Nexus Auto Spa
One stop place and a haven for car lovers to bring back that new car feeling in terms of car wash, car detailing and preventive maintenance services.
ယနေ့ ဆိုင်တစ်ရက် ပိတ်သည်။
We are closed today for one day.
9.10.2022 သီတင်းကျွတ်လပြည့်နေ့ တစ်ရက် ဆိုင်ပိတ်ပါသည်။
သီတင်းကျွတ် အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပြီး စီးပွားလာဒ်လာဘများ တိုးတက်ကြပါစေကြောင်း ဆုမွန်းကောင်းတောင်းအပ်ပါသည်။
Nexus Auto Spa
ဝါဆိုလပြည့်နေ့ အထိမ်းအမှတ် 12 July 2022 ဆိုင်တစ်ရက် ပိတ်ပါသည်။
09/04/2022
21/11/2021
ဆိုင်ရှိ ဝန်ထမ်းများ Covid ကာကွယ်ဆေးထိုးရန် မနက်ဖြန် Monday 22 Nov 2021 နံနက် ၉ နာရီ မှ နေ့လည် ၁ နာရီ အထိ နေ့ဝက် ဆိုင်ပိတ်ကြောင်း အကြောင်းကြားအပ်ပါသည်။ Thanks for the support.
20/10/2021
ဒီနေ့ သီတင်းကျွတ် အခါသမယမှာ Nexus Car Spa မိသားစုမှ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ယနေ့ တစ်ရက် ဆိုင်ပိတ်ကြောင်း အကြောင်းကြားအပ်ပါသည်။
18/10/2021
မနှစ် ကိုဗစ်ကာလထဲက Nexus Auto Spa ကို ယခုလက်ရှိဖွင့်လှစ်ထားတဲ့ ၁၈၊ မြသီရိလမ်းသွယ် (လမ်းဆုံး)၊ အေဝမ်းလမ်း၊ မရမ်းကုန်း ကို ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။ ယခင်နေရာဟောင်းမှ အေဝမ်းလမ်း အတွင်းထဲဆက်ဝင်လာရင် ဗယ်ဘက်မှာ မြသီရိလမ်းသွယ်ရှိပါတယ်။ မြသီရိလမ်းသွယ် လမ်းဆုံး ထိဝင်ခဲ့ပါ အဲ့ဒါဆိုရောက်ပါပြီနော်။ ယခင်နေရာမှ ယခုဖွင့်လှစ်ထားတဲ့နေရာရောက်ဖို့ ၁ မိနစ်လောက်ပဲပိုမောင်းရပါတယ်။ Google map မှာလဲ Nexus Myanmar Car Spa လို့ရိုက်ရှာလို့ရပါတယ်။
ယခုဖွင့်လှစ်ထားတဲ့နေရာက နေပိုကာပြီး ကားဆေးနေတုန်း စောင့်ဆိုင်းဖို့ နေရာလေးက အရိပ်ရ အပင်ကြီးတွေနဲ့အုံဆိုင်းပြီး အရမ်းအေးချမ်းပါတယ်။ ဆိုင်အကျယ်ဝန်းကလည်း ကတ်သီးကတ်သတ်မဟုတ်ဘဲ လုံလောက်တဲ့ အကျယ်အဝန်းမှာ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။
ကိုဗစ်ကာလဖြစ်တဲ့အတွက် လေကောင်းလေသန့်ရရှိပြီး outdoor area ဖြစ်တဲ့အတွက် ကိုဗစ်ရောဂါအတွက် အရမ်းစိတ်ချရပြီး လူများလို့ ရောဂါကူးစက်မှာအတွက် လုံးဝစိတ်ပူစရာ မလိုပါဘူးနော်။
ကိုဗစ်တွေပြီးသွားရင်ပဲဖြစ်ဖြစ် အပြင်ရာသီဥတုပူအိုက်လို့ လောလောဆယ် လူနည်းစုလေးပဲ Aircon လေးနဲ့ ငြိမ့်နေချင်တယ်ဆိုရင်လည်း Fully ariconditioned indoor area လေးလည်းရှိပါသေးတယ်နော်။ ဒါလေးကတော့ သက်တောင့်သက်သာ အထာကျကျ ရှိုးစမိုးမပျက် ကားရေဆေးချင်တဲ့ ကိုကို၊မမ၊ မောင်လေး၊ ညီမလေးတွေအတွက်ပါနော်။
