Myanmar Photo Archive

Myanmar Photo Archive

Share

Myanmar Photo Archive is a physical archive of photographic materials from Myanmar. The Japanese surrendered in 1945 and Burma became independent in 1948.

မြန်မာနိုင်ငံရဲ့ဓာတ်ပုံနှင့်ဓာတ်ပုံဆိုင်ရာပစ္စည်း ၄၀,၀၀၀ ကျော် ရှိ ဓာတ်ပုံမော်ကွန်းတိုက်ဖြစ်ပါတယ်။ သမိုင်းလေ့လာလိုသူများနှင့် အနုပညာရှင်များမှ စီးပွားရေး နှင့် မဆိုင်သော ရည်ရွယ်ချက်ဖြင့် အသုံးပြုလိုပါက
ဝက်ဘ်ဆိုဒ်သို့ဝင်၍အခမဲ့ရှာဖွေအသုံးပြုနိုင်ပါတယ်။ The materials range from studio portraiture, private photo albums, official photography, company records, scientific research photography, documenta

24/10/2025

ကျွန်မအဖေဟာ ခေတ်မှီပစ္စည်းများကို အင်မတန်နှစ်ခြိုက်ပါတယ်။ တယ်လီဖုန်း, ကား, ရေခဲသေတ္တာ နဲ့ အသံစနစ်ကောင်းကောင်း‌တွေပေါ့။ လူတိုင်းမှာတော့မရှိတဲ့အတွက် မကြာခဏဆိုသလို အိမ်နီးချင်းတွေက တယ်လီဖုန်းကို လာရောက်အသုံးပြုကြပါတယ်။

My father loved everything modern. Telephone, cars, audio equipment, fridge. Surely we were the lucky ones. Often the neighbours came by to use the phone.

17/10/2025

၁၉၅၀~၁၉၈၀ ဝန်းကျင်ခန့်မှ ဇာတ်သဘင်ဖျော်ဖြေမှု

A stage performance from around 1950~1980

, , #မြန်မာ

11/10/2025

ရေရောင်းသူ

၁၉၆၀ ဝန်းကျင်တွင် Rudolph Wikkramatileke ဗမာပြည်အလွှားတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများထဲမှ တခုဖြစ်ပါသည်။

Water Carrier.

One of the photos from a photo set that Rudolph Wikkramatileke took across Burma around 1960

#မြန်မာ

05/10/2025

Happy Thadingyut, everyone. Myanmar Photo Archive wishes you and your family a great holiday.

Photo: A Burmese jockey.

ပျော်ရွှင်စရာသီတင်းကျွတ်ပါ။ မိသားစုနှင့်အတူ ကောင်းမွန်သော အားလပ်ရက်လေးပိုင်ဆိုင်ရပါစေလို့ မြန်မာ့ဓာတ်ပုံမောကွန်းတိုက်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။

ဓာတ်ပုံ: မြင်းပြိုင်သမားတဦး။

#မြန်မာ

25/09/2025

English Version Below

ရန်ကုန်နည်းပညာတက္ကသိုလ် RIT (ယခု YTU) ကို သက် ဆိုသောသူတစ်ဦး (ဘယ်အောက်ဖက်တွင်လက်မှတ်ပါသည်) ကပုံတူရေးဆွဲခဲ့သောပို့စ်ကတ်

YTU ဟုယခုနာမည်ပေးထားသော ရန်ကုန်နည်းပညာဟာသမိုင်းကြောင်းရှည်ကြီးရှိပါတယ်။ ကိုလိုနီခေတ်မှာ ရန်ကုန်တက္ကသိုလ်အတွင်းကဌာနလေးတစ်ခုအနေနဲ့စတင်ခဲ့ပြီး ၁၉၆၁ ခုနှစ်မှာတော့ BIT (Burma Institute of Technology) ဟုနာမည်ပြောင်းခဲ့ကာ နောင်သုံးနှစ်ကြာ ၁၉၆၄ ခုနှစ်တွင် RIT (Rangoon Institute of Technology) ဟုပြန်လည်အမည်ပြောင်းလဲခဲ့သည်။ ၁၉၈၈ခုနှစ်တွင် RIT ကျောင်းဝင်း၌ ကျောင်းသားများနှင့်ရဲများပဋိပက္ခဖြစ်ပွားမှုက ၈၈အရေးခင်းကိုစတင်ရန်တွန်းအားပေးခဲ့သည်။ ယခုအခါတွင် တက္ကသိုလ်ကို YTU ဟုအမည်ပေးကာ ဖွင့်လှစ်လျက်ရှိပြီး နှစ်စဉ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်ကောင်းသူကျောင်းသားအယောက် ၂၅ဝကိုသာလက်ခံသည်။

------------------------------

A postcard drawing of Rangoon Institute of Technology RIT (Now known as Yangon Technological University YTU) by someone called ‘Thet’ (signature at the left bottom)

What is currently called as YTU (Yangon Technological University) has a long history. Tracing its establishment in British Colonial times as a small department at Rangoon (now Yangon) University, the University was named BIT (Burma Institute of Technology) in 1961 and subsequently named RIT (Rangoon Institute of Technology) 3 years later in 1964. In 1988, the RIT campus was involved in a riot with students and police which eventually led to the infamous 88 uprising in Myanmar. Nowadays, renamed as YTU, the University only accepts 250 students annually based on their scores in annual University Entrance Examination.

(MPA-5-3-132)

17/09/2025

Top hairstyle and newspaper service! A barber outside of Yangon in the 1950s.

ထိပ်တန်း ဆံပင်ညှပ်ခြင်းနှင့် သတင်းစာငှားခြင်း ဝန်ဆောင်မှု။ ၁၉၅၀ ဝန်းကျင် ရန်ကုန်မြို့ပြင်မှ ဆံသဆရာတယောက်။

#မြန်မာ #ရန်ကုန်
#ျမန္မာဓာတ္ပံုဆရာမ်ာ #ဓာတ်ပုံစတူဒီယို #မြန်မာဓာတ်ပုံဆရာ

10/09/2025

A Hand-coloured Postcard from the 70s.

၁၉၇၀ မှ အရောင်ခြယ် ပိုစ့်ကဒ်

03/09/2025

၁၉၄၀ခန့် မှ ငါးဖမ်းသမားတယောက်။

A fisherman from the 1940s.

#မြန်မာ #ရန်ကုန်
#ျမန္မာဓာတ္ပံုဆရာမ်ာ #ဓာတ်ပုံစတူဒီယို #မြန်မာဓာတ်ပုံဆရာ

28/08/2025

ရန်ကုန်မြို့တွင်းတွင် တည်ရှိခဲ့သော Bellay ဓာတ်ပုံတိုက်၌ ရိုက်ကူးထားသည့် မိသားစု ဓာတ်ပုံ (၁၉၇၀~၈၀ ခန့်)

ဝတ်စားပုံနှင့် အဆောင်အယောင်ထည့်ထားပုံတွေက စိတ်ဝင်စားစရာကောင်းလှပါတယ်။

A family photo taken at Bellay Studio in Downtown Yangon in the 1970s/1980s

The clothing and accessories choices are interesting.

13/08/2025

Hsaing Waing: Burmese traditional folk ensemble.

This picture was reversed from the negative provided by Teza Aung. It was taken by his grandfather U Kywat who ran Asia Studio in Yangon. U Kywat was one of the most prominent photographers of his time.

ဆိုင်းဝိုင်း : မြန်မာ့ရိုးရာ အတီးအမှုတ်အဖွဲ့

ဖော်ပြပါပုံဟာ တေဇအောင်မှ ပေးအပ်ထားသော negative ကို ပြန်လည်ပုံဖော်ထားခြင်းဖြစ်ပါသည်။ တေဇအောင်၏ အဖိုး ဦးကျော့ဟာ တခေတ်တခါက ထင်ရှားသော ဓာတ်ပုံဆရာကြီးတဦးဖြစ်ပြီး Asia Studio ကို ရန်ကုန်မှာ ဖွင့်လှစ်ခဲ့သောသူလည်းဖြစ်ပါတယ်။

08/08/2025

I am not quite sure when this photo was taken. I guess in the 1920s or 30s.
It is fascinating to see Burmese elephant and Burmese armour.

၁၉၂၀ ၁၉၃၀ ‌ဝန်းကျင်က ရိုက်ထားတာများဖြစ်လေမလားမသိပေမယ့်။‌ ဗမာ့ဆင် ဗမာ့ချပ်ဝတ်တွေကို မြင်ရတာ အင်မတန် စိတ်ဝင်စားစရာကောင်းလှပါတယ်။

#မြန်မာ #ရန်ကုန်
#ျမန္မာဓာတ္ပံုဆရာမ်ာ #ဓာတ်ပုံစတူဒီယို #မြန်မာဓာတ်ပုံဆရာ

01/08/2025

I know some people don't like cats but they have always been good friends to me. Over the years I had many! Just look at this great pose!

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


Yangon