Food For Soul - ACM
This Page stands for the improvement of your religious knowledge and for your spiritual nourishment.
08/08/2026
Congratulations Bishop Bernardino Ne Ne, Bishop of Taungoo Diocese!
မြန်မာပြည်ကက်သလစ်သာသနာတော်အတွက် ဆရာတော်သစ် (၁) ပါး ထပ်မံရရှိလို့ အတိုင်းမသိ ဝမ်းသာပါတယ်။
ဆရာတော်ကြီးသည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုဖြင့် တောင်ငူကက်သလစ်သာသနာတော်ကို ဦးဆောင်ဦးရွက် ပြုနိုင်ပါစေကြောင်း ဘာသာဝင်များ ဆုတောင်းပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
02/08/2026
Rest In Peace Sr. Geraldine San!
Sr. Geraldine Lazum Htoi San သည် (၂/၈/၂၀၂၆)၊ ယနေ့မနက် (၄း၁၅) နာရီတွင် ဘုရားသခင်ပြန်လည် သိမ်းပိုက်သွားပါသဖြင့် သူမ၏ ဝိညာဉ်အတွက် ဆုတောင်းပေးကြဖို့ အသိပေးနှိုးဆော်အပ်ပါသည်။
27/07/2026
Online ပေါ် ဘာသာရေးဗဟုသုတများ ဝေမျှတတ်တဲ့ အဒေါ်ကြီး Elizabeth Mi Mi Gyi ဆုံးသွားပြီတဲ့ ... R.I.P! 🥀
မိဘများပွဲနေ့တုန်းက FB တက်လာသေးတယ်။ ရုတ်တရက်ကြီးပါပဲ။
မင်းပညာရှိသုံးပါးသာသနာအတွင်းရှိ ကိုမျိုးဝင်+မမေရီ မီမီဖုန်းနိုင် ၊ ကိုနိုဝဲလ် စည်သူဖုန်းနိုင် တို့၏မိခင် ဒေါ်အဲလိဇဘက်မိမိကြီး (မယ်တော်တမန်တော် နှင့် အမျိုးသမီးအဖွဲ့ဝင်) အသက် (၆၃) နှစ် သည် ၂၀၂၆ ခုနှစ်၊ဇူလိုင်လ (၂၇) ရက်နေ့ ( တနင်္လာနေ့) နံနက် (၆:၁၅) နာရီတွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ဇူလိုင်လ (၂၉) ရက်နေ့ ဗုဒ္ဓဟူးနေ့၊ နံနက် ( ၁၀ ) နာရီတွင် မင်းပညာရှိသုံးပါး ဘုရားကျောင်းတွင်မစ္ဆားတရားဖြင့် ဝတ်ပြုဆုတောင်းပြီး ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ သုဿာန်သို့ ပို့ဆောင်သင်္ဂြိုလ်မည် ဖြစ်ပါ၍ ညီအစ်ကို မောင် နှမ မိတ်ဆွေများအား သူမ၏ဝိညာဉ်အတွက် ပါဝင်ဆုတောင်းပေးနိုင်ရန် ဖိတ်ကြားအပ်ပါသည်။
ဘုရားကျောင်းမှ ကားများ စီစဥ်ပေးထားပါသဖြင့် နံနက် (၁၀:၄၅ )နာရီ စတင်ထွက်ခွာမည်ဖြစ်ပါသည်။
*ယနေ့ တနင်္လာနေ့ ညနေ (၅:၀၀)နာရီ နှင့်မနက်ဖြန် အင်္ဂါနေ့ ညနေ (၅:၀၀)နာရီ တွင်မင်းပညာရှိသုံးပါးရှိ သူမ၏ ရုပ်ကလပ် ထားရာ ရူပါရုံသုံးပါးမယ်တော်ရင်ပြင်၌ သူမ၏ ဝိညာဉ်အတွက် စိပ်ပုတီးစိပ် ဘုရားရှိခိုးဆု တောင်းပေးခြင်းရှိပါမည်။
* ကျန်ရက်များတွင် သူမ၏နေအိမ်၌ ညနေ ( ၅:၀၀ ) နာရီ စိပ်ပုတီးစိပ် ဘုရားရှိခိုးဆုတောင်းပေးခြင်းရှိပါမည်။
ကျန်ရစ်သူမိသားစု &
နာရေးကူညီမှုအသင်း
မင်းပညာရှိသုံးပါးဘုရားကျောင်း
ခဝဲခြံ
News: Catholic Church of Epiphany
( Edited )
26/07/2026
၂၀၂၁ ခုနှစ်တုန်းက မိဘပွဲနေ့ကို ဂုဏ်ပြုသော ဓာတ်ပုံစုံတွဲပြိုင်ပွဲ အမှတ်တရလေး 😍
26/07/2026
မိဘများပွဲနေ့မှာ အဖေနဲ့အမေကို
ပြောချင်တဲ့စကားတစ်ခွန်းက ဘာလဲ ... ❓
Me: Love you Dad & Mom! Be filled with peaceful mind & health of body!
မိဘများပွဲနေ့မှာ အဖေနဲ့အမေကိုပြောချင်တဲ့စကားတစ်ခွန်းက
ဘာလဲ
မိဘသီချင်း 💖
06/07/2026
R.I.P Sr. Jacinta Lu Mai (ISR), Sisters of Reparation!
သက်တော် (၃၁) နှစ်
သီလရှင်ဝါတော် (၂) နှစ်
ဆပ်ဖြေခြင်းသီလရှင်အသင်းဂိုဏ်းဝင်ဖြစ်သော ဂျူနီယာ စစ္စတာရ် ဂျာစင်းတာလုမိုင်၊သည် ၀၆.၀၇.၂၀၂၆ နေ့တွင် တောင်ကြီးမြို့၊ စိန့်အဲန် ကွန်ဗင့်ကျောင်း၌ ဘုရားသခင်ပြန် လည်သိမ်းပိုက်ခဲ့ပြီးဖြစ်ပါသည်။
စစ္စတာရ်၏ဝိညာဉ်ကယ်တင်ခြင်းရရှိရန်အတွက် ဆုတောင်းပေးပါစို့။
News: OSC Taungoo
06/07/2026
ဆရာတော်သိက္ခာတင်ပွဲသို့ ဖိတ်ကြားလွှာ
******************************
6/7/2026
Taungoo Diocese
တောင်ငူကက်သလစ်သာသနာတော်၏ ဆရာတော်သစ်ဖြစ်လာမည့် Most Rev. Msgr. Bernardino နဲနယ် သည် လာမည့် ဩဂတ်လ (၆) ရက်နေ့၊ "သခင်ယေဇူး၏အဆင်း သဏ္ဍာန်ပြောင်းလဲတော်မူသောနေ့" တွင် ဆရာတော်ဘိသိက်မင်္ဂလာခံခြင်းနှင့် ပလ္လင်အပ်နှင်းခြင်း ကျင်းပမည်ဖြစ်ပါသည်။
သွားရောက်အားပေးကြပါစို့ ...။
Photo: OSC Taung Ngu
28/06/2026
🇻🇦💒 စိန့်ပီတာနှင့်စိန့်ပေါလ်ပွဲနေ့ 💒 🇻🇦
********************
ဤသို့ ဖြစ်ပျက်ခဲ့သည်။♦️
😔 တနေ့မှာပေါ့... ရောမမြို့မှာ
မီးလောင်ပြီး မြို့ကပြာကျသွားတယ်။
အဲ့ဒီမီးလောင်မှုက ဘုရင် (Nero) လုပ်တယ်ဆိုပြီး
ပြည်သူတွေက စတင် စွပ်စွဲကြတယ်။
အဲ့ဒီမီးလောင်မှုကလည်း ဂျူးတွေနေထိုင်တဲ့အရပ်ကနေစပြီး လောင်ကျွမ်းတာဖြစ်တယ်။
☘️ဘုရင် (Nero) ကလည်း အစကတည်းက
ဂျူးတွေရဲ့နေရာမှာ အဆောက်အဦတွေ
တည်ဆောက်ဖို့ ကြံဖန်နေတဲ့ ဘုရင်ဖြစ်တယ်။
ပြည်သူတွေက ဘုရင် (Nero) ကို
သံသယဖြစ်ကြတော့၊ဘုရင်က အကွက်ဆင်ပြီး၊ မီးလောင်မှုက သူနဲ့ ဘာမှမသက်ဆိုင်တဲ့အကြောင်း၊အဲ့ဒီမီးလောင်မှုကို ခရစ်ယာန်တွေက လုပ်ကြောင်းကို
ပြောကြားလိုက်တော့
ပြည်သူတွေကလည်း ခရစ်ယာန်တွေကို
စိတ်တို၊ ဒေါသထွက်ပြီး၊ ခရစ်ယာန်တွေကို
အပြစ်ပေးဖို့၊ ဘုရင်ကိုတောင်းဆိုလိုက်တယ်။
အဲ့တာနဲ့ပဲ ခရစ်ယာန်ဖြစ်တဲ့သူ မှန်သမျှကို
လိုက်လံဖမ်းဆီးပြီး၊ နှိပ်စက်တယ်။
☘️ဒါပေမယ့် ဘယ်လိုပဲနှိပ်စက်၊ နှိပ်စက်
ခရစ်ယာန်တွေက သူတို့မှ မလုပ်ထားတာကို
မလုပ်ဘူးလို့ပဲ ဖြေကြတယ်။
အဲ့ဒီမှာ အဖြေရှာမရတော့၊
နိုင်ငံတော်ရဲ့ ပုန်ကန်သူတွေအဖြစ်ဆိုပြီး
ခရစ်ယာန်တွေကို ပြန်သတ်မှတ်ပြီး စွဲဆိုကြပြန်တယ်။
နည်းမျိုးစုံနဲ့ အနှိပ်စက်ခံရ၊ အသတ်ခံရကြတဲ့
ခရစ်ယာန်တွေဟာ၊ ဘုရင် (Nero) အုပ်ချုပ်တဲ့အထိပါပဲ။
အဲ့ဒီလိုမျိုးအချိန်အခါမှာ
စိန့်ပီတာနဲ့ စိန့်ပေါလ် တို့နှစ်ပါးဟာ(Corinth)မြို့မှာ
ဆုံမိကြပြီးတော့ နှိပ်စက်ခံနေရတဲ့ ခရစ်ယာန်တွေကို အားပေးဖို့ ရောမကို ပြန်လာခဲ့ကြတယ်။
☘️ကံဆိုးချင်တော့ သူတို့နှစ်ပါးစလုံးဟာ
အဖမ်းခံရတယ်။
အဖမ်းခံရပြီး နှိပ်စက်ညှင်းပန်းခံရကာ၊
စိန့်ပီတာက ဇောက်ထိုး ကားတိုင်တင်
အသတ်ခံရပြီးတော့၊ စိန့်ပေါ်လ်က ခေါင်းဖြတ်
သတ်ခံခဲ့ရတယ်။
အဲ့ဒီအချိန်က အေဒီ (64) နဲ့ (68) ကြားမှာ
ဖြစ်ပျက်ခဲ့တယ်။
☘️စိန့်ပီတာ ( ရှင်ပေထရု ) ဟာ အသင်းတော်ရဲ့
ပထမဦးဆုံး ပုပ်ရဟန်းမင်းကြီးအဖြစ် သတ်မှတ်ထားပြီးတော့၊ စိန့်ပေါလ် ( ရှင်ပေါလု )ကတော့ ခရစ်ယာန်တွေကို
နှိပ်စက်ညှင်းပန်းတဲ့သူဖြစ်ပြီး၊
နောက်ပိုင်းမှ ဘဝအသက်တာ ပြောင်းလဲလာသူဖြစ်တယ်။
☘️သူတို့နှစ်ပါးစလုံးက တမန်တော်ကြီးတွေဖြစ်ကြတယ်။☘️
❤️ ဇွန်လ (29)ရက်နေ့ဟာ ပီတာ နဲ့ ပေါလ် နာမည် ခံယူထားသူတွေရဲ့ ပွဲနေ့ဖြစ်ပါတယ်။❤️
ယခု ပြထားတဲ့အောက်ကလင့်ကတော့
ရှင်ပေါလုအကြောင်း အနည်းငယ်လေးပါ။👇
https://m.facebook.com/story.php?story_fbid=720698603026347&id=100052586418425
သျှားလွန်းမယ်✍️🌻
Click here to claim your Sponsored Listing.
Category
Contact the public figure
Address
Yangon