Creative Point
We provide our clients with Professionals.We do Branding, Advertising,Merchandising and Marketing.
We can support your business with graphic design,digital campaigns, event management, copywriting and translations and much more !
အရင့်အရင်နှစ်တွေလို
နိဗ္ဗာန်ဈေးလဲ မတိုးရ ၊
ပွဲဈေးတွေလဲ လျှောက်မသွားရ ၊
စတုဒီသာတွေလဲ လိုက်မစားရတဲ့
ဒီနှစ် တန်ဆောင်တိုင်ကာလမှာ
အားလုံး အားလုံး ကျန်းမာပျော်ရွှင်တဲ့
အချိန် နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့
Creative Point အဖွဲ့သားများက
တန်ဆောင်တိုင်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
23/02/2020
အောင်မြင်ပျော်ရွှင်စွာ ပြီးဆုံးသွားပြီ ဖြစ်သော
We are happy kids game ပြိုင်ပွဲကြီး၏
ပထမဆုံးနေ့ အမှတ်တရ ပုံရိပ်များ ဖြစ်ပါတယ်။
စိတ်အားထက်သန်စွာ
ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်ယှဉ်ပြိုင်
ဆော့ကစားကြသော ကလေးငယ်အယောက်တိုင်းစီကို ကျေးဇူးတင်ရှိပါတယ် ။
အစစ အရာရာ စီစဉ်စီမံဆောင်ရွက်ပေးပါသော
ဆရာကြီး ဆရာမကြီး များနှင့်တကွ
ဆရာ ဆရာမများ ၊ မိဘအုပ်ထိန်းသူများ
အယောက်တိုင်းစီကိုလည်း
အထူးကျေးဇူးတင်ရှိပါတယ် ။
11/02/2020
ဖေဖေါ်ဝါရီ ၁၉ ၊ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင်
ကျင်းပမည်ဟု ရက်သတ်မှတ်ထားသော
"We are Happy Kids"
Game ကစားယှဉ်ပြိုင်မည့် ပွဲအား
ဖေဖေါ်ဝါရီ ၂၃ ၊ ၂၄ နှင့် ၂၅ ရက်တို့သို့
ပြောင်းရွှေ့ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ရက်ပြောင်းလဲလိုက်ရပါသောကြောင့်
ဆရာကြီး ဆရာမကြီးများ ၊ ဆရာ ဆရာမများ နှင့်
မိဘ အုပ်ထိန်းသူများ
အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။
ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် ၂ တန်း နှင့် ၃ တန်း ကလေးငယ်များ
ဖေဖေါ်ဝါရီ ၂၄ ရက်နေ့တွင် G6
( စနစ်သစ် ၆ တန်း ) ကလေးငယ်များ
ဖေဖေါ်ဝါရီ ၂၅ ရက်နေ့တွင် G7 & G8
( စနစ်ဟောင်း ၆ တန်း နှင့် ၇ တန်း ) ကလေးငယ်များ
ယှဉ်ပြိုင်ဆော့ကစားသွားကြမှာ ဖြစ်ပါတယ် ။
အဖက်ဖက်မှနေ၍ အဆင်ပြေအောင် ပံ့ပိုးကူညီပေးပါသော
ဆရာကြီး ဆရာမကြီးများ
ဆရာ ဆရာမများ နှင့် မိဘ အုပ်ထိန်းသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ။
06/02/2020
“We are Happy Kids” ဟု ခေါ်သော ကလေးငယ်များဆော့ကစားကြမည့် Game ပြိုင်ပွဲကြီး၏ ဆွေးနွေးပွဲအား UMFCCI ၄ လွှာတွင် ကျင်းပပြုလုပ်ခဲ့ပါတယ် ။
“We are Happy Kids” ဟူသော Game ပြိုင်ပွဲကြီးအား ကျောင်းသား၊ ကျောင်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျောင်းသင်ခန်းစာများသာမက ကလေးငယ်များ၏
လူမှုဆက်ဆံရေးစွမ်းရည်၊ အဖွဲ့လိုက်လှူပ်ရှားဆောင်ရွက်မှူစွမ်းရည် နှင့်
တိမ်မြုပ်နေသော ကလေးငယ်များ၏ ကိုယ်ပိုင်အရည်အသွေးများအား ဖော်ထုတ်ပြသခွင့်
ရစေရန်တို့ကို ရည်ရွယ်ကာ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။
ဂိမ်း ပြိုင်ပွဲကြီးအား ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အစိုးရကျောင်း ၅၀ နှင့်
ကိုယ်ပိုင်ကျောင်း ၅၀ တို့မှ ကလေးငယ်များ ၀င်ရောက်ဆော့ကစား
ယှဉ်ပြိုင်ကြမည် ဖြစ်ပါတယ် ။
ပြိုင်ပွဲကြီးအား ဖေဖေါ်ဝါရီလ ၁၉ ၊ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် မဟာဗန္ဓုလပန်းခြံ၌
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ် ။
တာဝန် ၀တ္တရားများ ဖြင့် မအားလပ်တဲ့ကြားထဲက ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသော
ဆရာကြီး ၊ ဆရာမကြီး များ ၊ ဆရာ ၊ ဆရာမများ အားလုံးကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ ။
03/02/2020
ကယ်လ်ဆမ်ကွေကာ၏
ပြည်ထောင်စုနေ့အကြို စုပေါင်းလမ်းလျှောက်ပွဲကို
ပုသိမ်မြို့တွင် creative point မှ အောင်မြင်စွာ
စီစဉ်ကျင်းပပေးခဲ့ပါတယ် ။
23/01/2020
URC Myanmar Co., Ltd ၏ National Sales Conference 2020
23/01/2020
ရန်ကုန်မြို့တွင် အသစ်ဖွင့်လှစ်မည့် Brand New Car Showroom တွင် အလုပ်လုပ်ကိုင်ရန်
အောက်ဖေါ်ပြပါ ၀န်ထမ်းများအလိုရှိပါတယ်။
စာရင်းကိုင် မ ( ၂ ) ဦး
အခြေခံလစာ - 300,000 ကျပ်
- ပညာအရည်အချင်း သတ်မှတ်ချက်မရှိပါ။
- ရုပ်ရည်သတ်မှတ်ချက်မရှိပါ။
- single / married သတ်မှတ်ချက်မရှိပါ
- တနေ့တာ ၊ တပတ်စာ ၊ တလစာ ၊ တနှစ်စာ အရောင်းအ၀ယ် ၊ အ၀င်အထွက် စာရင်းများကို စနစ်ကျစွာ စာရင်းပြုစုနိုင်သူဖြစ်ရမည် ။
Marketing Staff မ ( ၂ ) ဦး
အခြေခံလစာ - 180,000 ကျပ်
- ပညာအရည်အချင်း သတ်မှတ်ချက်မရှိပါ။
- ရုပ်ရည်သတ်မှတ်ချက်မရှိပါ။
- single / married သတ်မှတ်ချက်မရှိပါ
- ဖုန်းခေါ်ဆိုရာတွင် အဆင်ပြေစွာ ပြောဆိုနိုင်သူ ဖြစ်ရမည် ။
ကာစတန်များအား ကောင်းမွန်စွာ ဆက်ဆံနိုင်သူ ဖြစ်ရမည် ။
( လူအများ နှင့် စကားပြောဆိုဆက်ဆံရန် အဆင်မပြေသူများ
မလျှောက်ထားပါရန် မေတ္တာရပ်ခံပါသည် ။ )
တပတ် တရက်နားရက်ရှိပါတယ်။
Public Holidays များလဲ ပိတ်ပါတယ်။
အကယ်၍ Public Holidays များတွင် အလုပ်လုပ်ခဲ့ရသည်ရှိသော် အစားထိုး နားရက် ပြန်ရပါတယ်။
အလုပ်ချိန် - မနက် ၉ နာရီမှ ညနေ ၅နာရီထိ
စိတ်ပါဝင်စားသူများ Creative Point page ၏ message box သို့ မိမိ၏ CV ဖေါင်အား
ပို့ထားပေးပါရန် နှင့် လူတွေ့အင်တာဗျူးအတွက် ပြန်လည်ဆက်သွယ်ပေးပါမည် ခင်ဗျာ
ဆက်သွယ်စုံစမ်းရန် : 09 266 26 80 80 / 09 266 26 80 90
21/01/2020
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်
ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့်
CREATIVE POINT Co.,ltd တို့ ပူးပေါင်းကာ ကလေးငယ်များ၏ ကိုယ်ပိုင်ထိုးထွင်းကြံဆမှူများ ၊
အသင်းအဖွဲ့လိုက် လှူပ်ရှားဆောင်ရွက်မှူများ
နှင့် သွက်လက်ဖျတ်လတ်စွာ လှူပ်ရှားဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ
ရရှိနိုင်ရန်Developing Games ပြိုင်ပွဲများအား
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ် ။
ထိုပြိုင်ပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
အစိုးရကျောင်း ( ၅၀ ) နှင့်
ကိုယ်ပိုင်ကျောင်း ( ၅၀ ) မှ ကလေးငယ်များက
ဝင်ရောက်ယှဉ်ပြိုင် ဆော့ကစား သွားကြမှာ ဖြစ်ပါတယ် ။
ထိုပြိုင်ပွဲကြီးကို ဖေဖေါ်ဝါရီလ ၁၉ ၊ ၂၀ နှင့် ၂၁ ရက်နေ့
တို့တွင် မဟာဗန္ဓုလပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ် ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No(166-B), 6 Quarter, Thukha 54th Street, Hlaing Township
Yangon
11051
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |