Pyi Gyi Khin
Pyi Gyi Khin is a local non-governmental organization working in Myanmar. Our value is Empowering Women and Children.
Pyi Gyi Khin is Non-Governmental Organization (Reg No. 2019) at Ministry Of Home Affair and it was founded in 1997 to empower the vulnerable women and children in Myanmar regardless of race, religion and ethnicity through enhancing basic education, health and socio-economic status. Pyi Gyi Khin (PGK) has been working in services delivery programs to increase access to HIV prevention and treatment services, MDRTB program and promotion of rights of vulnerable groups and advocacy for spaces for civil societies since 1998. PGK has also focused on not only services delivery but also advocacy for health policy to create role of civil society and law reform in freedom of association and HIV related Human Right. PGK has started to extend its advocacy in creating civic spaces since 2013 by engaging Association Registration Law reform process. In 2015, PGK has also working in building awareness of Right to Information among CSOs. PGK has been an elected member of Myanmar Country Coordination Mechanism ( M-CCM ) representing local community based organizations and also a member of National Technical and Strategic Group on HIV and also member of enabling legal environment for CSO working group.
2006 VS 2026 နှစ် ၂၀ ပြောင်းလဲမှု
---------------------------------------------------------------
- CD4 သတ်မှတ်ချက်ပေါ်မူတည် vs မမူတည်
- WHO အဆင့် သတ်မှတ်ချက်ရှိ vs မရှိ
- WHO အဆင့် lll & IV ရှိ AIDS ရောဂါများအဖြစ်များ
vs မရှိသလောက်
- အမည်ဆိုး (Stigma) သတ်မှတ်မှု ပြင်းထန် vs မရှိ
သလောက်
- ခွဲခြားဆက်ဆံမှုပြင်းထန် vs မပြင်းထန်သလောက်
- ဆေးမရလို့သေဆုံးမှုတွေများ vs နည်းပါးသွား
- ဆေးဘေးထွက်ဆိုးကျိုးများ vs မရှိသလောက်
- ၃ လုံး တနေ့ ၂ ကြိမ် vs ပေါင်းစပ်ဆေးတနေ့တ
ကြိမ်
- မြို့ကြီးလောက်သာဆေးရ vs မြို့တိုင်းနယ်တိုင်းရ
- သွေးစစ်ပြီး အကြာကြီးစောင့်ရ vs အခုစစ် အခု
သောက်
06/08/2026
ပြည်ကြီးခင်အသင်းဝန်ထမ်းများမှ
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်ရှိ
ရေဘေးသင့်ကျေးရွာများသို့သွားရောက်လှူဒါန်းနေမှုများအားမျှဝေပေးလိုက်ပါတယ်…….
#ရေဘေး #လေးမျက်နှာ
#ဧရာဝတီတိုင်းဒေသကြီး
Center
ဗဟုသုတလေးပါ။
LGBTQI+ ဆိုတာ လူသားတွေရဲ့ လိင်စိတ်ခံယူမှု (S*xual Orientation) နဲ့ လိင်သဘာဝ/ကျား၊ မ ခွဲခြားမှု (Gender Identity) ကွဲပြားခြားနားစုံလင်တာကို ကိုယ်စားပြုတဲ့ အတိုကောက်စာလုံး ဖြစ်ပါတယ်။
တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို ရှင်းပြရရင် -
၁။ တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်
L - Le***an (လက်စဘီယံ): အမျိုးသမီးအချင်းချင်း စိတ်ဝင်စားတဲ့ အမျိုးသမီး။
G - Gay (ဂေး): အမျိုးသားအချင်းချင်း စိတ်ဝင်စားတဲ့ အမျိုးသား (တစ်ခါတစ်ရံ အမျိုးသမီးအချင်းချင်း စိတ်ဝင်စားသူများကိုလည်း ယေဘုယျအနေနဲ့ သုံးစွဲလေ့ရှိပါတယ်)။
B - Bisexual (ဘိုင်ဆက်ရှူရယ်): အမျိုးသားရော၊ အမျိုးသမီးပါ နှစ်သက်စိတ်ဝင်စားသူ။
T - Transgender (ထရန်စဂျင်ဒါ): မွေးရာပါ လိင်အင်္ဂါ (S*x) နဲ့ မိမိကိုယ်ကိုယ် ခံယူထားတဲ့ ကျား၊ မ ဖြစ်တည်မှု (Gender) မတူညီသူများ။ (ဥပမာ - အမျိုးသားအဖြစ် မွေးဖွားလာသော်လည်း စိတ်ခံယူချက်က အမျိုးသမီးဖြစ်နေသူ)။
Q - Q***r / Questioning (ကွီယာ): လိင်ကွဲပြားမှုကို တိတိကျကျ အမည်တပ် မသတ်မှတ်ချင်သူများ သို့မဟုတ် မိမိဘာဖြစ်လဲဆိုတာကို ရှာဖွေဆဲဖြစ်သူများ။
I - Intersex (အင်တာဆက်): မွေးရာပါ ဇီဝကမ္မဗေဒအရ ကျား သို့မဟုတ် မ လို့ တိတိကျကျ ခွဲခြားလို့မရတဲ့ လိင်လက္ခဏာ (ဥပမာ - ခရိုမိုဆုန်း သို့မဟုတ် အင်္ဂါစုံ) ပါရှိလာသူများ။
+ (Plus): အထက်ပါ အုပ်စုတွေအပြင် အခြားသော ကွဲပြားစုံလင်တဲ့ ခံယူချက်တွေ (ဥပမာ - Asexual, Pansexual စတာတွေ) အားလုံးကို လွှမ်းခြုံနိုင်အောင် ထည့်သွင်းထားတာ ဖြစ်ပါတယ်။
၂။ ဘာကြောင့် သိထားဖို့ လိုအပ်တာလဲ?
