Followin

Followin

Share

06/10/2026

ဟာရီကိန်းကို အင်္ဂလန်နဲ့အတူ ချန်ပီယံဖြစ်စေချင်တယ်

ခရိုအေးရှားကို 7Up တိုက်တဲ့နေ့က ဟာရီကိန်းက
၂ ဂိုးသွင်းခဲ့လို့ ၂၀၂၆ ခုနှစ်အတွင်းမှာ သူ့ရဲ့
အင်္ဂလန်ကစားသမားဘဝသွင်းဂိုးက ၁၁ ဂိုးအထိရှိလာပြီ။
ဟာရီကိန်းက အဝေးကွင်း ၆ ပွဲဆက်ဂိုးသွင်းတဲ့ မှတ်တမ်းလည်းပိုင်ဆိုင်ထားပြီး ၁၉၄၆ စက်တင်ဘာကနေ
၁၉၄၈ ခုနှစ် မေလအတွင်း အဝေးကွင်း ၇ ပွဲဆက်
ဂိုးသွင်းခဲ့သူ အင်္ဂလန်ဂန္ထဝင်ဆာတွမ်ဖင်နေးရဲ့စံချိန်ကို
လိုက်မီဖို့ တစ်ပွဲသာလိုတော့တယ်။

ပြီးခဲ့တဲ့ရာသီ သီးသန့်ကြည့်မယ်ဆိုရင် ဟာရီကိန်းက
အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းပေါင်း ၆၅ ပွဲကစားပြီး
၇၃ ဂိုးသွင်းယူနိုင်ခဲ့တယ်။ အဲဒီစွမ်းရည်ကြောင့်
Ballon d'Or ဆု မျှော်လင့်ချက် အားကောင်းလာတယ်။
အင်္ဂလန်ကစားသမားဘဝမှာ ဟာရီကိန်းက ဟက်ထရစ် ၅ကြိမ် ပိုင်ဆိုင်ခဲ့ပြီး သူပါတဲ့ပွဲတွေဆိုရင် အင်္ဂလန်ရဲ့
နိုင်ပွဲရာခိုင်နှုန်းက ၆၆ ရာခိုင်နှုန်းအထိရှိပါတယ်။

ချက်အသင်းနဲ့ပွဲမှာ ဝင်ကစားမယ့်ဟာရီကိန်းက
ပီတာရှယ်လ်တန်ရဲ့အင်္ဂလန်အသင်းသမိုင်းတစ်လျှောက်
ပွဲအများဆုံးစံချိန် ၁၂၅ ပွဲကို လိုက်မီမှာပါ။
ပြီးတော့သူက ၈၉ ဂိုးနဲ့ အင်္ဂလန်ရဲ့သွင်းဂိုးအများဆုံးစံချိန်
ပိုင်ဆိုင်ထားပါတယ်။

ဟာရီကိန်းက ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းကစားတဲ့
လစ်သူယေးနီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက်
ပထမဆုံးလူစားဝင်ကစားခဲ့တယ်။ ဝိန်းရွန်နီနေရာ
အစားဝင်ကစားခဲ့တာဖြစ်ပြီး ကျောနံပါတ် ၁၅ ဝတ်ဆင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဟာရီကိန်းက လူစားဝင်ပြီး
၇၉ စက္ကန့်အကြာမှာပဲ အင်္ဂလန်ကစားသမားဘဝ
ပထမဆုံးဂိုးသွင်းယူခဲ့တာပါ။

အဲဒီအချိန်ကစလို့ ဟာရီကိန်းက အင်္ဂလန်ရဲ့
အစားထိုးမရသူဖြစ်လာတယ်။ မေဂျာပြိုင်ပွဲတွေမှာ
၂၁ ဂိုးသွင်းပြီး၊ အင်္ဂလန်ကစားသမားတွေထဲ
ဂိုးအများဆုံးဖြစ်ပါတယ်။

မော်ဒန်ခေတ်မှာ ဟာရီကိန်းက အင်္ဂလန်အတွက်
အရေးပါဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံးကစားသမားပါ။
သူလိုလူမျိုးအတွက် အင်္ဂလန်အသင်းနဲ့အတူ
ဆုဖလားတစ်ခုခု ရစေချင်ပါတယ်။
အဲဒီအရာက ဟာရီကိန်းနဲ့ထိုက်တန်တဲ့အရာလည်း
ဖြစ်ပါတယ်။

06/10/2026

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း
ဒဏ်ရာရရင် လျော်ကြေးဘယ်လောက်ရလဲ

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း
ကြယ်ပွင့်တွေ ဒဏ်ရာအနာတရဖြစ်ကုန်ကြတယ်။
အဲဒီပြဿနာဟာ အခုမှ ဖြစ်တဲ့အရာမဟုတ်ပါဘူး။

ကျပ်တည်းလွန်းတဲ့ Football Calender ကြားမှာ
ဘောလုံးသမားတွေ အသက်ရှူပိုကြပ်လာတယ်။
နိုင်ငံတကာလက်ရွေးစင်ပွဲတွေကြောင့် ဒဏ်ရာနတ်ဆိုး
ပိုပြီးပူးကပ်ခံခဲ့ရတယ်။

လက်ရှိကျင်းပနေတဲ့ နေးရှင်းလိဂ်မှာဆိုရင်
ဘရူနိုဖာနန်ဒက်စ်၊ ဂတ်ပို၊ အီဆက်ခ်၊ အိုရိုင်လေ၊
ဟာဗတ်ဇ်၊ ဘရော့ဘေး၊ဟာလန်းစတဲ့ပရီးမီးယားလိဂ်ကြယ်ပွင့်တွေ ဒဏ်ရာရခဲ့ပါတယ်။

ရီးယဲလ်တိုက်စစ်ရဲ့မရှိမဖြစ်အသက်သွေးကြော
ဘာပေလည်း ပြင်သစ်အတွက်ပေးဆပ်ရင်း
ဒဏ်ရာနတ်ဆိုး ကုတ်ခြစ်တာခံလိုက်ရတယ်။

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း
ဒဏ်ရာရသူတွေဟာ ၂၈ ရက်အတွင်း Training
အပြည့်ဆင်းတာ၊ ပွဲကစားတာ မလုပ်နိုင်ရင်
သက်ဆိုင်ရာကလပ်အသင်းတွေက ဖီဖာဆီကနေ
လျော်ကြေးတောင်းဆိုခွင့်ရှိပါတယ်။

ကစားသမားရဲ့လစာငွေကို အခြေခံပြီး
လျော်ကြေးတောင်းဆိုခွင့်ရှိပါတယ်။
တစ်နှစ်လောက်အနားယူရမယ့်
ဒဏ်ရာရကစားသမားတစ်ဦးဟာ ဖီဖာဆီကနေ
တစ်ရက်စာ ယူရို ၂၀၀၀၀ ကျော် လျော်ကြေးတောင်းခွင့်
ရှိပါတယ်။

05/10/2026

ရော်နယ်ဒိုနဲ့ ပေါ်တူဂီတို့အကြားက ပြဿနာဇာတ်လမ်းအကြောင်း... ပေါ်တူဂီအသင်းသားတွေကရော ရော်နယ်ဒိုမရှိမှ တမင်အားထည့် ကစားနေကြပြီလား???

05/10/2026

ပတ်ဒရီရဲ့အရင်ကဇာတ်လမ်းလေး (၂)
(ဘာစီလိုနာဆိုတာ ကျွန်တော်တို့မိသားစုရဲ့သွေးထဲ
စီးဆင်းနေတဲ့အရာပါ)

ဘာစီလိုနာမြို့ဆီ ရင်ခုန်စွာချီတက်တော့
ကျွန်တော့်အစ်ကိုကလိုက်ပို့တယ်။
ကျွန်တော်တို့နှစ်ယောက်စလုံး လိုင်စင်မရှိတော့
ယိုအန်ဂမ်ပါကွင်းဆီ Taxi နဲ့ပဲသွားကြတယ်။

ကိုဗစ်ကာလဆိုတော့ အကာအကွယ် အဆောင်အယောင်တွေနဲ့ ပေါ့လေ။ ကျွန်တော့်အိတ်ထဲမှာ ဘာစီလိုနာ
Training kit ပါတယ်။

ကွင်းရောက်တော့ လုံခြုံရေးကို
" ဟယ်လို၊ ကျွန်တော် ပတ်ဒရီပါ၊ လေ့ကျင့်ခန်းလာဆင်းတာ" ဆိုပြီးပြောလိုက်တယ်။
လုံခြုံရေးက ဘာမှပြန်မပြောဘဲ၊ လက်ပြပြီး
သွားခိုင်းပါတယ်။ ကွင်းထဲရောက်တော့
ဘယ်သွားရမလဲမသိဘူး။

ဘာစီလိုနာကစားသမားတွေရှိတဲ့နေရာရောက်တော့
ပထမဆုံးမြင်လိုက်ရသူက မက်ဆီပါ။
သူက ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်နေတယ်။
သူ့ကိုမြင်လိုက်ချိန်မှာ ဆွွံအသွားပြီး
ဘာပြောရမယ်မသိတော့ဘူး။

မက်ဆီက ကျွန်တော့်ကိုပြုံးပြလိုက်ချိန်မှာ လေထုထဲ
လွင့်မျောသွားသလိုပဲ။ သူက " သက်သောင့်သက်သာနေဖို့" ပြောတယ်။ အဝတ်လဲခန်းထဲ လာခိုင်းတယ်။
ဒါပေမဲ့ ကျွန်တော်တို့လိုချာတိတ်တွေအတွက်
ဘူးစကွက်စ်၊ ပီကေး၊ အယ်လ်ဘာ၊ မက်ဆီတို့နဲ့အတူ
အဝတ်လဲခန်းအတူဝင်ရမှာကို ထိတ်လန့်နေတတ်တယ်။

အဝတ်လဲခန်းအပေါက်ဝမှာ ဘာလုပ်လို့
လုပ်မိနေမှန်းမသိဘူး။ ဖိနပ်ကြိုးချည်ရမှာလိုလို၊
ပစ္စည်းတွေသိမ်းရမှာလိုလို ဖြစ်နေတတ်တယ်။

တစ်ရက်တော့ မက်ဆီက " ကိုယ့်လူတို့၊ ဘာလုပ်နေတာလဲ
အဝတ်လဲခန်းထဲ လာပြီး ငါတို့နဲ့အောင်ပွဲခံလေ" ဆိုပြီး
ပြောခဲ့ပါတယ်။ ပြီးတော့ မက်ဆီကပဲ အဝတ်လဲခန်းထဲ
ဦးဆောင်ပြီး ခေါ် တယ်။ ထိုင်ရမယ့်နေရာပြတယ်။
အဲဒီဖြစ်ရပ်အတွက် မက်ဆီကို ကျွန်တော်ထာဝရ
ကျေးဇူးတင်မိပါတယ်။

မက်ဆီက အေးစက်သလိုဖြစ်နေတဲ့ အဝတ်လဲခန်းထဲမှာ
ကျွန်တော့်အတွက် အနွေးဓာတ်ပေးခဲ့တာပါ။

လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်က လုပ်နိုင်သမျှ
အကောင်းဆုံးလုပ်ပြနိုင်သလို၊ ပါရမီရှင်တွေနဲ့
တွဲကစားရတာဖြစ်လို့ အရာရာလွယ်ကူပါတယ်။
ဒါပေမဲ့ ကျွန်တော်ကစားနေရတာ ဘာကာ၊
လူစာရင်းကိုကြည့်လိုက်တိုင်း " နေရာရပါ့မလား" လို့
တွေးမိတယ်။

တစ်ရက်တော့ ရော်နယ်ကိုးမန်းက သူ့ရုံးခန်းထဲ
ခေါ်တယ်။ " တောင်ပံ ဒါမှမဟုတ် ကွင်းလယ်မှာ
ကစားခွင့်ပေးမယ်" လို့ ပြောတယ်။
သူ့လက်ကိုစိတ်လှုပ်ရှားစွာ ကျွန်တော်ဆုပ်ကိုင်မိခဲ့တယ်။
သူ့အခန်းထဲကနေ ထွက်လာတော့ ကျွန်တော့်မျက်နှာမှာ
အပြုံးတွေက ဖုံးကွယ်မရနိုင်ပါဘူး။

တိုက်ခန်းပြန်ရောက်ချိန်မှာ ဘာစီလိုနာကစားသမားဖြစ်ပြီဆိုတာ မိဘတွေကိုပြောပြတော့ သူတို့လည်း
ဝမ်းသာလွန်းလို့မျက်ရည်ကျကြတယ်။

ဘာစီလိုနာဆိုတာ ကျွန်တော်တို့အတွက်
ထိပ်တန်းကလပ်အသင်းဖြစ်ရုံ သက်သက်မဟုတ်ဘူး။
ဘာစီလိုနာဆိုတာ ကျွန်တော်တို့မိသားစုရဲ့သွေးထဲ
စီးဆင်းနေတဲ့အရာပါ။

အဖေက ကျွန်တော်ကလေးဘဝအရွယ်ကတည်းက
ကတိပေးထားတာတစ်ခုရှိတယ်။
လေ့ကျင့်ခန်းသွားဆင်းတိုင်း ဖိနပ်၊ Shin guards
ဒါမှမဟုတ် တစ်ခုခုမေ့ကျန်တတ်တဲ့ ကျွန်တော့်ကို
အဖေက " သားရေ၊ မင်းဘောလုံးသမားဖြစ်လာရင်
အဖေ လက်ထောက်လုပ်ပေးမယ်။
ပစ္စည်းတွေမေ့မကျန်အောင် ဂရုစိုက်ပေးမယ်။
သားအဖနှစ်ယောက် ကမ္ဘာပတ်ကြမယ်" လို့
ကတိပေးထားတာပါ။

အဖေကအဲဒီလိုပြောတဲ့အခါ ကျွန်တော်ကလည်း
" ဘာစီလိုနာခြေအိတ်တွေ မကျန်အောင် ဂရုစိုက်ပေးနော်အဖေ၊ ချန်ပီယံလိဂ်ကစားရင် အဲဒါတွေမေ့လို့မရဘူး"
ဆိုပြီးတုံ့ပြန်တတ်တယ်။

နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ သားအဖနှစ်ယောက်
အဲဒီလိုမျိုးစကားတွေ ပြောဖြစ်ကြတယ်။
တကယ်တမ်းဘာစီလိုနာကစားသမားဘဝ
ရောက်လာချိန်မှာ ပြောမပြတတ်အောင် ပျော်ရတယ်။

တစ်ချိန်တည်းမှာပဲ ငယ်ဘဝတုန်းက
အဘိုးရဲ့Old School Style
စားသောက်ဆိုင် ေမြအောက်ခန်း
ကို နူးကမ့်လို
စိတ်ထဲသဘောထားပြီး ဘောလုံးတစ်လုံးနဲ့
အကြိုက်ကန်ခဲ့ချိန်တွေကိုလည်းကျွန်တော်
လွမ်းနေမိတယ်။

05/10/2026

Doctor Messi

မက်ဆီကို အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်တက္ကသိုလ်တစ်ခုက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ဖို့
စီစဉ်နေပါတယ်။

မက်ဆီရဲ့ကြီးမြတ်မှု ဂန္ထဝင်ဆန်မှု၊ အာဂျင်တီးနားကို
ချစ်မြတ်နိုးစိတ်ပြင်းထန်မှုတွေကြောင့် အခုလိုမျိုး
ဒေါက်တာဘွဲ့နှင်းအပ်ခံရတာပါ။

တကယ်ဆိုရင်မက်ဆီက ဒေါက်တာတစ်ယောက်
ဖြစ်နှင့်နေပြီးသားပါ။
သူ့ရဲ့ဘောလုံးအပေါ် အထူးကျွမ်းကျင်မှု၊ တိကျတဲ့
ဂိုးသွင်းစွမ်းရည်၊ နည်းဗျူဟာတွေကို ကျွမ်းကျင်စွာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကြောင့် ဆရာဝန်တစ်ဦးလို
အဓိပ္ပါယ်ဖွင့ဆိုနိုင်ပါတယ်။

သူ့ကို Football Surgeon လို့လည်း တင်စားနိုင်ပါတယ်။
မက်ဆီရဲ့တစ်ကိုယ်တော်လိမ်ခေါက်ကျော်ဖြတ်နိုင်စွမ်းနဲ့အဆုံးသတ်စွမ်းရည်က ခွဲစိတ်ဆရာဝန်တစ်ဉီး
အလုပ်လုပ်နေသလို တိကျသပ်ရပ်လွန်းပါတယ်။

မက်ဆီက ထူးချွန်ထက်မြက်တဲ့
ဘောလုံးဉာဏ်ရည်ဉာဏ်သွေးနဲ့အတူ
အာဂျင်တီးနားရဲ့နာတာရှည်ရောဂါကိုလည်း
ကုသပေးခဲ့တယ်။ ကိုပါအမေရိကနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အောင်ပွဲတွေက အာဂျင်တီးနားပရိသတ်တွေရဲ့
Decades-long pain ကိုပျောက်ကင်းစေခဲ့တယ်။

