Worldview Myanmar - WIF

Worldview Myanmar - WIF

Share

International Non-Governmental Organization (INGO)

𝐒𝐢𝐳𝐞, 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧, 𝐚𝐧𝐝 𝐑𝐞𝐬𝐭𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬:

The primary goal of the project is to restore and protect 2,065.87 hectares of degraded mangrove forests. The mangrove restoration and livelihood improvement activities of the project are implemented in the three village tracts of Magyi, Thabawkan, and Thaegone in Ayeyarwady Region. In this project, approximately 9.1 million new mangrove plants are planted as additionality on the degraded mangrove lands.

𝐂𝐚𝐫𝐛𝐨𝐧 𝐓𝐚𝐫𝐠𝐞𝐭𝐬:

The crediting period is 15th June 2015 to 14th June 2035. Over this 20-year crediting period, the restored mangroves of the project contribute to the GHG emission reductions and removals, which is estimated as 3.6 million tCO2e in total with an annual emission of 184,006 tCO2e.

𝐁𝐞𝐧𝐞𝐟𝐢𝐜𝐢𝐚𝐫𝐢𝐞𝐬:

WIF also contributes to poverty alleviation and livelihood improvement for the targeted local communities in which there are 2,482 households with 10,896 population in 16 targeted villages under the aforementioned three project village tracts. Major livelihood activities are income generation, cash for work, awareness raising and improving knowledge, life skill and vocational training, financial support activities, and revolving funds.

23/03/2026

ဒီရေတောအကြောင်း သိကောင်းစရာ

🌱ဒီရေတောများသည် ကုန်းမြေပေါ်ရှိမိုးသစ်တောပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ၅ ဆပို၍ စုပ်ယူ နိုင်သည်။

🌱ဒီရေတောများသည် ပြင်းထန်ဆိုးရွားလွန်းသော ရာသီဥတု(မုန်တိုင်း) ဒဏ်တို့ကို ကာကွယ်နိုင် သည်။

🌱ပင်လယ်ရေနေသတ္တဝါများ ၅၀ ရာခိုင်နှုန်းအထိ တိုးပွားလာနိုင်သည်။

🌱သန္တာကျောက်တန်းများနှင့် ပင်လယ်မြက်များကို ကာကွယ်ရန်အတွက် ရေသန့်ကို စစ်ထုတ်ပေး သည်။

🌱သက်တမ်းရင့် ဒီရေတောပင်တစ်ပင်သည် လူလေးဦးအတွက်လုံလောက်သော အောက်ဆီဂျင်ကို ထုတ် လုပ်ပေးနိုင်သည်။

🌱ကမ္ဘာပေါ်တွင်နေထိုင်သည့် သက်ရှိများအတွက် အအေးဓါတ်ပေးခြင်း၊ အရေးကြီးသောဂေဟ စနစ်ကို ထောက်ပံ့ခြင်း တို့ပြုလုပ်ပေးသည်။

🌱ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်ရှိသည့် အားနည်းသော လူမှုပတ်ဝန်းကျင်ကို ရေရှည် တည်တံ့စေသော ဖွံ့ဖြိုးတိုး တက်မှုဆီသို့ ရောက်ရှိအောင် ကူညီပေးနိုင်သည်။

သစ်ပင်၊ သစ်‌တောများအားလုံးသည် ဂေဟစနစ်ကို အထောက်အပံ့ပေးရာတွင် ထူးခြားအရေးကြီးသော အခန်းကဏ္ဌမှ ထူးခြားစွာပါဝင်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဉတုပြောင်းလဲမှုကြောင့်ဖြစ် ပေါ်လာသည့် အကျိုးဆက်များကိုခံစားလာရသည့် လက်ရှိကာလအချိန်တွင် ကမ္ဘာမြေပေါ်ရှိဒီရေတော ဂေဟစနစ်တို့သည် ထူးခြားထိရောက်လွန်းသောအကျိုးပြုမှုများကို ဆောင်ကျဉ်းပေးလျက်ရှိလေသည်။

ဒီရေတောများသည် အပူပိုင်းဒေသ၊ ဒီရေလွှမ်းမိုးတတ်သောနေရာများတွင် ပေါက်ရောက်လေ့ရှိသည့် သစ် ပင်များဖြစ်သည်။

သမုဒ္ဒရာများမှ ကာဗွန်စုဆောင်းမှု ၈၃ ရာခိုင်နှုန်းနှင့် ကမ်းရိုးတန်းရှိ ဒီရေတောများ၊ ပင်လယ်မြက်များနှင့် သန္တာကျောက်တန်းများမှ ၅၀ ရာခိုင်နှုန်းသော မြင်သာထင်သာသည့် အကျိုးသက်ရောက်မှုကို ဒီရေတော များက ဆောင်ရွက်သည်။ ၎င်းအပြင် ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်နေထိုင်သူ တို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်တို့ကိုကာကွယ်ပေးနေသည်ဟုဆိုလျှင်လည်းမမှားပေ။ ဆူနာမီ၊ ဆိုင်ကလုန်း နှင့် အခြားသော ပြင်းထန်သော ရာသီဥတုဒဏ်မဖြစ်ပေါ်စေရန် ဒီရေတောများက မားမား မတ်မတ်ကာ ကွယ်ပေးနေခြင်းဖြစ်လေသည်။

၎င်းတို့သည် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ရာတွင် အခြားသော အရေးကြီးသောအင်္ဂါရပ်များစွာဖြင့် ပင်လယ်စာထုတ်လုပ်နိုင်မှုကိုလည်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်‌ပေ လျှက်ရှိပါသည်။ ဒီရေတောများသည် အထက်တွင်ဖော်ပြပြီးကဲ့သို့သော အရေးပါသည့် နေရာတွင်ရှိနေ သော်လည်း နိုင်ငံအများအပြားတွင် ဒီရေတောများ ပြန်းတီးလာမှုမှာ စိုးရိမ်စရာအဆင့်သို့ရောက်ရှိနေပြီ ဟုဆိုနိုင်ပါသည်။ ကုန်းမြေသစ်ပင်များထက် သုံးဆပိုမြန်၍ ပျောက်ကွယ်နိုင်သည်ဟု ယူဆကြပါသည်။ ထို့ကြောင့် ဒီရေတောများအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေမှုကို ပြောင်းပြန်လှန်ရန်အ ချိန်တန်ပြီဟုဆိုနိုင်ပါသည်။

ပင်လယ်သမုဒ္ဒရာမှရရှိသော အရေးပါသည့်ဂေဟစနစ်နှင့်ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာ တို့မှာ ရှေးယခင်ကတည်းက ရှင်သန်ရေပန်းစားခဲ့သည်။ ကမ္ဘာပေါ်တွင် သက်ရှိများရှင်သန်ရပ်တည်နေနိုင်မှုမှာ ထိုအရင်းအမြစ်များအား အချိန်ကြာကြာထိန်းသိမ်းထားနိုင်မှုအပေါ် မူတည်ပါသည်။

ပင်လယ်နှင့်ကုန်းမြေတို့အကြား ကြားခံအဖြစ် ဆားငန်ရေတွင်ပေါက်ရောက်တတ်သည့် တစ်ခုတည်း သောအပင်များမှာ ဒီရေတောများပင်ဖြစ်သည်။ ထိုသစ်ပင်များသည် အနည်များကိုသန့်စင်စေပြီး သန္တာ ကျောက်တန်းများ၊ ပင်လယ်မြင်များကို ကာကွယ်ပေးနေသည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုက်လျော့ပါး စေရန် အမြင့်ဆုံးစွမ်းရည်ကိုထောက်ပံ့ပေးလျက်ရှိသည်။ ထိုကဲ့သို့သော အံအားသင့်စရာကောင်းသည့် အပင်များသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုလည်း တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးနေ ပြန်ပါသည်။ (ဆောင်းပါး/ ဓါတ်ပုံ - ထွန်းထွန်း)

