Slow Book

Slow Book

Share

ဖြည်းဖြည်းဖတ် များများချစ်

Photos from Slow Book's post 14/03/2026

ဘယ်လို စာဂျပိုးလဲ

စာအုပ်ဆိုင်အငှားဆိုင်ယဉ်ကျေးမှုဆိုတာ
ယနေ့ခေတ်မှာ တိမ်ကောလုနီးပါးဖြစ်နေပေမယ့်
တစ်ချိန်တစ်ခါက လူငယ်များရဲ့ ငယ်ဘဝမှာ
အလွန်အရေးပါခဲ့တဲ့ အမှတ်တရလေးတွေပါပဲ။

ဒီတော့ မိတ်ဆွေဟာ ဘယ်လို စာအုပ်ငှားသမားလဲ။

၁။ စာအုပ်အငှားဆိုင်ပိုင်ရှင်က သီးသန့်ဝှက်ထားတဲ့
အသစ်စက်စက်စာအုပ်တွေကို ငှားရမ်းခွင့်ရသူဆိုရင် ၂၀ မှတ်

၂။ ရက်ရှည်ရုံးပိတ်ရက်တွေမှာ အိတ်ကြီးနဲ့ တစ်ပွေ့တစ်ပိုက်
ငှားခဲ့သူဆိုရင် ၂၀ မှတ်

၃။ စာအုပ်အငှားဆိုင်ထဲမှာပဲ အချိန်အကြာကြီး စာအုပ်တွေ
တစ်အုပ်ပြီး တစ်အုပ်မြည်းစမ်းဖတ်ခဲ့ဖူးရင် ၂၀ မှတ်

၄။ စာအုပ်ထဲမှာ ရည်စားစာတွေညှပ်ပေးခဲ့ဖူးရင် ၂၀ မှတ်

၅။ စာရေးဆရာတစ်ယောက်ရဲ့ ထွက်သမျှ စာအုပ်တွေအကုန်လုံးကို
ငှားဖတ်ခဲ့ဖူးရင် ၂၀ မှတ်

၆။ ငှားဖတ်ပြီး ပြန်မအပ်ဘဲ စာအုပ်တွေ ဘတ်ခဲ့ဖူးရင် - ၁၀ မှတ်

၇။ မဂ္ဂဇင်းထဲက မင်းသား မင်းသမီးပုံတွေကို ဖြဲယူခဲ့ဖူးရင် - ၁၀ မှတ်

၈။ ငှားဖတ်တဲ့ စာအုပ်ကို မျဉ်းတွေတားခဲ့ရင်၊ ဟိုခြစ်ဒီခြစ်လုပ်ခဲ့ရင် -၁၀ မှတ်

ဒီတော့ စုစုပေါင်း ၈၀ မှတ်အနည်းဆုံးရရင်တော့
မိတ်ဆွေဟာ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုမှာ
ဂုဏ်ထူးမှတ် ထွက်သူ တစ်ယောက်ပါပဲ။

မောင်နှေးကွေးလေးရဲ့
Slow Book မှာ
စာအုပ်လေးတွေ ငှါးလို့မရပေမယ့်
တစ်ဝကြီးထိုင်ဖတ်လို့
ရပါတယ်။
လာခဲ့ကြနော်…

Photos from Slow Book's post 13/03/2026

ဘာလဲ
ရာသီဥတုက
ကော်ဖီခွက်၊ စာအုပ်တစ်အုပ်နဲ့
ဇိတ်ယူနှပ်ရမယ့်
ရာသီဥတုရောက်သွားပြီလား…

မိုးရွာရွာ
နေပူပူ
မောင်နှေးကွေးလေးရဲ့
Slow Book မှာ
စာလာဖတ်ပါနော်

12/03/2026

Top Ten Books for February

10/03/2026

ရှယ်လက်ဆောင်

https://www.facebook.com/share/p/1Ad7RPabga/?mibextid=wwXIfr

🥰၁၂ အုပ်တောင် ရမှာတဲ့🥰

ဒီတစ်ခေါက်
ရေဒီယိုနားဆင်ရင်း
စာအုပ်လက်ဆောင် အစီအစဉ်မှာ
ကံထူးမယ့်သူ
သုံးဦးကတော့
တစ်ဦးကို ၁၂ အုပ်တိတိလက်ဆောင်ရမှာပါ။
ဒီတော့ သုံးဦးဆိုတော့
၃၆ အုပ်တောင်လက်ဆောင်ပေးသွားမှာ
ဖြစ်ပါတယ်။

အသစ်စက်စက် Children Picture Book
များဖြစ်တဲ့
Jit Jit & Mel Lone
စာအုပ် ၁၂ အုပ်ပါ
ဘူးကြီးတို့
လက်ဆောင်ရမှာ ဖြစ်ပါတယ်။

စာအုပ်လက်ဆောင် အစီအစဉ်ကရိုးရှင်းပါတယ်။

မတ် ၁၁ ညနေငါးနာရီမှာ
MDY FM 📻 ကို
ဖွင့်လှစ်နားဆင်ပါ။
အဆိုပါ ရေဒီယိုအစီအစဉ်ကနေ
Jit Jit & Mel Loneစာအုပ်များအကြောင်းကို
ဆွေးနွေးပြောကြမှာဖြစ်ပါတယ်။
ဆွေးနွေးနေချိန်မှာ
စာအုပ်လက်ဆောင် အစီအစဉ်အတွက်
ဘယ်လို ပါဝင်ရမလဲဆိုတာပါ
ကြေညာပေးမှာ ဖြစ်တဲ့အတွက်
မတ် ၁၁
ညနေ ငါးနာရီမှာ
87.9 MDY FM 📻 မှာ
ဆုံကြပါစို့နော်…

06/03/2026

အမှတ်တရတွေ အများကြီးနဲ့ စာအုပ်ဆိုင် အဝင်လှေကား #ဆီးနှင်းခဲ

01/03/2026

ချစ်ဖို့ကောင်းတဲ့ မောင်နှေးကွေးလေးရဲ့ Slow Bok

23/02/2026

မောင်နှေးကွေးလေးရဲ့ Slow Book ကို လာရောက်လည်ပတ်ကြတဲ့အတွက် ကျေးဇူးအထူးပါ

Photos from Marvelo's post 17/02/2026

ချစ်ဖို့ကောင်းတဲ့
Jit Jit & Mel Lone တို့နဲ့အတူ
မြန်မာတို့ရဲ့
ဂုဏ်ယူစရာ
ဧရာဝတီလင်းပိုင်လေးများ

https://www.facebook.com/share/p/1C6WMawh8v/?mibextid=wwXIfr

12/02/2026

❤️မောင်နှေးကွေးလေးကို ချစ်ကြသူတွေအတွက် စာအုပ်လက်ဆောင်❤️

စာအုပ်လက်ဆောင် အစီအစဉ်လေးက
ရိုးရှင်းပါတယ်။

၁။ ယနေ့မှ ဖေဖော်ဝါရီ ၂၂ ရက်နေ့ထိ
ပိတ်ရက်ကာလအတွင်း Times City ကို
ရောက်ခဲ့ရင် မောင်နှေးကွေးရဲ့ Slow Book ကို ဝင်လည်ဖို့ မမေ့ပါနဲ့နော်။

၂။ စာအုပ်ဆိုင်ရောက်ခဲ့ရင် စာအုပ်ဆိုင်ရောက်ကြောင်း ပုံတစ်ပုံ ရိုက်ပါ ။ ပြီးရင် ကို မန်းရှင်းခေါ်ပြီး မိမိတို့ wall မှာ ပို့စ်တင်ပါ။

၃။ တင်ထားတဲ့ပို့စ်ကို SS ရိုက်ပြီး အခုပို့စ်အောက်မှာ လက်ဆောင်လိုချင်တဲ့ စာအုပ်နာမည်နဲ့အတူတကွ မန့်ပေးပါနော်။

၄။ ဒီရက်ပိုင်းအတွင်း ခရီးထွက်နေလို့ Times City က Slow Book ကို မရောက်ဖြစ်ခဲ့ရင်လည်း အရင် ရောက်ခဲ့စဉ်က ပုံအဟောင်းကိုပဲ ပို့စ်ပြန်တင်ပြီး SS ရိုက်ကာ အခုပို့စ်အောင်မှာ မန့်လို့ရပါတယ်။ (လက်ဆောင်အလိုရှိတဲ့ စာအုပ်နာမည်လေး ရေးပေးဖို့ မမေ့နဲ့နော်)

၅။ မန့်ထားသူထဲက ကံထူးရှင် ငါးဦးကို ရွေးချယ်ပြီး ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် စာအုပ်လက်ဆောင် အခမဲ့ပို့ပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းလေးပါးအပ်ပါတယ်။

✅Slow Bookကို နေ့စဉ်ပိတ်ရက်မရှိ
မနက်ကိုးနာရီကနေ ညနေငါးနာရီထိဖွင့်လှစ်ထားပါတယ်။

✅လိပ်စာက-
အခန်းအမှတ် ၄၀၈ ၊ Times City Building 4
ကမာရွတ်မြို့နယ်၊ ရန်ကုန်မှာ
ဖွင့်ထားပါတယ်။ ( ဘုရားတွေအများကြီးရှိတဲ့ညောင်ပင်ကြီးနဲ့နီးပါတယ်)
မြေညီထပ်မှာ
UAB Cafe ဆိုင်လေးရှိပြီး Slow Book ကတော့
ကော်ဖီဆိုင်လေးရဲ့ အပေါ်မှာ ရှိပါတယ်။
ကော်ဖီဆိုင်ထဲကနေ ဝင်ရမှာပါ။
☎️ 09975534662

Photos from Marvelo's post 11/02/2026

ဘယ်လိုတွေတောင်
ချစ်ဖို့ကောင်း❤️

https://www.facebook.com/share/p/1GUXchkhpK/?mibextid=wwXIfr

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon