Epic Sports
Sports World
03/11/2022
ဘာစီလိုနာ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က လက်ရှိ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။
လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ အုပ်စု အဆင့် ကနေ မကျော်နိုင်ခဲ့ဘဲ ယူရိုပါလိဂ် ကိုသာ ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဇာဗီက “ယူရိုပါလိဂ်မှာ ဆက်ရှိနေခွင့်ရတာ ကလည်း ကောင်းပါတယ်”
“ကျနော်တို့ရဲ့ ရည်ရွယ်ချက် ကလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲကို ရောက်ပြီး ချန်ပီယံဖြစ်ဖို့ပါ။ လူတွေက ကျနော်တို့ကို ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ သတ်မှတ်ထားတာကို နားလည်ပါတယ်။ ကျနော်တို့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ကြိုးစားသွားမှာပါ”
“ဒါပေမယ့် ဒီပြိုင်ပွဲက ရှုပ်ထွေးတယ် ဆိုတာကို မနှစ်က ကျနော်တို့ မြင်ခဲ့ပြီးပါပြီ။ အခု ဒီနှစ်မှာလည်း ယူရိုပါလိဂ်ကို ရောက်လာတဲ့ အသင်းတွေနဲ့ ကြည့်လိုက်ရင် ခက်ခဲ ကြမ်းတမ်းတဲ့ ပြိုင်ပွဲ ဖြစ်လာဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
03/11/2022
အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး အန်တွမ် ဂရစ်ဇ်မန်းက အသင်း အနေနဲ့ ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်ဖို့ မပြောနဲ့၊ ယူရိုပါလိဂ်ကို ရောက်ဖို့တောင် မထိုက်တန်ခဲ့ကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။
အက်သလက်တီကိုဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ပေါ်တိုကို သရေကစားနိုင်ရုံနဲ့ ယူရိုပါလိဂ် ဝင်ခွင့် ရရှိနိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့်သွားခဲ့တာကြောင့် အုပ်စု နောက်ဆုံး နေရာသာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆီမြွန်နီရဲ့ အသင်းဟာ ဒီပွဲ မတိုင်ခင် ကာဒစ်ဇ်နဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရှုံးနိမ့်ထားခဲ့ပြီး ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ အနာဂတ်က လှုပ်ခတ်နေပြီး ဂရစ်ဇ်မန်း ကလည်း “ကျနော် တို့က ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို ရောက်ဖို့ မထိုက်တန်သလို ယူရိုပါလိဂ်ကို ပြောင်းကစားဖို့လည်း မထိုက်တန်ခဲ့ပါဘူး”
“ကျနော်တို့ တစ်ပွဲလောက် နိုင်ရုံနဲ့ ဒီအရာတွေ ဖြစ်နိုင်ပေမယ့် မလုပ်ပြနိုင်ခဲ့ပါဘူး။ အခုချိန်မှာတော့ ကျနော် တို့ရဲ့ ပါးစပ်တွေကို ပိတ်ပြီး တိုက်ပွဲဝင်ရတော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
03/11/2022
အေစီမီလန်နဲ့ ဆွီဒင် ဂန္တဝင် ကစားသမားကြီး ဇလာတန် အီဘရာဟီမိုဗစ်က ဘာစီလိုနာမှာ ကစားခဲ့တာက သူ့ရဲ့ ကစားသမားဘဝ အတွက် အဆိုးရွားဆုံး အမှတ်တရပဲလို့ ပြောကြားခဲ့ပါတယ်။
အီဘရာဟီမိုဗစ်ဟာ (၂၀၀၉) ခုနှစ်မှာ လာလီဂါ ကလပ် ဘာစီလိုနာကို ရောက်ရှိလာခဲ့ပေမယ့် တစ်နှစ် အကြာမှာပဲ အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
အဆိုပါ ဆွီဒင် ဂန္တဝင်ဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ (၄၆) ပွဲမှာ (၂၂) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်က “ကျနော့် အတွက် အဆိုးရွားဆုံး အမှတ်တရလား။ ဘာစီလိုနာမှာ ဖြစ်မယ်လို့ ထင်ပါတယ်”
“ဘောလုံးနဲ့ ပတ်သက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက စဥ်းစားစရာတွေ အများကြီးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်ခဲ့ပြီး ကျနော် ကိုယ်တိုင်လည်း မတူကွဲပြားတာတွေ လုပ်ခဲ့မိပါတယ်”
“မလုပ်ခင်မှာ ကျနော် နှစ်ခါလောက် စဥ်းစားခဲ့ပေမယ့် စိတ်ပျက်ခဲ့ရပြီး ကျနော့်ရဲ့ ကိုယ်ပိုင်ဟန်က ဘာစီလိုနာမှာ ပျောက်ဆုံးခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းက စလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေနိုင်ခဲ့ပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
01/11/2022
ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲတော့မယ့် ပေါ့ဘာ
------------------------------------------------
Gamble responsibly (21+)
ငွေအရင်မသွင်းပဲ MMK 5000 တန်ဖိုးရှိ အခမဲ့အားကစားလောင်းခွင့်ဘောက်ချာကို ၁ ကြိမ် ရယူပြီးကစားကြည့်နိုင်ဖို့ လိဒ်စ်ယူနိုက်တက်ဘောလုံးအသင်းကြီး၏ စပွန်ဆာ ဖြစ်တဲ့ SBOTOP မှာ အခုပဲ အကောင့်ဖွင့်လိုက်ပါ။
အကောင့်ဖွင့်ရန် - https://t.me/+LZ_7Mg_I7yo0OGM9
SBOTOP Viber - +639617722077
SBOTOP ဖေ့စ်ဘွတ်ပေ့ချ် - https://www.facebook.com/sbotop.mmr
ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ သူ့ရဲ့ ကလပ် ဖြစ်တဲ့ ဂျူဗင်တပ်စ် အတွက် လေ့ကျင့်ခန်း ဆင်းနေချိန်မှာ ကြွက်သား ဒဏ်ရာ ထပ်မံရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပဲ သေချာပေါက် လွဲချော်သွားခဲ့ပြီလို့ သိရပါတယ်။
ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ကလည်း အတည်ပြုပြောဆိုထားပြီး ဖြစ်လို့ ပြင်သစ် ကြယ်ပွင့် ကတော့ ဆိုးရွားတဲ့ ဘောလုံးရာသီ တစ်ခုနဲ့ ရင်ဆိုင်နေရပြီလို့ ပြောမယ် ဆိုရင်လည်း မမှားပါဘူး။
မန်ချက်စတာယူနိုက်တက် ကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ နောက်တစ်ကြိမ် ပြောင်းရွှေ့သွားတဲ့ ပေါ့ဘာ ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လအတန်ကြာ အနားယူခဲ့ရပါသေးတယ်။ အဲဒဏ်ရာက ပြန်ကောင်းလာခဲ့လို့ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေချိန်မှာ နောက်ထပ် ဒဏ်ရာ ထပ်ရခဲ့တာ ဖြစ်လို့ ဂျူဗီ အတွက်လည်း စိတ်ပျက်စရာ သတင်းဆိုး ဖြစ်ခဲ့ရပါတယ်။
ဒီရာသီမှာ ဂျူဗင်တပ်စ် အတွက်လည်း တစ်ပွဲမှ ပါဝင် ကစားပေးထားနိုင်ခြင်း မရှိသေးတဲ့ ပေါ့ဘာ အနေနဲ့ အခုလို ဒဏ်ရာ ထပ်မံ ရရှိသွားတဲ့ အတွက် ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ကလည်း နောက်ထပ် အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အန်ဂိုလို ကန်တေကို လက်လွှတ်ထားရချိန်မှာ ပေါ့ဘာ ကိုပါ ထပ်မံ ဆုံးရှုံးရတော့မှာ ဖြစ်လို့ နည်းပြ ဒက်စ်ရွှမ့် အတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပါပြီ။
ပေါ့ဘာရဲ့ အေးဂျင့် ရာဖေးလ်ပီမန်တာ ကတော့ “သူက အမြန်ဆုံး ပြန်လာချင်နေပေမယ့် စိတ်ရှည် သည်းခံရဦးမှာပါ၊ ဒီလိုခက်ခဲတဲ့ အချိန်တွေမှာ သူ ပိုကြိုးစားရပါလိမ့်မယ်၊ သူ့အသင်းနဲ့ ပရိသတ်တွေ အတွက် ကွင်းထဲမှာ အကောင်းဆုံး ကစားပေးနိုင်ဖို့ သူ ကြိုးစားသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
Gamble responsibly (21+)
ငွေအရင်မသွင်းပဲ MMK 5000 တန်ဖိုးရှိ အခမဲ့အားကစားလောင်းခွင့်ဘောက်ချာကို ၁ ကြိမ် ရယူပြီးကစားကြည့်နိုင်ဖို့ လိဒ်စ်ယူနိုက်တက်ဘောလုံးအသင်းကြီး၏ စပွန်ဆာ ဖြစ်တဲ့ SBOTOP မှာ အခုပဲ အကောင့်ဖွင့်လိုက်ပါ။
အကောင့်ဖွင့်ရန် - https://t.me/+987C1LmvlqswZTU1
SBOTOP Viber - +639617722077
SBOTOP ဖေ့စ်ဘွတ်ပေ့ချ် - https://www.facebook.com/sbotop.mmr
12/07/2022
ဘန်ကောက်မှာ ကြိုးကြာနီသား အဝအပြဲ စားခဲ့ကြတဲ့ သရဲနီများ
လစ်ဗာပူးလ် ၀-၄ မန်ချက်စတာယူနိုက်တက် (FT)
ဆန်ချို ၁၂’
ဖရက်ဒ် ၃၀’
မာစီရယ် ၃၃’
ပယ်လစ်စထရီ ၇၆’
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon