပါသည်။

ကိုရီးယားသွားဖို့ အိပ်မက်ရှိရင် အခုပဲ ကျွန်ုပ်တို့နှင့် လက်တွဲလိုက်ပါ!

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲

Photos from K-Way Group's post 08/06/2026

📚 TOPIK II မှာ အမှတ်ကွာစေတာ Vocabulary ပါ
TOPIK I မှာတော့ အခြေခံစကားလုံးတွေ သိထားရုံနဲ့ အတော်အသင့် ဖြေဆိုနိုင်ပါတယ်။ ဒါပေမယ့် TOPIK II ရောက်လာတဲ့အခါ စကားလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို သိရုံနဲ့ မလုံလောက်တော့ပါဘူး။
အဓိပ္ပာယ်တူပေမယ့် အသုံးပြုပုံ၊ အဆင့်အတန်း၊ သုံးရမယ့်နေရာ မတူတဲ့ Vocabulary တွေကိုပါ သိထားဖို့ လိုအပ်လာပါတယ်။

ဥပမာ မြန်မာဘာသာမှာဆိုရင်...
🍚 သူငယ်ချင်း၊ မိသားစုနဲ့ ပြောတဲ့အခါ
➡️ စားသည် / စားပါ
🍚 ဧည့်သည်ကို ပြောတဲ့အခါ
➡️ သုံးဆောင်သည် / သုံးဆောင်ပါ
🍚 သံဃာတော်များကို ပြောတဲ့အခါ
➡️ ဘုန်းပေးသည် / ဘုန်းပေးပါ
အဓိပ္ပာယ်က အတူတူပဲ ဖြစ်ပေမယ့် နေရာနဲ့ အခြေအနေပေါ်မူတည်ပြီး သုံးတဲ့စကားလုံးက ပြောင်းသွားပါတယ်။

ကိုရီးယားဘာသာမှာလည်း အတူတူပါပဲ။
TOPIK II Level ရောက်လာရင် နေ့စဉ်သုံး စကားလုံးတွေတင်မကဘဲ သတင်းတွေ၊ စာပေတွေ၊ TOPIK Reading Passage တွေမှာ တွေ့ရတဲ့ 고급 어휘 (အဆင့်မြင့်ဝေါဟာရ) တွေကိုပါ သိထားဖို့ လိုပါတယ်။
ဒီနေ့တော့ TOPIK II မှာ မကြာခဏ တွေ့ရတတ်တဲ့ Synonym Vocabulary (유의어) တချို့ကို လေ့လာကြရအောင်👇

━━━━━━━━━━

🔹 익숙하다 ↔ 낯익다

✅ 익숙하다 = အကျွမ်းတဝင်ရှိသည် / နေသားကျသည်
• 저는 익숙하지 않은 곳이 불편해요.
→ ကျွန်မက မရင်းနှီးတဲ့ နေရာတွေမှာ နေရတာ မသက်မသာ ဖြစ်တတ်ပါတယ်။

✅ 낯익다 = (မျက်နှာ) ရင်းနှီးကျွမ်းဝင်မှုရှိသည် / တွေ့ဖူးသလို ခံစားရသည်
• 낯익은 얼굴이지만 이름은 모르겠다.
→ မျက်နှာကိုတော့ ရင်းနှီးနေပေမယ့် နာမည်ကိုတော့ မသိဘူး။

━━━━━━━━━━

🔹 같다 ↔ 동일하다

✅ 같다 = တူသည်
• 이 두 문장은 의미가 같아요.
→ ဒီစာကြောင်းနှစ်ခုရဲ့ အဓိပ္ပာယ်က တူပါတယ်။

✅ 동일하다 = လုံးဝတူညီသည်
• 그들은 두 사람 다 거의 동일한 말을 했어요.
→ သူတို့နှစ်ယောက်စလုံး ပြောတဲ့စကားက အတော်လေး တူညီပါတယ်။

━━━━━━━━━━

🔹 다르다 ↔ 상이하다

✅ 다르다 = မတူ / ကွဲပြားသည်
• 기대했던 것과 다르네요.
→ မျှော်လင့်ထားတာနဲ့ မတူဘူးနော်။

✅ 상이하다 = ကွဲပြားခြားနားသည်
• 우리는 상이한 의견의 차이를 극복하기 위해 많은 대화를 나누었어요.
→ ကျွန်တော်တို့ဟာ အမြင်မတူမှုတွေကို ကျော်လွှားနိုင်ဖို့ အများကြီး ဆွေးနွေးခဲ့ကြပါတယ်။

━━━━━━━━━━

🔹 어색하다 ↔ 서먹하다

✅ 어색하다 = မသဘာဝကျ / အဆင်မပြေသလို ဖြစ်သည်
• 이 문장은 약간 어색해 보여요.
→ ဒီစာကြောင်းက နည်းနည်း မသဘာဝကျသလို ထင်ရတယ်။

✅ 서먹하다 = လူချင်း အဆင်မပြေသလို / ရင်းနှီးမှုလျော့နည်းနေသည်
• 너 왜 요즘 민준이랑 서먹하게 지내니?
→ ဒီနေ့တွေမှာ မင်း မင်ဂျွန်းနဲ့ ဘာလို့ အဆင်ပြေပြေ (ရင်းနှီးစွာ) မနေတော့တာလဲ?

━━━━━━━━━━

🔹 시끄럽다 ↔ 떠들썩하다

✅ 시끄럽다 = ဆူညံသည်
• 라디오 소리가 시끄러워서 잘 수가 없어요.
→ ရေဒီယိုသံ ဆူညံလွန်းလို့ အိပ်မရဘူး။

✅ 떠들썩하다 = အရမ်းစည်ကား၍ ဆူညံနေသည်
• 유치원 교실이 굉장히 떠들썩했어요.
→ မူကြိုတန်းက အရမ်းစည်ကားပြီး ဆူညံနေခဲ့တယ်။

━━━━━━━━━━

🔹 빌리다 ↔ 대출하다

✅ 빌리다 = ငှားယူသည်
• 사전 좀 빌릴 수 있을까요?
→ အဘိဓာန်ကို ခဏ ငှားလို့ရမလား။

✅ 대출하다 = (ချေးငွေ)ချေးပေးသည် / ငှားရမ်းပေးသည်
• 어린이들에게 무료로 책을 대출해 주는 어린이 도서관이 문을 열었어요.
→ ကလေးများကို စာအုပ်များ အခမဲ့ ငှားပေးတဲ့ ကလေးစာကြည့်တိုက် ဖွင့်လှစ်ခဲ့ပါတယ်။

━━━━━━━━━━

🔹 고치다 ↔ 수리하다

✅ 고치다 = ပြင်သည်
• 이 차를 고치려면 돈이 얼마나 들까요?
→ ဒီကားကို ပြင်ဖို့ ဘယ်လောက်ကုန်မလဲ။

✅ 수리하다 = ပြုပြင်မွမ်းမံသည် (တရားဝင်အသုံး)
• 이 집은 화장실이 낡아서 수리해야 해요.
→ ဒီအိမ်က အိမ်သာဟောင်းနေပြီဆိုတော့ ပြုပြင်ဖို့ လိုပါတယ်။

━━━━━━━━━━

🔹 경험하다 ↔ 겪다

✅ 경험하다 = အတွေ့အကြုံရသည်
• 저는 한국에서의 삶을 경험하게 되었어요.
→ ကျွန်မက ကိုရီးယားမှာ နေထိုင်ရတဲ့ အတွေ့အကြုံကို ရခဲ့ပါတယ်။

✅ 겪다 = ကြုံတွေ့ရသည် (အခက်အခဲ၊ ပြဿနာ)
• 세계적 경제 위기로 자동차 수출에 어려움을 겪고 있어요.
→ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် ကားတင်ပို့မှုမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

━━━━━━━━━━

🔹 헤엄치다 ↔ 수영하다

✅ 헤엄치다 = ရေထဲမှာ ကူးခတ်သည်
• 여름이 되자 아이들은 개울에서 헤엄치며 놀았어요.
→ နွေရာသီရောက်တော့ ကလေးတွေက ချောင်းထဲမှာ ရေကူးပြီး ကစားခဲ့ကြတယ်။

✅ 수영하다 = ရေကူးသည် (အားကစား/နည်းပညာ)
• 수영할 줄 아는 사람들도 파도가 높은 바다에서는 조심해야 해요.
→ ရေကူးတတ်တဲ့သူတွေတောင် လှိုင်းကြီးတဲ့ ပင်လယ်မှာ သတိထားရပါတယ်။

━━━━━━━━━━

🔹 키우다 ↔ 기르다

✅ 키우다 = မွေးမြူသည်
• 그는 개 한 마리와 고양이 두 마리를 키우고 있어요.
→ သူက ခွေးတစ်ကောင်နဲ့ ကြောင်နှစ်ကောင် မွေးထားပါတယ်။

✅ 기르다 = စိုက်ပျိုးသည် / မွေးမြူသည်
• 그녀는 취미로 허브를 기른다.
→ သူမက ဝါသနာအနေနဲ့ ဟာ့ဘ်ပင်တွေ စိုက်ပျိုးတယ်။

━━━━━━━━━━

💡 TOPIK II Tip

အထက်က စကားလုံးအတွဲတွေမှာ ပထမစကားလုံးက နေ့စဉ်သုံး (일상어) ဖြစ်ပြီး ဒုတိယစကားလုံးကတော့ သတင်း၊ စာပေ၊ TOPIK Reading Passage တွေမှာ မကြာခဏ တွေ့ရတဲ့ 고급 어휘 (အဆင့်မြင့်ဝေါဟာရ) တွေ ဖြစ်ပါတယ်။
ဒီလို Vocabulary တွေကို တွဲပြီး လေ့လာထားမယ်ဆိုရင် Reading Passage ဖတ်တဲ့အချိန် ပိုနားလည်လွယ်လာသလို TOPIK II အမှတ်လည်း တိုးလာနိုင်ပါတယ်။
📖 Save ထားပြီး နေ့တိုင်း ပြန်ဖတ်ပါ။
K-Way Page မှာ TOPIK II အတွက် အရေးကြီးတဲ့ Vocabulary တွေကို ဆက်လက် မျှဝေပေးသွားပါမယ်။

🌏 𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲 🇰🇷✨

🌟 𝗞𝗼𝗿𝗲𝗮 မှာ ကျောင်းတက်ဖို့အတွက်သာမက
ရောက်သွားတဲ့အခါ နေထိုင်ရေးအဆင်ပြေစေဖို့အတွက်ပါ

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
[email protected]
—

New Student ဖြစ်ဖြစ်
Visa Change လုပ်ချင်သူဖြစ်ဖြစ်
Step by Step Guide ပေးပါတယ်။

—

📩 Comment(သို့) Messenger မှာ “Study Korea” လို့ပို့ပြီး
Free Consultation ရယူနိုင်ပါတယ်။

Photos from K-Way Group's post 02/06/2026

🇰🇷 Busan မြို့တော်မှာ ကျောင်းတက်ဖို့ အိပ်မက်မက်နေသူများအတွက်

ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Busan မှာ ပညာသင်ကြားရင်း ဘဝအတွေ့အကြုံကောင်းတွေ ရယူချင်ပါသလား?

ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာရေးရော တန်းတူ ညီမျှတဲ့ စျေးနည်းတဲ့ တက္ကသိုလ်ကို ရှာဖွေနေပါသလား?

ဒါဆိုရင်တော့ Kyungsung University (KSU) ကိုရွှေးချယ်သင့်ပါတယ်။

Busan မြို့ရဲ့ အသက်ဝင်လှုပ်ရှားမှုတွေနဲ့ ပညာရေးရဲ့ အနှစ်သာရကို တစ်နေရာတည်းမှာ ရရှိနိုင်မယ့် ဒီကျောင်းဟာ နိုင်ငံတကာကျောင်းသားတွေအတွက် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

🎓 ဘာကြောင့် Kyungsung ကို ရွေးချယ်သင့်တာလဲ?

ကျောင်းလခ : Sem တစ်ခုကို ဝမ် ၁၂သိန်း
Busan မြို့ရဲ့ အခွင့်အလမ်း: ကိုရီးယားနိုင်ငံရဲ့ ပင်လယ်ကမ်းခြေမြို့တော် Busan မှာ တည်ရှိတာကြောင့် လေ့လာရေး၊ အပန်းဖြေရေးနဲ့ Part-time အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများပါတယ်။

ကျောင်းကနေ Gwangalli Beach လိုမျိုး လူကြိုက်များတဲ့ နေရာတွေကို မိနစ် ၂၀ထဲ နှင့် အလွယ်တကူ သွားရောက်နိုင်ပါတယ်။

Learning Environmentကို ပြောရရင်တော့ Kyungsung Language Center (KLC) ဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့ပြီး အတွေ့အကြုံရင့် ကိုရီးယားဘာသာစကား ဆရာ/ဆရာမတွေနဲ့ ဖွဲ့စည်းထားတာပါ။ အခြေခံကနေစပြီး ကျွမ်းကျင်အဆင့်ထိ စနစ်တကျ သင်ကြားပေးပြီး ကိုရီးယားယဉ်ကျေးမှု ကိုပါ လက်တွေ့လေ့လာခွင့်ရမှာပါ။

Convenienceဖြစ်မှုကတော့ ကျောင်းတွင်းမှာပဲ ခေတ်မီတဲ့ International အဆောင် ရှိတာကြောင့် ကျောင်းနဲ့အဆောင် သွားလာရတာ အလွန်လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ ကျောင်းရှေ့မှာတင် မြေအောက်ရထားဘူတာ ရှိတာကြောင့် မြို့ထဲကို သွားလာဖို့ အလွန်အဆင်ပြေပါတယ်။

Academic လမ်းကြောင်းအရဆိုရင် ဘာသာစကားသင်တန်းပြီးတဲ့အခါ Kyungsung ရဲ့ နာမည်ကြီး Majors တွေဖြစ်တဲ့ Design, Media Studies, Business, Hospitality & Tourism Management တို့ကို ။ International students တွေအတွက် Scholarship အခွင့်အလမ်းတွေလည်း များစွာရှိပါတယ်။

💡 ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

နာမည်ကြီး Seoul မြို့ထက် ကုန်ကျစရိတ် ပိုသက်သာပြီး ပိုမိုအေးချမ်းတဲ့၊ တစ်ချိန်တည်းမှာပဲ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိနိုင်မယ့် ပင်လယ်ကြီးရှိတဲ့ Busan မြို့ကို နှစ်သက်သူများအတွက် Kyungsung University ဟာ အကောင်းဆုံးသော ရွှေးချယ်မှုတစ်ခုပါ။

ကျောင်းလျှောက်ဖို့ အတွက်ဆိုရင်

• အထက်တန်းအမှတ်: ၃၀၀ ဝန်းကျင်
• အသက်အရွယ်: ၂၅နှစ် ဝန်းကျင်

တက္ကသိုလ်တစ်ခုကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ဘဝနေထိုင်မှုပုံစံနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကျောင်းကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။

ကျောင်းရွေးချယ်ပုံနဲ့ စာရွက်စာတမ်းပြင်ဆင်မှုတွေကို K-Way Group ရဲ့ ဆရာ၊ ဆရာမတွေဆီမှာ "အခမဲ့"အသေးစိတ် တိုင်ပင်နိုင်ပါတယ်။
ကိုရီးယားသွားဖို့ စိတ်ကူးရှိရင်တော့ အခုပဲ အမြန်ဆုံး လာရောက် စုံစမ်းလိုက်ပါရှင်။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲

Photos from K-Way Group's post 01/06/2026

🇰🇷 Seoul မြို့တော်မှာ ကျောင်းတက်ဖို့ အိပ်မက်မက်နေသူများအတွက်

Seoul မှာ ကျောင်းတက်ချင်ပေမယ့် အသက်အရွယ်အပိုင်းအခြားနဲ့ ပတ်သက်ပြီး စိုးရိမ်နေပါသလား?
ဒါမှမဟုတ် Visa Result အသေချာဆုံးနဲ့ ထောက်ခံချက်ကောင်းတဲ့ တက္ကသိုလ်ကို ရှာဖွေနေပါသလား?

အဖြေကတော့ Duksung Women's University ပါ။

ဒီကျောင်းကို ကျွန်မ (Admin) ကိုယ်တိုင် Language Program တက်ရောက်ခဲ့တာဖြစ်လို့ ကျောင်းရဲ့ ပညာရေးစနစ်၊ ဆရာ/ဆရာမတွေရဲ့ နွေးထွေးမှုနဲ့ နေထိုင်ရတာ အဆင်ပြေတဲ့ အခြေအနေတွေကို ကိုယ်တွေ့အာမခံနိုင်ပါတယ်။

🎓 ဘာကြောင့် Duksung ကို ရွေးချယ်သင့်တာလဲ?

၁၉၂၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကိုရီးယားနိုင်ငံ အမျိုးသမီးပညာရေးကဏ္ဍမှာ သမိုင်းကြောင်းခိုင်မာတဲ့ ဒီတက္ကသိုလ်ဟာ အောက်ပါ အားသာချက်တွေ ရှိပါတယ် -

• Visa စိတ်ချရခြင်း: Visa Confirmation Letter ထုတ်ပေးတဲ့အတွက် Visa Result ပိုင်းမှာ စိတ်ပူစရာမလိုသလောက်ပါပဲ။

• တည်နေရာ : Seoul မြို့တော်တွင် တည်ရှိတာကြောင့် မြို့ကြီးရဲ့ အခွင့်အလမ်းတွေကို အပြည့်အဝရရှိနိုင်ပါတယ်။

• အားသာချက်ကတော့ မြို့ထဲပေမဲ့ ဆူညံမှုမရှိဘဲ စာသင်ဖို့အတွက် အလွန်အေးချမ်းပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားပါတယ်။

• Learning Environment: နိုင်ငံတကာကျောင်းသားများအတွက် အဆင်ပြေတဲ့ သင်ယူရေးပတ်ဝန်းကျင်နဲ့ သန့်ရှင်းလှပတဲ့ Campus ရှိပါတယ်။ Language သမားတွေ အတွက် အဆောင်နဲ့ စာသင်ဆောင်က တိုက်တစ်ခုတည်းမှာပဲ ရှိတာကြောင့် သွားလာရတာ အရမ်းသက်သာပါတယ်။

• Convenience: ကျောင်းအနီး ကားမှတ်တိုင်၊ ရထားဘူတာ ၂ခု ရှိတာကြောင့် သွားလာရေးလွယ်ကူပြီး Part-time Job အခွင့်အလမ်းတွေလည်း များစွာရှိပါတယ်။ အဆောင်အောက်မှာတင် 24-hour convenient store လည်း ရှိတာမို့ လိုအပ်တာတွေကို အချိန်မရွေး ဝယ်ယူနိုင်ပါတယ်

• Academic Path: Language Program ကနေ Bachelor Program ကို ဆက်လက်တက်ရောက်ဖို့အတွက်လည်း လမ်းကြောင်း အလွန်ကောင်းမွန်ပါတယ်။ ကျောင်း schlor vဲ ကောင်းကောင်းပေးတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။

💡 ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

နာမည်ကြီး ကျောင်းတွေကိုပဲ ကြည့်ပြီး Admission Requirement တွေ မြင့်လွန်းလို့ စိုးရိမ်နေသူတွေအတွက် Duksung Women's University ဟာ အကောင်းဆုံးသော တံခါးပေါက်တစ်ခုပါ။
တက္ကသိုလ်တစ်ခုကို ရွေးချယ်တဲ့အခါ နာမည်ကြီးတာထက် ကိုယ့် Profile နဲ့ အကိုက်ညီဆုံး၊ Visa Result အကောင်းဆုံးဖြစ်မယ့် ကျောင်းကို ရွေးချယ်ဖို့က ပိုအရေးကြီးပါတယ်။

ကျောင်းရွေးချယ်ပုံနဲ့ စာရွက်စာတမ်းပြင်ဆင်မှုတွေကို K-Way Group ရဲ့ ဆရာ၊ ဆရာမတွေဆီမှာ "အခမဲ့"အသေးစိတ် တိုင်ပင်နိုင်ပါတယ်။

ကိုရီးယားသွားဖို့ စိတ်ကူးရှိရင်တော့ အခုပဲ အမြန်ဆုံး လာရောက် စုံစမ်းလိုက်ပါရှင်။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.

𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲🇰🇷

31/05/2026

ကိုရီးယားမှာ ကျောင်းတက်ချင်ပေမဲ့ ကိုရီးယားဘာသာစကား အခြေခံမရှိလို့ စိတ်ပူနေပါသလား?

သင်တန်းတွေ အချိန်ကုန်ခံ တက်နေစရာ မလိုဘဲ ကိုရီးယားကို အမြန်ဆုံး သွားရောက်နိုင်မယ့် Korean Language Program (D-4-1) ရှိပါတယ်။

D4 နဲ့ သွားရင် ဘာတွေ အားသာချက်ရှိလဲ?

⭐️TOPIK အမှတ် လုံးဝ မလိုပါ (ဘာသာစကား လုံးဝမတတ်လည်း ရပါတယ်)။

⭐️ (၁၀) တန်း သို့မဟုတ် (၁၂) တန်း အောင်မြင်ထားရင် လျှောက်ထားနိုင်ပါတယ်။

⭐️ တစ်နှစ်မှာ Intake (၄) ခု ရှိတဲ့အတွက် ကိုယ်သွားချင်တဲ့အချိန်မှာ အဆင်သင့် လျှောက်နိုင်ပါတယ်။

⭐️ စာကြိုးစားရင် နောက် Semester တွေအတွက် ပညာသင်ဆု (Tuition Fee Discount) တွေ ရနိုင်ပါတယ်။

⭐️ အချိန်ပိုင်းအလုပ်လုပ်ရင်း ပိုက်ဆံစုနိုင်ပါတယ်။

⭐️ တက္ကသိုလ်ကို တက်ရိုက်တက်တာ မဟုတ်တာကြောင့် ကိုရီးယားမှာ အနေကျအောင် နေဖို့ အချိန်ရပါတယ်။

K-Way Group တွင်

- စာရွက်စာတမ်းပြင်ဆင်မှုမှစ၍ ကိုရီးယားနိုင်ငံရောက်သည်အထိ Full Service အပြင်၊

- ကျောင်းသူကျောင်းသားများ၏ Budget အလိုက် အဆင်ပြေစေမည့် Budget Service

ကိုပါ ထပ်တိုးဝန်ဆောင်မှု ပေးထားပါသည်။

✨2026, Dec Intake အတွက် စတင်လက်ခံနေပါပြီ✨

ကျောင်းရွေးချယ်ပုံနဲ့ စာရွက်စာတမ်းပြင်ဆင်မှုတွေကို K-Way Group ရဲ့ ဆရာ၊ ဆရာမတွေဆီမှာ "အခမဲ့"အသေးစိတ် တိုင်ပင်နိုင်ပါတယ်။

ကိုရီးယားသွားဖို့ စိတ်ကူးရှိရင်တော့ အခုပဲ အမြန်ဆုံး လာရောက် စုံစမ်းလိုက်ပါရှင်။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.
𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲🇰🇷

30/05/2026

𝗦𝗲𝗮𝗹 𝗕𝗼𝗼𝗸𝗶𝗻𝗴 - 𝗙𝗿𝗲𝗲 (အခမဲ့)တင်‌ပေးခြင်း⭐️

ကိုရီးယားမှာ ကျောင်းတက်ဖို့ ကြိုးစားနေတဲ့ ကျောင်းသူကျောင်းသားများအတွက်

K-Way Groupကနေ ကျောင်းလျှောက်ဖို့ လာရောက် အပ်နှံသူမျာအးကို
Seal Bookingကို အခမဲ့ယူပေးမှာပဲ ဖြစ်ပါတယ်။

Bookingတိုင်းအတွက် မိမိ email ထဲသို့ Visa Booking ရရှိကြောင်း စာရောက်ရှိမှသာ ကျသင့်ငွေကို ပေးချေရမှာ ဖြစ်ပါတယ်။✅

( လူဦးရေ ကန့်သတ်ထားတာကြောင့် အမြန်ဆုံး စာရင်းလာပေးလိုက်တော့‌နော်)

Seal/ Visa Booking အတွက်သာမက သံရုံးဝင်တဲ့ အခါလည်း အဆင်ပြေစေဖို့အတွက်

𝗞-𝗪𝗮𝘆 𝗚𝗿𝗼𝘂𝗽 ဆီ လာရောက် ဆွေးနွေးနိုင်ပါတယ်ဗျာ။

𝗞-𝗪𝗔𝗬 𝗚𝗥𝗢𝗨𝗣 𝗖𝗢., 𝗟𝗧𝗗.𝗬𝗼𝘂𝗿 𝗞𝗼𝗿𝗲𝗮 𝗝𝗼𝘂𝗿𝗻𝗲𝘆 𝗦𝘁𝗮𝗿𝘁𝘀 𝗛𝗲𝗿𝗲🇰🇷

Korea မှာ ကျောင်းတက်ချင်သူများအတွက် ကိုရီးယားစာသင်တန်းက အစ

Admission Preparation, Visa Process, Study Plan Preparation အထိ

Step by Step Guide ပေးနေပါတယ်။
📩
Comment (သို့) Messenger မှာ “Study Korea” လို့ပို့ပြီး

Free Consultation ရယူနိုင်ပါတယ်။

KWayGroup

Website

Address


Yangon

Alerts

Be the first to know and let us send you an email when K-Way Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.