မက်ဆီက ပွဲတစ်ပွဲမှာ ဖြစ်နေတဲ့ ပြဿနာကို
အလျင်မြန်ဆုံးနဲ့ အကောင်းဆုံးဖြေရှင်းနိုင်ပြီး ဒါဟာ
ဆရာဝန်တစ်ဦးက လူနာကိုကြည့်လိုက်ရုံနဲ့၊
နည်းနည်းစစ်ဆေးလိုက်ရုံနဲ့
ရောဂါကိုသိတာမျိုးပေါ့။

၂၀၀၇ ခုနှစ်အတွင်း ဂီတာဖေးနဲ့ပွဲမှာ တစ်ကိုယ်တော်
ဆွဲပြေးလိမ်ခေါက်ကျော်ဖြတ်ပြီးသွင်းယူခဲ့တဲ့
မာရာဒိုနာစတိုင်ဂိုးက Surgical dribble လို့ တင်စားခံရတယ်။

အဲဒီလိုစွမ်းရည်ကြောင့် မက်ဆီပရိသတ်တွေက
Creative Nickname အဖြစ် Doctor Messi ဆိုပြီး
တင်စားကြတာပါ။

05/10/2026

စီရော်နယ်လ်ဒို ပြန်လာခွင့်ရှိပါတယ်

ပေါ် တူဂီအသင်းနည်းပြ ဂျီးဆပ်က စီရော်နယ်လ်ဒို
ပြန်လာမယ်ဆိုရင် တံခါးဖွင့်ထားဆဲလို့ ပြောလိုက်ပါတယ်။

အသက် ၄၁ နှစ်အရွယ် စီရော်နယ်လ်ဒိုက နော်ဝေအသင်းနဲ့နေးရှင်းလိဂ်ပထမပွဲမှာ လေ့ကျင့်ခန်း ဆင်းပြီးမှ
လူစားဝင်ကစားခွင့်မရလို့ စိတ်ပျက်ဒေါသထွက်ကာ
ပေါ် တူဂီအသင်းကနေ ထွက်ခွာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက ပေါ် တူဂီအသင်းအတွက်
ပွဲပေါင်း ၂၃၄ ပွဲ၊ သွင်းဂိုးပေါင်း ၁၄၆ ဂိုးအထိ
စံချိန်တင်သွင်းယူထားသူပါ။
ဒါပေမဲ့ နည်းပြ ဂျီးဆပ်လက်ထက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးပြီး ပေါ်တူဂီကစားသမားဘဝဇာတ်သိမ်းမလှမယ့်အခြေအနေ ဖြစ်လာတယ်။

ဂျီးဆပ်နဲ့ စီရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းနဲ့အတူ
ဆုဖလားတွေအတူယူဖူးလို့ ပေါ်တူဂီအသင်းမှာလည်း
လက်တွဲညီမယ်လို့မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမဲ့ အခြေအနေတွေကတင်းမာခဲ့ပြီး
ပေါ်တူဂီအတွက် စီရော်နယ်လ်ဒိုထပ်ကစားဖို့
မရေမရာဖြစ်လာတယ်။ ဂျီးဆပ်က စီရော်နယ်လ်ဒိုကို
လေ့ကျင့်ခန်းဆင်းခိုင်းပြီးမှ မကစားခိုင်းတာက
နည်းပြတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်လို့ ပြောကာသဘောထားတင်းမာခဲ့ပါတယ်။

အခုအခါမှာတော့ ဂျီးဆပ်က " သူပြန်ကစားချင်တယ်ဆိုရင် လက်ရွေးစက်အသင်းဆီပြန်လာနိုင်ပါတယ်။
နောက်တစ်ခါ လူရွေးချယ်မှုမတိုင်ခင် ကျွန်တော်တို့
ဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ဆုံးဖြတ်ရမယ့်သူက
စီရော်နယ်လ်ဒိုပါ" လို့ပြောတယ်။

ဂျီးဆပ်က စီရော်နယ်လ်ဒိုကို ရွေးခဲ့ချိန်မှာလည်း
ပွဲကစားခွင့်ပေးမယ်ဆိုပြီး အာမခံချက်မပေးခဲ့ပါဘူး။
" သူ့ကိုလိုအပ်တယ်လို့ပဲပြောခဲ့တာပါ။
ကစားခွင့်ပေးမယ်လို့ အာမ မခံခဲ့ပါဘူး။
အခုလည်း ပေါ် တူဂီအတွက် စီရော်နယ်လ်ဒိုကို
လိုအပ်ပါတယ်။ ဒါပေမဲ့ ပွဲထွက်ခွင့်တော့အာမမခံပါဘူး"
လို့ ဂျီးဆပ်ပြောခဲ့တယ်။

စီရော်နယ်လ်ဒိုမရှိချိန်မှာ ပေါ် တူဂီအသင်းတိုက်စစ်ကို
ဂွန်ကာလိုရာမို့စ် ဉီးဆောင်နေပြီး သုံးပွဲဆက်ဂိုးသွင်းထားပါတယ်။ ပေါ်တူဂီအသင်းက လက်ရှိရာသီ နေးရှင်းလိဂ်မှာ
လေးပွဲစလုံးအနိုင်ရထားပြီး ရလဒ်ကောင်းနေပါတယ်။

ပေါ် တူဂီနောက်ခံလူ ကန်ဆယ်လိုက " စီရော်နယ်လ်ဒိုက
ကျွန်တော်တို့အတွက် ခေါင်းဆောင်ကောင်းပါ။
သူပြန်လာရင်ကြိုဆိုနေမှာဖြစ်ပေမယ့် ပေါ်တူဂီအသင်း
နိုင်ပွဲရဖို့ကအရေးကြီးဆုံးပါ" လို့ ပြောလိုက်ပါတယ်။

ပေါ်တူဂီနည်းပြ ဂျီးဆပ်က စီရော်နယ်လ်ဒိုကို
ပြန်လာခွင့်ရှိတယ်လို့ တံခါးဖွင့်ထားပေမယ့်
ပေါ်တူဂီဟာ စီရော်နယ်လ်ဒိုမရှိလည်း အဆင်ပြေနေပါတယ်။

04/10/2026

မန်ယူက ဖာဂူဆန်ရဲ့အသက်ရှည်ဆေး

သမိုင်းတစ်လျှောက် စိတ်ဓာတ်အပြင်းထန်ဆုံးနဲ့
ဒေါသအကြီးဆုံးနည်းပြကို ပြပါဆိုရင်
ဆာအဲလက်စ်ဖာဂူဆန်ကိုပဲ ပြရမယ်ထင်တယ်။

သူ့ရဲ့Hairdryer-Treatment တွေကြောင့်
မန်ယူကစားသမားတွေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ဟာ
အမြဲတမ်း ပြင်းထန်ခဲ့တယ်။ နောက်ဆုံးအချိန်အထိ
အရှုံးမပေးလိုတာ မန်ယူရဲ့DNA ဖြစ်ခဲ့တယ်။

၂၀၁၈ ခုနှစ်၊ မေလအတွင်းမှာ ခေါင်းမာလွန်းသူ
စကော့တစ်ရှ်အဘိုးကြီးက ဉီးနှောက်သွေးယိုစိမ့်မှုကြောင့် သူချစ်တဲ့ဘောလုံးပွဲတွေရဲ့အဝေး ထွက်ခွာရမလို
ဖြစ်ခဲ့ပါတယ်။ အရေး ပေါ် ခွဲစိတ်ကုသမှု ခံယူရပြီး
လေးလအကြာမှာ ဖာဂူဆန်က သူ့နှလုံးသားထဲက
မန်ယူအသင်းရဲ့ပွဲကို ကွင်းထဲလာကြည့်ခဲ့တယ်။

ဖာဂူဆန်က " ကျွန်တော့်အသံပျောက်သွားပြီး
စကားမပြောနိုင်ခဲ့ပါဘူး။ တကယ်ထိတ်လန့်စရာပါ။
ကျွန်တော့်မြေးတွေလာကြည့်တော့ စကားပြန်မပြောနိုင်ခဲ့ဘူး။ ကျွန်တော့်ကို ဆရာဝန်တွေက ငှက်နာမည်၊ တိရစ္ဆာန်နာမည်နဲ့ မြစ်နာမည်တွေချရေးခိုင်းတယ်။
အဲဒီနည်းလမ်းနဲ့ စကားပြန်ပြောနိုင်ခဲ့တာပါ"လို့
ရှင်းပြတယ်။

ဖာဂူဆန်က ကျန်းမာရေးမကောင်းချိန်မှာ မန်ယူပွဲကြည့်ပြီးသူ့နာကျင်မှုကို မေ့ပစ်ခဲ့တာပါ။

အိုးလ်ထရက်ဖို့ဒ်ကွင်းထဲ ဖာဂူဆန်နဲ့ သူ့ဇနီးအန်တီကေသီတို့ရောက်လာချိန်မှာ ပရိသတ်တွေက မတ်တပ်ရပ်၊
လက်ခုပ်တီးပြီးဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကို ဖာဂူဆန် မမေ့နိုင်သေးပါဘူး။

" ကျွန်တော့်ဇနီးက မန်ယူပရိသတ်တွေရဲဲကြိုဆိုပုံကြောင့်
မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့ပါတယ်။
တကယ်အံ့အားသင့်စရာပဲလို့ပြောတယ်" လို့
ဖာဂူဆန်က အတိတ်ပုံရိပ်တွေအကြောင်း
လွမ်းမောတမ်းတစွာပြန်ပြောပြတယ်။

အသက် ၈၅ နှစ်ပြည့်တော့မယ့် " ဒဏ်ရာသေးသေးလေးတွေရှိပေမယ့် နေလို့ထိုင်လို့ကောင်းပါတယ်" လို့
ပြောပါတယ်။

ဖာဂူဆန်အတွက်တော့ မန်ယူဟာ အသက်ရှည်ဆေး
ဖြစ်ပါတယ်။ မန်ယူကိုကြည့်နေရချိန်မှာ သူ့ရဲ့ရောဂါတွေ
သက်သာသလိုခံစားနေရပါတယ်။

04/10/2026

Next Level ရောက်သွားတဲ့ ဘယ်လင်ဂမ်

လွန်ခဲ့တဲ့တစ်နှစ်လောက်က ဘယ်လင်ဂမ်ရဲ့အင်္ဂလန်ကစားသမားဘဝက မရေရာခဲ့ဘူး။
အခုတော့ ဘယ်လင်ဂမ်က ဘောလုံးလောကရဲ့
ထာဝရအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာမယ့်
အရိပ်အယောင်မြင်​ေနရတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ တူဟယ်လ်က
အင်္ဂလန်အသင်းနည်းပြဘဝစတင်ခဲ့တယ်။
အဲဒီအချိန်မှာ တူဟယ်လ်က ဘယ်လင်ဂမ်ကို
မေ့ထားခဲ့တယ်။ ဘယ်လင်ဂမ်ရဲ့ခံယူချက်နဲ့ ခြေစွမ်းကို
ဝေဖန်ခဲ့တယ်။

ဘယ်လင်ဂမ်က တူဟယ်လ်ရဲ့ယုံကြည်စိတ်ကို
စကားလုံးတွေနဲ့ မတုံ့ပြန်ဘဲ ထက်မြက်စွမ်းရည်ပြသပြီး
သူ့တန်ဖိုးသူ သရုပ်ဖော်ခဲ့တယ်။

၂၀၂၆ ကမ္ဘာ့ဖလားမှာ ၇ ဂိုးသွင်းပြီး အင်္ဂလန်ရဲ့
အတောက်ပဆုံးကြယ်ပွင့်ဖြစ်ခဲ့တယ်။
ဘယ်လင်ဂမ်ရဲ့ဖိတ်ဖိတ်လက်ခြေစွမ်းနဲ့အတူ
အင်္ဂလန်အသင်းလည်း တတိယနေရာပိုင်ဆိုင်ခဲ့တယ်။

အခုနောက်ဆုံးကစားတဲ့ ခရိုအေးရှားနဲ့ပွဲမှာ
ဘယ်လင်ဂမ်က မှော်ဆရာလေးဖြစ်ခဲ့ပြန်တယ်။
ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်သလို၊ ဂိုးလည်းသွင်းနိုင်ခဲ့တယ်။ ဘယ်လင်ဂမ်ကအသင်းခေါင်းဆောင်ရာထူးပိုင်ဆိုင်ခဲ့ချိန်မှာ ထူးရှယ်ခြေစွမ်း ပြသနိုင်ခဲ့တာပါ။

လက်ရှိစွမ်းရည်ကို ဆက်ထိန်းထားနိုင်ရင်
ဘယ်လင်ဂမ်က GOAT အဖြစ် မျှော်လင့်ခွင့်ရှိနေပြီ။
သူ့ဆီမှာ အမြန်နှုန်း၊ ဖန်တီးနိုင်စွမ်း၊ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု၊ တစ်ဉီးချင်းဖြတ်ကျော်နိုင်စွမ်းတွေ
ထူးချွန်စွာ ပိုင်ဆိုင်ထားတယ်၊
ဘယ်လင်ဂမ်က အခုထက်ပိုပြီးထက်မြက်လာမယ့်သူပါ။

အင်္ဂလန်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို နှစ်ကြိမ်တိုင်ရရှိထားသူ ဘယ်လင်ဂမ်က
လက်ရှိအချိန်မှာ အကောင်းဆုံး No 10 အဖြစ်
ရပ်တည်နေပါပြီ။

ဘယ်လင်ဂမ်က Off the Ball Movement တွေလည်း
ကောင်းမွန်ပြီး မခိုမကပ် လုပ်အားနှုန်းအပြည့်နဲ့
ခံစစ်ကိုလည်းကူညီတတ်သူပါ။

လွန်ခဲ့တဲ့တစ်နှစ်က တူဟယ်လ်ရဲ့အမေ့ခံဘယ်လင်ဂမ်ဟာ အခုဆိုရင် အင်္ဂလန်ရဲ့မရှိမဖြစ်ကစားသမားဘဝ
ရောက်လာပါတယ်။ ဘယ်လင်ဂမ်က Next Level
ရောက်ခဲ့ပါပြီ။

04/10/2026

ေ-သ-န-တ် ပြောင်းဝရှေ့က ရူအီပင်တို

မန်စီးတီးရဲ့ဘဏ္ဍာရေးအရှုပ်ထုပ်တွေကို ဖော်ထုတ်ခဲ့သူ
ကွန်ပြူတာ Hacker ရူအီပင်တိုတစ်ယောက်
အသက်အန္တရာယ် စိုးရိမ်နေရပါပြီ။

သူ့ကို ပေါ် တူဂီအစိုးရက အကာအကွယ်ပေးရမယ့်
သက်သေအဖြစ်သဘောတူညီမှုကို ရုပ်သိမ်းလိုက်လို့
ရူအီပင်တိုရဲ့အခြေအနေကစိုးရိမ်စရာ ဖြစ်လာတာပါ။

ရူအီပင်တိုက ၂၀၂၀ ခုနှစ်ကစတင်ပြီး ပေါ် တူဂီအစိုးရရဲ့အကာအကွယ်အောက်မှာ နေထိုင်ကာ အစိုးရသက်သေအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

ရူအီပင်တိုက လာမယ့် အောကျတိုဘာလ ၁၀ ရက်ကစတင်ပြီး အကာအကွယ်ရတဲ့အစိုးရသက်သေအဖြစ်ကနေ ရုပ်သိမ်းခံရပြီလို့ X ကနေအသိပေးလိုက်ပါတယ်။
ပြီးတော့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ
ခံရလိမ့်မယ်လို့လည်းဝန်ခံခဲ့တယ်။

ရုအီပင်တိုက အသက်အန္တရာယ် စိတ်ချရအောင်
လူမသိသူမသိလျှို့ဝှက်စွာနေထိုင်သွားမယ်လို့လည်း
ပြောပါတယ်။

ပေါ် တူဂီအစိုးရက ရူအီပင်တိုကို အစိုးရသက်သေအဖြစ်
ထားရှိပေမယ့် သူကျုးလွန်ခဲ့တဲ့ အချက်အလက်ခိုးယူမှုအတွက် ဆိုင်းငံ့ထောင်ဒဏ် ၄ နှစ်ချမှတ်ထားပါတယ်။

၂၀၂၀ ခုနှစ်အတွင်းပြုလုပ်တဲ့ ပထမဆုံးတရားခွင်ကို
ရူအီပင်တိုက ကျည်ကာဝတ်ပြီးလာခဲ့ဖူးပါတယ်။

ရူအီပင်တိုက မန်စီးတီး၊ PSG အပါအဝင်ထိပ်တန်းအသင်းတွေရဲ့အရှုပ်ထုပ်တွေကို ဖော်ထုတ်ခဲ့သလို
ဘင်ဖီကာအသင်းအပါအဝင် ပေါ်တူဂီဘောလုံးလောကက
အရှုပ်ထွေးတွေကိုလည်း ဖော်ထုတ်ထားလို့
နိုင်ငံတကာမှာရော၊ မိခင်နိုင်ငံ ပေါ်တူဂီမှာပါ
အန္တရာယ်ဝိုင်းနေပါတယ်။

ရူအီပင်တိုရဲ့ရှေ့နေက အစိုးရသက်သေအဖြစ်
အကာအကွယ်ပေးခံရမှု ရပ်တန့်သွားတာ
စိုးရိမ်စရာလို့ပြောခဲ့တယ်။ ရူအီပင်တိုက
ပေါ်တူဂီအစိုးရဟာ သူ့ကိုအန္တရာယ်ဝိုင်းအောင်ဖန်တီးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးတော့ရူအီပင်တိုက
လက်ရှိအခြေအနေကနေ လွတ်မြောက်အောင် ကူညီပေးဖို့
တောင်းဆိုခဲ့တယ်။

မန်စီးတီးအသင်းကဘဏ္ဍာရေးအရှုပ်ထုပ်တွေအတွက် အရေးယူမခံရခင်မှာပဲ အခုလိုမျိုး ရူအီပင်တို
အကာအကွယ်မဲ့သွားတာ စိုးရိမ်စရာကောင်းလွန်းပါတယ်။

03/10/2026

ချစ်မြတ်နိုးစိတ် အရင်းခံတဲ့ ဂျာစီလဲလှယ်မှု အနုပညာ

ပွဲပြီးဆုံးချိန်မှာ နှစ်ဘက်ကစားသမားတွေ ဂျာစီ
လဲကြတာမထူးဆန်းပါဘူး။ ဘောလုံးလောကထဲ
မြင်တွေ့နေကျရှုမျှော်ခင်းပါပဲ။

ဒါပေမဲ့ အင်တာမီလန်နဲ့ မန်စီးတီးချန်ပီယံလိဂ်မှာ
တွေ့ကြတဲ့အခါ အင်တာမီလန်နောက်ခံလူ အေဆာဘီက
မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို
ဂျာစီလဲဖို့တောင်းဆိုချက်ကထူးခြားခဲ့တယ်။

အေဆာဘီက ဟာလန်းဆီကနေ
ဂျာစီနှစ်ထည်တောင်းဆိုခဲ့တာပါ။
အေဆာဘီရဲ့တောင်းဆိုမှုကြောင့် ဟာလန်း
ခပ်ပြုံးပြုံးဖြစ်ခဲ့ပြီး ပွဲချိန်အတွင်း အစွမ်းမပြနိုင်တာကို
မေ့သွားပါတယ်။

ကစားသမားတွေ ဂျာစီ လဲလှယ်တာဟာ
ယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပြန်တယ်။
အဲဒီလိုလဲလှယ်ရတာကို ကစားသမားအများစုက
တစ်ဉီးနဲ့တစ်ဉီးဂုဏ်ယူလေးစားစိတ်ကြောင့်
လုပ်ကြတာပါ။ ကစားသမားတချို့ရဲ့ဝတ်စုံကတော့
သာမန်ထက်ပိုပြီးတောင်းဆိုမှုများပါတယ်။
မက်ဆီရဲ့အာဂျင်တီးနားဂျာစီဆိုရင် အမြဲတမ်း
အပိုဆောင်ထားရတယ်။ မက်ဆီရဲ့
အာဂျင်တီးနားအသင်းဖော် ဂိုးသမားမာတီနက်ဇ်
ပြောဖူးတာရှိတယ်။ အာဂျင်တီးနားအသင်းဂျာစီ
စီစဉ်သူက ပျမ်းမျှနှစ်ပွဲကို မက်ဆီနာမည်ပါ ဂျာစီ
၆၅၀ လောက်စီစဉ်ထားရတယ်ဆိုတာပါပဲ။

မက်ဆီရဲ့ဂုဏ်ကျက်သရေကြောင့် လိုချင်သူ
ဝိုင်းဝိုင်းလည်နေပြီး ကစားသမား၊ဝန်ထမ်း၊ စပွန်ဆာ၊
နည်းပြနဲ့နီးစပ်ရာလူတွေအတွက် မက်ဆီဂျာစီတွေ
ခွဲဝေပေးထားရတယ်။ သူတို့တွေကတစ်ဆင့်
မက်ဆီဂျာစီ တောင်းသူတွေကို ပြန်လည်မျှဝေတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနဲ့ပိုလန်ပွဲ
အပြီးမှာ မာတီနက်ဇ်က ဗီလာအသင်းဖော်
မက်တီကက်ရှ်ကို မက်ဆီဂျာစီလက်ဆောင်ပေးဖူးတယ်။
မက်ဆီဝတ်စုံရလို့ပျော်ရွှင်ဂုဏ်ယူရကြောင်း
မက်တီကက်ရှ်က အင်စတာဂရမ်ကနေ
ရင်ဖွင့်ဖူးပါတယ်။

ဝိန်းရွန်နီက မာနခဲပါ။ သူဘယ်လောက်ပဲ
သဘောကျတဲ့ကစားသမားဖြစ်ဖြစ် အမှတ်တရ
ဝတ်စုံမတောင်းတတ်ဘူး။ ဒါပေမဲ့သူ့ဆီကနေ
တစ်ယောက်ယောက်ကလာတောင်းရင်
လေးလေးစားစားနဲ့ ပေးတတ်ပါတယ်။
ရွန်နီဆီမှာ ဇီဒန်းရဲ့ဝတ်စုံမရှိပေမယ့် အန်ဒိုရာကစားသမား
လီမာရဲ့ဝတ်စုံရှိနေပါတယ်။
ရွန်နီက " ကျွန်တော့်ဆီကို ဂျာစီ လဲရအောင်ဆိုပြီး
လာပြောသူတိုင်းကိုတလေးတစား လဲပေးပါတယ်။
တချို့ကစားသမားတွေက ဝတ်စုံချင်းလဲပြီးရင်
တန်ဖိုးမထားတတ်ပေမယ့် ကျွန်တော်ကတော့
တလေးတစားနဲ့အိမ်ယူသွားပြီးသိမ်းထားတတ်တယ်"လို့
ပြောပြတယ်။

မက်ဆီက သူလဲလှယ်ဖူးတဲ့ဂျာစီတွေကို
အလေးအမြတ်တန်ဖိုးထားသူပါ။
သူ့နေအိမ်မှာ နာမည်ကျော်ကစားသမားများစွာရဲ့
ဝတ်စုံတွေကိုအမှတ်တရ တန်ဖိုးထားပြီး
မှန်ခန်းထဲထည့်သိမ်းအလှဆင်ထားပါတယ်။
မက်ဆီရဲ့အမှတ်တရဂျာစီပြခန်းဟာ
ခေါင်မိုးပေါ် မှာလည်း ဂျာစီများစွာနဲ့ ဆွဲဆောင်မှု
ရှိနေတာပါ။ မက်ဆီရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း
ပီကေးကလည်း သူ့ရဲ့ကစားသမားဘဝတစ်လျှောက်
မြတ်မြတ်နိုးနိုးလဲလှယ်ထားတဲ့ဂျာစီတွေကို
ကြွားလုံးထုတ်ဖူးတယ်။ ပီကေးသိမ်းဆည်းထားတဲ့
ဂျာစီပိုင်ရှင်တွေထဲ မက်ဆီ၊ဘက်ခမ်၊ ပီယာလို၊
ရော်နယ်လ်ဒင်ဟို၊ဖာဘရီဂတ်စ်တို့လို ပါရမီရှင်တွေရဲ့
ဝတ်စုံတွေပါနေတယ်။

အီတလီနည်းပြ စပယ်လက်တီက ကစားသမားဘဝ
ဂျာစီတွေ သိမ်းဆည်းရတာဝါသနာပါသူပါ။
အင်တာမီလန်နဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်
ပြန်ရပြီးနောက် စပယ်လက်တီက "names from the Champions League" လို့ Caption ရေးပြီး
သူလဲလှယ်စုဆောင်းထားတဲ့ နာမည်ကျော်ကစားသမား
ဂြာစီတှပွေသခဲ့ပါတယျ။ စပယ်လက်တီ
စုဆောင်းထားတဲ့ ဝတ်စုံတွေထဲ တော့တီ၊ ကာကာ၊
တိုနီကရူးစ်၊ မက်ဆီ၊ ရီဗယ်လ်ဒိုတို့လို
မှော်ဆရာတွေရဲ့ဂျာစီတွေ ရှိနေပါတယ်။

ကစားသမားတွေအချင်းချင်း ဂျာစီလဲလှယ်တဲ့
ယဉ်ကျေးမှုက ၁၉၃၁ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
ပြင်သစ်နဲ့အဂ်လန်အသင်းတို့ကစားတဲ့ပွဲမှာ
ပြင်သစ်အသင်းက ဂျာစီချင်းလဲရအောင်
တောင်းဆိုခဲ့တာပါ။ သမိုင်းတစ်လျှောက်အထင်ရှားဆုံး
ဝတ်စုံလဲလှယ်မှုတစ်ခုက ၁၉၇၀ မက္ကဆီကိုကမ္ဘာ့ဖလားမှာ
ဘရာဇီးလ်ဂန္ထဝင်ပီလီနဲ့ အဂ်လန်ဂန္ထဝင် ဘော်ဘီမိုးတို့
လဲခဲ့တာပါ။

ဂျာစီလဲလိုစိတ်ကြောင့် ဝေဖန်ခံရသူတွေလည်း
ရှိခဲ့ဖူးတယ်။ ၂၀၁၄ ခုနှစ်အတွင်းက ရီးယဲလ်နဲ့ပွဲမှာ
ရလဒ်မကောင်းပေမယ့် လီဗာပူးလ်တိုက်စစ်မှူး
ဘာလိုတယ်လီက ပီပီဆီကနေ ပထမပိုင်းမပြီးခင်
ဂျာစီအမှတ်တရတောင်းဆိုလို ့လီဗာပူးလ်ပရိသတ်တွေ
ဒေါသထွက်ဖူးသလို၊ ၂၀၁၆ ခုနှစ်တုန်းကလည်း
ချယ်လ်ဆီးနဲ့ PSG ချန်ပီယံလိဂ်ပွဲမှာ ဟာဇက်က
ဒီမာရီယာဆီကနေ ဂြာစီတောငျးဖူးလို့
ချယ်လ်ဆီးပရိသတ်တွေ လှောင်ပြောင်ဖူးပါတယ်။
မန်စီးတီးကို ဂိုးပြတ်ရှုံးတဲ့ပွဲအပြီးမှာ မန်ယူတိုက်စစ်မှူး
နစ္စတယ်ရွ ိုင်းက မန်စီးတီးဂျာစီဆင်မြန်းပြီး
အဝတ်လဲခန်းထဲရောက်လာလို့ ဖာဂီဆဲဆိုဖူးပါတယ်။

Hand of God ဆိုပြီးဂန္ထဝင်တွင်တဲ့ ၁၉၈၆
ကမ္ဘာ့ဖလားကွာတားဖိုင်နယ်၊
အဂ်လန်နဲ့ပွဲက မာရာဒိုနာရဲ့ဂျာစီကို
အဂ်လန်ကွင်းလယ်လူ စတိဗ်ဟို့ဂျ် အမှတ်တရလဲလှယ်ခွငိ့
ရခဲ့ပါတယ်။ အဲဒီဝတ်စုံကို ၂၀၂၂ ခုနှစ်အတွင်းမှာ
လေလံတင်တော့ ပေါင် ၇ ဒသမ ၁၄ သန်း
ရခဲ့တယ်။

Category

Telephone

Address


Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Followin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.