Mobile technology

Mobile technology

Share

Mobile Technology ကျွန်တော်တို့ Mobile Technology မှ မိုဘိုင်းဖုန်းနှင့် ပတ်သတ်တဲ့ အချက်အလက် အကြောင်းအရာ များကို တတ်နိုင်သလောက် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

Photos 22/08/2013
29/01/2013

iOS 6.1 update ထွက်ပြီ

---------------------------

iPhone, iPad, iPot ချစ်သူများအတွက် ဆော့ဝဲ update iOS 6.1 ထွက်လာပါပြီ။ update တွေထဲမှာ အဓိကတစ်ခုကတော့ iPhone 5 ရဲ့ 4G LTE စနစ်ကို နိုင်တကာက မိုဘိုင်းဖုန်းကုမ္ပဏီ ၃၆ ခုတို့ရဲ့ ဖုန်းနက်ဝပ်တွေကို ထောက်ပံ့မှုပေးနိုင်တာကို ထည့်သွင်းထားပါတယ်။ Advertising Identifier ကြော်ငြာတွေကို ကန့်သတ်ထားနိုင်မှု၊ Apple’s mobile virtual assistant, Siri ကိုလည်း update လုပ်ထားတဲ့အပြင် iTunes Match သုံးစွဲသူများအတွက် iCloud ကနေ သီချင်းတပုဒ်စီကိုလည်း ဒေါင်းလို့ရနိုင်ပါတယ်။ iOS 6.1 update က သာမန်အိုင်ဖုန်းသုံးစွဲသူတွေ အတွက် သတင်းကောင်းဖြစ်ရုံမျှမက ဟက်ကာအသိုင်းအ၀ိုင်းတွေ ကလည်း ကြိုဆိုကြပါတယ်။ ဟက်ကာတွေက iPhone 5 ကို jail break လုပ်ဖို့ iOS 6.1 ထွက်လာမှာကို စောင့်မျှော်နေကြတာလို့ ဆိုပါတယ်။

(Ref; Tech Cruch, Jan 28, 2013)

08/01/2013

3G UMTS လိုင်းအင်အား (၁,၂၆၀,၀၀၀) တိုးချဲ့ခြင်းစီမံကိန်းအရ ZTE Coporation မှ စနစ်တိုးချဲ့ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေညာသည်။ ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသော 3G UMTS လိုင်းအင်အား တိုးချဲ့တပ်ဆင်ခြင်းစီမံကိန်းအရ ZTE Coporation မှ အဆိုပါဆောင်ရွက်ချက်ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ RNC, MGW စနစ်တိုးချဲ့ခြင်း၊ RS Carrier တိုးချဲ့ ခြင်းလုပ်ငန်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါဆောင်ရွက်ချက်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ သက်ဆိုင်ရာနေ့များအလိုက် မိုဘိုင်းဖုန်းများဆက်သွယ်မှု မိနစ်ပိုင်းခန့် ယာယီဆိုင်းငံ့မည်ဖြစ်ကြောင်းသိရသည်။ ၎င်းမြို့ကြီးသုံးမြို့၌ မိုဘိုင်းတယ်လီဖုန်းများသည် နံနက်စောစောပိုင်းအချိန်များတွင် (၁၅) မိနစ်နှင့် (၃၀) မိနစ်ခန့် ဆက်သွယ်မှု ယာယီဆိုင်းငံ့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။ ၎င်းဆောင်ရွက်ချက်ကို ၂၁. ၁၂.၂၀၁၂ မှ ၄.၁.၂၀၁၃ ရက်နေ့အတွင်းရှိ ရက်အချို့တွင် သက်ဆိုင်ရာမြို့အလိုက် ဆောင်ရွက်မည်ဖြစ်သည်။ ရန်ကုန် ZTE ဧရိယာမှ 3G မိုဘိုင်းဖုန်းများ၊ မန္တလေး ZTE ဧရိယာမှ 2G,3G မိုဘိုင်းဖုန်းများ၊ နေပြည်တော် ZTE ဧရိယာမှ 2G, 3G မိုဘိုင်းဖုန်းများ အစရှိသည်ဖြင့် နည်းပညာတိုးချဲ့ခြင်းရက်အပေါ်လိုက်၍ ဆက်သွယ်မှု မိနစ်ပိုင်းခန့် ယာယီဆိုင်းငံ့မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ယခုလများအတွင်း ထိုကဲ့သို့ မိုဘိုင်းဖုန်းဆိုင်ရာ နည်းပညာတိုးချဲ့ခြင်းများကို မကြာခဏဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုဆက်သွယ်မှုယာယီဆိုင်းငံ့မည့်နေ့စွဲ၊ အကြောင်းအရာ၊ ဆိုင်းငံ့ချိန်၊ ဆိုင်းငံ့မည့်နေရာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏၀က်ဘ်ဆိုက်ဖြစ်သော www.mcpt.gov.mm မှတစ်ဆင့် ကြေညာထားခြင်းဖြစ်သည်။

Copied....

Ministry of Communications, Information Technology ၁။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာ ရေးနှစ်မှစ၍ Publuc Access Center (PAC) ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို တည်ဆဲဥဒေများနှင့် အညီ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြု ထုတ်ပေး ပြီးကြီး ကြပ်ဆောင် ရွက်လျှက် ရှိပါသည်။ Read More

Photos 08/01/2013

အွန်လိုင်းမှ ဈေးနှုန်းသက်သာပြီး အိမ်အရောက်ဝန်ဆောင်မှုများဖြင့် ၀ယ်ယူနိုင်သည့် Online Mobile Store စတင်ကြောင်း website မှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။





အဆိုပါ Online Mobile Store ကို ဒီဇင်ဘာ ၁၂ ရက်မှ စတင်ခြင်းဖြစ်ပြီး အရည်အသွေးမြင့် မိုဘိုင်းဟန်းဆက်အသစ်များကို ၀ယ်ယူနိုင်ရန် လုပ်ဆောင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းငွေပေးချေမှုကို Myan-Pay စနစ်အသုံးပြုထားပြီး Myan-Pay မရှိသူတွေအတွက်လည်း အိမ်အရောက်ပို့ဆောင်ချိန်မှ ငွေပေးချေမှုများလုပ်ဆောင်နိုင်ကြောင်း အဆိုပါဝန်ဆောင်မှု၏ တာဝန်ရှိသူကဆိုသည်။ ““Website ကို အများလက်ခံစေဖို့အတွက် Standard Item တွေကို အဓိကထား ရောင်းချပေးမှာဖြစ်ပါတယ်။ လူများလက်ခံပြီးသားဖြစ်တဲ့ Standard Item ဥပမာ- iPhone, Samsung, HTC, Nokia, Sony, HTC တို့ကို ရောင်းချပေးမှာဖြစ်ပါတယ်။ Online Shopping ဖြစ်တဲ့အတွက် ပြင်ပဆိုင်တွေထက်သက်သာအောင် လုပ်ဆောင်ထားမှာဖြစ်တဲ့အပြင် ရန်ကုန်၊ မန္တလေးမြို့တွင်းမှာဆိုရင် ၂၄ နာရီအတွင်း အိမ်အရောက်ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်”” ဟု တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။ နယ်မြို့မှဝယ်ယူသူများကိုလည်း သက်ဆိုင်ရာကားဂိတ်များမှတစ်ဆင့် ပေးပို့ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Website မှာ www.mobilestore.com.mm ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉၅၀၇၅၅၁၀ သို့ဆက်သွယ်နိုင်မည်ဖြစ်သည်။

Copied...

Photos 08/01/2013

ဈေးကွက်အတွင်းတွင် လက်ရှိအသုံးပြု ရောင်းချပေးလျက်ရှိသော ဂျီအက်စ်အမ်လိုင်းကတ်များကို အရစ်ကျ ငွေပေးချေမှုစနစ်ဖြင့် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



ယင်းကဲ့သို့ ရောင်းချပေးရာတွင် အရစ်ကျပေးချေမှုစနစ်အဖြစ် ဖုန်းကတ်တန်ဖိုး ကျသင့်ငွေအား သုံးရစ်ခွဲကာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ အရစ်ကျငွေချေစနစ်ဖြင့် ၀ယ်ယူလိုပါက ၀ယ်ယူအနေဖြင့် မှတ်ပုံတင် မိတ္တူနှစ်စုံနှင့် ဓာတ်ပုံသုံးပုံအား ပေးအပ်ထားရမည်ဖြစ်ပြီး အရစ်ကျပေးချေမှု နောက်ဆုံးအရစ် ပြီးဆုံးပါက အမည်ပေါက်စာရွက်ကို ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် အသစ်ထွက်ရှိလာမည်ဖြစ်သော တန်ဖိုးနည်း ဂျီအက်စ်အမ်လိုင်းကတ်များ ထွက်ရှိလာခဲ့ပါက အဆိုပါ အရစ်ကျရောင်းချမှုစနစ်ကို ယင်းတန်ဖိုးနည်းဖုန်းများအတွက်ပါ ဆက်လက် ရောင်းချပေးသွားနိုင်စေရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အသေးစိတ် သိရှိလိုသူများအနေဖြင့် ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်

Copied....

Photos 08/01/2013

Samsung ကုမ္ပဏီမှ Galaxy Grand ဟု အမည်ပေးထားသော Androidစမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပြီး အဆိုပါစမတ်ဖုန်းတွင် 800x480 resolution ဖြင့် အသုံးပြုနိုင်မည့် ၅ လက်မအရွယ် LCD display တပ်ဆင်ထားသည်။





Galaxy Grand တွင် dual-core 1.2GHz ပရိုဆက်ဆာ တပ်ဆင်ထားပြီး RAM 1GB နှင့် 8 megapixel ကင်မရာလည်း ပါဝင်သည်။ 2 megapixel front-facing ကင်မရာလည်း ထည့်သွင်းထုတ်လုပ်ထားပြီး internal memory 8GB ထည့်သွင်းထားကာ micro slot လည်း ပါဝင်သည်။ Wi-Fi, Bluetooth, GPS, HSPA+ စနစ်များ အသုံးပြုနိုင်မည်ဖြစ်ပြီး 2,100 mAh ဘက်ထရီ အသုံးပြုထားကြောင်း သိရသည်။ Samsung ကုမ္ပဏီ၏ TouchWiz interface ကို Android 4.1.2 Jelly Bean operating system ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး S Voice, multi window mode, Direct Call, AllShare Play, Smart Alert, Popup Play နှင့် အခြားအသုံးဝင်သည့် Samsung feature များလည်း ထည့်သွင်းပေးထားသည်။ အဆိုပါ Galaxy Grand စမတ်ဖုန်းကို SIM ကတ်တစ်ခုတည်းဖြင့် အသုံးပြုနိုင်မည့် I9080 ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး ရောင်းချမည့်အချိန်နှင့် တန်ဖိုးတို့ကိုမူ ကုမ္ပဏီမှ ပြောကြားခဲ့ခြင်းမရှိသေးပေ။

Copied....

Photos 08/01/2013

K860 စမတ်ဖုန်းကို အဆင့်မြှင့်တင်ထားသည့် K860i စမတ်ဖုန်းသစ်ကို Lenovo ကုမ္ပဏီမှမိတ်ဆက်ပေးလိုက်ကြောင်းသိရသည်။





K860i တွင် RAM 2GB နှင့် internal memory 1GB အသီးသီးထည့်သွင်းပေးထားပြီး မူလ K860 ၏စွမ်းဆောင်ရည်ကို နှစ်ဆမြှင့်တင်ထားသည်။ ဒီဇိုင်းအနေဖြင့် ယခင် K860 အတိုင်း ပုံစံတူထုတ်လုပ်ထားပြီး အရွယ်အစားနှင့်ဖွဲ့စည်းထားပုံချင်းတူညီသည်။ မူလ K860 တွင် 1.4GHz ပရိုဆက်ဆာကိုသာအသုံးပြုထားသော်လည်း 1.6GHz quad-core Exynos ပရိုဆက်ဆာအသုံးပြုထုတ်လုပ်ထားပြီး ၅ လက်မအရွယ် HD screen တပ်ဆင်ထားသည်။ 8 mega-pixel ကင်မရာတစ်ခုနှင့် 2 mega-pixel front-facing ကင်မရာတို့တပ်ဆင်ထုတ်လုပ်ထားပြီး 2250 mAh ဘက်ထရီအသုံးပြုထားသည်။ ဈေးကွက်အတွင်းစတင်ရောင်းချမည့်အချိန်နှင့်တန်ဖိုးတို့ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေးသော်လည်း တရုတ်ဈေးကွက်တွင်စတင်ရရှိနိုင်မည်ဟုသိရသည်။

Copied....

Photos 08/01/2013

Windows Phone 8 ကို အသုံးပြုတဲ့သူတွေအတွက် ဖုန်းအချင်းချင်းထိတွေ့ပြီး သီချင်းတွေ၊ ဓာတ်ပုံတွေနဲ့ အခြားသော ဝေမျှပေးနိုင်တဲ့ နည်းပညာတစ်ခုကို Windows Phone 8 မှာ အသုံးပြုထားပါတယ်။



Windows Phone 8 မှာအသုံးပြုထားတဲ့ Wireless နည်းပညာတစ်ခုဖြစ်တဲ့ NFC (Near Field Communication) ဟာ ဖုန်းအချင်းချင်းကို ထိတွေ့ရုံနဲ့ ဖိုင်တွေကို အလျင်အမြန် ဝေမျှသုံးစွဲနိုင်မှာဖြစ်ပါတယ်။ NFC ကို Support ပေးတဲ့ Device အချင်းချင်း Pair လုပ်ပြီးပြီဆိုရင် ဒီနည်းပညာကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pair လုပ်ထားတဲ့ Device အချင်းချင်း ဖိုင်တွေကိုပို့မယ်ဆိုရင် ဖုန်းရဲ့နောက်ကျောချင်းကို ကပ်ပြီး ဖိုင်တွေကို ပေးပို့နိုင်မှာဖြစ်ပါတယ်။ အရွယ်အစားကြီးမားတဲ့ ဖိုင်တွေအတွက်ဆိုရင်တော့ NFC တစ်ခုတည်းနဲ့ အလုပ်လုပ်နိုင်မှာမဟုတ်ဘဲ Bluetooth ကိုပါ ဖွင့်ထားရမှာဖြစ်ပါတယ်။ ဒါမှသာ ဖိုင်တွေကို အဆင်ပြေပြေ ဝေမျှနိုင်မှာဖြစ်ပါတယ်။ NFC (Near Field Communitcation) ရဲ့အားသာချက်ကတော့ ဖိုင်တွေကို အလျင်အမြန်နဲ့ ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ Sharing ပြုလုပ်ပုံကတော့ လွယ်ကူလွန်းပါတယ်။

Copied...

Photos 08/01/2013

မကြာသေးမီက တရုတ်ဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့သည့် Huawei Ascend D2 နှင့်ပတ်သက်၍ သတင်းဓာတ်ပုံများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။





အဆိုပါ Ascend D2 စမတ်ဖုန်းတွင် ၅ လက်မအရွယ် 1080p display ကို တပ်ဆင်ထားပြီး Huawei \ user interface သစ်ကို အသုံးပြုထားသည်။ အဆိုပါ interface သစ်ကို Emotion UI ဟု အမည်ပေးထားပြီး ၎င်းတွင် အသစ်ထွက်ပေါ်လာမည့် Android စမတ်ဖုန်းများ၌ အသုံးပြုမည့် Huawei အသွင်အပြင်သစ်များပါဝင်သည်။ ထို့ပြင် Ascend D2 တွင် Huawei ၏ ယခင်စမတ်ဖုန်းများနည်းတူ quad-core 1.5GHz K3V ပရိုဆက်ဆာနှင့် 13 megapixel ကင်မရာတို့ တပ်ဆင်ထားပြီး Android 4.1 Jelly Bean ဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်ကာ Android 4.2 သို့လည်း အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။ နိုင်ငံတကာဈေးကွက်သို့ တင်ပို့မည့် Ascend D2 ကို CES 2013 တွင် စတင်မိတ်ဆက်မည်ဖြစ်ကြောင်း Huawei မှပြောကြားခဲ့ပြီး Windows Phone 8 OS အသုံးပြုထုတ်လုပ်ထားသည့် Huawei Ascend W1 ကိုလည်း တစ်ပြိုင်တည်းမိတ်ဆက်နိုင်ရန် မျှော်လင့်ထားသည်

Copied....

21/12/2012

မိုဘိုင်း Payment နှင့်မိုဘိုင်း Banking ၀န်ဆောင်မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၁၀ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။



အဆိုပါ ၀န်ဆောင်မှုစနစ်များကို မြို့ပြသာမက ကျေးလက်နေပြည်သူများပါ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆသည် တစ်နိုင်ငံလုံးအနေဖြင့် ၈ ဒဿမ ၅၆ ရာခိုင်နှုန်းအထိ ရောက်ရှိလာပြီဖြစ်ပြီး ကျေးလက်ဒေသတွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ရာတွင် ကျေးလက်ဒေသများတွင် မိုဘိုင်းတယ်လီဖုန်းပေါင်း ကိုးသိန်းကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။ မိုဘိုင်း ဘဏ်လုပ်ငန်းနှင့် မိုဘိုင်း Payment ကိစ္စများတွင် ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။ မိုဘိုင်း Payment/Banking လုပ်ငန်းကို စိတ်ချလုံခြုံစွာ သုံးစွဲနိုင်ရေး၊ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး၊ လုပ်ထုံးလုပ်နည်းများ စနစ်တကျရှိစေရေး၊ သက်ဆိုင်ရာ လုပ်ငန်းပိုင်းလိုက် တာဝန်ယူမှု၊ တာဝန်ရှိမှု ပိုင်းခြားသတ်မှတ်ရေး၊ မိုဘိုင်း Payment/ Banking လုပ်ငန်း တိုးတက်သုံးစွဲမှုနှင့်အတူ Call Center ပိုင်းက ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးတို့ကို အထက်ပါအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။ လက်ရှိ Mobile Money အောင်မြင်ရေးအတွက် ငွေသွင်း၊ ငွေထုတ်ကိစ္စများကို စနစ်တကျ အာမခံနိုင်သည့် ဆက်သွယ်ရေးဆိုင်ရာ ကျောထောက်နောက်ခံ အဆောက်အဦး ရှိရန်လိုအပ်ကြောင်း ဆက်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများက လိုက်နာဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် ဗဟိုဘဏ်တို့ကလည်း တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

Copied...///

21/12/2012

လာမည့်ဇန်န၀ါရီလအတွင်း မိုဘိုင်းဖုန်းများကို လက်ရှိဈေးနှုန်းထက် လျှော့ချပေးမည်ဖြစ်ရာ Sim Card များကို အရောင်းကိုယ်စားလှယ်များထံမှ ပြန်လည်သိမ်းဆည်းနေပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။



“ဇန်န၀ါရီလမှာ ဖုန်းတွေ ဈေးလျှော့ရောင်းမယ်။ အဲဒီအတွက် လက်ရှိကုမ္ပဏီတွေကို ထုတ်ပေးထားတဲ့ စာရင်းတွေ ပိတ်ဖို့လိုတယ်။ တချို့ကုမ္ပဏီတွေက လက်ခွဲပေးပြီး ရောင်းချတာမျိုးရှိတယ်။ အဲဒီလို ရောင်းချတဲ့ဆိုင်တွေက ဈေးတင်ပြီး ရောင်းချတာမျိုးရှိတော့ ၀ယ်ယူသူတွေအနေနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းတွေကို ဈေးတင်ရောင်းချတယ်ဆိုတာမျိုး ပြောတာတွေရှိတယ်။ အခု ချထားပေးမယ့် ဖုန်းတွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကပဲ ရောင်းချပေးသွားတော့မှာ ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဇန်န၀ါရီလတွင် ချထားပေးမည့် မိုဘိုင်းဖုန်းများကို ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အရောင်းဌာန ၁၈ ခု၊ မန္တလေးတိုင်း ဒေသကြီးတွင် အရောင်းဌာန ၅ ခုအပါအ၀င် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် သက်ဆိုင်ရာအရောင်းဌာနများဖွင့်၍ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ Sim Card အရောင်းကိုယ်စား လှယ်တစ်ခုဖြစ်သည့် E-Lite Tech ကုမ္ပဏီအနေဖြင့်လည်း လက်ရှိတွင် Sim Card များကို ရောင်းချခြင်းမရှိတော့ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ အပ်နှံပြီးဖြစ်ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ “ဖုန်းလိုင်းတွေ ဈေးကျမှာဖြစ်တဲ့အတွက် ပြန်လိုက်သိမ်းတယ်ဆိုတာကတော့ ကောင်းပါတယ်။ သို့ပေမယ့် ကြိုတင်ကြေညာချက်တစ်ခု လုပ်မယ်ဆိုရင်တော့ ပိုကောင်းနိုင်ပါတယ်။ ယခုအနေနဲ့က လက်ထဲရှိတဲ့ လိုင်းကတ်တွေကို ဆက်ထုတ်ရောင်းရမလား၊ လာသိမ်းတာကိုပဲ စောင့်ဆိုင်းနေရမလားမသိ ဖြစ်နေပါတယ်” ဟု ရွှေမိုဘိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဇန်န၀ါရီလအတွင်း ချထားပေးမည့်ရက်နှင့် ဈေးနှုန်းအတိအကျကို မသိရှိရသေးပေ။ “ပြန်လိုက်သိမ်းနေတယ်လို့တော့ သတင်းမကြားပါဘူး။ ပြန်လိုက်သိမ်းတယ်ဆိုရင်လည်း ဈေးကွက်ထဲက ဆိုင်အချို့မှာ ဖုန်းကတ် အနည်းငယ်ပဲ ရှိတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆိုင်မှာဆိုရင်လည်း လိုင်းကတ်ကုန်သွားတာ အနည်းငယ်ကြာနေပါပြီ” ဟု Best One မိုဘိုင်းမှ တာဝန်ရှိသူကပြောသည်။ အဆိုပါ မိုဘိုင်း Sim Card များကို ဈေးကွက်အတွင်းရှိ ဆိုင်အများစု၌ လက်ရှိဝယ်ယူ၍ ရရှိနိုင်သေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆသည် တစ်နိုင်ငံလုံးအနေဖြင့် ၈.၅၆ ရာခိုင်နှုန်းအထိ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကျေးလက်ဒေသများတွင်လည်း မိုဘိုင်းတယ်လီဖုန်းပေါင်း ၉ သိန်းကျော် ရှိလာပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Copied.../

21/12/2012

ပြည်တွင်းသို့ Windows 8 အသုံးပြုထားသည့် မိုဘိုင်းဟန်းဆက် ၀င်ရောက်လာကြောင်း သိရသည်။ အဆိုပါ Windows 8 အသုံးပြု မိုဘိုင်းဖုန်းများတွင် HTC အမှတ်တံဆိပ်နှင့် Nokia အမှတ်တံဆိပ်များ ဈေးကွက်စတင် ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။



နိုဝင်ဘာလဆန်းပိုင်းအတွင်း Microsoft မှ AT&T, T-Mobile နှင့် Verizon တို့ကို Windows စတင်အသုံးပြုနိုင်ရန် ပေးအပ်ခဲ့သည်။ ဆက်လက်၍ နိုဝင်ဘာလအတွင်း အဆိုပါကုမ္ပဏီများမှ Windows 8 အသုံးပြုထားသည့် Nokia, HTC ဟန်းဆက်များ ထွက်ရှိလာခြင်းဖြစ်ကြောင်း Microsoft ၏ Website မှသိရသည်။ Windows 8 phone များတွင် ပုံစံဒီဇိုင်းများ၊ အရောင်နှင့် Features များ ပိုမိုပါဝင်လာမည်ဖြစ်သည်။ မိမိစိတ်ကြိုက် ဓာတ်ပုံများ၊ သီချင်းများ၊ Application, Game, people များစွာကို အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် Home Screen တွင် တင်ထားနိုင်မှာဖြစ်ပြီး Live Tiles များကိုလည်း စိတ်ကြိုက်အရွယ်အစား ပုံစံ၊ အရောင် အမျိုးအစား ခွဲခြားထားနိုင်မှာဖြစ်ပါတယ်။ Windows Phone Store တွင်လည်း Application နှင့် Game ပေါင်းတစ်သိန်းကျော် တင်ပေးထားမည်ဖြစ်သည်။ ကလေးများ အသုံးပြုနိုင်ရန်အတွက်လည်း Kid's Corner Feature ပါဝင်ပြီး အဆိုပါ Feature မှ ကလေးများကြောင့် ဖြစ်ပေါ်တတ်သည့် ဓာတ်ပုံဖိုင် ပျက်စီးပျောက်ဆုံးမှု၊ Email လွှဲမှားပေးပို့မှု၊ မှားယွင်းသည့် အွန်လိုင်းငွေချေမှုနှင့် ဖုန်းမှားယွင်း ခေါ်ဆိုမှုများကို ကာကွယ်ပေးမည်ဖြစ်သည်။ ထို့အပြင် Private Rooms မှ သီးသန့်စကားပြောဆိုနိုင်သလို၊ New Skype Application တို့ပါဝင်လာမည်ဖြစ်သည်။ Windows Phone 8 တွင် ၂၀၁၃ တစ်နှစ်အတွက် Free Music Internet Radio နားဆင်နိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း Microsoft Website မှသိရသည်။ ပြည်တွင်းဈေးကွက်အတွင်းသို့ အဆိုပါ Feature များဖြင့် HTC နှင့် Nokia အမှတ်တံဆိပ်များ ၀င်ရောက်ခြင်းဖြစ်ကြောင်း ဈေးကွက်သို့ တင်သွင်းရောင်းချသူများထံမှ သိရသည်။

Copied.../

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


NO(18), Haleden Road, Kamaryut Tsp
Yangon