NEC SOLAR
Solar , Inverter, Battery ဆက်စပ်ပစ္စည်းများ
04/02/2026
ဆိုလာနဲ့ EV ကား အားသွင်းအတွေ့အကြုံ
---------------------------------------
တပ်ဆင်ထားသော ပစ္စည်းများ
-----------------------------
Inverter Lux Power 12 kw
Solar တပ်ဆင်အား 11 kw( ၂၄ ချပ်)
Battery SMART 51.2/314 Ah ၂ လုံး
(32 kwh ) သိုလှောင်နိုင်။
ကုန်ကျစရိတ်
325 သိန်း
(လက်ရှိပေါက်စျေးအရ)
စျေးအတက်ပဲ ရှိပါတယ်။
-
ဆိုလာမှ တရက်တာ အားထုတ်လုပ်နိုင်မှု
11kw* 4.5 (Peak hour)= 50 kwh( 50 ယူနစ်ဝန်းကျင်)
-
EPC ဘရေကာ လုံးဝ ချ ထားပြီး သုံးစွဲခြင်း။
အိမ်မီတာ (10/30A) Single phase
-
EV Charger
---------------
Suntree တံဆိပ် 7 kw Charger
GBT ခေါင်း
(အားသွင်း 6 A မှ 32A အတွင်းလိုသလို
ဖုန်း app မှ ချိန်ညှိနိုင်ခြင်း)
အားသွင်းနေတုန်း အိမ်ကအသုံးများရင်
ဖုန်းကနေ Ampere လျှော့လို့ရတယ်။
အသုံးနည်းသွားရင်ပြန်တင်လို့ရတယ်။
-
EV ကားအမျိုးအစား
-----------------------
Venucia VX6
Battery capacity 62 kwh
အားသွင်းက AC 32 A ထိ၊
DC charger 80 kw ထိ လက်ခံပါတယ်။
-
EV car က မနက် ၁၀ နာရီလောက်မှ အိမ်ကထွက်တတ်လို့
၈း၃၀ ဆိုရင် စပြီး 5000 watt( 25A) လောက်နဲ့ သွင်းပါတယ်။ အဲဒီအချိန်
ဆိုလာက 2000/3000 Watt ပဲ ထွက်သေးလို့ လိုတာ ဘက္ထရီကနေ ခဏကူတယ်။
တစ်ရက်ကို 7/8 kwh လောက်သွင်းတယ်။ ကားတစ်ရက် အသုံးကလည်း အဲဒီလောက်ပဲမို့
ကားထဲမှာ ဘက္ထရီက အမြဲလို 70/80 % ရှိနေတယ်။ မနက် ၁၀ နာရီကား အပြင်ထွက်တော့
မယ်ဆိုမှ အားသွင်းပိတ်၊ အိမ်က ထမင်း/ဟင်းချက်တာ၊ ကွန်ပရက်စာနဲ့ ရေတင်တာ၊
အဝတ်လျှော်၊မီးပူတိုက်၊အဲကွန်းဖွင့်တာတွေ သုံးတယ်။ ဘက္ထရီ ၂ လုံးက မနက် 11/12 လောက်ဆို
အားပြည့်ပြီ။ နေ့ပိုင်းအိမ်သုံးသလောက်ပဲ ဆိုလာက ထွက်တော့တယ်။ EPC လုံးဝ off ထားတာမို့
ညနေပိုင်း/ညပိုင်းကို ဘက္ထရီက ထုတ်သုံးတယ်။ အဲကွန်း ၁ ကောင် ၂ လုံး၊ အိမ်မီး၊ pressure pump
ခြံထဲမီး/လမ်းမီး/cctv/wifi/ရေခဲသေတ္တာ အားလုံးသုံးတာ မနက်ကျရင် ဘက္ထရီက 50 -60% ကျန်ပါတယ်။
EPC မီတာခ 0 , Kitchen ဂက်ဖိုး 0 ။
-
ဆိုလာက နေ့ပိုင်းအပြည့်သုံးရင် တရက် 50 ယူနစ်ထိရတယ်။ အပြည့်မသုံးရင် အိမ်သုံးတာနဲ့ ဘက္ထရီ ၂လုံး
အားသွင်းတာနဲ့ 25/30 ယူနစ်လောက် သုံးဖြစ်တယ်။
စနေ၊တနင်္ဂနွေ ပိတ်ရက်မှာ ကားက အိမ်မှာ အမြဲလိုရှိတော့ နေ့ပိုင်းတင် 100% ပြည့်အောင် အေးဆေးသွင်း
ချ လိုက်တယ်။ အဲရက်မျိုးကျ ဆိုလာက 45/50 ယူနစ်ရတယ်။
-
ဆိုလာနဲ့ EV ကား အတွက် သုံးစွဲသူ မှတ်ချက်
-------------------------------------------------
EPC ကို မမှီခိုပဲ ဆိုလာနဲ့တင် အိမ်မှာ အပြည့်အဝ သုံးရတာ ကျေနပ်ပါတယ်။
EV ကားက ဆီထည့်စရာမလိုဘဲ သုံးရတာရယ် အားသွင်းရင်လည်း
ဆိုလာနဲ့ အေးဆေးသွင်းရတာ ကျေနပ်ပါတယ်။
ကားမောင်းနှင်ရတာလည်း အသံငြိမ်တာ၊ မော်တာ ရုန်းအားကောင်းတာ
၊ ကားကျော်တက်ဖို့ ရှေ့ကားက မလှုပ်တလှုပ် လုပ်နေရင်၊ မျက်နှာခြင်းဆိုင်ကား
ကလည်း လာနေရင် စွတ်ခနဲ့ နင်းကျော်လိုက်ရတာ၊ နင်းသလောက် speed က
လှစ်ခနဲ တက်တာ သဘောကျပါတယ်။ ခါတိုင်းကလေးကျောင်းပို့ရင် ၂၀-၂၅ မိနစ်လောက်
မောင်းရတဲ့ ခရီးက ခု ၁၅-၂၀ မိနစ်ကြားပဲ ကြာပါတယ်။ အိမ်မှာ ဆီကား ၁ စီး၊ EV တစီးရှိပြီး
EV ကို အဓိက သုံးဖြစ်တော့ ဆီကားကလည်း ဆီထည့်ရတာ နည်းသွားတယ်။
Overall ပြောရရင်တော့ဆိုလာနဲ့ EV သုံးရတာ အဆင်ပြေပါကြောင်း.........
EV charger စနစ်တကျ တပ်ဆင်ချင်တယ်ဆိုရင်လည်း တပ်ဆင်ပေးပါတယ်။
မကြာခင် ကျွန်တော် တို့ မှာယူထားတဲ့ 22 kw, 7 kw charger တွေ ရောက်လာရင်လည်းပစ္စည်းရော၊တပ်ဆင်တာပါ လုပ်ပေးပါမယ်။
-
NEC SOLAR
ဘက္ထရီတွေ သုံးပေးဖို့လို
-----------------------
အိမ်မှာ တပ်ဆင်ထားတဲ့ Lifepo4 battery တွေဟာ အားသွင်း/အားထုတ်
လုပ်ပေးဖို့ လိုပါတယ်။ မီးမှန်တဲ့နေရာတွေမှာ သုံးထားတဲ့ ဘက္ထရီတွေက
အားလည်းမသွင်း၊အားလည်းမထုတ်ဖြစ်တာ ကြာရင် SOC အားမမှန်တာ၊
Volt မမှန်တာတွေ ဖြစ်တတ်တယ်။ ခုရက်ပိုင်းမှာ တချို့နေရာတွေ မီးနည်းနည်းပြန်
ပျက်တော့မှ ဘက်ထီကို သုံးဖြစ်တော့ အင်ဗာတာပိတ်ကျတာ ဖြစ်လို့ service ပြန်လုပ်ပေး
ရတယ်။
-
ဆိုလာတပ်ထားရင်
------------------
အိမ်မှာ ဆိုလာအပါ အင်ဗာတာ/ဘက္ထရီ တပ်ထားရင် နေ့ဘက် ဆိုလာအဓိကသုံး၊
ညဘက် ဘက္ထရီကနေ 50% လောက် သုံးပေးရင် မီတာခလည်း သက်သာလို
ဘက္ထရီလည်း သုံးဖြစ်ပါတယ်။ ထားရမယ့် setting က
1. Growatt အင်ဗာတာ ဆိုရင် SBU mode ထားပြီး
Battery to grid setting မှာ 50% လောက် ပေးပါ။
2. Deye မှာဆိုရင်တော့ Time of use ကို ရွေးပြီး
50% ထားပါ။
3.Solis ဆိုရင် Storage mode, Battery reserve Switch ကို
On ပြီး Battery reserved ကို 50 ထားပါ။
သုံးသူ ကိုယ်တိုင်မလုပ်တတ်လည်း installer ကို လုပ်ခိုင်းပါ။ wifi ချိတ်ထားရင်
အိမ်ကို လာစရာမလိုပါဘူး။ အဝေးကနေ setting ပြောင်းလို့ရပါတယ်။
-
ဆိုလာမတပ်ထားရင်
--------------------
ဆိုလာမပါဘဲ အင်ဗာတာ/ဘက္ထရီပဲ တပ်ထားရင်တော့ တစ်လ တစ်ခါလောက်
EPC အဝင် ဘရေကာ ချပြီး ဘက္ထရီကနေ 20/30% ကျန်တဲ့အထိ သုံးလိုက်ပါ။
ပြီးရင် အားပြန်သွင်းထားရင် ရပါပြီ။ ကိုယ် သုံးဖို့လိုတဲ့အခါ အသင့်ဖြစ်တာပေါ့။
ဘက္ထရီကို ကြာကြာမသုံးဖြစ်ပဲ ပိတ်ထားမယ်ဆိုရင် အားပြည့်အောင် မသွင်းပါနဲ့။
60/70% လောက် ထားပြီး ပါဝါတွေ အကုန် ပိတ်ထားရင် ရပါတယ်။
-
NEC SOLAR
25/12/2025
Year End Promotion
-----------------------
ဆိုလာ/အင်ဗာတာ ရောင်းခဲ့တဲ့(၄) နှစ်အတွင်း
စျေးအကျဆုံးအချိန်ပါ။ ဒါ့ကြောင့်
လာမယ့်နွေရာသီအတွက် ဒီအချိန်မှာ တပ်ဆင်ထားရင်
အသက်သာ ဆုံးပါပဲ။
အင်ဗာတာ၊ဘက္ထရီ တပ်ဆင်ထားပြီး ဆိုလာမတပ်ရသေးရင်လည်း
ခုချိန် ဆိုလာတပ်ပါ။ EPC မီးကို မှီခိုစရာမလိုဘဲ တနေကုန် ဆိုလာကနေ
အိမ်သုံးနေတာက စိတ်ချမ်းသာစရာပါ။ မင်မင်ကတော့ စိတ်ချမ်းသာနေတာ
(၄) နှစ်ရှိပါပြီ။ထမင်းဟင်းချက်တာကအစ ဆိုလာနဲ့မို့ ဂက်(စ်) တောင်မဝယ်ရတော့ဘူး။ ရေရှည်မှာလည်း စွမ်းအင်အတွက် ဖြည့်ဆည်းလို့ မလောက်နိုင်တဲ့အတွက်ကိုယ့်တအိမ်စာ၊လုပ်ငန်းတခုစာ စီစဉ်ထားလိုက်ရင် လျှပ်စစ်မီးအတွက် ခေါင်းစားစရာမလိုဘဲ အားလုံးအဆင်ပြေချောမွေ့ပြီပေါ့။
အသက်သာဆုံး စျေးနှုန်းလေးတွေနဲ့ package လေးတွေပါ။
အင်ဗာတာ၊ ဘက္ထရီ error ကင်းတာတွေပဲ ရောင်းသလို
စပ်ဆပ်သုံးစွဲတဲ့ ဘရေကာ၊ကြိုး မီးပစ္စည်းတွေကိုလည်း အရည်အသွေး
အကောင်းဆုံးတွေပဲ သုံးတာမို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။
-
ဆက်သွယ်ဝယ်ယူတပ်ဆင်ရန်
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
23/11/2025
အသိပေးတင်ပြခြင်း
-----------------------
ပွင့်လင်းရာသီ ရောက်လာပြီး ဆိုလာအထွက်အား ကောင်းလာခြင်း၊ ညဘက် မီး မပျက်တတ်
ခြင်းကြောင့် ကျွန်တော်တို့ တပ်ဆင်ပေးထားတဲ့ ဆိုလာ ဆိုက်များကို လက်လှမ်းမီသလောက်
ဆက်တင်လေးတွေ ချိန်းထားပါတယ်။
(EPC မီတာခ သက်သာဖို့နဲ့ ဆိုလာကနေ ပိုသုံးနိုင်ဖို့ပါ)
၁။ EPC အားသွင်းပိတ်လိုက်ပါတယ်။
၂။ ဘက္ထရီကနေ ညဘက် 50% အသုံးပြုမယ်လို့ သတ်မှတ်ပေးပါတယ်။
(တကယ်လို့မီးက ညဘက် / မနက်စောစော မပျက်တာ သေချာရင် 20% ကျန်
အထိသတ်မှတ်ပေးလို့ရပါတယ်)
ကျွန်တော် တို့ NEC မှ ၄ နှစ်အတွင်း ဆိုက်ပေါင်း ၂၀၀၀ ကျော် တပ်ဆင်ပေးထားလို့ အားလုံး
မပြင်ဆင်ပေးနိုင်လို့ မိမိတို့ လိုအပ်ချက်နဲ့ အညီ ပြင်ဆင်စေချင်ရင်တော့
NEC ဖုန်း/viber/page messenger တွေကနေ ဆက်သွယ်ပေးပါ ခင်ဗျာ။
Admin ရဲ့ အိမ်မှာတော့ တရက်ကို ဆိုလာ+ဘက္ထရီကနေ နာရီ ၂၀ သုံးပြီး
epc ကနေ ၄ နာရီ လောက် သုံးပါတယ်။
အကုန်အကျခံတပ်ဆင်ထားတဲ့ ဆိုလာကို အကျိုးရှိရှိ အသုံးချကြပါစို့။
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
21/11/2025
ရန်ကုန်၊မန္တလေး၊ပြင်ဉီးလွင် မှာ
ဆင်ပေးဖြစ်တာလေးတွေပါ...
---------------------------
၁။ တောင်ဒဂုံ မြယမုံအိမ်ယာ 20kw
----------------------------------
Deye 20 kw inverter
Jinko 590 Watt*28 pcs
Deye 51.2/100 ah* 9 pcs
အဲကွန်း ၆/၇ လုံးနဲ့ တအိမ်လုံးစာ သုံးဖို့ပါ။
-
၂။ အင်းတကော် ရွှေမင်းဝံကျောင်း 12 kw
-----------------------------------------
Deye 12 kw inverter
SMART 51.2/314 Ah * 2 pcs-
၃။ မြောက်ဥက္ကလာ 8 kw Solar
-------------------------------
Solis 8 kw inverter
Jinko 590 Watt* 16 pcs
SMART 51.2V/314 Ah * 1 pc
-
၄။ သန်လျှင် အောင်ချမ်းသာ 6 kw
---------------------------------
Inverter 6kw
Solar 590 Watt*12 pcs
SMART 51.2V/314 Ah * 1 pc
-
၅။ မြောက်ဒဂုံ 6kw
--------------------
6 kw power Station
Solar 590 Watt* 12 pcs
-
၆။ မန္တလေး 110D 52*53 6 kw
------------------------------
Solis 6kw inverter
Jinko 590 Watt* 10 pcs
SMART 51.2V/314 Ah
-
၇။ မန္တလေး လမ်း ၂၀ ၈၃*၈၆ 6 kw
----------------------------------
Inverter 6kw
Lifepo4 51.2V/300 Ah * 1 pc
-
၈။ ပြင်ဉီးလွင် အိမ်သုံး 6 kw
----------------------------
Deye 6 kw Off grid
Solar 590 Watt* 12 pcs
SMART 51.2V/314 Ah * 1 pc
-
၉။ မှော်ဘီ ဘုန်းကြီးကျောင်း 6 kw
----------------------------------
Inverter 6 kw
Solar 590 Watt* 6 pcs
Lifepo4 51.2/200 ah
-
၁၀။ ကမာရွတ် 12 kw
----------------------
Growatt 12 kw inverter
LVtopsun 51.2/300 Ah 1 pc
ကျန်ဆိုက်များကတော့ ဆိုလာမပါ Back up
Site များပါ..
