KSO Insurance Advisor

KSO Insurance Advisor

Share

သင်ကြားခြင်း၊ သင်ယူခြင်းများဖြင့်သာ ဘ၀ကို ရိုးသားစွာ ဖြတ်သန်းပါတယ်....

Myanmar Australia Awards intake information 04/04/2026

မြန်မာနိုင်ငံသားများကို ပေးနေတဲ့ Full Scholarship (7) ခု

Australia Awards scholarships
Type: Fully Funded
Location: Australia
Deadline: 30 Apr 2025
Application Link: https://www.dfat.gov.au/people-to-people/australia-awards/participating-countries/myanmar-information-for-intake

Japanese Scholarship
Type: Fully Funded
Location: Bangkok
Deadline: 30 Apr 2026
Application Link: https://ait.ac.th/financial/japanese-government-scholarships/?fbclid=IwY2xjawQ9eHlleHRuA2FlbQIxMABicmlkETFqdFRJQ1RKbFd1Y3lDaFNzc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHpPW2Gmm6kBSXDF4ohXgbTJRG7KKwv6S2eV-OjHY2UhSX_jRdsm4dxeOfOdV_aem_ePDkTEXwylkwO-7pu8vm5g

ASEAN scholarship For Myanmar
Type: Fully Funded
LocationL Singapore
Deadline: 15 May 2026
Link: https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarship/myanmar

ISE Scholarship
Type: Fully Funded
Location: Thailand
Deadline: 1 May 2026
Link: http://www.ise.eng.chula.ac.th/news/detail?id=1785&gid=1-008-002-002&fbclid=IwY2xjawQ9erZleHRuA2FlbQIxMABicmlkETFqdFRJQ1RKbFd1Y3lDaFNzc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHizHWmJC8DkLzo0v3MzpH8vuYJq5mBhUgpfmJDEdrZPhOdIZIB2Mz9U_DyMK_aem_H6K7EawPaMIs0JU-0ipxqQ

NGO Fellowship Program
Type: Fully Funded
Location: Taiwan
Deadline: 1 June 2026
Application Link: https://www.taiwanaid.org/en/news/50124

Prospect Burma Scholarship
Type: Fully and Partial Funded
Location: Online
Application Deadline: 30 April 2026
Link: https://prospectburma.my.site.com/onlineapplications/s/online-education-application?fbclid=IwY2xjawQ9duNleHRuA2FlbQIxMABicmlkETFqdFRJQ1RKbFd1Y3lDaFNzc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHubYL4S6fsd1EaLZgZidGYn9b2w5-oM2Bdhw_Xpc1kLNJT1PdxlUeDPLeNa9_aem_R13T62os3Lvm8P7Z9QqAKw

OIST Internship Program in Japan 2026
Type: Fully Funded
Location: Japan
Deadline: April 15, 2026
Application Link: https://www.oist.jp/admissions/research-internship/apply-research-internship

Myanmar Australia Awards intake information Australia’s international development assistance in Myanmar aims to support Myanmar’s process of political, social and economic reform.

Photos from KSO Insurance Advisor's post 23/03/2026

နိုင်ငံတကာသင်ရိုးသင်ကျောင်းများမှ အခြေခံပညာကျောင်းများသို့ ပြောင်းရွှေ့တက်ရောက်လိုသူများအတွက် ခေါ်ယူခြင်း

​နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားနေသောကျောင်းများ (International & Private) မှ အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းများသို့ ပြောင်းရွှေ့လိုသူများအတွက် Placement Test ဖြေဆိုရန် လျှောက်လွှာခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

​အဓိကအချက်များကို အောက်တွင် စုစည်းဖော်ပြပေးလိုက်ပါတယ် -


​လျှောက်လွှာထုတ်ယူရန်/တင်သွင်းရန်: ၂၅-၃-၂၀၂၆ မှ ၉-၄-၂၀၂၆ အထိ (ရုံးချိန်အတွင်း)

​လျှောက်လွှာထုတ်ယူရမည့်နေရာ: သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများ။

​စာမေးပွဲဖြေဆိုရမည့်ရက်: ၄-၅-၂၀၂၆ မှ ၁၁-၅-၂၀၂၆ အတွင်း (တနင်္ဂနွေနေ့မပါ)။

​✅ လျှောက်ထားနိုင်သူများ
​တရားဝင်ခွင့်ပြုချက်ရရှိထားသော နိုင်ငံတကာသင်ရိုးသင်ကျောင်းများမှ ကျောင်းသား/သူများ ဖြစ်ရမည်။

​မိမိနောက်ဆုံးအောင်မြင်ခဲ့သည့် Level ထက် တစ်ဆင့်နိမ့်သော အတန်းအတွက် Placement Test ဖြေဆိုရမည်။

​သတ်မှတ်ထားသော ကျောင်းနေအရွယ်နှင့် ကိုက်ညီမှုရှိရမည်။

​📄 လိုအပ်သည့် အထောက်အထားများ
​၁။ တက်ရောက်ခဲ့သည့်ကျောင်းမှာ တရားဝင်ကျောင်းဖြစ်ကြောင်း အထောက်အထား။
၂။ နောက်ဆုံးအောင်မြင်ခဲ့သည့် Level အတွက် ကျောင်းထောက်ခံချက် (သို့) အောင်လက်မှတ် (မူရင်း)။
၃။ မွေးစာရင်း (သို့) အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ)။

​⚠️ သတိပြုရန်အချက်များ
​လျှောက်လွှာကို သတ်မှတ်ရက်အတွင်း အပြည့်အစုံ ဖြည့်စွက်တင်သွင်းရပါမည်။
​ဖြေဆိုမည့် အစီအစဉ်အသေးစိတ်ကို လျှောက်လွှာတင်သည့် ရုံးများတွင် ဆက်သွယ်စုံစမ်းရပါမည်။
​စာမေးပွဲဖြေဆိုသည့်ရက်များတွင် အဖြူ/အစိမ်း ဝတ်စုံ ဝတ်ဆင်ရမည်ဖြစ်ကြောင်း သိရပါသည်။

Photos from KSO Insurance Advisor's post 13/03/2026

2026 G12 Maths (Set 2)

Photos from KSO Insurance Advisor's post 13/03/2026

2026 G12 Maths (Set 3)

Photos from KSO Insurance Advisor's post 13/03/2026

2026 G12 Maths (Set 1)

05/03/2026

#စစ်ပွဲဖြစ်တဲ့အချိန်မှာ ရေကြောင်းအာမခံ (Marine Insurance) အကာအကွယ်ယူလို့ ရသေးလား

စစ်ပွဲဖြစ်တဲ့အချိန်မှာ ရေကြောင်းအာမခံ (Marine Insurance) ကို လုံးဝမပေးတော့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ပုံမှန်အာမခံနဲ့ မတူပဲ ကန့်သတ်ချက်တွေ၊ အပိုကြေးတွေ ရှိလာတတ်ပါတယ်။
အဓိကအချက်တွေကတော့ —

1️⃣ War Risk Insurance ခွဲထားတတ်တယ်
ပုံမှန် Marine Cargo / Hull Insurance ထဲမှာ စစ်ပွဲအန္တရာယ်ကို မပါဘူး။
ဒါကြောင့် War Risk Insurance ဆိုတဲ့ အပိုအာမခံ သီးသန့်ထပ်ယူရပါတယ်။

2️⃣ Premium (အာမခံကြေး) တက်သွားတတ်တယ်
စစ်ပွဲဖြစ်တဲ့နေရာတွေကို သွားရင်
Premium အရမ်းမြင့်တတ်တယ်
တစ်ခါတစ်လေ Voyage basis (ခရီးတစ်ခါစီ) နဲ့ပဲပေးတတ်ပါတယ်။

3️⃣ High Risk Zone ဆိုပြီး သတ်မှတ်တတ်တယ်
ဥပမာ —
Red Sea
Black Sea
လို စစ်ရေးအန္တရာယ်များတဲ့နေရာတွေကို War Risk Area လို့ သတ်မှတ်ပြီး အာမခံကြေးကို အများကြီးတိုးတတ်ပါတယ်။

4️⃣ တချို့နေရာတွေကို လုံးဝမကာကွယ်နိုင်ဘူး
စစ်ပွဲအရမ်းပြင်းထန်လာရင်
Insurance company တွေက cover မပေးတော့တာ
သို့မဟုတ် exclusion (မပါဝင်) လုပ်ထားတာတွေရှိနိုင်ပါတယ်။

5️⃣ Lloyd’s War List
ကမ္ဘာ့ရေကြောင်းအာမခံမှာ အရေးကြီးတဲ့
Lloyd's of London က
War Risk Zone list ထုတ်ပေးပြီး အဲ့ဒီအပေါ်မူတည်ပြီး premium သတ်မှတ်ပါတယ်။

26/02/2026

ကိုယ်တိုင်းတဲ့ပေတံနဲ့ သူတိုင်းတဲ့ပေတံ မတူတဲ့အခါ
တန်ဖိုးတွေကလည်း မတူတော့ဘူး။

ကိုယ်ထင်တဲ့ မှန်ကန်မှုက
သူ့အမြင်မှာ လွန်လွန်းနေတတ်သလို
သူယုံကြည်ထားတဲ့ အမှန်တရားကလည်း
ကိုယ့်အတွက် မကျေနပ်စရာ ဖြစ်နေတတ်တယ်။

အဲ့ဒီအချိန်မှာ
အနိုင်ယူဖို့ မလိုဘူး
တစ်ယောက်ကို တစ်ယောက် နားလည်ဖို့ပဲ လိုတယ်။

ပေတံ မတူလို့ တန်ဖိုးမရှိသွားတာ မဟုတ်ဘူး
တိုင်းတာနည်း မတူလို့ပဲ
အရေအတွက်က ကွာသွားတာ။

လူတစ်ယောက်ရဲ့ ဘဝကို
ကိုယ့်ပေတံနဲ့ သတ်မှတ်လိုက်မိတဲ့အခါ
နာကျင်မှုတွေ ပေါ်လာတတ်တယ်။

တစ်ခါတစ်လေ
ပေတံကို မလဲနိုင်ရင်တောင်
နှလုံးသားကိုတော့ ချဲ့နိုင်ရမယ်။

ဒါမှပဲ
ကွာခြားမှုတွေကြားမှာ
အေးချမ်းမှုတစ်စိတ်တစ်ပိုင်း
ဆက်ရှိနေနိုင်မှာ...........

25/02/2026

ကိုယ့်ဝင်ငွေထဲက ဘယ်လောက်ကို ကလေးပညာရေးအတွက် ခွဲထားသင့်လဲ?

ရင်သွေးလေးရဲ့ အနာဂတ်ကို စဉ်းစားမိတဲ့နေ့က စပြီး ပြင်ဆင်တာက အကောင်းဆုံးပါ။ ပညာရေးဟာ စောင့်ကြည့်နေရမယ့် ကိစ္စမဟုတ်ပါဘူး — ကြိုတင်စီမံထားရမယ့် အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

ရင်သွေးလေးများရဲ့ ပညာရေးအတွက် —
▪️ မိမိဝင်ငွေကို တွက်ချက်ပြီး လစဉ် ဝင်ငွေရဲ့ ၁၀% မှ ၁၅% ခန့် သီးသန့်ထားစုဆောင်းပါ။

▪️ စုထားတဲ့ငွေကို မပျောက်မပျက် တိုးပွားလာအောင် စနစ်တကျ စီမံခန့်ခွဲပါ။

▪️ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကြောင့် ပညာရေးရပ်တန့်မသွားစေရန် ငွေကြေးအကာအကွယ် (အသက်အာမခံ စသည်) ထားရှိပါ။

ဒီလို စနစ်တကျ ကြိုတင်ပြင်ဆင်ထားနိုင်မယ်ဆိုရင်
အနာဂတ်မှာ “ငွေကြောင့် အိပ်မက်ရပ်မသွားဘူး” လို့ သေချာပြောနိုင်ပါလိမ့်မယ်။
ကလေးအတွက် ပညာရေးဟာ ကုန်ကျစရိတ် မဟုတ်ပါဘူး။

💜💜💜💜
အနာဂတ်ကို တည်ဆောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုပါ။
🍀🍀🍀
စောစောစတင်ပါ။
🍀🍀🍀
နည်းနည်းချင်း စုပါ။
🍀🍀🍀
အနာဂတ်ကို စိတ်ချလုံခြုံမှုအပြည့်နဲ့ ဖြတ်သန်းပါ
⭐⭐⭐

14/02/2026

အာမခံကို
လူတွေ မကြိုက်ကြဘူး…
ဘာလို့လဲဆိုတော့
မဖြစ်သေးတာကို
မစဉ်းစားချင်လို့ပါ။

ဒါပေမဲ့
ဘဝဆိုတာ
ကြိုတင်သတိမပေးဘူး။

တစ်နေ့မှာ ကျန်းမာရေး
တစ်နေ့မှာ အလုပ်
တစ်နေ့မှာ ငွေကြေး…
တစ်ချက်လေးမှားတာနဲ့
ရှာထားသမျှ
လက်လွတ်သွားနိုင်ပါတယ်။

31/01/2026

Insurance နဲ့ပတ်သက်ပြီး
ကျွန်တော်တို့ အကြောက်ဆုံးက ဘာလဲ?

👉 ပိုက်ဆံကုန်မယ်
ဟုတ်ကဲ့....မှန်ပါတယ်....
ဒါပေမယ့် နေ့စဥ်သွားလာလှုပ်ရှား စားသောက်နေရင်းမှာလဲ ကုန်ကျစားရိတ်တွေက ရှိနေကြတာပဲလေ။ အဲ့ဒီအထဲက လက်ဖက်ရည်တစ်ခွက်ဖိုးလောက် ခြိုးခြံလိုက်ရုံပါ။ ဒါဆိုကိုယ့်မိသားစုအတွက် ငွေရေးကြေးရေး အကာအကွယ် ရသွားနိုင်ပါပြီ။

👉 လိမ်လည်ခံရမယ်
ပေါ်လစီလို့ခေါ်တဲ့ အာမခံကုမ္ပဏီနဲ့ ကိုယ်နဲ့ကြားမှာ သဘောတူ စာချုပ် ရှိနေပါတယ်။ သူ့ဘက်က ဖောက်ဖျက်ရင်လည်း ဥပဒေအရ ရင်ဆိုင်လို့ ရပါတယ်။

👉 နားမလည်ဘူး
ကျနော်ရှင်းပြပါရစေ.......


👉 မလိုအပ်ဘူးထင်တယ်
ဟုတ်ပါတယ်ခင်ဗျာ။ ကိုယ့်ရဲ့ risk ကို ကိုယ်တာဝန်ယူနိုင်သရွေ့ မလိုအပ်ပါဘူး။ ကိုယ့်မိသားစု အနာဂတ်အတွက် ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ပူပန်မှုမဖြစ်ရအောင်အကာအကွယ်ယူထားချင်ရင်တော့ ကျနော်ကူညီပါရစေ ခင်ဗျာ။ ။


Ph. 09978622347

27/01/2026

👉Innsurance က
သေမှ အသုံးဝင်တာ မဟုတ်ပါဘူး

မသေခင်💦💦💦
ဆေးကုသစရိတ်
ဝင်ငွေပျောက်ဆုံးမှု
မိသားစုအခက်အခဲ☂☂☂

ဒီအချိန်တွေမှာ
ပိုအသုံးဝင်တာပါ💙💙

Insurance ဆိုတာ
အန္တရာယ်အတွက် အဆင်သင့်ပြင်ထားခြင်း ပါ💜💜💜

25/01/2026

Insurance နဲ့ပတ်သက်ပြီး
မြန်မာအများဆုံး နားလည်လွဲတာ ၃ ချက်

1️⃣ “ပိုက်ဆံရှိမှပဲ ဝယ်ရတယ်”
2️⃣ “မဖြစ်ရင် အလကားပေးနေရတာ”
3️⃣ “အားလုံးတူတူပဲ”

တကယ်တော့ Insurance ဆိုတာ
👉 ပိုက်ဆံရှိလို့လုပ်တာမဟုတ်ဘူး
👉 မိသားစုကို ကာကွယ်ဖို့ လုပ်တာပါ.....

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


22, 4th Floor, Than Street, Hlaing Tsp
Yangon