အခုဆက်မယ့်အကြောင်းအရာလေးကတော့ ကားချစ်ပြီး နေရာ၊အပြင်အဆင်ထက် Quality ပိုင်းကို ပိုစိတ်ဝင်စားမယ့် မောင်လေး၊ ကိုကို၊ ဦးဦးများအတွက် Products and Quality ပိုင်းကို ဦးစားပေး ပြောပြချင်ပါတယ်။
Engine oil အနေနဲ့ကတော့ အများသိတဲ့ Germany Brand Liqui Moly ရှိပါတယ်။
ကားချစ်သူတွေအတွက်ရယ် နောက်ပြီး ကားမောင်းရင် အင်ဂျင်သံဆူတာစလို့ အဆွဲအပြုမကြိုက်တာ၊ မောင်းနေကျထက် ထုံထုံကြီးဖြစ်မျိုး၊ ကားကို ချစ်လို့ကို ကြိုတင်ကာကွယ် ပေးချင်တာမျိုး အတွက်ကတော့ Additives တွေရှိပါတယ်။ အဲ့လို products မျိုးအတွက် USA Brand Quality အရမ်းကောင်းတဲ့ BG brand ကပစ္စည်းစုံ ရှိပါတယ်နော်။ မယုံမရှိနဲ့နော် google မှာလည်းရှာကြည့်လို့ရပါတယ်။ ကိုယ်ကိုယ်တိုင်လည်း သုံးကြည့်ပြီး ကောင်းတယ်ဆိုမှ ဆိုင်မှာထားတာပါ။ ကိုယ်တိုင်လည်း အရမ်းကား crazy ဖြစ်တဲ့အတွက် ကိုယ့်ကားတွေအတွက် အမြဲသုံးဖြစ်ပါတယ်။ ဆိုင်က ကလေးတွေကတောင် ရီစရာအနေနဲ့ ဒါတွေက ဆရာချည်းပဲ သုံးဖို့မဟုတ်ဘူးနော် ... ကာစတန်မာလာရင် ရောင်းဖို့လည်းချန်ပါဦးလို့ တားယူရတဲ့အထိ သုံးရတာ အကြိုက်တော်တော်တွေ့တာပါ။
ကားရေဆေးခအနေကတော့ ကားဆိုဒ်အကြီးအသေးလိုက် 3000, 4000, 5000, 6000 ကျပ်ပါ။ ဒီလိုကာလတွေမှာတောင် ဈေးမတက်ထားပါဘူးနော်။ စဖွင့်ထဲက အားပေးတဲ့သူတွေသိပါတယ်။ ကားရေဆေးတဲ့ ဆပ်ပြာက Chemical Guys V07 Optical Select High Gloss Car Shampoo ကိုပဲ တောက်လျောက်သုံးလာတာပါ။ အားသာချက်က ဒီဆိုင်မှာ ကားလာဆေးလေလေ တနှစ်ပတ်လုံးဆေးရောင်မကျပဲ ပြောင်ပြောင်လေး ကားလေးကဖြစ်နေတာပါနော်။ ဒါကြောင့်လည်းဆိုင်မှာ ဆေးတဲ့သူတွေက ဒီကိုပဲ ပြန်ပြန်လာနေတာပါ။
ဒါတွေအပြင် ဆိုင်မှာ ရနိုင်တာကတော့ Polishing and Detailing ပဲဖြစ်ပါတယ်။ Polishing and Detailing အတွက်လည်း နာမည်ကြီးတဲ့ USA မှတင်သွင်းတဲ့ Chemical Guys products တွေပဲသုံးပါတယ်။ Polishing and Detailing မှာ အကောင်းကြိုက်သူတွေအတွက် အဆင့် ၇ ဆင့် ပြုလုပ်ရတဲ့ ဝန်ဆောင်မှုရှိသလို ၊ ဈေးလေးလည်း သင့်တင့် ကားလေးလည်း shining လာချင်တယ်ဆိုရင် တော့ အဆင့် ၄ ဆင့် နဲ့ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုမျိုးကိုလည်း ထားရှိ ပေးထား ပါတယ်။ အဘက်ဘက်ကအဆင်ပြေအောင် စီစဥ်ပေးထားတာဖြစ်လို့ တခါမှ မလာရသေးဘူးဆိုလည်း လာကြည့်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ လာနေကျ ကာစတန်မာတွေလည်းထပ်ခါထပ်ခါ လာဖို့ ဖိတ်ခေါ်ပါရစေနော်။ လိုအပ်လို့ သေသေချာချာလေးမေးချင်တယ်ဆိုရင်တော့ chat box ကနေဖြစ်ဖြစ် ဖုန်း 09776667666 ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
30/04/2020
ခေတ်မှီတဲ့ ကမ္ဘာကြီးတစ်ခုအသွင်ကို ပြောင်းလဲတဲ့ နေရာမှာ အလုပ်သမားမျာဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သမိုင်းဝင် နေ့ထူးနေ့မြတ်လည်း ဖြစ်တဲ့ အလုပ်သမားများနေ့ (မေဒေးနေ့)ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ။
01/03/2020
ကျွန်တော်တို့မြန်မာပြည်သူပြည်သားများရဲ့ နေ့စဥ်မရှိမဖြစ် စားသုံးနေရသော ဆန်စပါးကို စိုက်ပျိုးပေးသော ကျေးဇူးရှင် တောင်သူဦးကြီးများကို ဂုဏ်ပြုသည့်နေ့တစ်နေ့ဖြစ်သော တောင်သူလယ်သမားနေ့ကို ကျွန်တော်တို့ Nexus Auto Spa မိသားစုမှလည်း ကြိုဆိုဂုဏ်ပြုအပ်ပါသည်..
#တောင်သူလယ်သမားနေ့
11/02/2020
Nexus မိသားစုမှ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့လေးကို လှိုက်လှဲဝမ်းသာစွာ ကြိုဆိုပါတယ်
21/01/2020
Complete 7 steps Exterior Detailing Service - done by Nexus Auto Spa
Chemical Guys Products Range
Wash - Clay - Compound - Polish - Glaze - Sealant - Wax
17/01/2020
မိတ်ဆွေရဲ့ကားကို ကားသစ်တစီးလို အတွင်းအပြင် သစ်လွင်တောက်ပပီး မြင်သူတိုင်း ငေးစေချင်ပါသလား❔
ကျွန်တော်တို့ Nexusမှာ မိနစ်၃၀လောက် အချိန်ပေးရုံနဲ့ ရရှိနိုင်ပါတယ်❗
🎖️Nexusမှာ Chemical Guys V07 Optical Select Brilliant Shine Car Shampoo ကိုသုံးခြင်းဖြင့် ကားရဲ့နဂိုဆေးသားကို မထိခိုက်စေဘဲ ကြွေရောင်တလတ်လတ် တောက်ပစေမှာ ဖြစ်ပါတယ်။
🔖နှုန်းထားကတော့ ကားအရွယ်အစားအလိုက် 3000 ကနေ 6000ကျပ်အထိ အစားစားရှိပါတယ်။
သင့်တင့်တဲ့စျေးနှုန်းနဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေအတွက် ကျွန်တော်တို့ Nexus Auto Spaမှ နွေးထွေးစွာ ကြိုဆိုလျှက် ရှိပါတယ်ခင်ဗျာ။❤️
Nexus Auto Spa
📌၈မိုင်ခွဲ၊ A1 လမ်း၊ ဘယ်ဘက် ဒုတိယခြံ
☎09776667666
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
148 Corner Of Pyay Road & A1 Street, Behind Onyx Restaurant
Yangon
11062
Opening Hours
| Monday | 08:00 - 21:00 |
| Tuesday | 08:00 - 21:00 |
| Wednesday | 08:00 - 21:00 |
| Thursday | 08:00 - 21:00 |
| Friday | 08:00 - 21:00 |
| Saturday | 08:00 - 21:00 |
| Sunday | 08:00 - 21:00 |