Sunday Journal

Sunday Journal

Share

Sunday is ready to make your heart happy and fulfil what you want to know

17/05/2026

'' အကယ်ဒမီကတော့ အိမ်မှာရှိပါတယ် ဂျေးချွတ်ဆေးလေ ။ အချိန်တန်ရင်ရမှာပေါ့။ အခုရသွားကြတာလည်း ကိုယ့်လူတွေချည်းပဲလေ။ ပြီးတော့ ဗရမ်းဗတာနဲ့ညံ့တာကိုပေးတာလည်းမဟုတ်ဘူး။ ပညာရှင်လူကြီးတွေဆုံးဖြတ်ပြီးပေးခဲ့တာပါ။ ကိုနေမျိုးအောင်ဆိုလည်းတကယ်လည်းကောင်းလို့ ရသွားတာလေ။ သူရသွားလို့လည်း မုဒိတာပွားပါတယ်။ မြန်မာနိုင်ငံကို မင်းသားတွေများတဲ့ ဘောလိဝုဒ်လိုမျိုးဖြစ်စေချင်တယ်'' ဆိုတဲ့ ဇော်ဝင်းနိုင်

17/05/2026

#တချို့က ၂ ယောက်ကိုယှဉ်ပြီးရွေးတယ်ထင်နေတာ မဟုတ်ဘူး မှူးတို့ လုံးဝ Break Up ဖြစ်သွားပြီးမှပါ။ ကာယကံရှင်နှစ်ယောက်လုံးကတောင် လုံးဝမေ့နေကြပြီ သူတို့ကို မမေ့နိုင်ကြဘူး။ တကယ်တော့ အရင်တစ်ယောက်နဲ့က ပြီးခဲ့တဲ့နှစ် ၆ လပိုင်းကတည်းကပြတ်သွားကြတာပါ'' ဆိုတဲ့ >> မှူးသခင်ကို

17/05/2026

#သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲအတွက် ဘုန်းဘုန်းကတိုက်တွန်းလို့ပြိုင်ဖြစ်တယ်။ ပြီးတော့ နေ့တိုင်းလည်း စာတွေကြည့်ပြီး ကြိုးစားခဲ့တယ်။ ပြိုင်ပွဲပြိုင်နေရင်းနဲ့ ပထမဆု သိန်း ၁၂၀ သာရခဲ့မယ်ဆိုရင် ဘုန်းဘုန်းကျောင်းကိုလည်း လှူဖြစ်အောင်လှူမယ်လို့ အဓိဌာန်ခဲ့တယ်။ ဆုရတဲ့နေ့ပဲ ချက်ချင်း ဘုန်းဘုန်းကို သိန်း ၉၀ ပြန်လှူခဲ့ပါတယ်။ သမီးကတော့ ဆရာဝန်တစ်ယောက်ဖြစ်လာအောင်ကြိုးစားသွားဖို့လည်း ရည်မှန်းထားပါတယ်'' >> အိကြာဖြူ


#သုတစုံလင်ဗုဒ္ဓဝင်

17/05/2026

''ရုပ်ရှင်အရိုက်နည်းတော့ စီးရီးသာမရိုက်ဖြစ်ရင် ပရိသတ်ကျွန်မကိုမေ့နေလောက်ပြီ'' ဖူးစုံ

''ကျွန်မက ရုပ်ရှင်ရိုက်တာ နည်းပါတယ်။ မနှစ်ကဆို ၃ ကားပဲရုံတင်တယ်။ ဒီနှစ်ဆိုလည်း နှစ်အစောပိုင်းက တင်ခဲ့တဲ့ လိပ်ပြာခွဲချိန် တစ်ကားပဲရှိတယ်။ ကြားထဲမှာတော့ စီးရီးတွေပဲရိုက်ဖြစ်လို့သာ ကိုယ့်ကို ပရိသတ်တွေက သိနေသေးတာပါ။ ရုပ်ရှင်ချည်းပဲဆိုရင် ကိုယ့်ကိုမေ့နေလောက်ပြီ။ ကိုယ်က ရုပ်ရှင်အရိုက်နည်းတော့ ပရိသတ်ရှေ့ကိုရောက်တဲ့ကားတိုင်း ရတဲ့အခန်းတိုင်းကို ကြိုးစားခဲ့ပါတယ်'' >> ဖူးစုံ

17/05/2026

''အသိုက်ကလေးက ဇမ္ဗူနဲ့လိုက်ဖက်သလို နိုင်ငံတကာကိုပါပြသမယ့်ဇာတ်ကားပါ''

''ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် စေတနာထားပြီးရိုက်ကူးမယ့်ဇာတ်ကားလေးဖြစ်တယ်။ ကြည့်လိုက်တာနဲ့ မနိုရာဘယ်လောက်ထိ အားထည့်ကြိုးစားထားလဲဆိုတာလည်းမြင်ရမှာပါ။ ရုံတင်တဲ့အခါအားပေးရကျိုးနပ်စေမယ့်ဇာတ်ကားဖြစ်မှာသေချာပါတယ်'' >> အောင်ဇမ္ဗူ
''ဒီဇာတ်လမ်းလေးက ဇမ္ဗူနဲ့လည်းလိုက်ဖက်တယ်။ သူကလည်း အသက်ငယ်ပေမဲ့ ကြိုးစားတယ် အလုပ်လုပ်တာ လေးစားမှုရှိတယ်။ တိကျတဲ့သူတစ်ယောက်ပါ။ သူက အရမ်းစမတ်ဖြစ်တယ်လို့ခံစားရပါတယ်'' ဆိုတဲ့ >> ဒါရိုက်တာ နိုရာကို
''ဇမ္ဗူကတော်တော်လေးကြိုးစားထားပါတယ်။ မနှစ်ကတည်းက ရိုက်ဖို့ တည်ထားတဲ့ဇာတ်လေးပါ။ မောင်လေးကိုအမြဲပြောတယ် ဒီကားလေးကို ရိုက်ပါ မောင်လေးနဲ့တကယ်လိုက်တယ်လို့။ ဒီဇာတ်ကားက မြန်မာနိုင်ငံမှာ မရှိသေးတဲ့ဇာတ်မျိုးပါ။ ပြီးတော့ နိုင်ငံတကာကိုလည်းပြမှာဆိုတော့ အရမ်းကို ဂုဏ်ယူပါတယ်'' ဖြိုးသဥ္ဇာကျော်

17/05/2026

''ဒီဇာတ်ကားက LGBT ကာရိုက်တာဆိုပေမဲ့ လှောင်တာပြောင်တာ လင်တရူးတာတွေမပါဘူး'' ကြည်လဲ့
#ဒီဇာတ်ကားက ကိုယ့်ဘဝရဲ့ ထူးထူးခြားခြားမှတ်တိုင်လေးလည်းဖြစ်ရပါတယ်။ ကိုယ့်အခန်းတွေလည်းအများကြီးပါတယ်။ LGBT ကာရိုက်တာဆိုပေမဲ့ လှောင်တာပြောင်တာ လင်တရူးတာတွေမပါဘူး။ ရင်ထဲက ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့ကားလေးပါ'' >> ကြည်လဲ့လဲ့ဦး
#ဒီကားရဲ့ထူးခြားချက်က မင်းသမီးသရုပ်ဆောင်မပါဘဲ ကလေးသရုပ်ဆောင်ကိုအဓိက တည်ရိုက်ထားတာပါ။ ကြည်လဲ့ဆိုသူကတာတွေလိုက်ကြည့်ခဲ့ရတဲ့ သူ့ပရိသတ်ပါ'' >> တက္ကသိုလ်ဂွမ်းပုံ

17/05/2026

# #"သူ့ကို ယူကတည်းက ကြောက်ရတာ ၊ ကြောက်ချစ်.. ချစ်ကြောက်ပေါ့ ကိုယ့်မိန်းမလေး ပျော်ပျော်ရွှင်ရွှင်နေ နေတာလည်း ကြည့်ပြီး ပီတိဖြစ်တယ်၊ အချစ်ကပဲ ပြောင်းလဲပေးသွားတာနေမှာပါ..။
မင်္ဂလာသက်တမ်းလည်း အချိန်တစ်ခုရောက်ပြီ၊ မနေ့က သဲမွေးနေ့ကတော့အလုပ်လေးနဲ့ပေါ့ပေါ့ပါးပါး လင်မယားနှစ်ယောက်ဖြတ်သန်းဖြစ်ခဲ့တာပါ..">>ဆိုတဲ့ရွှေထူး
>>
#ညမာယာ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးပွဲမှာ တွေ့ရတဲ့ ရွှေထူး ကိုအခုလို မေးမြန်းခဲ့တာပါ..။

17/05/2026

"ဝေလာကသင်တန်းမှာ ကြောင်မလေး လုပ်ရတည်းက အရမ်းတော်လို့ ရင်ထဲရောက်သွားတာလေ ။ ဟိုအရင်တည်းက ချစ်မွှေးလေးမို့ အရမ်းလည်း ခင်ပေမဲ့ အခု မှ ပထမဆုံးအတူတူစပြီး ရိုက်ခဲ့ရတဲ့ ကားလေးမို့ အရမ်းဝမ်းသာပါတယ်.. ဆိုတဲ့ မေမီကိုကို၊

မမမေမီကအရမ်းတော်တယ်၊ မျက်လုံးအကြည့်တွေကိုအရမ်းသဘောကျတာ၊ အန်တီမို့မို့မြင့်အောင်..သင်တန်းတုန်းက ကြောင်မလေး လုပ်တာ ကို မမမေမီကမှတ်ထားတာလေ၊ မမကတော့ သီချင်းတွေရေ၊ စာတွေ ၊ကဗျာတွေရေးတာကို အရမ်းသဘောကျခဲ့တာပါ.. ဆိုတဲ့ .. ဝေလာရီ။

#ညမာယာ #မေမီကိုကို #ဝေလာရီ

Photos from Sunday Journal's post 17/05/2026

#ဒါရိုက်တာ ဒီဒီထက်အောင် ရိုက်ကူးပြီး .. သရုပ်ဆောင် ရွှေထူး၊ ဗီတာမင်၊ မေမီကိုကို၊ ဖူးစုံ ၊ ဝေလာရီ၊ နေဆန်း၊ ဇော်ဝင်းနိုင် တို့ ပါဝင်မယ့် .. ညမာယာ . ဇာတ်ကား ကြီး ရိုက်ကူးမယ့် ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ မေလ ၁၇ ရက်နေ့မနက်က .. ရွှေနားပန် ဘုရားမှာ ပြုလုပ်ခဲ့တဲ့ပုံရိပ်တွေကို အခုလိုဖော်ပြပေးလိုက်ရပါတယ်..။

17/05/2026

# #"ဘယ် Gender မဆို ချစ်ခြင်း မေတ္တာတရားတွေ ကိုယ်ချင်းစာစိတ်တွေရှိတယ်လေ..။ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ တွေ့ရမှာပါ..၊ မိုဂျီလေးအတွက်လည်း သူ့ဇာတ်လို့တောင် ပြောလို့ရတယ် ။သွေ×းမတော်၊ သားမစပ်တဲ့ သူစိမ်းတွေမှာလည်း မေတ္တာတရားတွေ ပြည့်နေကြတယ် ဆိုတာလေးကို ပြချင်တာပါ ။ အကုန်လုံးကမိသားစုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ Message လေးတွေပါ.. ">>.. အောင်ဇမ္ဗူ ၊ ၊ မိုဂျီလေး .၊ စစ်မင်းထက်.။

#အသိုက်ကလေး

17/05/2026

# #"လားလား..လားလာ လား ..ဆိုပြီး .. အောင်ဇမ္ဗူ.. ဘယ်သွားသွားလိုက်ပြီး .. သီချင်းတွေ ဆိုပြီးအားပေးနေကြတဲ့ .. ပရိသတ်ပေါင်းများစွာနဲ့ ၊ အသိုက်ကလေး ..ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ရိုက်ကူးတော့မယ့်.. ပရိသတ် အချစ်တော် “အောင်ဇမ္ဗူ “ ရဲ့ ပွဲလာရောက်ခဲ့တဲ့ ..မြင်ကွင်း ">>..။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


YaeKyaw Street, Pazundaung
Yangon
11211