KES - Kids Exploring Science
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KES - Kids Exploring Science, College & University, Yangon.
Home stay ကာလတလျှောက် ကလေးတွေ ပညာရေးအဆက်မပြတ် ရအောင်
Online Learning နဲ့ အစားထိုး ပံပိုးခဲ့တာ ပညာသင်နှစ် တဝက်ကျော်လာပါပြီ
နှစ်သစ်ကူး အချိန်မှာ ကလေးတွေ စွမ်းအင်ဖြည့်ဖို့ online ပေါ်မှာပဲ New Year Party လေး
ဆင်နွဲခဲ့ကြပါတယ် ကလေးတွေ စွမ်းရည် အပြည့် ရှိကြတာ တွေ့ရတော့ ဝမ်းသာ ကြည်နူးမိပါတယ်
ရောဂါကင်းဝေးတဲ့ ကာလ တခုက်ု မျှော်မှန်းရင်း New Normal life မှာ ကလေးတွေအတွက်
ပညာရေး ပုံဖေါ်နိုင်အောင် တတ်နိုင်တာတွေ ပူးပေါင်း ကြိုးစားကြရမှာပါ
နှစ်သစ်မှာ ကျန်းမာ အေးချမ်းကြပါစေ🙏
ကျောင်းပိတ်ရက် ကာလမှာ ကလေးများ၏ ပညာရေး အဆက်မပြတ်ရှိစေရန်online learning class များနဲ့
အစားထိုး သင်ယူနေကြပါတယ်။
ပုံမှန်ကျောင်းတွေ ဖွင့်နိုင်တဲ့ အခါ စနစ်မျိုးစုံအတွက် အဆင်သင့်ဖြစ်နေအောင် သက်ဆိုင်ရာအတန်းရဲ့
သင်ရိုး တွေ ပြီးထားဖို့ ကြိုးစားရပါတယ်။
စဉ်းစားတွေးခေါ် တတ်အောင် ပြသနာ ဖြေရှင်းတတ် အောင် လေ့ကျင့်ပေးရင်း ကျောင်းသားနဲ့ ဆရာ
online class မှာ ရင်းနှီးပွင့်လင်းမှု ပိုရလာတာတွေ့ရတော့ ဝမ်းသာရပါတယ်။
အားလုံး ပိုကြိုးစား ကြရမှာပါ။
08/05/2020
KES ရဲ့ free home based learning အစီအစဉ်ကို စာသင်ခန်းနဲ့ ခေတ္တဝေး နေရတဲ့ KG to Primary 8 ကျောင်းသားလေးတွေ
အတွက် ရည်ရွယ်ပြီး မိဘ ရော ကလေးပါ စိတ်ဖိစီးမှု မရှိရအောင် ၊ Home stay ကာလမှာ learning paste သင်ယူခြင်း အလေ့အကျင့်လေး
ထိမ်းထားနိုင်အောင် ကူညီစဉ်းစားပေး ရပါတယ်။
Free download ရယူနိုင်တဲ့ Google classroom, Google Meet, Zoom meeting , facebook messenger., educational applications တွေရဲ့ ကျေးဇူးပါပဲ။ နည်းပညာနဲ့ ပံ့ပို့းပေးကြတဲ့ ပညာရှင်တွေရဲ့ စေတနာကို အထူး ကျေးဇူးတင်မိပါတယ်။
ကိုယ်သုံးမယ့် apps ကို free download ယူပြီး android ဖုံးလေး တနေ့ 30- 40 minutes သုံးနိုင်အောင် စီစဉ်ထားရင် ပျော်ရွှင်ဖွယ်
Home-based learning စ, လို့ ရပါတယ်။ အဖိုးနည်း ဝန်ပါ အကျိုးရှိတဲ့ သင်ကြားခြင်း တမျိိုးပါပဲ။
KG , Primary 1-3 အငယ်လေးတွေ ကစိတ်ဝင်စားစွာ သင်ယူကြတာ English , Math ဆိုင်ရာ သင်ခန်းစာလေးတွေမှာ သင်ပြီးရင် ချက်ချင်း response ပေးကြတာတွေ့ရတော့ ဆရာမရော ကျောင်းသားရော ပျော်နေတာကြည့်ပြီး ဝမ်းသာ ကြည်နူးရပါတယ်။
06/05/2020
Home-based Learning အစီအစဉ်မှာ Primary 1-2 အရွယ် ကလေး ငယ်လေးတွေ သင်ယူရတာ စိတ်ဝင်စားအောင်၊ စိတ်ဖိစီးမှု မရှိအောင် ဦးစားပေးစဉ်းစားရပါတယ်။ လွယ်ကူစေဖို့ သူတို့ သုံးနေကြ media နဲ့ပဲ အစပျိုးပေးလိုက်ပါတယ်။
အလယ်တန်းကလေးတွေကတော့ Zoom meeting ပေါ်မှာ စာသင်ခန်းထဲမှာလို သေချာသင်ယူနိုင်ကြပါတယ်။
နည်းပညာခေတ်ထဲ ကြီးပြင်းကြတဲ့ ကလေးတွေ ဖြစ်တဲ့ အတွက် online ပေါ် မှာ ပျော်ပျော် သင်နိုင်ကြတာ တွေ့ရတာ ဝမ်းသာစရာပါပဲ။
အပြန်အလှန် သင်ကြားမှု interaction between teachers and students က တော်တော်ပဲ ကောင်းပါတယ်။ မေးချင်တာတွေ မေးကြ ဖြေကြ
တယ်။ သင်ထားတာလေးတွေ ပုံဆွဲ ပြီးပြန် ပို့ကြတယ်။ သီချင်းအတူ ဆိုကြ က ကြတယ်။
သားတို့ သမီးတို့ ပျော်ပျော် သင်ယူနေကြတာ တွေ့ရတော့ ဆရာမတွေလဲ ကြိုးစားရကျိုး နပ်ပြီး ပီတိဖြစ်ရတာပါပဲ။
Home-stay ကာလမှာ စဉ်ဆက်မပြတ် သင်ယူနိုင်ကြပါစေ။
29/04/2020
ယခုလို အိမ်မှာ နားနေအချိန်ကာလမှာ ကလေးများ သင်ယူမှု အဆက်မပြတ်ဖို့ home-base Learning သင်ကြားမှု လေးတွေ
လုပ်နိုင်ကြပါတယ်။ ကလေးနဲ့ အတူ နေပေးနိုင်တဲ့ အချိန်မှာ ကစားရင်း စာသင်နိုင်အောင် အကျိုးများတဲ့ educational apps လေးတွေ
မျှဝေ ပေးချင်ပါတယ်။
Google Classroom, Google hangouts , Zoom, Hour of Code, Khan Academy,.....educational website များ ၊
Khan Academy Kids , Seesaw, Scratch..... စသည့် education apps တွေ အများကြီးပါပဲ။
High-quality educational apps တခု ဖြစ်တဲ့ Khan Academy Kids က သင်စရာ ဖတ်စရာ မှတ်စရာ သင်ရိုးစုံတဲ့ အတွက်
online learning Teacher များ နဲ့ home- schooling မိဘများ အသုံးများတာတွေ့ရပါတယ်။
Teacher နဲ့ ကျောင်းသား အပြန်အလှန် လေ့ကျင့်ခန်းလေးတွေနဲ့ သင်ယူရတာ ပျော်စရာပါပဲ။
Apple store , Google play များမှာ free online အလွယ်တကူ download ယူနိုင်ပါတယ်။
ကလေးတွေရဲ့ screen time လဲ သိပ်မများရအောင် အသုံးပြုချိန် ထိန်းညှိပေးရင်း သုံးနိုင်ပါတယ်။
24/04/2020
Home Stay ကာလမှာ အိမ်မှာ နားနေရင်း ကလေးတွေ လေ့လာသင်ယူနိုင်ဘို့
home-based learning အစီအစဉ်လေးတွေ ဆရာမတွေနဲ့ ရေးဆွဲခဲ့ကြပါတယ်။
မေလတွင်း ကလေးတွေ သင်ခန်းစာတွေနဲ့ အဆက်မပြတ်ရအောင်
KES မှာ free online သင်တန်းလေးတွေ စီစဉ်ပေးထားပါတယ်။
ဆရာမတွေက ကိုယ်စီ lesson plan တွေနဲ့ ready ဖြစ်နေကြပါပြီ။
online learning သင်ယူမှု ထိတွေ့မှု နည်းကြသေးတဲ့ ကလေးအတွက်
အဆင်ပြေအောင် လွယ်ကူပြီး အကျိုးများတဲ့ educational apps များသုံးပြီး
lesson design မျိုးစုံ ပြင်ဆင်ကြရတာ စိတ်ဝင်စားဖွယ် ကောင်းပါတယ်။
ဒီလို ပြုစုနိုင်ကြတာ နည်းပညာတိုးတက်မှု ရဲ့ အားသာချက်တွေပါပဲ။
03/04/2020
ကလေးတွေ ကျောင်းသားလေးတွေကို online learning နဲ့ သင်ယူတတ်အောင်
လေ့ကျင့်ပေးဘို့ လိုလာပါပြီ။ ကလေးတွေ သင်ခန်းစာတွေနဲ့ ထိတွေ့မှု ရှိပြီး
continuous learning ဖြစ်အောင် ကြိုးစားလုပ်ကြပါမယ်။
ဆရာမများ လဲ work from home မှာ lesson design မျိုးစုံ ရေးရင်း ၊
ကောင်းတဲ့ ပညာရေး website များ သုံးကြရင်း အချင်းချင်း conference call နဲ့
ဆွေးနွေး တိုင်ပင်နိုင်ကြတာ တိုးတက်တဲ့ နည်းပညာရဲ့ ကျေးဇူးတွေပါပဲ။
AR Globe သုံးပြီး သိချင်တာတွေ ရှာရတာ ကလေးတွေ သဘောကျကြပါတယ်။
ဒီအချိန်မှာတော့ အိမ်ထဲမှာနေရင်း ရှေ့ပညာရေးခရီးအတွက်ပြင်ဆင်နေကြပါတယ်။
11/03/2020
AR & VR , MR နည်းပညာကို ပညာရေးမှာ ဘယ်လို သုံးကြမလဲ...
မန္တလေးက KES Centre 2 မှာ ကျောင်းသားလူငယ်လေးတွေ ပညာရေး ခေတ်ပြောင်းချိန်မှာ နောက်ကျန် မနေရစ်ရအောင် နည်းပညာသုံးတဲ့ ပညာရေး ပံ့ပိုးမှုတွေ တတ်အားသမျှ ပေးနိုင်ဘို့ မိဘ ဆရာ ကျောင်းသား တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
စိတ်ပါဝင်စားစွာ ပြန်လှန်ဆွေးနွေးခဲ့ကြတဲ့ မိဘများကို အထူးပဲ ကျေးဇူးတင်ပါတယ်။
အတွေ့အကြုံ ကို မျှဝေပေးကြတဲ့ မိဘများဆီက အကြံဉာဏ် များလဲ ရတဲ့အတွက်လဲ ဝမ်းသာရပါတယ်။
"မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်း" ဆောင်ပုဒ် အတိုင်း ဝိုင်းကြိုးစားကြရင် နည်းပညာ အထောက်အကူနဲ့
ပညာရေးမြှင့်တင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
11/03/2020
Mandalay KES Learning Centre 1 & Centre 2 မှာ ခေတ်ပြောင်း ပညာရေး ကို
အမီ လိုက်ဖို့ နည်းပညာ သုံးပြီး လေ့လာသင်ယူနိုင်ကြပါပြီ။
Augmented Reality (AR ) နည်းပညာသုံးတဲ့ ကမ္ဘာလုံးနဲ့ သိချင်တဲ့ global knowledge
ကမ္ဘာ့ ဗဟုသုတစုံလင်အောင် ကိုယ်ပိုင် smart ဖုံးကို သုံးပြီး လေ့လာနေကြပါတယ်။
“WHERE ARTS MEET SCIENCE”
KES မှာ ကလေးတွေရဲ့ အနာဂါတ်ပညာရေးကို နည်းပညာနဲ့
မြှင့်တင်ပေးနေပါတယ်။ Future World ကိုဖန်တီးကြဖို့ပါ။
ကလေးတိုင်းက ပန်းချီဆွဲရတာ အရောင်ချယ်ရတာ
နှစ်သက်ကြပါတယ်။
အနုပညာ အလှအပ နဲ့ နည်းပညာ ပေါင်းစပ်ပေးပြီး သူတို့ ဆေးချယ် ထားတဲ့ ရုပ်ပုံတွေ လှုပ်ရှားသက်ဝင်လာ အောင် ဖန်တီးနိုင်ကြပါပြီ။
ခု "SUMMER COURSE 2020" မှာ ပိုမိုဖန်တီးကြရအောင် ကြိုဆိုနေမယ်နော် ..😘😘😘
27/02/2020
နွေရာသီ ကျောင်းပိတ်ရက်မှာ KES - STEM Learning Program ကို ရန်ကုန် နဲ့ မန္တလေး Centre များမှာ
တပြိုင်နက် ဖွင့်လှစ်ထား ပါတယ်။
ကျောင်းသားလူငယ် သားသား မီးမီး တို့ကို ၂၁-ရာစု ပညာရေး လိုအပ်ချက်တွေ
ကျွမ်းကျင်အောင် ဖြည့်စည်းပေးနိုင်ဖို့ အကျိုးများတဲ့ နည်းပညာသုံး သင်နည်း တွေနဲ့
စီစဉ်ပေးထားပါတယ်။
"Learn and Have Fun"
ကစားရင်းသင်၊ သင်ရင်း ကစားရအောင်
သားသား မီးမီး တို့ကို ကြိုဆိုလိုက်ပါတယ်။
----------------------------------------------------------------------
STEM LEARNING အစီအစဉ်မှာ
● ROBOTIC LEARNING နဲ့
● STEM LAB နှစ်မျိုး. ပါဝင်ပါတယ်။
⭐ရန်ကုန် 👉 KES - Kids Exploring Science
SILTA .. 220/222, Botahtaung Pagoda Rd,
Pazundaung T/S, Yangon.
📞 09 450035260, 09 457084485
⭐မန္တလေး 👉 KES - Stem Learning Centre (1)
FLC .. No.A4, Yadanar Thiri Condo,
76st, bet:33-34st, Mandalay.
📞 09 975251718, 09 450035260
⭐မန္တလေး 👉 KES - Stem Learning Centre (2)
NC Family Swimming Pool Compound
75th St, Bet 9th-10th street, Mandalay
📞 09 550 7888, 09 450035260
☎️ နေ့ရက် သင်တန်းချိန် စုံစမ်းမေးမြန်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon