Grab Drivers Myanmar

Grab Drivers Myanmar

Share

It was 2012 and legend has it, a few friends were enjoying some tea together. And countless people like you, use our services every day.

As is common with Southeast Asians, they started ranting.Today, Grab is present in eight countries across the region.

29/09/2026

မိတ်ဖက်ယာဉ်မောင်းများခင်ဗျား

ခရီးသည်တွေရဲ့ ပလက်ဖောင်းအပေါ် ယုံကြည်မှုကို ထိန်းသိမ်းခြင်းအားဖြင့် မိမိကိုယ်တိုင်ရဲ့ ဝင်ငွေအခွင့်အလမ်းကို မထိခိုက်အောင် ပုံပါ အပိုငွေတောင်းခံခြင်းလုပ်ရပ်ကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

တကယ်လို့ အပိုငွေတောင်းခံခြင်းနဲ့ ပတ်သက်လို့ စစ်ဆေးသိရှိရတယ် ဆိုရင် မိတ်ဖက်တို့ရဲ့ အကောင့်ကို ယာယီ ( သို့မဟုတ်) ရာသက်ပန် ပိတ်သိမ်းတဲ့ အထိ အရေးယူမှုတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Grab ပလက်ဖောင်းပေါ်မှာ ဝန်ဆောင်မှုကောင်းနဲ့အတူ နေ့စဉ် ဝင်ငွေ တိုးဖန်တီးနိုင်ပါစေ။

28/09/2026

သီတင်းကျွတ် မုန့်ဖိုးလက်ဆောင် ပေးထားတယ်နော် မိတ်ဖက်တို့ရေ 💚

ခရီးစဉ်တိုင်းမှာ ခရီးသည်တွေအပေါ် အကောင်းဆုံး ဝန်ဆောင်မှုပေးခဲ့တဲ့ မိတ်ဖက်တို့ရဲ့ စေတနာနဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ မိတ်ဖက် ၂,၀၀၀ ဦးကို Grab Myanmar က ဒီနေ့ စက်တင်ဘာ ( ၂၈ ) ရက်နေ့မှာ Cash Wallet ကတစ်ဆင့် သီတင်းကျွတ် မုန့်ဖိုးလက်ဆောင်တွေ ပေးအပ်ထားပါတယ်။

ကြိုရမယ့်ခရီး အနီးအဝေးမရွေး စေတနာအပြည့်နဲ့ ဝန်ဆောင်မှုပေးခဲ့တဲ့ မိတ်ဖက် အယောက် ၅၀၀ ၊ ခရီးစဉ်ပယ်ဖျက်မှုနှုန်း အနည်းဆုံး မိတ်ဖက် အယောက် ၅၀၀ ၊ ခရီးသည်တွေရဲ့ 5 Stars ကို ရေရှည်ထိန်းထားနိုင်တဲ့ မိတ်ဖက် အယောက် ၅၀၀ တို့အတွက် မုန့်ဖိုး ဆုကြေးလက်ဆောင် ကျပ် ၆၀,၀၀၀ ကျပ်စီနဲ့ မြန်နှုန်းမြင့် Turbo နဲ့အတူ အွန်လိုင်းဖွင့် မောင်းနှင်ချိန် အများဆုံးနဲ့ ခရီးစဉ်ပို့ဆောင်ပြီးစီးခဲ့တဲ့ မိတ်ဖက် အယောက် ၅၀၀ ကို အထူးမုန့်ဖိုးဆုကြေးအနေနဲ့ ကျပ် ၁၀၀,၀၀၀ စီ ပေးအပ်ထားတာပါ။

ရှေ့လျှောက်လည်း ခရီးသည်တွေရဲ့ လိုရာခရီးကို ပို့ဆောင်ရင်း ခရီးသည်တွေရဲ့ ချစ်ခြင်း မေတ္တာ၊ စေတနာနဲ့ အတူ မြင့်မားတဲ့ ဝင်ငွေတွေကို ပိုင်ဆိုင်နိုင်ပါစေနော်။

ဒီသီတင်းကျွတ် မုန့်ဖိုးလက်ဆောင်ကို ရရှိထားတဲ့ မိတ်ဖက်တွေလည်း ဒီအောက်မှာ မန့်လေး ရေးပေးသွားပါဦး။

24/09/2026

Grab ပလက်ဖောင်းပေါ်မှာ နေ့စဉ်နဲ့အမျှ ရိုးသားမှန်ကန်စွာ ဝန်ဆောင်မှုပေးနေကြတဲ့ မိတ်ဖက်ယာဉ်မောင်း တစ်ဦးချင်းစီတိုင်းကို အစဉ်အမြဲ လေးစားဂုဏ်ပြုပါတယ်။

ဒီလို ရိုးသားမှန်ကန်တဲ့ မိတ်ဖက်ယာဉ်မောင်းတွေ အများကြီးရှိတဲ့အထဲကမှ ပြီးခဲ့တဲ့ မတ်လ (၁) ရက်နေ့ကနေ ဩဂုတ်လ (၃၁) ရက်နေ့အတွင်း ခရီးစဉ်တွေမှာ ခရီးသည်တွေ ကျန်ရစ်ခဲ့တဲ့ ဖုန်း၊ လက်ပ်တော့ပ်၊ ပတ်စ်ပို့၊ မှတ်ပုံတင်၊ လက်ဝတ်ရတနာ စတဲ့ အရေးကြီး အဖိုးတန်ပစ္စည်းတွေကို ပြန်လည်ပေးအပ်ခဲ့တဲ့ မိတ်ဖက် ၁၂၆ ဦးကို Cash Wallet ကတစ်ဆင့် ဂုဏ်ပြုဆုကြေး ၃၀,၀၀၀ ကျပ်စီ လွှဲအပ်ပေးခဲ့ပါတယ်။

အခုလို မိတ်ဖက်တို့ရဲ့ ရိုးသားပြီး စေတနာရှေ့တန်းတင်တဲ့ ဝန်ဆောင်မှုတွေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ရှေ့လာမဲ့ ကာလတွေမှာလည်း ခရီးသည်တွေ အမြဲယုံကြည်အားကိုးရတဲ့ စံပြမိတ်ဖက်တွေအဖြစ် ဆက်လက်ရပ်တည်ရင်း ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်တွေကနေတစ်ဆင့် ဝင်ငွေများစွာ တိုးပွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

20/09/2026

Grab ပလက်ဖောင်းနဲ့ ချိတ်ဆက်ပြီး ဝင်ငွေ ဖန်တီးလိုသူတွေအတွက် 🚕💨

အခုဆို KBZ ဘဏ်အကောင့်နဲ့ရော၊ KBZPay နဲ့ပါ Grab မှာ စာရင်းသွင်းလို့ ရနေပါပြီနော်! 🥳

✨ ယာဉ်မောင်းသစ်များနဲ့ ပို့ဆောင်သူအသစ်များအတွက်:

KBZ ဘဏ်အကောင့် နဲ့ရော KBZPay အကောင့်နဲ့ပါ Grab ယာဉ်မောင်း/ ပို့ဆောင်သူ အဖြစ် အလွယ်တကူ စာရင်းသွင်းနိုင်ပါပြီ။
(မှတ်ချက် - ယာဉ်မောင်းဆိုင်ရာ လိုအပ်တဲ့ အထောက်အထားများနဲ့ သတ်မှတ်ချက်များ ပြည့်မီဖို့ လိုအပ်ပါတယ်)

🔄 လက်ရှိ မိတ်ဖက်များအတွက်:
📌 KBZ ဘဏ်/ KBZ Pay အကောင့်နဲ့ ပြောင်းလဲအသုံးပြုလိုပါက
Mini GC သို့ လူကိုယ်တိုင် လာရောက်ပြီး ဘဏ်အကောင့်အချက်အလက် လာရောက် ပြောင်းလဲပေးရပါမယ်နော်!

KBZ ဘဏ်အကောင့်ပဲ ဖြစ်ဖြစ်၊ KBZ Pay ပဲ ဖြစ်ဖြစ် အသုံးပြုပြီး Grab နဲ့ ချိတ်ဆက်ထားတဲ့ ယာဉ်မောင်း/ ပို့ဆောင်သူတွေအနေနဲ့ မိမိတို့ရဲ့ Grab ယာဉ်မောင်း Wallet မှ KBZ အကောင့်တွေဆီ အလွယ်တကူ တိုက်ရိုက် လွှဲပြောင်းထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

(ငွေထုတ်ယူရန် သတ်မှတ်ချက်: ၁ ကြိမ်လျှင် ၁,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ ကျပ် နှုန်းနဲ့ ၁ ရက်အတွင်း အများဆုံး ၅၀၀,၀၀၀ ကျပ်)
မိတ်ဖက်များအားလုံး အဆင်ပြေကောင်းမွန်တဲ့ နေ့လေးများပိုင်ဆိုင်ကြပါစေ!

🔗 ယာဉ်မောင်းအသစ်များ လိုအပ်သည့် သတ်မှတ်ချက်များကို ဒီမှာ အသေးစိတ်ကြည့်ပါ:

https://www.grab.com/mm/driver/drive/

18/09/2026

Grab ရဲ့ စွမ်းဆောင်ရည်မြင့် ပလက်တီနမ်နဲ့ ဂိုးလ် မိတ်ဖက် ယာဉ်မောင်းတွေနဲ့ သီးသန့် တွေ့ဆုံပွဲ ⚡🚀
မောင်းနှင်မှုနဲ့ ဝင်ငွေလမ်းကြောင်းအတွက် ပိုမိုထိရောက်စွာ စီမံနိုင်မယ့် “မြန်နှုန်းမြင့် Turbo” ကို ပလက်တီနမ်နဲ့ ဂိုးလ် သီးသန့် မိတ်ဆက်ခဲ့တဲ့ အစီအစဉ်မှာ ပါဝင် တက်ရောက်ပေးကြတဲ့ မိတ်ဖက်တစ်ဦးစီတိုင်းကို အထူး ကျေးဇူးတင်ပါတယ်နော်။
မြန်နှုန်းမြင့် Turbo ကို စမ်းသပ်မောင်းနှင်ပြီး ပိုမိုကောင်းမွန်တဲ့ မောင်းနှင်မှုပုံစံအသစ်ကို ဖန်တီးနိုင်ဖို့ မိတ်ဖက်တို့ စိတ်အားထက်သန်စွာ ဖြည့်ပေးထားတဲ့ မြေပြင်အတွေ့အကြုံ အကြံပြုချက်တွေကိုလည်း လက်ခံရရှိပြီး ဖြစ်ပါတယ်။ မိတ်ဖက်တို့ မေးထားတဲ့ မေးခွန်းတွေနဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး မြန်နှုန်းမြင့် Turbo ကို ပိုမို လွယ်ကူစွာ သုံးနိုင်မယ့် လမ်းညွှန်ချက်တွေကို ဆက်လက် မျှဝေပေးသွားပါဦးမယ်။
မိတ်ဖက်တို့အားလုံး မြန်နှုန်းမြင့် Turbo နဲ့အတူ နေ့စဉ် ခိုင်မာမြန်ဆန်တဲ့ ဝင်ငွေတွေ ရရှိကြပါစေနော်! 💚

Photos from Grab Drivers Myanmar's post 12/09/2026

Grab Champions တို့ရဲ့ ရင်တွင်းစကားသံများ
ခရီးသည်တိုင်းရဲ့ ခရီးစဉ်တွေကို ဘေးကင်းလုံခြုံပြီး စိတ်ကျေနပ်မှုအပြည့်ရအောင် အမြဲကြိုးစားပေးနေကြတဲ့ မိတ်ဖက်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဒီတစ်ခါမှာလည်း Grab ရဲ့ လစဉ် စွမ်းဆောင်ရည်မြင့် ဆုရသူအချို့ရဲ့ စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။

နောက်လာမယ့် ဆုရှင်တွေကို မေးစေချင်တဲ့ မေးခွန်းလေးတွေရှိရင်လည်း ကွန်မန့်မှာပြောပြခဲ့လို့ရပါတယ်နော်။
ဒါနဲ့ မိတ်ဖက်တို့ရော Grab ကနေ ဘယ်လိုဆုမျိုးတွေ ရဖူးကြပြီလဲ?

နောက်ထပ် ဘယ်လိုဆုမျိုးတွေ ပေးစေချင်လဲဆိုတာ ကွန်းမန့်မှာ ဝင်ရောက် ဆွေးနွေးပေးသွားကြပါဦး။

11/09/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ တစ်လတာအတွင်း ခရီးသည်ကြိုရမယ့် အကွာအဝေးအပေါ် ရွေးချယ်မှုမရှိဘဲ ခရီးစဉ်တွေကို အကောင်းဆုံး လက်ခံမောင်းနှင်ခဲ့တဲ့ မိတ်ဖက်ယာဉ်မောင်းတွေထဲက ထိပ်ဆုံး ၃ ဦးကို ရွေးချယ်ထားတာဖြစ်ပါတယ်။

ဒီဆုကို လစဉ်ရွေးချယ်ပေးအပ်သွားမှာဖြစ်ပြီး ခရီးသည်တွေကို အဆင်ပြေကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့လို့ ကျေးဇူးတင်ပါတယ်နော်။ 🥳

11/09/2026

⭐ ဩဂုတ်လအတွင်း ခရီးသည်တွေရဲ့ မှတ်ချက်ကောင်းတွေထဲက တစ်ခုကို ရရှိထားတဲ့ တို့ မိတ်ဖက်ကြီး မခင်မျိုးဆက်အတွက် ဆုကြေးငွေ ၅၀,၀၀၀ ကျပ် အထူးဆုနဲ့အတူ အခုလို ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်။

လစဉ် ဆုရှင်တစ်ဦးစီ ရွေးချယ်ပြီး ဆုချီးမြှင့်ပေးသွားမှာမို့ ခရီးစဉ်ပြီးဆုံးတိုင်း မှတ်ချက်တောင်းဖို့ မမေ့နဲ့နော် .. 💬💚

11/09/2026

🏆 ဩဂုတ်လအတွင်း ခရီးစဉ်ပယ်ဖျက်နှုန်း လုံးဝမရှိ ဆုကြေးငွေ ၁၀၀,၀၀၀ ကျပ် ရရှိသွားတဲ့ မိတ်ဖက်ယာဉ်မောင်း ကိုစိုးမိုးနိုင်အတွက် ဂုဏ်ယူပါတယ်နော်။

🚕 ဇူလိုင်လတွင်းမှာ ခရီးစဉ်ပယ်ဖျက်နှုန်း ၈% အောက်
🚕 ခရီးသည်မှပေးတဲ့ ဝန်ဆောင်မှုအဆင့်သတ်မှတ်ချက် (Rating) ၄.၈ နဲ့အထက်ရှိတဲ့ မိတ်ဖက် အယောက် (၁၀၀) ထဲက မဲနှိုက်ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ခရီးစဉ်တိုင်းကို လက်ခံပြီး ခရီးသည်တွေကို ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်တွေနဲ့ ဝန်ဆောင်မှုပေးခဲ့လို့ ကျေးဇူးအထူးတင်ရှိပါတယ်။

-of_the_month

Photos from Grab Drivers Myanmar's post 11/09/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လမှာ Grab မိတ်ဖက်ချန်ပီယံ အဖြစ်နဲ့ ဆုကြေးငွေ ကျပ် ၂၀၀,၀၀၀ စီ ဆွတ်ခူးသွားတဲ့ မိတ်ဖက်တို့ကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုလိုက်ပါတယ်ဗျို့ 🥇💰

🚕 ဩဂုတ်လအတွင်းမှာ ခရီးစဉ်ပယ်ဖျက်နှုန်း ၈% အောက်
🚕 ခရီးသည်မှပေးတဲ့ ဝန်ဆောင်မှုအဆင့်သတ်မှတ်ချက် (Rating) ၄.၈ နဲ့အထက်ရှိတဲ့ မိတ်ဖက် အယောက် (၁၀၀) ထဲက မဲနှိုက်ရွေးချယ်ထားတာ ဖြစ်ပါတယ်။

တစ်လတာ ကာလအတွင်း စွမ်းဆောင်ရည်အပြည့်နဲ့ ခရီးသည်တွေကို ဘေးကင်းလုံခြုံတဲ့ ခရီးစဉ်တွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှု ပေးခဲ့ကြလို့ ကျေးဇူးအထူးတင်ပါတယ်။

မိတ်ဖက်အယောက်စီတိုင်း ကျန်းမာရွှင်လန်းလို့ ဝင်ငွေတိုးပွားကြပါစေ။✨

Address


👉Grab Center 1/11A, ကမ္ဘောဇရိပ်သာလမ်း၊ ရွှေတောင်ကြားရပ်ကွက်၊ ဗဟန်းမြို့နယ်။
Yangon
11211

Alerts

Be the first to know and let us send you an email when Grab Drivers Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.