အခြေခံလူ့အခွင့်အရေး: လူတိုင်းဟာ မိမိရဲ့ လိင်စိတ်ခံယူမှုကြောင့် ခွဲခြားဆက်ဆံမခံရဘဲ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်ရှိပါတယ်။
နားလည်စာနာမှု: ကမ္ဘာပေါ်မှာ လူတွေဟာ ပုံစံခွက်တစ်ခုထဲမှာပဲ ရှိမနေဘူးဆိုတာကို နားလည်ပေးခြင်းက ပိုမိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ပါတယ်။
ဥပဒေနှင့် စောင့်ရှောက်မှု: ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေမှာ သူတို့ရဲ့ လိုအပ်ချက်တွေကို မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်ပါတယ်။
၃။ သိထားသင့်တဲ့ အချက် (Myth vs Fact)
အချို့က LGBTQI+ ဖြစ်တာကို "ရောဂါ" လို့ ထင်တတ်ကြပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ စိတ်ပညာရှင်များက ဒါဟာ ရောဂါမဟုတ်ကြောင်း နဲ့ လူသားတွေရဲ့ သဘာဝအတိုင်း ကွဲပြားခြားနားမှု (Natural variation) တစ်ခုသာ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။
17/04/2026
မြန်မာနှစ်သစ်ကူး အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ပြည်ကြီးခင်အဖွဲ့မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
27/02/2026
ဘယ်သူတွေမှာ တီဘီရောဂါပိုး ကူးစက်ခံရနိုင်ပါသလဲ
ဘယ်သူမဆို တီဘီရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။
အောက်ပါအခြေအနေရှိသူများ တီဘီရောဂါပိုးကူးစက်ခံရပါက တီဘီရောဂါ ပိုမိုဖြစ်ပွါးနိုင်ပါတယ်။
- အာဟာရ ချို့တဲ့ခြင်း
- ခုခံအားကျဆင်းနေခြင်း
- ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း
- အသက်အရွယ်ကြီးသူများနှင့် ငါးနှစ်အောက် ကလေးငယ်များ
- ဆီးချိုရောဂါရှိသူများနှင့် အစာအိမ်ဖြတ်တောက်ထားရသူ
- လေဝင်လေထွက်ကောင်းစွာ မရရှိသောအိမ်နှင့်အလုပ်နေရာများတွင် နေထိုင်ကြသူများ
- ရွှေ့ပြောင်းသွားလာနေထိုင်သူများ
- လူမှုစီးပွါးရေး နိမ့်ကျခြင်းတို့သည်လည်း ရောဂါဖြစ်ပွါးရန် အားပေးသည့် အခြေအနေများ ဖြစ်ပါတယ်။
20/02/2026
တီဘီရောဂါ ဘယ်လို ကူးစက်နိုင်ပါသလဲ?
သလိပ်တွင် တီဘီပိုးရှိသော ဝေဒနာရှင်များမှ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်းအားဖြင့် တီဘီရောဂါပိုးများသည် လေထဲသို့ အလွယ်တကူပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ရှိလူများက ၎င်းကိုရှူရှိုက်မိရာမှ ရောဂါပိုးများ ကူးစက်ခံရနိုင်ပါသည်။
11/02/2026
တီဘီရောဂါဆိုတာ ဘာလဲ?
တီဘီရောဂါဆိုတာ
လေမှတစ်ဆင့် ကူစက်ပျံ့နှံ့သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။
သာမာန်မျက်စိဖြင့် မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုး (Mycobacterium Tuberculosis) ကြောင့်ဖြစ်ပါတယ်။
မျိုးရိုးလိုက်သောရောဂါ မဟုတ်ပါ။
04/02/2026
တီဘီရောဂါကို လူသားများက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက သိရှိခဲ့ပြီး အီဂျစ် မံမီ ရုပ်အလောင်း များတွင်တွေ့ရှိခဲ့ကြောင်းသမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။ ၁၈၈၂ ခုနှစ် မတ်လ ၂၄ ရက်တွင် Dr. Robert Koch က တီဘီရောဂါဖြစ်စေသော ဘက်တီးရီးယားကို ရှာဖွေတွေ့ရှိခဲ့ပြီး ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် မတ်လ ၂၄ ရက်အား World TB Day အဖြစ် သတ်မှတ်ခဲ့ကြသည်။
! We Can End TB: Commit, Invest, Deliver
TB Day
TB Strategy
02/02/2026
"PrEP ရှိနေပြီဆိုတော့ စိတ်အေးလက်အေးနဲ့ ကျန်းမာတဲ့ ဘဝကို ဖြတ်သန်းလို့ရပြီပေါ့"
📌"နေကောင်းနေတာပဲ၊ ပိုးမရှိလောက်ပါဘူး" ဆိုတဲ့ အယူအဆထက် "ကြိုတင်ကာကွယ်ထားတာ" က အစိတ်ချရဆုံးပါ။ HIV ပိုးရှိသူနဲ့ ထိတွေ့မှုမရှိခင် ကြိုတင်သောက်ရတဲ့ဆေးကို PrEP လို့ ခေါ်ပါတယ်။
📌 PrEP က ဘယ်လောက်ထိ ထိရောက်လဲ?
စနစ်တကျ သောက်သုံးမယ်ဆိုရင် လိင်ဆက်ဆံခြင်းမှတစ်ဆင့် HIV ကူးစက်နိုင်ခြေကို ၉၉% (99%) အထိ လျှော့ချပေးနိုင်ပါတယ်။ 😱
🙋 ဘယ်သူတွေ သောက်သင့်သလဲ?
-လိင်ဆက်ဆံဖော် များသူများ။
-အိမ်ထောင်ဖက် (သို့) ချစ်သူမှာ HIV ပိုး ရှိနေသူများ။
-ဆေးထိုးအပ် မျှဝေသုံးစွဲသူများ။
-မိမိကိုယ်ကို HIV ကူးစက်နိုင်ခြေ မြင့်မားတယ်လို့ ယူဆသူများ
📌 သတိထားရမည့်အချက်များ
ဆေးမသောက်ခင် စစ်ဆေးပါ: PrEP မသောက်ခင် မိမိမှာ HIV ပိုး မရှိကြောင်း သေချာအောင် အရင်စစ်ရပါမယ်။
ဆရာဝန်နဲ့ တိုင်ပင်ပါ: ကျောက်ကပ်ကျန်းမာရေးနဲ့ တခြားလိုအပ်တာတွေ စစ်ဆေးဖို့ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်ရပါမယ်။
အချိန်မှန်သောက်ပါ: ဆေးအာနိသင် အပြည့်အဝရဖို့ နေ့စဉ် အချိန်မှန်သောက်ဖို့ လိုပါတယ်။
ကွန်ဒုံးလည်း သုံးပါ: PrEP က HIV ကိုပဲ ကာကွယ်တာပါ။ ကာလသားရောဂါ (Syphilis, Gonorrhea) တွေကို မကာကွယ်နိုင်တဲ့အတွက် ကွန်ဒုံးနဲ့ တွဲသုံးတာ အကောင်းဆုံးပါ။
🏥 ဘယ်မှာရနိုင်လဲ?
ပြည်ကြီးခင်ရဲ့ မကွေး၊မြင်းခြံ၊အောင်လံ၊ပျဥ်းမနား၊ပြည်ကြီးတံခွန်၊သာကေတ၊မြစ်ကြီးနား၊မြောင်းမြ၊ဖျာပုံ၊ထားဝယ်၊ကော့သောင်း၊တောင်ကြီး၊အောင်ပန်း၊တာချီလိတ် ဆေးခန်းတွေမှာ အခမဲ့ ရယူနိုင်ပါတယ်
*x
26/01/2026
နီပါး တုပ်ကွေးမဖြစ်ရန်အတွက်ဝက်သားကြိုက်သူများ ကျက်အောင်ချက်ပါ၊ ထန်းရည်ခါးကြိုက်သူများ ထန်းရည်အချိုပြောင်းသောက်ပါရန်
Website
Address
No. 82, Maharsi Tharthana Yeik Thar Road, Bahan Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Pyi Gyi Khin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.