13/03/2026

ဒီရေတောဂေဟစနစ်တွေက ပံ့ပိုးပေးနေတဲ့ ဝန်ဆောင်မှု (၄) မျိုး

မြန်မာနိုင်ငံအတွင်းမှာ ဒီရေတောမျိုးစိတ် (True Mangrove) နဲ့ တွဲဖက်ပေါက်ရောက်နေတဲ့မျိုးစိတ် (Associate) စုစုပေါင်း ၁၄၈ မျိုး ရှိတယ်လို့ အင်တာနက်အကိုးအကား၊ စာတမ်းတွေက ဖော်ပြထား ပါတယ်။

အဲဒီ ဒီရေတောဂေဟစနစ်တွေကနေ ပံ့ပိုးပေးနေတဲ့ ဝန်ဆောင်မှု (၄) မျိုးရှိပါတယ်။ ပထမဆုံးတစ်မျိုးက တော့ ပံ့ပိုးပေးခြင်းဆိုင်ရာဝန်တောင်မှုဖြစ်ပါတယ်။ အဲဒါတွေကတော့ အစားအစာ၊ရေအရင်းအမြစ်၊ ဆေးဝါးပစ္စည်းများ၊ သစ်၊ ထင်း၊ မျော၊ တိုင် တို့ပါဝင်ပါတယ်။ ဒုတိယတစ်မျိုးကတော့ ပတ်ဝန်းကျင်ထိန်းညှိပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုဖြစ်ပါတယ်။ ရာသီဉတုမျှတခြင်း၊ ကမ်းရိုးတန်း အကာအကွယ် ပေးခြင်း၊ ကမ်းပါးပြိုတိုက်စားမှုထိန်းချုပ်ပေးခြင်းတို့ကို ဆိုလိုတာပါ။

တတိယတစ်မျိုးကတော့ ယဉ်ကျေးမှုဓလေ့ထုံးစံဆိုင်ရာ ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒီအမျိုးအစားထဲမှာတော့ ခရီး သွားလုပ်ငန်း၊ ရှုခင်းပသာဒ၊ သုတေသနဲ့ ပညာပေးလုပ်ငန်း၊ မိရိုးဖလာ အမွေ အနှစ်တွေပါဝင်ပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ အထောက်အကူပြုခြင်းဆိုင်ရာ ဝန်ဆောင်မှုဖြစ်ပါတယ်။ ဂေဟစနစ်လည်ပတ်မှု၊ မြေဆီလွှာ ထုတ်လုပ်ခြင်း၊ အစာ ချက်လုပ်ခြင်း၊ မြေဆီလွှာထုတ်လုပ်ခြင်း၊ အစာချက်လုပ်ခြင်း၊ မြေဆီလွှာထုတ်လုပ် ပေးခြင်း၊ ဇီ ဝရုပ်ကြွင်း (Biomass) များပံ့ပိုးပေးခြင်း) တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ (၇) နိုင်ငံမြောက် ဒီရေတောဧရိယာ အများဆုံးဖြစ်ပါတယ်။ (ဓါတ်ပုံ - ထွန်းထွန်း)

04/03/2026

ဒီရေတော အပင်ဖာထေးခြင်း

ဒီရေတောသေပင်ဖာထေးခြင်း သို့မဟုတ် အပင်အစားထိုးဖာထေးခြင်းသည် ဒီရေတောဂေဟစနစ်ပြန် လည်ထူထောင်ခြင်း၊ ဒီရေတောစိုက်ပျိုးခြင်းအတွက် အသုံးပြုသည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။ အဆို ပါလုပ်ငန်းစဉ်တွင် ပုံမှန်အားဖြင့် အောက်ပါအဆင့်များပါဝင်လေသည်။

🌱နေရာရွေးချယ်ခြင်း - သေပင်ဖာထေးရန်အတွက် မည်သည့်နေရာတွင်ဖာထေးရမည်ဆိုသည့် သင့်လျော် သောနေရာကိုရွေးချယ်ခြင်းသည် ပထမဆုံးသောအရေးအကြီးဆုံးအချက်ပင်ဖြစ်ပါသည်။ ရေငန်နှုန်း၊ ဒီရေအတက်အကျ၊ မြေဆီလွှာအနေအထား၊ လက်ရှိဒီရေတောပေါက်ရောက်နေမှုနှင့်အပ်စပ်မှုရှိမရှိ ဆိုသည့်အချက်များကိုထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။

🌱ကြိုတင်ပြင်ဆင်ခြင်း - သေပင်ဖာထေးခြင်းမပြုမီ နေရာအနေအထားကိုသေသေချာချာပြင်ဆင်ထားရန် လိုအပ်ပါသည်။ ဉပမာအားဖြင့် အမှိုက်သရိုက်၊ ခြုံနွယ်များကိုရှင်းလင်းခြင်း၊ မြေညှိခြင်းတို့ပါဝင်ပါ သည်။

🌱ဒီရေတောမျိုးစိတ်များရွေးချယ်ခြင်း - ဒီရေတောမျိုးစိတ် အမျိုးမျိုးတွင် ဆားငန်ဓာတ်၊ မြေဆီလွှာ အခြေအနေနှင့် ဒီရေအတက်အကျကို ခံနိုင်ရည်မတူပါ။ ပြင်ဆင်ထားသောအနေအထား၊ ဂေဟစနစ်လို အပ်ချက်အပေါ်မူတည်၍ သေပင်ဖာထေးရန်ဆောင်ရွက်ရပါမည်။

🌱ပြန့်ပွားခြင်း- ဒီရေတောများသည် အစေ့များ၊ ပျိုးပင်များ သို့မဟုတ် အသီးတောင့်များ (အစေ့အဆန်များ) မှ တစ်ဆင့်ပြန့်ပွားနိုင်သည်။ ဒေသအရင်းအမြစ်၊ အသီးတောင့်၊ အစေ့တို့သည် နေရာအနေအထား အပေါ်မူတည်၍ သေပင်ဖာထေးရန် ရွေးချယ်သတ်မှတ်ရပါမည်။

🌱စိုက်ပျိုးခြင်း- အသီးတောင့်များ၊ ပျိုးပင်လောင်းများအဆင်သင့်ဖြစ်သည့်အခါတွင် သတ်မှတ်နေရာ၌ စ တင်စိုက်ပျိုးနိုင်ပြီဖြစ်ပါသည်။ စိုက်ပျိုးဖာထေးရသည့်အကွာအဝေးသည် မျိုးစိတ်တစ်ခုခုနှင့်တစ်ခု၊ ဒီ ရေတော၏ သိပ်သည်းမှုအပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။

🌱ကာကွယ်ခြင်း- အသစ်စိုက်ပျိုးထားသော ဒီရေတောများသည် ဒီရေအတက်အကျ၊ လှိုင်းလှုပ်ရှားမှုနှင့် ဖျက်ဆီးခံရခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖိစီးမှုများမှ အကာအကွယ်လိုအပ်ပါသည်။ အပင်ငယ်များကို ကာကွယ်ရန် စိုက်ဧရိယာတဝိုက်တွင် အတားအဆီးများ၊ ကာရံခြင်း ကဲ့သို့သော အစီအမံများ လိုအပ်ပါသည်။

🌱ထိန်းသိမ်းခြင်း- ဒီရေတောများ သေပင်ဖာထေးခြင်းလုပ်ငန်းများ အောင်မြင်ရန်အတွက် ပုံမှန်စောင့် ကြည့်ခြင်းနှင့် ထိန်းသိမ်းခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ အဆိုပါဆောင်ရွက်ချက်တွင် ခြောက်သွေ့ သောကာလတွင် ရေလောင်းခြင်း၊ ပိုးမွှားများနှင့် ကျူးကျော်မျိုးစိတ်များကို ထိန်းချုပ်ခြင်းနှင့် သေဆုံး သော သို့မဟုတ် ရောဂါရှိသော အပင်များကို ဖယ်ရှားခြင်းတို့ ပါဝင်သည်။

🌱ရပ်ရွာ ပူးပေါင်းဆောင်ရွက်မှု - ဒီရေတောများ သေပင်ဖာထေးခြင်း စီမံကိန်းများတွင် ဒေသခံပြည်သူများ ပါဝင်နေခြင်းသည် ပံ့ပိုးကူညီမှု တည်ဆောက်ရန်နှင့် ရေရှည်တည်တံ့မှု ရှိစေရန် အထောက်အကူ ဖြစ်စေပါသည်။ စိုက်ပျိုးခြင်းလုပ်ငန်းများတွင် ရပ်ရွာလူထုပါ၀င်ဆောင်ရွက်ခြင်းနှင့် ဒီရေတော ဂေဟစနစ် များ၏ အရေးပါမှုအကြောင်း အသိပညာပေးခြင်းတို့သည် ထိန်းကျောင်းမှုနှင့် ထိန်းသိမ်းရေး ဆိုင်ရာ ကြိုးပမ်းမှုများကို မြှင့်တင်ပေးနိုင်ပါသည်။

🌱စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း- စိုက်ထားသော ဒီရေတောများ၏ ကြီးထွားမှုနှင့် ရှင်သန်မှုကို စောင့်ကြည့်စစ်ဆေးခြင်းသည် ဖာထေးခြင်းစီမံကိန်း၏ အောင်မြင်မှုကို အကဲဖြတ်ရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ပုံမှန်လေ့လာစောင့်ကြည့်ခြင်းသည် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ခွဲခြားသတ်မှတ် နိုင်ပြီး အနာဂတ်စိုက်ပျိုးရေးနည်းဗျူဟာများကို ပြုပြင်ပေးနိုင်ပါသည်။

🌱ရေရှည်စီမံခန့်ခွဲမှု- ဒီရေတောများ ပြုပြင်ခြင်းသည် ရေရှည်ကတိကဝတ်တစ်ခုဖြစ်သည်။ ပြန်လည်ထူ ထောင်ထားသော သို့မဟုတ် အသစ်တည်ဆောက်ထားသော ဒီရေတောဂေဟစနစ်များကို ဆက်လက် စီမံခန့်ခွဲခြင်းနှင့် ကာကွယ်ခြင်းတို့သည် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ ခံနိုင်ရည်ရှိမှုနှင့် ဂေဟဗေဒဆိုင်ရာ လုပ်ဆောင်ချက်များကို သေချာစေရန် လိုအပ်ပါသည်။ ၎င်းတွင် ပြောင်းလဲနေသော ပတ်ဝန်းကျင်အခြေအနေများနှင့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် လိုက်လျောညီထွေရှိသော စီမံခန့်ခွဲမှုဗျူဟာများ ပါဝင်နိုင်သည်။

🌱Worldview International Foundation ၏ သေပင်ဖာထေးခြင်းစီမံကိန်း

Worldview International Foundation ၏ သေပင်ဖာထေးခြင်းစီမံကိန်း အနေဖြင့် စိုက်ပျိုးထားသည့် အသီးတောင့်အားလုံး ကောင်းစွာကြီးထွားမှုအခြေအနေကို သိရှိထားရမည်ဖြစ်ပါ သည်။ အဘယ့် ကြောင့်ဆိုသော်စိုက်ပျိုးထားသည့် အပင်အတွက် နှောင့်ယှက်မည့် သူများရှိနေ၍ဖြစ် ပါသည်။ စိုက်ပျိုး ထားသည့် အပင်သစ်များအတွက် အန္တရာယ်များရှိနေရာ စိုက်ပျိုးပြီးတချိန်ချိန်တွင်ပြန် လည် အစားထိုး စိုက်ပျိုးရမည်ကို သိရှိနေရပါမည်။

ပထမစိုက်ပျိုးမည့် အပင်များမှာ ၂၀ ရာခိုင်နှုန်းအထိဆုံးရှုံးသွားနိုင်သည်ကို သိရှိရန်လိုအပ်ပြီး အပင်ဖာထေးရန် မျိုးစေ့နှင့် အသီးတောင့်များကို ပိုမိုစုဆောင်းထားရန်လိုအပ်ပါသည်။

ပထမအကြိမ်ပေါင်းရှင်းခြင်းလုပ်ငန်းကိုဆောင်ရွက်ပြီးသေပင်ဖာထေးခြင်းလုပ်ငန်းကိုလုပ်ဆောင်ကာ သေဆုံးမှုရာခိုင်နှုန်းကိုသိရှိနိုင်မည်ဖြစ်ပါသည်။ သေဆုံးသွားသည့် အသီးတောင့်နေရာတွင် ၂၀ ရာခိုင်နှုန်းခန့် အစားထိုးစိုက်ပျိုးရန်လိုအပ်ပါသည်။ အသီးတောင့်များပျက်စီးမှုမှာ ဂဏန်းများ၏ တိုက်ခိုက်မှုကြောင့်လည်းကောင်း၊ အသီးတောင့်များပြောင်းရွှေ့အတင်အချပြုလုပ်ခြင်းကြောင့် လည်းကောင်း ဖြစ်နိုင်ပါသည်။ အပင်ဖာထေးခြင်းကို အသီးတောင့် (သို့မဟုတ်) ပျိုးပင်ငယ်များ ဖြင့် အစားထိုးပြုလုပ်နိုင်ပါသည်။ (ဓါတ်ပုံ - ထွန်းထွန်း)

24/02/2026

WIF is entering the first verification toward issuance for Verra VCS Project #2088, our large scale mangrove restoration project in Myanmar’s Ayeyarwady Region.

We’re now engaging organisations planning 2026 blue carbon procurement.

🌿 3,500+ hectares under restoration with native mangrove species
🤝 35 coastal communities involved through a structured benefit-sharing model

Designed with a 20-year crediting period, the project is expected to generate significant annual climate removals while strengthening long-term coastal resilience.

The credit revenue will support community-designed priorities including livelihoods, education, and infrastructure, linked to long-term mangrove stewardship.

Project #2088 is part of WIF’s broader Verra-listed mangrove portfolio in Myanmar.

If your 2026 strategy includes nature-based credits grounded in long-term community partnership, please reach out to [email protected]

19/02/2026

ဒီရေတောတွေဟာ ဒေသခံလူမှုအသိုင်းအဝိုင်းအတွက် ဒီလိုအကျိုးကျေးဇူးတွေပေးနေပါတယ်။

16/02/2026

ဒီရေတောဂေဟစနစ်ဆိုတာ ဘာလဲ

ဒေသတစ်ခုအတွင်းမှာ သက်ရှိမျိုးစိတ်တွေအားလုံးနဲ့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝရုပ်ဝတ္ထုတွေ၊ ဓါတု ဖြစ်စဉ်တွေအကြားအပြန်အလှန်ဆက်စပ်ပတ်သက်နေတာကို ဂေဟစနစ် (Ecosystem) လို့ခေါ်ပါ တယ်။ ဂေဟစနစ်ဟာ သက်ရှိ သက်မဲ့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတဲ့အရာကိုဆိုလိုတာဖြစ်ပါတယ်။

ဂေဟစနစ်တိုင်းဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဟန်ချက်ညီညီပုံမှန်လည်ပတ်နေကြပါတယ်။ အဲဒီ အရှိန်တစ်ခုခုပျက်သွားမယ်ဆိုရင် လည်ပတ်နေတဲ့အရာတွေအားလုံးရပ်တန့်သွားမှာဖြစ်ပါတယ်။ ဂေဟ စနစ်တစ်ခုဟာ အခြေအနေအပေါ်မူတည်ပြီး အရွယ်အစားအမျိုးမျိုးတည်ရှိနိုင်ပြီး ကမ္ဘာမြေတစ်ခုလုံး အနေနဲ့သော်လည်းကောင်း၊ ဇီဝအစုအဖွဲ့တွေအနေနဲ့သော်လည်းကောင်း၊ ပုံမှန်ရှိနေတဲ့ ရေအိုင်ငယ်က လေးတစ်ခုအနေနဲ့ပဲလည်းကောင်းသတ်မှတ်နိုင်ပါတယ်။ သဘာဝဂေဟစနစ်တစ်ခုရဲ့ ဂေဟစနစ်ဆိုင် ရာဝန်ဆောင်မှုတွေ (Ecosystem Services) ထောက်ပံ့ပေးနိုင်တဲ့အရည်အသွေး တဖြည်းဖြည်းလျော့ နည်းလာတဲ့ဖြစ်စဉ်ကို ဂေဟစနစ်ပျက်စီးယိုယွင်းလာခြင်း (Ecosystem Degradation) လို့ခေါ်ပါတယ်။

ကမ္ဘာပေါ်မှာ ဂေဟစနစ်ပေါင်းများစွာရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် သစ်တောဂေဟစနစ် (Forest Ecosystem), မြက်ခင်းပြင်ဂေဟစနစ် (Grassland Ecosystem), ရေခဲတောင်ဂေဟစနစ် (Mountain Ecosystem), သဲကန္တာရာဂေဟစနစ် (Desert Ecosystem), မြစ်ချောင်းဂေဟစနစ် (River Ecosystem), ပင်လယ်ပြင်ဂေဟစနစ် (Ocean Ecosystem), ရေကန်ဂေဟစနစ် (Pond Ecosystem) စသည်ဖြင့် မျိုးအစားစုံလင်လှပါတယ်။ ဒီရေတောဂေဟစနစ်ကတော့ သစ်တောဂေဟစနစ်ထဲမှာ အပါအဝင်ဖြစ် ပါတယ်။

ဒီရေတောဂေဟစနစ်မှာ ဒီရေတောပင်တွေ၊ ပင်လယ်နဲ့ကုန်းမြေတစ်ဝိုက်မှာရှိတဲ့အပင်တွေ၊ ရေနေသတ္တ ဝါတွေအားလုံးပါဝင်ပါတယ်။ ဒီရေတောတွေဟာ တောင်ပေါ်တောတွေနဲ့လည်းမတူ၊ ပင်လယ်ထဲမှာ တည်ရှိနေတဲ့ အဏ္ဏဝါဂေဟလည်းမဟုတ်ပါဘူး။ ကုန်းတွင်းပိုင်းနဲ့ ပင်လယ်ရေပြင်နှစ်ခုဆက်စပ်နေတဲ့ နေရာမှာတည်ရှိတာကြောင့် ဂေဟစနစ်နှစ်မျိုးစလုံးရဲ့ သဘာဝတရားတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အရှင်းဆုံးပြောရရင် ဒီရေတောသစ်ပင်တွေက အရွက်တွေဟာရေပေါ်ကိုကြွေကျလာမယ်၊ အဲဒီအရွက် တွေဟာ အစာအဖြစ်ချေဖျက်ပြီးနောက် ရေနေသတ္တဝါတွေကစားကြမယ်၊ ရေနေသတ္တဝါလေးတွေကို ငှက်တွေ၊ အခြားသတ္တဝါတွေက, စားကြမယ်၊ နောက်ဆုံးလူတွေက စားသောက်ကြမယ့် အစာကွင်း ဆက်အဖြစ်လည်ပတ်နေမှာဖြစ်ပါတယ်။ ဥပမာ - ဒီရေတောဂေဟစနစ်မှာ ဂဏန်းတွေဟာ Keystone species တွေဖြစ်ပါတယ်။ သူ့ရဲ့တည်ရှိနေမှုဟာ ဒီရေတောဂေဟစနစ်အတွင်းမှာရှိတဲ့ အခြားသတ္တဝါ တွေရှင်သန်ရပ်တည်မှုနဲ့ ချိတ်ဆက်မှုအားကောင်းနေတာကြောင့်ဖြစ်ပါတယ်။ ဓါတ်ပုံ - ထွန်းထွန်း

10/02/2026

ဝင်ငွေတိုးလုပ်ငန်းများစီစဉ်ပေးခြင်း

Worldview International Foundation (WIF) ၏ ငရုတ်ကောင်းစီမံကိန်းဧရိယာအတွင်းရှိ အမှတ်(၂) ရပ်ကွက်၊ ရေကျော်၊ ရှမ်းချောင်း၊ ကျွေချိုင်၊ အနိမ့်ချောင်ကျေးရွာများရှိ အိမ်ထောင်စုများသို့ လောင်စာ ချွေထင်းမီးဖိုများကို ပံ့ပိုးပေးခဲ့သည်။ အိမ်ရှင်မတို့၏ ဟင်းချက်ချိန်ကိုသက်သာစေရန်၊ သဘာဝပတ်ဝန်း ကျင်နှင့်လိုက်လျောညီထွေဖြစ်စေရန်၊ ထင်းအသုံးပြုမှုသက်သာရန်၊ အချိန်ကုန်သက်သာစေရန် အစရှိ သော အကျိုးရလာဒ်များရရှိစေရန်အတွက် လောင်စာချွေထင်းမီးဖိုစုစုပေါင်း (၆၀၂) လုံးကို အိမ်ထောင်စု များသို့ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါမီးဖိုများကို ဒေသခံများကပင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီးယင်းတို့ ၏ ဝင်ငွေတိုးလုပ်ငန်းတစ်ရပ်အဖြစ်အထောက်အပံ့ဖြစ်စေပါသည်။

ချောင်းသာစီမံကိန်းဧရိယာရှိ ကညင်ကွင်းကျေးရွာ၌ရှိသော ဒေသခံပင်လယ်ရေမှော်မွေးမြူထုတ်လုပ် သူ (၃) ဦးထံမှ ပင်လယ်ရေမှော်ခြောက် (၁၈၀) ကီလိုဂရမ်ဝယ်ယူပေးခဲ့သည်။ တစ်ပိုင်တစ်နိုင်ဝင်ငွေတိုး လုပ်ငန်းများကို လုပ်ကိုင်နေကြသည့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ထောက်ပံ့ပေး ခြင်းတစ်ရပ်ဖြစ်ပါသည်။ ဒေသခံပင်လယ်ရေမှော်မွေးမြူထုတ်လုပ်သူများအနေဖြင့်သူတို့ရောင်းချ၍ ရရှိသောဝင်ငွေဖြင့် ကျောင်းနေအရွယ် သား သမီးများ၏ ပညာရေးကုန်ကျစရိတ်ကိုထောက်ပံ့ခြင်း အပါ အဝင် မိသားစုနေ့စဉ်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။

Telephone

Address


WORLDVIEW INTERNATIONAL FOUNDATION, 170, 9 Street, Ward 3, South Oakkalarpa Township
Yangon

Alerts

Be the first to know and let us send you an email when Worldview Myanmar - WIF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.