တပ်ဆင်လိုပါက
--
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
23/10/2025
ပွင့်လင်းရာသီမှာ ထားသင့်တဲ့ Setting
----------------------------------
မိုးကုန်လို့ ဆိုလာတွေ အရများလာပါတယ်။
ဆိုလာကို အကုန်အကျခံတပ်ထားလို့ မီတာခလည်း
သက်သာအောင်၊ အကျိူးရှိရှိ အသုံးချ ဖို့ အကြံပြုလိုက်ပါတယ်။
-
EPC အားသွင်းပိတ်မယ်
———————————-
ပထမ ဆုံးလုပ်ရမှာက ဘက်ထီအားသွင်းဖို့ ဆိုလာက လုံလောက်ပြီမို့
ကိုယ်နေတဲ့ ရပ်ကွက်၊မြို့နယ်က ညဘက်ကို မီးပေးတာများရင်
EPC အားသွင်းပိတ်သင့်ပါတယ်။ ခု လက်ရှိရန်ကုန်မှာ မီးပေးတဲ့ပုံစံက
နေ့ဘက် ၄ နာရီခြားပေးပြီး ညဘက်ဆိုရင်တော့ တညလုံးလာတာများပါတယ်။
ဒါဆိုရင် ညနေပိုင်းမှာအားပြည့်နေတဲ့ ဘက္ထရီက ဥပမာ ညနေ ၅ ကနေ ၉ ထိ ပျက်
တဲ့ ရက်မှာ သုံးလိုက်ပြီး ည ၉ နာရီ မီးပြန်လာရင် လျော့သွားတဲ့ ဘက်ထီကို
အားမသွင်းပဲ မနက်ထိထားလိုက်ပါ။ ဒါဆို မနက် မိုးလင်းတာနဲ့ ဆိုလာက အား
သွင်းပြီ။ ညနေပိုင်းကနေ နောက်နေ့မနက် ပိုင်းထိ မီးလာတဲ့ ရက်ဆိုရင်
ည ၁၁/၁၂ လောက်အထိ EPC က သုံးလိုက်ပြီး အဲနောက်ပိုင်းမှ
ဘက်ထီက သုံးလိုက်ရင် မနက်ကျ ဆိုလာနဲ့ အားသွင်းလို့ရတယ်။
တကယ်လို့ ကိုယ့်ဘက္ထရီအရွယ်အစားနဲ့ ညဘက် အသုံးက လောက်ရင်
တော့ ပွင့်လင်းရာသီမှာ EPC ကို လုံးဝ အပြီးပိတ်ထားလို့ရပါတယ်။ တဉီးနဲ့တဉီး
ဆိုလာတပ်ဆင်ထားပုံ၊ ဘက်ထီ အရွယ်အစား၊ ညဘက် အသုံးတွေက မတူညီ
နိုင်လို့ ကိုယ့်ဘာသာ ချိန်ရမှာပါ။ ပုံသေနည်းတော့ မရှိပါဘူး။
ကျွန်တော်က ဘက်ထီ လောက်ရင် EPC ကို လုံးဝ Off ထားချင်ပေမယ့်
ညဘက်ကျ အဲကွန်း ၂ လုံးဖွင့်တာမို့ တညလုံး မနိုင်လို့ ညဉီးပိုင်း epc က သုံးပါတယ်။
ည ၁၂ လောက်မှ epc အပြီးချ လိုက်ရင် မနက်ကျ 30/40% အကျန်နဲ့ ကွက်တိပါပဲ။
EPC က မီးပေးတဲ့ ပုံစံကလည်း အရေးကြီးပါတယ်။ နေ့ရော ညရော ၄ နာရီလာ ၄ နာရီ
ပျက် ပေးနေတာမျိုးဆိုရင် ဘက်ထီက ညဘက်မလောက်နိုင်ရင်တော့ လာချိန်မှာ
EPC ကလည်း ပူးတွဲ အားသွင်းရမှာပါ။
-
ဘက္ထရီ နှမျောဖို့မလို
---------------
အခု သုံးစွဲနေကြတဲ့ Lifepo4 Battery တွေက အမျိုးအစားကောင်းရင်
၅ နှစ်အထက် ၈ နှစ် ၁၀ နှစ် အေးဆေးခံတာမို့ ပေးထားရတဲ့တန် ဖိုးနဲ့ ညီအောင်
ထိုက်သင့်သလို သုံးပါ။ EPC မီးက စိတ်ချရရင် ညဘက် 20% ကျန်အထိသုံးပြီး မနက်မှ
ဆိုလာနဲ့သွင်းပါ။ EPC မီးက စိတ်မချရရင်တော့ အိုးထဲ 40/50% ချန်သုံးပါ။
ညဉီးပိုင်းထဲက ဘက်ထီက သုံးထားပြီး ညနက်ပိုင်း/မနက်လင်းခါနီးမှ
ဘက်ထီကလည်း ကုန်၊ epc ကလည်းပျက်ဆို ဒုက္ခရောက်မှာစိုးလို့။
ကျွန်တော် ဆိုရင် မနက်လင်းရင် ဘက်ထီထဲ အားအပြည့်ရှိနေတာမကြိုက်ပါဘူး။
ဆိုလာကနေလည်း အားသွင်းချင်သေးတယ်။ မီတာခလည်း လျော့စေချင်တယ်။ ကြီးကြီးကျယ်ကျယ်
ပြောရရင် EPC မီး မလောက်တဲ့အချိန်မှာ ကိုယ့်လိုအိမ်က အသုံးလျော့ ရင်
ကျန်တဲ့သူတွေပိုသုံးရတာပေါ့။
-
နေ့ပိုင်း EPC ပိတ်ထားပါ
----------------------
ဆိုလာ လောက်ပြီမို့ မနက် ၇ နာရီလောက်ဆို EPC in/ AC in
breaker ချထားပြီး ဆိုလာ/ဘက်ထီ တွဲသုံးပါ။ ဘက်ထီ အားပြည့်အောင်စောင့်
ဖို့မလိုပါ။ 30/40% လောက်ဆို ပုံမှန်သုံးလို့ရပြီ။
တခါတလေ မိုးအုံ့သွားလို့ ဥပမာ သုံးနေတာက ဝပ် ၃၀၀၀၊ ဆိုလာက ထွက်တာ ၂၀၀၀ ဆိုရင်
လိုတဲ့ ၁၀၀၀ ကို ဘက်ထီက ခဏကူလိမ့်မယ်။ နေပြန်ပွင့်သွားရင် လျော့သွားတဲ့ဘက်ထီကို
ဆိုလာက ပြန်သွင်းသွားမယ်။ သူ့ဟာနဲ့သူ အပတ်လည်သွားလိမ့်မယ်။
တယောက်က မေးတယ်။ epc ပိတ်သုံးရင်အင်ဗာတာ/ဘက်ထီ နာလားတဲ့။
အင်ဗာတာ/ဘက်ထီက နိုင်နင်းတဲ့ဝန်အားသုံးရင် မနာပါဘူး။
သုံးသာသုံးပါ။ ဘက်ထီအားပြည့်ပြီး အသုံးက သိပ်မရှိရင် ဆိုလာက မထွက်တော့ဘူး။
ထွက်လည်း အားတွေက သိမ်းစရာနေရာ၊သုံးစရာ ဝန်အားမှ မရှိတာ ဘယ်သွားထားရမလဲ။
အင်ဗာတာမှာပါတဲ့ ကွန်ထရိုလာက ဘက်ထီအားပြည့်မပြည့်၊ အသုံးဝန်အားကို အမြဲ detect လုပ်နေပြီး
လိုအပ်သလို စီမံသွားတာပါ။ သုံးစွဲသူက ဘာမှ လုပ်ဖို့မလိုပါဘူး။ အားလုံး အော်တိုပါ။
ညနေ ၄/၅ နာရီမှ epc ပြန်တင်ပါ။
-
ဆိုလာမတပ်ထားရင်
--------
ဆိုလာမပါဘဲ အင်ဗာတာ/ဘက်ထီပဲ တပ်ထားသူတွေကတော့ ရှင်းပါတယ်။
မီးလာနေသမျှ မီးက သုံး၊ မီးပျက်ရင် ဘက်ထီက သုံးတာမို့ ပုံမှန်အတိုင်းသုံးရုံပါပဲ။
တချို့က အားသွင်းလိုက်၊ ပြည့်ရင် ဘက်ထီက သုံးလိုက်၊ ပြန်အားသွင်းလိုက် လုပ်တာ
ရှိသေးတယ်။ မလိုအပ်ပါဘူး။ မီတာ တက်တာကလည်း တက်မှာပဲ။ ဘက်ထီ သက်တမ်း
သာ ထိခိုက်နိုင်ပါတယ်။ cycle count တက်တာပဲ အဖတ်တင်မယ်။
မီးလာတာများလို့ ဘက်ထီက အမြဲလိုအားပြည့်နေရင် တလ တစ်ခါလောက် ဘက်ထီထဲက
20% လောက်ကျန်တဲ့အထိ သုံးပါ။ ပြီးရင် အားပြည့်အောင် ပြန်သွင်းပြီး stand by ထားပါ။
အင်ဗာတာ /ဘက်ထီ back up တပ်ထားပြီး ဆိုလာမတပ်ရသေးရင် ခုချိန် တပ်လို့ကတော့
အကျိုးရှိမှာ သေချာပါတယ်။
-
NEC SOLAR
17/10/2025
တပ်ဆင်ပေးဖြစ်တာလေးတွေ
-----------------------------
မိုးကုန်တော့ ဆိုလာ ရာသီရောက်လာပြီပေါ့။
နွေအတွက် ကြိုတင်ပြင်ဆင်ကြရင်း
တပ်ဆင်ပေးဖြစ်တဲ့ ဆိုက်လေးတွေပါ။
စျေးနှုန်းတွေ အနေနဲ့ကတော့ အကျဆုံး အခြေအနေမှာပဲ
ရှိနေပါတယ်။
-
တပ်ဆင်လိုပါက
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
04/10/2025
ဘက္ထရီ ဘယ်လိုရွေးမလဲ
------------------------
Lifepo4 Battery တစ်လုံး ကောင်းမကောင်း၊ error ပါမပါ ဆိုတာ
အနည်းဆုံး ၁ နှစ်လောက်သုံးကြည့်ပြီးမှ သိရတာပါ။
တချို့ဘက္ထရီက အထဲက cell ကောင်းတယ်။ Bms မှာ ပြသနာရှိလို့
စိတ်ညစ်ရတယ်။ တချို့ဘက္ထရီက bms ပြသနာမရှိဘူး။ အထဲက cell
က မကောင်းလို့ တစ်နှစ်၊နှစ်နှစ်လောက်နဲ့ ဘက္ထရီကျလာတယ်။
ဒီလို ပြသနာတွေ error တွေ ရှိတတ်တဲ့ ဘက္ထရီလောကမှာ
SMART တံဆိပ် Lifepo4 ကတော့ လွန်ခဲ့တဲ့ ၃ နှစ်တည်းက စတင်
ရောင်းချခဲ့ပြီး error မပါ၊ အားအသုံးခံလွန်းလို့ ဆင်ထားတဲ့သူတွေဆိုရင်
ဘက္ထရီကို မေ့တောင် မေ့နေပါတယ်။ အိမ်မှာလဲ ၂၄ နာရီ မီးရနေတယ်။
တခါတလေ EPC မီးပျက်တာ တအားများမှ
ဘက္ထရီက အားနည်းတာကို သတိထားမိတဲ့အထိပါ။ 100ah/200ah/300ah/
350ah အလုံးပေါင်း များစွာ ရောင်းချခဲ့တာ မှတ်မှတ်ရရ ရန်ကုန်မှာ တစ်လုံးနဲ့
မန္တလေးမှာ တစ်လုံးပဲ bms upgrade လုပ်ပေး၊ Bms card လဲပေးခဲ့ရတာပဲ ရှိပါတယ်။
ဘက္ထရီမှာ အရေးကြီးတဲ့ cell ပြသနာ လုံးဝ မရှိလို့ သုံးတဲ့သူတွေ စိတ်ချမ်းသာတဲ့ brand ပါ။
၂ နှစ် ၃ နှစ် သုံးပြီးချိန်အထိ အသစ်နဲ့ မခြား၊ အားကျသွားတာမရှိတာက
cell အရည်အသွေးကောင်းလို့ပါ။
-
အခု လက်ရှိ ရောင်းချနေတဲ့ SMART 51.2V/314 Ah ဘက္ထရီက နည်းပညာ ထပ်မြှင့် ထားပြီးGrade A , new cell သုံးထားလို့ 314 ah ဆိုပေမယ့် 330 ah လောက်အထိ ပါ ပါတယ်။Cell အာမခံ(၁၀) နှစ်၊ bms နဲ့ အခြား accessories အာမခံ(၅) နှစ်ပါဝင်ပြီးမူလ စက်ရုံမှ အင်ဂျင်နီယာ ကိုယ်တိုင် ပြည်တွင်းမှာ အထိုင်ချပြီး Technical support ပေးနေတယ်။ ဘက္ထရီ တခုလုံးကို (၁၀) နှစ်အထက် ခံအောင်material တွေ သေချာ တပ်ဆင်ထားပါတယ်။
Wifi ချိတ်ဆက်ပြီး ဘက္ထရီအားကျန်အခြေအနေ ၊ cell တစ်လုံးချင်းအခြေအနေ၊Battery Cycle စတာတွေ စစ်လို့ရတယ်။ ပြည်တွင်းမှာ သုံးစွဲနေတဲ့ အင်ဗာတာအားလုံးနီးပါးနဲ့
bms communication ရတယ်။ ဒါ့ကြောင့် Battery Management ပိုကောင်းတယ်။ ပြင်ပ သွင်ပြင်အနေနဲ့ SMART ဆိုတဲ့ အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ ဧည့်ခန်းမှာထားရင်တောင်Smart ဖြစ်နေမယ်။ အောက်မှာ ဘီးလေးဘီးပါလို့ အလွယ်တကူ ရွှေ့နိုင်တယ်။
လျှပ်စစ်မီးလိုအပ်ချက်အရ စျေးကြီးပေးသုံးထားတဲ့ ဘက္ထရီကို error မရှိသလောက်နဲ့ နှစ်အကြာကြီး အသုံးခံမယ်ဆိုတော့ သုံးရတာ တကယ်ကိုတန်ပြီပေါ့။ မူလစျေး (၇၅) သိန်းကို သီတင်းကျွတ် Promotion အနေနဲ့
အောက်တိုဘာ လကုန်အထိ (၇၂) သိန်းကျပ်နဲ့ ရောင်းချပေးနေပါပြီ။
-
ဆက်သွယ်ဝယ်ယူရန်
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
NEC ရုံးပိတ်ရက်
————————
အောက်တိုဘာလ ၅ ရက်မှ ၇ ရက်ထိ သီတင်းကျွတ်ရုံးပိတ်ရက်များဖြစ်ပါသည်။
Service ကိစ္စများအတွက် 09421036085 သို့
နေ့စဉ် မနက် ၉ နာရီမှ ည ၉ နာရီထိ ခေါ်ဆိုနိုင်ပါသည်။
-
NEC SOLAR
29/09/2025
ဝါကျွတ် အထူး Promotion
---------------------------
မကြာခင် ပွင့်လင်းရာသီရောက်တော့မှာမို့
မိမိတို့ အိမ်မှာ ၂၄ နာရီ လျှပ်စစ်မီးရနေစေဖို့
NEC SOLAR မှ ပုံမှန်ထက် ၃ သိန်းမှ ၈ သိန်းထိ သက်သာတဲ့
Special prmotion package လေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Promotion ကာလ အောက်တိုဘာလ(၃၁) ရက်ထိပဲမို့
ပစ္စည်းလေးတွေ ဖယ်ထားလို့ရအောင် မြန်မြန်လေး
Order တင်ထားမှ စိတ်ချရပါမယ်။ တပ်ဆင်မှုကိုတော့
တပါတ်အတွင်း နေ့ချင်းပြီး တပ်ဆင်ပေးနိုင်ပါတယ်။
-
အသေးစိတ် မေးမြန်းရန်နှင့် Order တင်ရန်အတွက်
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
သာကေတ။ အမှတ်(၂) စျေးရှေ့
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069
မေ့ထားလို့မရတဲ့ Degradation
-------------------------------
Lifepo4 Battery တွေ ရောင်းကြရာမှာ သက်တမ်း
Cycle life ဘယ်လောက်ရတယ်၊ ဘက်ထီထဲကနေ ဘယ်လောက်
ထိ ထုတ်သုံးလို့ရတယ်( DOD 80/90/95 စသဖြင့်) Mention လုပ် ကြေငြာ
ကြပေမယ့် ဘယ်လောက် cycle, ဘယ်နှစ်နှစ်သုံးပြီးရင်တော့ ဘက္ထရီရဲ့
ကျန်းမာရေးအခြေအနေ ( SOH- State of Health) ဘယ်လောက်ကျန်နိုင်မယ်
ဆိုတာကိုတော့ ကျွန်တော် အပါအဝင် ဘက္ထရီရောင်းသူတွေ ဖော်ပြလေ့ မရှိပါဘူး။ Battery မို့ သုံးတာ သက်တမ်းတခုရောက်လာတာနဲ့ cell degrade ဖြစ်ပြီး သိုလှောင်နိုင်အား ကျလာမှာ အသေအချာပါပဲ။ ဘက္ထရီ အသစ်စသုံးတာကနေ ၅ နှစ်သက်တမ်းရှိချိန်မှာ ကျန်ရှိနိုင်တဲ့ SOH က
တဉီးနဲ့ တဉီး သုံးစွဲပုံမတူလို့ ကျန်ပုံလည်း မတူနိုင်ပါဘူး။
-
အရည်အသွေးကောင်းတဲ့ new cell , grade A နဲ့ တပ်ဆင်ထားတဲ့ ဘက္ထရီ တစ်လုံးကို လေ့လာကြည့်မယ်ဆိုရင် …..
-
၁။ အသုံးနည်းသူ
တစ်ရက်ကို 0.5 cycle သုံးရင် ( ဘက္ထရီအိုးထဲက အားကို တစ်ရက် ပျှမ်းမျှ 40/50% လောက်ပဲ သုံးသူ)
၅ နှစ်နေရင် ခန့်မှန်း cycle 900 လောက် ပဲ ရှိပြီး SOH 92-95% ကျန်နိုင်ပါတယ်။
ကျွန်တော်တို့ ဆိုလာလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ၄ နှစ်အတွင်း
Lifepo4 Battery အလုံးရေ ထောင်ချီတပ်ဆင်ပေးခဲ့တဲ့ အတွေ့အကြုံအရ
80% လောက်သော သုံးစွဲသူတွေဟာ တစ်ရက် ပျှမ်းမျှ 0.5 cycle လောက်ပဲ သုံးပါတယ်။ တစ်လမှ 15/20 Cycle ပဲ တက်တယ်။
-
၂။ ပုံမှန်လောက် သုံးသူ
တစ်ရက်ကို 1 cycle သုံးရင် ( ဘက္ထရီကို အားအပြည့်သွင်းပြီး 80% လောက် သုံးသူ)၅ နှစ်ကို ပျှမ်းမျှ 1800 Cycle လောက် ရှိနိုင်ပြီး ဘက္ထရီ SOH 80-90% ကျန်နိုင်ပါတယ်။ လက်ရှိသုံးစွဲနေသူတွေရဲ့ 10-15% လောက်သာ တစ်ရက် 1 cycle လောက် သုံးတာ တွေ့တယ်။
-
၃။ အသုံးများသူ
တစ်ရက်ကို 2 cycle သုံးရင် ( တရက်အတွင်း ဘက္ထရီကို အားအပြည့်သွင်း၊အကုန်နီးပါးသုံး ၂ ခါလောက်သုံးသူ)
၅ နှစ်ကို 3650 Cycle လောက်ရှိနိုင်ပြီး ဘက္ထရီ SOH 70-80% ကြား ကျန်နိုင်ပါတယ်။
သုံးစွဲသူတွေရဲ့ 2-5% လောက်သာ တစ်ရက် 2 cycle လောက် သုံးတာ တွေ့တယ်။
လုပ်ငန်းသုံးဖို့ လွန်ခဲ့တဲ့ 10 လက ဆင်ပေးထားတဲ့ Deye HV ဘက္ထရီက အားသွင်း/အားထုတ် အရမ်းများလို့ ၁၀ လ သက်တမ်း( ရက်ပေါင်း ၃၀၀) မှာ 629 cycle တက်နေတာတွေ့ပြီး SOH ကတော့ 100% ပဲပြနေပါတယ်။
-
ဒါက တကယ်ကောင်းတဲ့ new cell, Grade A ဖြစ်ရမယ်။ Cycle 4000-6000 ကြား ရနိုင်တဲ့ battery cell ဖြစ်ပြီးအပူချိန် မမြင့်တဲ့ နေရာ ထားရမယ်။ အပူချိန် မြင့်တဲ့နေရာဆို သက်တမ်းပိုတိုမယ်။
အားသွင်း/အားထုတ်ရင် သင့်တင့် မျှတတဲ့ နှုန်းလောက်နဲ့ အားသွင်း၊အားထုတ်ရမယ်။ ဘက္ထရီထဲကနေ အကုန်နီးပါး ထုတ်မသုံးရဘူး။ 90-95 DOD ထိသုံးလေ့ရှိတဲ့ဘက္ထရီက အကျပိုမြန်ပြီး
50-80 DOD လောက်ထိသုံးတဲ့ ဘက္ထရီက cycle life ပို ကြာကြာရမယ်။
တပ်ဆင်ထားတဲ့ BMS အမျိုးအစားကောင်းဖို့လိုမယ်၊ cell balancing ပုံမှန်အလုပ်လုပ်ရမယ်။
ဘက္ထရီအား SOC ကို 20% -90% အတွင်းလောက်ထားပါ။ အသုံးနည်းလို့ အားပြည့်တာများနေရင်
တစ်လ တစ်ခါလောက် 20% လောက်ကျန်တဲ့အထိ သုံးပေးပါ။
အခု သုံးစွဲနေကြတဲ့ အမျိုးအစားကောင်းတဲ့ Lifepo4 Battery တွေဟာ
သုံးစွဲမှုအပေါ် ကိုလိုက်လို့ ၈ နှစ်မှ ၁၅ နှစ်လောက်အထိ အသုံးခံပါလိမ့်မယ်။
-
NEC SOLAR
23/09/2025
error ပါခြင်း ၊ မပါခြင်း
------------------------
မနေ့က Lifepo4 Battery ပို့စ်လေး ရေးတော့ ဘယ်တံဆိပ်၊ဘယ်ဘက်ထီက
ကောင်းလား၊ error ပါလား မေးကြပါတယ်။ Lifepo4 battery က ရှင်းပါတယ်။
အထဲမှာ Lifepo4 cell နဲ့ BMS card ၂ မျိုးသာ အဓိက ပါပါတယ်။
ရှင်းလင်းအောင် နမူနာလေးနဲ့ တင်ပြပါမယ်။
-
Cell မကောင်း၊ bms error မရှိ
-----------------------------------
အရင် နှစ်တွေက အခုလို ဘက္ထရီတွေ မပေါများခင်
သုံးခဲ့ကြတဲ့ Blue Carbon ဆိုရင် BYD used cell နဲ့ ဆင်တာမို့
အခုလာတဲ့ new cell လိုမကောင်းပါဘူး။ နဂိုတည်းက သုံးလေးငါးနှစ်
သုံးပြီးသားမို့ ပြန်ဆင်တဲ့အခါ ၂နှစ်၃နှစ်နဲ့ capacity ကျလာပါတယ်။
ဒါပေမယ့် သူက bms ပြသနာမရှိဘူး။ သုံးလို့အဆင်ပြေတယ်။ ငြိမ်တယ်။
သုံးရင်းနဲ့ အားခံနိုင်မှုက ကျလာတာ။ အရင်က ဒီ ဝန်အားကို ၆ နာရီခံတယ်။
၂ နှစ်၃နှစ်နေတော့ ၃/ ၄ နာရီပဲခံတော့တယ်။ ၄/၅ နှစ်ဆို ပစ်ရပြီ။
အခုလို new cell တွေ စျေးကျလာတော့ used cell ကို မသုံးကြတော့ဘူး။
ဒါ့ကြောင့်တင်သွင်းသူလည်းမရှိတော့ဘဲ စျေးကွက်ပျောက်သွားတယ်။
ခု လက်ရှိရောင်းနေတဲ့ brand တခုကလည်း used cell နဲ့ ဆင်ထားတာ ရှိပါတယ်။
ဒါ့ကြောင့် သူက ကျန်ဘက္ထရီတွေထက်စျေးပေါတယ်။ bms error တော့ မရှိဘူး။
၂/၃ နှစ်နေရင် ဘက္ထရီက ကျလာတာ။
-
Cell ကောင်း၊ bms error ရှိ
---------------------------------
လက်ရှိရောင်းနေဆဲ တံဆိပ် ၂ ခုလောက်ကတော့ new cell နဲ့ဆင်ထား
ပေမယ့် bms က error နည်းနည်းရှိတယ်။ အလုံးတိုင်းတော့ မဟုတ်ဘူး။
အလုံး ၁၀၀ မှာ ၂၀/၃၀ လောက်ပေါ့။ error မပါတဲ့ အလုံးတွေကတော့ အငြိမ်ပါပဲ။
ဒါပေမယ့် ပါတဲ့ အလုံးတွေကျ Bms upgrade လုပ်ပေးရ၊ မရရင် Bms card လဲပေးရ
နဲ့ သုံးတဲ့သူလည်း စိတ်ညစ်ရသလို ဆင်ပေးသူလည်း အတော် အလုပ်ရှုပ်ပါတယ်။
ခဏခဏသွားစစ်၊ Upgrade လုပ်၊ စောင့်ကြည့်၊ မရရင် Bms card လဲ။
တချို့အလုံးတွေပြန်ယူလာ။ ဘက္ထရီအစားပေးထား။ ကိုယ့်ဆီမှာ အချိန်ယူစမ်း။ သေချာမှပြန်သွားတပ်။
နောက်ပိုင်းအသစ်မရောင်းတော့ ရောင်းပြီးသားတွေ စစ်ရင်း/ပြင်ရင်းနဲ့ အခုတော့
သိပ်မရှိတော့ပါဘူး။ အဓိက ပြသနာက SOC ထိုးကျတာ နဲ့ သုံးနေရင်း ဘက်ထီက မီးနီပြီး
ဖြတ်ချတာတွေပါ။ bms အမျိုးအစားက ဘက္ထရီ အတော်များများမှာ သုံးထားတဲ့ pace bms ပါ။
သူက version အမျိုးမျိုးရှိတယ်။ ဥပမာ Lvtopsun မှာ သုံးထားတဲ့ pace bms က error မပါ၊
error နည်းတယ်။ ရောင်းတာကြာလာတော့ သုံးတဲ့သူလည်း အဆင်ပြေအောင် error မကင်းတဲ့
တံဆိပ်တော့ မရောင်းတော့ပါဘူး။ အသစ်ဝင်လာတာဆိုရင် မရောင်းရဲသေးဘူး။ အခြေနေစောင့်
ကြည့်ရသေးတယ်။ပစ္စည်းကောင်းတိုင်း၊ရှယ်လုပ်ထားပါတယ်ဆိုတိုင်းလဲ error ကင်းရမယ်လို့
ပြောလို့မရဘူး။ အနည်းဆုံး လေးငါးခြောက်လ သုံးကြည့်မှ သိရတာ။
-
Cell ကောင်း၊ Bms error မရှိ
------------------------------------
ဒါကတော့ သုံးစွဲသက်တမ်း အနည်းဆုံး ၆လ ၁ နှစ်ရှိပြီး error မရှိသလောက်နည်းတဲ့
အုပ်စုပါ။ စက်ပစ္စည်းဖြစ်တဲ့အတွက် ၁၀၀% တော့လည်း ပြောလို့မရဘူးပေါ့။ အလုံးရေ
ရာ၊ထောင် ချီရောင်းထားပြီး မဖြစ်စလောက် တလုံးစ၊နှစ်လုံးစ cell/bms error ပါတာလောက်
တော့ ရှိနိုင်ပါတယ်။ Smart/Genix green, Deye, Felicity, Suness,CTE တို့ လို တံဆိပ်တွေက ကိုယ်ပိုင်
Bms တွေသုံးတော့ error မရှိဘူး။ Suness ကတော့ သုံးတာ နည်းနည်းကြာရင် တချို့ ဘက်ထီတွေ
SOC 80/90 လောက်အထိပဲ သွင်းလို့ Bms upgrade လုပ်လိုက်ရင်အဆင်ပြေတယ်။
pace bms သုံးထားတဲ့ Bicodi, lvtopsun, Mighty တို့လည်း bms ပြသနာမရှိပါဘူး။
အခြား ကောင်းတယ်လို့ နံမည်ထွက်တဲ့ Battery တံဆိပ်တွေ ရှိပေမယ့် ကိုယ် မသုံးဘူးသေးတော့
error ရှိမရှိ မသိရပါ။
-
ပြည်တွင်းဆင် အချို့
------------------------
ပြည်တွင်းမှာ တပ်ဆင်တာ တံဆိပ် ၄/၅ခုရှိပါတယ်။ အရင်ကတော့ ရရာ cell တွေနဲ့ ဆင်ခဲ့
ကြပြီး အခုတော့ new cell တွေ စျေးကျလာလို့ new cell နဲ့ ဆင်ကြတယ်လို့ ယူဆလို့ရပါတယ်။
သုံးတဲ့ Bms ကတော့ JK တို့ Daly တို့လို သာမန် အရည်အသွေးလောက် ရှိတာတွေပါ။
စျေးမကြီးဘူး။ JK ဆိုရင် အင်ဗာတာနဲ့ bms ကြိုးချိတ်ရင် အဆင်မပြေတာရှိလို့ user setting နဲ့
သုံးရတာတွေရှိတယ်။ ဘက္ထရီက စနစ်တကျ တပ်ဆင်ရပါတယ်။ ဆင်ပြီးရင် စက်တွေနဲ့ aging test,
load test, charge/discharge တွေ စမ်းသပ်ပြီး QC passed ဖြစ်မှ ဖြန့်ချီရတာပါ။ DIY ဆင်သလို
ဆင်ပြီးရောင်းတာက စျေးတော့ သက်သာတယ်။ Safety အတွက်တော့ စိတ်မချရလို့
ကျွန်တော်တို့တော့ မရောင်းပါဘူး။ တလောက ကွန်ဒိုတခုမှာ သုံးထားတဲ့ ပြည်တွင်းဆင်
ဘက္ထရီ တစ်လုံး မီးလောင်တာတွေ့လိုက်တယ်။
သေချာ စနစ်တကျ တပ်ဆင်ထားတဲ့ Lifepo4 ဘက္ထရီ တွေကတော့ မီးလောင်တယ်လို့ မကြားဘူးပါဘူး။
Lifepo4 က အပူချိန် မများသလို safety လည်း မြင့်ပါတယ်။ အရင် ၃/၄ နှစ်လောက်က
lifepo4 နဲ့ အတူ စျေးကွက်ထဲ ရောက်လာတဲ့ NMC ဆိုရင် အပူချိန်မြင့်တယ်။
Cycle life တိုတဲ့အတွက် အခု ဘယ်သူမှတောင် သွင်းမရောင်းကြတော့ဘူး။
ဒါဆို သင့်တော်တဲ့ ဘက္ထရီရွေးဖို့ စဉ်းစားလို့ရပြီထင်ပါတယ်။
-
NEC SOLAR
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 1174, Thumana Road, 2/Taung Ward, Thaketa Township
Yangon
11241
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |