Promax Planet

Promax Planet

Share

PROMAX Agency ရဲ့ clients များအတွက် Review သီးသန့် စုစ? PROMAX Agency ရဲ့ clients များအတွက် Review သီးသန့် စုစည်းရာနေရာဖြစ်ပါတယ်

Photos from Promax Planet's post 23/10/2017

စားလို့ ကောင်းခဲ့ တာလေးတွေ တင်ထားတာ ဘာမှမဟုတ်ဘူး 😊😊

Photos 09/03/2017

ကိန်းဂဏန်းများကပြောနေတဲ့ Trend

>> 2016 ခုနှစ်အတွင်း လအလိုက် လူသုံးအများဆုံး Social Media Platform များကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ အောက်မှာဖေါ်ပြထားတဲ့ Bar Chart ကတော့ ၂၀၁၆ ခုနှစ် September လရဲ့ Data Diagram ဖြစ်တဲ့ အတွက် ယခု အချိန်နဲ့ အများအပြားကွာဟမှုကြီးမားခြင်း မရှိသေးတာကြောင့်နမူနာအနေနဲ့ ဖေါ်ပြထားပါတယ်။ (Y) (Y)

**** ပုံအရပြောရမယ်ဆိုရင်လူသုံးအများဆုံး Social Media Platform တစ်ခုဖြစ်တဲ့ Facebook ကတော့ သုံးစွဲသူဦးရေ (၁၇၁၂) သန်း နဲ့ ထိပ်ဆုံးက ဗိုလ်ဆွဲလျှက်ရှိပါတယ်။ (Y) :)

** သုံးစွဲသူ ဦးရေ သန်း (၁၀၀၀) နဲ့ ဒုတိယနေရာကပူးတွဲ ဦးဆောင်နေတာကတော့ Facebook က ပိုင်ဆိုင်တဲ့ Chat Application WhatsApp နဲ့ Facebook Messenger ပဲဖြစ်ပါတယ်။ (Y) :)

*** Facebook ရဲ့ စစ်တမ်းများအရ မြန်မာနိုင်ငံမှာလည်း သုံးစွဲသူဦးရေ (၁၅) သန်းခန့် ထိ တိုးတတ်လာပြီ ဖြစ်ပါတယ်။ :O :O (Y)

ဆိုတော့ကား .........သင့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကို Facebook ကတစ်ဆင့် ကြေငြာမယ်ဆိုရင်လူသိများ အောင်မြင်နိုင်ကြောင်း ကိန်းဂဏန်းတွေက
သက်သေပြနေပါပြီလို ပြောလိုက်ချင်ပါတယ် ၊ ပြောလည်းပြောလိုက်ပါပြီ :) :) (Y)

Hein Collaborator
(Project Collaborator) PROMAX AGENCY

Photos from Promax Planet's post 27/02/2017

မိုးကုတ်မြို့ရဲ့ပင်ရင်း မိုးကုတ်ဒေါ်ရှန်ရန်ကုန်ဆိုင်ခွဲ ဆိုတာ
***************************************************************

အစားကောင်း စားရရင် မိတ်ဆွေကောင်းတွေကို သတိရပါဆိုတဲ့ စကားအတိုင်းပဲ ရှမ်းအစားအစာ မိုးကုတ်အစားအစာတွေ အကုန်ရတဲ့ ဆိုင်လေးကို လာပြီးလက်တို့ပေးလိုက်ပါတယ်နော်။ထူးထူးဆန်းဆန်း အသစ်အဆန်း တွေကို
မှ စိတ်ဝင်စား စားသုံးချင်နေတဲ့သူ၊ အဲ နောက်တစ်ခါ .. မိုးကုတ်မြို့ကို အလွမ်းပြေ မိုးကုတ်အစားအစာလေးတွေကိုမှ တောင့်တနေကြတဲ့ မိုးကုတ်သူမိုးကုတ်သားများ၊ မိုးကုတ်စာကို ကြိုက်နှစ်သက်သူများ၊ ရှမ်းရိုးရာအစားအစားများကို နှစ်သက်မြတ်နိုးသူများအတွက် နေရာကောင်းလေးတစ်ခုဖြစ်မှာပါ။

ကျွန်တော်ထင်ပါတယ် .. မိုးကုတ်အစားအစာ စစ်စစ်ကို မိုးကုတ်သူမိုးကုတ်သားတွေတင်မကပဲ ရန်ကုန်လို အောက်ပြည် အောက်ရွာမှာပါ ကြိုက်နှစ်သက်သူတွေ အလွန်ပဲပေါများလှပါတယ်။ ဘာလို့ဆို ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တယ်လေ :) ရှမ်းအစားအစာ ကတော့ ပြောမနေနဲ့တော့ပေါ့ဗျာ။။။

ဒီတော့ဆက်ရအောင်ဗျာ ခုဆို ရန်ကုန်မြို့မှာ ရှမ်းအစားအစာတွေ နေရာအနှံရရှိနေပါပြီ။ဒီလိုရှမ်းအစားအစာတွေပေါများတဲ့ ရန်ကုန်မြို့ကြီးမှာမှထူးထူးခြားခြား မိုးကုတ်မြီးရှည် နှင့် မုန်ညင်းပေါင်းအပြင် မိုးကုတ်အစားအစာများ အစုံအလင်ရရှိနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆတ်ပေးလိုက်ပါတယ်။ အဲ့ဒီဆိုင်လေးကတော့ အမှတ် ၄ E1-F1 ဝင်္ဂဘာလမ်း ဂျပန်သံရုံးအနီး မှာဖွင့်လှစ်ထားတဲ့ မိုးကုတ်ဒေါ်ရှန်ခေါက်ဆွဲဆိုင်လေးပဲဖြစ်ပါတယ်။ မိုးကုတ်မြို့ရဲ့ အရသာအတိုင်း လက်ရာမပျက် ရှေးမူမပျက် ထိန်းသိမ်းထားတဲ့ မိုးကုတ် လက်ရာစစ်စစ်ကိုစားသုံးနိုင်မယ့်ဆိုင်လေး ပဲဖြစ်ပါတယ်။

မိုးကုတ်ဒေါ်ရှန်ရဲ့တမူထူးခြားနေတဲ့မြီးရှည်အကြောင်း
************************************************************

မိုးကုတ်မြီးရှည်က တခြားဒေသတွေမှာရရှိတဲ့ မြီးရှည်နဲ့မတူပါဘူးခင်ဗျာ။ခဏခဏ သွားစားဖူးတဲ့ သူတွေလည်းသိပြီးကြမှာဖြစ်ပါတယ်။ မသိသေးတဲ့ သူတွေအတွက် လက်တို့ပေးရမယ်ဆိုရင်တော့ကားးးးးး

မြီးရှည်အဖတ်ဟာဆိုရင် ကျွန်တော်တို့တွေရန်ကုန်မှာ မြင်နေကျပုံစံအတိုင်း အလုံးကြီးကြီးမဟုတ်ပါဘူး။ဒါက မိုးကုတ်မြီးရှည်စတိုင်ရဲ့ ထူးခြားမှုတစ်ခုပါ။ ခေါက်ဆွဲပုံစံက မုန့်ဟင်းခါးမှာထည့်စားတဲ့မုန့်ဖတ်ထက် အလုံးနည်းနည်းကြီးတဲ့ပုံစံလေးပါ။ ကုန်ကြမ်းပစ္စည်းကို မိုးကုတ်မြို့ကနေ တိုက်ရိုက် မှာယူထားခြင်းကြောင့် ရန်ကုန်မှာ စားနေကြ မြီးရှည် မုန့်ဖတ်နဲ့ လုံးဝကွဲပြားခြားနားတဲ့ Taste ကို ခံစားရမှာတော့အမှန်ပါပဲခင်ဗျ။နောက်ပြီးတော့ မြီးရှည်အဖက်ရဲ့ နူးညံ့မှု့လေးပေါ့... တနည်းအားဖြင့် နူးညံပြီး အရသာစိမ့်စိမ့်လေးကို ခံစားရမှဖြစ်ပါတယ်။ မြီးရှည် အဖတ်ရဲ့ ဆန်သားအရသာဟာ စားသုံးကြည့်သူမိတ်ဆွေများကို နောက်အကြိမ်ကြိမ်လာစားဖို့ ဖိတ်ခေါ်နေမှာအမှန်ပါပဲ။ မယုံရင် စားကြည့်လိုက်ပါခင်ဗျ :) :) ;)

နောက်မြီးရှည်ထဲမှာ အတူတွဲဖက်ထည့်ထားတဲ့ မုန့်ကြွပ်ကြော်လေးပါ။မုန့်ကြွပ်ကြော်ကလည်း မုန့်ဖက်ကို လတ်လတ်ဆက်ဆက်ကြော်ထားခြင်း ကြောင့် ချဉ်တဲ့အရာသာ မရှိတဲ့အပြင်ခပ်စိမ့်စိမ့်လေးခံစား ရမှာပါ။ အပိုပြောနေတာမဟုတ်ရပါခင်ဗျာ ...

နောက်ပြီးတော့ထူးခြားမှုတစ်ခုအနေနဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေးပါကြိတ်ပြီးထည့်ထားတာကြောင့် အနံ့မွှေးမွှေးလေးနဲ့ ခပ်စပ်စပ်အရသာလေးရခံစားရရှိနိုင်မှာပါ။ အဲ့ဒီ ကြက်သွန်ဖြူ နဲ့ငရုတ်သီးစိမ်း ကိုစပ်တဲ့အစပ်အဟပ်ဟာ မိုးကုတ်မြီးရှည်ရဲ့ အနှစ်သာရလို့လဲ သိရပါတယ်ဗျာ။။။

နောက်တစ်ချက်က ကျွန်တော်တို့စားတုန်းက အဓိကထူးခြားချက်လေးကတော့ မိုးကုတ်မြီးရှည်ကို စားကြည့်လိုက်မယ်ဆိုရင် ချဉ်တဲ့ အရာသာလေးပါခံစားရမှာပါ။သူ့ချဉ်တဲ့ပုံစံလေးက တစ်မျိုးလေးပါ။မုန်ကဖက်ကချဉ်တာမဟုတ်သလို သံပုရာအချဉ် ရှာလကာရေအချဉ်မဟုတ်ပါဘူး။

စပ်စုကြည့်ရသလောက်ကတော့ ကိုယ်တိုင်လုပ်ထားတဲ့အချဉ်လို့တော့သိရပါတယ် အဲ့လိုအချဉ်လေးပါတာကြောင့် အအီလေးပြေစေပါတယ်။ဒီအချဉ်မရှိတာကြောင့်ဆိုင်တိုင်းမှာ ၀ယ်ယူစားသုံးလို့မရနိုင်ဘူးဆိုတာ လုံးဝသေချာသွားပါတယ်။

ဝက်သား ကြက်သား ၊ ဝက်နံရိုးပေါင်း ၊ ကြက်ပေါင်း စတာတွေနဲ့တွဲဖက်စားသုံးနိုင်ပြီးဝက်နံရိုးရဲ့ နူးအိ ပြီး ချိုနေတဲ့ သဘာဝ အရသာလေးရယ် ၊ ကြက်သားအရသာမပျောက်ပျက်စေပဲ အာဟာရပြည့်ဝတဲ့ ကြက်ပေါင်းလေးရယ် ၂ မျိုးလုံး ကိုစားကြည့်မိတဲ့အခါ မှာတော့ နောက်တစ်ခါဆို ဘာနဲ့စားရမလဲ မသိအောင်ကိုရွေးရခက်သွားလေရဲ့ဗျာ :D ;) ။ကြက်သားနဲ့စားမယ်ဆိုလည်းကြက်သားကိုပြုတ်ပြီးပြန်ကြော်ထားတာကြောင့် ထူးထူးခြားခြားအရသာတစ်မျိုးလေးရရှိမှာပါ။သေချာတာတော့ ချိုပြီးး ရွနေတာပဲ။ ၀က်သားဆိုရင်လည်း နူးနေအောင်ပေါင်းထားတာကြောင့် ၀က်သားအရသာမပျက်စေပဲ နူးနူးညံ့ညံ့အရသာလေးရရှိမှာပါ။ (Y) (Y)

နောက်ဆုံးထူးခြားတာလေးက ရှမ်းချဉ်ပါ။ ရှမ်းချဉ်က ကျွန်တော်တို့ စားနေကျ ပုံစံအတိုင်းမဟုတ်ပဲ ချိုချဉ်အရသာနဲ့ ဂျူးမြစ်နံသင်းသင်းလေးပါရရှိစေမှာပါ။မုန်ညင်းချဉ်ကိုလည်းကိုယ်တိုင်ပြုလုပ်ထားတာကြောင့် အရောင်အဆင်းအနံအရသာနှင့်ပြည့်စုံစေပါတယ်။ဓာတုဆေး တွေ ဆိုးဆေးတွေမသုံးတာကြောင့် ဘေးဥပါဒ်လည်းကင်းစင်စေပါတယ်။

မိုးကုတ်ဒေါ်ရှန်ခေါက်ဆွဲဆိုင် ရဲ့သဘောကျစရာTheme က
***************************************************

**** ကျွန်တော် လေ့လာမိသလောက် တာရှည်ခံ ဆိုးဆေး နဲ့ ဓာတုပစ္စည်းမသုံးတာဟာ မိုးကုတ်ဒေါ်ရှန်ရဲ့ Theme တစ်ခုလို့တောင်ပြောလို့ရနေပါတယ်။

#သွားစားကြမယ်ဆိုရင်တော့..
ကဲဗျာ မိုးကုတ်ဒေါ်ရှန် ခေါက်ဆွဲ ဆိုင်နဲ့ပက်သတ်လို့ တစ်ခြားတော့ ပြောစရာတွေအများကြီးကျန်သေးသပ။လောလောဆယ်တော့ အခုပြောပြခဲ့တဲ့ မြီးရှည်နည်းတူ အခြားထူးခြားတဲ့ရှမ်းအစားအစာ မိုးကုတ်အစားအစာများကို မိုးကုတ်လက်ရာ စစ်စစ်အတိုင်း ခံစားချင်တယ်ဆိုရင်တော့ ၀င်္ဂဘာလမ်းထဲက မိုးကုတ်ဒေါ်ရှန်ဆိုင်လေးကို သွာရောက်ကြဖို့ လမ်းညွှန်ပေးလိုက်ပါတယ်ခင်ဗျာ . လိပ်စာကိုထပ်ပြောရမယ်ဆိုရင် အမှတ်4 E1-F1 ဝင်္ဂဘာလမ်း ဂျပန်သံရုံးအနီး ရန်ကုန် မြို့ဖြစ်ပါတယ် . ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်က -0973065018 .09250744477 ဖြစ်ပါတယ်

>>>> page မှာ like လုပ်ထားပြီး ဝင်ရောက်လေ့လာပြီး သရေယိုချင်ကြတယ်ဆိုရင်တော့ဖြင့်

Photos 06/02/2017

သင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်လေးအလျင်အမြန် လူသိများ တိုးတက်ဖို့
အတွက် အကောင်းဆုံး လက်တွဲဖော်

သင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်လေးအလျင်အမြန် လူသိများ တိုးတက်ဖို့
အတွက် အကောင်းဆုံး လက်တွဲဖော်.........
social media advertising အနေနဲ့ကြော်ငြာပေးမယ် (ဟောဒီဖေ့စ်ဘွတ်ပေါ်မှာပေါ့)
ရိုးရိုးကြော်ငြာပေးရုံမဟုတ်ဘူး

(၁... Creative Post တွေ ဖန်တီးပေးမယ်)
(၂... Promax ရဲ့ အတွေ့အကြုံရင့် Advertiser တွေရွေးချယ်ပေးပြီး သေသပ်လှပတဲ့ Target Audience တွေနဲ့အတူ သင့် page ရဲ့ Post တိုင်းမှာ သင့် ရဲ့ potential customer ဖြစ်လာနိုင်သူတွေ မျက်ခြေမပြတ်နိုင်လောက်အောင် စည်ကားနေရမယ်)
(၃... ပြီးရင် တစ်လ တစ်လ မှာ တက်လာတဲ့ တကယ့် Audience အစစ်အမှန်တွေသာပေးမယ့် likes တွေကလည်း သင့်ကိုသင်ယုံကြည်မှုမြင့်မားစေလိမ့်မယ်)
(၄....နောက်ဆုံး သင်ကိုယ်တိုင် သင့် page ကို ကိုင်တွယ်တာ၊ customer တွေကိုပြန်လည်ဖြေကြားတာတွေ စတဲ့ကိစ္စအဝဝတွေကို ခေါင်းစားခံ အချိန်ကုန်ုခံ မလုပ်ချင်ဘူးဆိုရင်လည်း ရပါတယ်.. အစအဆုံးတိတိကျကျ တာဝန်ယူပေးပါတယ်)

ကဲ အခုရေးသွားတဲ့ အချက် ၄ ချက်လုံးက Absolutely တိတိကျကျအာမခံထားတဲ့ အချက်တွေပါ (စိတ်ကူးယဉ်ဆန်ဆန်ရေးထားတာမဟုတ်ရပါလေ)

သူ့ဝန်ဆောင်ခနဲ့သူ ဝန်ဆောင်မှု အတိုင်းအတာ အမျိုးအစားတွေခွဲ ထားတယ်ဆိုပေမယ့် ဈေးကြီးမယ်ထင်နေရင်တော့ မှားသွားလိမ့်မယ်ပေါ့.. ;)

စိတ်ဝင်စားလို့ ဆက်သွယ်မယ်ဆိုရင်တော့..

Tel - 09422713355 , 09979957787 (Also Viber), 09979957788 (Also Viber), 09796260228

Email - [email protected], [email protected]

အမှတ် (၁၀၃) 5B ၊ လှည်းတန်းလမ်းမ ၊ လှည်းတန်း အထက(၅) ကျောင်းရှေ့မှတ်တိုင် ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့

: Service Unavailable for MLM, Forex Trading and Replica Online Shopping Pages

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No(103). 5B. Hladen Main Road. 8th Ward. Kamayut TSP
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00